• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ကြားဖြတ်သတင်း. Show all posts
Showing posts with label ကြားဖြတ်သတင်း. Show all posts

19 September, 2018

တပ်မတော်ကို နိုင်ငံရေးကနေ ဖယ်ထုတ်ဖို့ ကုလ တိုက်တွန်း

■ မြန်မာနိုင်ငံမှာ လူမျိုးတုန်း သုတ်သင်ရှင်းလင်းမှုတွေအတွက် တာဝန်ရှိတဲ့ စစ်တပ် ထိပ်တန်းခေါင်းဆောင်   တွေကို အရေးယူပြီး၊ တပ်မတော်ကို နိုင်ငံရေးသြဇာရှိတဲ့ နေရာကနေ ဖယ်ရှားဖို့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်က ဒီနေ့ ပြောလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဒီနေ့ကျင်းပတဲ့ ၃၉ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် ညီလာခံမှာ လည်း နိုင်ငံတကာ လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင်၊ သြစတြေးလျနိုင်ငံသား Dominic Sidoti က…
“လူမျိုးတုန်းသုတ်သင်ရှင်းလင်းမှု၊ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေကို အခြေခံပြီး ဒီမိုကရေစီကို မတည်ဆောက်နိုင်ပါဘူး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီမရှိရင် ဖွံ့ဖြိုးရေး မဖြစ်နိုင်ဘူး ဆိုတာကို မြန်မာအနေနဲ့ သဘောပေါက်ပြီး ဖြစ်ပါတယ်၊ ဒီနှစ်ခုစလုံး ယိုယွင်းနေတာဟာ   မြန်မာ့ တပ်မတော်ကြောင့် ဖြစ်တယ်” … လို့ ပြောဆိုသွားပါတယ်။
အာဏာရ နိုင်ငံရေးပါတီဖြစ်တဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်ကို ဆက်သွယ်ရာမှာ တရုတ်ပြည်ခရီးစဉ် သွားနေတဲ့အတွက် ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်းတဲ့အခါ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။
“အထွေအထူးပြောစရာ ဘာမှမရှိဘူးဗျ၊ အချက်တစ်ချက်ပဲ ရှိတယ်၊ တပ်မတော်ဟာ အစိုးရလက်အောက်မှာ ရှိသင့်တယ်ဆိုတာ.. ကျနော်တို့ လိုချင်တာ ဒါပဲလေ။ ဒီဟာအတွက် ကျနော်တို့ အခုလို ဒီမိုကရေစီတိုက်ပွဲကို ဝင်ကြရတာလေ။ အခုလက်ရှိ ဖြစ်နေတာက တပ်မတော်က သီးခြားဖြစ်ပြီးတော့ ရာခိုင်နှုန်းနဲ့ ဝင်နေတာ၊ ဒါ ကျနော်တို့သဘောမှ မဟုတ်ပဲ၊ အရင်အစိုးရက လုပ်ဆောင်သွားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်း ဖြစ် ရတာလေ။ အဲဒီတော့ တပ်မတော်က အစိုးရလက်အောက်မှာ ရှိတယ်ဆိုရင် ကျနော်တို့ ကျေနပ်တာပေါ့ဗျာ”
အခုလို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရဲ့ တိုက်တွန်းချက်တွေ၊ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့   မြန်မာအစိုးရရဲ့ သဘောထားကို သိရဖို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို RFA က ဆက်သွယ်ခဲ့ပေမယ့် တယ်လီဖုန်း လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံတကာ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်အနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ရိုဟင်ဂျာတွေကိုရော၊ တရုတ်၊ ထိုင်းနဲ့ မလေးရှားရောက် တိုင်းရင်းသားတွေကိုပါ လိုက်လံတွေ့ဆုံပြီး ဘက်ပေါင်းစုံက စုံစမ်းပြီးမှ အခုအစီရင်ခံစာကို ထုတ်ပြန်လိုက်တာလို့ ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့က ပြောပါတယ်။
စက်တင်ဘာလ ၁၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ စာမျက်နှာ ၄၄၄ မျက်နှာပါတဲ့ အဲဒီအစီရင်ခံစာမှာ ကချင်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့ စုံစမ်းတွေ့ရှိချက်တွေကို အသေးစိတ် အချက်အလက်တွေနဲ့အတူ ဖော်ပြထားပါတယ်။
မြန်မာအစိုးရနဲ့ တပ်မတော်ကတော့… ရိုဟင်ဂျာတွေ ထွက်ပြေးသွားတဲ့ဖြစ်ရပ်ဟာ အာဆာ အကြမ်းဖက်အဖွဲ့ကို ရှင်းလင်းဖယ်ရှားတာသာ ဖြစ်ပြီး နိုင်ငံတကာက စွပ်စွဲနေသလို လူမျိုးတုန်းသုတ်သင်တာတွေကို တပ်မတော် အနေနဲ့ မကျူးလွန်ဘူးလို့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။
– မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ဝင် ရာဒိက ကုမ္မာရဆွာမိ၊ မာဇုကီဒါရုစ်မန်နှင့် ခရစ္စတိုဖာဆီဒိုတီတို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂရုံးတွင် ၂ဝ၁၈ စက်တင်ဘာလ ၁၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။
(Photo: Reuters)
လွတ်လပ်တဲ့အာရှအသံ မြန်မာပိုင်း Website တွင် ဖတ်ရှုရန်
https://www.rfa.org/…/n…/un-fact-finding-09182018080215.html
Share:

02 May, 2018

ရခိုင်၌ ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ကုလ လုံခြုံရေးကောင်စီ တိုက်တွန်း

FRONTIER သတင်းအဖွဲ့
မေ ၂ ၊၂၀၁၈

ရခိုင်ပြည်နယ်တွင် စစ်တပ်က ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများနှင့် ပတ်သက်ပြီး သေချာသည့် စုံစမ်း စစ်ဆေးမှု ဆောင်ရွက်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တိုက်တွန်းလိုက်ပြီး ဒုက္ခသည်များ ပြန်လည်ခေါ်ယူရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ရန်လည်း တိုက်တွန်းခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လတွင် အစိုးရလုံခြုံရေးစခန်းများ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများအတွင်း လူပေါင်း ခုနစ်သိန်းခန့်မှာ အိုးအိမ်များ စွန့်ခွာကာ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။
ထို့ပြင် စစ်ဆင်ရေးများအတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ် ညှင်းဆဲမှု၊ မတရားပြုကျင့်မှုနှင့် နေအိမ်များကို မီးရှို့မှုများကဲ့သို့ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြသည်ဟု ဒုက္ခသည်များက စွပ်စွဲထားကြသည်။
ထိုသို့ စွပ်စွဲမှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် နည်းလမ်းနှစ်သွယ်ဖြင့် ဆောင်ရွက်နိုင်ကြောင်း လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး Karen Pierce က ပြောကြားသည်။ “ပထမတစ်နည်းက နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) ကို ဆောင်ရွက်စေဖို့ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ မြန်မာအစိုးရကိုယ်တိုင် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
လုံခြုံရေးကောင်စီ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ဘင်္ဂလားဒေရှ့်နှင့် မြန်မာနိုင်ငံ ခရီးစဉ်အပြီး မေ ၁ ရက်နေ့ ညနေက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၃၀ ရက်နေ့တွင် ဘင်္ဂလားဒေရှ့်နိုင်ငံမှ တစ်ဆင့် နေပြည်တော်သို့ ရောက်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အား သီးခြားစီ တွေ့ဆုံခဲ့သည်။
ထို့နောက် မေ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ဒေသအစိုးရ တာဝန်ရှိသူများနှင့် လူမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များကို တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အား တွေ့ဆုံချိန်တွင်လည်း လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရန် လိုအပ်သည့်အကြောင်းကို ပြောကြားခဲ့သည်ဟု Pierce က ပြောကြားသည်။
ကောင်စီအနေဖြင့် အထောက်အထားများ ပေးအပ်ပါက မြန်မာအစိုးရအနေဖြင့် စစ်ဆေးပေးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ ကောင်စီအနေဖြင့် အထောက်အထားများ ပေးအပ်နိုင်ရေးအတွက် စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်အပါအဝင် မည်သို့ ဆောင်ရွက်ရမည်ကို စဉ်းစားသွားမည်ဟု Pierce ကပြောကြားသည်။
ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် ကူဝိတ်သံအမတ်ကြီး Mansour Ayyad Al-Otaibi က ဒုက္ခသည်များ ရခိုင်ပြည်နယ်ရှိ ၎င်းတို့နေအိမ်များသို့ ပြန်နိုင်ရန် ကောင်စီက လိုလားသော်လည်း တားမြစ်ချက်များကို မြန်မာအာဏာပိုင်များက ဖယ်ရှားမပေးပါက ၎င်းတို့ ပြန်လာနိုင်ရေး ဖြစ်လာနိုင်မည်မဟုတ်ဟု ပြောကြားသည်။
ဒုက္ခသည်များ ပြန်လည်ခေါ်ယူရေးလုပ်ငန်းစဉ်တွင် ကုလသမဂ္ဂ ပါဝင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်လာနိုင်ရေးအတွက် မြန်မာအစိုးရနှင့် ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီတို့အကြား ဆွေးနွေးရန် လိုအပ်ကြောင်းကိုလည်း ၎င်းက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ လိုလားတာကတော့ ကိုယ့်သဘောဆန္ဒအတိုင်း ဂုဏ်သိက္ခာရှိရှိနဲ့ လုံခြုံစွာ ပြန်လာနိုင်ရေးအတွက် လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ဖို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော် အတိုင်ပင်ခံရုံးက ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ချက်အရ မြန်မာအစိုးရအနေဖြင့် လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများကို အဖြေရှာ ဆောင်ရွက်ရာတွင် ကုလသမဂ္ဂနှင့် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။
ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီများနှင့် ရခိုင်ပြည်နယ်တွင် ထိတွေ့ ဆောင်ရွက်ခြင်းဖြင့် ဒုက္ခသည်များ လုံခြုံစွာဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် အစိုးရ၏ ဆောင်ရွက်ချက်များကို အထောက်အကူဖြစ်စေမည်ဟုလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့နှင့် နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးသွားနိုင်ရန် ဆွေးနွေးလျက်ရှိသည်ဟုလည်း ဆိုသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် သံအမတ်ကြီးများက နေပြည်တော်၌ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ
#Myanmar Muslim-Media
Share:

10 April, 2018

ကုလ အရာရှိက ရိုဟင်​ဂျာ​တွေ ပြန်​လာဖို့ ပချိန်​ မတန်​​သေးဘူးလို့ BBC ကို ​ပြော


image
ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေအရ  မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေ လုံလုံခြုံခြုံ ပြန်လာနိုင်ဖို့ မသင့်တော်သေးဘူးလို့ ကုလသမဂ္ဂ ထိပ်တန်း အရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံးရဲ့ လက်ထောက် အတွင်းရေးမှူးချုပ်လည်းဖြစ် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးလည်းဖြစ်တဲ့ မစ္စ အာဆူလာ မူလာ က သူ့ရဲ့ ရခိုင်ခရီးစဉ် အပြီးမှာ အခုလို ပြောခဲ့တာ ဖြစ်ပြီး မီးလောင်ထားတဲ့ ရွာတွေ၊ ဘူဒိုဇာနဲ့ အထိုးခံထားရတဲ့ ရွာတွေ တွေ့ခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။
မိုးရွာသွန်းမှုများမယ့် မုတ်သုံရာသီရောက်လာတော့မှာ ဖြစ်ပေမယ့် ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေမှာ သောင်တင်နေဆဲ ဖြစ်ပါတယ်။
အဲဒီဒုက္ခသည်တွေ ပြန်ခေါ်ဖို့ကိစ္စအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ မနှစ်ကတည်းက သဘောတူ ထားပေမယ့် အခုထိ ဒုက္ခသည်တွေ ပြန်လာနိုင်ခြင်း မရှိသေးပါဘူး။
ရိုဟင်ဂျာတွေ ခွဲခြား ဖိနှိပ်ခံရတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က မရှုံ့ချဘူးဆိုပြီး နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့တာကလည်း ဒီကိစ္စ ပြေလည်ရေးအပေါ် သက်ရောက်မှု မရှိခဲ့ဘူးလို့ မစ္စ မူလာက ပြောပါတယ်။
မစ္စ အာဆူလာ မူလာဟာ ဧပြီလ ၂ ရက်နေ့ကနေ ဧပြီလ ၁၁ ရက်နေ့အထိ စီစဉ်ထားတဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွက် ရောက်ရှိနေတာ ဖြစ်ပြီး လောလောဆယ် ဧပြီလ ၈ ရက်နေ့မှာ ကချင်ပြည်နယ်ကို ရောက်ရှိနေပါတယ်။
ဓာတ်ပုံ – Ursula Mueller Twitter
Share:

02 February, 2018

ရခိုင် ဂူတာပြင်မှာ နောက်ထပ် ရုပ်အေလာင်း အများ အပြား တွေ့ရှိ

ကိုးတန်ကောက် ရွာ မီးလောင် ပျက်စီး မှု ကို ၂၀၁၇ ခုနှစ် က တွေ့ရစဉ်
ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ဂူတာပြင် ရွာနားမှာ လေးရာ လောက် ရှိတဲ့ ရိုဟင်ဂျာ တွေရဲ့ ရုပ်အေလာင်း တွေ မြှုပ် နှံ ထားတာ ကို အေပီ သတင်းဌာန က တွေ့ရှိ ခဲ့ပြီး ဒီအမှု ကို စုံစမ်း စစ်ဆေး ဖို့ ကုလသမဂ္ဂ တာဝန် ရှိသူ က တောင်း ဆို လိုက်ပါ တယ်။
ဂူတာပြင် ရွာ မှာ ရာနဲ့ ချီတဲ့ ရုပ်အေလာင်း တွေကို မြှုပ် နှံ ထားတာ ဖြစ်နိုင်ပြီး တချို့ အေလာင်းတွေဟာ အက်စစ် နဲ့ လောင်း ပြီး ဖျောက်ဖျက်ဖို့ စီစဉ် ခဲ့တာ ကြောင့် ရုပ်ပျက် ဆင်း ပျက် ဖြစ်နေကြတယ်လို့ အေပီသတင်းမှာ ဖော်ပြ ပါတယ်။
ဒီ လို အေလာင်း တွေ အများ အြပား တွေ့ ရှိရတဲ့ ကိစ္စ ဟာ လူမျိုးတုံး သတ်ဖြတ်မှု ရဲ့ ဝိသေသ လက္ခဏာ တစ်ခု ဖြစ်တယ်လို့ မြန်မာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အ​ရေး အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီ က ပြောဆို လိုက်ပါတယ်။

ဒီကိစ္စ နဲ့ ပတ်သက်လို့ အစိုးရ ဘက်ကေရာ၊ တပ်မေတာ် ဘက် က ပါ ဒီလို ရုပ် အေလာင်း အများအြပား မြှုပ်နှံ ထားတာ ကို တခါမှ သတင်း ထုတ်ပြန် ခဲ့ခြင်းတော့ မရှိသေးပါဘူး။

၂၀၁၇ ခုနှစ်၊ ဩဂုတ်လ တုန်း က ရခိုင် ပြည်နယ်၊ ဂူတာပြင် ကျေးရွာမှာ စစ်တပ် က လုံခြုံရေး ရှင်းလင်းမှု တွေ လုပ်ခဲ့စဉ် တုန်း က လူ လေးရာ နီးပါး သေဆုံး ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကို ထွက်ပြေး လွတ်မြောက် သွားတဲ့ ရိုဟင်ဂျာ တွေက ပြောဆို နေပါတယ်။
Share:

02 December, 2017

မြန်မာကို လက်နက်ရောင်းမှု အစ္စရေး ငြင်းဆို

image
အစ္စရေးလ် အစိုးရက မြန်မာ့တပ်မတော်ကို ပြီးခဲ့တဲ့လပေါင်း အတော်ကြာကတည်းက စတင်ပြီး လက်နက်တွေ တင်ပို့ရောင်းချခြင်း မရှိတော့ပါဘူးလို့ မနေ့က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်လင်းက အစ္စရေး တပ်မတော်ပိုင် အသံလွှင့်ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မြန်မာနိုင်ငံကို အစ္စရေးနိုင်ငံက လက်နက်တွေ တင်ပို့ရောင်းချနေဆဲဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ လတွေအတွင်းမှာတင် လက်နက်ရောင်းချရေး စာချုပ်တစ်ခု ချုပ်ဆိုခဲ့ပါတယ်။ မြန်မာပြည်ကိုရောင်းချတဲ့ လက်နက်နဲ့ စစ်ရေးဆိုင်ရာ နည်းပညာတွေကို အသုံးပြုရေးနဲ့ ပတ်သက်ပြီး အစ္စရေး အစိုးရက မြန်မာအစိုးရကို ကန့်သတ်ပိတ်ပင်ထားခြင်း မရှိပါဘူးလို့ ကြာသပတေးနေ့ မနက်ပိုင်းက ပြောကြားခဲ့ပြီးနောက် အစ္စရေး နိုင်ငံခြားရေးဌာနက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပါတယ်။ အဲဒီနောက်မှာ အခုလိုကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ  လက်နက်ခဲယမ်းစာရင်းနဲ့ အကျုံးမဝင်တဲ့ ထောက်လှမ်းရေးပစ္စည်းတွေ၊ နည်းပညာတွေနဲ့ စစ်ရေးလေ့ကျင့်ပေးမှုတွေနဲ့ ပတ်သက်လို့တော့ တစုံတစ်ရာ ထည့်သွင်းဖေါ်ပြခြင်း မရှိပါဘူး။ 
အစ္စရေးနိုင်ငံရဲ့ ဥပဒေအရ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေ နိုင်ငံခြားကိုတင်ပို့ ရောင်းချရာမှာ အဲဒီလက်နက်ပစ္စည်းတွေကို ဘယ်လိုသုံးစွဲမှာလဲဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားရမယ်လို့ ပြဌာန်းထားတယ်လို့ ဆိုပါတယ်။
အဲဒီလို ဆင့်ခေါ်မေးမြန်းခဲ့ရာမှာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်လင်းက ရေဒီယိုအင်တာဗျူးမှာ သူပြောကြားခဲ့တဲ့ စကားတွေကို ပြန်လည်ရုပ်သိမ်းပြီး တောင်းပန်ခဲ့တယ်လို့ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Gilad Cohen ဂီလက် ကိုဟင် က ပြောပါတယ်။ မြန်မာသံအမတ်ကြီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း လက်နက်ရောင်းမှုနဲ့ ပတ်သက်ပြီး အလားတူပြောဆိုဖူးတဲ့အတွက် သတိပေးခဲ့ပြီးဖြစ်တယ်လို့ အစ္စရေး အရာရှိက ပြောပါတယ်။
လက်နက်ရောင်းချမှုကို အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ရိုက်ဆောင်ရွက်တာဖြစ်ပေမယ့် ဆုံးဖြတ်ချက်ချမှတ်ရာမှာ နိုင်ငံခြားရေးဝန်ကြီးဌာနလည်း ပါဝင်ပါတယ်။ ဘယ်နိုင်ငံကို ဘယ်လို လက်နက်တွေ ရောင်းချသလဲဆိုတာ အစ္စရေးအစိုးရက လျှို့ဝှက်ထားလေ့ရှိပေမယ့် မြန်မာနိုင်ငံကို ရောင်းချတဲ့ကိစ္စမှာတော့ အစ္စရေး လက်နက်ကုမ္ပဏီတွေထံကရော မြန်မာ့တပ်မတော်ကပါ ထုတ်ဖေါ်ပြောကြားခဲ့ကြတယ်လို့ Times of Israel သတင်းစာမှာ ရေးသားထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ၂ဝ၁၅ ခုနှစ်အတွင်း အစ္စရေးနိုင်ငံကို သွားရောက်ပြီးနောက် Super Dvora 3 ကင်းလှည့်အမြန်သင်္ဘောတွေ ဝယ်ယူမှာဖြစ်ကြောင်း ပြောကြားခဲ့သလို အစ္စရေး ကုမ္ပဏီတစ်ခုကလည်း CornerShot လို့ခေါ်တဲ့ သေနတ်မှာ ပယ်ရီစကုပ်မှန်ပြောင်းသုံးစွဲပြီး ရန်သူမမြင်နိုင်တဲ့နေရာကနေ ပစ်ခတ်နိုင်တဲ့ စစ်ပစ္စည်းတစ်ခုကို ရောင်းချခဲ့ကြောင်းနဲ့ အဲဒီလက်နက်ကို မြန်မာပြည်က အထူးတပ်ဖွဲ့မှာ လက်ရှိသုံးစွဲနေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ နှစ်အတွင်း ထုတ်ဖေါ်ကြေညာခဲ့ပါတယ်။
အစ္စရေး တပ်မတော်ပိုင်ရေဒီယိုနဲ့ တွေ့ဆုံရာမှာ မြန်မာသံအမတ်ကြီးက ရခိုင်ပြည်နယ်က မွတ်စလင်တွေ ထွက်ပြေးကြတာဟာ အကြမ်းဖက်မှုအတွက် အရေးယူခံရမှာကို ကြောက်ရွံ့မှုနဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ပိုမိုကောင်းမွန်စွာနေထိုင်ရလိမ့်မယ်လို့ ယုံကြည်မှုတွေကြောင့်ဖြစ်ပြီး မြန်မာတပ်ဖွဲ့တွေက လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာ မဟုတ်မမှန်ကြောင်း စသဖြင့်လည်း ပြောကြားခဲ့တယ်လို့ Times of Israel သတင်းစာက ဖေါ်ပြလိုက်ပါတယ်။
Share:

23 November, 2017

မြန်မာနိုင်ငံတော်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အကြား ရိုဟင်ဂျာ ဒုက္ခသည်များ လက်ခံရေး အစီအစဉ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း

Image may contain: 5 people
Image may contain: 8 people, people smiling, people standing

သတင်းထုတ်ပြန်ချက်



ပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအစဉ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၏ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတ နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဘူလ်ဟတ်ဆန်မာမွတ်အလီ ခေါင်းဆောင်သော ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်မှ ၂၃ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပါသည်။
၂။ ခရီးစဉ်အတွင်း ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်၊ မွန်းလွဲ (၄ ၀၀) နာရီတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဘူလ်ဟတ်ဆန် မာမွတ်အလီတို့သည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအစဉ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ ပါသည်။
၃။ ယင်းနောက် ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်၊ မွန်းလွဲ (၂ ၀၀) နာရီတွင် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာအဘူလ်ဟတ်ဆန်မာမွတ်အလီ တို့သည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့်အစီအစဉ်ကို နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်မှတ်ရေးထိုးခဲ့ပါသည်။
၎။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအစဉ် သည် ၁၉၉၂ ခုနှစ်က ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရနှင့် ဘင်္ဂလားဒေ့ရှ် ပြည်သူ့ သမ္မတနိုင်ငံ အစိုးရတို့အကြား နိုင်ငံခြားရေးဝန်ကြီးအဆင့်တွင် လက်မှတ်ရေးထိုးခဲ့သည့် ပူးတွဲ ကြေညာချက်ကို အခြေခံ၍ ရေးဆွဲထားပြီး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများကို စနစ်တကျ စိစစ်လက်ခံရာတွင် လိုက်နာဆောင်ရွက်ရမည့် အထွေထွေ မူဘောင်များနှင့် မူဝါဒရေးရာ အစီအမံများပါရှိကြောင်း သတင်းရရှိပါသည်။
၅။ ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများကိစ္စနှင့်ပတ်သက်၍ အနောက်နိုင်ငံများက လည်းကောင်း၊ အိုအိုင်စီအဖွဲ့ကလည်းကောင်း၊ နိုင်ငံတကာတွင် ဖိအားပေးကာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင်လည်းကောင်း၊ အထွေထွေညီလာခံ၏ တတိယကော်မတီတွင် လည်းကောင်း၊ အဆိုမူကြမ်း ချမှတ်ခဲ့သည့်အပြင် လုံခြုံရေးကောင်စီတွင် သဘာပတိ၏ ထုတ်ပြန်ချက်ဖြင့်လည်းကောင်း ချမှတ်ကာ နိုင်ငံတကာအရေးကိစ္စအဖြစ် ကြိုးပမ်း ဆောင်ရွက်နေပါသည်။
၆။ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများအကြား အရေးကိစ္စပေါ်ပေါက်လာပါက နှစ်နိုင်ငံချင်း ဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာ ဖြေရှင်းရမည်ဟု ခိုင်မာစွာ ရပ်တည်ခဲ့ပါသည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ယခုကဲ့သို့ နှစ်နိုင်ငံချစ်ခင်ရင်းနှီးမှုကို အခြေခံကာ နှစ်ဦးနှစ်ဘက် လက်ခံနိုင်မည့်ရလဒ်ကို ရယူခဲ့ခြင်းဖြင့် မိမိ၏ ဆုပ်ကိုင်ထားသော ရပ်တည်ချက် အပေါ် မားမားမတ်မတ် ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
နပြည်တော်။
ရက်စွဲ။ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်
Share:

22 November, 2017

ရခိုင်အရေး တရုတ် အဆိုပြုချက် အပေါ် တုံ့ပြန်ချက်များ





မဆုမွန်
ရခိုင်ပြဿနာ ပြေလည်အောင်ဖြေရှင်းနိုင်ဖို့အတွက် နယ်မြေတွင်း အပစ်ခတ်ရပ်စဲရေးကနေ စတင်တဲ့ လုပ်ငန်းစဉ်သုံးဆင့်နဲ့ အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တရုတ်နိုင်ငံဘက်က အဆိုပြုထားပါတယ်။ တရုတ်ဘက်က အဆင့်သုံးဆင့်ပါ အခုလို ကမ်းလှမ်းအဆိုပြုချက်အပေါ်မှာ ရခိုင်နိုင်ငံရေးပါတီတွေ နဲ့ ရခိုင်အရေး ပူးပေါင်းဖြေရှင်းပေးနေသူတွေဘက်က အမြင်ဘယ်လိုရှိပါသလဲ။ မဆုမွန် စုစည်းတင်ပြထားပါတယ်။
အာရှ ဥရောပ နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲလာရောက်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယိဟာ မြန်မာနိုင်ငံကို မလာခင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အရင်ဆုံးသွားပြီး ရခိုင်နယ်စပ်အရေးကိစ္စ မွတ်ဆလင်ဒုက္ခသည်တွေကိစ္စကို ဘင်္ဂလားဒေရှ် အာဏာပိုင်တွေ နဲ့ ဆွေးနွေးခဲ့တာပါ။ ဒီနောက်တော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အပါအ၀င် မြန်မာခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံပြီး ရခိုင်အရေး ထပ်မံဆွေးနွေးခဲ့တာဖြစ်ပါတယ်။
တရုတ် နိုင်ငံရဲ့ အဆိုပြုချက်အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လက်ခံခဲ့ပြီး၊ မြန်မာဘက်ကလည်း အပြုသဘောတုန့်ပြန်ချက်ပေးထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့မြန်မာနိုင်ငံကြား ဒီရိုဟင်ဂျာအရေး ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ ကြားဝင်ဆောင်ရွက်ပေးနေရာမှာ ပထမဆုံးအဆင့်အနေနဲ့ကတော့ စစ်ဆင်ရေးတွေ တိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး ဒေသတွင်း တည်ငြိမ်အောင်ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒါမှသာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးဖြစ်နိုင်မယ်လို့လည်းဆိုပါတယ်။
ဒီလို ရခိုင်အရေးပြေလည်အောင် ဖြေရှင်းနိုင်ဖို့ မြန်မာနိုင်ငံအနေနဲ့ လုပ်ဆောင်သင့်တဲ့ အချက်သုံးချက်ကို တရုတ်ဘက်က ကမ်းလှမ်းလာတဲ့အပေါ် ရခိုင်ပြည်နယ်မှာ ပြည်သူ့မဲဆန္ဒအများဆုံးအနိုင်ရထားတဲ့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်မြတ်ကျော်ကတော့ နယ်မြေတည်ငြိမ်ရေးနဲ့ ဒေသခံပြည်သူတွေ အသက်ဘေးအန္တရာယ် စိတ်ချလုံခြုံရေးအတွက် လုံခြုံရေးဟာ အဓိကလိုအပ်ချက်ဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်တို့ကတော့ လုံခြုံရေးကိုတော့ ပြည့်ပြည့်၀၀ ချထားဖို့ကိုတော့ အမြဲတမ်းပြောနေတဲ့အပိုင်းဖြစ်တယ်။ တပ်ကို ချဖို့ မချဖို့ဆိုတာကတော့ တပိုင်းပေါ့နော် ။ ပြောမယ်ဆိုရင် အခုက ARSA ဆိုတဲ့ အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်မှုအပိုင်း အမြဲတမ်း လုပ်ဆောင်မှုတွေ ရှိနေတယ်ဆိုရင်တော့ လုံခြုံရေးယူတဲ့ ကျနော်တို့ အဖွဲ့အစည်းတွေကိုတော့ လုံးဝအဲဒီနေရာကနေ ဖယ်ထုတ်လို့တော့ ရမယ်မထင်ဘူး အမရယ်။ ဒီလုံခြုံရေးကိုတော့ တပ်ဖြစ်ဖြစ် ၊ ပြည်ထဲရေးက ဖြစ်ဖြစ် တခုခုကတော့ ဒေသခံတွေရဲ့ လုံခြုံရေးအတွက်ကတော့ ကျနော်တို့ ထားကို ထားရမှာပဲ။”
နယ်မြေအတွင်း တည်ငြိမ်ရေးနဲ့ သတ်ဖြတ်မှု ၊ တိုက်ခိုက်မှုတွေ ရပ်ဖို့ဆိုတာက ARSA အကြမ်းဖက်အဖွဲ့ကိုသာ အဓိက တားမြစ်သင့်တယ်လို့ ဦးအောင်မြတ်ကျော်ကဆိုပါတယ်။
“အဓိက ARSA အကြမ်းဖက်အဖွဲ့က ရခိုင်မှာ မရှိဘူးဆိုရင်တော့ ဒီပြဿနာက အေးအေးဆေးဆေးပါ။ လုံခြုံရေးအတွက်ကတော့ ချကိုချထားရမယ်။ မချလို့ကတော့ ဒီမှာရှိတဲ့ မောင်တော၊ ဘူးသီးတောင်မှာ ရှိတဲ့ ပြည်သူလူထုက လုံးဝ လုံခြုံမှု အနေနဲ့ အေးအေးဆေးဆေးနေလို့ရမှာ မဟုတ်ဘူး။”
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့မှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ဦးအေးလွင်က အခုလို တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့တိုက်တွန်းချက်အပေါ် ပြဿနာပြေလည်ရေး အကြံဥာဏ်ကောင်းတရပ်ဖြစ်တယ်လို့ လက်ခံပါတယ်။
“ကျနော်တို့ မြန်မာနိုင်ငံက စေတနာမှန်တဲ့ မိတ်ကောင်းဆွေကောင်းတွေ ကတော့ အကြံကောင်း ဥာဏ်ကောင်းတွေ လိုအပ်ပါတယ်။ သူတို့အမြင်ပြောတဲ့စကားတွေကတော့ အကျိုးအကြောင်းဆီလျော်မှု ရှိတဲ့အတွက်ကြောင့် ကျနော်တို့အကြံပြုချက်ထဲမှာလည်း ဆွေးနွေးရေးတို့၊ ပဋိပက္ခငြိမ်းချမ်းရေးတို့ ပါပါတယ် ။ကျနော်တို့ကတော့ ကောင်းသော အကြံပြုချက်လို့ ထင်ပါတယ်။”
တရုတ်ဘက်က တိုက်တွန်းသလို နယ်မြေတွင်း တည်ငြိမ်မှုရှိမှသာ ဒေသခံပြည်သူတွေ ဘဝ ရေရှည်အေးချမ်းနိုင်မှာဖြစ်သလို ကိုဖီအာနန်ကော်မရှင်အနေနဲ့ လည်း လက်တွေ့ကွင်းဆင်းပြီး ဒေသတွင်း တရားဥပဒေစိုးမိုးရေး မတူကွဲပြားသူတွေကြား ပဋိပက္ခတင်းမာမှုတွေ ပြေလည်ရေး အကြံပေးခဲ့တာဖြစ်တယ်လို့လည်း ဦးအေးလွင်ကဆိုပါတယ်။
“ကျနော်တို့ အကြံပြုချက်ထဲမှာလည်း နောက်နောင်ကို ဒီလို ပဋိပက္ခတွေ မဖြစ်အောင်လို့ သဟဇာတ ရှိတဲ့ အရင်တုန်းက ရှိခဲ့တယ်၊ အဲဒီအရင်အနေအထားမျိုးကို ပြန်ရောက်အောင်လို့ ကျနော်တို့ လုပ်ဖို့ လိုအပ်တယ်။ ၂ ဖက်လူ့အဖွဲ့အစည်းများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးဆိုတာဟာ ကျနော်တို့ရဲ့ အကြံပြုချက်ထဲမှာလည်း အလေးအနက်တင်ပြထားတာ ရှိပါတယ်။ နိုင်ငံရေးအမြတ်ထုတ်ချင်တဲ့ သူတွေ မျက်ဖြူဆိုက်လေ ၀ တို့ ကြိုက်လေ ဆိုပြီးတော့ ဖြစ်အောင် ဖန်တီးနေတဲ့ လူတွေက ဒီလို နိုင်ငံရေးအကျပ်ရအောင် လုပ်နေတာတွေကို မြောက်ထိုးပင့်ကော်လုပ်နေတာတွေ ၊ လှုံ့ဆော်နေတာတွေ အဲဒါတွေ မရှိတော့ဘူးဆိုရင် ဒီလူ့အဖွဲ့အစည်း ၂ ခု ဟာ တဦးနဲ့ တဦးပေါ်မှာ အရင်တုန်းက နေခဲ့တဲ့ ပုံစံမျိုးပေါ့ခင်ဗျ။ ပြန်ပြီး မဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။”
အဆိုပြုချက် ဒုတိယအဆင့်မှာတော့ ဒုက္ခသည်တွေ ပြန်လည်လက်ခံနေရာချထားရေးနဲ့ နိုင်ငံတကာအနေနဲ့ မြန်မာနဲ့ ဘင်္ဂလားဒေရှ်နိုင်ငံအကြား ညှိုနှိုင်းဖြေရှင်းမှုကို အကူအညီပေးဖို့ဖြစ်ပါတယ်။ အဆိုပြုချက်တတိယအဆင့်မှာတော့ ရခိုင်ပြည်နယ်တွင်း ဒေသခံတွေ ဆင်းရဲနိမ့်ကျမှုအပါအ၀င် ရှိနေတဲ့ပြဿနာရပ်တွေအတွက် အရှည်သဖြင့် ခိုင်ခံမယ့် အဖြေထုတ်သွားဖို့ ဖြစ်ပါတယ်။
ရိုဟင်ဂျာအရေးကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဝေဖန်ချက်တွေနဲ့အတူပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအထိပါ ဆွေးနွေးအဖြေထုတ်မှုတွေရှိခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်ကတော့ ကုလသမဂ္ဂကနေ နိုင်ငံပေါင်းစုံပါဝင်ပြီး ၀င်ရောက်ဖြေရှင်းတာထက်၊ မြန်မာနဲ့ ဘင်္ဂလားဒေရှ်နိုင်ငံ နှစ်နိုင်ငံအကြား ညှိုနှိုင်းဖြေရှင်းမှုကို ပိုပြီး လိုလားသလို အဲဒီအတွက်လည်း လှုပ်ရှားဆောင်ရွက်လာတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ သြဂုတ်အကုန်ပိုင်းက ရိုဟင်ဂျာအစွန်းရောက်အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပြီး၊ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေနောက်ပိုင်း မွတ်ဆလင်ဒုက္ခသည် ခြောက်သိန်းကျော် ဘင်္ဂလားဒေရှ်နိုင်ငံဖက်ကို ရောက်ရှိလာခဲ့ပါတယ်။ ဒီအပေါ်မှာ နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ တိုးလာပြီး၊ ဒါကို အမြန်ဖြေရှင်းဖို့ မြန်မာဘက်ကို နိုင်ငံတကာဖိအားတွေ တိုးမြင့်ခဲ့ပါတယ်။x




Share:

21 November, 2017

မြန်မာ အာဆမ် နိုင်ငံခြားရေး ၀န်ကြီးများအစည်းဝေး တွင် ဒေါ်အောင်ဆန်းစုကြည်မှ အဖွင့် မိန့်ခွန်းပြော

      မြန်မာ အာဆမ် နိုင်ငံခြားရေး ၀န်ကြီးများ အစည်းဝေး တွင် ဒေါ်အောင်ဆန်းစုကြည်မှ အဖွင့် မိန့်ခွန်းပြော



မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပနေသော အာရှ ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ ၅၀ တက်ရောက်သော အာဆမ် အစည်းဝေးကြီးကို ဆက်လက် ကျင်းပနေပါတယ်။
ထိုအစည်းဝေးတွင် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံမှ အာဆမ် အစည်းဝေးသို့တက်ရောက်လာသော အဆင့်မြင့်အရာ၇ှိ များဖြစ်သည့် တရုတ် ဂျပန် နှင့် အခြား နိုင်ငံခြားရေးဝန်ကြီးများ အပေါ်သို့ ပိုပြီး အရှိန်မြင့်တက် ဖိအားများရရှိရန် ဆောင်ရွက်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
အာဆမ်သို့တက်ရောက်လာမည်ဖြစ်သော ဒေသ အသီးသီးမှ နိုင်ငံခြားရေး အဆင့်မြင့် အရာရှိများကို ဘင်္ဂလားဒေ့ခ်ျ  မြန်မာ နယ်စပ် ဒုက္ခသည် စခန်းသို့ လွန်ခဲ့သော စနေ နှင့် တနင်္ဂနွေနေ့များတွင် ကနဦး ဖိတ်ခေါ် ပြသခဲ့ပြီး မြန်မာပြည်မှ ထွက်ပြေးလာသော ရိုဟင်ဂျာများကို ပြန်လည်ပြီး လက်ခံဖို့ တိုက်တွန်းသော ဆောင်ရွက်မှုများ အားထုတ် ခဲ့တယ်လို့လည်း ဆိုပါတယ်။
သို့သော်အစည်းဝေးတွင် အဆိုပါ ကိစ္စများထက် ဒေသတွင်းမှ စွမ်းအင် နှင့် ပို့ဆောင် ဆက်သွယ်ရေး ၊ရာသီဥတု နှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီး ပြောင်းလဲမှု ၊ ဆင်းရဲချမ်းသာကွာဟမှု အကြမ်းဖက်မှု လုံခြုံရေးဆိုင်ရာ ကိစ္စ ပညာရေးနုင့် ရင်းနှီမြုပ်နှံမှုဆိုင်ရာများဘက်ကိုသာ အလေးပေး ဆွေးနွေးမှုများ ပေါ်ထွက်ခဲ့တယ်လို့ သိရပါ တယ်။
သို့သော် တက်ရောက်လာသော သက်ဆိုင်ရာ သံတမန်တစ်ဦးမှ ကျနော်တို့ ပထမတွင် ရိုဟင်ဂျာ ပြသနာကို အကြီးကျယ် တွန်းတင် မီးမောင်းထိုးဖေါ်ဆောင်ဖို့၇ှိခဲ့ကြောင်း သို့ရာတွင် နောက်ပိုင်းမှသာ ပြောဆို ဖြစ်ကောင်းပြောဆိုဖြစ်ကြမှာ ဖြစ်ပြီး ကွဲလွဲသော နိုင်ငံရေးဆိုင်ရာ ထုတ်ပြန်ချက် တစုံတရာတော့ ဖြစ်လာနိုင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်ထဲတွင်လည်း အပြုသဘောဆောင်သော ၀ိုင်းဝန်းပူးပေါင်း အဖြေရှာဖွေသော အပြုသဘောဆောင်သည့် အနေထားမျိုးကို ဦးတည်မှာဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်း စုကြည်ကတော့ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တစုံတရာ ဖေါ်ပြခြင်းမရှိပဲ ငြိမ်သက်နေဆဲဖြစ်ကြောင်းကို UNB သတင်း ဌာနကို ပြောကြားခဲ့ပါတယ်။

သတင်းအတိုင်းသာဖြစ်ပါသည်

Ahead of ASEM Foreign Ministers’ Meeting in Myanmar, Bangladesh tried to make the best use of high-level visits from a number of countries, including China and Japan in the last two days — Saturday and Sunday — to mount pressure on Myanmar and expedite talks for sending Rohingyas back to their homeland. After visiting Rohingya camps, the Foreign Ministers on Sunday said they will raise the issue at the ASEM FMs meeting. Bangladesh is expecting louder voice from the international community at the meeting. Connectivity across the diverse domains, transport, tourism, climate change, energy security, poverty reduction, people to people contact and cultural cooperation, education, trade and investment cooperation will also be discussed. A diplomat who is in touch with the upcoming ASEM Foreign Ministers’ meeting told UNB that the joint visit to Bangladesh, including Rohingya camps, before their participation in the ASEM FMs’ meeting does put Myanmar on the spotlight for its failure to address the Rohingya issue. “I can assume that the European leaders are very serious about this issue and they would definitely bring additional pressure on Myanmar authorities for Resolution of the issue,” he said wishing to remain unnamed. The diplomat said they might go for a separate Political Declaration, during the Summit or ask regional players to play a more constructive role in resolving this protracted issue. Suu Kyi remains silent on Rohingya crisis at 13th ASEM Meeting in Myanmar
Share:

17 September, 2017

ရိုဟင်ဂျာ အပေါ်လုပ်ကြံ စွပ်စွဲချက် များကို Aljazera က သတင်း အမှန်ကို ဖေါ်ထုတ်ခြင်း ပြသခြင်း

မြန်မာပြည်က Fake News ဘယ်သူတွေလုပ်နေသလဲ .. ဘယ်မီဒီယာတွေက ဘယ်သူ့ နောက်လိုက်လဲ။
ကြည့်လျှင်သိနိုင်တယ်။ အစအဆုံး ကြည့်ဖြစ်အောင် ကြည့်ပါ။


Share:

16 September, 2017

ကုလ လုံခြုံရေး ကောင်စီ ရခိုင်အရေး ကြားဝင်ပေးဖို့ နိုဘယ်လ်ဆုရှင် ၁၂ ဦး တောင်းဆို

နိုဘယ်လ်ဆုရှင်များ

မြန်မာနိုင်ငံ ရခိုင်ဒေသမှာ လူသားတွေ ကြုံနေရတဲ့ ဖြစ်ရပ်ဆိုးနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် ကုသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ချက်ခြင်း ကြားဝင်တိုက်တွန်းပေးဖို့ နိုဘယ်လ်ဆုရှင် ၁၂ဦးက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဒီကနေ့ပဲ အိတ်ဖွင့်ပေးစာတစ်စောင် ပေးလိုက်ပါတယ်။
အဖွဲ့အစည်းပေါင်းစုံက သိရတဲ့ သတင်းတွေအရ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ပြုလုပ်တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ ရာနဲ့ချီ သေဆုံးခဲ့ရပါတယ်လို့ သူတို့ရဲ့စာမှာ ပြောထားပါတယ်။ လူ သိန်းနဲ့ချီပြီးတော့ အိုးအိမ်စွန့်ခွာ ပြေးကြရတဲ့ အခင်းဖြစ်တဲ့ ဒေသမှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ထောက်ပံ့မှုတွေ မရသလောက် ဖြစ်ခဲ့ရတယ်လို့ ဆိုထားပါတယ်။ ဒီလိုအခြေအနေတွေကြောင့် အရင်နှစ်တွေတည်းက ကုလသမဂ္ဂက ကြားဝင်ဖို့ ရေးသားတောင်းဆိုခဲ့ပြီးပါပြီ။
ဒါပေမယ့်လည်း အခြေအနေထူးခြားမလာခဲ့လို့ ရခိုင်ဒေသက အပြစ်မဲ့အရပ်သားတွေအပေါ်မှာ အင်အားသုံး လုပ်ဆောင်နေတာတွေ ရပ်တန့်သွားအောင် ကုလသမဂ္ဂအနေနဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်ဖို့ တောင်းဆိုပါတယ်ဆိုပြီးတော့ သူတို့ရဲ့ စာမှာ ရေးထားပါတယ်။ သူတို့ရဲ့ ပေးစာမှာ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို မြန်မာအစိုးရအနေနဲ့ ချက်ခြင်း အကောင်အထည်ဖော်အောင် လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဖျောင်းဖျပါလို့လည်း ပါပါတယ်။
ဒီရခိုင်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ကြိုတင်လုပ်ဆောင် ရမယ့်အချက်တွေကို အကြံပြုပါတယ်ဆိုပြီးတော့လည်း အချက် ၆ ချက်ကို သူတို့က ထောက်ပြထားပါတယ်။ အဲဒီထဲမှာတော့ ဒုက္ခသည်တွေ တစ်ဖက်နိုင်ငံကို ထွက်ပြေးနေရတာ ရပ်တန့်သွားအောင်လို့ ချက်ချင်း အရေးယူ ဆောင်ရွက်ဖို့ နိုင်ငံတကာ စောင့်ကြည့်အကဲခတ်တွေကို မှန်မှန်လာရောက်ကြည့်ရှုခွင့်ပေးဖို့နဲ့ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ သွားလာခွင့်တွေ ပေးအပ်ဖို့ ပါဝင်ပါတယ်ရှင်။
Share:

24 August, 2017

ရိုဟင်ဂျာတွေအပေါ် ကန့်သတ်မှု ကိုဖီအာနန်အဖွဲ့ ရှုတ်ချ ရခိုင်ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာ သမ္မတကို တင်သွင်း

Image may contain: 1 person
Image may contain: 3 people, people standing and shoes

BBC Burmese
မြန်မာနိုင်ငံရဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဟာ ရခိုင်ပြည်က မွတ်စလင်တွေအတွက် နိုင်ငံသားဖြစ်ခွင့် တားဆီးပိတ်ပင် ထားသလိုဖြစ်နေပြီး နိုင်ငံတကာစံနှုန်းနဲ့မညီဘူးလို့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့က အကြုံပြုစာမှာ ထောက်ပြထားပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးအဖွဲ့ဟာ သြဂုတ်လ ၂၄ ရက် က နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်တွေ့ ဆုံခဲ့ပြီး အဖွဲ့ရဲ့ အဆုံးသတ် အကြံပြုစာကို ပေးအပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေရဲ့ သွင်ပြင်လက္ခဏာတွေဟာ နိုင်ငံတကာ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ခွဲခြားနှိမ့်ချဆက်ဆံမှုမပြုရ နိုင်ငံတကာစံနှုန်း သတ်မှတ်ချက်တွေနဲ့ သာမက မြန်မာနိုင်ငံက ပါဝင် သဘောတူလက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာစာချုပ်တွေနဲ့လည်း ကိုက်ညီမှုမရှိဘူးလို့ စာမျက်နှာ ၁၁၁ မျက်နှာပါရှိတဲ့ အဲဒီ အစီရင်ခံစာမှာ ဆိုထားပါတယ်။
မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားတဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ပဋိညာဉ်မှာ ဖော်ပြထားတဲ့အတိုင်း ကလေးတိုင်းရဲ့ နိုင်ငံသားဖြစ်နိုင်တဲ့ အခွင့်အရေးကို လေးစားဖို့၊ ကာကွယ်ဖို့၊ ကလေးတိုင်း နိုင်ငံသား ဖြစ်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ အကြံပြုစာမှာ ထောက်ပြထားပါတယ်။
အဲဒီလို မဆောင်ရွက်ဘဲ ကလေးငယ်တွေ အနေနဲ့ နိုင်ငံမဲ့ဖြစ်နိုင်တဲ့ အခြေအနေမျိုးဖြစ်နေပါက ပြည်တွင်း ဥပဒေ အပြင် ဒီကဏ္ဍနဲ့ သက်ဆိုင်တဲ့ အပြည်ပြည်ဆိုင်ရာစာချုပ်ပါ တာဝန်များနဲ့အညီ နိုင်ငံသား ဖြစ်ခွင့် ဆိုင်ရာ အခွင့်အရေးကို ပြည့်မီအောင် ဆောက်ရွက်ပေးရမယ်လို့ ဘီဘီစီမြန်မာဌာနက လက်ခံရရှိထားတဲ့ အကြံပြုစာမှာ ရေးသားထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်က မွတ်ဆလင်တွေ ခရီးလှည့်လည်သွားလာတာကို ကန့်သတ်ထားတဲ့ တင်းကျပ်မှုတွေကိုလည်း လျှော့ချဖယ်ရှားဖို့ ရခိုင်အကြံပေးကော်မရှင်က တိုက်တွန်းထားပါတယ်။
ရခိုင်အမျိုးသားတချို့နဲ့ ရွာပုန်းရွာရှောင်စခန်းတွေ ပြင်ပမှာနေထိုင်တဲ့ ကျန် မွတ်ဆလင်များဟာလည်း အစိုးရချမှတ်ထားတဲ့ ကန့်သတ်ချက်တွေ၊ ဒေသဆိုင်ရာ အစိုးရဝန်ထမ်းများရဲ့ သင့်သလို ချမှတ်တဲ့ ဆုံးဖြတ်ချက်နဲ့ အကျင့်ပျက်ဝန်ထမ်းများရဲ့ လုပ်ဆောင်မှုများကြောင့် တိုးမြှင့်လာတဲ့ ခရီးစရိတ်တွေက သူတို့ရဲ့ ခရီးသွားလာရေးမှာ ကန့်သတ်ချက် ပိုမိုကြုံတွေ့လာစေပါတယ်လို့ ကော်မရှင်အဖွဲ့က ရေးသားထားတယ်။
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ အကြံပြုထားတဲ့ အခုအစီရင်ခံစာဟာ အပြီးသတ် အစီရင်ခံစာ ဖြစ်ပြီး ကော်မရှင်အဖွဲ ရဲ့ ကြားဖြတ်အစီရင်ခံစာကိုတော့ ၂၀၁၇ နှစ်ဆန်းပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
ကြားဖြတ် အစီရင်ခံပါ အကြံပြုချက်တွေကိုတော့ အစိုးရဘက်က စတင် အကောင်အထည်ဖော်နေတာ တွေ့ရပါတယ်။
မစ္စတာ အာနန် ကော်မရှင်ဟာ ဒီနေ့ သြဂုတ်လ ၂၄ ရက်နေ့မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး ညနေပိုင်းမှာတော့ ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပါမယ်။
http://www.bbc.com/burmese/burma-41034673
Share:

20 August, 2017

ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အရေးအကြံပေးအဖွဲ့အစီရင်ခံစာ ရှေ့သီတင်းပတ်ထဲ


ရခိုင်ပြည်နယ်အရေး အကြံပေးနိုင်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပြုအစီရင်ခံစာ ရှေ့သီတင်းပတ်ထဲ ကိုဖီအာနန်ကိုယ်တိုင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ပြည်သူလူထုကို တင်ပြတော့မှာဖြစ်ပါတယ်။ ကိုဖီအာနန်ဦးဆောင်တဲ့ကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်တခုလုံး သွားရောက်၊ အလွှာအသီးသီးနဲ့တွေ့ဆုံမေးမြန်းပြီး ရလာတဲ့ အချက်တွေအပေါ် အခြေခံ တင်ပြမယ့် အကြံပြုချက်တွေဖြစ်လို့ ရခိုင်ပြည်နယ် ရေရှည်အကျိုးရှိစေမယ်လို့ မျှော်လင့်ကြောင်း ကော်မရှင်အဖွဲ့ဝင်ကပြောပါတယ်။ အသေးစိတ် မဆုမွန် တင်ပြပါမယ်။
ဒေသတွင်းမတည်ငြိမ်မှုတွေနဲ့ လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေတွေရှိနေတဲ့ ရခိုင်ပြည်နယ် အရေးဖြေရှင်းနိုင်ဖို့ အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၄ရက်နေ့က စတင်ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။
တနှစ်တာကာလအတွင်း ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် ကိုယ်တိုင်ဦးဆောင်တဲ့ကော်မရှင်အဖွဲ့ဝင်တွေဟာ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ရခိုင်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင် နောက် ရခိုင်ပြည်နယ် တောင်ပိုင်း ကျောက်ဖြူ၊ ရမ်းဗြဲ စတဲ့ ရခိုင်ပြည်နယ်တွင်းက ဒေသအတော်များများကို သွားရောက်ကွင်းဆင်း လေ့လာခဲ့သလို ဒေသခံတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒီလိုစုံစမ်းတွေ့ရှိခဲ့ချက်တွေအပေါ် အခြေခံပြီး လာမယ့်သြဂုတ်လကုန်ပိုင်းမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကိုယ်တိုင် နေပြည်တော်ကိုသွားရောက်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပြည်သူလူထုကို အကြံပြုအစီရင်ခံစာ တင်သွင်းမှာဖြစ်တယ်လို့ အကြံပေးကော်မရှင်အဖွဲ့ဝင်ဦးအေးလွင်က ရှင်းပြပါတယ်။
“ကျနော်တို့ ကော်မရှင် အကုန်လုံးသွားမယ်။ နေပြည်တော်မှာ အစိုးရအဖွဲ့ ကို ကျနော်တို့ တင်ပြပါမယ်။ နောက်ပြီး ကျနော်တို့ အစီရင်ခံစာဆိုတာထက် အကြံပြုချက်ကို ကျနော်တို့ တင်ပါ့မယ်။ ကျနော်တို့ mandate ကတော့ ရခိုင်ပြည်နယ်ကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးဖြစ်နိုင်မယ့် အချက်အလက်တွေကို အကြံပြုထားပါတယ်။ ကဏ္ဍတွေကတော့ အများကြီးရှိတာပေါ့နော်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုတာက တည်ငြိမ်အေးချမ်းမှုဆိုတာ လိုပါတယ်။ တည်ငြိမ်အေးချမ်းမှုအတွက်က သဟဇာတရှိဖို့ လိုတယ်။ တရားမျှတမှုရှိဖို့လိုတယ်။ ဥပဒေစိုးမိုးရေးရှိဖို့ လိုတယ်။ အဲဒါတွေကို ရရှိဖို့အတွက်ကို ဘယ်လိုလုပ်သင့်လုပ်ထိုက်တယ်ဆိုတဲ့ဟာလေးတွေကို ကျနော်တို့ အကြံပြုပါတယ်။ သဟဇာတရှိရေးကို ဘယ်လိုလုပ်မလဲ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်တဲ့အခါမှာ သယံဇာတတွေ ပေါကြွယ်တဲ့ ရခိုင်ပြည်မှာ ဆင်းရဲဒုက္ခရောက်နေတာ သဘာဝမကျတဲ့ ဖြစ်ရပ်ပေါ့။ လူသားရင်းမြစ်တွေကလည်း အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေပဲ။ အဲတော့ ဒီပုဂ္ဂိုလ်တွေရဲ့ capacity building ကို မြှင့်တင်ပြီးတော့ သယံဇာတတွေကို ဘယ်လို အသုံးချရင်ကောင်းမလဲ အဲဒါမျိုးလေးတွေကိုတော့ ကျနော်တို့ တော်တော် ကျယ်ကျယ်ပြန့်ပြန့် ခြုံငုံပြီးတော့ အကြံပြုထားပါတယ်။”
အထူးသဖြင့် ရခိုင်ပြည်နယ်တွင်း လုံခြုံရေးအခြေအနေနဲ့ လူမှုအသိုင်းဝိုင်းတွေကြား မတူကွဲပြားမှုတွေနဲ့ ပဋိပက္ခတွေ မဖြစ်ပေါ်လာအောင် ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာကို ကော်မရှင်အနေနဲ့ အကြံပေးချက်တွေ ဒီအစီရင်ခံစာထဲ ထည့်သွင်းတင်ပြဖို့ရှိတယ်လို့လည်း ဦးအေးလွင်ကပြောပါတယ်။
“အဓိက ကတော့ ဒေသဥပဒေစိုးမိုးရေးပေါ့နော်။ တရားမျှတသော တရားဥပဒေစိုးမိုးရေး ဖြစ်ဖို့ လိုပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် သဟဇာတဖြစ်ဖို့အတွက် သံသယတွေပျောက်ဖို့အတွက် စိုးရိမ်စရာတွေမှာလည်း တကယ်ရှိတဲ့ စိုးရိမ်စရာဆိုလည်း ကျနော်တို့က ဒါကို ပပျောက်အောင်လုပ်ဖို့ ၊ လူတွေကို စိုးရိမ်စရာကောင်းအောင် မြှောက်ထိုးပင့်ကော်လုပ်နေတာမျိုးဆိုရင်လည်းပဲ အဲဒါလေးကို သေသေချာချာပိုင်းခြားပြီး ခွဲခြားပြီးတော့ ကျနော်တို့နည်းလမ်းတွေ ရှာရမှာ ဖြစ်သလို အပြစ်မဲ့တဲ့ ပြည်သူတွေကိုလည်း အပြည့်အ၀အကာအကွယ် ပေးရမယ်။ လုံခြုံစိတ်ချမှုရှိအောင်လို့ လုပ်ပေးရပါမယ်။ အဲဒီလို ကျနော်တို့ မျှမျှတတဆောင်ရွက်ဖို့ကို လိုအပ်တယ်ဆိုတာလေးတွေကိုတော့ အကြမ်းဖျင်း တင်ပြထားပါတယ်။ ”
မကြာခင်ထုတ်ပြန်မယ့် ကော်မရှင်ရဲ့ အကြံပြုချက်တွေဟာ ရခိုင်ပြည်သူလူထုရဲ့ ပကတိကြုံတွေ့နေရတဲ့ အခက်အခဲပြသနာတွေကို တင်ပြနိုင်တဲ့အစီရင်ခံစာဖြစ်ဖို့ လိုအပ်တယ်လို့ ကိုဖီအာနန်ကော်မရှင်နဲ့ လွှတ်တော်မှာ ကိုယ်တိုင်တွေ့ဆုံဆွေးနွေးခဲ့သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မထုမေကလည်း သုံးသပ်ပါတယ်။
“ကိုဖီအာနန်ကော်မရှင်နဲ့တော့ တစ်ကြိမ်တွေ့ဖူးပါတယ်ရှင်။ အဲဒီ တစ်ကြိမ်တွေ့ဖူးတုန်းကတော့ သူတို့ စုံစမ်းစစ်ဆေးရေးတွေ သူတို့ဘောင်ထဲက လုပ်ရတယ်ပေါ့နော်။ အဲဒီလို ပြောတဲ့အခါကျတော့ ကိုဖီအာနန်ကော်မရှင်ရဲ့ ဒီအစီအရင်ခံစာက သမ္မတကို တင်ပြမယ်၊ အဲဒီ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို တင်ပြမယ်ပေါ့နော်။ ဒါနဲ့ မလုံလောက်နိုင်ပါဘူးရှင်။ ဘာလို့လည်းဆိုတော့ ဒါက ပြည်သူတွေဆီက ရတဲ့ facts တွေကို သူတို့တွေက တင်ပြမှာ ချပြရမှာ ဖြစ်တဲ့အတွက်ကြောင့် ဒါ ရခိုင်ပြည်သူလူထုကိုလည်း သူတို့ တပြိုင်နက်တည်းမှာ တင်ပြသင့်ပါတယ်။ ရခိုင်ပြည်သူလူထုအတွက် တကယ့်မြေပြင်မှာ ဖြစ်နေတာနဲ့ ကွဲလွဲလို့ ရှိရင်တော့ ရခိုင်ပြည်သူလူထုက ကျမတို့ လက်ခံမှာတော့ မဟုတ်ဘူးပေါ့နော်။ ဒါကြောင့်မို့လို့ အမှန်တွေ ဖြစ်ဖို့ လိုတယ်။ ဒီအချက်အလက်ကို တင်ပြဖို့ လုပ်တဲ့အခါမှာ ခိုင်မာဖို့ လိုပါတယ်။ နောက်တစ်ခုက သူတို့ တွေ့ရှိချက်သည် ဘက်လိုက်မှု ကင်းရမယ်။ နောက်တစ်ခုက တကယ့်ရခိုင်ပြည်သူလူထု တကယ့်မြေပြင်မှာ တကယ် အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ဟာတွေ ပါရမယ်ပေါ့နော်။ ရခိုင်ပြည်သူလူထုရဲ့ တကယ့် on ground မှာ ဖြစ်နေတဲ့ အရာတွေကို ပါဝင်ဖို့လိုပါတယ်ရှင့်။ ကျမတို့ကတော့လေ ဒါကို အလေးအနက်တော့ ပြောချင်ပါတယ်။ ”
အကြံပေးကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်မှာပဋိပက္ခကြိုတင်ကာကွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပံ့ပိုးရေး၊ ပြန်လည်ရင်ကြားစေ့ရေး၊ အခြေခံအဆောက်အအုံတွေ တည်ဆောက်ပေးရေး၊ ပြည်နယ်ဖွံ့ဖြိုး တိုးတက်မှု မြှင့်တင်ရေးစတဲ့ ကဏ္ဍတွေအတွက် ပကတိအခြေအနေတွေ ကိုလေ့လာသုံးသပ်သွားပြီး အကြံပြုတင်ပြသွားမှာဖြစ်တယ်လို့ ကော်မရှင်ကပြောပါတယ်။
မြန်မာနိုင်ငံသား ၆ ဦးနဲ့ နိုင်ငံခြားသား ၃ ဦး ပါဝင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ထဲမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ဥက္ကဋ္ဌအဖြစ်ဦးဆောင်ပြီး အဖွဲ့ဝင်တွေအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်ဟောင်း Ghassan Salamé ၊ ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီးဟောင်း Laetitia van den Assum၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ ဦးခင်မောင်လေး၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နာယက ဒေါက်တာသာလှရွှေ၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာမြသီတာ၊ ရခိုင်စာပေနဲ့ ယဉ်ကျေးမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဒေါ်စောခင်တင့်၊ ငြိမ်းချမ်းမေတ္တာအဖွဲ့ (မြန်မာနိုင်ငံ) ဦးဆောင်သူဦးအေးလွင် ပါဝင်ကြပါတယ်။ ဒီကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်တွင်း အခြေအနေအရပ်ရပ်ကို ကွင်းဆင်းလေ့လာပြီးနောက် - တနှစ်အကြာမှာ မြန်မာအစိုးရကို အကြံပြုအစီရင်ခံစာ တင်သွင်းသွားမှာလည်း ဖြစ်ပါတယ်။
Share:

06 July, 2017

ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့် လက်ခံတွေ့ဆုံ



Image may contain: 3 people, people sitting and indoor

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့် ကမ္ဘာ့ဘဏ်၏ မြန်မာ၊ လာအို၊ ကမ္ဘောဒီယားနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးတို့အား လက်ခံတွေ့ဆုံ
---------------------------------------------------------------------

နပြည်တော် ဇူလိုင် ၅
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi အား ယနေ့မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွ့ဆုံစဉ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံ၌ လူသားချင်း စာနာမှု အ ကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ မြန်မာနိုင်ငံနှင့် UNHCR တို့ အကြား ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
အလားတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည် သည် ကမ္ဘာ့ဘဏ်၏ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီယားနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Ellen Goldstein အား မွန်းလွဲ (၃)နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွ့ဆုံစဉ် မြန်မာပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အကျိုးသက်ရောက်မှု ရှိစေမည့် လျှပ်စစ်ဓာတ်အားရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်ရေးနှင့် အာဟာရ ပြည့်ဝမှု ရရှိစေရေး စသည့်ကဏ္ဍများတွင် မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
Share:

ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာနိုင်ငံသားတွေဌာနေ ပြန်ဖို့ အရေးကြီးကြောင်း မြန်မာလက်ခံ 04 ဇူလိုင်၊ 2017

မြန်မာအမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali တို့ တွေ့ဆုံဆွေးနွေးနေစဉ်
မြန်မာအမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali တို့ တွေ့ဆုံဆွေးနွေးနေစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ပြန်ပို့ရေးဟာ အရေးကြီးတယ်ဆိုတာကို လက်ခံ ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရောက်နေတဲ့ မြန်မာအမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက သဘောတူခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali နဲ့ အစိုးရဧည့်ဂေဟာမှာ တွေ့ဆုံစဉ် ဦးသောင်းထွန်း က အဲဒီလို ပြောကြားခဲ့တာလို့ ဆိုပါတယ်။ တွေ့ဆုံမှုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာန အတွင်းဝန် Md Shahidul Haque နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Sufiur Rahman တို့လည်း တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
တွေ့ဆုံမှုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေကြတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံ ကို ပြန်ပို့ရေးအတွက် နှစ်နိုင်ငံအကြား အရင်က လုပ်ဆောင်ခဲ့တာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီးက ပြန်ပြောင်း ပြောပြခဲ့တယ်လို့ ဆိုပါတယ်။
ဦးသောင်းထွန်းကတော့ နှစ်နိုင်ငံဆက်ဆံရေး တိုးမြင့်ဆောင်ရွက်ဖို့ မြန်မာအစိုးရဘက်က ဆန္ဒရှိကြောင်းနဲ့ သဘောထား ကွဲပြားမှုတွေကို တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာလိုကြောင်း တွေ့ဆုံမှုအတွင်း ပြောကြားခဲ့ တယ် လို့ ဆိုပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိခဲ့တဲ့အပေါ် လည်း ကြေနပ် အားရကြောင်း ဦးသောင်းထွန်းက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကို ဇူလိုင်လ ၂ ရက်ကနေ ၄ ရက်နေ့အထိ ၃ ရက်ကြာ တရားဝင် အလည်အပတ် ရောက်ရှိနေတာပါ။
Share:

05 July, 2017

ရိုဟင်ဂျာ အရေး​ဖြေရှင်းဖို့​ အပြန်အလှန်ညှိနိုင်း​​ ဆွေးနွေး သွားရမယ်လို့ မြန်မာကို ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ပြောကြား




ဇူလိုင် ၄၊ ၂၀၁၇ Myanmar Muslim Media
ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ကနေပြန်လည်ခေါ်ယူဖို့ ထပ်မံတိုက်တွန်းပြောကြားခဲ့ပြီး ဒီပြသနာ ကိုနှစ် ဦးနှစ်ဖက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုကနေဖြေရှင်းနိုင်မယ်လို့ ၀န်ကြီးချုပ်ရှိတ်ဟာစီနာက အင်္ဂါနေ့ မှာပြောကြား ခဲ့ပါတယ်။
“ပြသနာကိုအပြန်အလှန်ဆွေးနွေးညှိနှိုင်းပြီးဖြေရှင်းသွားမယ်”လို့ အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ ဦးသောင်းထွန်း ကို သူမရုံးမှာတွေ့ဆုံစဉ်မှာပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာလည်း စစ်တကောင်း တာင်ကုန်း မှာလည်း ပြသနာတစ်ချို့ရှိတယ်လို့မှတ်ချက်ပြုခဲ့ပြီး အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုနဲ့ ဖြေရှင်းခဲ့ တယ် လို့ သူမကပြောကြားခဲ့ပါတယ်။
“လက်ရှိမှာစာရင်းပေးသွင်းထားတဲ့မြန်မာရိုဟင်ဂျာ၃သောင်းရှိပါတယ်။ ဒါပေမယ့် တကယ့်အရေအတွက်က ၄သိန်းလောက်ရှိပြီး မုတ်သုန်ကာလအတွင်းသူတို့ရဲ့ပူဆွေးသောကတွေဟာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။” လို့ ၀န်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ “ဘင်္ဂလားဒေ့ရှ်အနေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားဖို့အဆင်သင့်ပဲ”လို့ ထပ်ဖြည့်ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ်ရဲ့မီဒီယာအတွင်းရေးမှူး အဟ်စနူလ်ကာရင်မ်က တွေ့ဆုံပွဲနောက် သတင်းထောက်တွေ ကို အတိုချုပ် ရှင်းလင်းပြောကြားခဲ့ပါတယ်။ “မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း မူးယစ်ဆေးဝါးမှောင်ခို တင်သွင်းမှုတွေ အထူးသဖြင့် ရူးသွပ်စေတဲ့ဆေးလို့ခေါ်တဲ့ ယာဘမူးယစ်ဆေးမှောင်ခိုမှုတွေနဲ့ ပတ်သက်ပြီး ၀န်ကြီးချုပ်က လုံခြုံရေးအကြံပေးကို သတိပေးပြောကြားခဲ့တယ်”လို့ သူကပြောကြားခဲ့ပါတယ်။
“မှောင်ခိုတင်သွင်းမှုတွေကိုတားဆီးသွားတဲ့နေရာမှာ မြန်မာအစိုးရနဲ့ပူးပေါင်းသွားမယ်ဆိုတဲ့အပေါ်မှာ မြန်မာ လုံခြုံရေး အကြံပေးက ပူးပေါင်းဆောင်ရွက်သွားမယ်လို့ကတိပြုပြောကြားခဲ့တယ်”လို့ ၀န်ကြီးချုပ်ရဲ့ အတွင်းရေးမှူးက ပြောကြားခဲ့ပါတယ်။ “လက်နက်ကိုင်အဖွဲ့တွေနဲ့ သောင်းကျန်းသူတွေက ဘင်္ဂလားဒေ့ရှ် မြေကိုအသုံးချပြီး အိမ်နီးချင်းနိုင်ငံတွေကိုထိခိုက်အောင်လုပ်ဆောင်နေမှုတွေကို သူမရဲ့အစိုးရ အဖွဲ့က လုံးဝသည်းခံသွားမှာမဟုတ်ဘူး”လို့ ဟာစီနာကထပ်လောင်းပြောကြားခဲ့ပါတယ်။
အစိုးရရဲ့တိုးတက်တဲ့လုပ်ဆောင်မှုဆောင်ရွက်ချက်တွေကိုဖော်ပြပြီး ကျေးလက်ဒေသတွေဖွံဖြိုးတိုးတက်ဖို့ သူမရဲ့ အစိုးရအဖွဲ့ဟာအာရုံစိုက်သွားမယ်လို့ ဟာစီနာကပြောကြားခဲ့ပါတယ်။ ဦးသောင်းထွန်းက သူ့နိုင်ငံရဲ့ လက်ရှိအာရုံစိုက်မှုဟာ ဖွံဖြိုးတိုးတက်မှုကိုဆောင်ရွက်မှုနဲ့အတူ ပြည်တွင်းငြိမ်းချမ်းရေးရရှိစေဖို့ဖြစ် တယ်လို့ ပြောကြားခဲ့ပါတယ်။
အခြေခံကျတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ဖော်ထုတ်ဖို့လိုတယ်။ ဒုက္ခသည်ပြသနာအရေးနဲ့ပတ်သက်ပြီး ပြောကြားတဲ့အချိန်မှာသူကပြောကြားခဲ့ပါတယ်။ မြန်မာ ကငြိမ်း ချမ်းရေး နဲ့ဖွံဖြိုး တိုးတက်မှုလိုချင်ပြီး မြန်မာဟာအိမ်နီးချင်းနိုင်ငံတွေနဲ့ဆက်ဆံရေးကောင်းတွေ ထိန်း သိမ်း သွားမယ်လို့သူကပြောကြားခဲ့ပါတယ်။ “စစ်ဘက်ဆိုင်ရာဆက်ဆံရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံလုံးဟာ လုံခြုံရေးအရေးကိစ္စတွေပေါ်မှာ အချက်အလက်တွေဝေငှသွားမှာဖြစ်သလို အိမ်နီးချင်းနှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်သွားမယ်”လို့ သူကဆက်လက်ပြောကြားခဲ့ပါတယ်။ မြန်မာကနေ ဘင်္ဂလားဒေ့ရှ်ကို ဓာတ်ငွေ့ရောင်းချမှုနဲ့ပတ်သက်ပြီး နှစ်နိုင်ငံလုံးဟာ ဒီအရေးကိုဆွေးနွေး သွားမယ် လို့သူကဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘင်္ဂလားဒေ့ရှ်ရဲ့အံ့သြစရာကောင်းတဲ့ဖွံဖြိုးတိုးတက်မှုတွေကို ချီးကျူးလိုက်ပြီး ဒါဟာ ဘင်္ဂလားဒေ့ရှ်ကိုသူ့ရဲ့ဒုတိယအကြိမ်လည်ပတ်မှုဖြစ်ပြီး အရမ်းကိုဖွံဖြိုးတိုးတက်လာတာကို မြင်တွေ့ခဲ့ ရတာဖြစ် တယ်လို့ ဦးသောင်းထွန်းကပြောကြားခဲ့ပါတယ်။
သဘာဝကပ်ဘေးကြိုတင်ကာကွယ်ဆောင်ရွက်မှုတွေမှာ ဘင်္ဂလားဒေ့ရှ်ကအောင်မြင်နေပြီး ဒီလိုနယ် ပယ် မှာ ဘင်္ဂလားဒေ့ရှ်ကစံပြဖြစ်တာကြောင့် မြန်မာကဒီအခြေအနေကို အတုယူရမယ်လို့ပြောကြားခဲ့ပါတယ်။


မူရင်း - The Asian Age
ဘာသာပြန် - ညောင်နီရွက်
Share:

03 July, 2017

မြန်မာလုံခြုံရေးအကြံပေး ဘင်္ဂလားဒေ့ရှ် အရာရှိတွေနဲ့ဆွေးနွေး

03 ဇူလိုင်၊ 2017

အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်း
မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်းဟာ တနင်္ဂနွေနေ့ကစပြီး ၃ ရက်ကြာ ခရီးစဉ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိသွားပါပြီ။ ဦးသောင်းထွန်းဟာ တနင်္ဂနွေနေ့ ညနေ ၇ နာရီမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Mahmood Ali နဲ့ အစိုးရဧည့်ဂေဟာ Padma မှာ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖေါ်ပြပါတယ်။
အခုလို တွေ့ဆုံစဉ်အတွင်း ရိုဟင်ဂျာ ပြဿနာ အပါအဝင် ၂ နိုင်ငံကြား လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဌာနက အမည်မဖေါ်လိုတဲ့ အရာရှိတဦးရဲ့ ပြောကြားချက်ကိုလည်း ကိုးကား ဖေါ်ပြထားပါတယ်။
ဦးသောင်းထွန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေစဉ်အတွင်း ၀န်ကြီးချုပ် Sheikh Hasina နဲ့ရော ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal တို့နဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။ ဒီလို တွေ့ဆုံရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် တွေကို နေရပ်ရင်း ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က အဆိုပြုချက်တွေကို အလေးထား ဆွေးနွေးဖို့ရှိတယ် လို့လည်း သတင်းတွေ မှာ ဖေါ်ပြပါတယ်။ ရေရှည်ဖြေရှင်းရမယ့် ရိုဟင်ဂျာ ကိစ္စအပါအ၀င် နှစ်နိုင်ငံအကြားရှိနေတဲ့ တခြား ပြဿနာတွေ ဖြေရှင်းရေးမှာ တိုးတက်မှုတွေ ဖြစ်ပေါ်ဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ဘက်က လိုလားတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အရာရှိကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မနှစ်က အောက်တိုဘာလ ၉ရက် နယ်စပ်လုံခြုံရေးစခန်း အတိုက်ခိုက် ခံခဲ့ရတဲ့နောက် လုံခြုံရေး တပ်ဖွဲ့တွေရဲ့ နယ်မြေ ရှင်းလင်း ရေးကြောင့် ရိုဟင်ဂျာဒုက္ခသည် အများအပြား ဘင်္ဂလာဒေ့ရှ် ဘက်ကို ထွက်ပြေးခဲ့ကြသလို အရင်ကတည်းက ထွက်ပြေး ခိုလှုံ နေသူတွေလည်း ရှိနေတာပါ။
ရခိုင်ပြည်နယ်တွင်း လုံခြုံရေး အခြေနေကလည်း မွတ်စလင် အများစုနေထိုင်ရာ မောင်တောမြို့နယ်တွင်း ခုသီတင်းပတ်တွေ အတွင်းမှာပဲ အသတ်ဖြတ်ခံရ၊ ပျောက်ဆုံးသူ အရေတွက် တိုးလာနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ကို မသွားခင် ထုတ်ပြန်တဲ့ လုံခြုံရေး အကြံပေးရဲ့ အခြေနေ ထုတ်ပြန်ချက်မှာ ဖေါ်ပြထား ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ရှိ မြန်မာအစိုးရဟာ ပြည်တွင်းပြည်ပက ခြိမ်းခြောက်မှု အန္တရာယ်တွေ နဲ့ ပတ်သက်ပြီး အစိုးရနဲ့ သမ္မတကို အကြံပေးတင်ပြဖို့ ပြည်ထောင်စုဝန်ကြီးအဆင့်ရှိတဲ့ အမျိုးသားလုံခြုံရေး အကြံပေး ရာထူးကို ပြီးခဲ့တဲ့ ဇန်န၀ါရီလက ဖန်တီးခဲ့ပြီး အငြိမ်းစား သံအမတ်ကြီး ဦးသောင်းထွန်းကို အစိုးရရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ် ခန့်အပ်ခဲ့တာပါ။
တချိန်ထဲမှာပဲ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Fillippo Grandi ဟာ မြန်မာနိုင်ငံကို ရောက် ရှိနေပြီး တနင်္ဂနွေနေ့မှာ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ ပါတယ်။ အစိုးရအဖွဲ့ ပြန်ကြားရေး တာဝန်ခံ တဦးကတော့ မဟာမင်းကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် တွေဟာ ၄-၅ ရက်ကြာ လာရောက် တာဖြစ်ပြီး မောင်တော၊ စစ်တွေနဲ့ မြောက်ဦးမြို့ တွေကို သွားရောက်ကာ ဒုက္ခသည်စခန်းတွေကို သွားရောက် ဖို့ ရှိကြောင်း ပြောပါတယ်။

Share:

01 May, 2017

အမေရိကန်- တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု စတင်

အမေရိကန်- တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်လိုက်ပြီရာ လေယာဉ်တင်သင်္ဘောကြီး USS Carl Vinson ဦးဆောင်တဲ့ စစ်သင်္ဘောအုပ်စုဟာာ ဂျပန်ပင်လယ်ကို ဝင်ရောက်လာပြီဖြစ်ပါတယ်။ မြောက် ကိုရီးယားရဲ့ မအောင်မြင်တဲ့ ဒုံးပျံပစ်လွှတ်ပြီး နောက်တရက်မှာ စစ်ရေးလေ့ကျင်မှု စတင်ခြင်းဖြစ်ပါတယ်။

တောင်ကိုရီယားရဲ့ ယွန်ဟပ်သတင်းကလည်း အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့တွေဟာ အရှေ့ပင်လယ် စစ်ရေးလေ့ကျင့်မှုတခု စတင်လိုက်ပြီဖြစ်ကြောင်း၊ USS Carl Vinson ဦးဆောင်တဲ့အဖွဲထဲမှာ ပဲ့ထိန်းဒုံးပျံတပ် ခရူဇာ စစ်သင်္ဘော USS Lake Champlain နဲ့ ဖျက်သင်္ဘော ၂စီးဖြစ်တဲ့ USS Michael Murphy  နဲ့ USS Wayne E Meyer လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ရေးလေ့ကျင့်မှုကို နောက်တပတ်အထိပြုလုပ်မှာဖြစ်ပြီး  မြောက်ကိုရီးယားရဲ့ ပစ်လွှတ်တိုက် ခိုက်နိုင်တဲ့ ဒုံးပျံများကို စောင့်ကြည့်ခြင်း၊ ခြေရာခံခြင်း နဲ့ ကြားဖြတ်တိုက်ခိုက်ခြင်းများ ပြုလုပ်မှာဖြစ် ပါတယ်။

ဒါအပြင် နောက်ဆက်တွဲ စစ်ရေးလေ့ကျင့်မှုကို ပင်လယ်ဝါမှာ ပြုလုပ်မှာဖြစ်ပြီး မြောက်ကိုရီးယား ကျူး ကျော်မှုနဲ့ အမေရိကန်နဲ့ တောင်ကိုရီယား မဟာမိတ်တပ်များ စစ်ရေးအဆင့်သင့်ဖြစ်မှုကို ရည်ရွယ်တယ်လို့ သိရပါတယ်။

တောင်ကိုရီးယား ရေပြင်မှာ ရောက်ရှိနေတဲ့ အမေရိကန် နျူကလီးယားရေငုပ်သင်္ဘော USS Michigan ကိုလည်း နစ်မြုပ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။

မြောက်ကိုရီးယားကလည်း မကြာသေးမီက အရှေ့ဘက်ကမ်းခြေဒေသမှာ အမြောက်ကြီး အလက် ပေါင်း ၃၀၀ ကျော်နဲ့ ပစ်ခတ်လေ့ကျင့်ခဲ့သလို၊ မနေ့ကလည်း ဒုံးပျံတစင်းကို ပစ်လွှတ်ရာ မအောင်မြင်ပဲ ပျက်ကျခဲ့ပါတယ်။
Share:

Blog Archive

ဘင်္ဂလားဒေ့ရှ်သည် လူဦးရေပေါက်ကွဲပြီး ရခိုင်ပြည်နယ်အတွင်း ၀င်ရောက်လုပ်ကိုင် စားသောက် နေကြသည်ဆိုသည့်အချက်ကို ပြန်လည်သုံးသပ်စေလိုဟု ဘင်္ဂလားဒေ့ရှ်စစ်သံမှူးက ပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လူဦးရေပေါက်ကွဲပြီး ရခိုင်ပြည်နယ်တွင် လုပ်ကိုင်စားသောက်ရန် ၀င်ရောက်နေ ကြသည်ဆိုသည့်အချက်အပေါ် ပြန်...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.