• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

31 July, 2017

မြန်မာနဲ့ ကုလသမဂ္ဂ ဆက်ဆံရေး

31 ဇူလိုင်၊ 2017

ဒေါက်တာဒေါ်ရင်ရင်နွယ် (UNICEF ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ရဲ့  တရုတ်နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်)
ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းအစီအစဉ်မှာ ဒီမိုကရေစီအသွင်ပြောင်းဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံ အတွင်း ကုလသမဂ္ဂ နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့  အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး UNICEF ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ရဲ့  တရုတ်နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တာဝန်အပါအဝင်၊ ကုလသမဂ္ဂမှာ နှစ်ပေါင်း နှစ်ဆယ်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဒေါ်ရင်ရင်နွယ် ကို VOA က ဒေါ်ခင်မျိုးသက်က တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ဆရာမဒေါ်ရင်နွယ် အခု ကျမတို့ VOA ကို လာရောက်ပြီးတော့ ဆွေးနွေးပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ဆိုတော့ ပထမဦးဆုံး ဆရာမဒေါ်ရင်နွယ်က တရုတ်နိုင်ငံမှာ UNICEF ရဲ့  ဌာနေကိုယ်စားလှယ်အဖြစ်နဲ့ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တယ်။ နောက် ကုလသမဂ္ဂမှာလည်း နှစ်အကြာဆုံး (၂၁) နှစ်ကျော်ကျော် တာဝန်ထမ်းဆောင်ခဲ့တာပါ။ တရုတ်နိုင်ငံမှာ တာဝန်ထမ်းဆောင် နေတဲ့ အချိန်မှာ ကုလသမဂ္ဂရဲ့  လုပ်ပိုင်ခွင့်တွေ၊ ကုလသမဂ္ဂနဲ့ တရုတ်အစိုးရ ဆက်ဆံတာတွေ၊ ဒီကြားထဲမှာ အခြေအနေတွေ ကျမတို့ နည်းနည်းသိပါရစေ။
ဒေါက်တာဒေါ်ရင်ရင်နွယ် ။ ။ ကုလသမဂ္ဂက တရုတ်နိုင်ငံကို UNOHCHR လို့ခေါ်တဲ့ လူ့အခွင့်အရေး ကုလသမဂ္ဂအဖွဲ့ကို တရုတ်ပြည်မှာ ရုံးထောင်ခွင့်တောင်းတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အစိုးရက မပေးဘူး။ အဲဒါတချက်။ လုံးဝမပေးဘူး။ လာလို့တော့ရတယ်။ ဒါပေမဲ့ မပေးဘူး။ နောင်တခုက ချင်းဟိုင်၊ စက်ချွမ်တို့မှာ ငလျင်ဖြစ်တော့ ကျမ ရှေ့ ဆုံးက။ အဲဒီမှာ ဘာတွေ့ရလဲဆိုတော့ သဘာဝဘေးအန္တရာယ် ကိုင်တွယ်ခဲ့တာ၊ ရှင်ကျန်လူမျိုးတွေနဲ့ တရုတ်လူမျိုးတွေနဲ့ ပဋိပက္ခ ဖြစ်တာတွေကော ကျမတို့သွားတယ်။ သွားချင်တိုင်းသွားလို့ မရဘူး။ အစိုးရ ခွင့်ပြုချက်မပါဘဲ သွားလို့မရဘူး။ လုံးဝလေယာဉ်ပျံပေါ်တောင် တက်ခွင့်မရှိဘူး။ အစိုးရ ခွင့်ပြုချက်မပါဘဲ။ တရုတ်အစိုးရကလည်း ရှင်းလင်းပြတ်သားပါတယ်။ သူ လုံးဝပေးမသွားတဲ့နေရာတွေကို သွားလို့မရဘူး။ လုံခြုံရေးအရဖြစ်ဖြစ်၊ နိုင်ငံရဲ့  ဂုဏ်သိက္ခာကျမှာ စိုးလို့ပဲဖြစ်ဖြစ်၊ ဥပမာ ပြိုသွားတဲ့ ကျောင်းတွေဘာတွေကို နောက်ပိုင်း နိုင်ငံခြားသားတွေကို ဓါတ်ပုံကို ပေးမရိုက်တော့ဘူး။
ဒေါ်ခင်မျိုးသက် ။ ။ ဆရာမက အင်ဒိုနီးရှားမှာလည်း ဆူနာမီငလျင် မလှုပ်ခင်ကတည်းက အဲဒီမှာ (၅) နှစ်ကျော်ကျော်လောုက် တာဝန်ထမ်းဆောင်ခဲ့တာပါ။ ဆိုတော့ အင်ဒိုနီးရှားအစိုးရနဲ့ ကုလသမဂ္ဂနဲ့ ဆက်သွယ်ပြီး ဆောင်ရွက်တဲ့ အခြေအနေလေးတွေ နည်းနည်းတော့ ရှင်းပြပေးပါ။

ဒေါက်တာဒေါ်ရင်ရင်နွယ် ။ ။ အဲဒီအချိန်တုန်းက ဒီဇင်ဘာ (၂၆) ရက်၊ ၂၀၀၄ မှာ ဆူနာမိ ဖြစ်တုန်းက ကျမ အင်ဒိုနီးရှားမှာ UNICEF ဝန်ထမ်း နံပတ် (၂) နေရာမှာ ရှိပါတယ်။ အဲဒီအချိန်တုန်းက ဒေါ်ခင်မျိုးသက်လည်း ကြားဖူးပါလိမ့်မယ်။ အားလုံးပဲ ပျက်ဆီးသွားတယ်။ ရုံးတွေ၊ လူတွေက သိန်းနဲ့ချီ သေတယ်။ အဲဒီတော့ အဲဒီအချိန်တုံးက အင်ဒိုနီးရှားအစိုးရ က ရှင်းရှင်းပြောရင် တရုတ်လောက်တောင် မချမ်းသာပါဘူး။ မချမ်းသာတော့ ရေဘေးဒုက္ခသည်တွေ နေဖို့အတွက် ဒုက္ခသည်စခန်းတွေ ဆောက်ပေးတယ်။ ဆောက်ပေးတော့လည်း သူ့အနေနဲ့ ကောင်းကောင်းမွန်မွန် ဆောက်ပေးတယ်။ တတ်နိုင်သလောက်ပေါ့။ သစ်သားနဲ့ သွပ်မိုးတွေပါနဲ့။ အခိုင်အမာတော့ မဟုတ်ဘူး။ ယာယီဒုက္ခသည်စခန်းဆိုပြီ။ အဲဒီမှာ ဗမာပြည်မှာ နာမည်ကြီးနေတဲ့ UNHCR ဒုက္ခသည်များဆိုင်ရာအဖွဲ့က ပြောတယ် - ဒီဟာတွေဟာ အင်ဒိုနီးရှား ဆောက်တာက မကောင်းဘူး။ ဒါ သူတို့ နိုင်ငံတကာစံနှုန်းနဲ့ မမှီဘူးတဲ့။ ဒုက္ခသည်တွေ ဒီမှာနေဖို့ မသင့်တော်ဘူး။ ဘာညာဆိုပြီး ကန့်ကွက်တယ်။ အပြစ်ရှာတယ်။ အဲဒီတော့ အင်ဒိုနီးရှားအစိုးရက ဘာလုပ်လဲဆိုတော့ သူကပြောတယ် ဒါ ငါတို့တတ်နိုင်သလောက် ဆောက်တာ။ နောက်ပြီး UNHCR ဆိုတာလည်း ဒုက္ခသည်တွေနဲ့ပဲ ဆိုင်တဲ့အတွက် တကယ်တော့ အင်္ဂလိပ်လို တိတိကျကျပြောမယ်ဆိုရင် Refugee နဲ့ ဆိုင်တဲ့အတွက် - Refugee ဆိုတာ ဒီပြင်နိုင်ငံကလာတဲ့ ဒုက္ခသည်ကို ပြောတာ။ အဲဒီတော့ ကိုယ့်နိုင်ငံအတွင်းမှာ ရေဘေးဒုက္ခသည်ကို Refugee လို့ အင်္ဂလိပ်လို မခေါ်ဘူး။ အဲဒီတော့ ခင်များတို့နဲ့ မဆိုင်ဘူး။ ခင်များတို့ထွက်ဆိုပြီး တနှစ်လောက် ထုတ်ပစ်လိုက်တယ်။ နောက်တချက်က အာချဲလ်ပြည် နယ်မှာ ဆူနာမီ မဖြစ်ခင်လေးမှာ နှစ်ရှည်လများ အနှစ် (၃၀) လောက် စစ်ဖြစ်တယ်။ စစ်ဖြစ်တော့ စစ်ဖြစ်တဲ့ နေရာတွေကို သွားချင်တိုင်း သွားလို့မရဘူး။ ကျမတို့အနေနဲ့ ကလေး သူငယ်တွေ အတွက် ဆေးတွေပို့တာ၊ ဆေးတွေသိုလှောင်ထားဖို့ ရေခဲသေတ္တာပို့တာတို့ ဒါတွေ အတွက်တော့ သူတို့ ခွင့်ပြုတယ်။ သတင်းထောက်တို့ဘာတွေ ခွင့်မပြုဘူး။ UN ကိုလည်း ခွင့်မပြုဘူး။ အဖွဲ့တိုင်းကိုလည်း ခွင့်မပြုဘူး။
ဒေါ်ခင်မျိုးသက် ။ ။ အဲဒီအချိန်က အစိုးရ။ အစိုးရရဲ့  အကြံပေးအနေနဲ့ လုပ်ခဲ့ဖူးပါတယ်ဆိုတော့ အဲဒီက မြန်မာနိုင်ငံနဲ့ လုပ်ရတဲ့ အတွေ့အကြုံလေး နည်းနည်းပြောပြပေးပါ။ ဒီဟာလုပ်ရကိုင်ရတဲ့အနေ။ ကုလသမဂ္ဂ တခြားနိုင်ငံတွေမှာ လုပ်ရတာနဲ့ မြန်မာနိုင်ငံမှာ လုပ်ရတာ ဘာကွာလဲ။ သိချင်လို့ပါ။
ဒေါက်တာဒေါ်ရင်ရင်နွယ် ။ ။ ကျမအနေနဲ့ မြန်မာပညာရှင်အနေနဲ့ အစိုးရကို အကြံပေးတဲ့အဖွဲ့မှာ ဥက္ကဋ္ဌလုပ်တာ။ ရေကြီးရေလျှံ။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်အတွေ့အကြုံ၊ ဆူနာမီ ရှစ်နိုင်ငံ အတွေ့အကြုံ။ နောက် အင်ဒိုနီးရှားအတွေ့အကြုံ ဒါတွေပါရှိတော့ အဲဒီတုန်းက ကျမကို ဥက္ကဋ္ဌအနေနဲ့ ခန့်လိုက်တာ။ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ရေကြီးရေလျှံ။ အဲဒီမှာ ကုလသမဂ္ဂအဖွဲ့တွေနဲ့ ကမ္ဘာ့ဘဏ်အဖွဲ့တွေနဲ့ လုပ်တယ်။ သူတို့က လုပ်တာတော့ စေတနာကောင်းပါတယ်။ တော်တော်များများ။ အထူးသဖြင့် UNDP က တော်တော်လေး စေတနာ ကောင်းတယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံအကြောင်း မသိတာတွေ အများကြီးဆိုတော့ အမှားတွေ ရေးတာတွေပါတယ်။ ကျမတို့သာ မရှိဘူးဆိုရင် တော်တော်မှားယွင်းမယ်။ ဥပမာတချက် ပြောမယ်ဆိုရင် သူတို့ကပြောတယ် တုတ်ရှည်ရှည်နဲ့ရမ်းပြီး မြန်မာအမျိုးသမီးတွေက ရေတို့မြေတို့ ပိုင်ဆိုင်ခွင့် မရှိဘူးတဲ့။ အဲဒီတော့ ကျမပြောတယ် -- ဒါ ဘယ်ကလာလဲ။ “ဟုတ်ဘူးတဲ့ .. ဒီဥပဒေကို စာတမ်းတခုကတဲ့။” စာတမ်းကို ကျမ သွားကြည့်တော့ ဒါက အင်္ဂလိပ်မတယောက် ရေးထားတာ။ Oxfarm က အင်္ဂလိပ်မတယောက် ရေးထားတာ။ သူက မင်းဘူးဘက်ကိုသွားပြီး လူတွေ့ အင်တာဗျူးတွေလုပ်ပြီး အဲဒီလိုရေးတယ်။ ခက်တာက သူ အင်တာဗျူးလုပ်တဲ့လူတွောအားလုံးက ဆင်းရဲတဲ့ မိန်းမ၊ ယောက်ျား တယောက်မှ မြေမပိုင်ဘူး။ အဲဒါကြောင့် အဲဒီလိုဟာမျိုး။
ဒေါ်ခင်မျိုးသက် ။ ။ မကြာသေးခင်ကပဲ မြန်မာနိုင်ငံရဲ့  လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီလီ လာတယ်။ လာပြီးတော့ တတိယအကြိမ်မြောက် - ဒီအစိုးရ လက်ထက်မှာ လာပြီးတော့ ပြန်သွားတဲ့အခါမှာ အစီရင်ခံစာရေးတယ်။ ရေးတာကို လွှတ်တော်မှာ ပြင်းပြင်း ထန်ထန် ကန့်ကွက်ကြပါတယ်။ တချို့ ကဆိုရင် ရခိုင်ဘက်ကဆိုရင် ဘူးသီးတောင်ဘက်က ကိုယ်စားလှယ် တယောက်ကဆိုရင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ မြန်မာနိုင်ငံထဲမှာ လုပ်ပုံကိုင်ပုံက ဒေသတွင်းမှာ စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်စေတယ်။ ဒါကြောင့်မို့ နောက်ဆိုမလာဖို့တော့ တောင်းဆိုတဲ့အထိ ဖြစ်လာပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ မြန်မာနိုင်ငံထဲ လုပ်ပုံကိုင်ပုံနဲ့ ပတ်သက်ပြီး ဆရာမကိုယ်တိုင် အတွေ့အကြုံ အဲဒါလေးတွေကို နည်းနည်းပြောပြပေးပါ။ ဆရာမအနေနဲ့ ဘယ်လိုမြင်လဲ ကုလသမဂ္ဂရဲ့  အခန်းကဏ္ဍ။
ဒေါက်တာဒေါ်ရင်ရင်နွယ် ။ ။ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေရဲ့  အခန်းကဏ္ဍကို ပြောချင်ပါတယ်။ ဆိုတော့ ဒီကမ္ဘာမှာ UN မှာ (၁၉၂) နိုင်ငံ ရှိပါတယ်။ (၁၉၂) နိုင်ငံထဲက ဒီအထူး လူ့အခွင့်အရေး ကိုယ်စားလှယ်တွေ ခန့်ထားတဲ့ သူတို့ကိုခန့်တဲ့အဖွဲ့ Human Rights Council - လူ့အခွင့်အရေးကောင်စီလို့ ခေါ်တယ်။ ဒီလူ့အခွင့်အရေးကောင်စီရဲ့  တင်ပြချက်တွေက (၂၅) ချက် ရှိတယ်။ အဲဒီ (၂၅) ချက်မှာ (၂၀) က ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့ စာတမ်းတွေ။ အချက် (၂၀) က အစ္စရေးကိုပဲ ကန့်ကွက်တယ်။ အစ္စရေးဆိုတာ အရှေ့ အလယ်ပိုင်းမှာ တခုတည်းသော ဒီမိုကရေစီ။ အစ္စရေးကို ကန့်ကွက်တယ်။ လေးခုက မြန်မာနိုင်ငံကို ကန့်ကွက်တယ်။ တခုက မြောက်ကိုရီးယားကို ကန့်ကွက်တယ် ဆိုတော့ ကျန်တဲ့ (၁၈၉) မှာလည်း လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံတွေက အများကြီးရှိတယ်။ အဲဒါ တခုမှ မပြောဘူး။ အဲဒီတော့ မစ္စယန်ဟီလီ ကို ပညာရှင်အနေနဲ့ လေးစားပါတယ်။ သို့သော်လဲပဲ သူကိုခန့်တဲ့ အဖွဲ့ကိုက သမာသမတ်လည်း မရှိဘူး။ နောက်ပြီး နိုင်ငံတိုင်းမှာလည်း သူတို့က မခန့်ရဲဘူး။ ဘာဖြစ်လို့မခန့်လဲ။ တရုတ်ပြည်တို့၊ ဗိယက်နမ်တို့ ဘာတို့က လက်မခံဘူး။ သူတို့ အထူးကိုယ်စားလှယ်တွေ ခန့်ထားတာ ရှစ်ယောက်လောက်ပဲ ရှိတယ်။ နောက်ပြီး ရှိသေးတယ် ပညာရှင်ဆိုပြီး ခန့်ထားတာ အားလုံးပေါင်းမှ (၁၂) ယောက်။ ဘယ်လိုပဲဖြစ်ဖြစ် လက်တစုပ်စာပဲရှိတယ်။ အဲဒီတော့ ကျမတို့နိုင်ငံအနေနဲ့ ငြင်းရင်ရတယ်။ လားအိုတုန်းက ငြင်းတယ်။ မလာနဲ့ဆိုပြီး ပေးမလာဘူး။ သီရိလင်္ကာလည်း ငြင်းမယ်ထင်တယ်။ လားအိုက ငြင်းတယ်။ ဖိလစ်ပိုင်က (၂၃) ခါ တောင်းဆိုခြင်း ခံရတယ်။ လာပါရစေ ဆိုပြီး၊ အင်ဒိုနီးရှားဆို (၂၁) ခါ တောင်းဆိုတယ်။ နှစ်ခါပဲ သူတို့ကို ပေးဝင်တယ်။ အဲဒီတော့ နောက်ဆုံးတော့ မေးစရာရှိတာက ပေးမဝင်တဲ့ အထူးကိုယ်စားလှယ်တွေကို ဘယ်လိုလုပ်လဲဆိုတော့ မြောက်ကိုရီးယားအတွက် ခန့်ထားတဲ့ ကိုယ်စားလှယ်က မြန်မာနိုင်ငံက ပရိသတ်တွေ သိပါတယ်။ မစ္စတာကန်တားနားပါ။ သူက မြောက်ကိုရီးယာအတွက်။ မြောက်ကိုရီးယားက လက်မခံတဲ့အတွက်ကြောင့် တောင်ကိုရီးယား၊ ဂျပန် နဲ့ တခြားနေရာကနေ သူ အစီရင်ခံစာတွေ တင်ရပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ကမ္ဘာက သတ်မှတ်ထားတာ။ အဲဒီအထဲမှာ မြန်မာနိုင်ငံက ပါနေတယ်။ မြန်မာနိုင်ငံကလည်း တနိုင်ငံအနေနဲ့ ပါနေတယ်။ ပါတယ်ဆိုတော့ ဒီလိုနိုင်ငံမျိုးကို ဒီလိုမျိုး အထူးကိုယ်စားလှယ်တွေ ခန့်ပြီးတော့လာဖို့ မသင့်ဘူးလား။
ဒေါက်တာဒေါ်ရင်ရင်နွယ် ။ ။ အဲဒါဆိုလို့ရှိရင် လူ့အခွင့်အရေး ချိုးဖောက်မှု ရှိတာတော့မှန်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံတခုတည်းလားလို့ မေးစရာ ဖြစ်လာတယ်။ ဘာဖြစ်လို့ မြန်မာနိုင်ငံထက် အခြေအနေ အများကြီး ဆိုးတဲ့ နိုင်ငံတွေကို သမာသမတ် မဆက်ဆံတာလဲ။ သူတို့ဆီကိုလည်း အားလုံးလွှတ်လေ။ နောက်တခု ကလဲ ဒီအထူးကိုယ်စားလှယ်တွေက ဘယ်လို အစီရင်ခံစာတွေ ထွက်လဲဆိုတာ ရှိတယ်။ သူတို့ အစီရင်ခံစာတွေက နိုင်ငံတခုရဲ့  အချုပ်အခြာ အာဏာကို လာထိရင်တော့ ဘယ်နိုင်ငံမှ သည်းညီးခံနိုင်မှာ မဟုတ်ဘူး။ Australia လို နိုင်ငံမျိုးလည်း လူ့အခွင့်အရေးကောင်စီနဲ့ ပြဿနာတတ်တယ်။ သူတို့ ခိုင်းထား တာတွေ Australia က မလုပ်လို့တဲ့။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံသားအဖြစ် ကျွန်းပေါ်မှာ တင်ထားတဲ့ ဒုက္ခသည်တွေကို Australia က လက်မခံလို့ဆိုပြီ။ မြန်မာနိုင်ငံလိုပဲ။ ဒါပေမဲ့ Australia ကိုကြတော့ မဆူမဆဲရဲဘူးလေ။ နိုင်ငံကြီးဆိုတော့။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီအရေး ဒီလိုမျိုး လျှောက်လှမ်းတဲ့အချိန်မှာ ကုလသမဂ္ဂ ကနေ ကုလသမဂ္ဂရဲ့  အခန်းကဏ္ဍ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ အဲဒါလေး အကျဉ်းရုံးပြောပြပေးပါ။

ဒေါက်တာဒေါ်ရင်ရင်နွယ် ။ ။ ကုလသမဂ္ဂက ကောင်းတာတွေ အများကြီးရှိပါတယ်။ ကောင်းတာ မကောင်းတာ ကိုယ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့အလျောက် အဲဒီ တိုင်းပြည်မှာရှိတဲ့ ဌာနေ ကိုယ်စားလှယ်တွေပေါ် မူတည်ပါတယ်။ လူပေါ် အများကြီးမူတည်တယ်။ နောက် ပိုက်ဆံ ဘယ်လောက်ရှိလဲ ဆိုတာလည်း မူတည်တယ်။ သူ့ရဲ့  ရုံးအဖွဲ့အစည်းမှာ ပိုက်ဆံ မရှိရင်၊ ပိုက်ဆံပေးတဲ့ နိုင်ငံတွေအကြိုက် လုပ်လိုက်တဲ့ ကုလသမဂ္ဂအဖွဲ့တွေလည်း ရှိပါတယ်။ တော်တော်များများက အဲဒီလိုပါပဲ။ ဒါပေမဲ့ မကောင်းဘူးလို့ မဆိုလိုဘူး။ ကျန်းမာရေး၊ ပညာရေးတို့ လူမှုရေးတို့ ဒါတွေ အများကြီး လုပ်စရာတွေ ရှိပါတယ်။ နိုင်ငံရေးကို ဝင်မစွက်ဘဲနဲ့။ ဘာဖြစ်လို့လဲဆိုတော့ အခု ပြောတာတွေ တချို့  နိုင်ငံရေးကို ထိတယ်။ နောက်တခုက အချုပ်အခြာအာဏာကို လာထိတယ်။


ဒေါ်ခင်မျိုးသက် ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ အခုလို VOA ကို လာပြီးတော့ ဆွေးနွေးပေးတဲ့အတွက်။

https://burmese.voanews.com/a/burma-democracy-affairs-un-role-in-country/3965684.html

Share:

29 July, 2017

၁၄၀၄ ခုနှစ်လောက်က တည်​​ဆောက်​ခဲ့ေ​​သာ မြောက်​ဦးမြို့ရှိ စန္ဒီခါန်းဗလီ

            အိန္ဒိယဘုရင်​ခန့်​အပ်​​သော ဗိုလ်​ချုပ်ကြီး စန္ဒီခါန်းနဲ့ မွတ်ဆလင်မ်များ က ရခိုင်​ဘုရင်​ မင်း​စောမွန်​ ကို ​မြောက်​ဦးမြို့ရှိ ရခိုင့်​ထီးနန်း အရ တိုက်​ယူ​ပေးခဲ့သည်​။ ထို့​ကြောင်းကျေးဇူးတင်သည့်​ အနေနဲ့ မြောက်ဦး မင်းဆက် တည်ထောင် သူ ရခိုင်ဘုရင်မင်းစောမွန် က သူ့နန်းတော်မဆောက်ခင် နန်း ဆောက် မယ့်အုပ်များဖြင့် စန္ဒီခါန်း ဗလီကြီးကို သက္ကရာဇ် ၁၄၀၄ ခုနှစ်တွင်​​ မြောက်ဦးမြို့ ကာဝါလောင် (ခ) မင်းတရားပြင်မှာ တည် ဆောက်ပေးခဲ့သည်။

               ဒီဗလီကြီး ကို ဗိုလ်ချုပ်​ခင်​ညွှန့် လက်​ထက်​ ဖျက်​ပြီး သမိုင်း​ဖျောက်​ခဲ့ခြင်းဖြစ်​သည်​။

No automatic alt text available.
Image may contain: one or more people, people standing, stripes, tree, outdoor and nature
ဖျက်စီးပြီးနောက် ယခုမြင်တွေ့ရသော  မြောက်​ဦးမြို့ရှိ စန္ဒီခါန်းဗလီ အရာ
Share:

H1N1 တုပ်ကွေး ဘယ်လို ကာကွယ်မလဲ


  






  27 ဇူလိုင် 2017

ရန်ကုန်မြို့ အပါအဝင် နယ်မြို့တချို့မှာ H1N1 ဗိုင်းရပ်စ် တုပ်ကွေးရောဂါကြောင့် ဇူလိုင်လ ၂ရ ရက်နေ့အထိ သေဆုံးသူ (၆)ဦးရှိနေပြီး ကူးစက်ခံရသူ (၃၀)ဦးအထိ ရှိလာနေပြီ ဖြစ်ပါတယ်။
H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရထားရတဲ့ လူနာတွေထဲက အသက်(၅)နှစ်အရွယ် မိန်းကလေး (၂)ဦး (၃၄)နှစ်အရွယ် အမျိုးသား (၁)ဦး စုစုပေါင်း (၃)ဦး ထပ်မံ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
H1N1 ဟာ တုပ်ကွေးဗိုင်းရပ်စ်ပိုးတမျိုးဖြစ်ပြီး ဖြစ်စမှာ ရိုးရိုးတုပ်ကွေးလို အအေးမိ နှာစေး၊ချောင်းဆို ကိုယ်လက်ကိုက်ခဲတာတွေဖြစ်တတ်တယ်လို့ ကလေးအထူးကုဆရာဝန်ကြီး အငြိမ်းစားပါမောက္ခ ဒေါက်တာစောဝင်းက ပြောပါတယ်။
အထူးသဖြင့် ၅ နှစ်အောက်ကလေးတွေ အသက် ၆၅ နှစ်ကျော် လူကြီးတွေ ၊ ဆီးချိုရောဂါဖြစ်နေသူတွေ ၊ ကိုယ်ခံအားချို့တဲ့သူတွေ၊ မွေးရာပါနှလုံးရောဂါရှိသူတွေမှာ ဒီဗိုင်းရပ်စ်ပိုး ကူးစက်ခံရရင် နောက်ဆက်တွဲအနေနဲ့ ဘက်တီရီးယားကြောင့် အဆုပ်အအေးမိရောဂါဖြစ်ပြီး အသက်ဆုံးရှုံးနိုင်တယ်လို့ ပြောပါတယ်။
H1N1 ဟာ မျိုးဗီဇပြောင်းလဲပြီး ကပ်ရောဂါအသွင်နဲ့ ပြင်းထန် အဆုပ်အအေးမိရောဂါ ဖြစ်ပွားကူးစက် လာနိုင်တာကြောင့် ကျန်းမာရေးဝန်ကြီးဌာနက စောင့်ကြည့်လေ့လာမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
ဒီရောဂါပိုးဟာ နှာချေတာ ချောင်းဆိုးတာတွေကြောင့် ပြန့်လာတဲ့ အမှုန်အမွှားကနေ တဆင့် တဦးကနေ တဦးကို ကူးစက်နိုင်သလို အဲဒီအမှုန်အမွှားတွေ ထိကိုင်မိတဲ့ လက်ကတဆင့်လည်း ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကူးစက်မှုက ကာကွယ်ဖို့ဆိုရင် ချောင်းဆိုး နှာချေရင် လက်ကိုင်ပုဝါနဲ့ အုပ်ဆိုးပါ ၊ နှာခေါင်းစည်းတွေ တပ်ပါ၊ လက်ကိုမကြာခဏ ဆေးကြောပါ၊ လူစုလူဝေးများတဲ့ နေရာကို ရှောင်ပါလို့ ပါမောက္ခဦးစောဝင်းက ပြောပါတယ်။
နောက်ပြီး တုပ်ကွေးကာကွယ်ဆေးကို ထိုးပြီးကာကွယ်နိုင်တဲ့အတွက် အထူးသဖြင့် ရောဂါပြင်းပြင်း ထန်ထန်ဖြစ်နိုင်တဲ့ လူတွေမှာ ထိုးထားဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လောလောဆယ် တုပ်ကွေးရောဂါကာကွယ်ဆေးတွေ ပြတ်လပ်နေတယ်လို့ သိရပါတယ်။
ဒီမှာ ဖြစ်နေတဲ့ H1N1ဗိုင်းရပ်စ် ပိုးမျိုးစိတ်ကို ဂျပန်ကို ပို့ထားပြီး ရောဂါကာကွယ်ဆေးရဖို့ ဆောင်ရွက်နေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကူးစက်ရောဂါ ကာကွယ်ရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။
အစိုးရဘက်ကတော့ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ကို ငွေကြေးနဲ့ ဆေးဝါးအကူအညီတွေ တောင်းခံထားတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ရန်ကုန်ထဲက သင်္ကကျွန်း စမ်းချောင်းမြို့နယ်တွေမှာ ကူးစက်ခံရသူတွေ ရှိနေပြီး တခြား ပြည် ပဲခူး ဖျာပုံ ပုသိမ် ညောင်တုန်း စတဲ့ မြို့နယ်တွေမှာလည်း ကူးစက်ခံရသူရှိနေပါတယ်။
Share:

ပါကစ္စတန် ဝန်ကြီးချုပ် Nowaz Shorif နုတ်ထွက်

ပါကစ္စတန်

ပါကစ္စတန်ဝန်ကြီးချုပ် နာဝါ့ဇ် ရှရစ်ဖ်ဟာ ရာထူးနေရာနဲ့ မအပ်စပ်တော့ကြောင်း တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ချက် ချအပြီးမှာ ဝန်ကြီးချုပ်သက်တမ်း ၅နှစ် ပြည့်ဖို့ တစ်နှစ်ကျော်လိုသေးတဲ့ မစ္စတာ ရှရစ်ဖ်လည်း ရာထူးက နုတ်ထွက်သွားပါတယ်။
တရားသူကြီး ၅ပါးထိုင်တဲ့ အစ္စလာမ်မါဘတ် တရားရုံးက ပနားမား စာတမ်းတွေမှာ ဖော်ပြထားသလို မစ္စတာ နာဝါ့ဇ် ရှရစ် မိသားစု ရဲ့ပိုင်ဆိုင်မှုတွေထဲမှာ ကမ်းလွန်ရေနံကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လည်းပါဝင်နေတာ ကို စုံစမ်းတွေ့ရှိရတဲ့အတွက် ဝန်ကြီးချုပ်တာဝန် ဆက်လက်ယူဖို့ မသင့်တော်ဘူးလို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
နာဝါ့ဇ် ရှရစ် ဟာ ရိုးသားဖြောင့်မတ်တဲ့ လွှတ်တော်အမတ် တစ်ဉီး မဟုတ်ဘူးလို့ လည်းတရားသူကြီး တစ်ဉီးက ဆိုပါတယ်။
မစ္စတာ ရှရစ်ကတော့ သူ့ဘက်က အဂတိလိုက်စားမှုမရှိဘူးလို့ တစိုက်မတ်မတ်ငြင်းခဲ့ပါတယ်။
မစ္စတာ ရှရစ် သမီးဖြစ်သူ Maryam နဲ့ သားမက် Safdar အပြင် ဘဏ္ဏာရေးဝန်ကြီး Ishaq Darနဲ့ တခြားသူတွေပါ ဒီအဂတိလိုက်စားမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ တရားရုံးက ဆိုပါတယ်။
တရားလွှတ်တော်ချုပ်က စီရင်ချက် ချလိုက်ပြီးတဲ့ အခါမှာ မြို့လုံခြုံရေးကို အကြီးအကျယ် တိုးချလိုက်ပါတယ်။ လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင် ၃၀၀၀ နီးပါး နဲ့ အထူးတပ်ဖွဲ့ဝင်တွေက တရားလွှတ်တော်ချုပ်တဝိုက်မှာ လုံခြုံရေး ချထားခဲ့ပါတယ်။
Image caption အထူးတပ်ဖွဲ့ဝင်တွေက တရားလွှတ်တော်ချုပ်တဝိုက်မှာ လုံခြုံရေး ချထား
ဒီအမှုကိုတရားလွှတ်တော်ချုပ်မှာ အယူခံခွင့်ရှိပေမယ့် စောစောပိုင်းမှာ တရားရုံးချုပ်ကကြားနာဖို့ ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ ကြားနာပေးဖို့ အသနားခံလွှာတင်ရတဲ့ အပြင် အစဉ်အလာမဟုတ်ပဲ တရားလွှတ်တော်ချုပ်က စစ်ထောက်လှမ်းရေးတွေ လွှမ်းမိုးတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့နဲ့ စုံစမ်းစစ်ဆေးခဲ့ပါတယ်။
တရားလွှတ်တော်ချုပ်ရဲ့ စီရင်ချက်က အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ဖို့ ကနဉီး ခြေလှမ်းလို့ ယူဆနိုင်ပေမယ့် တချို့ကတော့ ပါကစ္စတန်နိုင်ငံမှာ အလွန် သြဇာအာဏာရှိတဲ့ စစ်တပ်က အရပ်ဘက်ရဲ့ စီရင်ဆုံးဖြတ်ခွင့် အာဏာကို ထိန်းချုပ်တဲ့ ခြေလှမ်းတရပ်လို့ မြင်ပါတယ်။
ပါကစ္စတန် ပြန်ကြားရေးဝန်ကြီးကလည်း တရားရုံးရဲ့ စီရင်ချက်ကို စိတ်ပျက်မီကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။
PMLN ပါတီရဲ့ ပြောခွင့်ရသူတစ်ဉီးအနေနဲ့ လူထုကိုပြောချင်တာကတော့ ဒီစီရင်ချက်ထဲမှာ အဂတိလိုက်စား တယ်တယ်ဆိုတဲ့ အမှု တစ်မှုမှ မပြနိုင်တာပါပဲလို့ သူက ပြောပါတယ်။
တကယ်တော့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဆိုတာ အိပ်မက်သာဖြစ်ပြီး ဒီကနေ့ ချမှတ်လိုက်တဲ့ စီရင်ချက်က နောက်တက်လာမယ့် နိုင်ငံရေးသမား အုပ်စုအတွက် အာဏာတံခါးပေါက်ကြီး ဖွင့်ပေးလိုက်တာသာဖြစ်ပါတယ် လို့ ဘီဘီစီ သတင်းထောက် Ilyas Khan သုံးသပ်ပါထားပါတယ်။
နာဝါစ်ရှရစ် ဟာ ပါကစ္စတန်နိုင်ငံရဲ့ ၁၈ aယာက်မြောက် ဝန်ကြီးချုပ် ဖြစ်ပါတယ်။
သူ့မတိုင်မီ ဝန်ကြီးချုပ် ၁၇ဉီးစလုံးကလည်း သူလိုပဲ ဝန်ကြီးချုပ် ရာထူးသက်တန်း ၅နှစ်မပြည့်မီနှုတ်ထွက် aပးခဲ့ကြရပါတယ်။
နာဝါစ်ရှရစ်ဟာ ၁၉၉၀မှ ၁၉၉၃ မှာ တကြီမ်၊ ၁၉၉၇ မှ ၁၉၉၉ ခုအထိတကြိမ်၊ အခုတကြီမ် နဲ့ ဆိုရင် ဝန်ကြီးချုပ် ၃ကြီမ် အရွေးခံခဲ့ရသူ ဖြစ်ပါတယ်။
Share:

“ဘာသာကို အကြောင်းပြု၍ လူမျိုးရေး ခွဲခြားတဲ့ မူဝါဒ စနစ်တွေ ဖျက်သိမ်းဖို့အချိန်တန်ပြီ”

မြန်မာနိုင်ငံမှာ တိုင်းရင်းသား နိုင်ငံသား၊ ပြု နိုင်ငံသား ၊ဧည့်နိုင်ငံသား စသည်ဖြင့် ခွဲ့ခြားခဲ့တဲ့ပုဂ္ဂိုလ်ကြီးမှာ မဆလ တစ်ပါတီအာဏာရှင် တရုတ်မျိုးနွယ်ဝင်ဗိုလ်ရှု့မောင် ခေါ် ဦးနေဝင်း ဖြစ်ပါတယ်။ဥပဒေပညာရှင်ကြီး ဒေါက်တာမောင်မောင် ကို မိမိအလိုကျ ဥဒေတွေကို ရေးဆွဲပြဌာန်းစေခဲ့ပါတယ်။၁၉၈၈ ခုနှစ် စစ်တပ်မှ အာဏာ မသိမ်းခင် သမ္မတ အဖြစ်တောင် မြှောက်စားခဲ့ပါတယ်။
တိုင်းရင်းသားဆိုတဲ့အဓိပ္ပါယ်ဟာ “၁၈၂၃ ခု အင်္ဂလိပ်- မြန်မာ ပထမစစ်ပွဲ မတိုင်ခင် မြန်မာနိုင်ငံအတွင်းမှာ နေရင်းဒေသအဖြစ် အတည်တကျနေထိုင်ခဲ့သူတွေပါ”လို့ အဓိပ္ပါယ် ဖွင့်ဆိုစေခဲ့တယ်။အဲဒိတိုင်းရင်းသားတွေ ထဲမှာ ပုဂံခတ်၊ အလောင်းမင်းတရား တို့ ခေတ် ကတည်းက ရှိခဲ့တဲ့ အစ္စလာမ် ဘာသာဝင်တွေ ပါနေတော့ တိုင်းရင်းသားဆိုတာ လူမျိုး ၁၃၅ မျိုးထဲ ပါဆိုပြီးတော့ အာဏာရှင်ပီပီ လုပ်ချပစ်လိုက်ပြန် တယ်။ ကံကောင်း ချင်တော့ ကမန် တိုင်းရင်းသား အစ္စလမ်ဘာသာဝင်တွေက သူဖယ်ရှားတဲ့ အထဲမှာ ပါမသွားခဲ့ဖူး။ လူမျိုးရေး မုန်းတီးမှု့ အာဃာတရားတွေများနေလွန်းတာကြောင့် ကိုယ်လုပ်ချင်တာတွေပဲသိပြီး သမိုင်းကို မကျေတာကြောင့် ဗိုလ်မှူးကြီးဘရှင်တို့လို ဒေါက်တာသန်းထွန်းတို့လိုဂုဏ်သရေရှိသမိုင်းပညာရှင်တွေ ရေးခဲ့တဲ့ နှစ်ပေါင်း ထောင် ချီက ရှိခဲ့တဲ့ မြန်မာမွတ်စလင် (ပသီ)တိုင်းရင်းသားတွေကိုလည်း တိုင်းရင်းသားစာရင်းကနေ ဖယ်ထုတ် ခဲ့ တယ်။ယခုလို နိုင်ငံရေးပွင့်လင်း ရာသီအချိန်မျိုးမှာတော့ ခေတ်ပညာတတ် တိုင်းရင်းသားခေါင်းဆောင်တွေ လူမျိုးစုခေါင်းတွေက အာဏာရှင်ကြီးနှင့်အပေါင်းပါတွေ သတ်မှတ်ခဲ့တဲ့ လူမျိုး ၁၃၅ မျိုးကို ဝေဖန်ထောက်ပြ ကန့်ကွက် ပြောဆိုနေကြပြီဖြစ်သည်။သူတို့ရဲ့ထောက်ပြချက်အရ
(၁)လူမျိုး ၁၃၅ မျိုးစာရင်းထဲမှာ တကယ် မရှိတော့တဲ့ လူမျိုးစာရင်းတွေပါနေတယ်။
(၂)နာမယ်တူတာတွေပါနေတယ်။နာမယ်ထပ်တာတွေပါနေတယ်။
(၃)လူမျိုးစုအမည်စာရင်းတွေထဲမှာ မဆီမဆိုင်တဲ့ လူမျိုးစုစာရင်းတွေကို ထည့်ထားတယ်။
(၄) သမိုင်းကြောင်းအရ နှစ်တစ်ထောင်ကျော်ကတည်းက တကယ်ရှိနေကြတဲ့ တိုင်းရင်းသားစာရင်းဝင်နေကြတဲ့ လူမျိုးစုစာရင်းတွေကိုလည်း ကိုးကွယ်တဲ့ဘာသာတရားကို အကြောင်းပြု၍အတ္တစိတ် လွှမ်းမိုးကာ ရည်ရွယ်ချက် ရှိရှိ ဖျောက်ဖျက်ပစ်ခဲ့တာတွေရှိခဲ့ကြောင်း ၂၀၁၄ မတ်လ ၃၁ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းကြီး ရဲ့လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNFPA ရဲ့ အကူအညီနဲ့လုပ်ခဲ့တဲ့တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ကောက်ယူခဲ့တဲ့ သန်းခေါင်းစာရင်းကောက်ယူရေးစီမံချက်မှာ တိုင်းရင်းသားခေါင်းဆောင်တွေက သမိုင်းအကိုး အကား အထောက်အထားအပြည့်အစုံဖြင့် လူဝင်မှု့ကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးဌာန တာဝန်ရှိ ပုဂ္ဂိုလ်တွေ ကို ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်။
မြန်မာ့ဆိုရှယ်လမ်းစဉ်ပါတီခေတ်(မဆလ တစ်ပါတီခေတ်)မှာတော့ ဦးနေဝင်း ကို မလွန်ဆန်နိုင်သော ဥပဒေ ပညာရှင်ပေါင်း ၄၀ ကျော်ရဲ့အကူအညီနှင့် ရေးဆွဲခဲ့တဲ့ ၁၉၈၂ ခု မြန်မာ နိုင်ငံသားဥပဒေကို မဆလ လွှတ်တော် က အတည်ပြုပြဌာန်းခဲ့ပါတယ်။ အဲဒီ မြန်မာနိုင်ငံသားဥပဒေ အသက်မဝင်ခင် မှာပဲ ရှစ်လေးလုံး ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကြောင့် တစ်ပါတီအာဏာရှစ်စနစ် ပျက်ခဲ့ရပါတယ်။ ၁၉၈၈ ခု စက်တင်ဘာလ ၁၈ ရက်နေ့မှာ မဆလ သမ္မတဟောင်း ဒေါက်တာမောင်မောင် ထံမှ ဗိုလ်ချုပ်မှူးကြီးစောမောင် ဦးဆောင်သော အဖွဲ့ဝင် ၁၉ ဦးပါ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု့တည်ဆောက်ရေးအဖွဲ့-နဝတ စစ်အစိုးရအဖွဲ့)က နိုင်ငံတော် အာဏာ ကို လွှဲပြောင်း ရယူခဲ့ပါတယ်။ စစ်အာဏာရှင်ဟောင်းကြီးလည်းဖြစ် တစ်ပါတီ အာဏာရှင်ကြီး လည့်းဖြစ် ခဲ့တဲ့ ဦးနေဝင်းရဲ့ မဆလတစ် ပါတီခေတ်က မပြီးပြတ်သေးတဲ့ကိစ္စမှန်သမျှကို နဝတ စစ်အစိုးရ လက်ထက် မှာ အကောင် အထည်ဖော်ခဲ့ပါတယ်။
အထူးသဖြင့် ၁၉၈၂ခု မြန်မာနိုင်ငံသားဥပဒေကို အသက်သွင်းခဲ့ပါတယ်။ ဥပဒေအရနိုင်ငံသားဖြစ် ထိုက်သူတွေ ကို လဝက ဝန်ကြီးဌာနဟာ ၁၉၈၉ ခုနှစ်တွင် ၁၉၅၈ နှစ်ခုက ထုတ်ပေးခဲ့သော ၃ ခေါက်ချိုးကတ်တွေကို ပြန်အပ်စေပြီး နိုင်ငံသားစိစစ်ရေး ကတ်ပန်းရောင်တွေကို လဲလှယ်ပေးခဲ့ပါတယ်။ လဝက ဝန်ကြီးဌာနဟာ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ကို ရောက်နေတဲ့အတွက် လဝက ဝန်ကြီးနှင့် ထိပ်တန်း လဝက တာဝန် ရှိသူတွေဟာလည်း စစ်အရာရှိကြီးတွေ ဖြစ်နေကြပါတယ်။
မှတ်ပုံတင်ကိစ္စများနှင့်ပတ်သက်၍အထက်က စစ်အရာရှိကြီးတွေရဲ့အစည်းအဝေးညွှန်ကြားချက် အမိန့်ညွှန်ကြား ချက် များအတိုင်း တိတိကျကျ အကောင်အထည်ဖော် ဆောက်ရွက်ခဲ့ရပါတယ်။ စစ်တပ်မှာ ယနေ့တိုင် ကျင့်သုံးနေတဲ့ မူဝါဒ တစ်ရပ်ရှိပါတယ်။ အဲဒါကတော့ ဗုဒ္ဓဘာသာဝင်မှလွဲ၍ အစ္စလာမ်ဘာသာ ခရစ်ယာန် ဘာသာ နှင့်ဟိန္ဒူဘာသာ ကိုးကွယ်သူတွေဟာ တိုင်းရင်းသားဖြစ်ဖြစ် မဖြစ်ဖြစ် သူတို့ကို “ဘာသာခြား လူမျိုးခြား”လို့ ခေါ်ဝေါသတ်မှတ်ပြီး ထိုက်တန်တဲ့ ရာထူးနေရာမပေးခဲ့ပါဖူး။
ဥပမာတစ်ရပ်ကို တင်ပြရလျှင် ပါလီမန်ဒီမိုကရေစီအစိုးရ ဖဆပလခေတ်နှင့် မဆလ တစ်ပါတီခေတ်က စစ်တပ်မှာ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ တ်ုင်းရင်းသားတွေ နိုင်ငံသားတွေကို ဗိုလ်ချုပ်တွေ ဗိုလ်မှူးချုပ်တွေ ဗိုလ်မှူးကြီး ရာထူးတွေပေးပြီး နိုင်ငံ့တာဝန်တွေကို ခန့်အပ်တာဝန်ပေးအပ်ခဲ့တာတွေရှိခဲ့ပါတယ်။ နဝတ စစ်အစိုးရ နှင့် နအဖ စစ်အစိုးရ လက်ထက်တွေမှာတော့ ယခင်အစိုးရများ လက်ထက်က ခန့်အပ်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေမဟုတ်တဲ့ စစ်တပ်ကအရာရှိကြီးတွေကိုအဓိကရည်ရွယ်ပြီး အချို့ကို အရပ်သားဖက်တွေ ပို့ခဲ့သည်။အချို့ကို ပင်စင်ပေးပြီး အနားယူစေခဲ့ပါတယ်။ဥပမာ စာရေးသူရဲ့တပည့်တွေ ဗိုလ် သင်တန်း လျောက်လွှာ တင်ပြီး စာမေးပွဲဖြေတဲ့အခါ အချို့က ရေးဖြေစာမေးပွဲအောင်ခဲ့တယ်။လူတွေ့စာမေးပွဲမှာ ဗုဒ္ဓဘာသာဝင်မဟုတ်လို့ အပယ်ခံခဲ့ရတာတွေ ရှိတယ်။ အချို့ကို ဗုဒ္ဓဘာသာ ပြောင်းရင် လက်ခံပေး မယ်လို့ပြောတယ်။အချို့က ဗုဒ္ဓဘာသာ ပြောင်းခဲ့လို့ အရွေးခံခဲ့ရသော်လည်း နောက်ပိုင်းမှာ ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓဘာသာမဟုတ်မှန်း သိရှိသွားပြီ့း  ပင်စင်ပေးလိုက်တာတွေတောင် ရှိခဲ့ပါတယ်။ အခုဆိုရင် မြန်မာ့တပ်မတော်ထဲမှာ လုံခြုံရေး အကြောင်းပြချက်ဖြင့် ဗုဒ္ဓဘာသာမှလွဲ၍ မည့်သည့်ဘာသာဝင်ကိုမျှ အရာရှိတွေအဖြစ် ခန့်အပ်တာဝန်ပေးတာတွေမရှိတော့သည်မှာ ယခုအစိုးရ လက်ထက်တိုင် ဖြစ်သည်ဟု အမည်မဖော်လိုသော အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦးက စာရေးသူအား ပြောပြခဲ့ဖူးပါသည်။ထိုအချက်သည် တိုင်းရင်းသားခေါင်းဆောင်များထောက်ပြနေသော အချက်တစ်ချက်လည်းဖြစ်ပါသည်။
၁၉၈၂ခု မြန်မာနိုင်ငံသားဥပဒေတွင် ပုဒ်မပေါင်း ၇၆ ခု ပါရှိပါသည်။၁၉၈၂ ခု မြန်မာနိုင်ငံသားဥပဒေတွင် နည်း ဥပဒေအချို့သည် အားနည်းချက်များ ပျော့ကွက်ဟာကွက် များရှိနေကြောင်း သက်သေပြရလျှင် ၁၉၈၂ ခုနှစ်က ပြဌာန်းခဲ့သော နိုင်ငံသားဥပဒေကို ၁၉၈၃ ခုနှစ်တွင်ပင် နည်းဥပဒေအချို့ကို ပြင်ဆင် ဖြည့်စွက်ရေးဆွဲ ခဲ့ရသည် များ ရှိခဲ့ဖူးသည်။ယခုအခါတွင် ကမ္ဘာ့ဥပဒေပညာရှင်များရော မြန်မာ့ဥပဒေပညာရှင်များကပါ ထို ၁၉၈၂ ခု မြန်မာနိုင်ငံသားဥပဒေသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု့မရှိကြောင်း ထောက်ပြနေကြသည်ကို ကမ္ဘာ့မီဒီယာများတွင် တွေ့မြင်နိုင်ပေသည်။လက်တွေ့နယ်ပယ်တွင် ဗုဒ္ဓဘာသာဝင်မဟုတ်သူများနှင့် လူမျိုး ၁၃၅ မျိုးတွင် မပါဝင်သူများကို “သွေးနှော” ဟု တံဆိပ်မဲခတ်ကာ ဥပဒေ နည်းဥအဒေ အရမဟုတ်သော အမိန့် ညွှန်ကြား လွှာများ နှုတ်မိန့်များသုံးကာ မွေးစာရင်း သန်းခေါင်စာရင်း မှတ်ပုံတင် လာလျှောက်တိုင်း “အထက် အမိန့် အထက်အမိန့်”ဆိုသော စကားများကို အပ်ကြောင်းထပ်အောင် “သုံး၍ လည်းကောင်း လျောက်ထားသော အမှု့တွဲဖိုင်များနှင့်ပတ်သက်၍ မြို့နယ် လဝက ရုံးတွင် သွားစုံစမ်းတိုင်း “အထက်ကို တင်ထားတယ် ပြန်မကျသေးဖူး နောက်တစ်ပါတ်လာစုံစမ်းကြည့်ပါ ” ဟူသော တာဝန်ယူမှု့ တာဝန်ခံမှု့ ကင်းမဲ့သော အကြောင်းပြချက်များဖြင့်ပြည့်နှက်နေသည့် တုန့်ပြန်သံများကိုသာ ကြားနေရပါသည်။ မြို့နယ် လဝက ရုံးများသို့ စာရေးသူ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့်စုံစမ်းကြည့်သောအခါ ရုံးတိုင်း ရုံးတိုင်းတွင် အမှု့တွဲဖိုင်ပေါင်း ၅၀၀ ကျော်ရှိနေသည်ကို သိရှိခဲ့ရပါသည်။
ထို့ကြောင့်လည်း ရန်ကုန်တိုင်း ၄၅ မြို့နယ်အသီးသီးမှ တက်လာသော အမှု့တွဲဖိုင်ပေါင်းသည် ၃၀၀၀၀ ကျော်လောက် ရန်ကုန်တိုင်းလဝက ရုံးထဲတွင် မျှော်လေတိုင်းမှိုင်းရီ ဖြစ်နေပါသည်။ ဥပဒေအတိုင်း မှတ်ပုံတင် ပေးသင့်ပေးထိုက်သူတွေကို မပေးဘဲ ကျစ်လုံးများညစ်လုံးများ နောက်ကြောင်းပြန် ကောက်ကြောင်း များလိုက် ကာ မရောင်ရာ ဆီလူးခဲ့သောကြောင့် မှတ်ပုံတင် ရသင့်သူတွေတောင် သုံး၊လေး၊ ငါးနှစ် ကြာသွားခဲ့သည်။ လာဘ်ပေးလာဘ်ယူပြုနိုင်သူတွေ ကတော့ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ အဆင်ပြေ သွားခဲ့ကြပါ သည်။ ရေမလောင်းနိုင်သူတွေ(လ်ာငွေ)မပေးနိုင်သူတွေ နှစ်ချီ ကြာသွားခဲ့ပါသည်။ အချို့စိတ် မရှည်ကြတော့ပဲ ရုံးသွားရမှာကို စိတ်ပျက်ညည်းငွေ့ကာ လက်လျော့လိုက်ကြတော့သည်။ ဒါကြောင့်လည်း နောက်ရေးအတွက် သိပ်မတွေးကြတော့ဘဲ သားတွေ သမီးတွေရဲ့ ပညာရေးကိစ္စများဖြစ်တဲ့ ဘွဲ့လက်မှတ် မူယင်းရဖို့အတွက် အလုပ်အကိုင်အတွက် လက်တွေ့ နယ်ပယ်မှာ ဒုက္ခပင်လယ်ဝေ ခဲ့ကြတော့သည်။ ထိုသူများထဲတွင် လဝက မှ မှတ်ပုံတင်လျောက်ထား ရာတွင် တောင်းဆိုသော လိုအပ်ချက် ပုံစံများ အထောက် အထားများကို ပြည့်ပြည့်စုံစုံ တင်ခဲ့သူများလည်း ပါဝင်ကြပါသည်။
ဘိုးဘွားစဉ်ဆက် ဒီနိုင်ငံမှာမွေး ဒီနိုင်ငံမှာကြီးပြင်းခဲ့ကြသည့် နိုင်ငံသားများသည် သွေးကွဲစေသည့်ဥပဒေ များ ခွဲ့ခြားဆက်ဆံခံရသည့် ဥပဒေများကို လက်တွေ့ ခံစားရသောအခါ အရည်အချင်းရှိသည့် အသိ ပညာရှင် အတတ် ပညာရှင် အဖိနှိပ်ခံနိုင်ငံသားများ နိုင်ငံ့တာဝန်ကို ထမ်းရွက်ချင်စိတ် ကုန်ခန်းသွားပါတော့သည်။ နိုင်ငံချစ်စိတ် လည်း တဖြေးဖြေး ပျောက်ပျက်သွားပါတော့သည်။နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ပြည်ပ နိုင်ငံများသို့ ထွက်ခွါ ကာ မိမိကျွမ်းကျင်ရာ လုပ်ငန်းခွင်များထဲသို့ ဝင်ရောက်သွားကြပါတော့တယ်။ အဓိကအကြောင်းရင်းမှာ နိုင်ငံသား အချင်းချင်း ခွဲခြားဆက်ဆံသည့်မူကို ကျင့်သုံးခဲ့သောကြောင့်ဖြစ်ပါသည်။
၁၉၈၂ခု မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားအမျိုးအစားကို ၃ မျိုး ခွဲခြားလိုက်ပါသည်။
(၁)နိုင်ငံသားစိစစ်ရေးကတ် ပန်းရောင်နှင့်ပန်းရောင်နိုင်ငံသားစာအုပ်ရ နိုင်ငံသား
(၂)ပြုနိုင်ငံသားအစိမ်းရောက် ကတ်နှင့်အစိမ်းရောင်နိုင်ငံသားစာအုပ်ရ နိုင်ငံသား
(၃)ဧည့်နိုင်ငံသားအပြာရောင်ကတ်နှင့်အပြာရောင်စာအုပ်ရနိုင်ငံသားဟူ၍ ခွဲ့ခြားလိုက်ပါတယ်။
ပန်းရောင်နိုင်ကတ်ကိုင်ဆောင်သူ ၁၃၅ မျိုးနွယ်ဝင် နိုင်ငံသားများကို မွေးရာပါနိုင်ငံသားများဟု သတ်မှတ်ပြီး ၁၃၅ မျိုးနွယ်ထဲမပါသော ပန်းရောင်ကတ်ရ နိုင်ငံသားများကို ဥပဒေအရ နိုင်ငံသားများဟု ထပ်ဆင့်ခွဲခြား သတ်မှတ်လိုက် ပါသည်။
၁၉၅၈-၅၉ ခုနှစ်လောက်က ၃ ခေါက်ချိုးကတ်ဟု လူသိများသော အမတ(အမျိုးသားမှတ်ပုံတင်)ကတ်ပြားများကို မြန်မာနိုင်ငံသား အသိအမှတ်ပြု ကတ်ပြားများအနေဖြင့် တရားဝင် ထုတ်ပေးခဲ့ပါသည်။ ပါလီမန်ဒီမိုကရေစီခေတ် ဝန်ကြီးချုပ် ဦးနု၏ ဗဟန်းမြို့နယ်မှ ကိုင်ဆောင်ခဲ့သော အမတ ၃ ခေါက်ချိုးမှတ်ပုံတင်ကတ် အမှတ်စဉ်သည် တစ် (ဗဟန်းလဝက ကုပ်ပါ ၀၀၀၀၀၁)ဖြစ်သည်။ )ထိုအချိန်ကအမျိုးသားများအား ၃ ခေါက်ချိုး အစိမ်းရောင် ကတ်ပြာများထုတ်ပေးခဲ့ပြီး အမျိုးသမီးများအား ၃ ခေါက်ချိုး ပန်းနုရောင်ကတ်ပြားများထုတ်ပေးခဲ့ပါသည်။
ထို ၃ ခေါက်ချိုးမှတ်ပုံတင်ကတ်ပြားများကို သမ္မတဟောင်း ဦးသိန်းစိန်အစိုးရနှင့်လက်ရှိ အစိုးရ လက်ထက်ထိ လဝက မှ အသိအမှတ်မပြုကြောင်း ကို လက်တွေ့နယ်ပယ်ဖြစ်ရပ်အချို့ကို စာရေးသူ သတိပြုမိ ပါသည်။ လက်တွှေ့အတွေ့အကြုံတစိခုကို တင်ပြရလျှင် မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ပြီး သူတိုင်းကို တက္ကသိုလ်ဝင်ခွင့်စာအုပ် ထုတ်ပေးလေ့ရှိပါသည်။
၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်အရ ဆေးတက္ကသိုလ်ဝင်ခွင့် သို့မဟုတ် အသက်မွေးဝမ်း ကြောင်းတစ်က္ကသိုလ်ဝင်ခွင့်တစ်ခုခုဝင်ခွင့်ဖောင် လျောက်ထားသောအခါ လျောက်လွှာရှင်ကာယကံရှင် ကျောင်းသားကျောင်းသူနှင့်မိဘ နှစ်ဦးစလုံးသည် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ(Myanmar Citizenship Law) အရ ထုတ်ပေးထားသော နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် နိုင်ငံသားပြုကတ်ပြား သို့မဟုတ် ဧည့်နိုင်ငံသားကတ်ပြား ၃ခုထဲက တစ်ခုခုကို လက်ဝယ်ရှိထားရပါမည်။အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားကတ်ပြားတစ်ခုမျှ လက်ဝယ်မရရှိသူများအနေဖြင့် မိမိတို့သက်ဆိုင်ရာ မြို့နယ်ရှိ လူဝင်မှု့ ကြီးကြပ်ရေးနှင့် အလုပ်သမားဝန်ကြီးဌာန ဦးစီးအရာရှိ၏ နိုင်ငံသားကတ်လျောက်ထားကြောင်း အသိအမှတ်ပြု အထောက် အထားစာရွက်စာတမ်းတစ်ခုကို တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွင် ပူးတွဲ တင်ပြရမည် ဖြစ်ပါသည်။ မတင်ပြနိုင်ပါက မိမိလျှောက်ထားသော အသက်မွေးဝမ်းကြောင်း တက္ကသိုလ်ကို လက်ပြနှုတ်ဆက်ရပေ လိမ့်မည်။တားဆီးပိတ်ပင်ခြင်း ခံရပေလိမ့်မည်။
ဤအချက်သည် သွေးနှောသတ်မှတ်ခံသူ နိုင်ငံသားအားလုံးအပေါ် ပညာရေးဝန်ကြီးဌာန နှင့် လဝက ဌာနတို့ သဘောတူကျင့်သုံးနေသော လက်ရှိ မူဝါဒ တစ်ရပ်ဖြစ်ပါသည်။ ထိုမူဝါဒကြောင့် အဆင့်မြင့် အသက်မွေး ဝမ်းကြောင်း တက္ကသိုလ်တက်ခွင့်ဆုံးရှုံးခဲ့ရသူတွေ ဘွဲ့လက်မှတ်မရသူတွေ ပြည်နယ်တိုင်းအနှံ ရှိနေပါ သည်။ထို့အပြင် မြန်မာနိုင်ငံတွင် လဝက ၏ သွေးနှော သတ်မှတ်ခံရသူ နိုင်ငံသားများ လက်ရှိ ကိုင်ဆောင် ထားသော ၃ ခေါက်ချိုးမှတ်ပုံတင်ကတ်အကြောင်းကို အလျဉ်းသင့်သလို တင်ပြချင်ပါသည်။ ထိုအကြောင်းကို မသိလျှင် မိမိရင်သွေး၏ပညာရေးအနာဂတ်ကို များစွာ ထိခိုက်နစ်နာစေမည် ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်က စာရေးသူသည် မြို့နယ် လဝက ဦးစီးတစ်ဦးနှင့် ၃ ခေါက်ချိုး မှတ်ပုံတင်ကတ် အကြောင်း စကားစမြည် ပြောဆိုဖြစ်ခဲ့ပါသည်။
မိတ်ဆွေ”လဝက “ဦးစီးက “၁၉၅၈-၈၉ လောက်က ထုတ်ပေးခဲ့သော သုံးခေါင်ချိုး မှတ်ပုံတင်များကို ထိုအချိန်က လူတိုင်းလိုလိုအား သေသေချာချာ မစစ်ဆေးပဲ အခြေအနေအရ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ယခုအချိန်တွင် တည်ဆဲဥပဒေ ၁၉၈၂ ခု မြန်မာနိုင်ငံသားဥပဒေဖြင့် စစ်ဆေးပြီး လျောက်ထားသည့် ကာယကံရှင်၏ မိဘ ဘိုးဘွားအထောက်အထားများကို စိစစ်ပြီး နိုင်ငံသားကတ်များ(နိုင်-ပြု-ဧည့် သုံးမျိုး) ထုတ်ပေးနေ ရခြင်းဖြစ် ပါတယ်လို့ “စာရေးသူအား ပြောဆိုခဲ့ဖူးသည်ကို အမှတ်ရနေမိပါသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသား ၁၃၅ မျိုးသာရှိသည် သို့မဟုတ် ၁၄၃ မျိုးသာရှိသည် ဟူ၍ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေတွင် တိတိကျကျ ဖော်ပြထားခြင်းမရှိပေ။တိုင်းရင်းသား ၁၃၅ မျိုးဟူသည် နဝတ စစ်အစိုးရလက်ထက်က နိုင်ငံပိုင်သတင်းစာ ဗိုလ်တစ်ထောင်တွင် ဆောင်းပါးရှင် မြန်ပြည်သား ဆိုသူက “တို့ပြည်ထောင်စု တိုင်းရင်းသား ၁၃၅ မျိုးဟူ၍”ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ဖူးပါသည်” ထိုဆောင်းပါးရှင်၏ အာဘော် ၁၃၅ လူမျိုးကို ” အစွဲပြု၍ မှီငြမ်း၍ လဝက မှ အသေဆုပ်ကိုင်က အသုံးပြုနေဟန်ရှိကြောင်း သုံးသပ် မိပါသည်။
မဆလ တစ်ပါတီအာဏာရှင်ခေတ် နဝတ နအဖ စစ်အစိုးခေတ်နှင့်ဦးသိန်းစိန် အစိုးရခေတ်တွေမှာ ဗုဒ္ဓ ဘာသာ ဝင် လူဦးရေ ပိုများအောင်ဆိုပြီး စစ်အရာရှိတွေကို ပြည်နယ်နှင့်တိုင်းဒေသကြီးရှိတိုင်းရင်းသူတွေနှင့် လက်ထပ်ခိုင်းပြီး သွေးနှောစေခဲ့ပါတယ်။လဝက ထိပ်တန်း ဝန်ကြီးနှင့်ညွှန်ကြားရေးမှူးချုပ်ဆိုသူများကလည်း စစ်တပ်မှာ တာဝန်ယူခဲ့သော ပုဂ္ဂိုလ်များဖြစ်နေ၍ တစ်သွေးတစ်သံ တစ်မိန့်ဖြင့် ယဉ်ပါးနေသူများဖြစ်ကြသည်ကို သတိပြုမိသည်။လဝက တာဝန်ရှိတွေကို အထက်စစ်အရာရှိများက အစည်းအဝေးတွေမှာ နှုတ်မိန့် အထွေထွေ နဲ့ညွှန်ကြားခဲ့တာတွေကြောင့် သန်းခေါင်စာရင်းလုပ်တဲ့အခါမှာ မှတ်ပုံတင်လျောက်တဲ့အခါမှာ လူမျိုးအမည်တွေနေရာမှာ ကာယကံရှင် လာလျှောက်သူတွေ ပိုင်ပိုင်နိုင်နိုင် မပြောနိုင်ရင် မပြောသလို “ဗမာ လူမျိုး”ဟူ၍ဖြည့်စွက်ပါတယ်။နတ်ကိုးကွယ်တဲ့တိုင်းရင်းသားတွေကိုလည်း ဗုဒ္ဓဘာသာ လို့ ဖြည့်လိုက်ပါတယ်။
စာရေးသူ၏ မိတ်ဆွေ ချင်းစစ်စစ် တိုင်းရင်းသားအား ချင်းလဝက မှ နိုင်ကတ်ထုတ်ပေးရာတွက် လူမျိုး အမည်နေရာတွင် ချင်း– ဗမာဟူ၍ ထုတ်ပေးခဲ့ပါသည်။ ဗုဒ္ဓဘာသာမဟုတ်သူတွေကိုလည်း ဗုဒ္ဓဘာသာ လို့ဖြည့်ပေးခဲ့ တာတွေ စာရေးသူရှမ်းပြည်နယ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့ကို ရောက်ခဲ့စဉ် တွေ့ရှိခဲ့ရ ပါသည်။ကိုးကွယ်သည့်ဘာသာကို အကြောင်းပြု၍ ဗမာလူမျိုး တိုင်းရင်းသားများပြားရေးမူကို ပြုလုပ်ဖန်တီးခဲ့သည့် ဖြစ်စဉ်များသည် မြန်မာပြည်တွင် ဧကန်အမှန်ရှိနေပါသည်။ဥပမာပြရလျှင် ဘင်္ဂလားဒေရှ့်နိုင်ငံ မှဝင်လာကြသော ဒိုင်းနက်လူမျိုးနှင့်တရုတ်ကိုးကန့် လူမျိုးများကို ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာဖြစ်သောကြောင့် ၁၉၈၉ ခုနှစ် နဝတ စစ်အစိုးခေတ်တွင် တိုင်းရင်းသား၁၃၅ လူမျိုးစုစာရင်းတွင် ထည့်ပေးခဲ့သည့်သမိုင်းသည် အလွန်ထင်ရှားလှပါသည်။ ထို့အပြင် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က ရှမ်းပြည်နယ် ကလူဦးရေငါးသောင်းခန့်ရှိ တရုတ်စကားပြော တရုတ်ယဉ်ကျေးမှု့ကျင့်သုံးသော မုန်းဝန်းတရုတ် လူမျိုးနွယ်များကို ဗုဒ္ဓဘာသာကို လက်ခံယုံကြည်သောကြောင့် မုန်းဝန်းဗမာ တိုင်းရင်းသားလူမျိုးနွယ်အဖြစ် သမ္မတဟောင်းဦးသိန်းစိန် အမိန့်ဖြင့် တိုင်းရင်းသား အသစ်စာရင်းတွင်ထည့်ခဲ့ပါသည်။ ထို့ကြောင့်ရှမ်း လူမျိုးနွယ်စုခေါင်းဆောင်များနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများက ဤလုပ်ရပ်ကို အပြင်းအထန် ကန့်ကွက် ခဲ့ပါသည်။ သမ္မတဟောင်းဦးသိန်းစိန်အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ထိုလုပ်ရပ်မျိုးကို “နောင်ခါလာ နောင်ခါဈေး နောက်ပြသာနာ နောက်မှာရှင်းပါစေ” ဆိုသလို ရှုပ်ထားခဲ့ဟန်ရှိသည်။ “မြန်မာနိုင်ငံမှာ ခေတ် အဆက်ဆက်က ခန့်အပ်ထားတဲ့ လဝက ဝန်ထမ်းအများစုမှာ ရခိုင်နှင့် ဗမာ လူမျိုးများ ဖြစ်ကြသည့် အတွက် လူမျိုးကြီးဝါဒ ကျင့်သုံးလိုသူများ၏ စိတ်ကူးများ အောင်မြင်ပေါက်မြောက်ခဲ့သည်။ ထင်သလောက် ခရီးပေါက်ခဲ့ပါသည်၊ အမြတ်ထွက်ခဲ့ပါသည်”ဟု နိုင်ငံရေးသမားဟောင်းကြီး သခင်ချစ် က ပြောခဲ့ဖူးပါသည်။
ပြီးခဲ့တဲ့အစိုးရ အဆက်ဆက်က မြန်မာ လဝက တာဝန်ရှိသူများအနေဖြင့် “လူကိုခင်ရင် မူကို ပြင်သည်။လူကို မုန်းရင်မူကို သုံးသည့် “လုပ်ရပ်များ အမြောက်အများရှိခဲ့ဖူးပါသည်။ပြီးခဲ့တဲ့ ၂၀၁၇ ခု မတ်လက စာရေးသူရဲ့ မိတ်ဆွေ အစ္စလမ်ဘာသာဝင်တစ်ဦးသည် ပိုက်ဆံအိတ်တစ်ခု အငှားယာဉ် တစ်စီးပေါ်တွင် မေ့ကျန်ခဲ့သည်။ လူမှု့ရေးကွန်ရက် Facebook ပေါ်တွင် ဖော်ပြပါလိပ်စာအတိုင်း ပို့ပေးပါက ကျေးဇူးဆပ်ပါမည်”ဟု တင်ခဲ့သော်လည်း တစ်လကြာသည်အထိ မထူးခြားသောအခါ ထုံးစံအတိုင်း ရဲစခန်းမှာ မှတ်ပုံတင်ပျောက် ဆုံးကြောင်း ထောက်ခံစာယူခဲ့သည်။မြို့နယ် လဝက ရုံးသွားကာ မှတ်ပုံတင်ပြန်လျှောက် ခဲ့သည်။ ကြုံတွေ့ခဲ့ရသောအခက်အခဲတစ်ခုမှာ ပထမဆုံးအကြိမ် နိုင်ကတ်ပန်းရောင် လျှောက်ထားစဉ်က တောင်းခံ ခဲ့သော မိဘနှစ်ဦး၏ နိုင်ကတ် ပန်းရောင်မိတ္ထူအပြင် မိဘများ၏ငယ်စာရင်းများ(ပုံစံ ၁)ကို သက်ဆိုင်ရာ မြို့နယ် လဝက ရုံးများတွင် အချိန်ကုန် ငွေကုန်ခံ ယူပေးခဲ့ရရုံသာမက အလှမ်းဝေးသော နှစ်ဘက်အဖိုး အဖွါးများ၏အထောက်အထားပုံစံအချို့ကိုပါ ယူပေးခဲ့ရလေသည်။ နှစ်ဘက် အဖိုး အဖွားများ သည် ၁၉၈၈ မတိုင်ခင် ကွယ်လွန်ခဲ့၍ ၃ ခေါက်ချိုးမှတ်ပုံတင်သာရှိခဲ့ကြပေသည်။ ထိုကြောင့်လည်း သူတို့ရဲ့ “၃ ခေါက်ချိုးအမတ မှတ်ပုံတင်” မိတ္ထူများကိုသာ ပေးခဲ့ရလေသည်။ သို့သော် ယခုအချိန်အထိ စာရေးသူရဲ့မိတ်ဆွေခဗျာ မှတ်ပုံတင်မရရှိသေး၍ ထောက်ခံစာဖြင့်သာ ခရီးဝေးသွားနေရပါသည်။ မြန်မာနိုင်ငံတွင် အထောက်အထားအပြည့်အစုံတင်ပြနိုင်သူများသည်ပင်လျှင် မှတ်ပုံတင်လျောက်ထားရာတွင် နှစ်ချို့နေခြင်းကို ကမ္ဘာ့နိုင်ငံအသီးသီးက သိရှိခဲ့လျှင် မြန်မာနိုင်ငံ၏ပုံရိပ်သည် ကျဆင်းသည်ထက် ကျဆင်းနေ မည်သာ ဖြစ်သည်။မိမိနိုင်ငံသားတစ်ဦး နိုင်ငံသားကတ်မှတ်ပုံတင် ရရှိဖို့ရန် နှစ်ချီ စောင့်ရသည့် တိုင်းပြည်။ မှတ်ပုံတင်ပျောက်ဆုံး ပြန်လျှောက်လျှင် နှစ်ချီ စောင့်နေရသောတိုင်းပြည်မျိုးတွင် ပြည်ပမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ သည် အလုံးအရင်းဖြင့် ဝင်လာနိုင်ဖွယ် မရှိဟု စာရေးသူထင်မြင်မိပါသည်။
အချုပ်ဖြင့်ဆိုရလျှင် ဘာသာလူမျိုး အသားမရောင် မခွဲခြားပဲ အကျင့်စာရိတ္တကောင်းမွန်ပြီး အရည်အချင်း အရည် အသွေးရှိသူ လူစွမ်းအားအရင်းအမြစ်များကို ထိုက်တန်သည့်နေရာများတွင် နေရာပေးချိန်တန်ပြီဖြစ်သည်။ ကျဉ်းမြောင်းသည့် လူမျိုးရေး ဘာသာရေး စိတ်ဓာတ်များကို မြေမြှုပ်သင်္ဂြိုလ်ချိန် တန်ပြီ ဖြစ်ပါကြောင်း အကြံပြု တိုက်တွန်းအပ်ပါသည်။
ဂျက်ဖရီတင်အုန်း(ရန်ကုန်စက်မှု့တက္ကသိုလ်R.I.T)
Share:

28 July, 2017

ကုလ အချက်အလက် ရှာဖွေးရေး အဖွဲ့ ရခိုင် အကြံပေး ကော်မရှင် အစီရင်ခံစာ စောင့်ကြည့် စေလို


ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင် သတင်းစာရှင်းလင်းပွဲ (၂၀၁၆)
ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင် သတင်းစာရှင်းလင်းပွဲ (၂၀၁၆)
 ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ဘက်က ရခိုင်ပြည် နယ် အရေး အဖြေရှာနိုင်ဖို့ကြိုးပမ်းနေချိန်ဖြစ်တဲ့အတွက် ကုလသမဂ္ဂဘက်က မြန်မာနိုင်ငံဆိုင်ရာ အချက် အလက် ရှာဖွေရေးအဖွဲ့ တာဝန်မပေးခင် ကိုဖီအာနန်ကော်မရှင်ရဲ့ အစီရင်ခံစာကိုသာ အရင်ဆုံးလေ့လာ ပါလို့ ကော်မရှင် အဖွဲ့ဝင်တဦးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ရခိုင်အရေး အချက်အလက် စုဆောင်းမယ့် ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့စေလွှတ်ဖို့ ကုလဘက်က ဦးဆောင်မယ့်သူ အပြောင်း အလဲတွေနဲ့ စီစဉ်နေချိန်လည်းဖြစ်ပါတယ်။ အသေးစိတ် မဆုမွန် ပြောပြပါမယ်။
ရခိုင်ပြည်နယ်အရေး အဖြေရှာနိုင်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင် အကြံပေးကော်မရှင် ဘက်က ရခိုင်ပြည်နယ်တွင်း ကွင်းဆင်းဆောင်ရွက်ပြီး အစီရင်ခံစာတင်ပြဖို့ စီစဉ်ဆောင် ရွက်နေ ချိန်ဖြစ်လို့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ မြန်မာအစိုးရက နိုင်ငံတွင်း လာခွင့် မပေးနိုင်ဘူး လို့ပြောဆိုထားချိန်ဖြစ်ပါတယ်။
ကုလဘက်က အချက်အလက်ရှာဖွေရေးအဖွဲ့စေလွှတ်ဖို့ စီစဉ်နေပေမဲ့လို့ မြန်မာနိုင်ငံတွင်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ပြသနာကို အဖြေရှာနိုင်အောင် ကြိုးစားဆောင်ရွက်နေတယ်လို့ အတွင်းရေးမှူးဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင် အကြံပေးကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါ်စောခင်တင့်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။
“မြန်မာနိုင်ငံအတွက် တကယ့်ကို အခက်အခဲနဲ့ ကြုံတွေ့ပြီးတော့ ဒီအခက်အခဲထဲက အဖြေကောင်းတွေ ကိုရပြီးတော့ ဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်ရမယ် ဆိုတာက လူတိုင်းစိတ်ထဲမှာ လိုချင်တဲ့အရာပါ။ အခုအန်တီတို့ ကိုဖီအာနန် ကော်မရှင်ကိုဖွဲ့ထားတယ်ဆိုတာကလည်း ပြည်တွင်းအဖွဲ့အနေနဲ့ အန်တီတို့ကို ဖွဲ့ပေးထားတာပါ။ ဒါက နိုင်ငံတကာအဖွဲ့အစည်းကလည်း ပါလာတာဆိုတာကလည်း ပြည်တွင်းကနေ အန်တီတို့ ၆ ယောက်ပါတယ်ဆိုတော့ ပြည်တွင်းရဲ့ တကယ့်မြေပြင်အနေအထားမှာ ဘာတွေဖြစ်နေတယ်ဆိုတာလည်း အန်တီတို့ ပြည်တွင်းကလူတွေကလည်း ဒါကိုတင်ပြဖို့ လုပ်ရမှာပေါ့နော်။ အဲဒီလိုအမြင် ၂ မျိုးကြားမှာ မြန်မာနိုင်ငံရဲ့ အခြေအနေ အဖြေမှန်ရဖို့ အထူးသဖြင့် ရခိုင်ဒေသကို ရေရှည်မှာ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ဘယ်လိုနည်းလမ်းတွေကို လုပ်ရင်ရမလဲ ၊ ဘာတွေကို အန်တီတို့က အကြံပေးရင်ကောင်းမလဲ ဆိုတာအပေါ်မှာ အန်တီတို့က အများကြီး ကွင်းဆင်းပြီးတော့ တကယ့်ကို လေ့လာခဲ့တဲ့ အဖွဲ့ဖြစ်တယ် ။ အန်တီတို့ ကိုယ်တိုင် ကလည်း ရခိုင်ဒေသအပေါ်မှာ တကယ့်ကို ထဲထဲဝင်ဝင်နှစ်နှစ်ခြိုက်ခြိုက် အန်တီတို့က ဒါ စုံစမ်းလေ့လာ သိထားတဲ့ သူတွေလည်းဖြစ်တယ်။ အန်တီအနေနဲ့ ပြောရမယ်ဆိုရင် ဒီအချက်အလက်ရှာဖွေရေး ကုလက ချမှတ်တဲ့ဟာက မြန်မာနိုင်ငံသားတယောက်အနေနဲ့ အန်တီအနေနဲ့ မလိုလားအပ်ဘူးလို့ ယူဆပါတယ်။”
အရပ်သားအစိုးရလက်ထက် လူမျိုးရေးဘာသာရေးဆန်တဲ့ ပဋိပက္ခတွေဖြစ်ပွားမှုတွေနဲ့ အခြေခံပြသနာ ရင်းမြစ်တွေ နဲ့ နယ်မြေတည်ငြိမ်အေးချမ်းရေးကို အခက်တွေ့စေတဲ့ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရဆဲ အခြေအနေ ကိုလည်း နိုင်ငံတကာဘက်က သဘောပေါက်နားလည်စေချင်တယ်လို့လည်း ကော်မရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့် ကပြောပါတယ်။
“ဘာဖြစ်လို့လဲဆိုတော့ အန်တီတို့ လုပ်နေပြီလေ။ အန်တီတို့တွေ ဘက်မလိုက်ပဲနဲ့ အကောင်းဆုံးဖြစ်အောင် ဒါအဖြေတခုကို ဘယ်လိုရမလဲဆိုတာကို အန်တီတို့ စဉ်းစားပြီးတော့ ရှာဖွေတယ်၊ အကြံပြုတယ် လုပ်နေတယ်။ ဒါတွေကို ပြီးအောင်မစောင့်နိုင်ပဲ သူတို့လိုချင်တာ ဖြစ်ချင်တာကို အလောကြီးပြီးတော့ သူတို့လုပ်နေတယ်လို့ အဲလိုခံစားရတယ်။ အန်တီတို့ လုပ်သင့်လုပ်ထိုက်တာတွေရှိတယ် ဟိုတုန်းကမလုပ်ခဲ့တာတွေကို ဒီကနေ့မှ ပြန်လုပ်ရတယ်ဆိုတော့ အန်တီတို့မှာ လုပ်ရကိုင်ရတာတွေ ခက်ခဲတာတွေရှိပါတယ်။ တချို့က ကိုယ့် စိတ်တိုင်းကျ လုပ်လိုက်မယ်ဆိုရင် နိုင်ငံတကာနဲ့ သွားငြိတာပေါ့နော် ။ ဆိုတော့ နိုင်ငံတကာ စိတ်တိုင်း ကျလည်း အန်တီတို့ လုပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ပြည်တွင်းရေးပြဿနာကို ကိုယ်ပဲနားလည်တာပေါ့နော် ဆိုတော့ ဒါတွေကို နိုင်ငံတကာလည်း ညီညွတ်အောင် အန်တီတို့ ဒေသခံတွေအနေနဲ့လည်း ကိုယ်လိုချင်တဲ့ ခရီးတခုကို လမ်းဖွင့်ပေးနိုင်အောင် ဒါတွေအပေါ်မှာ အန်တီတို့ အချက်အလက်အများကြီးရှာပြီးတော့ အကြံပေးထားပါတယ်။”
ကိုဖီအာနန် ကော်မရှင်ဘက်က အစီရင်ခံစာကိုလည်း နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တို့နဲ့ ပြည်သူတွေကို မကြာခင်တင်ပြသွားဖို့ရှိနေတဲ့အကြောင်းလည်း ကိုဖီအာနန်ကော်မရှင် အဖွဲ့ဝင်ဒေါ်စောခင်တင့် ကပြောပါတယ်။
“ကျမတို့က ဒီသြဂုတ်လ နောက်ဆုံးအပတ်မှာတော့ ဒီ Report ကိုထုတ်နိုင်အောင် ကြိုးစားနေပါတယ်။ ဒီ Report မှာ English နဲ့ရေးထားတာကို Burmese translate လုပ်တဲ့နေရာမှာလည်း translate လုပ် တာတွေ အားလုံးမှန်အောင်ပေါ့နော် အန်တီတို့ဘက်က ကော်မရှင်ဝင်တွေ အကုန်လုံး ဒါကို အသေး စိတ်လေ့လာပြီးတော့ လုပ်ဖို့အစီအစဉ်ရှိပါတယ်။ ဒါတွေအပေါ်မှာလည်း အန်တီတို့ဘက်က အမှားမရှိအောင် အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်တော့ အန်တီတို့ ကြိုးစားဆောင်ရွက်နေပါတယ်။”
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းလိုက်တဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့ကတော့ မြန်မာနိုင်ငံတွင်းက အထူးသဖြင့် ရခိုင်ဒေသတွင်း စစ်တပ်နဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အနိုင်ကျင့်မှု ဆိုင်ရာ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အချက်အလက် စုဆောင်းပြီး ကုလသမဂ္ဂကို တင်ပြဖို့ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ ကိုခေါင်းဆောင်မယ့် ခေါင်းဆောင်သစ်တဦးကို ကုလသမဂ္ဂက ပြောင်းလဲ ခန့်အပ်လိုက်ပါတယ်။
မူလက အဖွဲ့ ဥက္ကဌ အဖြစ် တာဝန်ယူထားတဲ့ အိန္ဒိယနိုင်ငံက တရားရုံးချုပ်ရှေ့နေ Indira Jaising ကို အဖွဲ့က ဖယ်ရှားပြီး အင်ဒိုနီးရှား ရှေ့နေချုပ် အဖြစ် တာဝန်ယူခဲ့သူ Marzuki Darusman ကို ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီ ဥက္ကဌက အစားထိုး ခန့်အပ်တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက တရားရုံးချုပ်ရှေ့နေ Indira Jaising ကို ဘာကြောင့် အဖွဲ့ကနေ ဖယ်ရှားလိုက်ရသလဲ ဆိုတာကိုတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ဘက်က ပြောဆိုခြင်း မရှိပါဘူး။
Share:

ကျောက်ဖြူမြို့က ကယ်ဆယ်ရေး စခန်းမှာ နေထိုင် သူ များ ကိုယ့် နေရာ ကိုယ်နေထိုင် လိုကြောင်း VOA ပြော ပြခြင်း – Video



ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့က ကယ်ဆယ်ရေးစခန်းမှာနေထိုင်နေရသူတွေ ပြန်လည်နေရာချထားရေး တာဝန်ရှိသူတွေနဲ့ ကျောက်ဖြူမြို့ခံတွေအနေနဲ့ ဘယ်လို သဘောထားကြပါသလဲ ဆိုတာတွေကို ကျောက်ဖြူ မြို့ ကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ VOA သတင်းထောက် ကိုကျော်ကျော်သိန်းက အစီအစဉ် ပထမပိုင်း မှာ တင်ဆက် ထားပါတယ်။
Originally published at – https://burmese.voanews.com/a/3961351.html
Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.