• North Korea launches missile despite US tensions
    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.
  • This is default featured slide 2 title
    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
  • This is default featured slide 3 title
    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
  • This is default featured slide 4 title
    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
  • This is default featured slide 5 title
    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
08 April, 2018
သမ္မတ ရှီကျင်းပင်ရဲ့  ဖခင် သင်ပေးခဲ့တဲ့ မှတ်သားဖွယ် စကား(၃)ခွန်း
ရှီကျင်းပင်က ငယ်ငယ်က အရမ်း တကိုယ်ကောင်းဆန်တယ်တဲ့။ သားသမီးတွေ အတွက် တစ်ခုခုဝယ်လာရင် သူက အကောင်းဆုံးကို ယူတယ်။ အဲဒါကြောင့် သူကို ဘယ်သူမှ အပေါင်းအသင်း မလုပ်ချင်ကြသလို ကစားဖော် သူငယ်ချင်းလဲ မရှိဘူးတဲ့။ ဒါကိုလည်း သူ့ရဲ့  အမှားလို့ သူမထင်ဘူးတဲ့။
တရက်မှာတော့ သူ့အဖေက သူကို သင်ခန်းစာ ပေးချင်တာနဲ့ ခေါက်ဆွဲ ၂ ပွဲပြင်ထားတယ်။ တပွဲမှာ ကြက်ဥ ကို ခေါက်ဆွဲပေါ်မှာ တင်ထားပြီး နောက်တပွဲမှာ ကြက်ဥပါတာ မတွေ့ရဘူး။ သူ့ကိုလဲ သား မင်းကြိုက်တဲ့ ခေါက်ဆွဲ ပွဲယူစား ဆိုတော့။ သူက ကြက်ဥပါတဲ့ ပွဲကို အရင်ယူ စားတာပေါ့။
အဲဒီအချိန်တွေတုန်းက ကြက်ဥက တရုတ်ပြည်မှာ ဒီလောက်မပေါသေးဘူးတဲ့။ သူတို့ မိသားစုတွေ အတွက် နှစ်သစ်ကူးလို နေ့တွေမှာသာ ကြက်ဥ စားကြရတာကိုး။
ရှီကျင်းပင်က ကြက်ဥစားရတော့ ပျော်တာပေါ့။ သူရွေးတာမှန်လို့လဲ သူ့ကိုယ်သူ ဂုဏ်ယူနေတာပေါ့။ အဲလိုနဲ့ စားနေရင်း သူ့အဖေ ပန်းကန်ကြည့်လိုက်တော့ ကြက်ဥက ၂ လုံးတောင်တဲ့။ လားလား ခေါက်ဆွဲအောက်မှာ ကြက်ဥတွေ မြုပ်ထားခဲ့တာကိုး။
သူလဲ နောင်တရသွားတာပေါ့။ သူ့ အဖေစားနေတဲ့ ပန်းကန်ရွေးမိရင် ကြက်ဥ ၂ လုံးစားရမှာလေ။ သူ့ အဖေက ပြုံးပြီး ဒီမှာ ငါ့သား မင်းသိထားဖို့က မင်းမျက်လုံးနဲ့ မြင်တဲ့ အရာတိုင်းဟာ အမှန်မဟုတ်ဘူး။ မင်းက သူများအပေါ် အခွင့်အရေးယူဖို့ လုပ်တာနဲ့ ဆုံးရှုံးခြင်းတွေပဲ ကြုံရလိမ့်မယ် ငါ့သား ဆိုပြီး ဆုံးမတယ်။
အဲလိုနဲ့ နောက်နေ့ကြတော့ သူနဲ့ သူ့အဖေ စားဖို့ ခေါက်ဆွဲ ၂ ပွဲ ပြင်ထား ပြန်တယ်တဲ့။ အဲလိုပဲ ကြိုက်တဲ့ ပွဲရွေးခိုင်း တယ်။ တပွဲမှာ ကြက်ဥ ကို ခေါက်ဆွဲပေါ်မှာ တင်ထားပြီး နောက်တပွဲမှာ ကြက်ဥပါတာ မတွေ့ရဘူး။ ဒီတခါတော့ ရှီကျင်းပင်က သား နပ်သွားပြီ ဆိုတဲ့ အထာနဲ့ ကြက်ဥ မပါတဲ့ ပွဲကိုရွေးလိုက်တယ်။
အဲလိုနဲ့ ယူပြီး စားဖို့ အောက်မှာ ကြက်ဥ ၂ လုံးရှိမယ် အထင်နဲ့ မွှေရှာတာ။ ဘာကြက်ဥမှ မရှိဘူးတဲ့။ သူ့အဖေ ကတော့ ခေါက်ဆွဲပေါ်တင်ထားတဲ့ ကြက်ဥတစ်လုံး နဲ့ အရသာ ရှိရှိ စားနေတာကိုး။
အဲဒါနဲ့ သူ့အဖေ မျက်နှာမော့ကြည့်တော့။ ငါ့သား မင်းမှာရှိခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း အရမ်းပုံပြီး မယုံနဲ့။ ဘဝမှာ မင်းကို လှည့်စားသွားတာတွေ ၊  မာယာတွေ အများကြီး ပြည့်နေတာတွေ ရှိတယ်။ ဒီတော့ ကိုယ်မှာ ရှိထားတဲ့ အတွေ့အကြုံတွေကို ပညာနဲ့ ပေါင်းစပ်ပြီးမှ ရွေးချယ်မှုတွေ လုပ်သင့်တယ် ဆိုပြီး သင်ပေးတယ်။
တတိယ နေ့မှာလဲ အရင်နေ့တွေလိုပဲ ခေါက်ခွဲ ၂ ပွဲ ပြင်ထားတယ်။ အရင်လိုပဲ တစ်ပွဲရဲ့  အပေါ်မှာ ကြက်ဥတင်ထားတယ်။ နောက်တစ်ပွဲမှာ ကြက်ဥ မတွေ့ရဘူး။ ဒီတကြိမ်မှာတော့ ရှီကျင်းပင်က အဖေ အရင်ရွေးပါ။ အဖေက အိမ်ထောင်ဦးစီး အဖေကို ကျနော်ဦးစားပေးရမယ် ဆိုပြီး သူ့အဖေကို အရင်ရွေးခိုင်း တယ်တဲ့။
သူ့အဖေကလည်း မဆိုင်းမတွ လက်ခံပြီး ကြက်ဥတင်ထားတဲ့ ခေါက်ဆွဲပွဲကို ရွေးလိုက်တယ်။ ရှီကျင်းပင် ထင်လိုက်တာက ကျန်တဲ့ ပွဲမှာ ဘာကြက်ဥမှာ ပါတော့မှာ မဟုတ်ဘူးလိုထင်လိုက်တာပေါ့။ ဒါပေမဲ့ စားမလို့ မွှေလိုက်တဲ့ အခါမှာပဲ ကြက်ဥ ၂ လုံးတောင် ခေါက်ဆွဲအောက်မှာ ရှိနေတယ်တဲ့။
သူ့အဖေက ပြုံးပြီး မေတ္တာလွှမ်းတဲ့ မျက်ဝန်းတွေနဲ့ သူ့သားကိုကြည့်ပြီး ငါ့သား မင်းမှတ်ထားရဖို့က မင်းက သူများအပေါ်ကောင်းခဲ့ရင် မင်းအပေါ်မှာလည်း ဒီထက်ပိုကောင်းတဲ့ အရာတွေ ရောက်လာလိမ့်မယ် ဆိုပြီး သင်ပေးတယ်လိုက်တယ်တဲ့..။
ငါ့သား ဒီသင်ခန်းစာတွေကို မြဲမြဲ မှတ်ထားပါ။  ဒီသင်ခန်းစာတွေကို မင်းရဲ့ ကျောင်းဖတ်စာအုပ်တွေထဲ သင်ပေး မှာ မဟုတ်ဘူး ဆိုပြီး ဆုံးမ လိုက်တယ်တဲ့။
အဲဒီလို ဖခင်ကောင်းရှိတဲ့ အတွက် ရှီကျင်းပင်ဟာလည်း အခုအချိန်မှာ တရုတ်နိုင်ငံလို လူဦးရေ များပြားပြီး ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတဲ့ နိုင်ငံမှာ ထူးချွန်ထက်မြက်ပြီး သမ္မတ တစ်ယောက် ဖြစ်လာတဲ့ အထိ အောင်မြင်ခဲ့ တာပေါ့။
ရှီကျင်းပင် အဖေသင်ပေးလိုက်တဲ့ မှတ်သားဖွယ် စကား (၃) ခွန်း ပြန်ကောက်လိုက်ရင်
(၁) မင်းမျက်လုံးနဲ့ မြင်တဲ့ အရာတိုင်းဟာ အမှန်မဟုတ်ဘူး။ မင်းက သူများအပေါ် အခွင့်အရေးယူဖို့ လုပ်တာနဲ့ ဆုံးရှုံးခြင်းတွေပဲ ကြုံရလိမ့်မယ်။
(၂) မင်းမှာရှိခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း အရမ်းပုံပြီး မယုံနဲ့။ ဘဝမှာ မင်းကို လှည့်စားသွားတာတွေ ၊  မာယာတွေ အများကြီး ပြည့်နေတာတွေ ရှိတယ်။ ဒီတော့ ကိုယ်မှာ ရှိထားတဲ့ အတွေ့အကြုံတွေကို ပညာနဲ့ ပေါင်းစပ်ပြီးမှ ရွေးချယ်မှုတွေ လုပ်သင့်တယ်။
(၃) မင်းက သူများအပေါ်ကောင်းခဲ့ရင် မင်းအပေါ်မှာလည်း ဒီထက်ပိုကောင်းတဲ့ အရာတွေ ရောက်လာ လိမ့်မယ်တဲ့။
#စိတ်ခွန်အားဖြည့် ရသစာများ, #ရဲမင်း
Please note that the origin of the story is questionable, but the story is worth reading.
ဒီစာလေးကို ဖတ်ပြီး ဘာသာပြန်ဖို့ ပို့ပေးတဲ့ ကျနော် ညီ ရဲမျိုး Ye Myo   ကို ကျေးဇူးတင်ကြောင်း မှတ်တမ်း တင်ပါတယ်။
Share:
16 March, 2018
ဖုန်း အသုံးပြုသူများမဖြစ်မနေသိ သင်သတိထားသင့်တဲ့ အန္တရာယ်ဖြစ်နိုင်သောအချက်များ။သိထားတော့ဖုန်းကြောင့်အန္တရာယ်မဖြစ်တော့ဘူးပေါ့ဗျာ
Share:
10 March, 2018
လူမျိုးဘာသာ မခွဲခြားဘဲ နိုင်ငံသားပေါ်မှာပဲ အခြေခံသင့်တယ်
ကျမတို့ ၂၅ ယောက်အဖွဲ့က အင်ဒိုနီးရှားကို သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။ အင်ဒိုနီးရှားက ကျွန်မနိုင်ငံနဲ့ တော်တော်လေးကို တူပါတယ်။ သူတို့မှာ လူမျိုး ၇၀၀ ကျော်ရှိတယ်။ ကျွန်မတို့မြန်မာနိုင်ငံကတော့ လူမျိုး ၁၃၅ မျိုးရှိတယ်။ အင်ဒိုနီးရှားမှာ လူမျိုးတွေကွဲနေပေမယ့် သူတို့က အင်ဒိုနီးရှားနိုင်ငံသားလို့ပဲ အသိအမှတ်ပြုတယ်။ နင်ကတော့ ကချင်၊ နင်က ဗမာဆိုပြီး လူမျိုးခွဲခြားတာ မရှိဘူး။ နင်ကတော့ မွတ်စလင်၊ နင်ကတော့ ခရစ်ယာန်ဘာသာဆိုပြီးတော့ ဘာသာရေးအပေါ်မှာလည်း အခြေမခံဘူး။ အခြေမခံတဲ့အခါကျတော့ သူတို့က အင်ဒိုနီးရှားနိုင်ငံသားဆိုတဲ့ စိတ်ဓာတ်နဲ့ စုစည်းပြီးတော့ အင်ဒိုနီးရှားမှာ ကျွန်းပေါင်းတစ်သောင်းသုံးတောင်ကျော် ရှိတဲ့ဟာကို သူတို့စုစည်းနိုင်တယ်။
ဘာလို့စုစည်းနိုင်သလဲဆိုရင် တိုင်းရင်းသားပေါ်မှာ အခြေမခံဘူး၊ ဘာသာရေးပေါ်မှာ အခြေမခံဘူး။ နိုင်ငံသား အပေါ်မှာပဲ အခြေခံပြီးတော့ အင်ဒိုနီးရှားနိုင်ငံကို တည်ဆောက်နေတဲ့အတွက်ကြောင့် တော်တော်လေး အောင်မြင်ပြီးတော့ ကျွန်မတို့ထက် အရမ်းကို တိုးတက်နေတာကို တွေ့ရပါတယ်။
ကျွန်မတို့က ၁၃၅ မျိုးရှိပေမယ့် တိုင်းရင်းသားကို အခြေမခံဘဲ၊ ဘာသာကို အခြေမခံဘဲ ငါဘာဖြစ်တယ်ဆိုတာ မဟုတ်ဘဲနဲ့ ငါဟာ တိုင်းပြည်အတွက် ဘာလုပ်နိုင်မလဲ၊ ငါမြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဘာလုပ်နိုင် မလဲဆိုတာကိုပဲ ထည့်တွက်မယ်ဆိုရင် ကျွန်မတို့ဟာ စည်းလုံးညီညွတ်တဲ့ နိုင်ငံတော်ဖြစ်ပြီးတော့ အရှေ့တောင် အာရှမှာ ကျွန်မတို့က သူများထက် ကျော်သွားနိုင်ပါတယ်။ အခုလိုပြောတာကလည်း အင်ဒိုနီးရှားနိုင်ငံခရီးစဉ်မှာ တွေ့ခဲ့ရတာကတော့ တိုင်းရင်းသားတွေက ကျွန်မတို့ထက် များပေမယ့် နိုင်ငံသားဆိုတဲ့အပေါ်မှာပဲ အခြေခံတဲ့ အတွက် သူတို့နိုင်ငံအတွက် ဆောင်ရွက်နိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့နိုင်ငံမှာလည်း လူမျိုးဘာသာမခွဲခြားဘဲ နိုင်ငံသားအပေါ်မှာပဲ အခြေခံသင့်တယ်လို့ ပြောချင်ပါတယ်။
– ဒေါ်ရှီလာနန်တောင်
အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌ
(((Hot News – Vol-6, No-294, May 20-26, 2016 ပါ ဒေါ်ရှီလာနန်တောင်နှင့် အင်တာဗျူးမှ
 ကောက်နုတ်ချက်)))
ပြန်လည်မျှဝေပေးပါသည်။
ရာဇာ
Image may contain: 1 person
Advertisements
Share:
01 January, 2018
Mother’s Day အမေနေ့
မာတာပိတု ဂုဏော အနန္တော
ကမ္ဘာမှာတော့ အမေနေ့ကို မတူတဲ့နေ့တွေမှာ ကျင်းပ ကြတယ်။ မြန်မာနိုင်ငံမှာ ပြာသိုလပြည့်နေ့ကို အမေနေ့ လို့ လူသိများလာပါတယ်။ တရားဝင်နေ့တော့ မဟုတ်ပါ။
နော်ဝေ = ဖေဖော်ဝါရီ ဒုတိယတနင်္ဂနွေ = ၈၊ ၉၊ ၁ဝ ရက်၊
ဂျော်ဂျီယာ = မတ်လ ၃ ရက်၊
အာဖဂန်နစ္စတန်၊ အယ်လ်ဘေးနီးယား၊ ကိုဆိုဗို၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဘိုင်လိုရပ်စ်၊ ဘော့စနီးယား-ဟာဇီဂိုးဗီးနား၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ကာဂျစ္စတန်၊ လာအို၊ မက်ဆီဒိုးနီးယား၊ မွန်တီနီဂရိုး၊ ရိုမေးနီးယား၊ ဆလိုဗေးနီးယား၊ ဆာဗီးယား၊ တာဂျီကစ္စတန်၊ ဗီယက်နမ်၊ = မတ်လ ၈ ရက်၊
အိုင်ယာလန် = မတ်လ ၁ဝ ရက်၊
နိုင်ဂျီးရီးယား = မတ်လ ၁၅ ရက်၊
ယူကေ = မတ်လ ၃ဝ ရက်၊
ဘာရိန်း၊ ကိုမိုရိုးစ်၊ ဂျီဘူတီ၊ အီဂျစ်၊ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ လစ်ဗျား၊ မောရီတေးနီးယား၊ အိုမန်၊ ကာတာ၊ ဆောဒီ၊ ဆူဒန်၊ ဆီးရီးယား၊ ပါလစ်စတိုင်း၊ ယူအေအီး၊ ယီမင် = မတ်လ ၂၁ ရက်၊
ဆလိုဗေးနီးယား = မတ်လ ၂၅ ရက်၊
အာမေးနီးယား = ဧပြီ ၇ ရက်၊
ဟန်ဂေရီ၊ လစ်သူယေးနီးယား၊ မိုဇမ်ဘစ်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ စပိန် = မေလ ပထမတနင်္ဂနွေ (၃၊ ၄၊ ၅) ရက်၊
တောင်ကိုရီးယား (မိဘများနေ့) = မေလ ၈ ရက်၊
အယ်လ်ဆာဗာဒို၊ ဂွါတီမာလာ၊ မက်ဆီကို၊ = မေလ ၁ဝ ရက်၊
အင်ဂူလီယာ၊ အင်တီဂူယာ + ဘာဘူဒါ၊ အာရူဘာ၊ သြစတေးလျ၊ သြစတြီးယား၊ ဗဟားမား၊ ဘင်္ဂလားဒက်၊ ဘာဘေးဒိုးစ်၊ ဘယ်လ်ဂျီယမ်၊ ဘီလစ်ဇ်၊ ဘာမျူးဒါး၊ ဘော့စဝါးနား၊ ဘရူနိုင်း၊ ကနေဒါ၊ ကမ်ဘောဒီးယား၊ ချီလီ၊ တရုတ်၊ ကိုလမ်ဘီယာ၊ ကျူးဘား၊ ကူရာကို၊ ဆိုက်ပရပ်စ်၊ ချက်၊ ဒင်းမတ်၊ ဒိုမီနီကန်၊ အီကွေဒို၊ အက်စတိုးနီးယား၊ အီသီယိုးပီးယား၊ ဖီဂျီ၊ ဖင်လန်၊ ဂျာမနီ၊ ဂါနာ၊ ဂရိ၊ ဂရင်နေဒါ၊ ဂိုင်ယာနာ၊ ဟွန်ဒူးရပ်စ်၊ ဟောင်ကောင်၊ အိုက်စလန်၊ အိန္ဒိယ၊ အီတလီ၊ ဂျမေကာ၊ ဂျပန်၊ ကာဒစ်စတန်၊ လတ်ဗီးယား၊ လိုက်ဘေးရီးယား၊ လီချန်စတိန်း၊ မကာအို၊ မလေးရှား၊ မော်လတာ၊ နယူးဇီလန်၊ ပါကစ်စတန်၊ ပါပူအာနယူးဂီနိ၊ ပီရူး၊ ဖိလစ်ပိုင်၊ ပွတိုရီကို၊ စိန်ကစ် + နီဗစ်၊ စိန့်လူစီယာ၊ စိန်ဗင်းဆင့် + ဂရင်နေဒိုင်း၊ ဆာမိုအာ၊ စင်္ကာပူ၊ စိန့်မာတင်၊ ဆလိုဗက်ကီးယား၊ တောင်အာဖရိက၊ ဆူရီမန်၊ ဆွစ်ဇာလန်၊ တိုင်ဝမ်၊ တန်ဇန်နီးယား၊ တွန်ဂို၊ ထရီနီဒက် + တိုဘာဂို၊ တူရကီ၊ ယူဂန်ဒါ၊ ယူကရိန်၊ ယူအက်စ်၊ ယူရူဂွေး၊ ဗီယက်နမ်၊ ဗင်နီဇွဲလား၊ ဇမ်ဘီယာ၊ ဇင်ဘာဘွေ၊ = မေလ ဒုတိယ တနင်္ဂနွေ၊ (၁ဝ၊ ၁၁၊ ၁၂) ရက်၊
ပါရာဂွေး၊ = မေ ၁၅ ရက်၊
ကဂျစ်စတန်၊ = မေ ၁၉ ရက်၊
ပိုလန် = မေ ၂၆ ရက်၊
ဘိုလီဗီးယား = မေ ၂၇ ရက်၊
အယ်လ်ဂျီးရီယား၊ ဒိုမီနီကန်၊ ပြင်သစ်၊ မဒါဂါးစကား၊ မောရိုကို၊ ဟေတီ၊ မောရေးရှပ်၊ ဆီနီဂေါ၊ ဆွီဒင်၊ ကျနီးရှား၊ = မေလ နောက်ဆုံးတနင်္ဂနွေ (၂၅၊ ၂၆၊ ၃၁) ရက်၊
နိုက်ကာရာဂွါ = မေ ၃ဝ ရက်၊
မွန်ဂိုးလီးယား၊ = ဇွန် ၁ ရက်၊
လူဇင်ဘတ် = ဇွန်လ ဒုတိယတနင်္ဂနွေ (၈၊ ၉၊ ၁၄) ရက်၊
ကင်ညာ = ဇွန်လ နောက်ဆုံးတနင်္ဂနွေ (၂၈၊ ၂၉၊ ၃ဝ) ရက်၊
ထိုင်း (ဘုရင်မမွေးနေ့) = သြဂုတ် ၁၂ ရက်၊
ကော်စကာရီကာ၊ အင်တဝပ် (ဘယ်လဂျီယမ်) = သြဂုတ် ၁၅ ရက်၊
မာလာဝီ = အောက်တိုဘာ ဒုတိယတနင်္လာနေ့ (၁၂၊ ၁၃၊ ၁၄) ရက်၊
ဘဲလားရုစ် = အောက်တိုဘာ ၁၄ ရက်၊
အာဂျင်တီးနား = အောက်တိုဘာ တတိယတနင်္ဂနွေ (၁၈၊ ၁၉၊ ၂ဝ၊ ) ရက်၊
ရုရှား = နိုဝင်ဘာ နောက်ဆုံးတနင်္ဂနွေ (၁၄၊ ၂၉၊ ၃ဝ) ရက်၊
တီမော-လက်ဆေး = နိုဝင်ဘာ ၃ ရက်၊
ပနားမား = ဒီဇင်ဘာ ၈ ရက်၊
အင်ဒိုနီးရှား = ဒီဇင်ဘာ ၂၂ ရက်၊
သူများတိုင်းပြည်တွေမှာ အမေနေ့ဆိုတာ မိခင်၊ မိခင်ဘဝ၊ မီးတွင်းဘဝတွေ အားလုံးအတွက် ရည်စူးကြတယ်။ လူ့ယဉ်ကျေးမှု ဖြစ်ထွန်းလာတဲ့သဘောလို့ ယူဆနိုင်ပါတယ်။ မိခင်၊ ဖခင်နဲ့ ညီအကိုမောင်နှမတွေအတွက် နေ့တွေ သီးခြား သတ်မှတ်ထားကြတယ်။ ရှေးကတည်းက ဂရိတွေက ဆိုက်ဗယ်လီ၊ ရိုမန်တွေက ဟီလားရီးယာဆိုပြီး ရှိခဲ့တာပါ။ ခရစ်ယန်ဘာသာ ပေါ်လာတော့ တနင်္ဂနွေမနက်ခင်းဆိုပြီး မိခင်တွေကို ဂုဏ်ပြုလာတယ်။ ကက်သလစ် ဘာသာဝင်တွေကတော့ ဗားဂျင်းမေရီခရစ်တော်ရဲ့ မယ်တော်ကို ချီးမွမ်းပွဲလုပ်ကြတယ်။
အင်္ဂလိပ်စကားသုံးတဲ့နိုင်ငံတွေမှာ မိခင်နေ့၊ မိခင်များနေ့ဆိုပြီး အခေါ်အဝေါ် ကွဲပြားတယ်။ ကွန်မြူနစ်စနစ်ကနေ ပြောင်းလာတဲ့နိုင်ငံတွေမှာတော့ နိုင်ငံတကာမိခင်နေ့ကို မတ်လ ၈ ရက်နေ့မှာ ကျင်းပကြတယ်။ ယူအက်စ်အေမှာ ၂ဝ ရာစု အစကတည်းက အမေနေ့ကို ကျင်းပလာတယ်။ ယူအက်စ်အေမှာ အမေနေ့ဖြစ်လာအောင် လုံးပန်းခဲ့သူက စာရေးဆရာမ ဂျူလီယာဝဒ်နဲ့ သူ့သမီးတို့ ဖြစ်ပါတယ်။ မေလ ဒုတိယတနင်္ဂနွေနေ့ဖြစ်တယ်။
မြန်မာနိုင်ငံမှာ အမေနေ့လို့ တရားဝင်သတ်မှတ်ထားတာ မရှိသေးပါ။ အမေနေ့ဖြစ်လာဖို့ရာ စတင်ကြိုးပမ်းခဲ့သူကတော့ စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခ ဖြစ်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ ပြာသိုလပြည့်နေ့ကို အမေနေ့အဖြစ် စတင်အဆိုပြုခဲ့ပြီး၊ ၁၉၉၅ ခုနှစ်၊ ပြာသိုလပြည့်နေ့မှာ ပထမဦးဆုံး အမေနေ့ကို ကျင်းပခဲ့တယ်။ မန္တလေးမြို့မှာဖြစ်ပါတယ်။ အညာဒေသမှာ မေမေလို့ထက် အမေလို့ ခေါ်တာ များတယ်။
နိုင်ငံရေးထဲဝင်လုပ်ကြလို့ ကျရောက်လာရတဲ့ မိသားစုဒုက္ခတွေကို ဘာတခွန်းမှ ပြောမသွားဘဲ ကွယ်လွန်သွားတဲ့ ကျွန်တော့်အမေလို အမေတွေကို ကန်တော့လိုက်ပါတယ်။ အမေသက်ရှိထင်ရှားရှိကြသူတွေ အားလုံး အမေနေ့ ကိုယ်စီ ကျင်းပနိုင်ကြပါစေ။
ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၇
Share:
17 December, 2017
လ၀က၏ ခေတ် အဆက်ဆက် ဆောင်ရွက်ချက် အပေါ် အယုံအကြည်မဲ့ရသည့် အဓိကအကြောင်းရင်းများ
၁။ နိုင်ငံ၏အနောက်ဖက်တံခါးပေါက်က ပြဿနာ အမည် ဖြင့် စာအုပ်တစ်အုပ်ကို မှော်ဝန်းသား ဦးခင်ညွှန့်က ထုတ်ဝေ ခဲ့ရာ ထိုစာအုပ်စာမျက်နှာ (၁၁/၁၂)တွင် အာဏာရ ပါတီဖြစ်သော ဖဆပလ အဖွဲ့က ၎င်းတို့ ပါတီအား ထောက်ခံသည့်အမတ်ဦးရေ တိုးပွားရေးကို ရည်သန်လျက် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသများသို့တရားမ ၀င်ခိုးဝင်သည့် ဘင်္ဂါလီလူမျိုးများအား စီစစ်မှုမပြ လုပ်သည့် အပြင် ၁၉၅၅/၁၉၅၆ ခုနှစ်တွင် အမျိုးသားမှတ်ပုံတင်များထုတ်ပေးခဲ့သည် ကို လည်း တွေ့ရသည်ဟု ဖော်ပြပါရှိ ပါသည်။
၂။ လ၀ကဦးစီးမှူးများကို သင်တန်းပို့ချပေးသည့် လ၀က ဦးစီးမှ အငြိမ်းစားအရာရှိ ကလောင်ရှင် ထေရအောင်က ”နိုင်ငံသားစိစစ်ခံရမည်သူ၏ သက်သေခံကတ်ပြား NVC Card ဘယ်လိုရည်ရွယ် ထုတ်ပေးတာလဲ” ခေါင်းစဉ်ဖြင့် ရေးသားပို့ချသည့်ဆောင်ပါးတွင် နိုင်ငံသားစီစစ်ရေး ကတ်ပြား ထုတ်ပေး ခဲ့ခြင်းနှင့်စပ်လျဉ်း၍အောက်ပါ အတိုင်း ရေးသားပို့ချခဲ့ပါသည်။
“၁၉၈၉ ခုနှစ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ် ပေးရေး စီမံချက်သည် ထိုကာလ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်မူအတိုင်း၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံသားအမျိုးအစားလက်မှတ် တစ်မျိုးမျိုးကိုင်ဆောင် မဲပေးနိုင်ရေးကိုဦးတည်၍ တိုးတောင်း သောအချိန် အတွင်းဆောင်ရွက်ခဲ့ရသဖြင့် သေချာ စိစစ်နိုင်မှုမရှိဘဲ အလျင်စလိုထုတ်ပေးခဲ့ရပါသည်။
ထိုအထဲမှ အချို့ကိုအကြောင်းကြောင်းကြောင့် ပြန်လည် စစ်ဆေးရသည့်အခါတွင် ဥပဒေလုပ် ထုံးလုပ်နည်း များနှင့် စပ်ဆိုင်သော အထောက်အထားများမပြည့်စုံကြောင်း ပေါ်ပေါက်၍ ဒွိဟသံသယ ဖြစ်နေသောကြောင့် ထိုသူများ၏ သားသမီး ၊ မြေးတို့အတွက်  နိုင်ငံသား စိစစ်ဆောင်ရွက်မှုတွင် ဆက်လက်ဒွိဟသံသယဖြစ် ရခြင်းသည် ကာယကံရှင်များအတွက်နှင့် သက်ဆိုင်ရာ ဌာနအတွက် မနှစ်သက်ဖွယ်ဝန်ထုတ်ဝန်ပိုးဖြစ်ရပါသည်။
ထိုအကြောင်းအား ကျော်လွှားနိုင်ရန်နှင့် ဒွိဟသံသယကင်းရှင်းသော ခိုင်မာ သေချာသည့် နောင်တွင် အကြိမ်ကြိမ် ပြန်လည်စိစစ်ရန် မလိုသော လုပ်ငန်းစဉ်ဖြင့်  မြို့နယ်ရုံးက အမှုတွဲတည်ဆောက်၍ ပဏာမစိစစ်ပြီး မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်/တိုင်းဒေသကြီး အဆင့် ၊ ဦးစီးဌာန ရုံးချုပ်အဆင့်၊ နိုင်ငံသားစိစစ်ရေး ကော်မတီ  အဆင့်ဆင့်တို့ဖြင့်ပါ ပေါင်းစီးဆောင်ရွက် ပေးနေပါသည်။ အချို့ဗဟိုအဖွဲ့၏  အဆုံးအဖြတ်ခံခြင်း စေခြင်းကိုပါ ဆက်လက်ဆောင်ရွက်ပေး နေပါသည်ဟု ဖော်ပြထားပါသည်။
၃။ မှော်ဝန်းသား ခင်ညွန့်သည် န၀တအဖွဲ့၏ အတွင်းရေးမှူး(၁) တာဝန်နှင့်အတူ လ၀က၏မူဝါဒနှင့် သက်ဆိုင်သော တာဝန်ကိုပါကိုင်တွယ်ဆောင်ရွက်ခဲ့ သူဖြစ်ရာ ၁၉၅၅ မှ ၁၉၈၅ ခုနှစ်အတွင်းက အမျိုးသား မှတ်ပုံတင်ကတ်ပြားကိုနှစ်ပေါင်း ၃၀ကြာ  ကိုင်ဆောင် ရရှိခဲ့ကြသောပြည်သူပေါင်း (၅)သိန်းခန့်အား ၁၉၈၉ ခုနှစ်၊ ၁၉၉၀ ပြည့်နှစ်အတွင်းက နိုင်(၂) ပုံစံဖြင့် နိုင်ငံသားလျှောက်ထားခွင့်ပြု ခဲ့သော်လည်း နိုင်ငံသား စိစစ်ရေးကတ်ထုတ်ပေးခြင်း မရှိဘဲ ၎င်းတို့ကိုင်ဆောင် ထားကြသော လ၀ကပုံစံ(၂) အမတများကို သိမ်းဆည်း စေပြီးလ၀ကပုံစံ(၃)ယာယီသက်သေခံ လက်မှတ်ကိုသာ ထုတ်ပေးရန် ညွှန်ကြားခဲ့သဖြင့် ၁၉၈၉/၉၀ အတွင်းကပင် နိုင်(၂)ပုံစံဖြင့်နိုင်ငံသား လျှောက်ထား သူများ ကို နိုင် ၆(က) နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုစိစစ်ထုတ် ပေးခြင်း မပြုခဲ့ပါ။ (တရားမ၀င် ခိုးဝင်သောဘင်္ဂါလီ လူမျိုးများ အဖြစ် န၀တအတွင်းရေးမှူး(၁)က ထိုစဉ်ကပင် သတ်မှတ် ယူဆခဲ့သဖြင့် နိုင်ငံသား လျှောက်ထား ခဲ့သူ လူ(၅)သိန်းခန့်ကို နိုင် ၆(က) နိုင်ငံသားစိစစ်ရေးကတ် ထုတ်မပေး ခဲ့ခြင်းဖြစ် ကြောင်း ၎င်း၏စာအရတွေ့ရှိရပါသည်။)
၎။ ထေရအောင်၏ဆောင်းပါးတွင် နိုင်ငံတော်အကြီးအကဲ ၏ လမ်းညွှန်ချက်အရ ၁၉၈၉/၉၀ နှစ်များအတွင်းက တိုတောင်းသောအချိန်အတွင်း သေချာစွာစိစစ်မှု မရှိဘဲ အလျင်စလိုထုတ် ပေးခဲ့ရပါသည်ဟု ဖော်ပြချက်မှာ မှော်ဝန်းသား၏စာအုပ်ပါ တိုင်းတစ်ပါးက ရခိုင်ပြည်နယ် သို့ ခိုးဝင်လာသူများမဟုတ်ဘဲ ပြည်တွင်းနေသူများကို ရည်ရွယ်ကြောင်းတွေ့ရှိရသည့်အပြင် လက်တွေ့ ပိုင်းတွင် နိုင် ၆(က)ပျောက်ဆုံး၍ ပြန်လည်လျှောက်ထားရာတွင် ဖြစ်စေ၊ ၎င်း၏သားသမီး(၁၀)နှစ် ပြည့်၊ (၁၈)နှစ် ပြည့်နိုင်ကတ်လျှောက်ထားရာ တွင်ဖြစ်စေ အထူးသဖြင့် လူမျိုးစုံအစ္စလာမ်ဘာသာဝင်၊  ဟိန္ဒူဘာသာဝင်များကို အဓိကထား ပြန်လည်စစ်ဆေးနေကြောင်း သိရှိရသည်။
၅။ ၁၉၅၅/၅၆ ခုနှစ်က သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၏ အမတ  ထုတ်ပေးခဲ့ခြင်းမှာ သေချာစွာစိစစ်ခြင်းမရှိဘဲ ဆောင်ရွက်ခဲ့ကြောင်း နှစ်ပေါင်း(၃၅)နှစ် အကြာ လ၀ကတွင် တာဝန်ရှိသူက
ပြန်လည် သုံးသပ် ဆုံးဖြတ်ခြင်း သည် ၁၉၅၅/၁၉၅၆ အတွင်းက လ၀က၀န်ထမ်းများ၏ ဆောင်ရွက်ခဲ့ခြင်း တရားမ၀င်ဟုနောက်ကြောင်းပြန်ဆုံးဖြတ်ရာကျရောက်နေပါသည်။
        ထို့အပြင် ၁၉၈၉/၉၀ အတွင်းက နိုင် ၆(က) ကို လူမျိုးအသီးသီးမှမွတ်စလင်နှင့်  ဟိန္ဒူများအား ထုတ်ပေးခဲ့ခြင်းမှာ အလျင်စလိုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု နှစ်ပေါင်း(၃၀)နီးပါးခန့် အကြာ လ၀ကတွင် တာဝန်ရှိသူက ပြန်လည်သုံးသပ်ဆုံးဖြတ်ခဲပြီး နိုင် ၆(က) ထုတ်ပေးခဲ့ခြင်းအပေါ် သံသယ စာရင်း ရေးသွင်းထားခြင်းမှာလည်း  နောက်ကြောင်းပြန် ဆုံးဖြတ်ရာ ကျရောက်နေပါသည်။
၆။ ၁၉၅၁ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ခြင်းဥပဒေအရ နေထိုင်သူများကို မှတ်ပုံတင်ရာတွင် Pilot Project အဖြစ် ၁၉၅၅ ခုနှစ်တွင် မောင်တော နှင့် သန်လျင်မြို့နှစ်မြို့ကိုကောက်ခဲ့ရာ
– ၁၉၄၈ ခုနှစ်မတိုင်မီ (၁၀)နှစ်အတွင်း အနည်းဆုံး မြန်မာနိုင်ငံအတွင်း (၈)နှစ်အထိ  နေထိုင်ဖူးသူများမိဘပါးဘိုးဘွား၎ဦးနှင့်တကွမိမိကိုယ်တိုင်ပြည်တွင်းမွေးဖွားနေထိုင်ပြီးသူများနှင့်၎င်းတို့မှ မွေးဖွားလာသူများကို ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ  ဥပဒေနှင့်အညီ မောင်တော (MDW)
အက္ခရာနောက်တွင် ဂဏန်း(၆)လုံးဖြင့်  ပုံစံ(၁)တွင် မှတ်ပုံတင်ပေးခဲ့ပါသည်။ လူမျိုးကို ဘင်္ဂါလီလူမျိုး၊ ရိုဟင်ဂျာလူမျိုး၊ “ပ”လူမျိုး၊ “တ”လူမျိုးစသည်ဖြင့် ရေးသွင်းပေးခဲ့ပါသည်။ (“ပ”လူမျိုးဆိုသည်မှာ ပြည်ထောင်စု လူမျိုး၊ “တ”လူမျိုးဆိုသည်မှာ တိုင်းရင်းသားလူမျိုးဖြစ်သည်။) (လွှတ်တော် တွင် လွှတ်တော်အမတ်ဒေါ်အေးညွန့် နှင့် ပြည်ထဲရေးဝန်ကြီးတို့၏ အမေးအဖြေ ကိုကြည့်ပါ။)
– ဘင်္ဂါလီလူမျိုးအချို့မှာ ပါကစ္စတန်နိုင်ငံက ၀င်ရောက်လာပြီးရခိုင်ပြည်တွင်  အမြဲနေထိုင် ကြောင်းတွေ့ရှိရလျှင် (MDW)နောက်ကဂဏန်း(၅)လုံးဖြင့် ပုံစံ(၁)တွင် မှတ်ပုံတင်ပေး ခဲ့ပါသည်။ ရခိုင်ပြည်နယ်တွင် ဂဏန်း(၅)လုံးပါ နိုင်ငံခြားသား(၂၀၀၀)ထောင်ကျော် ရှိခဲ့ကြောင်း တွေ့ရှိရပါသည်။
– Pilot Porject ဆိုသည်မှာ တစ်နိုင်ငံလုံးရှိ လ၀က၀န်ထမ်းများစုစည်းပြီး သေချာစွာကောက်ခံခဲ့သော လုပ်ငန်းဖြစ်၍ မှော်ဝန်းသားတင်ပြသကဲ့သို့  ဘင်္ဂါလီများကို ခိုးသွင်းပြီး အမတ ကိုင်ဆောင်စေ
ခဲ့သည် ဆိုခြင်းမှာ  အထောက်အထားမဲ့ ပြောဆိုခြင်းသာဖြစ်ပါသည်။
– မှော်ဝန်းသားစာအုပ် စာမျက်နှာ(၇)တွင် ၁၈၂၃ ခုနှစ်က ဘင်္ဂါလီဦးရေ (၁၀၉၆၄၅)ရှိသည်ဟု ဖော်ပြထားရာ ထိုစဉ်က ရခိုင်ပြည်နယ်အုပ်ချုပ်ရေးမှူး Paton ၏ (၉-၆-၁၈၂၆)ရက်စွဲပါ အစီရင်ခံစာပါ
ဂဏာန်းနှင့်နီးစပ်သဖြင့် အငြင်းပွားရန်  မရှိသော်လည်း ထိုအရေအတွက်သည် ရခိုင်ပြည်နယ် လူဦးရေ၏ (၃၀)ရခိုင်နှုန်း ဖြစ်ပါသည်။  ဗမာ (၁၀)ရာခိုင်နှုန်း ၊ ရခိုင်(၆၀)ရာခိုင်နှုန်း ရှိသဖြင့် ထိုမွတ်စလင်များမှာရခိုင်လူမျိုး၏ ထက်ဝက်သာရှိကြောင်း သိရှိရသည်။
– ပုံစံ(၁)တွင်စာရင်းသွင်းပြီး အမတ ထုတ်ပေးခဲ့ရာတွင် မွတ်စလင်များအား ထုတ်ပေးခဲ့သော အမတအရေအတွက်သည် ရခိုင်ပြည်နယ်အတွင်းရှိ လူဦးရေ၏ (၃၀)ရာခိုင်နှုန်းထက် ကျော်လွန် ခဲ့ခြင်းရှိမည်ဆိုပါက
မှော်ဝန်းသား၏စွပ်စွဲချက်ကို လက်ခံနိုင်ရန်ရှိသော်လည်း ထိုကဲ့သို့(၃၀)ရာခိုင်နှုန်းပင် မပြည့်ဆိုပါက ၎င်းသည်ထင်မြင်ချက်ဖြင့်စွပ်စွဲချက်သာဖြစ်ကြောင်း ကောက်ယူသုံးသပ်ရမည်ဖြစ်ပါသည်။
– မှော်ဝန်းသားက ၁၈၂၃ ခုနှစ် ရခိုင်ပြည်၏ လူဦးရေ(၃၀)ရာခိုင်နှုန်းမှာ မွတ်စလင်ဖြစ်ကြောင်း  စာရင်းဇယားအရတွေ့ရှိရပါလျှင် ဘိုးတော်ဘုရား၏  အမိန့်တော်တမ်းကြီး အတွဲ(၂)တွင်ဖော်ပြ ထား သောသီးခြားပြန်တမ်းပါ  ပသီကုလားများကို မြန်မာနိုင်ငံ၏တိုင်းရင်းသားအဖြစ်ပင် ထည့်သွင်း  ဖော်ပြရမည်ဖြစ်ပါသည်။
၇။ ၁၉၈၉/၁၉၉၀ ခုနှစ်အတွင်းမှ ၂၀၁၇ ခုနှစ်အထိ နောက်နှစ်(၃၀)နီးပါးအကြာတွင် လက်ရှိ လ၀က၀န်ထမ်းများကတဖန် နိုင်ငံသားစိစစ်ရေးကတ်ရရှိထားသူများကို ပြန်လည် စိစစ်ပြီး ပုံစံ နိုင် ၆(က)ကို ပြန်လည်ရုပ်သိမ်းမည်ဆိုပါက ထိုကတ်ကိုအကြောင်းပြု၍  နိုင်ငံသားများသာဝယ်ယူ
ပိုင်ခွင့်ရှိသော ပစ္စည်းများ၊ ထမ်းဆောင်ပိုင်ခွင့်ရှိသော ရာထူးများရရှိခံစားခွင့်ရှိသောပင်စင်အပါအ၀င် အခွင့်အရေးအရပ်ရပ်တို့အပြင် သားစဉ်မြေးဆက်ပါ  မကျန် နိုင်ငံသားမဟုတ်သေးသော NVC Card ဖြင့်စိစစ်ခံရမည်သူများဘ၀သို့ ကျရောက်  သွားမည် ဆို ပါလျှင် လ၀ကကိုမည်သူက အယုံအကြည် ရှိပါတော့မည်နည်း။
၈။ NVC Card ကိုင်ပြီး နောက်အနှစ်(၃၀)အကြာ နိုင်ငံသားမဟုတ်ဘဲ NVC Card  ကိုင်ခဲ့ခြင်းမှာမှားယွင်း သဖြင့် FRC လက်မှတ်ဖြင့် လဲလှယ်ရန် ပြောဆိုသူများသည်  နိုင်ငံတော်တွင် ပေါ်ပေါက်လာနိုင်ခြေရှိသဖြင့် လ၀ကကို ပြည်သူများက  အယုံအကြည် မဲ့ရခြင်းဖြစ်ပါကြောင်း တင်ပြလိုပါသည်။
Share:
15 December, 2017
Kofi Annan and the Responsibility to Protect (R2P)
By Aman Ullah
“The sovereignty of States must no longer be used as a shield for gross violations of human rights”. Kofi Annan
Until terrorism overwhelmed international attention after 11 September 2001, the really big issue in international relations – the one that must have launched a thousand Ph.Ds – was the ‘‘right of humanitarian intervention’ – the question of when, if ever, it is appropriate for states to take coercive action, and in particular coercive military action, against another state for the purpose of protecting people at risk in that other state. Man-made internal catastrophe, and what the international community should do about it, is what preoccupied international relations practitioners, commentators and scholars more than anything else in the decade after the Cold War.
The cases around which the debate centered are all burnished in our memory. They are ones both when intervention happened, and when it didn’t. There was the debacle of the international intervention in Somalia in 1993; the pathetically inadequate response to genocide in Rwanda in 1994; the utter inability of the UN presence to prevent murderous ethnic cleansing in Srebrenica in Bosnia in 1995; and then NATO’s intervention, without Security Council approval, in Kosovo in 1999. These were not the only the cases – there was Northern Iraq, Liberia, Haiti, Sierra Leone as well, and also the more marginal situation of East Timor (marginal because Indonesia, under pressure, eventually consented to the Australian-led intervention so it was not strictly ‘coercive’). But Somalia, Bosnia, Rwanda and Kosovo are the ones we remember most starkly, and between them they raised the full range of moral, legal, political and operational issues that the debate on humanitarian intervention is all about.
None of these cases was well or confidently handled by the international community. With Somalia, Bosnia and Rwanda, such interventions as did occur were too little too late, misconceived, poorly resourced, poorly executed, or all of the above. And with NATO’s intervention in Kosovo, Security Council members were divided; the legal justification for action without Security Council authority was asserted but largely un-argued; the moral or humanitarian justification for the action, which on the face of it was much stronger, was clouded by allegations that the intervention triggered more carnage than it avoided; and the means by which the allies waged the war continue, justly or not, to be much complained about.
Every one of the big cases generated major international controversy – usually too late to be useful, and never enough to settle the issues of principle once and for all, including the role and responsibility of the United Nations, and the nature and limits of state sovereignty. By the dawn of the new century the debate remained wholly inconclusive. Intense disagreement persisted as to whether there was a right of intervention, how and when it should be exercised, and under whose authority.
It was Mr. Kofi Annan the then UN Secretary General, who is one of those who has tried hardest to get some sense and coherence into it all, challenged the General Assembly in 1999, and again in 2000, to find a way through these dilemmas, posing the issue in the starkest of terms:
…if humanitarian intervention is, indeed, an unacceptable assault on sovereignty, how should we respond to a Rwanda, to a Srebrenica—to gross and systematic violations of human rights that affect every precept of our common humanity?
Annan’s own view was clear. “Surely no legal principle – not even sovereignty – can ever shield crimes against humanity”, he said in 1999. And as recently as his Nobel Peace Prize Lecture in Oslo last December he was still saying it: “The sovereignty of States must no longer be used as a shield for gross violations of human rights”.
But in the General Assembly debates of 1999 and 2000 which followed his initial call, the Secretary General was rewarded for the most part by cantankerous exchanges in which fervent supporters of intervention on humanitarian or human rights grounds, and anxious defenders of state sovereignty, dug themselves deeper and deeper into opposing trenches from which they have still not yet emerged.
The following are some extractions of Kofi Annan’s speech in April 2012, on ‘Prevention, promotion and protection: our shared responsibility’:-
(….)
Over the years, international laws and institutions have been developed to promote and protect human rights and to prohibit, prevent and punish the worst international crimes. State sovereignty is no longer an absolute shield behind which governments may hide to do what they please. Beyond formal laws and institutions, we have also seen the growth in all regions of the world of an active civil society dedicated to the cause of human rights.
(…)
We have now tipped the balance, I believe irreversibly, towards accountability.
So there has been progress. But I wonder, if Wallenberg were here with us today, what would be more surprising to him?  Would it be the many international laws and institutions now in place to prohibit and, at least in theory, prevent and punish genocide and war crimes?  Or the number of countries where allegations of abuse persist, the widespread use of torture, the extent of human trafficking, the targeting of civilians in conflict and the war criminals who remain free?
(…) I want to raise, in particular, two issues – the need to prevent and end armed conflict and the need to protect civilian lives while conflict persists. (…)
For many years, lawyers, scholars, activists and others within these countries have alerted us to what was happening. But in too many cases, the international community has ignored not only what they have said, but also the treatment these courageous individuals and groups have received.  (…)
Research shows that the number and deadliness of civil wars has declined from their peak in the early 1990s. It is clear that the tools we have been deploying to prevent and end these conflicts do make a difference. Active mediation, the deployment of peacekeepers, and the sustained engagement and support of the international community in the post-conflict phase, all help explain why there are fewer deadly civil wars today. When the international community speaks with one voice, and moves swiftly to make clear its demand for a peaceful solution and negotiated transfers of power, then much can be achieved.
On this point, much of the discussion in recent years has centred on the Responsibility to Protect, or R2P. Building on our evolved understanding of sovereignty, R2P asserts that when states cannot or will not protect their populations from the worst crimes, other states, acting through the UN, should do so. The endorsement of this principle by UN Member States in 2005 was a momentous step. It made clear that hand-wringing and appeals to conscience by the international community are not enough.  We must be ready to use all diplomatic, humanitarian and other means — including targeted sanctions against the leaders responsible — to protect populations from genocide, ethnic cleansing, war crimes and crimes against humanity. It also means that, as a last resort, the international community will be prepared to take collective action, including military force, through the Security Council to protect populations from these crimes. We must be clear, however. Military action really must be the last resort.  It may be necessary in some situations but the decision must never be taken lightly. War, even when waged lawfully and in defence of threatened populations, is destructive and inherently unpredictable. Once engaged, the resort to force has its own logic. Hostilities may escalate quickly beyond a limited objective or outside intended boundaries. War waged against “terror” or to protect civilians may, unintentionally, have disastrous consequences. We also have to be realistic. Only on rare occasions will there be an international consensus in its favour or an international coalition willing to act.
Where a crisis occurs in an area of little strategic importance, where political will is lacking, or when the utility of a forceful response is in doubt, R2P may not offer much protection to those at risk – as we’ve seen in Darfur.
The reality is that military intervention to prevent mass atrocities will never be an easy option, and even where it is feasible it may be inadvisable. We must, therefore, devote our energies to strengthening and using those measures short of the use of force.  These must include more effective and enforced use of targeted financial, travel, and economic sanctions on the leadership. We need to see greater use of anti-impunity measures such as international commissions of inquiry and threatened criminal prosecutions, including by referral to the International Criminal Court, as well as assistance to local human rights defenders, arms embargoes and other measures.  Indeed, I believe such measures ought to be more systematically engaged as tools in the preventive diplomacy I spoke of earlier. Crimes against humanity may occur even before a conflict erupts. When they do, tough measures like threatened prosecutions must be invoked wherever possible. Their deterrent effect should not be under-estimated.
But given the reason for us meeting today, let us all remember that Wallenberg did not need sanctions or the threat of force to save thousands of lives. And in his memory, I want to emphasize what I consider to be an under-utilized protection tool – the deployment of civilians to act as skilled, independent and impartial monitors.
(…)
Just think what more we can accomplish knowing that our actions express the convictions of a worldwide human rights movement, and with the obvious force of international law behind us?  This is the best way we can pay tribute to the courage and sacrifice of the man whose memory we celebrate today. Thank you.
In September 2005, at the United Nations World Summit, all Member States formally accepted the responsibility of each State to protect its population from genocide, war crimes, ethnic cleansing and crimes against humanity. At the Summit, world leaders also agreed that when any State fails to meet that responsibility, all States (the “international community”) are responsible for helping to protect people threatened with such crimes. Should peaceful means — including diplomatic, humanitarian and others — be inadequate and national authorities “manifestly fail” to protect their populations, the international community should act collectively in a “timely and decisive manner” — through the UN Security Council and in accordance with the UN Charter — on a case-by-case basis and in cooperation with regional organizations as appropriate.
Share:
08 December, 2017
အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြား(NRC)
NRC အ​ကြောင်း
သုံးခေါက်ချိုး ဆိုတာ ၁၉၅၁ ခုနှစ်မြန်မာနိုင်ငံအတွင်းနေထိုင် သူများ မှတ်ပုံတင်ရေးနည်းဥပဒေ ပုဒ်မ ၁၂(၁)(၂)အရ
၁၉၅၆ ခုနှစ်ခန့်မှစတင်၍ ၂၀၁၅ ခုနှစ်ထိထုတ်ပေးခဲ့ရာတွင်၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေအရနိုင်ငံသားအဖြစ်မှတ်ယူခြင်းခံရသော(နိုင်ငံခြားသားမဟုတ် သည့် )သူများအားထုတ်ပေးသည့်အထောက်အထားဖြစ်ပါသည်။နိုင်ငံခြားသားမဟုတ်သောလူမျိုး၊ဘာသာအားလုံးကိုထုတ်ပေးခြင်းဖြစ်ပါသည်။
အမျိုးသားမှတ်ပုံတင် သက်သေခံကတ်ပြားကိုင်ထားသူများကို၁၉၈၂ နိုင်ငံသားဥပဒေအရ ၁၉၈၉ မှစ၍နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးခဲ့ပါသည်။
ထို့ကြောင့်၁၉၈၂ ဥပဒေမပြဌာန်းမီအထိအမျိုးသားမှတ်ပုံတင် သက်သေခံကတ်ပြားကိုင်ဆောင်ထားသူအားလုံးနိုင်ငံသား အခွင့် အရေးအပြည့်အဝရှိပါသည်။
ထိုသူများမှမွေးဖွားသည့်သားသမီးများသည်လည်းနိုင်ငံသားရထိုက်ခွင့်ရှိသူများဖြစ်ပါသည်။
၁၉၈၂ နိုင်ငံသားဥပဒေပြဌာန်းပြီးဖြစ်ပါလျက် ၁၉၈၉ မှစ၍နိုင်ငံသား စိစစ်ရးကတ်ပြားများထုတ်ပေးခဲ့သော်လည်း ၂၀၁၅ ထိ ၂၅ နှစ် ကျော် တိုင်အောင် အမျိုးသားမှတ်ပုံတင်ကတ်ပြားများဆက်လက်ထုတ်ပေးနေခြင်းမှာ ၁၉၈၂ ဥပဒေနှင့်အညီနိုင်ငံသားနိုင်ငံသားစိစစ်ခြင်းမပြုပဲ ၁၉၅၁ နည်းဥပဒေအရလုပ်ဆောင်ခြင်းဖြစ်၍ဥပဒေနှင့်နည်းဥပဒေညီညွတ်ပါသလား။       သုံးသပ်ကြပါ။
ထိုသို့ဆိုလျှင်အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြားထုတ် ပေးခြင်းကို ၂၅ နှစ်ကြာမှဘာကြောင့်ရပ်ဆိုင်းလိုက်တာလဲ။ တည်ဆဲနိုင်ငံသားဥပဒေနှင့်အညီနိုင်ငံသားစိစစ်ပေးခြင်းမပြုဘဲသုံးခေါက်ချိုးများထုတ်ပေးနေခဲ့ခြင်းသည်နိုင်ငံသား အသိအမှတ် မပြုလို၍မြန်မာနိုင်ငံအတွင်းနေထိုင်သူအဖြစ်နှင့်သာထားလိုသည့် သဘောဖြစ်နေသောကြောင့်ရိုးသားမှုရှိပါသလားဆိုတာသုံးသပ်ဖို့လိုပါသည်၂၅ နှစ်လုံးလုံးနိုင်ငံသားစိစစ်ခံမည့်သူများကိုNVC ထုတ်ပေးခြင်းမပြခဲု့ပဲ ယခုမှဘာကြောင့်NVC
ပေါ်လာရတာလဲဆိုတာသုံးသပ်ဖို့လိုပါသည်။အမျိုးသားမှတ်ပုံတင်ရှိပြီးသူများကိုလည်းနိင်ငံသားစိစစ်ပေးခြင်းမပြုပဲငြင်းဆိုနေခြင်း၊ အမျိုးသားမှတ်ပုံတင်ကိုင်ဆောင်ခဲ့သည့်မိဘနှစ်ပါးမှမွေးဖွားသူများကိုနိုင်ငံသားစိစစ်ပေးခြင်းမပြုပဲမိဘနိုင်ငံသားမဖြစ်သေး၍လျောက်ထားခွင့်မရှိဆိုပြီးငြင်းဆိုနေခြင်း။၁၉၈၂ ဥပဒေ ပုဒ်မ ၇(က)(ခ)(ဂ)နှင့် ညီညွတ်ပါလျက်နိုင်ငံသားမရပဲ      နိုင်/ပြုသာရမည်ဟုဖြစ်ပေါ်နေသည့်ကိစ္စများကိုတာဝန်ရှိ သူလူကြီးများသုံးသပ်ဖို့လိုအပ်ပါသည်။
ဥပဒေနှင့်အညီနိုင်ငံသားလျောက်ခွင့်မရ၊မှန်ကန် မြန်ဆန်စွာ ဆောင်ရွက်မပေးမှုကြောင့်တက္ကသိုလ်တက်ရောက်ခွင့်၊ ဘွဲ့တက်ရောက် ယူခွင့်၊အသက်မွေးဝမ်းကြောင်း တက္ကသိုလ်တက်ရာက်ခွင့်ဆုံးရှုံးနေကြရသည်ကို တာဝန်ရှိ သူများသုံးသပ်ဖို့လိုပါသည်။နိုင်ငံ သားအရည်အချင်းရှိပါလျက် အထောက်အထားပြည့်စုံပါ လျက်ငြင်းပယ်ခံ နေရသူများအနေဖြင့်နိုင်ငံတော်တာဝန်ရှိသူများထံရဲရဲဝံ့ဝံ့တင်ပြကြရန်အကြံပြုလိုပါသည်။မိမိတို့၏နိုင်ငံသားလျောက်ထားမှုကို အကြောင်းမဲ့ငြင်းပယ်ပါကတရားဝင်စာတောင်းပါ။ ပြည်ထောင်စုတရားလွှတ်တော်သို့စာချွန်လွှာတက်နိုင်အောင်ဥပဒေပညာရှင်များ၊ရှေ့နေများ ကြိုးပမ်းပေးသင့်ပါသည်။ ထိုင်အော်နေကြလို့ဘာမှဖြစ်မလာနိုင်ပါ။
ဝိုင်းဝန်းအဖြေရှာကြဖို့အချိန်တန်ပါပြီ။
Share:
04 December, 2017
အင်ဂျင်နီယာကို ကလေးတစ်ယောက် က ပေးတဲ့ ပညာ
Image may contain: plant, tree and outdoor
ကလေးတစ်ယောက်ရဲ့ စကားတစ်ခွန်းကြောင့် အင်ဂျင်နီယာကြီးတွေ ကိုယ့်နဖူးကိုယ်ရိုက် ဘေးနားက ကားနဲ့  ခေါင်းနဲ့ ဆောင့်တဲ့သူက ဆောင့် ဖြစ်ကုန်…
အတိုင်းတာ ယူနေတုန်း.
ရောက်လာတယ်,,,
အဲတော့ အလုပ်သမကြီးက,,,
အာရုံစိုက်မလို့ လုပ်,,,
အလုပ်သမကြီးကလည်း လှည့်ထွက်သွားမလို့
လုပ်နေရင်း စကားတခွန်းကို လှည့်ပြောတယ်,,,
“ဆရာရယ် အပြင်မှာ တပ်တာမဟုတ်ဘူး”
အင်ဂျင်နီယာကြီး ဟိုက်ခနဲဖြစ်သွားပါတယ်,,, တယ်ဟုတ်ပါလား
ဒါဆို အပေါက်တွေလိုက်ဖောက်စရာလည်း
မလိုသလို နေရာတွေလည်း မကျဉ်းကုန်တော့ဘူးပေါ့
သူ မစဉ်းစားမိခဲ့တာကို
ထောက်ပြလိုက်တဲ့အတွက်ဖြစ်တယ်,,,
ဓာတ်လှေကားတွေ တပ်ဆင်တဲ့
အလေ့အထတစ်ခု ဖြစ်လာခဲ့ပါတယ်,,,
ကမ္ဘာစစ်အတွင်းမှာပေါ့,,,
စစ်တပ်တစ်ခုဟာ ချီတက်လာရင်း
ပြသနာတစ်ခု ကြုံရပါတယ်,,,
လမ်းပေါ်က တံတားတစ်ခုဟာ
အများကြီးမလွယ်တာလည်းမဟုတ်ပဲ
တစ်လက်မလောက် မလွတ်တာပါ,,,
ကားတွေကို အမိုးတွေဖြုတ်မလား.???
ဒီရာပေါင်းများစွာသော ကားတွေအမိုးတွေ
ဖြုတ် ပြန်တပ်ဆို အချိန်တော်တော်ကုန်မယ်,,,
တံတားအပေါ်က မလွတ်သမျှကို လိုက်ဖြတ်ပစ်မလား
ဒါဆိုရင် တံတားရဲ့ ခံနိုင်ရည်အားကို
ဖျက်စိးသလိုဖြစ်ပြီး တံတားကျိုးကျသွားနိုင်တယ်,,,
အဲဒိချိန်မှာ ဘေးနားကို အနီးနားရွာက
ကလေးတစ်ယောက် ရောက်လာပါတယ်,,,
သူက စစ်အင်ဂျင်နီယာတွေ တိုင်ပင်နေတဲ့အနားမှာ
အကြာကြီး ထိုင် နားထောင်နေတယ်,,,
သူတို့တွေ ကားအမိုးတွေဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပြီး
ဆွေးနွေးမှုကို ရပ်လိုက်ချိန်မှာ,,,
ကလေးက တခုခုပြောချင်တဲ့ မျက်နှာလေးနဲ ့
သူတို့ကို ကြည့်နေတယ်,,,
အဲဒိမှာ အင်ဂျင်နီယာ အကြီးတစ်ယောက်က
သူ့ မုန့်တစ်ခုကိုပေးလိုက်ပြီး
ကလေးကို သွားဖို့ပြောတယ်,,,
ဒါပေမယ့် ကလေးက မသွားပဲ
အဲဒိအင်ဂျင်နီယာကို ပြောဖို့ကြိုးစားတယ်,,,
အဲဒါနဲ ့ အင်ဂျင်နီယာကြီးက မင်းဘာပြောချင်လို့လဲ
ပြောလေ ဆိုတော့,,,
ကလေးက ပြောတယ်,,,
“ဟိုလေ တံတားအမိုးနဲ ့ ကားတွေမလွတ်ဘူးဆိုရင်
ကားဘီးတွေကို လေနည်းနည်းစီ
လိုက်လျှော့ကြည့်ပါလား,,,”
အင်ဂျင်နီယာတွေ ကိုယ့်နဖူးကိုယ်ရိုက်
ဖြစ်ကုန်ပါတော့တယ်,,,
”သင်ခန်းစာ”
ဘယ်သူ့ကိုမှ အထင်မသေးပါနဲ့
သူတို့ရဲ့အမြင် သူတို့ရဲ့အတွေးကလည်း
ကျွန်တော်တို့ မမြင်မိတဲ့ ရှု့ထောင့်ကဖြစ်နိုင်ပါတယ်။
ဒီစာစုလေးကို ဖက်ဖူးတာကြာပါပြီ
ဘယ်သူရေးမှန်း မသိတော့ပါဘူး
သင်ခန်းစာအနေနဲ့ မှတ်သားသင့်တာမို့
ပြန်လည် ရေးသားပေးလိုက်ရပါသည်,,,
Credit မူရင်းရေးသားသူ
=============
အရည်အချင်းဆိုတာ………
တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော
ရွာတစ်ရွာသို့ သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ
ဆရာက လှေသမားအား……
“ခင်ဗျား သချာင်္ဗေဒတတ်သလား”
“ ကျွန်တော် မတတ်ပါဘူး”
“ရူပဗေဒ တတ်သလား”
“ဒါလဲ မတတ်ပါဘူး”
“ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား”
“စိတ်မကောင်းပါဘူး…ဒါလဲ ကျွန်တော်မတတ်ပါဘူး”
ဆရာမှာ ခေါင်းခါပြီး
“သချာင်္မတတ်ရင်
ခင်ဗျားရဲ့ ဘဝ ၆ပုံ၄ပုံဟာ ဆုံးရှုံးသွားပြီပဲ”
ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင်
တိမ်ညိုများ တက်လာသည်။ မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။ ထိုအခါ လှေသမားက ဆရာအား
“ ခင်ဗျား ရေကူးတတ်သလား” ဟုမေးလိုက်သည်။
ဆရာက ခဏမျှ ဆွံ့အပြီး
“ကျွန်တော် မကူးတတ်ဘူး။ တစ်ခါမှ မသင်ဖူးဘူး” ဟုပြန်ဖြေလေသည်။
လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး..
“ ဒါဆိုရင် ခင်ဗျားရဲ့ဘဝ ၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်” ဟု ပြန်ဖြေခဲ့သည်။
လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း
ကိုယ့်ရဲ့ စံချိန်နဲ့ အခြားလူတစ်ယောက်ကို
သွားတိုင်းတာလို့ မရပါဘူး။တပါးသူကို အထင်မသေးပါနဲ့။
“ငါ”ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။
မကောင်းတာကို မကြံစည်တတ်ဘူး။ ဒီလူဟာ
အပြောအဆို မတတ်ဘူး။
ဒါပေမဲ့ သူဟာ အလုပ်ကို ကြိုးစားတယ်။
ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့ “အရည်အချင်း”
သူ့မှာ မရှိသလို သူ့ရဲ့ “အရည်အချင်း”လဲ
ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။
Credit-nyan phyo aung
အတိုင်းတာ ယူနေတုန်း.
ရောက်လာတယ်,,,
အဲတော့ အလုပ်သမကြီးက,,,
“ဆရာ ဒါဆို နေရာတွေပိုကျဉ်းသွားပြီး
အမှိုက်တွေလည်း ပိုရှုပ်လာမှာပေါ့နော်”
အင်ဂျင်နီယာကြီးလည်း ရယ်နေလိုက်တယ်,,,
ပြီးတော့ သူလည်း သူ့အလုပ်ပြန်လုပ်ဖို ့
အာရုံစိုက်မလို ့လုပ်,,,
အလုပ်သမကြီးကလည်း လှည့်ထွက်သွားမလို့
လုပ်နေရင်း စကားတခွန်းကို လှည့်ပြောတယ်,,,
“ဆရာရယ် အပြင်မှာ တပ်တာမဟုတ်ဘူး”
အင်ဂျင်နီယာကြီး ဟိုက်ခနဲဖြစ်သွားပါတယ်,,, တယ်ဟုတ်ပါလား
ဒါဆို အပေါက်တွေလိုက်ဖောက်စရာလည်း
မလိုသလို နေရာတွေလည်း မကျဉ်းကုန်တော့ဘူးပေါ့
သူ မစဉ်းစားမိခဲ့တာကို
ထောက်ပြလိုက်တဲ့အတွက်ဖြစ်တယ်,,,
အဲလိုနဲ ့ အဆောက်ဦးတွေရဲ ့အပြင်ဘက်မှာလည်း
ဓာတ်လှေကားတွေ တပ်ဆင်တဲ့
အလေ့အထတစ်ခု ဖြစ်လာခဲ့ပါတယ်,,,
ကမ္ဘာစစ်အတွင်းမှာပေါ့,,,
စစ်တပ်တစ်ခုဟာ ချီတက်လာရင်း
ပြသနာတစ်ခု ကြုံရပါတယ်,,,
အဲဒါဘာလဲဆိုတော့,,,သူတို ့ချီတက်လာတဲ့
လမ်းပေါ်က တံတားတစ်ခုဟာ
သူတို ့ထရပ်ကားအမိုးတွေနဲ ့မလွတ်တာပါ,,,
အများကြီးမလွယ်တာလည်းမဟုတ်ပဲ
တစ်လက်မလောက် မလွတ်တာပါ,,,
သူတို ့အကျပ်ရိုက်ကုန်တယ်,,,
ကားတွေကို အမိုးတွေဖြုတ်မလား.???
ဒီရာပေါင်းများစွာသော ကားတွေအမိုးတွေ
ဖြုတ် ပြန်တပ်ဆို အချိန်တော်တော်ကုန်မယ်,,,
တံတားအပေါ်က မလွတ်သမျှကို လိုက်ဖြတ်ပစ်မလား
ဒါဆိုရင် တံတားရဲ့ ခံနိုင်ရည်အားကို
ဖျက်စိးသလိုဖြစ်ပြီး တံတားကျိုးကျသွားနိုင်တယ်,,,
အဲဒိချိန်မှာ ဘေးနားကို အနီးနားရွာက
ကလေးတစ်ယောက် ရောက်လာပါတယ်,,,
သူက စစ်အင်ဂျင်နီယာတွေ တိုင်ပင်နေတဲ့အနားမှာ
အကြာကြီး ထိုင် နားထောင်နေတယ်,,,
သူတို့တွေ ကားအမိုးတွေဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပြီး
ဆွေးနွေးမှုကို ရပ်လိုက်ချိန်မှာ,,,
ကလေးက တခုခုပြောချင်တဲ့ မျက်နှာလေးနဲ ့
သူတို့ကို ကြည့်နေတယ်,,,
အဲဒိမှာ အင်ဂျင်နီယာ အကြီးတစ်ယောက်က
သူ့ မုန့်တစ်ခုကိုပေးလိုက်ပြီး
ကလေးကို သွားဖို့ပြောတယ်,,,
ဒါပေမယ့် ကလေးက မသွားပဲ
အဲဒိအင်ဂျင်နီယာကို ပြောဖို့ကြိုးစားတယ်,,,
အဲဒါနဲ ့ အင်ဂျင်နီယာကြီးက မင်းဘာပြောချင်လို့လဲ
ပြောလေ ဆိုတော့,,,
ကလေးက ပြောတယ်,,,
“ဟိုလေ တံတားအမိုးနဲ ့ ကားတွေမလွတ်ဘူးဆိုရင်
ကားဘီးတွေကို လေနည်းနည်းစီ
လိုက်လျှော့ကြည့်ပါလား,,,”
အင်ဂျင်နီယာတွေ ကိုယ့်နဖူးကိုယ်ရိုက်
ဘေးနားက ကားနဲ ့ ခေါင်းနဲ ့ဆောင့်တဲ့သူက ဆောင့်
ဖြစ်ကုန်ပါတော့တယ်,,,
”သင်ခန်းစာ”
ဘယ်သူ့ကိုမှ အထင်မသေးပါနဲ့
သူတို့ရဲ့အမြင် သူတို့ရဲ့အတွေးကလည်း
ကျွန်တော်တို့ မမြင်မိတဲ့ ရှု့ထောင့်ကဖြစ်နိုင်ပါတယ်။
ဒီစာစုလေးကို ဖက်ဖူးတာကြာပါပြီ
ဘယ်သူရေးမှန်း မသိတော့ပါဘူး
သင်ခန်းစာအနေနဲ့ မှတ်သားသင့်တာမို့
ပြန်လည် ရေးသားပေးလိုက်ရပါသည်,,,
Credit မူရင်းရေးသားသူ
=============
အရည်အချင်းဆိုတာ………
တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော
ရွာတစ်ရွာသို့ သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ
ဆရာက လှေသမားအား……
“ခင်ဗျား သချာင်္ဗေဒတတ်သလား”
“ ကျွန်တော် မတတ်ပါဘူး”
“ရူပဗေဒ တတ်သလား”
“ဒါလဲ မတတ်ပါဘူး”
“ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား”
“စိတ်မကောင်းပါဘူး…ဒါလဲ ကျွန်တော်မတတ်ပါဘူး”
ဆရာမှာ ခေါင်းခါပြီး
“သချာင်္မတတ်ရင်
လူ့ဘဝရဲ့ ၆ပုံ၂ပုံကို ခင်ဗျားဆုံးရှံုးမယ်”
“ရူပဗေဒ မတတ်ရင် လူ့ဘဝရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်”
“ကွန်ပြူတာ မတတ်ရင် လူ့ဘဝရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်..
ခင်ဗျားရဲ့ ဘဝ ၆ပုံ၄ပုံဟာ ဆုံးရှုံးသွားပြီပဲ”
ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင်
တိမ်ညိုများ တက်လာသည်။ မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။ ထိုအခါ လှေသမားက ဆရာအား
“ ခင်ဗျား ရေကူးတတ်သလား” ဟုမေးလိုက်သည်။
ဆရာက ခဏမျှ ဆွံ့အပြီး
“ကျွန်တော် မကူးတတ်ဘူး။ တစ်ခါမှ မသင်ဖူးဘူး” ဟုပြန်ဖြေလေသည်။
လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး..
“ ဒါဆိုရင် ခင်ဗျားရဲ့ဘဝ ၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်” ဟု ပြန်ဖြေခဲ့သည်။
လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း
ကိုယ့်ရဲ့ စံချိန်နဲ့ အခြားလူတစ်ယောက်ကို
သွားတိုင်းတာလို့ မရပါဘူး။တပါးသူကို အထင်မသေးပါနဲ့။
“ငါ”ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။
ဟိုလူမှာ ထီထွင်ဉာဏ်မရှိဘူး ဒါပေမဲ့ သူဟာ ရိုးသားတယ်
မကောင်းတာကို မကြံစည်တတ်ဘူး။ ဒီလူဟာ
အပြောအဆို မတတ်ဘူး။
ဒါပေမဲ့ သူဟာ အလုပ်ကို ကြိုးစားတယ်။
ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့ “အရည်အချင်း”
သူ့မှာ မရှိသလို သူ့ရဲ့ “အရည်အချင်း”လဲ
ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။
Credit-nyan phyo aung