• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

04 July, 2017

တရုတ်ပြည်သို့အစ္စလာမ်သာသနာကိုစတင်ယူဆောင်ခဲ့သူ


အစ္စလာမ်သာသနာသည် လွန်ခဲ့သော နှစ်ပေါင်း(၁၄၀၀)ခန့်မှစ၍ တရုတ်ပြည်သို့ ရောက်ရှိလာခဲ့သည်။
တန်မင်းဆက်(Tang Dynasty)၏ ရှေးမှတ်တမ်းဖော်ပြချက်၌ (၇)ရာစုတွင် အာရပ်နိုင်ငံမှစေတမန် တစ်ဦးရောက်ရှိခဲ့သည် ဟု ဖော်ပြထားသည်။
သာဝကကြီးဟဇ်ရသ်စအဒ်ဗင်န်အဗီဝကားစ်(ရသွေ့ယလ္လာဟ်ဟုအန်န်ဟု)ဦးဆောင်သောအဖွဲ့တစ်ဖွဲ့ သည် ခရစ်သက္ကရစ်(၆၅၀)တွင် တရုတ်
ပြည်သို့လက်ဆောင်ပဏာများနှင့်တကွ အစ္စလာမ်သာသနာကိုပါ ယူဆောင်၍ ရောက်ရှိခဲ့သည်။
ထိုစဉ်က တရုတ်နိုင်ငံ၏ဘုရင်ဖြစ်သော ယွန်ဝေ့(Yung Wiae)သည် အစ္စလာမ်၏ အဆုံးအမများသည် အနည်းငယ်ချုပ်ချယ်မူ့ ရှိသည်ဟုမြင်မိသော်လည်း အစ္စလာမ် သာသနာအားလေးစားခဲ့သည်။
ကွန်ဖြူရှပ် ၏ အဆုံးအမများနှင့်လည်း ဆီလျောသင့်မြတ်မူ့ရှိသည်ဟု ယူဆကာ ဟဇ်ရသ်စအဒ်(ရသွေ့)ကို သူ၏လူထုကြား ဝါဒဖြန့်ချီမူ့အခွင့်အရေးပေးခဲ့သည်။
အစ္စလာမ်အပေါ်သူ၏လေးစားမူ့ကိုပြသ သည့်အနေနှင့် တရုတ်ပြည်၏ပထမဦးဆုံး သောဗလီ ဝတ်ကျောင်းတော်ကို Ch'anganဒေသတွင်တည်ဆောက်ရန် အမိန့်ပေးခဲ့သည်။ ယင်းဗလီသည်ယနေ့ထိ ထိုဒေသတွင် တည်တံ့လျှက်ရှိသည်။
ထို့နောက်တွင် မွတ်စလင်မ်ကုန်သည်များ လုပ်ငန်းရှင်များ ဧည့်သည်များ စီးပွားရေးနှင့်ဘာသာရေး အကြောင်းခံများ ကြောင့် တရုတ်မွတ်စလင်ဆက်ဆံရေး အလွန်ကောင်းမွန်ခဲ့သည်။
မင်မင်းဆက် (MinDyanasty1368-1644CE) အစပိုင်းအထိ နှစ်ပေါင်း(၇၀၀)တိုင် အစ္စလာမ် သာသနာသည် တရုတ်ပြည်၌ ဖွံ့ဖြိုးရှင်သန်ခဲ့သည်။ကိုယ်ပိုင် ဓလေ့ ရိုးရာ ထုံးတမ်း စဉ်လာနှင့်နေထိုင်ခဲ့ကြပြီး တရားဥပဒေရေးရာအရလည်း မျှတစွာ အသိအမှတ်ပြု ခံခဲ့ရသည်။ မွတ်စလင်မ်တို့၏ ရွှေခေတ်ဟုပင် ဆိုရပေမည်။

ချင်မင်းဆက် (Ch'ing Dynasty1644-1911CE)ခေတ် တွင် ဤသည်တို့မှာ ပြောင်းလဲသွားခဲ့ရသည်။ ချင် တို့သည် မန်ချူးများဖြစ်ကြပြီး တရုတ်ပြည်တွင်လူနည်းစုဖြစ်သည်။
၎င်းတို့သည် မွတ်စလင်မ် ဟန် တိဗက်နှင့် မွန်ဂို တို့၏ရုန်းကန်လှုပ်ရှားမူ့များတွင် တစ်ဦးနှင့်တစ်ဦးဆန့်ကျင်သော သွေးခွဲသည့်နည်းလမ်းများကို အသုံးချခဲ့ကြသည်။အဓိကအားဖြင့် တရုတ်ပြည်တွင် မွတ်စလင်မ်ဆန့်ကျင်ရေးခံစားမူ့စိတ်ဓါတ် ကိုနိုးဆော်ခဲ့သည့် အဓိကတာဝန်ရှိသူများ ဖြစ်ကြသည်။
၎င်းတို့က ဟန်စစ်သည်လူမျိုးစုတို့အား မွတ်စလင်မ်နယ်မြေများတွင်ဖိနှိပ်ချုပ်ချယ်ရန်တွန်းအားပေး ခဲ့ကြသည်။

မော်စီတုန်း (MaoZedong) ၏၁၉၄၈ခုနှစ်တော်လှန်ရေး နောက်ပိုင်းကွန်မြူနစ်အုပ်ချုပ်မူ့စနစ်အစတွင် မွတ်စလင်မ်နှင့် လူနည်းစုလူမျိုးများ အဖိနှိပ်အခံရဆုံးဖြစ်သည်။
အစ္စလာမ်တို့၏သင်္ကေတလက္ခဏာအားလုံးချေဖျက်ခြင်းခံရသည်။ရာစုနှစ်များစွာသုံးခဲ့သောအာရဗီဘာသာ စာပေကို လက်တင်ဘာသာသို့အတင်းဖိအားပေး ပြောင်းခိုင်းခဲ့သည်။
အူအီဂူရ် လူမျိုးများဖြစ်သော မွတ်စလင်မ် ၃သောင်းကျော်ကို မိမိတို့ဒေသတွင်ပင် အတင်းအကြပ်လုပ်အားပေးခိုင်းစေခဲ့သည် ရှေ့ဆောင်အိမာမ်များ ပညာရှင်များကို ညှဉ်းပမ်းနှိပ်စက် ရုံမျှမက ဝက်မွေးမြူရေး စခန်းများတွင်ဝင်ရောက်လုပ်ကိုင်ရန်စေခိုင်းခဲ့သည်။ ၎င်းစခန်းများကို ဗလီများ အနီးတွင် စခန်းဖွင့် မွေးမြူခဲ့ကြသည်။ မွတ်စလင်မ်ကျောင်းများကို ပိတ်စေကာ မက်စ်ဝါဒ နှင့်မော်စီတုန်း ဝါဒသင်ကြားသော ကျောင်းများသို့ တက်စေခဲ့သည်။ ဗလီ(၂၉ ၀၀၀)ခန့်ကို ပိတ်ပြစ်ကာ အိမာမ်များကို ရက်စက်စွာညှဉ်းပမ်းနှိပ် စက်ခဲ့သည်။ မွတ်စလင်မ်(၃၆၀၀၀)ခန့်ကိုသတ်ပြစ်ခဲ့သည်။
မော်စီတုန်း၏ မက်စ်ဝါဒကို ၁၅နှစ်မျှ ပြင်းထန်စွာကျင့်သုံးခဲ့ပြီး ကွန်မြူနစ် ဝါဒအစိုးရသည် မွတ်စလင်မ်တို့ကို လွတ်လပ်စွာစိတ်ကြိုက်ချေမှုန်းခဲ့ကြသည်။
၁၉၇၈ခုနှစ် တရုတ်ပြည်ဘာသာရေးလွတ်လပ်ခွင့် ကြေငြာပြီးချိန်မှစ၍ တရုတ်မွတ်စလင်မ်များ သည်၎င်းတို့ ခံစားခဲ့ ရသော နာကျည်းချက်များကို ခံစားမနေဘဲ ဆက်လက်ကြိုးပမ်းကြရာ ယခုအခါ တရုတ်ပြည်အနှံ့ ဗလီပေါင်း(၂၈ ၀၀၀)ကျော်ရှိပြီး စင့်ကျန်ပြည်နယ်တစ်ခုထဲမှာပင် (၁ ၂၀၀)ခန့် ရှိလေသည်။
လက်ရှိတွင် ကျမ်းတော်မြတ်ကုရ်အာန်ကို တရုတ်ဘာသာ(၈)မျိုးဖြင့်ဘာသာပြန်ထားပြီး အူအီဂူရ်နှင့် အခြား တူရကီဘာသာ စကားများစွာတို့ဖြင့်လည်း ဘာသာပြန်ပြီး ဖြစ်သည်။
(Ref; အမှတ်စဉ် ၁၄၃/၁၂-၂၀၀၁ခုနှစ်ထုတ်
Salik: The so-journer A Quarterly Magazine by Petapis မှ Muslims Chinaအား ဆရာအုမရ်ခင်ညွန့်ပြန်ဆိုရေးသားမူ့ကို
အကျဉ်းချုပ်၍ပြန်လည်တင်ပြသည်။)
Share:

မြန်မာလုံခြုံရေးအကြံပေး ဘင်္ဂလားဒေ့ရှ် အရာရှိတွေနဲ့ဆွေးနွေး

    VOA (မြန်မာပိုင်း)
အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်း
မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်းဟာ တနင်္ဂနွေနေ့ကစပြီး ၃ ရက်ကြာ ခရီးစဉ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိသွားပါပြီ။ ဦးသောင်းထွန်းဟာ တနင်္ဂနွေနေ့ ညနေ ၇ နာရီမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Mahmood Ali နဲ့ အစိုးရဧည့်ဂေဟာ Padma မှာ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖေါ်ပြပါတယ်။
အခုလို တွေ့ဆုံစဉ်အတွင်း ရိုဟင်ဂျာ ပြဿနာ အပါအဝင် ၂ နိုင်ငံကြား လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဌာနက အမည်မဖေါ်လိုတဲ့ အရာရှိတဦးရဲ့ ပြောကြားချက်ကိုလည်း ကိုးကား ဖေါ်ပြထားပါတယ်။
ဦးသောင်းထွန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေစဉ်အတွင်း ၀န်ကြီးချုပ် Sheikh Hasina နဲ့ရော ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal တို့နဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။ ဒီလို တွေ့ဆုံရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် တွေကို နေရပ်ရင်း ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က အဆိုပြုချက်တွေကို အလေးထား ဆွေးနွေးဖို့ရှိတယ် လို့လည်း သတင်းတွေမှာ ဖေါ်ပြပါတယ်။ ရေရှည်ဖြေရှင်းရမယ့် ရိုဟင်ဂျာ ကိစ္စအပါအ၀င် နှစ်နိုင်ငံအကြားရှိနေတဲ့ တခြား ပြဿနာတွေ ဖြေရှင်းရေးမှာ တိုးတက်မှုတွေ ဖြစ်ပေါ်ဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ဘက်က လိုလားတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အရာရှိကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မနှစ်က အောက်တိုဘာလ ၉ရက် နယ်စပ်လုံခြုံရေးစခန်း အတိုက်ခိုက် ခံခဲ့ရတဲ့နောက် လုံခြုံရေး တပ်ဖွဲ့တွေရဲ့ နယ်မြေ ရှင်းလင်း ရေးကြောင့် ရိုဟင်ဂျာဒုက္ခသည် အများအပြား ဘင်္ဂလာဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြသလို အရင်ကတည်းက ထွက်ပြေး ခိုလှုံ နေသူတွေလည်း ရှိနေတာပါ။
ရခိုင်ပြည်နယ်တွင်း လုံခြုံရေး အခြေနေကလည်း မွတ်စလင် အများစုနေထိုင်ရာ မောင်တောမြို့နယ်တွင်း ခုသီတင်းပတ်တွေ အတွင်းမှာပဲ အသတ်ဖြတ်ခံရ၊ ပျောက်ဆုံးသူ အရေတွက် တိုးလာနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ကို မသွားခင် ထုတ်ပြန်တဲ့ လုံခြုံရေး အကြံပေးရဲ့ အခြေနေ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ရှိ မြန်မာအစိုးရဟာ ပြည်တွင်းပြည်ပက ခြိမ်းခြောက်မှု အန္တရာယ်တွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ သမ္မတကို အကြံပေးတင်ပြဖို့ ပြည်ထောင်စုဝန်ကြီးအဆင့်ရှိတဲ့ အမျိုးသားလုံခြုံရေး အကြံပေး ရာထူးကို ပြီးခဲ့တဲ့ ဇန်န၀ါရီလက ဖန်တီးခဲ့ပြီး အငြိမ်းစား သံအမတ်ကြီး ဦးသောင်းထွန်းကို အစိုးရရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ် ခန့်အပ်ခဲ့တာပါ။
တချိန်ထဲမှာပဲ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Fillippo Grandi ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး တနင်္ဂနွေနေ့မှာ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ ပါတယ်။ အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ တဦးကတော့ မဟာမင်းကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် တွေဟာ ၄-၅ ရက်ကြာ လာရောက်တာဖြစ်ပြီး မောင်တော၊ စစ်တွေနဲ့ မြောက်ဦးမြို့ တွေကို သွားရောက်ကာ ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့ရှိကြောင်း ပြောပါတယ်။
Share:

03 July, 2017

R 2 P (ခ) Responsipility to Protect ဘယ်အချိန် ၀င်ရောက် သလဲ

image
image

R2P ဆိုတဲ့အယူအဆကို ၂၀၀၅ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ကမ္ဘာ့ထိပ်သီးအစည်းအဝေး World Summit မှာပထမဆုံးအကြိမ် တရားဝင် အတည်ပြုခဲ့တာဖြစ်ပါတယ်။
ဒီအယူအဆအရ အစိုးရဟာ ပြည်သူတွေကိုကာကွယ် ပေးဖို့ အဓိကတာဝန်ရှိပြီး ကာကွယ်ပေးဖို့ပျက်ကွက် တယ်လို့ သတ်မှတ်ရင် နိုင်ငံတကာအသိုင်းအဝိုင်းက ဝင်ရောက်ကူညီဖို့ကာကွယ်ဖို့တာဝန်ရှိပါတယ်။
အချုပ်အချာအာဏာပိုင်ဆိုင်မှုကိုအလေးထားပေမဲ့ နိုင်ငံတစ်နိုင်ငံမှာလူ့အခွင့်အရေးချိုးဖောက်မှုနဲ့ လူသား ချင်း ​ဆိုင်ရာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း တွေရှိ နေရင်၊ Genocide ဆိုတဲ့အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ Ethnic Cleansing လူမျိုးတုံး သတ်ဖြတ်မှု၊ War Crimes ဆိုတဲ့စစ်အတွင်း စောင့်ထိန်း ရမယ့်ကျင့်ဝတ်ကျော်ပြီးကျူးးလွန်တဲ့ပြစ်မှုမျိုး၊ Crimes Against Humanity ဆိုတဲ့လူသား မဆန်စွာ ရက် စက် ကြမ်းကြုတ်တဲ့ ပြစ်မှုဆိုတဲ့အခြေ အနေမျိုးရှိတယ်လို့ သတ်မှတ်လိုက်ရင် နိုင်ငံတစ်ကာက သံတမန် နည်း လမ်း၊ လူသားချင်းစာနာထောက်ထား မှု ဆိုင်ရာ အကူအညီများနဲ့ အခြားငြိမ်းချမ်းတဲ့ နည်းလမ်း များ သာမက နောက်ဆုံးစစ်ဆေးရေးကိုပါ သုံးနိုင်တဲ့အထိ စွက်ဖက်ခွင့်ရှိတယ်ဆိုတဲ့ အယူအဆ ဘဲဖြစ် ပါတယ်။

Image may contain: 1 person, text
အ​သေးစိတ်​ကို (၁ . ၇ . ၂၀၁၇) ​ကြေးမုံသတင်းစာမှဖတ်​ပါ။
Share:

မြန်မာလုံခြုံရေးအကြံပေး ဘင်္ဂလားဒေ့ရှ် အရာရှိတွေနဲ့ဆွေးနွေး

03 ဇူလိုင်၊ 2017

အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်း
မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်းဟာ တနင်္ဂနွေနေ့ကစပြီး ၃ ရက်ကြာ ခရီးစဉ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိသွားပါပြီ။ ဦးသောင်းထွန်းဟာ တနင်္ဂနွေနေ့ ညနေ ၇ နာရီမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Mahmood Ali နဲ့ အစိုးရဧည့်ဂေဟာ Padma မှာ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖေါ်ပြပါတယ်။
အခုလို တွေ့ဆုံစဉ်အတွင်း ရိုဟင်ဂျာ ပြဿနာ အပါအဝင် ၂ နိုင်ငံကြား လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဌာနက အမည်မဖေါ်လိုတဲ့ အရာရှိတဦးရဲ့ ပြောကြားချက်ကိုလည်း ကိုးကား ဖေါ်ပြထားပါတယ်။
ဦးသောင်းထွန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေစဉ်အတွင်း ၀န်ကြီးချုပ် Sheikh Hasina နဲ့ရော ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal တို့နဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။ ဒီလို တွေ့ဆုံရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် တွေကို နေရပ်ရင်း ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က အဆိုပြုချက်တွေကို အလေးထား ဆွေးနွေးဖို့ရှိတယ် လို့လည်း သတင်းတွေ မှာ ဖေါ်ပြပါတယ်။ ရေရှည်ဖြေရှင်းရမယ့် ရိုဟင်ဂျာ ကိစ္စအပါအ၀င် နှစ်နိုင်ငံအကြားရှိနေတဲ့ တခြား ပြဿနာတွေ ဖြေရှင်းရေးမှာ တိုးတက်မှုတွေ ဖြစ်ပေါ်ဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ဘက်က လိုလားတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အရာရှိကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မနှစ်က အောက်တိုဘာလ ၉ရက် နယ်စပ်လုံခြုံရေးစခန်း အတိုက်ခိုက် ခံခဲ့ရတဲ့နောက် လုံခြုံရေး တပ်ဖွဲ့တွေရဲ့ နယ်မြေ ရှင်းလင်း ရေးကြောင့် ရိုဟင်ဂျာဒုက္ခသည် အများအပြား ဘင်္ဂလာဒေ့ရှ် ဘက်ကို ထွက်ပြေးခဲ့ကြသလို အရင်ကတည်းက ထွက်ပြေး ခိုလှုံ နေသူတွေလည်း ရှိနေတာပါ။
ရခိုင်ပြည်နယ်တွင်း လုံခြုံရေး အခြေနေကလည်း မွတ်စလင် အများစုနေထိုင်ရာ မောင်တောမြို့နယ်တွင်း ခုသီတင်းပတ်တွေ အတွင်းမှာပဲ အသတ်ဖြတ်ခံရ၊ ပျောက်ဆုံးသူ အရေတွက် တိုးလာနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ကို မသွားခင် ထုတ်ပြန်တဲ့ လုံခြုံရေး အကြံပေးရဲ့ အခြေနေ ထုတ်ပြန်ချက်မှာ ဖေါ်ပြထား ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ရှိ မြန်မာအစိုးရဟာ ပြည်တွင်းပြည်ပက ခြိမ်းခြောက်မှု အန္တရာယ်တွေ နဲ့ ပတ်သက်ပြီး အစိုးရနဲ့ သမ္မတကို အကြံပေးတင်ပြဖို့ ပြည်ထောင်စုဝန်ကြီးအဆင့်ရှိတဲ့ အမျိုးသားလုံခြုံရေး အကြံပေး ရာထူးကို ပြီးခဲ့တဲ့ ဇန်န၀ါရီလက ဖန်တီးခဲ့ပြီး အငြိမ်းစား သံအမတ်ကြီး ဦးသောင်းထွန်းကို အစိုးရရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ် ခန့်အပ်ခဲ့တာပါ။
တချိန်ထဲမှာပဲ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Fillippo Grandi ဟာ မြန်မာနိုင်ငံကို ရောက် ရှိနေပြီး တနင်္ဂနွေနေ့မှာ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ ပါတယ်။ အစိုးရအဖွဲ့ ပြန်ကြားရေး တာဝန်ခံ တဦးကတော့ မဟာမင်းကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် တွေဟာ ၄-၅ ရက်ကြာ လာရောက် တာဖြစ်ပြီး မောင်တော၊ စစ်တွေနဲ့ မြောက်ဦးမြို့ တွေကို သွားရောက်ကာ ဒုက္ခသည်စခန်းတွေကို သွားရောက် ဖို့ ရှိကြောင်း ပြောပါတယ်။

Share:

02 July, 2017

ကုလမစ်ရှင်လက်မခံတဲ့ မြန်မာကို တုံ့ပြန်မယ်လို့ မလေးရှားဒုဝန်ကြီးဆို


ကွာလာလမ်ပူ ဇူလိုင် ၂

ရခိုင်ပြည်နယ်က မွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရှာဖွေစစ်ဆေးမယ့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်ကို မြန်မာအစိုးရက လက်ခံဖို့ငြင်းဆန်လိုက်တာကြောင့် မလေးရှားနိုင်ငံက တုံ့ပြန်မှုတစ်ခုပြုလုပ်ဖို့ စဉ်းစားသွားမယ်လို့ ဆိုပါတယ်။
လူသားချင်းစာနာတဲ့ကဏ္ဍ သို့မဟုတ် သံတမန်ရေးရာကဏ္ဍ တစ်ခုခုမှ တုံ့ပြန်မှုတစ်ခုလုပ်ဖို့အတွက် မလေးနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံဉာဏ်ကို ရယူဆောင်ရွက်သွားမယ်လို့ မလေးဒုဝန်ကြီး ဒေါက်တာ အာမတ်ဇာဟစ်က ပြောလိုက်ပါတယ်။
“နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးမယ်။ မြန်မာမှာဖြစ်ပျက်နေတဲ့နောက်ဆုံးအခြေအနေ အစီရင်ခံစာကို သေချာလေ့လာဦးမယ်” လို့ ဒေါက်တာ အာမတ်ဇာဟစ်က ပြောပါတယ်
ရိုဟင်ဂျာတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက သတ်ဖြတ်မှု၊ အဓမ္မကျင့်မှုနဲ့ ညှင်းပန်းနှိပ်စက်မှုတွေကျူးလွန်တယ်ဆိုပြီး စွပ်စွဲခံထားရပေမယ့် ကုလစုံစမ်းစစ်ဆေးရေးကော်မရှင်ကို စစ်ဆေးခွင့်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာအစိုးရက လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း ငြင်းဆိုခဲ့ပါတယ်။
Share:

တက္ကသိုလ် လေးခု မှာ ဝင်ခွင့်စနစ် ပြောင်းလဲမယ်

လာမယ့် ၂၀၁၈-၁၉ ပညာသင်နှစ် ကစပြီး ပြောင်းလဲသွားမှာပါ။
လာမယ့် ၂၀၁၈-၁၉ ပညာသင်နှစ် ကစပြီး တက္ကသိုလ် ဝင်ခွင့်စနစ် ကို တက္ကသိုလ် လေးခု မှာ စတင်ပြောင်းလဲသွားမယ်လို့ အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်း က ပြောပါတယ်။
ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန် နည်းပညာ တက္ကသိုလ် နဲ့ မန္တလေးနည်းပညာတက္ကသိုလ်တို့တွင် တက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ်ဝင်စာမေးပွဲအမှတ်နဲ့ မဆုံးဖြတ်ဘဲ တက္ကသိုလ် က သီးခြားဝင်ခွင့်လက်ခံတဲ့စနစ်ကို ကျင့်သုံးသွားမယ်လို့ ဇွန်လ ၂၄ ရက်နဲ့ ၂၅ ရက်တို့မှာ ရန်ကုန် တက္ကသိုလ် မှာကျင်းပခဲ့တဲ့ အဆင့်မြင့်ပညာ နှီးနှော ဖလှယ်ပွဲမှာ ဒေါက်တာအောင်အောင်မင်း က ပြောကြားခဲ့တာပါ။
‘‘တက္ကသိုလ် အားလုံးတော့ မဟုတ်သေးဘူး။ ရှေ့ပြေးစမ်းသပ်တဲ့အနေနဲ့ တက္ကသိုလ် လေးခု စမယ်။ ဆေးကတ္ကသိုလ်နှစ်ခုလောက်လည်း သူတို့အဆင်သင့် ဖြစ်ရင်ပါလာနိုင်တယ်’’လို့ ဒေါက်တာအောင်အောင်မင်းက ပြောပါတယ်။
တက္ကသိုလ်တွေရဲ့ ဝင်ခွင့်ရွေးချယ်လက်ခံမယ့် နည်းလမ်းတွေက တစ်ခုနဲ့တစ်ခုကွာခြားမှုရှိနိုင်ပြီး အဆိုပါတက္ကသိုလ်တွေရဲ့ ပဋိညာဉ်စာတမ်းတွေကို အသေး စိတ်ထည့်သွင်းရေးဆွဲထားမယ်လို့ သိရပါတယ်။
ဒီနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူတွေအနေနဲ့ တက္ကသိုလ်ဝင်ခွင့် ကို တက္ကသိုလ်ဝင်စာမေးပွဲအမှတ်နဲ့ပဲ ရွေးချယ်ဆုံးဖြတ်မှာဖြစ်ကာ ဒီနှစ်မှာတော့ တက္ကသိုလ်ဝင်တန်း တက် ရောက်နေတဲ့ ကျောင်းသား တွေကတော့ စနစ်သစ်ကို စတင်ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။
Share:

ဘာမြူဒါတြိဂံဒေသ အတ္တလန်တစ် သမုဒ္ဒရာတွင် ကြောက်မက်ဖွယ်ဖြစ်ရပ်မှန်

July 1, 2017

ဘာမြူဒါတြိဂံဒေသမှာ ကြောက်မက်ဖွယ် ကျွန်းတစ်ကျွန်း ရုတ်တရက် ပေါ်ပေါက်လာကြောင်း ယမန်နေ့ က ထုတ်ပြန် ကြေညာချက်အရ သိရပါ တယ်။
ယခုနှစ် နွေရာသီ မှာ တဖြည်းဖြည်း ပင်လယ်တွင်းမှ တက်လာခြင်းဖြစ်ပြီး မြောက်ကာရိုးလိုင်းနား၊ ဘတ်တန် မှာ ရှိတဲ့ ဂွတ်ဟုတ်အငူ ရဲ့ ထိပ်ဖျားပိုင်း ဖြစ်ကာ တစ်မိုင်ခန့် ရှည်လျားပါတယ်။သတင်းအရ အဆိုပါ ကျွန်းကို မကောင်းဆိုးရွား ကျွန်း လို့ နာမည်ပေးထားပြီး အကျယ်ကတော့ ၄၀၀ မီတာ ရှိကြောင်း Virginian Pilot က ထုတ်ပြန် ကြေညာထားပါ တယ်။

အခုချိန်မှာ လေ့လာသူများနဲ့ ဓာတ်ပုံဆရာများဟာ ကျွန်းကို သွားရောက်နေ ကြပြီး အန္တရာယ်များ လွန်းတဲ့အတွက် ရှောင် ရှားကြဖို့ ခရီးသည်များကို တိုက် တွန်းထားပါတယ်။ဂွတ်ဟုတ်အငူမှတ် နဲ့ ကျွန်းအကြား ဖြတ်သန်းစီးဆင်း နေတဲ့ ရေစီးေ ကြာင်းဟာ အလွန်အားကောင်းတဲ့အတွက် ရေဆင်းကူးခြင်း၊ ရေထဲဆင်းခြင်း မပြုလုပ်ကြရန် သတိပေးထားပါတယ်။
မြောက်ကာရိုးလိုင်းနား ကမ်းခြေ သဲသောင်ပြင်ကားစီးအသင်း ဥက္ကဌ ဖြစ် တဲ့ ဘီလ်စမစ် က အခြေအနေဟာ ထင်တာထ က် ပိုဆိုးရွားပြီး ငါးပေခန့် အရှည်ရှိတဲ့ ငါးလိပ်စွန်များနဲ့ ငါးမန်းကြီး များလည်း ပတ်ပတ်လည် ၀န်းရံ နေကြောင်း သတိပေး ထားပါတယ်။ဒါ့အပြင် ငါးမန်း ကိုက်ခံရမယ့်အရေး ထက် ရုတ်တရက် ရေအောက်ကို ဆွဲချသွားနိုင်တဲ့ ရေ၀ဲများကို အထူး သတိပြုရမှာဖြစ်ကြောင်း သူ က ထပ်လောင်း ပြောကြားပါတယ်။

ဘာမြူဒါတြိဂံဒေသတွင်း ဖြစ်ပေါ်နေတဲ့ ကျွန်းများ၊ ရေအောက်မှာ မြုပ်နေ တဲ့ ပထ၀ီ အနေအထားအရ ဒေသတွင်း ရေပြ င်ကို အလွန် ဧရာမ ကြီးမား တဲ့ ရေ၀ဲကြီးများ ဖြစ်စေပြီး သင်္ဘောများကို အစအန ရှာမရအောင် ဆွဲချသွား ကြောင်း၊ ထို့ေ နာက် ရေ၀ဲ အားပျော့သွားချိန်တွင် ရေပြင် ပြန်လည် ငြိမ်သက် သွားခြင်း ဖြစ်နိုင်ကြောင်း မြောက်ကာရိုးလိုင်းနား မှ ပါေ မာက္ခ တစ်ဦးက ခန့်မှန်းထားပါတယ်။
ရေ၀ဲကြီးများ ဖြစ်စဉ် ပေါ်ပေါက်လာတဲ့ လေဟာနယ်ဟာ ရေပြင်အထက် လေယာဉ်ကိုပါ ဟန်ချက်ပျက် ဆွဲချနိုင်စွမ်း ရှိေ ကြာင်း သူ က ပြောခဲ့ပေမယ့် ဒါဟာ ခန့်မှန်း မှန်းဆချက်တစ်ခုမျှသာဖြစ်ကြောင်း၊ သိပ္ပံနည်းကျ စမ်းသပ် အတည်ပြုမှု မ ရှိသေးကြောင်း သိရပါတယ်။

ဘာမြူဒါတြိဂံ ဟာ မြောက်အတ္တလန်တစ်သမုဒ္ဒရာ ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး ၄၄၀၀၀၀ စတုရန်းမိုင် ဧရိယာ ရှိပါတ ယ်။ဒါဟာ အမေရိက၊ ဥရောပ နဲ့ ကာရေဘီယန် ပင်လယ်တွင်း က ဆိပ်ကမ်းတွေကို ကူးလူးသွားလာတဲ့ သင်္ဘောတွေ အတွက် အများဆုံး ဖြတ်သန်း သွားလာရာ ရေလမ်းကြောင်း အတွင်းမှာလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ နှစ် ၁၀၀ အတွင်း လေယာဉ်နှင့် သင်္ဘောပေါင်း များစွာ အဆိုပါ ဒေသတွင်းမှာ ထူးဆန်းဖွယ် ပျောက်ဆုံးခဲ့ရပြီး ပျှမ်းမျှအားဖြင့် တစ်နှစ်လျှင် လေယာဉ် လေးစင်း၊ သင်္ဘော ၂၀ နှုန်း ဖြစ်ကြောင်းလည်း သိရပါတယ်။
Ref : Mirror
MI Media
http://www.sunthit.com/news/weird-news/ဘာမြူဒါ
Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.