• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

26 June, 2018

ဗိုလ်ချုပ်မောင်မောင်စိုးကို တပ်မတော် ကနေထုတ်ပယ်

ရခိုင်ပြည်နယ်အကြမ်းဖက်ဖြစ်စဉ်တွေမှာ ကွပ်ကဲကြပ်မတ်မှု အားနည်းခဲ့တဲ့အတွက် ဗိုလ်ချုပ်မောင်မောင်စိုးကို တပ်မတော်ကနေ နုတ်ပယ်လိုက်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇွန်လ ၂၅ ရက်နေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ဗိုလ်ချုပ်မောင်မောင်စိုးဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတာဝန် ထမ်းဆောင်စဉ်အတွင်း… ၂ဝ၁၆ အောက်တိုဘာလ ၉ ရက်နဲ့၊ ၂ဝ၁၇ သြဂုတ်လ ၂၅ ရက်ကနေ စက်တင်ဘာလ ၅ ရက်နေ့အတွင်း ARSA အကြမ်းဖက်သမားတွေအပါအဝင် ဘင်္ဂါလီအကြမ်းဖက်လူအုပ်စုကြီးရဲ့ ဥပဒေမဲ့လုပ်ရပ်တွေအပေါ် သတင်းလက်ဦးမှုရယူပြီး စီမံဆောင်ရွက်နိုင်မှု အားနည်းတာ၊ နယ်မြေရှင်းလင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အားနည်းတာ၊ အကြမ်းဖက်ဖြစ်စဉ်အတွင်း နယ်မြေခံစစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ အကူအညီ ရရှိရေးအတွက် ကြိုတင်စီမံမှုအားနည်းတာ၊ စတဲ့အချက်တွေကြောင့် ၂ဝ၁၈ ဇွန်လ ၂၅ ရက်၊ ဒီနေ့မှာ တပ်မတော်ကနေ နုတ်ပယ်လိုက်တယ်လို့ ဖော်ပြထားပါတယ်။
အလားတူဖြစ်စဉ်တွေအတွင်း အထိုက်အလျောက်တာဝန်ရှိတဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇောကို တခြားတာဝန်တခုကို လွှဲပြောင်းထမ်းဆောင်စေခဲ့ပေမယ့်၊ ကျန်းမာရေးချို့ယွင်းမှုကြောင့်
၂ဝ၁၈ မေလ ၂၂ ရက်နေ့မှာ တပ်မတော်ကနေ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

(Photo: MOI)
Share:

အခြေခံဥပဒေ ပြင်ဆင်ရေးသည် တပ်မတော် ကို နှိမ်ရန်မဟုတ်ဟု ဦးဥာဏ်ဝင်းဆို

 image

ရန်ကုန်၊ ဇွန် ၂၄
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး မူဝါဒသည် တပ်မတော်ကို နှိမ်ရန်မဟုတ်ကြောင်း NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောကြားသည်။
ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ NLD ပါတီ ညီလာခံကို ရန်ကုန်မြို့ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာတွင် ဇွန်လ ၂၃ ရက်မှ ၂၄ ရက်အထိကျင်းပခဲ့ပြီး ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။
“အန်ကယ်တို့ပြင်ဆင်မယ်ဆိုတာ ဒီမိုကရေစီနည်းကျ ပြင်ဆင်မှာ။ တပ်မတော်အတွက်လည်း မဟုတ်ဘူး ၊ တပ်မတော်ကို နှိမ်ဖို့လည်း မဟုတ်ဘူး” ဟု ဦးဥာဏ်ဝင်းက ဆိုသည်။
ပြည်သူလူထုအတွက် ဒီမိုကရေစီစနစ်သည် အရေးကြီးပြီး ဒီမိုကရေစီစနစ်ဖော်နိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာစေရန် NLD က ရည်ရွယ်ထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
သို့သော် အခြေခံဥပဒေအပေါ် မည်သည့်နည်းလမ်းနှင့် ပြင်ဆင်သွားမည်ကိုမူ ဦးဥာဏ်ဝင်းက ပြောကြားခဲ့ခြင်း မရှိပေ။
ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ NLD ပါတီညီလာခံတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ရှေ့လုပ်ငန်းစဉ်အနေနှင့် ချမှတ်ထားကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောကြားသည်။
NLD ၏ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးမူဝါဒသည် ၂၀၁၃ ခုနှစ် မတ်လအတွင်း ကျင်းပခဲ့သော ပထမအကြိမ် ပါတီညီလာခံ၌ ချမှတ်ခဲ့သော မူဝါဒဖြစ်ပြီး ဒုတိယအကြိမ် ပါတီညီလာခံတိုင်အောင် အကောင်အထည် မဖော်နိုင်သေးဘဲ ပြန်လည်ပါဝင်လာသော မူဝါဒလည်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို သင့်တော်သည့် အချိန်ရောက်မှသာ ပြင်ဆင်သင့်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကလောတပ်နယ် စစ်ဦးစီးတက္ကသိုလ်တွင် သင်တန်းသားအရာရှိများနှင့်တွေ့ဆုံစဉ် ပြောဆိုထားသည်။
Photo – National League for Democracy
Share:

ရခိုင်အရေး တာဝန်ရှိသူတွေကို ဖေါ်ထုတ်ဖို့ ကုလအရာရှိ တိုက်တွန်း

■ ရခိုင်ပြည်နယ်မှာ ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေအပေါ်  အများလက်ခံ  ယုံကြည်နိုင်လောက်တဲ့ စိစစ်အရေးယူမှုမျိုးလုပ်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ ခေါင်းဆောင်တွေကို  ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ဘာဂင်နာက ပြောခဲ့တယ်လို့ ဒီနေ့  ထုတ်ပြန်တဲ့ ကုလသမဂ္ဂ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ရခိုင်ပြည်နယ်က အသိုင်းအဝိုင်းနှစ်ခုအကြား ပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်ရင် စိတ်ချယုံကြည်နိုင်လောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ရှိဖို့လိုတာကို မီးစ် ခရစ္စတင်း ဘာဂင်နာက ထောက်ပြခဲ့တယ်လို့လည်း ခရီးစဉ်အပြီးထုတ်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားတာပါ။
မြန်မာနိုင်ငံကို ၉-ရက်ကြာ သွားခဲ့စဉ်အတွင်း အထူးကိုယ်စားလှယ် မီးစ် ဘာဂင်နာဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့  ဒုတိယအကြိမ်တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြည်ပက အမုန်းပွားစေတဲ့ သဘောထားအမြင်တွေကြောင့် ရခိုင်ပြည်နယ်က အသိုင်းအဝိုင်းနှစ်ခုအကြား ပိုမိုကွဲပြားစေတယ်လို့ ပြောလိုက်ပါတယ်။
ဒါ့အပြင်  ရခိုင်ပြည်နယ်က အသိုင်းအဝိုင်းနှစ်ခုအကြား ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ရာမှာ ကုလသမဂ္ဂရဲ့အကူအညီလိုအပ်တယ်၊ ဒီမသင့်မြတ်မှုဟာ ဟိုးအရင်ကတည်းကရှိခဲ့ပြီး ၂ဝ၁၆ ခုနှစ်နဲ့ ၂ဝ၁၇ ခုနှစ်မှာ ARSA အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကြောင့် အလွန်ဆိုးဝါးတဲ့အခြေအနေ ရောက်ခဲ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်လို့လည်း သိရပါတယ်။
Share:

“တရုတ်-မြန်မာကုန်သွယ်မှုမြှင့်တင်ရေး တရုတ်ယွမ်ကို နိုင်ငံတကာကုန်သွယ်မှု ငွေကြေးအဖြစ် အသုံးပြုရန် ဆွေးနွေးလျက်ရှိ”

တရုတ်ငွေကြေးကို နိုင်ငံတကာကုန်သွယ်မှုငွေကြေးအဖြစ် ပြောင်းလဲအသုံးပြု၍ ပစ္စည်းတင်ပို့ပြီး ပစ္စည်းပြန်သယ်ယူသည့်စနစ်ကို မကြာမီကျင့်သုံးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာသုံးမျိုးကိုသာ နိုင်ငံတကာကုန်သွယ်ရေးအတွက် ခွင့်ပြုထားပြီး တရုတ်ငွေကိုပါ ထည့်သွင်းအသုံးပြုနိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး စီးပွားရေး ပညာရှင်ဦးသိန်းမြင့်ဝေက ပြောသည်။
”အမေရိကန်ဒေါ်လာရယ်၊ ယူရိုရယ်၊ စင်ကာပူဒေါ်လာရယ်၊ ဒီသုံးမျိုးပဲ နိုင်ငံတကာကုန်သွယ်ရေးမှာ အသုံးပြုခွင့် ပြုထားတာပေါ့၊ တရုတ်ယွမ်ငွေ မပါဘူး၊ တရားဝင်ကုန်သွယ်ခွင့်ရတဲ့ ငွေကြေးပေးချေလို့ရတဲ့ ငွေကြေးပေါ့၊ စာရင်းသွင်း လိုက်ရမှာပေါ့၊ သုံးမျိုးကနေ လေးမျိုးလုပ်လိုက်ရမှာပေါ့၊ အဲဒီလိုလုပ်ဖို့အတွက် စီပွားကူးသန်းရယ်၊ ဗဟိုဘဏ်ရယ်၊ သက်ဆိုင်ရာပုဂ္ဂလိကဘဏ်တွေရယ်၊ ဆွေးနွေးမှုတွေလုပ်နေတယ်”ဟု ၎င်းကပြောသည်။
ထိုသို့ တရုတ်ငွေကြေးကို နိုင်ငံတကာ ကုန်သွယ်မှုငွေကြေးအဖြစ် ပြောင်းလဲအသုံးပြုခြင်းဖြင့် နှစ်နိုင်ငံကုန် သွယ်မှုမြှင့်တင်နိုင်မည်ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး၌ မြန်မာနိုင်ငံ၏ ကုန်ပစ္စည်းတင်ပို့မှုအပေါ် တရုတ်ပြည်က သတ်မှတ်ထားသည့် ခွဲတမ်းထက်ကျော်လွန်၍ တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ငွေကြေးလဲလှယ်မှုအခက်အခဲမရှိစေရန် တင်ပို့သည့်ကုန်ပစ္စည်းတန်ဖိုးနှင့် ညီမျှသောပစ္စည်းများကို ပြန်လည်ဝယ်ယူသည့် စနစ်ကိုလည်း ဆွေးနွေးနေကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။
”အခုက ဆွေးနွေးတဲ့အဆင့်ပဲရှိသေးတယ်၊ တင်ပို့တဲ့ ပမာဏနဲ့ညီမျှတဲ့ တရုတ်နိုင်ငံကထုတ်တဲ့ ပစ္စည်းကိုပြန်ဝယ်တဲ့ဟာမျိုးပေါ့၊ ဥပမာ-ဆန်တင်ပို့တာ သန်း ၄၀၀ ဖိုးဆိုရင် သူတို့နိုင်ငံကသန်း ၄၀၀ ဖိုးနဲ့ ညီမျှတဲ့ပစ္စည်းကို ပြန်ဝယ်တဲ့ဟာမျိုးကို ဆွေးနွေးတုန်းရှိသေးတယ်၊ လွယ်တော့မလွယ်ပါဘူး၊ ရှုပ်ထွေးတယ်၊ အဓိက စီးပွားကူးသန်းဝန်ကြီးဌာနကနေလုပ်တာ အစ်ကိုတို့က၀ိုင်းပြီး ညှိနှိုင်းပေးတာ” ဟု ၎င်းကပြောသည်။
ယခုအခါ ယူနန်ပြည်နယ်အစိုးရနှင့် မြန်မာအစိုးရတို့ကြား နားလည်မှုယူ၍ မြန်မာနိုင်ငံမှ တင်ပို့သောကုန်ပစ္စည်း၏ တန်ဖိုးနှင့်ညီမျှသော ကုန်ပစ္စည်းကိုပြန် လည်တင်ပို့ရန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း၊ သို့သော် အဆိုပါစနစ်မှာ ကုန်ပစ္စည်းချင်း တိုက်ရိုက်ဖလှယ်သည့် စနစ်မဟုတ်ဘဲ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရန်အတွက် အသုံးပြုခြင်းဖြစ်ကြောင်း၊ ယခုအခါ အဆိုပါစနစ်ကို တရုတ်နှင့် အမေရိကန်တို့ကြားတွင်လည်း အသုံးပြုနေကြောင်း သိရသည်။
ကျော်ဝဏ္ဏ
News Watch
Share:

ကုလ အထူးကိုယ်စားလှယ်သစ် ခရစ္စတိုင်း ရှရာနာ ဘာဂီနာ ဟာ ပထမဆုံးအကြိမ် အဖြစ် မြန်မာနိုင်ငံ ကို လာရောက်

Christine Schraner Burgener

M-Media
– မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ဟာ အရပ်သားအစိုးရ အကြီးအကဲ နိုင်ငံတော် အတိုင်ပင်ခံ   ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား မရည်ရွယ်ဘဲ သင့်မြတ်ရေး ဆောင်ရွက်ပေးသူ ဖြစ်လာခဲ့ပါတယ်။ ရခိုင်ကိစ္စကို အစိုးရက ကိုင်တွယ်မှု၊ အသက် အန္တရာယ်ကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြးသွားရတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွ နေရပ်ပြန်လာရေး စတာတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အရင်က ပြုလုပ်ခဲ့တဲ့ လုံခြုံရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှာ ဒီခေါင်းဆောင်နှစ်ဦး အကြားထိပ်တိုက် အခြေအတင်ဖြစ်ခဲ့ပြီး တင်းမာမှုလည်း မြင့်တက်လာခဲ့ပါတယ်။
အဲဒီလို တင်းမာမှုဖြစ်နေတဲ့ အချိန်မှာပဲ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဆွစ်ဇာလန်သံတမန် ခရစ္စတိုင်း ရှရာနာ ဘာဂီနာဟာ တာဝန်ပေးအပ်ခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ ကြာသာပတေးနေ့မှာ အဆုံးသတ်ခဲ့တဲ့ သူမရဲ့ တရားဝင်ခရီးစဉ်မှာ ဘာဂီနာဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ စစ်တပ်အကြီးအကဲတွေ အပါဝအ၀င် အဓိကပုဂ္ဂိုလ်   တော်တော် များများနဲ့ တွေ့ဆုံခဲ့ပါတယ်။ ခရီးစဉ်အတွင်း အသေးစိတ် ဒူးတိုက်ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး   ခေါင်းဆောင်နှစ်ဦးကြားက တင်းမာမှု လျော့ပါးရေး အကူအညီ ဖြစ်စေခဲ့ပါတယ်။ ကုလနဲ့ မြန်မာနိုင်ငံအကြား ပိုမို အပြုသဘောဆောင်တဲ့ ဆက်ဆံရေး ဖြစ်လာဖို့အတွက် အခြေခံအုတ်မြစ်တွေကို သူမက ချပေးခဲ့ပါတယ်။
နယ်ခြားစောင့်တပ်ဖွဲ့တွေ သေဆုံးခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း ရခိုင်ပြည်နယ်မှာ စစ်တပ်က   ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေအတွင်း ကျူးလွန်းခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အမျိုးသား စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းကြောင်း အစိုးရက ကြေငြာပြီး တဲ့နောက်ပိုင်း မကြာခင်မှာပဲ လုံခြုံရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးတစ်ခု ပေါ်ပေါက်လာပါတယ်။ ဒုက္ခသည်   တွေ   ပြန်လာရေး၊ နေရာချထားရးနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နိုင် ဖို့အတွက် မြန်မာအစိုးရက ကုလနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး ၂ ရက်အကြာမှာ ဒီအစည်းအဝေး ဖြစ်လာခဲ့တာပါ။
နားလည်မှုစာချွန်လွှာရဲ့ အသေးစိတ် အချက်အလက်တွေကို ကြေငြာခြင်း မရှိသေးပေမယ့် ဒေသခံ ရခိုင်ပြည်သူ   တွေနဲ့ စစ်တပ်အကြား ဒီကိစ္စနဲ့ပတ်သက်ပြီး သံသယတွေ၊ ဒေါသတွေ ဖြစ်လာခဲ့ပါတယ်။ ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းတွေအကြား ခွဲပြဲသွားမှာကို စိုးရိမ်တဲ့အတွက် အစိုးရဟာ အခုအချိန်အထိ အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်သေးပါဘူး။ ဒါပေမယ့် ဒီလိုလျှို့ဝှက်ထားတာဟာ ထင်သလို ကောင်းမလာနိုင် ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံကို ကုလအထူးကိုယ်စားလှယ်က နားချနိုင်ခဲ့တာကြောင့် လာမယ့်ရက်အနည်းငယ် အတွင်းမှာ နားလည်မှုစာချွန်လွှာ အသေးစိတ်ကို ထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။
အရပ်သားအစိုးရနဲ့ စစ်တပ်အကြား အဓိက အငြင်းပွားတဲ့ကိစ္စဟာ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမှုနဲ့   နိုင်ငံခြား ကျွမ်းကျင်သူတစ်ဦး ကော်မရှင်မှာ ထည့်သွင်းဖို့ အဆိုပြုတဲ့ကိစ္စ ဖြစ်ပါတယ်။
“စစ်တပ်က ဒါကို လုံးဝ မနှစ်မြို့ဘူးဗျ” လို့ ကာကွယ်ရေးဦးစီးချုပ်နဲ့ အဆက်အသွယ်ရှိတဲ့ စစ်ဖက် အကြီးတန်း အရာရှိဟောင်းတစ်ဦးက ပြောကြားခဲ့ပါတယ်။
“ဒါဟာ စည်းဖောက်မှုတစ်ခုပါ” လို့ သူက အပြတ်ကိုပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ တွေ့ဆုံမှုမှာ ဗိုလ်ချုပ်မှုးကြီးဟာ ဒေါသတကြီး တုန့်ပြန်ခဲ့ပြီး အာဏာသိမ်းမယ်လို့တောင် ခြိမ်းခြောက်ခဲ့တယ်လို့ စစ်တပ်အတွင်းစည်းနဲ့ နီးစပ်တဲ့ ရင်းမြစ်တော်တော်များများက ပြောပါတယ်။ ခင်ဗျားအနေနဲ့ အစိုးရကို မစီမံနိုင်ဘူးဆိုရင် အခြေခံဥပဒေမှာ သတ်မှတ် ထားတဲ့အတိုင်း စစ်တပ်က အာဏာပြန်ယူရလိမ့်မယ်လို့ ဗိုလ်ချုပ်မှုကြီးက ပြောခဲ့ကြောင်း သတင်း ထွက်ခဲ့ပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံးကို ပြန်သိမ်းမှာလား၊ ဒါမှမဟုတ် ရခိုင်ပြည်နယ်ကိုပဲ သိမ်းမှာ လားဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ တိုင်းပြည်ရဲ့လုံခြုံရေးဟာ ခြိမ်းခြောက်ခံနေရတယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ယူဆရင် အခြေခံဥပဒေအရေ စစ်တပ်ဟာ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ဖြစ်ဖြစ်၊ ပြည်နယ်အလိုက်ဖြစ်ဖြစ် ‘အုပ်ချုပ်ရေးအာဏာ’ ကို ရယူနိုင်ပါတယ်။ တကယ်တော့ ၂၀၁၂ ခုနှစ် နှောင်းပိုင်းကစပြီး စစ်တပ်ဟာ သမ္မတဦးသိန်းစိန်ရဲ့ သဘောတူညီချက်နဲ့အတူ ရခိုင်ပြည်နယ်ကို အရေးပေါ်အခြေအနေ ခေါင်းစဉ်နဲ့ ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။
ကတိုက်ကရိုက်နဲ့ ပြီးဆုံးသွားတဲ့ အဲဒီးအစည်းဝေး နောက်ပိုင်းမှာ နှစ်ဖက်စလုံးဟာ ထိပ်တိုက်ရင်ဆိုင်ဖို့ အတွက် ပြင်ဆင်လာခဲ့ကြပါတယ်။ စစ်တပ်ဟာ အဓိကမြို့ကြီးတွေရဲ့ စစ်မျက်နှာမှာ ချထားတဲ့ တပ်ဖွဲ့တွေကို   ပြန်ရုပ်သိမ်းခဲ့ပြီး ရခိုင်ကလွဲလို့ အခြားနယ်စပ်ဒေသတွေက စစ်ဆင်ရေးတွေကိုလည်း ရပ်ဆိုင်းခဲ့ကာ   နေပြည်တော်မှာ ထိပ်တိုက်တွေ့ဆုံမှုကို ပိုမိုအာရုံစိုက်နိုင်ရေးအတွက် ဖြစ်ပါတယ်။
“လနဲ့ချီကြာနိုင်ပေမယ့် စစ်တပ်ကလည်း ပြင်ဆင်ထားရမယ်” လို့ ထိပ်တန်း စစ်ဌာနချုပ်ကို အကြံပေးနေတဲ့ စစ်ဖက်အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။
တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်ဟာ ကချင်လွတ်မြောက်ရေးတပ် KIA ထိန်းချုပ် ရာဒေသ   မြောက်ဖက် စွန်းစွန်းက KIA ရဲ့ အဓိကတပ်မဟာရှိတဲ့နေရာမှာ စစ်ဆင်ရေးကို ရပ်တန့်လိုက်ပြီး တပ်ဖွဲ့တွေကို လည်း ပြန်ဆုတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုတပ်ပြန်ဆုတ်တာဟာ တိုက်လို့ခိုက်လို့မကောင်းတဲ့ အနေအထား   တွေကြောင့် စစ်တပ်က ပုံမှန်လိုလို စစ်ဆင်ရေး ရပ်ဆိုင်းလေ့ရှိတဲ့ မိုးရာသီကြောင့် ဖြစ်နိုင်တယ်လို့ ဒေသတွင်း စစ်ထောက်လှမ်းရေး ရင်းမြစ်တော်တော်များများက ဆိုပါတယ်။
ဒါပေမယ့် ကုလအထူးကိုယ်စားလှယ် ကြားဝင်လာတာက အရပ်သားအစိုးရနဲ့ စစ်တပ်တို့အကြား လွန်ဆွဲမှုကို လျော့ပါးသွားစေပါတယ်။ အခုသီတင်းပတ်အစောပိုင်း သူမနဲ့ ဗိုလ်ချုပ်မှူးကြီးတို့ရဲ့ အချိန် အတော် ကြာ ဆွေးနွေးမှုအတွင်း ဗိုလ်ချုပ်မှူးကြီးဟာ အမျိုးသား လူ့အခွင့်အရေး စုံစမ်းစစ်ဆေးမှု အဖွဲ့မှာ နိုင်ငံခြားသား ပါဝင်နိုင်ရေး သဘောတူခဲ့ပါတယ်။ ဒါဟာ ဗိုလ်ချုပ်မှုကြီးရဲ့ သိသာတဲ့ အလျှော့ပေးချက်လို့ ထင်ရပေမယ့် တကယ်တော့ အလွန်ပါးနပ်မှုလို့ ဆိုရပါလိမ့်မယ်။
တကယ်တော့ ဒီလိုလိုက်လျောလိုက်တာဟာ စုံစမ်းစစ်ဆေးရေးကော်မရှင်အတွက် ပန်းခင်းသော လမ်း ဖြစ်သွားပြီလို့ မဆိုနိုင်ပါဘူး။ မြန်မာနိုင်ငံ အနောက်ခြမ်းမှာ ပြန်လည်ရင်ကြားစေ့ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေကို ညှိနှိုင်းဖို့နဲ့ နိုင်ငံတကာရဲ့ အကြံဉာဏ် ပါဝင်စေဖို့အတွက် ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ မှာ မြန်မာ အစိုးရက ဖွဲ့စည်း ပေးခဲ့တဲ့ အကြံပေးအဖွဲ့ ခေါင်းဆောင် ဆူရာကီယတ် ဆတ်သီရာထိုင်းရဲ့ အကြံပေးမှုနဲ့ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဆတ်သီရာထိုင်းဟာ ထိုင်း ဒုတိယ၀န်ကြီးချုပ်ဟောင်း နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်း ဖြစ်ပါတယ်။
အစိုးရ ထိပ်တန်းအလွှာက လူတွေနဲ့ ဆွေးနွေးမှု လချီပြုလုပ်ပြီးနောက်ပိုင်း   ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံတကာကို ကိုယ်စားပြုမယ့် ပုဂ္ဂိုတစ်ဦးအပါအ၀င် လူ ၃ ဦးပါဝင်မယ့် ဒီအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမယ့် ကော်မရှင်ကို နိုင်ငံခြားသားက ဦးဆောင်မလားဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ ပါဝင်မယ့်   နိုင်ငံခြားသား ကို အခုအချိန်အထိ ရှာဖွေနေဆဲ ဖြစ်ပါတယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နဲ့ တီမောလက်စ်တေ ၀န်ကြီးချုပ်ဟောင်းဖြစ်ပြီး မကြာသေးခင်ကမှ နေပြည်တော်ကို လာရောက်လည်ပတ်သွားတဲ့ ဟိုဆေး ရာမို့စ် ဟောတာက တာဝန်ယူဖို့ ငြင်းဆန်ခဲ့ပြီးတဲ့နောက် အစိုးရဟာ လက်ရှိမှာ အခြားသူတွေကို   တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေပါတယ်။
“ဒီကိစ္စဟာ ဆုပ်လည်းဆူး၊ စားလည်းရူးမယ့်ကိစ္စလို့ သူကပြောပါတယ်” လို့ မြန်မာနိုင်ငံကနေ ပြန်သွား တဲ့ ဟော်တာနဲ့စကားခဲ့တဲ့ သံတမန်တွေက ဖွင့်ဟခဲ့ပါတယ်။
မြန်မာနိုင်ငံအခြေစိုက် လေ့လာဆန်းစစ်သူတွေ၊ သံတမန်တွေက “ကြီးတော်နွား အလကားကျောင်းပေးရမယ့် ဒီအလုပ်ကို” တာဝန်ယူမယ့် နိုင်ငံရပ်ခြားပညာရှင်မျိုး ရှာတွေ့မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။ အစိုးရအတွင်းလူတစ်ဦးက တာဝန်ယူမယ့်လူတွေ ရှိနေတယ်လို့ ဆိုပါတယ်။ မစ္စတာ ဟော်တာကို ပထမဆုံး အကြံပြုခဲ့တာက ဆတ်သီရာထိုင်း ဦးဆောင်တဲ့ အကြံပေးအဖွဲ့ ဖြစ်ပြီး အာရှက ကိုယ်စားလှယ်တစ်ယောက်ကို ခန့်ထားသင့်တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာက ပါဝင်ရင် အနောက်နိုင်ငံကလူ ဒါမှမဟုတ် မွတ်စလင်တစ်ယောက် မဖြစ်ရဘူးလို့ ခံယူထားတဲ့ စစ်တပ်ကို လေပြေထိုးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
လက်ရှိမှာ စစ်တပ်ဟာ အမျိုးသား စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးဆိုတဲ့ အယူအဆကို လက်ခံခဲ့ပြီး   ဖြစ်တာကြောင့် ဘယ်သူပါရမယ်ဆိုတာက ပြဿနာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် ကော်မရှင်မှာ ပါဝင်သူတွေ ဟာ အစိုးရ၊ စစ်တပ်၊ ရခိုင်ဒေသခံတွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်း စသဖြင့် ဘက်ပေါင်းစုံက လက်ခံနိုင်တဲ့သူ ဖြစ်ဖို့လို တယ်လို့ အကြံပြုကာ လူရွေးချယ်မှုမှာ သူတို့ပါဝင်မယ်လို့ တောင်းဆိုဖို့ ရှိနေပြီး အစိုးရကလည်း လုံးဝ လိုက်လျောမယ့်အနေထားဖြစ်ပါတယ်။ စစ်တပ်က ပူးပေါင်းဆောင်ရွက်မှ သာ ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုဟာ အဆုံးမှာ အောင်မြင်ပြီး၊ ယုံကြည်လောက်ဖွယ်ရာ ဖြစ်လာ မှာ ဖြစ်ပါတယ်။ ဒါဟာ နောက်ထပ် စောင့်ကြည့်သုံးသပ်ရမယ့် ကိစ္စတစ်ခု ဖြစ်ပါတယ်။
အရပ်ဖက်နဲ့ စစ်ဖက်ခေါင်းတွေအကြား ဖြစ်လာတော့မယ့် ထိပ်တိုက်တွေ့မှုကို ကုလ ကိုယ်စားလှယ် က အောင်မြင်စွာ လမ်းလွှဲပေးနိုင်ခဲ့ပေမယ့် အာဏာသိမ်းမယ်လို့ စစ်တပ်က အနာဂတ်မှာ ခြိမ်းခြောက် လာနိုင်မှုဟာ လုံးဝ အဆုံးသတ်သွားတာ မဟုတ်ပါဘူး။ ဒီခြိမ်းခြောက်မှုဟာ မပြောင်းလွဲ တည်ရှိနေအုံး မှာ ဖြစ်ပါတယ်။
“လိုအပ်နေတာက အစိုးရနဲ့ စစ်တပ်အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ဖို့ ဖြစ်ပါတယ်” လို့ မြန်မာ စစ်ဖက်အရာရှိဟောင်းတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဒီအချက်ဟာ ကုလ အထူးကိုယ်စားလှယ်အနေနဲ့ ပြေလည်အောင် ဖြေရှင်းရမယ့် ကိစ္စတစ်ခု ဖြစ်ပါတယ်။ အရေးပါတဲ့  ဆောင်ရွက်ချက်တစ်ခုကို သူမ လုပ်ဆောင်နိုင်ခဲ့ပြီး ဒီလုပ်ငန်း ရှေ့ဆက်နိုင်အောင် ဆက်လက်   ဆောင်ရွက် သွားမယ်လို့ မျှော်လင့်ရပါတယ်။ သူမဆောင်ရွက်ရမယ့် အခန်းကဏ္ဍတွေထဲမှာ ‘ကုလနဲ့   မြန်မာနိုင်ငံ တို့အကြား ပေါင်းကူးတံတားထိုးပေးရေး’ ပါဝင်တယ်လို့ ယုံကြည်ကြောင်း မြန်မာနိုင်ငံခရီးစဉ်အပြီး ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။
Ref: Bangkokpost
(Bnagkokpost တွင်ဖော်ပြထားသည့် UN envoy averts possible military coup in Myanmar ဆောင်းပါးကိုလေးမောင်က ဆီလျော်အောင်ဘာသာပြန်ဆိုသည်။)
Share:

ရခိုင်ပြည်နယ်ထဲ ကုလသမဂ္ဂအဖွဲ့ အစည်းတွေ အကန့်သတ်မရှိ ဝင်ရောက်ခွင့်ပြုဖို့ EU တိုက်တွန်း

■ မြန်မာအစိုးရက ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ နားလည်မှုစာချွန်လွှာထိုးခဲ့တာနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့လိုက်တဲ့အပေါ် ဥရောပသမဂ္ဂ EU သံအမတ်ကြီးတွေက ကြိုဆိုလိုက်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကုလသမဂ္ဂနဲ့ တခြားမိတ်ဖက် အဖွဲ့အစည်းတွေကို အကန့်သတ်မရှိ ဝင်ရောက်ခွင့်ပေးဖို့လည်း မြန်မာအစိုးရကို ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP တို့နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးဆိုင်ရာ သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တာဟာ အရေးကြီးပြီး မရှိမဖြစ်လိုအပ်တဲ့ ခြေလှမ်းတရပ်ဖြစ်ပြီး ဒါမှသာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ လုံခြုံစိတ်ချစွာ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်မယ့် အခြေနေတွေ ပေါ်ပေါက်မှာဖြစ်ကြောင်း၊ EU အနေနဲ့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အပြည့်အဝ အကောင်ထည်ဖော်ရေးတွေကိုလည်း ထောက်ခံကြောင်းလည်း ဒီနေ့ ရန်ကုန်မှာ ထုတ်ပြန်တဲ့ EU အဖွဲ့ဝင်သံအမတ်ကြီးတွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သမ္မတဦးဝင်းမြင့် လက်မှတ်ထိုးထုတ်ပြန်တဲ့ လွတ်လပ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းတဲ့အပေါ်မှာလည်း EU အဖွဲ့ဝင်နိုင်ငံတွေက ကြိုဆိုလိုက်ပြီး ဒီကော်မရှင်အနေနဲ့ ပြည့်စုံပြီး ဦးတည်ချက်ရှိရှိ ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးရေးတွေလုပ်ကိုင်နိုင်ဖို့အတွက် လုပ်ပိုင်ခွင့်၊ ဖွဲ့စည်းပုံတွေကိုလည်း အသေးစိတ်သိရှိဖို့ မျှော်လင့်ကြောင်းလည်း ဖော်ပြထားပါတယ်။ 
တချိန်ထဲမှာလည်း ဒီနေ့ဟာ လက်နက်ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တိုက်ဖျက်ရေးနေ့ဖြစ်တဲ့အတွက် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာ အဓမ္မပြုကျင့်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးအရေးယူပေးဖို့ ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂ သံအမတ်ကြီးတွေက သီးခြားကြေညာချက်နောက်တစောင်ထုတ်ပြန်ပြီး မြန်မာအာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။
AFP Photo
( ဥရောပသမဂ္ဂအလံကို မြင်ရစဉ် )
Share:

23 June, 2018

လူ့အခွင့်အရေး ချိုးဖောက်သူများကို ဒေါ်ေ အာင်ဆန်း စုကြည် ကာကွယ်တော့ မည် မဟုတ်

Ko Richard
ဧရာဝတီ
By ထက်နိုင်ဇော် 22 June 2018
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌလည်း ဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လည်း ဖြစ် သူ ဒေါာ​အောင်​ဆန်း စုကြည်သည် တိုင်းပြည်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည့် မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို ကာကွယ်ပေးတော့မည် မဟုတ်ကြောင်း ယင်းပါတီ ဗဟို ပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။
ယခုအခါ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ဖြစ်သူ Christine Schraner Burgener ၏ မြန်မာပြည်ခရီးစဉ် အ ပြီး နေပြည်တော်တွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ အထောက်အကူပြုရုံး တခုကို ဖွင့်လှစ်ခွင်ပေ့းခဲ့ခြင်းသည် ရခိုင်အရေးတွင် နိုင်ငံတကာ၏ အသိအမှတ်ပြုမှု၊ ပံ့ပိုးမှု လိုအပ်ခြင်း ကို ပြသခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
မုံရွာအောင်ရှင်က “ကျနော်တို့ ခေါင်းဆောင် ပြောသလိုပဲ။ ကျနော်တို့က ဘယ်သူ့ကိုမှ ကာကွယ်နေစရာ အကြောင်း မရှိဘူး။ တကယ် လူ့အခွင့်အရေး ချိုးဖောက်တာ တိကျတယ်။ မှန်ကန်တယ်ဆိုရင်တော့ ဒီဟာက မှန်တဲ့အတိုင်းပဲပေါ့လေ။ အရေးယူခံရမှာပဲ။ ကျနော်တို့ ဒီဟာတွေအတွက် ကာကွယ်နေမှာ မဟုတ်ဘူး။ ဒီကိစ္စအတွက် ပါတီအနေနဲ့လည်း စိုးရိမ်မှာ မဟုတ်ဘူး။ ကျနော်တို့ ခေါင်းဆောင်ကလည်း စိုးရိမ်မှာ မဟုတ် ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်မြောက်ပိုင်း အရေးခင်းများအတွင်း နယ်မြေရှင်းလင်းရာ တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် လူ့အခွင့်အရေး ချိုးဖောက် မှုများ ရှိခဲ့သည်ဆိုသော စွပ်စွဲချက်များကြောင့် မြန်မာ အစိုးရမှာ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ဖိအားပေးခံရနေချိန် ယခုရုံးကို နေပြည်တော်တွင် ဖွင့်လှစ်ခွင့်ပေးချိန်နှင့် တိုက် ဆိုင်လျက်ရှိသည်။
ရခိုင်ပြည်နယ်မှ ဘင်္ဂလီများ ထွက်ပြေးခံရသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အိုင်စီစီ တရားလို ရှေ့နေ အကြီးအကဲ၏ တောင်းဆိုချက် ဖြစ်သည့် မြန်မာ အစိုးရအပေါ် တရားစွဲဆိုခွင့်အပေါ် ဦးတိုက်လျှောက် ထားခွင့်ပြု ရန် မြန်မာနိုင်ငံ၏ သုံးသပ်ချက်အား ယခုလ ၂၇ ရက် နေ့ နောက်ဆုံးထား တင်သွင်းရန် အိုင်စီစီ တရားသူကြီး အဖွဲ့ က ပြောကြောင်း ရိုက်တာ သတင်းတပုဒ်တွင် ရေးသားထားသည်။
ယခုလို ရခိုင်အရေးကို နိုင်ငံတကာ အရေးဖြစ်အောင် ဆောင်ရွက်ခဲ့ပြီး အထူးအကြံပေးပုဂ္ဂိုလ်၏ ရုံးကိုပါ   နေပြည်တော်တွင် ဖွင့်ခွင့်ပေး ကာ ရခိုင်အရေးသာမက ကချင်၊ ရှမ်း ဒေသတို့ရှိ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ ကိုပါ စုံစမ်းခွင့်ပြုခြင်းသည် စဉ်းစားကြည့်ပါက တပ်မတော်ကို အိုင်စီစီသို့ တင်ရန် ရွယ်ရွယ်နေခြင်း သာ ဖြစ်ကြောင်း အတိုက်အခံ ကြံ့ခိုင်ရေးပါတီမှ ပြောခွင့်ရသူ ဦးသိန်းထွန်းဦးက ပြောသည်။
အမရပူရမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးသိန်းထွန်းဦးက“စဉ်းစားကြည့်မယ် ဆိုရင်   နောက်ဆုံး ဒါဟာ ICC သွားဖို့အထိ ရည်ရွယ်နေတာကို သွားတွေ့ရပါတယ်။ ဒါကြောင့်မလို့ ကျနော်တို့ စိုးရိမ်တာက မိမိရဲ့ အချုပ်အခြာအာဏာ။ မိမိရဲ့ ပိုင်နက်နယ်မြေကို တည်တည်ငြိမ်ငြိမ်၊   အေးအေး ချမ်းချမ်း ဖြစ်စေချင်တဲ့ဆန္ဒ ကျနော်တို့ပါတီမှာ အပြည့်ရှိပါတယ်။ ဒီလို ရှိတဲ့အတွက် ပါတီအနေနဲ့ သဘော ထားကြေငြာချက် အမျိုးမျိုးကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေ ဖြစ်လာတော့မယ်။ မလုပ်ပါနဲ့”ဟု ပြောသည်။
၎င်းက ဆက်၍ “အခုလည်းပဲ တချိန်တုန်းက ဒီလိုအကြံပေးပုဂ္ဂိုလ်တွေ သံတမန်ရုံးခန်းကို ဖွင့်ခွင့်မပေးခဲ့ပါဘူး။ အခုကျမှ ဘာလို့ပေးရတာလဲဆိုတာလည်း စဉ်းစားစရာ တချက် ဖြစ်ပါတယ်။ ပြောမယ်ဆိုရင် ဒီလိုပုဂ္ဂိုလ်မျိုးတွေ ဝင်သွားတဲ့ နိုင်ငံတွေ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ လာပြီး ပြည်တွင်းရေးလို ဆောင်ရွက်ခဲ့တဲ့ နိုင်ငံတွေ ဘယ်နိုင်ငံတည်ငြိမ်အေးချမ်းစွာရှိခဲ့လဲ”ဟု မေးခွန်းထုတ်သည်။
ရခိုင်အရေး လေ့လာစောင့်ကြည်သူ ဦးမောင်မောင်စိုးကလည်း မြန်မာ အစိုးရ၏ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုသော် လည်း ယင်းအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကိုမူ သတိထား ဂရုပြု သင့်ကြောင်း၊ ယင်းအဖွဲ့များ၏ ဆုံးဖြတ်ချက်များသည် မြန်မာ အတွက် တရားမျှတမှု ရှိရန် လိုအပ်ကြောင်း ပြောသည်။
“ဒီကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ ပါဝင် လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ရင်တော့ သတိထားဂရုပြုရမယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ဆုံးဖြတ် ချက်တွေနဲ့ လုပ်ဆောင်မှုတွေက တဖက်စောင်းနင်း ဖြစ်မယ်ဆိုရင် ဂရုစိုက်ရမယ်။ UNHCR ကနေတောင် အမေရိကန် နုတ်ထွက်တာမျိုး ရှိနေတာပဲ”ဟု ၎င်း သုံးသပ်သည်။
အစိုးရနှင့် နီးစပ်သူ NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ်တဦးကလည်း “သူ့(Christine Schraner Burgener) အနေနဲ့ မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေတွေကို ကျော်လွန်ပြီး လုပ်လို့ မရဘူး။ ယန်ဟီးလီတုန်းကလည်း ကြုံခဲ့ပြီးပြီ။ သူလည်း အဲဒီလိုမျိုး ဖြစ်စဉ်မျိုးတွေကိုတော့ ရှောင်မှာပဲ။ သူရဲ့ စိတ် သဘောထားက ယန်ဟီးလီနဲ့ တခြားစီပဲ။ အများကြီးကောင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တုန်း ကလည်း အဆင်ပြေတယ်။ မကြာခင် ကုလ အထွေထွေ ညီလာခံကလည်း လာတော့မယ်။ အိုင်စီစီကို လည်း မေ့ထားလို့ မရဘူး”ဟု သုံးသပ်သည်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ Mandate သည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိ၊ မရှိကို သတင်းရယူ၍ ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်ထံသို့ သတင်းပို့ရန်သာ ဖြစ်ကြောင်း၊ မြန်မာ အစိုးရကို အမိန့်ပေး ခိုင်းစေခွင့် မရှိကြောင်း၊ ယခု သံတမန်၏ လုပ်ပိုင်ခွင့်ကို ပြည်သူလူထုသို့ ပွင့်လင်းမြင်သာမှုရှိစွာ ချပြပေးသင့်ကြောင်း ကြံ့ခိုင်ရေးပါတီက ပြောသည်။
ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းဦးက “ဒီလိုပုဂ္ဂိုလ်မျိုးတွေ၊ ဝင်တာထွက်တာ ခြေရှုပ်ခဲ့တဲ့ နိုင်ငံတွေတော်တော် များဟာ အကွဲ၊ အပြဲနဲ့ နောက်ဆုံး မိမိရဲ့အချုပ်အခြာအာဏာ မိမိရဲ့ နယ်မြေတွေကိုပါ ဖဲ့ပေးရတဲ့ အနေအထားတွေ အထိ ဖြစ်သွားတာကို တွေ့ရပါတယ်” ဟု ပြောသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Schraner Burgener သည် နေပြည်တော် တွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်သို့လည်း သွားရောက်ခဲ့သေးသည်။
Did you find apk for android? You can find new Free Android Games and apps.
Topics: ဒေါ်အောင်ဆန်းစုကြည်, နိုင်ငံတကာ, လူ့အခွင့်အရေး
Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.