• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

09 May, 2017

မြောက်ကိုရီးယားအရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း မြန်မာဆောင်ရွက်မည်

မြောက်ကိုရီးယားက မြန်မာနိုင်ငံမှာ သံရုံးဖွင့်ထားပေမယ့် မြန်မာနိုင်ငံက မြောက်ကိုရီးယားမှာ သံရုံးဖွင့်မထားတာဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်လင်းက ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားရဲ့ စစ်ရေး ခြိမ်းခြောက်မှုကို ဒေသတွင်းသာမက တကမ္ဘာလုံးက စိုးရိမ်မကင်း ဖြစ်နေတဲ့အပေါ်မှာ မြောက်ကိုရီးယား အနေနဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။ မြောက်ကိုရီးယားအပေါ် သံတမန်ရေးနည်းလမ်းအပြင် ကုန်သွယ်ရေးအရပါ ဖိအားပေး လုပ်ဆောင်ကြဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကို အမေရိကန်အစိုးရက တိုက်တွန်း ပြောဆိုလိုက်ပြီး ရက်ပိုင်းအကြာမှာပဲ သံအမတ်ကြီး ဦးအောင်လင်းက အခုလို ပြောကြားလိုက်တာပါ။ မြောက်ကိုရီးယားနဲ့ မြန်မာဆက်ဆံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သံအမတ်ကြီး ဦးအောင်လင်းကို မအင်ကြင်းနိုင်က စတင် မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။
မြောက်ကိုရီးယားနဲ့ မြန်မာဆက်ဆံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သံအမတ်ကြီး ဦးအောင်လင်းကို မအင်ကြင်းနိုင်က စတင် မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။ 

သံအမတ်ကြီး။ ။ ကျနော်တို့ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားလို့ခေါ်တဲ့ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတ နိုင်ငံဟာ သံတမန် အဆက်အသွယ်ရှိပါတယ်။ သို့ရာတွင် မြောက်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ပြုံယမ်းမှာတော့ မြန်မာသံရုံး ဖွင့်လှစ်ထားခြင်းမရှိပါဘူး။ မြောက်ကိုရီးယားဆိုင်ရာ မြန်မာသံအမတ်ကြီးကိုတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး ကနေ တွဲပြီးတော့ တာဝန်ထမ်းဆောင်ပါတယ်။ ဒါကြောင့် မြောက်ကိုရီးယားနိုင်ငံမှာ ကျနော်တို့ မြန်မာသံရုံးမရှိပါဘူး ခင်ဗျ။
အင်ကြင်းနိုင်။  ။ မြောက်ကိုရီးယားနဲ့ မြန်မာ သံတမန်ရေး ဆက်ဆံရေးကရော အခု ဘယ်လိုရှိပါသလဲရှင့်။

သံအမတ်ကြီး။ ။ နိုင်ငံတကာ ဆက်ဆံရေးမှာ မြန်မာနိုင်ငံက နိုင်ငံခြားရေးဝါဒကို အကောင်အထည်ဖေါ်တဲ့နေရာမှာ နိုင်ငံအားလုံးနဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ထောင်မယ်ဆိုတဲ့ နိုင်ငံခြားရေးဝါဒကို အကောင်အထည်ဖေါ်နေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ မြောက်ကိုရီးယားနိုင်ငံကနေပြီးတော့ မြန်မာနိုင်ငံနဲ့ သူတို့ သံတမန်ဆက်သွယ်ရေး ပြုလုပ်ချင်ပါတယ်ဆိုပြီးတော့ သူတို့ ကမ်းလှမ်းတဲ့ဟာကို ကျနော်တို့ တုန့်ပြန်တဲ့ အနေနဲ့ သံတမန်အဆက်အသွယ်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီလို ပြန်ပြီးတည်ထောင်တဲ့နေရာမှာ ပြောရမယ်ဆိုရင် ၁၉၈၃ခုနှစ်မှာ ကျနော်တို့ ဖြစ်ရပ် တခု ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် ကျနော်တို့ဟာ မြောက်ကိုရီးယားနဲ့ သံတမန်အဆက်အသွယ် ဖြတ်ခဲ့ပါတယ်။ သို့ရာတွင် ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ သူတို့ဘက်ကနေပြီးတော့ သံတမန်အဆက်အသွယ်ပြန်လည် စတင်ဖို့ ကမ်းလှမ်းခဲ့တာကို ကျနော်တို့ တုန့်ပြန်တဲ့အနေနဲ့ သံတမန်အဆက်အသွယ် ကျနော်တို့ ပြန်လည် စတင်ခြင်းဖြစ်ပါတယ်။
အင်ကြင်းနိုင်။။အခုမြောက်ကိုရီးယားသံအမတ်အဆင့်ကတော့ မြန်မာနိုင်ငံမှာရှိနေတာပေါ့နော်။
သံအမတ်ကြီး။။ဟုတ်ပါတယ်။
အင်ကြင်းနိုင်။ ။အဓိက မြန်မာဘက်က mission က မြောက်ကိုရီးယားမှာ သွားပြီးမထားတဲ့အကြောင်းအရင်းကရော ဘာကြောင့်ပါလဲရှင့်။

သံအမတ်ကြီး။။ မထားတဲ့အကြောင်းအရင်းကတော့ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးမှာဆိုရင် သံတမန်နဲ့ဆက်သွယ်ရေးမှာ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ အခုဆက်ဆံရေးမှာ မရှိသလောက်ပါပဲ။ မရှိဘူးဆိုတာကလည်း အားလုံးသိကြတဲ့အတိုင်း ကုလသမဂ္ဂ လုံခြံရေးကောင်စီကနေပြီးတော့ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီးတော့ စီးပွားရေးပိတ်ဆို့မှုတွေရှိပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေမှာ နိုင်ငံအားလုံးကနေလိုက်နာဖို့ဆိုပြီးတော့ကုလသမဂ္ဂ လုံခြံရေးကောင်စီကဆုံးဖြတ်ချက်တွေနဲ့ ချမှတ်ထားတဲ့အတွက် ကျနော်တို့အနေနဲ့ကလည်း ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတနိုင်ငံအနေနဲ့ ပြုလုပ်ထားတဲ့စီးပွားရေးအဆက်အသွယ်တွေကို ကုလသမဂ္ဂ လုံခြံရေးကောင်စီက ဆုံးဖြတ်ချက်တွေနဲ့အညီ ကျနော်တို့ ဆောင်ရွက်ခြင်းမရှိပါဘူး။ အဲဒါကြောင့်မို့လို့ မြောက်ကိုရီးယားနိုင်ငံမှာ သံရုံးဖွင့်ထားခြင်းမရှိတာဖြစ်ပါတယ်။ ၂ နိုင်ငံက ပြည်သူတွေကလည်း ၂ နိုင်ငံအကြားမှာ သွားလာတာကလည်း ဒီလောက်မရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
အင်ကြင်းနိုင်။ ။ပြီးခဲ့တဲ့အပတ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Tillerson နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး တွေ့တယ်။ နောက်မြန်မာဘက်ကလည်း အမျိုးသားလုံခြုံရေးအကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းလည်း တတ်ရောက်တဲ့အခါကျတော့ အဲဒီမှာ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီးတော့ အမေရိကန်ဘက်က ဘယ်အချက်တွေကို အာဆီယံဘက်က လုပ်ပေးနိုင်မလဲဆိုတဲ့ အပိုင်းဆွေးနွေးတဲ့ အခါမှာ မြောက်ကိုရီးယားနဲ့ သံတမန်ရေးလျှော့ချဖို့ ကိစ္စတို့ နောက်ပြီးတော့ မြောက်ကိုရီးယားနဲ့ စီးပွားရေးဆက်ဆံရေး၊ ကုန်သွယ်မှုတွေကို ပိတ်ဆို့ဖို့ သူတို့တိုက်တွန်းတာမျိုးလည်းရှိခဲ့တော့ ဒီအပေါ်မှာရော သံအမတ်ကြီးတို့ သဘောထားတွေရော ဘယ်လိုရှိပါသလဲရှင့်။

သံအမတ်ကြီး။ ။ကောင်းပါပြီ ဒီအစည်းအဝေးဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်တို့တွေ့ဆုံတဲ့ အစည်းအဝေးပါ။ အမေရိကန်အစိုးရ အသစ်တက်ရောက်ပြီးတဲ့နောက်ပိုင်း ပထမဆုံးတွေ့တဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးဖြစ်ပါတယ်။ အဲဒီအစည်းအဝေးမှာ ဒေသဆိုင်ရာ ကိစ္စတွေကိုဆွေးနွေးတဲ့အခါမှာ မြောက်ကိုရီးယားနိုင်ငံကိစ္စတွေလည်း ပါပါတယ်။ မြောက်ကိုရီးယားနိုင်ငံကိစ္စပါတဲ့နေရာမှာ အမေရိကန်နိုင်ငံက မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး သူတို့ရင်ဆိုင်ရတဲ့ ကိစ္စတွေ ပြောတယ်။ ပြောတဲ့နေရာမှာ သူကနေပြီးတော့ဆက်လက်ပြီးဆောင်ရွက်သွားမယ့် ကိစ္စတွေကို အာဆီယံနိုင်ငံတွေကို မိတ်ဆွေနိုင်ငံအနေနဲ့ သတ်မှတ်ပြီးတော့ သူတို့ဘက်ကနေပြီးတော့ ထောက်ခံပေးပါဆိုပြီးပြောတာ ရှိပါတယ်။မြောက်ကိုရီးယားနိုင်ငံအပေါ်ကို ကုလသမဂ္ဂ လုံခြံရေးကောင်စီမှာ လည်း သူတို့ဆုံးဖြတ်ချက်မူကြမ်းအသစ်ကိုလည်း တင်ဖို့ရှိပါတယ်။ တင်ပြီးတော့ သူတို့ဆုံးဖြတ်ချက်မူကြမ်းတွေကို အတည်ပြုပြီးတဲ့အခါကျရင် ဖြစ်ပေါ်လာမယ့်ဟာတွေကိုလည်း အာဆီယံနိုင်ငံ တွေကနေပြီးတော့ ထောက်ခံပေးပါလို့ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ အရင်ကဆုံးဖြတ်ထားတဲ့ ကုလသမဂ္ဂ လုံခြံရေးကောင်စီ ဆုံးဖြတ်ချက်တွေကိုလည်း လိုက်နာပါမယ်ဆိုပြီးတော့ ကတိက၀တ်ပေးပြီး သားဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ဆုံးဖြတ်ချက်အသစ်တွေကို ချမှတ်ပြီးတဲ့အခါဆိုရင်လည်း ဆုံးဖြတ်ချက် အသစ်တွေကိုမူတည်ပြီးတော့ ကုလသမဂ္ဂ လုံခြံရေးကောင်စီ ဆုံးဖြတ်ချက်တွေဖြစ်မယ်ဆိုရင်တော့ အဖွဲ့ဝင်တွေက လိုက်နာဖို့တာဝန်ရှိတာနဲ့အညီ ကျနော်တို့လည်း လိုက်နာဖို့ရှိပါတယ်။
အင်ကြင်းနိုင်။ ။နောက်ဆုံးအချက်ကတော့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မူကိစ္စကို မြန်မာနိုင်ငံ ဘက်ကရော ဘယ်လိုသဘောထားရှိပါသလဲရှင့်။

သံအမတ်ကြီး။ ။မြန်မာနိုင်ငံရပ်တည်ချက်ကတော့ ရှင်းလင်းပါတယ်။ မြောက်ကိုရီးယားနိုင်ငံက ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်တဲ့အညီ ကုလသမဂ္ဂ လုံခြံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့လိုအပ်ပါတယ် ဆိုတာကို ယခင်ကလည်းပြောပါတယ်။ ယခုလည်းပြောပါတယ်၊ နောင်လည်းပြောဖို့ ရှိပါတယ်။မြန်မာနိုင်ငံက ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်တဲ့အတွက်ကြောင့် လုံခြံရေးကောင်စီ ဆုံးဖြတ်ချက်တွေ ချမှတ်ထားတာကို လိုက်နာပါတယ်ဆိုတာကိုလည်း ပြတ်ပြတ်သားသားပြောခဲ့ပါတယ်။ ကျန်တဲ့နိုင်ငံတွေ ကိုလည်း လိုက်နာဖို့မျှော်လင့်ပါတယ်ဆိုတာလည်း ပြောခဲ့ပါတယ်ခင်ဗျ။
အင်ကြင်းနိုင်။ ။ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်။အခုလိုဖြေပေးတာ။

သံအမတ်ကြီး။ ။ ကျနော်လည်း ကျေးဇူးတင်ပါတယ်။
Share:

အမှိုက်ပုံးထဲကရွှေ(သို့)ကျန်းမာရေးအတွက်နတ်ဆေးတစ်ခွက်


စာဖတ်သူတော်တော်များများက ကျွန်တော့်လိုဘဲ ကြက်သွန်နီမလှီးခင်မှာ အခွံတွေကို ခွာပစ် တက်ကြမှာပါ။ပြီးတော့ အဲ့ဒီအခွံတွေကို အမှိုက်ပုံးတွေ၊အမှိုက်အိတ်တွေထဲ လွှင့်ပစ်တက်ကြမှာပါ ။ဖြစ်နိုင်ပါတယ်။ဘာလို့ဆိုတော့ စစ်တမ်းတွေအရ ဥရောပနိုင်ငံတွေမှာဆိုရင် ကြက်သွန်နီအခွံပေါင်း တန် ၅သိန်းကိုနှစ်စဉ်နှစ်တိုင်းလွှင့်ပစ်နေကြပါတယ်။ဒါပေမယ့် ကြက်သွန်နီအခွံတွေရဲ့တန်ဖိုးကို သိလိုက်ရတဲ့ အခါမှာတော့စာရေးသူကိုယ်တိုင်ကိုက နောက်တခါကြက်သွန်နီလှီးတိုင်း အခွံတွေကိုခွာပြီးတော့ မလွှင့်ပစ်တော့ဖို့ ကို စဉ်းစားနေပါပြီ။သင်သိပါသလား?ကြက်သွန်နီအခွံတွေမှာပါတဲ့ ဓာတ်တွေက သင့်ရဲ့ ခန္ဓာကိုယ်အတွက်ကောင်းကျိုးဖြစ်စေတယ်ဆိုတာကိုပေါ့။သုတေသနပညာရှင်တွေကတော့ အဲ့ဒီကြက်သွန်နီအခွံတွေမှာ ပါတဲ့ antioxidant တွေဟာဆိုရင် သွေးလည်ပတ်အားကောင်းစေပြီးတော့ နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း လျော့နည်းစေတယ်ဆိုတာကိုသက်သေပြခဲ့ကြပါတယ်။ကြက်သွန်နီအခွံရဲ့ တန်ဖိုးရှိတဲ့အချက်တွေကို ပြောပြပါ့မယ်။


(၁) ကိုလက်စတောကိုထိန်းညှိပေးပါတယ်။
Dr.Victor Gurewich ရဲ့ပြောကြားချက်အရ ကြက်သွန်နီ(သို့) ကြက်သွန်နီအခွံကိုစားသုံးတဲ့ ကိုလက်စတောကျနေတဲ့လူနာတွေကို ကောင်းမွန်တဲ့ ကိုလက်စတောရောက်အောင်ကူညီပေးနိုင်ပါတယ်။တိုင်းတာသူတွေကတော့ ကြက်သွန်နီ(သို့)ကြက်သွန်နီအခွံတွေကို ၂လကနေ ၃အထိစားသုံးတဲ့သူတွေဟာ သူတို့ရဲ့ HDL လယ်ဗယ်ကို ပျမ်းမျှအားဖြင့် ၃၀ ရာခိုင်နှုန်းထိရောက်အောင် ထိန်းညှိပေးနိုင်တယ်ဆိုပြီး သက်သေပြနိုင်ခဲ့ပါတယ်။
(၂) သွေးပေါင်ချိန်ကိုကာကွယ်ပေးတယ်။
နောက်ထပ်သက်သေပြချက်ကတော့ ကြက်သွန်နီအခွံတွေမှာပါတဲ့ အရာဝတ္ထုတွေဟာဆိုရင် သွေးအားလျော့နည်းတဲ့သူတွေကို များလာစေနိုင်ပြီးတော့ သွေးတိုးနေတဲ့သူတွေကိုကျတော့ သွေးကျစေနိုင်ပါတယ်တဲ့။
(၃) ရောဂါဖြစ်ပွားမှု့တွေကနေလျော့ကျပေးစေနိုင်တယ်။
သုတေသနပညာရှင် Vanesa Benitez ဆိုသူကတော့ ကြက်သွန်နီအခွံကိုစားသုံးတဲ့သူတွေဟာ အူမကြီးကင်ဆာလိုမျိုး၊ဆီးချိုရောဂါလိုမျိုးတွေနဲ့ နှလုံးရောဂါတွေကိုကာကွယ်နိုင်တယ်လို့ပြောပါတယ်။ကြက်သွန်နီအခွံမှာပါတဲ့ phenolic ဓာတ်ပေါင်းဟာ နှလုံးရောဂါနဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကိုကာကွယ်ပေးထားနိုင်တာပါ။

(၄) Antioxidants ပြည့်ဝစွာပါဝင်တယ်။
ကြက်သွန်နီအခွံတွေမှာ antioxidants ပြည့်ဝစွာပါဝင်တာကြောင့်မို့လို့ သင့်ရဲ့ခန္ဓာကိုယ်ကို အလွန်ကောင်းမွန်စေပြီးတော့ ရောဂါဘယတွေကနေလည်းကင်းဝေးစေနိုင်ပါတယ်။
(၅) အ၀လွန်တာကိုလည်း ကာကွယ်ပေးတယ်။
ဆရာဝန်ကြီး Vanesa ရဲ့ပြောပြချက်အရ ကြက်သွန်နီအခွံဟာ အ၀လွန်ရောဂါခံစားနေရတဲ့သူတွေနဲ့ နှလုံးရောဂါခံစားနေရတဲ့သူတွေကိုလည်း သက်သာပျောက်ကင်းစေနိုင်တယ်လို့ပြောပါတယ်။
(၆) ဆံပင်ကိုလည်း သန်စေတယ်။
ကြက်သွန်နီအခွံမှာ ဆာလဖာလည်းပြည့်ဝစွာပါဝင်တာကြောင့် ဆံပင်ကိုကောင်းမွန်စေပြီး ကြီးထွားသန်မာစေနိုင်ပါတယ်။ပြီးတော့ ကြက်သွန်နီအခွံတွေကိုဆံပင်ဆိုးဆေးတွေအစာလည်းအသုံးပြုနိုင်ပါသေးတယ်။


ကြက်သွန်နီကိုစားခိုင်းနေတာကြောင့် စစပြီးစားမယ့်သူတွေကအခက်အခဲတွေ့နိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ အဆင်ပြေအောင်စားသုံးလို့ရမယ်နည်းလမ်းလေးတွေကိုပါတပါတည်းပြောပြလိုက်လို့ရပါတယ်။အကောင်းဆုံးနှင့်အရသာအရှိဆုံးနည်းလမ်းကတော့ ကြက်သွန်နီအခွံတွေကိုဒီအတိုင်းမစားနိုင်ရင် အချဉ်ရည်နှင့်ဘဲဖြစ်ဖြစ်တူတူတွဲဖက်စားသုံးပေးပါ။နောက်တစ်နည်းကတော့ ကြက်သွန်နီအခွံတွေကို ရေနဲ့ ၁၀မိနစ်ကနေ ၁၅မိနစ်ကြားလောက်ပြုတ်ထားပေးပြီးတော့ ရလာတဲ့ အရည်တွေကို အားစိုက်သောက်ပေးပါ။ တခုသတိထားရမှာက ကြက်သွန်နီတွေကို စိုက်ခင်း(သို့)ဈေးကွက်တွေထဲမှာ အော်ဂဲနစ်ဓာတ်ပေါင်းတွေ ဖြန်းထားနိုင်တာကြောင့်သေချာဆေးကြောပြီးမှ ပြုတ်သောက်တာကောင်းပါ တယ်။ ကဲ၊ဒီလိုဆိုရင်တော့ ကြက်သွန်နီအခွံက အမှိုက်ဖြစ်ရတာထက်စာရင်တော့ အများကြီးပိုပြီး အသုံးဝင်တာသိသွားလောက်ပါပြီ။ဒါ့ကြောင့် ဒီလောက်ကောင်းတဲ့နည်းလမ်းတွေကို ကိုယ့်ရဲ့ချစ်သူ ခင်သူတွေလည်းသိရအောင် share ပေးကြရင်းနှင့် ပိုမိုကျန်းမာတဲ့ လောကကြီးကို အတူတူတည်ဆောက်ကြပါစို့။
Share:

ပြင်သစ်သမိုင်းမှာ အသက်အငယ်ဆုံး သမ္မတဖြစ်လာတဲ့ Emmanuel Macron

မနေ့က ကျင်းပခဲ့တဲ့ ပြင်သစ်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာတော့ အသက် ၃၉ နှစ်သာ ရှိသေးတဲ့ Emmanuel Macron ဟာ သူ့ပြိုင်ဘက်ဖြစ်တဲ့ လက်ယာပါတီဖြစ်တဲ့ (National Front ) က Marine Le Pen  ကို မဲအပြတ်အသတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အတိအကျပြောရရင်တော့ Macron က မဲပေးတဲ့ အရေအတွက်ရဲ့ ၆၆ ရာခိုင်နှုန်း၊ Le Pen က ၃၄ ရာခိုင်နှုန်း မဲရရှိပြီး အနိုင်ရရှိသွားခဲ့တာပါ။
Emmanuel Macron

ဒီလို မဲရလဒ်ထွက်ပေါ်လာပြီး ၁၅ မိနစ်အကြာမှာပဲ Le Pen က Macron ဆီ အနိုင်ရရှိမှုအတွက် ဂုဏ်ပြုစကားကို ချက်ချင်းဖုန်းဆက်ပြီး ပြောကြားခဲ့ပါတယ်။ Macron ကိုယ်တိုင်လည်း ဒီအောင်ပွဲအတွက် သူ့ကို ထောက်ခံအားပေးတဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေနဲ့ ပြင်သစ်မှာ ရှိတဲ့ Louvre Museum အပြင်ဘက်မှာ တနင်္ဂနွေနေ့ညက အောင်ပွဲခံခဲ့ပါတယ်။
Macron, 39, raised his hands as thousands of his supporters waved French flags and listened to him say that he will 'defend the spirit of the enlightenment everywhere'
တကယ်တော့ Macron ဟာ  ဒီဇင်ဘာလ ၂၁ ရက် ၁၉၇၇ ခုနှစ်မွေးတာ ဖြစ်တဲ့ အတွက် အသက် ၃၉နှစ်သာ ရှိသေးပြီး ပြင်သစ်သမိုင်းတလျှောက် အသက်အငယ်ဆုံးသမ္မတဖြစ်လာခဲ့ပါတယ်။ အရင်က ဘဏ်လုပ်ငန်းရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်ခဲ့တဲ့ Macron ဟာ Paris Nanterre University မှာ အတွေးအခေါ်ပညာ (Philosophy)  ကို လေ့လာသင်ကြားခဲ့ပြီး Paris Institute of Political Studies တက္ကသိုလ်ကနေ master’s of public affairs ကို သင်ကြားပြီးမြောက်ခဲ့ပါတယ်။
ဘွဲ့ကိုတော့ École nationale d’administration (National School of Administration) ကနေ ၂၀၀၄ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ ပြင်သစ်အထွေထွေဘဏ္ဍာရေးဌာန (Inspectorate General of Finances -IGF)  မှာ ဘဏ္ဍာရေးမှူးအနေနဲ့ တာဝန်ယူပြီးတဲ့အချိန်မှာ Rothschild & Cie Banque ဘဏ်မှာ ဘဏ္ဍာရေးရင်းနှီးမြှပ်နှံသူ ဖြစ်လာခဲ့ပါတယ်။

၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ Socialist Party (PS) မှာ ပါတီဝင်တစ်ယောက်ဖြစ်ခဲ့ပြီးတော့ ၂၀၁၂ ခုနှစ် သမ္မတ  François Hollande လက်အောက်မှာတော့ လက်ထောက်အထွေထွေအတွင်းရေးမှုးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး ဝန်ကြီးချုပ် Manuel Valls လက်ထက် ၂၀၁၄ ခုနှစ်မှာတော့ စီးပွားရေး၊စက်မှုနဲ့ ဒစ်ဂျစ်တယ်ရေးရာဝန်ကြီး အဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် သြဂုတ်လ ၂၀၁၆ ခုနှစ်မှာပဲ သမ္မတရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက် အဲဒီရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။
Emmanuel Macron's family life

Macron ရဲ့ မိသားစုဘဝကတော့ သူ့ထက် အသက် ၂၄ နှစ်ကြီးတဲ့ Brigitte Trogneux နဲ့ လက်ထပ်ထားပြီး Brigitte ဟာ လက်ရှိ Lycée Saint-Louis-de-Gonzague ကျောင်းမှာ စာသင်ကြားနေသူဖြစ်ပါတယ်။ Macron နဲ့ Brigitte တွေ့ဆုံပုံကတော့ာ အာမြန် (Amiens) မြို့မှာ ရှိတဲ့ La Providence အထက်တန်းကျောင်းမှာ Brigitte က ဆရာမ ၊ Macron ကတော့ ကျောင်းသားလေးအဖြစ်နဲ့ တွေ့ရှိခဲ့ကြတာပါ။ အဲဒီတုန်းကတော့ Macron က အသက် ၁၅ နှစ် ၊ Brigitte ကတော့ အသက် ၃၉နှစ်အရွယ်ပေါ့။  သူတို့ဟာ ၂၀၀၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ခုထက်ထိ ရွှေလက်တွဲမြဲနေဆဲပါပဲ။

ဗြိတိန်ရဲ့ EU ကနေ ခွဲထုတ်ခဲ့မှု၊ US မှာ Donald Trump ရဲ့ မထင်မှတ်ထားတဲ့ သမိုင်းဝင်အောင်ပွဲတွေကြောင့် ပြင်သစ်ရွေးကောက်ပွဲဟာ ကမ္ဘာတစ်ဝှမ်းလုံး စောင့်ကြည့်မှုကို ခံခဲ့ရပြီး လက်ယာယိမ်းအမျိုးသားရေးဝါဒီတွေရဲ့ လှိုင်း ဘယ်လောက်တောင် မြင့်တက်လာလဲဆိုတာကို စမ်းသပ်မှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ လက်ယာပါတီသမ္မတလောင်းကို ဖြုတ်ချခဲ့နိုင်ပြီး Macron သမ္မတအဖြစ်နဲ့ ရွေးချယ်ခံခဲ့ရပါပြီ။ “ဒီငါးနှစ်အတွင်း အစွန်းရောက်တွေကို မဲပေးစရာအကြောင်းပြချက်တစ်ခုမှ မရှိရလေအောင် ကျွန်တော်လုပ်နိုင်သမျှ အရာရာအားလုံးကို လုပ်ဆောင်မှာ ဖြစ်တယ်” လို့ သူကတိပေးခဲ့တဲ့အတိုင်း ဖြစ်လာမှာလား။ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ပြင်သစ်ရဲ့ နိုင်ငံရေးလမ်းကြောင်းမှာ ဒီအသက်အငယ်ဆုံး သမ္မတအသစ်က ဘာတွေ ဘယ်လို  လုပ်ဆောင်နိုင်မလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ကြရမှာပေါ့ ခင်ဗျာ။
Share:

လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးတစ်ဦး နောက်ယောင်ခံလိုက် နှောက်ယှက်ခံရ

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပန်းတောင်းမြို့နယ်မှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးတစ်ဦး နောက်ယောင်ခံလိုက် နှောက်ယှက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ နှောက်ယှက်ခံရသူ ပန်းတောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပပဟန်က ပြောပါတယ်။
အဆိုပါပန်းတောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟာ မေလ(၇)ရက်က ပြည်မြို့မှာပြုလုပ်တဲ့ (၂၁)ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ ထောက်ခံပွဲကိုတက်ရောက်ဖို့ ပန်းတောင်းမြို့ကနေ ပြည်မြို့ကို ဆိုင်ကယ်နဲ့ တစ်ဦးတည်းထွက်လာရာမှာ ပြည်မြို့ န၀ဒေးတံတားနဲ့ ဆင်တဲကျေးရွာအကြား တောင်ပတ်လမ်းနေရာအရောက်မှာ နှောက်ယှက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။
ခထ္ထိယကျေးရွာနဲ့ အဆိုပါတောင်ပတ်လမ်းမှာ ၂ မိုင်ခန့်ကွာဝေးပြီး နောက်ယောင်လိုက်ပြီး နှောက်ယှက်ခဲ့သူကို ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့က န၀ဒေးတံတား CCTV မှတ်တမ်းတွေမှတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့လို့ နှောက်ယှက်သူဟာ ပန်းတောင်းမြို့နယ်၊ ကျေးရွာတစ်ရွာက အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်ဆိုတာ သိရှိခဲ့ရပါတယ်။
အဆိုပါလူငယ်ရဲ့ ပန်းတောင်းမြို့မ ရဲစခန်းမှာ ထွက်ဆိုချက်အရ ရည်ရွယ်ချက်ရှိရှိပြုလုပ်တာ မဟုတ်ဘဲ  လမ်းမလွတ်လို့ တွန်းထိုးလိုက်တာလို့ပြောဆိုထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်က ပြောဆိုရာမှာတော့  လမ်းတစ်လမ်းလုံးမှာ သူတို့ဆိုင်ကယ်နှစ်စီးသာရှိတယ်လို့ ပြောဆိုပါတယ်။
နှောက်ယှက်ခံရသူ ပန်းတောင်းမြို့နယ် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က အဆိုပါကိစ္စကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြသွားမယ်လို့ဆိုပါတယ်။
Share:

ရခိုင်ကော်မရှင်နှင့် ဘာသာရေးခေါင်းဆောင်များ တံခါးပိတ်တွေ့ဆုံ

  • 18301239_1383211678408015_8859904303550298924_n
  • 18341811_1383211648408018_3225753869077368944_n
  • 18342743_1383211618408021_5233082430734424159_n
  • 18342800_1383211675074682_1895422458978494865_n

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဟာ ဒေါက်တာအရှင်ဆေကိန္ဒ အပါအ၀င် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေကို  ဒီကနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရှန်ဂရီလာဟိုတယ်မှာ သီးခြားစီ တွေ့ဆုံနေပါတယ်။
အခုလိုတွေ့ဆုံရာမှာ ရခိုင်ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားတွေနဲ့ အစ္စလာမ် ဘာသာဝင်တွေ အတူတကွဘယ်လို ဆက်လက်နေထိုင်သင့်သလဲ ဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးကြမှာဖြစ်သလို နှစ်ဖက်ဘာသာရေးခေါင်းဆောင်တွေရဲ့ အကြံပြုချက်တွေကို ရယူ သွားမယ်လို့ သိရပါတယ်။
ဒါပေမယ့် သတင်းမီဒီယာတွေကို သတင်းရယူခွင့်မပြုဘဲ တံခါးပိတ်တွေ့ဆုံနေကြတာ ဖြစ်လို့ တွေ့ဆုံဆွေးနွေးတဲ့အကြောင်းအရာ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် သြဂုတ်လက စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခုနှစ်မတ်လမှာ ကြားဖြတ်အစီရင်ခံစာ တစောင်မြန်မာအစိုးရကို တင်သွင်းခဲ့ပါတယ်။
Share:

08 May, 2017

လန်ဒန်မြို့တော်ဝန်ဆုပေးပွဲနှင့် ဆန္ဒပြကန့်ကွက်မှု


လန်ဒန်မြို့မှာရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို Freedom of the City ဂုဏ်ထူးဆောင်ဆု ချီးမြှင့်တဲ့ ဒီကနေ့မှာပဲ ဒေါ်စုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြသလို၊ ထောက်ခံတဲ့ Online လှုပ်ရှားမှုတွေလည်း လုပ်ခဲ့ကြပြီး လန်ဒန်ရောက် မြန်မာနိုင်ငံသားတွေကြားမှာ အကွဲကွဲအပြားပြားဖြစ်နေခဲ့ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လန်ဒန်မြို့တော်ဝန်နဲ့ မြို့တော်ကောင်စီက Freedom of the City ဂုဏ်ထူးဆောင်ဆုကို ဒီကနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ ချီးမြှင့်ခဲ့တာပါ။ ၁၃ ရာစုနှစ် ကတည်းက အစဉ်အဆက် ချီးမြှင့်လာခဲ့တဲ့ အဲဒီဆုကို လန်ဒန် Guildhall ခမ်းမမှာ ချီးမြှင့်တာ ဖြစ်ပါတယ်။ အဲဒီဆုပေးပွဲ အခမ်းအနားနဲ့ မလှမ်းမကမ်းမှာပဲ ဗြိတိန်ရောက် ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေနဲ့ ကချင်လူမှုအဖွဲ့အစည်းတွေက သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။
လန်ဒန် ဆန္ဒပြကန့်ကွက်မှု
လန်ဒန် ဆန္ဒပြကန့်ကွက်မှု
“ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်လွတ်မြောက်ဖို့ ကျနော်တို့ အမျိုးမျိုးကြိုးစားခဲ့တယ်။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာတဲ့အချိန်မှာ တိုင်းရင်းသား လူနည်းစုတွေကို သစ္စာဖောက်တယ်။ စစ်တပ်နဲ့ ရင်ကြားစေ့ရေးဆိုတဲ့ မအောင်မြင်တဲ့ လုပ်ရပ်ကို အကြောင်းပြုပြီး တိုင်းရင်းသားတွေကို လစ်လျူရှု့ခဲ့တယ်။ ဘာသာခြားတွေကို လစ်လျူရှု ခဲ့တယ်။ မနေ့တနေ့ကပဲ သာကေတမှာ ဗလီ ၂ ခု ပိတ်ခံရတယ်။ မြန်မာနိုင်ငံ အနှံ့မှာရှိတဲ့ မွတ်စလင်တွေ ၀တ်ပြုဖို့ ဗလီတွေ အပိတ်ခံရတယ်။ ဒေါ်အောင်ဆန်းစုကြည် လူလိမ် ဖြစ်တယ်။ Suu Kyi is Liar … “
ဆန္ဒပြသူတွေဟာ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ဖိနှိပ် ချုပ်ခြယ် ခံနေရတဲ့ ကိစ္စကို ဝေဖန်ထောက်ပြ ခဲ့ကြသလို၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေတဲ့ ကိစ္စ နိုင်ငံတကာ စုံစမ်းရေးအဖွဲ့တွေ ဝင်ရောက် စစ်ဆေးခွင့်ပေးဖို့ ကိုလည်း တောင်းဆို ခဲ့တာပါ။
လန်ဒန်အခြေစိုက် ကချင်လူမှုအဖွဲ့အစည်း KCUK ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်တွေကို ကိုယ်စားမပြုကြောင်းနဲ့ ကချင်လူထု အကျိုးစီးပွားကို ဆန့်ကျင်မယ့် ဗြိတိန်ရဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ၊ မြန်မာစစ်တပ်ကို ထောက်ခံမှုပေးမယ့် ဗြိတိန်ဘုရင့် တပ်မတော်ရဲ့ ဘယ်လို အထောက်အပံ့မျိုးကိုမှ လက်မခံ ကန့်ကွက်ကြောင်း KCUK ရဲ့ကြေညာချက်မှာ ဖေါ်ပြ ထားပါတယ်။ KCUK အဖွဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ လခွန်လဖိုင် ဇော်လီက သူတို့ဆန္ဒပြရတဲ့ အကြောင်းကို ပြောပါတယ်။
“နံပတ် ၁ အချက်အနေနဲ့ကတော့ UK မှာရှိတဲ့ ကချင်လူထုကို ကိုယ်စား မပြုဘူးဆိုတဲ့ အကြောင်းကို ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကနေ့ သူက Award တခုကို လက်ခံ မှာပေါ့နော်၊ နောက် ဘုရင်မနဲ့လည်း တွေ့တယ်ဆိုတော့ ဒီသူတို့ စီးပွားရေးတွေ ဘာတွေ လုပ်လာနိုင်တယ် ကချင်ပြည်နယ်မှာပေါ့နော်။ ဆိုတော့ ဒီစီးပွားရေးကို ကချင်ပြည်နယ် မငြိမ်းချမ်းသေး ခင်မှာပေါ့နော် မလုပ်ကြဖို့ ဒါတွေ အဓိကအကြောင်း အနေနဲ့ ပါဝင်တယ်လို့ ပြောချင်တယ်။ အားမလို အားမရဖြစ်တယ် ဆိုတာကတော့ ဥပမာ ဒီ NCA ကိုလက်မှတ်ထိုးဖို့ တဖက်သတ်ပြောတယ်လို့ ကျနော်တို့မြင်တယ်။ တကယ်တမ်း ဆိုရင်တော့ တိုက်ပွဲဖြစ်နေတဲ့ ၂ဖက်ပေါ့နော် ၊ အစိုးရ စစ်တပ်ကိုရော၊ လက်နက်ကိုင် စစ်တပ်ကိုရော ၂ဖက်စလုံးကို မျှမျှတတ အတိုင်ပင်ခံ ပုဂ္ဂိုလ်တဦးအနေနဲ့ ပြောရင်တော့ ပိုပြီးမှ စွက်ဖက်လို့ရတဲ့ အတိုင်းအတာ တခုအနေနဲ့ အထိတော့ စွက်ဖက်စေချင်ပါတယ်။”
တဖက်က ဆန္ဒပြ ကန့်ကွက်မှုတွေ ရှိနေချိန်မှာပဲ ဗြိတိန်မှာရှိတဲ့ မြန်မာလူမှုအသင်း ကလည်း အဲဒီလို ဆန္ဒပြတာတွေကို ကန့်ကွက်လိုက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည် လုပ်ဆောင်မှုတွေကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ We Stand with you ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ တန်ပြန် လှုပ်ရှားမှုတခုအတွက် Online ကနေ လက်မှတ်ကောက်ခံ ခဲ့ရာမှာ စုစုပေါင်း ၄-ထောင်ကျော် ရရှိခဲ့ပြီး လန်ဒန်မြို့တော်ဝန်ဆီ ဒီလက်မှတ်တွေ ပေးပို့သွားမယ်လို့ မြန်မာလူမှုအသင်း တာဝန်ခံတဦးဖြစ်တဲ့ ကိုမင်းဟိန်းက ပြောပါတယ်။
“အမေစုကို ဆန့်ကျင်ဆန္ဒပြတဲ့ ဒီရိုဟင်ဂျာအဖွဲ့နဲ့ ကချင်အဖွဲ့က မဟုတ်တာတွေ စွပ်စွဲ ပြီးတော့ လုပ်တော့ ကျနော်တို့အဲဒါကို မကျေနပ်လို့ ဒါကို ရှုံ့ချတဲ့ အနေနဲ့ Online ကနေ လက်မှတ် ကောက်ခံ ခဲ့တယ်။ အဲဒါအခု ၄ ထောင်ကျော် ရနေပြီပေါ့နော်။ သူတို့ အဓိကပြောတာကတော့ ဒီရခိုင်ပြည်နယ်မှာရှိတဲ့ လူတွေရဲ့အခက်အခဲတွေ ရှိတယ်။ အဲဒီအခက်အခဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်က သေချာ အသံမထွက်ခဲ့ဘူး၊ မကိုင်တွယ် ခဲ့ဘူးလို့ပြောလို့ တကယ်တော့ အမေစုက ဒေါက်တာကိုဖီအာနန် နဲ့ ကော်မရှင် အဖွဲ့ကို အကူအညီတောင်းပြီးတော့ စုံစမ်းစစ်ဆေးထားပါတယ်။ ပြီးသွားတော့ နောက်ပိုင်း NLD အစိုးရအနေနဲ့ ဒီအချက်အလက်တွေကို အကောင်အထည်ဖော်ဖို့လည်း လုပ်နေပါတယ်။ ဒီလုပ်နေတဲ့ အချိန်မှာ တဖက်သက် စွပ်စွဲပြီးပြောလို့ Online Campaign ကိုလုပ်ခဲ့တာပါ။”
ဒီ တန်ပြန်လှုပ်ရှားမှုကို လန်ဒန်မြို့တော်ဝန် Sadiq Khan ကလည်း ထောက်ခံပြီး ဒေါ်အောင်ဆန်းစုကြည် ဘက်က ရပ်တည်ကြောင်း ပြောထား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်ရောက် မြန်မာနိုင်ငံသား ၃၀၀ လောက်နဲ့ လန်ဒန်မြို့ Marylebone ဟိုတယ်မှာ မေလ ၉ရက် မနက်ဖြန် မနက်ပိုင်းမှာ တွေ့ဆုံဖို့ ရှိပါတယ်။
Share:

ကျန်းမာရေးနဲ့ ညီညွှတ်စွာ အမြန် ၀ိတ်ကျစေဖို့

Diet Plan တွေကို မစားနိုင်တဲ့ လူတွေ အတွက် ကိုယ်အလေးချိန် လျှော့ချပေးမယ့် လျို့ဝှက်ချက် တစ်ခုကို မျှဝေချင်ပါတယ်။ ဒါကတော့ လွယ်ကူပြီး အိမ်မှာတင် ပြုလုပ်လို့ ရတဲ့ ဖျော်ရည်လေး တစ်ခွက်ပါ။ တစ်လ အတွင်းမှာ ၁၀ပေါင်ကနေ ပေါင် ၂၀ အထိ ကျစေနိုင်မယ့် ဖျော်ရည်လေးဆိုလည်း မမှားပါဘူး။ ဒီဖျော်ရည်လေးကတော့ ပျားရည်၊ သံပုရာသီး၊ ဂျင်းနဲ့ရှားစောင်းလက်ပတ် တို့ကို ပေါင်းစပ်ပြီး သောက်ရပါမယ်။
honey
ပျားရည်ဟာ  ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ပေးစွမ်းနိုင်ပြီး အဆီတွေကို တိုက်ဖျက်ပေးဖို့အတွက် ကောင်းမွန်တဲ့ အရာပါ။
ginger
ဂျင်းကတော့ အဆီတွေ လောင်ကျွမ်းဖို့ ကူညီပေးပြီး အစာအိမ်ကို ကျန်းမာစေပါတယ်။ အစာချေဖျက်မှု စနစ်ကို အားပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။
lemon
သံပုရာသီး/သံပုယိုသီး ဟာ အင်တီအောက်ဆီးဒင့် ကြွယ်ဝစေတဲ့ အသီးဖြစ်ပြီး ဗီတာမင်စီ ပါဝင်မှု များပြားတဲ့ အသီးပါ။ အဆီကို လောင်ကျွမ်းဖို့ အတွက် အထိရောက်ဆုံး ကူညီပေးတဲ့ အသီးလည်း
ဖြစ်ပါတယ်။
aloe-vera
ရှားစောင်းလက်ပတ်ကတော့ ဆေးဖက်ဝင် အစွမ်းတွေ ရှိပြီး အသားအရေအတွက် ကောင်းမွန်စေတဲ့ အရာပါ။ သူဟာ ကိုယ်အလေးချိန် လျှော့ချရာမှာ ထိရောက်စွာ ကူညီပေးနိုင်ပါတယ်။ အစာကြေစေပြီး ကိုယ်တွင်းက အဆိပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ရှားစောင်းလက်ပတ်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ၇၅မျိုးအထက် ပါဝင်ပါတယ်။
ပါဝင်ပစ္စည်းများ
  • ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ဂျင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း (သို့) ဂျင်းတက် လက်တစ်ဆစ်စာ ထောင်းပြီး အရည်ညှစ်ပါ။
  • သံပုယိုသီး (သံပုရာသီးလည်း ရပါတယ်။ သံပုယိုသီးဆိုရင်တော့ ပိုကောင်းပါတယ်)အရည်ညှစ်ပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ရှားစောင်းလက်ပတ်ရည် ၂-၃ လက်ဖက်ရည်ဇွန်း (ရှားစောင်းလက်ပတ်ကို ခြစ်ပြီး ထည့်မယ် ဆိုရင် လည်း လက်ဖက်ရည်ဇွန်း ၃ဇွန်းထည့်ပါ)
  • ရေ ဖန်ခွက် တစ်ခွက်
ပြုလုပ်ပုံ
ပထမဦးစွာ ရှားစောင်းလက်ပတ်တွေကို ရေထဲထည့်ပြီး ကြေအောင် မွှေပေးပါ။ ဂျင်းနဲ့ သံပုရာရည်ထည့်ပါ။ နောက်ဆုံးမှ ပျားရည်ကို ထည့်ပြီး အားလုံးကို ရောသွားအောင် များများ မွှေပေးပါ။ သောက်ရမယ့် အချိန်ကတော့ မနက် အိမ်ယာထ ဘာအစာမှ မစားသေးခင် သောက်ရပါမယ်။ တစ်လလောက် နေ့တိုင်း သောက်ပေးပါ။ အနည်းဆုံး ၁၀ပေါင် ကျစေပါတယ်။
အစာအိမ် ဝေဒနာ ရှိသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေ အနေနဲ့ ဆရာဝန် ညွှန်ကြားချက်နဲ့ သောက်သင့်ပါတယ်။ ဒီဖျော်ရည်ကို သောက်နေစဉ်မှာ အဆီ၊ အစိမ့် စားတာ၊ fast food စားတာတွေကို ရှောင်ပေးမယ်ဆိုရင်တော့ ၁၅ပေါင်ကနေ ပေါင် ၂၀ ထိ ကျနိုင်ပါတယ်။ အားလုံးပဲ ကျန်းပြီး လှပကြပါစေ။
Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.