• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label မှုခင်းသတင်း. Show all posts
Showing posts with label မှုခင်းသတင်း. Show all posts

10 May, 2017

ကြောက်လန့်ဖွယ် မင်္ဂလာတောင်ညွန့် ၀င်စီး ရိုက်နှက်တဲ့ ဖြစ်ရပ်

ယခု ညဘက် (၁၀ နာရီခွဲ) ၀န်းကျင်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြယာကုန်းလမ်း ၁၂၂ နှင့် ၁၂၃ လမ်းကြား အိမ်အမှတ် (၁၀၅) ( ၁၀၇) အထပ် (၈) လွာထပ်သို့ စခန်းမှ ရဲတပ်ဖွဲ့ဝင် စခန်းမှူးနှင့် မဘသ အဖွဲ့ဝင်များအပါဝင် လူဝင်မှု ကြီးကြပ်ရေးပါ လိုက်ပါလျက် လူဦးရေ အယောက် ၂၀ ခန့်နှင့် ရဲကား (၆) စီး ခန့် ရောက်ရှိခဲ့သည်။
အဆိုပါ တိုက်ခန်းအား အားလုံး လေးဘက်လေးတန် ၀ိုင်းလား၍ အဆိုပါတိုက်ခန်းတွင်း အိပ်ခန်းတွင်းမှ ဒေါ်ဝင်း ၏သမီးအား မခင်မာဝင်း ( အသက် ၃၁) နှစ်အား ကိုယ်ထိလက်ရောက်ဆွဲထုတ်ခဲ့ပြီး အခန်း၏ ဧည့်ခန်းတွင် လူစုမတ်တပ်ရပ်ခိုင်းပြီး လူတစ်ဦးချင်း၏ သန်းကာင်စာရင်း နှင့် မှတ်ပုံတင်အား အသီးသီး ထုတ်ပြ ခိုင်း၍ စစ်ဆေးလေသည်။
ထိုသို့ စစ်ဆေးစဉ်တွင် မဘသ အဖွဲ့ဝင်မှ ၄င်းတို့နှင့် အတူပါလာသော ရဲအရာရှိများကို သက်ဆိုင်ရာ မိသားစုအား သက်ဆိုင်ရာစခန်းသို့ ခေါ်သွားရန်တိုက်တွန်းလေသည်။
ရဲအရာရှိမြို့နယ်မှူးမှ ကျနော်တို့ ခေါ်သွားစရာမလိုဘူး လိုအပ်လျင် ဒီလူတွေကို လာခေါ်လို့ရပါတယ် လို့ ဆိုသည်။
ဘေးပတ်ဝန်းကျင်လူများ ၀ိုင်းဝန်းလာချိန်တွင် အဆိုပါ ရဲများနှင့် လ၀က မဘသ များ အဆိုပါ ရှစ်လွှာထပ်မှ ဆင်းသွားခဲ့ကြပြီး တိုက်ခန်း အဆောက်ဦး၏ အောက်တွင် ဒေသတွင်း ရပ်ကွက်နေ ရပ်မိရပ်ဖများ စုရုံးရောက်ရှိလာကြပြီး အဆိုပါ လူအုပ်ထဲမှ လူငယ်ယောက်ကျား (ကိုဇာနည်မောင်) အား မိုက်ကြည့် ကြည့်တာလား မင်းစောက်လုပ် ဘာရှိလဲဟု မဘသ အဖွဲ့ဝင်များမှ မေးမြန်းပြီး ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆီသို့ အတွင်းလူနာအဖြစ် လွန်ခဲ့သော (၁) နာရီကျော်ဝန်းကျင် အရေပေါ်ဌာနသို့ ရောက်ရှိကြောင်း ဆက်သွယ်မေးမြန်းမှုအား အမည်မဖေါ်လိုသော သူနာပြုတစ်ဦးမှ ပြောပြသည်။
ရိုက်နက်မှုကြောင့် အဆိုပါ လူငယ်မှာ သွေးသန်ရဲနေပြီး သေချာသော ဒဏ်ရာများ ထိခိုက်မှုများကို သက်ဆိုင်ရာ ဆရာဝန်မှ ပြုစုကုသပေးလျက်ရှိကြောင်း သိရသည်။
သက်ဆိုင်ရာ ရပ်ကွက်အတွင်းဝန်းကျင်မှာတော့ လူစုရုံးမှု ဖြစ်ခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်ကားများ ထပ်မံရောက်ရှိနေပြီး အခြေနေကို စောင့်ကြည့်နေကြသည်။
မင်္ဂလာတောင်ညွန့်ရဲစခန်းသို့ မည်သို့ ဖြစ်၍ သွားရောက်စစ်ဆေးမှုများ ယခုလို ရိုက်နှက်မှု ဖြစ်ကြသည်ကို မေးမြန်းရာ တာဝန်ခံ လူကြီး မရှိ၍ ဖြေကြားခွင့် မရှိကြောင်း အကြောင်းပြန်ပါသည်။
ဂိုလ်ရှယ်လေး မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။
Share:

21 April, 2017

သင်္ဘောသား ဇနီးနဲ့ ဖောက်ပြန်လို့ အသတ်ခံလိုက် ရတဲ့ သံမဏိနှင်းဆီ ဂျာနယ် ပိုင်ရှင်


၁၆.၄.၂၀၁၇ရက်နေ့ နံနက် ၈နာရီခွဲ အချိန်တွင် ပုဇွန်တောင်မြို့နယ်ရှိ  သံမဏိနှင်းဆီဂျာနယ်တိုက်မှ အပုတ်နံ့ထွက်ေ နေ ကြာင်း ဘေးချင်းကပ် လျက်အခန်းနေသူမှ အယ်ဒီတာဖြစ်သူအား အကြောင်းကြားခဲ့သဖြင့်  ဂျာနယ်တိုက်ခန်းအတွင်း သို့ ၀င်ရောက်ကြည့်ရှုရာ အယ်ဒီတာ၏ သားဖြစ်သူ ဝေယံဟိန်းမှာ ဓားဒဏ်ရာများဖြင့် ပုတ်ပွသေဆုံးနေကြောင်း တွေ့ရှိရ၍ ပုဇွန်တောင်မြို့မရဲစခန်းသို့ အရေးယူပေးရန် အမှုဖွင့် တိုင်တန်းခဲ့သောအမှုဖြစ်ပါသည်။
အမှုမှန်အမြန်ဆုံးပေါ်ပေါက်ရေးအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ  အထူးအမှုစစ်အဖွဲ့အားဖွဲ့စည်း ဆောင်ရွက်စေ ခဲ့ရာ ပြစ်မှုကျူးလွန်သူ  အား ၄ ရက်အတွင်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
အမှုအမြန်ဖော်ထုတ်နိုင်ရေးအတွက် စုံစမ်းခဲ့ရာ သေဆုံးသူ ဝေယံဟိန်း မှာလွန်ခဲ့သော ၈ လခန့်က မအယ်နီ(ခ) ရိုစီကို ဆိုသူနှင့် Facebook မှ တစ်ဆင့်ချစ်ကြိုက်ကာ မကြာခဏချိန်းတွေ့ခဲ့ကြကြောင်း၊ မအယ်နီ(ခ) ရိုစီကိုမှာ နိုင်ငံခြားသေ င်္ဘာသား အောင်ကိုကို၏ဇနီးဖြစ်ပြီး သားတစ်ဦး ရှိကြောင်း စုံစမ်းသိရှိရပါသည်။
နိုင်ငံခြားသင်္ဘောသား အောင်ကိုကိုမှာ  ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလကုန်တွင် စင်္ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ေ ရာက်ရှိလာစဉ် ၎င်းတို့မိသားစုနေထိုင်သော မင်္ဂလာတောင်ညွန့်  မြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိနေအိမ်ရှေ့တွင် ကားတ စ်စီးရပ်ထားသည် ကို၎င်းမှ တွေ့မြင်ခဲ့ပြီး ၎င်းကားမှာထွက်ပြေးသွားသဖြင့် ဇနီးဖြစ်သူအား မေးမြန်းရာမှ ဝေယံဟိန်း ၏ ကားဖြစ်ကြောင်းသိရသည့်အပြင် နိုင်ငံခြားရှိ သူငယ်ချင်းဖြစ်သူတစ်ဦးမှလည်း Facebook Account တွင် ၎င်း၏ဇနီး အား ဝေယံဟိန်းဆိုသူနှင့်ဓာတ်ပုံတွဲရိုက်ထားသည်ကို ပြောပြခဲ့ဖူးသဖြင့်  ၎င်း၏ဇနီးနှင့် လူမှုရေးဖောက်ပြန်နေကြောင်း မသင်္ကာဖြစ်ကာ ဝေယံဟိန်း အား ဖုန်းဖြင့်ဆက်သွယ်၍ စကားများခဲ့ဖူးကြောင်း စုံစမ်းသိရသည်။
ပြစ်မှုကျူးလွန်ရန်မသင်္ကာသည့်အကြောင်းများကြောင့် ရဲတပ်ဖွဲ့ဝင်များက အောင်ကိုကိုအား စုံစမ်းခဲ့ရာ ၁၅.၄.၂၀၁၇ ရက်နေ့ ညနေ ၅ နာရီအချိန် တွင် ပြင်ဦးလွင်မြို့ရှိ ၎င်း၏မိဘများနေထိုင်ရာ ငါးရံ့ချောင်းရွာသို့  တိမ်းရှောင်ထွ က်ြေ ပးနေကြောင်း စုံစမ်းသိရသဖြင့် သွားရောက်ဖမ်းဆီး ခဲ့ရာ အောင်ကိုကိုနှင့် ဇနီးဖြစ်သူ မအယ်နီ(ခ)ရိုစီကိုတို့အား ၁၉. ၄.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ဖမ်းဆီးရမိခဲ့ပါသည်။
အောင်ကိုကို၏ ဖော်ထုတ်ချက်အရ သေဆုံးသူ ဝေယံဟိန်းမှာ ၎င်း၏ ဇနီးဖြစ်သူ မအယ်နီ(ခ)ရိုစီကိုနှင့် လူမှုရေးဖော က်ပြန်နေကြောင်းသိရ သဖြင့် ၁၁.၄.၂၀၁၇ ရက်နေ့တွင် ဇနီး မအယ်နီ(ခ)ရိုစီကိုနှင့် သားဖြစ်သူတို့အား နေအိမ် အတွ င်းထား၍ အပြင်မှသော့ခတ်ထားခဲ့ရာ နေအိမ်သို့ ပြန်လည်ရောက်ရှိစဉ် ဇနီးနှင့် သားဖြစ်သူတို့မှာမတွေ့ရှိရသဖြင့် ဇနီးဖြ စ်သူ အားပြန်လည်တွေ့ရှိနိုင်ရန်အတွက် ၁၂.၄.၂၀၁၇ ရက်နေ့တွင် ဝေယံဟိန်း အား ဖုန်းဖြင့်ဆက်သွယ်ပြီး စုံစမ်းခဲ့သ ည့်အပြင် ကန်တော်ကြီးဥယျာဉ်သို့  ချိန်းဆို၍ အကူအညီတောင်းခံခဲ့ကြောင်း၊ ၁၄.၄.၂၀၁၇ရက်နေ့တွင် ဝေယံဟိန်းမှ အောင်ကိုကိုထံ ဖုန်းဖြင့်ဆက်သွယ်ပြီး ဒဂုံဧရာအဝေးပြေး ၀င်းတွင် အယ်နီ(ခ)ရိုစီကိုနှင့် သားဖြစ်သူအားေ တွ့ရှိခဲ့ကြော င်း၊  အကြောင်းစုံသိလိုပါက ၎င်းနေထိုင်သည့် သံမဏိနှင်းဆီဂျာနယ်တိုက်သို့ လာရောက်ရန် ချိန်းဆိုခဲ့ပါသည်။
ယင်းနေ့ ၁၄၀၀ အချိန်တွင် အောင်ကိုကိုမှ ဂျာနယ်တိုက်သို့သွားရောက် ခဲ့ရာ သေဆုံးသူဝေယံဟိန်း တစ်ဦးတည်းတွေ့ ရှိခဲ့ပြီး ၎င်း၏ဇနီးအား  ရှာဖွေပေးရန်ပြောဆိုခဲ့ရာ ဝေယံဟိန်းမှ အောင်ကိုကို၏ဇနီး အယ်နီ(ခ) ရိုစီကိုမှာ ၎င်းနှင့်တစ် ဦးတည်း လူမှုရေးဖောက်ပြန်ခဲ့ခြင်းမဟုတ်ဘဲ  အခြားအမျိုးသားများနှင့် လည်းပတ်သက်ခဲ့ဖူးကြောင်း၊ ယခု အယ်နီ(ခ) ရိုစီကိုအား လမ်းမတော်မြို့နယ်ရှိ Bilss Guest House အခန်း(၁၀၁) တွင် ဝေယံဟိန်းအမည်ဖြင့် တည်းခိုနေထို င်စေခဲ့ကြောင်း ပြောဆိုခဲ့ရာမှ  တစ်ယောက်တစ်ခွန်းစကားများခဲ့ပြီး စားပွဲပေါ်ရှိဓားဦးချွန်ဖြင့် ဝေယံဟိန်း ၏၀မ်းဗိုက်အား ၁၄ ချက် ၁၅ ချက်ခန့် ထိုးနှက်ခဲ့ကြောင်း၊ ဝေယံဟိန်း၏  iPhone SE ကိုလည်းယူဆောင်လာခဲ့ကြောင်း၊ ဇနီးဖြစ်သူ မအယ်နီ(ခ)\ ရိုစီကိုနှင့် သားဖြစ်သူတို့ကိုလည်း ၎င်းနေ့ ၁၈၀၀ အချိန်တွင် Bilss Guest  House တည်းခိုခန်းမှ သွားရောက်ခေါ်ယူကာ ရွှေဂုံတိုင်ဟိုတယ်သို့ ပြောင်းရွေ့တည်းခိုခဲ့ပြီး ၁၅.၄၂၀၁၇ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ပြင်ဦးလွင်မြို့ရှိ ၎င်း၏မိဘများနေထိုင်ရာ ငါးရံ့ချောင်းရွာသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
အယ်နီ(ခ)ရိုစီကိုအား စစ်ဆေးရာတွင် ၁၁.၄.၂၀၁၇ ရက်နေ့ နံနက် ၉ နာရီ အချိန်ခန့်က ၎င်းတို့မိသားစုနေထိုင်သော မင်္ဂ လာတောင်ညွန့်မြို့နယ်ရှိ နေအိမ်တွင် ခင်ပွန်းဖြစ်သူ အောင်ကိုကိုမှ ၎င်းတို့သားအမိအား အပြင်မှ သော့ခတ်ထားစဉ် ၎င်းနှင့်ချစ်ကြိုက်နေသူ ဝေယံဟိန်းအား ဖုန်းဖြင့် ဆက်သွယ်ခေါ်ယူခဲ့သဖြင့် ဝေယံဟိန်းနှင့် သော့ပြင်သူတစ်ဦးတို့မှ  ည ၈ နာရီအချိန်တွင် ရောက်ရှိလာကြောင်း၊ နေအိမ်တံခါးသော့အား ဖျက်ကာ ၎င်းတို့သားအမိ အားခေါ်ဆောင်၍ လမ်းမတော် မြို့နယ်ရှိ  Bilss Guest House သို့ ည ၉ နာရီအချိန်ခန့်တွင်ရောက်ခဲ့ပြီး အခန်း အမှတ်(၁၀၁)တွင် တည်းခိုနေထိုင်ေ စခဲ့ကြောင်း၊ တည်းခိုနေထိုင်စဉ် ၁၂.၄.၂၀၁၇ ရက်နေ့ နေ့လယ် ၂ နာရီ အချိန်ခန့်တွင် ဝေယံဟိန်းမှ  ထမင်းချိုင့်ပို့ပေးခဲ့ေ ကြာင်း၊ သားဖြစ်သူအား ဂိမ်းကစားရန် ဝေယံဟိန်းမှ  ၎င်း၏လက်တော့အား ပေးခဲ့ကြောင်းနှင့် ၁၁ ရက်နေ့မှ ၁၄ ရက်နေ့  ညနေပိုင်းအထိတည်းခိုခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
အခင်းဖြစ်စဉ်က ပြစ်မှုကျူးလွန်သူ အောင်ကိုကိုဝတ်ဆင်ခဲ့သည့်  ဂျင်းဘောင်းဘီနှင့် တီရှပ်တို့အား မင်္ဂလာတောင်ညွန့်မြို့ နယ်၊ သပြေကုန်း ရပ်ကွက်၊ (၁၂၅)လမ်းရှိ နေအိမ်မှသိမ်းဆည်းရမိခဲ့ပြီး အမှုနှင့် သက်ဆိုင် သည့် သက်သေခံပစ္စည်း များဖြစ်သည့် လက်တော့နှင့် iPhone SE  တို့အားအောင်ကိုကိုမှ ဇနီးဖြစ်သူနှင့် ပြင်ဦးလွင်သို့သွားရောက်စဉ်  Feel စားသောက်ဆိုင်ရှိ ရေကန်အတွင်းသို့ လွှင့်ပစ်ခဲ့ကြောင်းနှင့်  အခင်းဖြစ်စဉ် အသုံးပြုသည့်ဓားကိုလည်း ဂျာနယ်စက္ကူဖြင့် ထုပ်ပိုးပြီး  ဂျာနယ်တိုက် မျက်စောင်းထိုးရှိ အမှိုက်ပုံးတွင်လွင့်ပစ်ထားခဲ့ကြောင်း သိရှိရသဖြင့် သက်သေခံပစ္စည်းများ သိမ်းဆည်း ရမိရေးအတွက်  ဆက်လက်ရှာဖွေဆောင်ရွက်လျက်ရှိပါသည်။
ယခုလူသတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အချို့သောသတင်းဌာနများမှ ဖြစ်စဉ်အမှန်အား သိရှိရခြင်းမရှိမီ မလိုလားအပ်ေ သာပြဿနာများ ဖြစ်ပေါ်စေနိုင်သည့် ထင်မြင်ယူဆချက်များနှင့် ဝေဖန်ရေးသားခြင်းများ ဖော်ပြခဲ့သဖြင့် အထင်အမြင် လွဲမှားမှုများဖြစ်ပေါ်လာနိုင်ပါသည်။
သို့ဖြစ်ပါ၍ ဖြစ်စဉ်အမှန်ကို မသိရှိသေးမီ ထိုကဲ့သို့ ထင်မြင်ယူဆချက်များ၊ ဝေဖန်ရေးသားချက်များကို ဖော်ပြခြင်းမပြုကြပါ ရန် မေတ္တာရပ်ခံအပ်ပါ ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် မှုခင်းဖြစ်စဉ်အမှန်ကို  အမြန်ဆုံးဖော်ထုတ်ရ ရှိရေးအတွက် အချိန်နှင့်တစ်ပြေးညီ စုံစမ်းဖော်ထုတ် ခဲ့ကြောင်း အများပြည်သူသိရှိစေရန် အသိပေးဖော်ပြအပ်ပါသည်။
Share:

11 April, 2017

၁၈နှစ်အရွယ်မိန်းကလေးကို ကယ်ရီသမားက ကိုင်းတောထဲခေါ်ပြီးမုဒိန်းကျင့်


ပဲခူးတိုင်း​ဒေသကြီး ​ဝေါမြို့ နယ်​ ဧကရဇ်​​ကျေးရွာတွင်​ ဧပြီလ (၉) ရက်​​နေ့  ည (၇) နာရီအချိန်​ခန့်က မိခင်​ဖြစ်​သူအား သွား​ရောက်​​ခေါ်ယူသည့် သမီးဖြစ်​သူမှာ နေအိမ်​သို့ အပြန်​အ​ဖော်​အဖြစ်​လိုက်​ပါလာသူက အဓမ္မပြုကျင်​ခဲ့၍ မြို့ မရဲစခန်း၌ အမှုဖွင့် တိုင်​ကြားထား​ကြောင်း သိရပါသည်။

ဖြစ်​စဉ်​မှာ ဧပြီ (၉) ရက်​ ည​နေ (၅) နာရီအချိန်​ ခန့်က ဧကရဇ်​​ကျေးရွာ​နေအသက်​ (၁၈) နှစ်​အရွယ်​ရှိမ.........မှာ မိခင်​ဖြစ်​သူ​နေအိမ်​မှ ဆင်းသွားသဖြင့် တစ်​ရွာတည်း​နေ ဦး​အောင်​ချစ်​(ဘ)ဦးကြည်​ ၊ ဆိုင်​ကယ်​ကယ်​ရီ​မောင်းသမားဦးဝင်းနိုင်​တို့ နှင့်အတူ မိခင်​ဖြစ်​သူအား ဆိုင်​ကယ်​ဖြင့် လိုက်​လံရှာ​ဖွေစဉ် ​​ညဦးပိုင်း (၆)နာရီ​ကျော်​ အချိန်​ခန့်၌ နောင်​ပတ္တရာ​ကျေးရွာ ​ဇောင်းတူ တူး​မြောင်းလူသွားလမ်း​ပေါ်တွင်​ ​တွေ့ရှိသဖြင့် ပြန်​လည်​​ခေါ်​ဆောင်​ခဲ့​ကြောင်း မိခင်​ဖြစ်​သူမှ ​နေအိမ်​သို့ ပြန်​မလိုက်​သဖြင့် ဆိုင်​ကယ်​ကယ်​ရီသမားဦးဝင်းနိုင်​အား ပြန်​လွှတ်​လိုက်​ပြီး မ........မှာ အ​ဖော်​အဖြစ်​လိုက်​​ပေးသူ ဦး​အောင်​ချစ်​နှင့် အတူနေအိမ်သို့ ပြန်​လာခဲ့ရာ ဦး​အောင်​ချစ်​က မ..........အား ​ဇောင်းတူ ဆည်​​မြောင်း​ဘေးအနီးရှိ ကိုင်း​တောထဲသို့ အတင်းဆွဲ​ခေါ်ကာပါးစပ်​ပိတ်​၍ သားမယားအဖြစ်​ နှစ်​ကြိမ်​ပြုကျင့်ခဲ့​ကြောင်း မြို့ မရဲစခန်း၏ ရဲမှတ်​တမ်းများ အရသိရသည်​။

၎င်းဖြစ်​စဉ်​နှင့် ပက်​သက်​၍ မိမိအား အလိုမတူဘဲ သားမယားအဖြစ် ​ပြုကျင့်ခဲ့သူ ဧကရာဇ်​​​ကျေးရွာ​နေဦး​အောင်​ချစ်​(ဘ)ဦးကြည်​၊ အသက်​ (၅၃)နှစ်​အား အမှုဖွင့် အ​ရေးယူ​ပေးပါရန်​မ.......က တရားလိုပြုလုပ်​ တိုင်​တန်းသဖြင့် ဝေါမြို့ မရဲစခန်းမှ(ပ)၂၅၀/၂၀၁၇ပြစ်​မှုဆိုင်​ရာ ဥပ​ဒေပုဒ်​မ ၃၇၆ ဖြင့် အမှုဖွင့် လှစ်​ထား​ပြီး အမှုနှင့် ပတ်​သက်​သည့် ဦး​အောင်​ချစ်​အား ဖမ်းဆီးရမိထား​​ကြောင်း ဆက်လက်​သိရှိရသည်​။
Share:

10 April, 2017

တော်ဝင်နှင်းဆီဆေးရုံ ပိုင်ရှင် ကွင်းလုံးကျွတ် လွှတ်ပေးမှု မန္တလေးတိုင်း ၀န်ကြီးချုပ် ပြန်လည် သုံးသပ်မည်


ဂရိတ်ဝေါလ်ဦးတင် မောင်၏ ဇနီး တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင် ဒေါ်နန်းလှစိန်သည် ညစ်ညမ်းကြော်ငြာ စာရွက်များ ဖြန့်ဝေမှုဖြင့် တရားစွဲဆိုခံရပြီး အမှုမှားယွင်းသည်ဟုဆိုကာ တရားရုံးက ကွင်းလုံးကျွတ်လွှတ် ပေးမှုကို ပြန်လည်သုံးသပ်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော် မြင့်မောင်က ပြောသည်။
‘‘ဒီကိစ္စနဲ့ပတ်သက်၍ ဥပဒေ ချုပ်ကို မေးထားတယ်။ အစိုးရ အဖွဲ့ကနေ ဖြစ်စဉ်ကို ဥပဒေရုံး ကနေ အစအဆုံးတောင်းထားပါ တယ်။ ကျွန်တော်ကိုယ်တိုင် လည်း သိချင်တဲ့အတွက် ဒါကို ပြန်လည်သုံးသပ်သွားပါမယ်’’ ဟုဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
အစိုးရဘက်က တရားလိုပြု ပြီး တရားစွဲဆိုခဲ့ရာ မြို့နယ်တရား ရုံးက ကွင်းလုံးကျွတ်လွှတ်ပေး လိုက်၍ အယူခံတက်ပြီး တရား မျှတမှုရှိစေရန် ဥပဒေရုံးတွင် တာဝန်ရှိကြောင်း၊ ယခုအစိုးရသစ် လက်ထက်တွင် တရားရုံးများ၏တရားစီရင်မှုများသည် ပြောင်း လဲမှုမရှိဘဲ ယခင်အစိုးရလက် ထက်အတိုင်းသာ    ရှိနေသေး ကြောင်း တရားလွှတ်တော်ရှေ့ နေ ဦးသိန်းသန်းဦးက ဆိုသည်။
ချမ်းအေးသာစံမြို့နယ် တော်ဝင်နှင်းဆီဆေးရုံတတိယ အလွှာတွင် Health News အမည်ဖြင့် တရုတ်နိုင်ငံသားများက တရား မ၀င်ဆေးခန်းဖွင့်လှစ်ခဲ့မှု၌ ညစ် ညမ်းကြော်ငြာစာရွက်များ ဖြန့်ဝေမှုဖြင့် တရားစွဲခံရသည့် ဒေါ် နန်းလှစိန်သည် ဇွန်လ ၇ ရက်တွင်အမှုမှ ကွင်းလုံးကျွတ်လွတ် မြောက်ခဲ့သည်။
 ချမ်းအေးသာစံမြို့နယ် တရားသူကြီး ဦးစိန်ကြည်က နှစ် ဘက်သက်သေအထောက်အ ထားနှင့် စစ်ဆေးချက်များအရ ဒေါ်နန်းလှစိန်ငြိစွန်းခြင်းမရှိ၍ အမှုမှ အပြီးပြတ်လွှတ်လိုက်ပြီး အမှုမှားယွင်းကြောင်း သတ်မှတ် ခဲ့ခြင်းဖြစ်သည်။
ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် ပြစ်မှုပုဒ်မ ၂၉၂ (က)ဖြင့် ဒေါ်နန်းလှစိန်ကို ၂၀၁၅ ၌ စတင်တရားစွဲဆိုခဲ့ပြီး တစ်နှစ် ကျော်အတွင်း တရားလိုပြသက် သေ ခြောက်ဦးနှင့် တရားခံပြ သက်သေနှစ်ဦးအား စစ်ဆေးခဲ့ သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ အမှုတွဲချေဖျက်ခွင့်၊ တရားရုံးရှေ့ လာရောက်ခြင်းမှ ကင်းလွတ်ခွင့် ကို တိုင်းဒေသကြီးလွှတ်တော်သို့ လျှောက်ထားခဲ့ရာ ပယ်ချခဲ့ပြီးနောက် ယခုနှစ် ဧပြီလမြို့နယ် တရားရုံး ရုံးချိန်း ရှစ်ကြိမ်မြောက်တွင် တရားစွဲဆိုခံရသူ ဒေါ်နန်း လှစိန်လာရောက်၍ အမှုရင်ဆိုင် ခဲ့ခြင်းဖြစ်သည်။
တော်ဝင်နှင်းဆီ   ဆေးရုံ တတိယအလွှာတွင် တရုတ်နိုင်ငံ သားများဦးဆောင်၍ တရားမ၀င် အမျိုးသား၊ အမျိုးသမီးရောဂါ များကို ကုသပေးခဲ့သဖြင့် တရုတ် နိုင်ငံသားများနှင့် ဂရိတ်ဝေါလ်ဦး တင်မောင်နှင့် ဇနီးဒေါ်နန်းလှစိန် ကို တရားစွဲဆိုခဲ့ကာ တရုတ်နိုင်ငံ သားများ ထွက်ပြေးသွားခဲ့ပြီး ဦး တင်မောင်လည်း အမှုမှ ကွင်း လုံး ကျွတ်လွတ်မြောက်ခဲ့သည်။
Share:

မိခင် နောက်အိမ်ထောင်ပြုမည့်ကိစ္စကြောင့် စကားများပြီး သားဖြစ်သူ ကြိုးဆွဲချ သေဆုံး

မိခင်ဖြစ်သူ နောက်အိမ် ထောင်ပြုမည့်ကိစ္စနှင့် ပတ်သက် ၍ စကားများခဲ့ပြီးနောက် သားဖြစ်သူ ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ပြည်မြို့မ ရဲစခန်းမှ သတင်းရရှိ သည်။
ကြိုးဆွဲချသေဆုံးသူသည် အသက် (၁၉) နှစ်အရွယ် ပြည် တက္ကသိုလ် ဓာတုဗေဒ ပထမနှစ်ကျောင်းသားဖြစ်ပြီး မတ်လ ၁ ရက် နံနက်က ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ပြည်မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။
၎င်းသည် နေအိမ်အပေါ်ထပ်ထုပ်တန်းတွင် ကြိုးဆွဲချသေဆုံးနေသည်ကို အိမ်နီးချင်းအမျိုးသားတစ်ဦးက တွေ့ရှိခဲ့ကြောင်း ပြည်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
‘‘ကြိုးဆွဲချသေဆုံးတဲ့ ကျောင်းသားလေးရဲ့ ဖခင်ဖြစ်သူက လွန် ခဲ့တဲ့ သုံးလလောက်က သေဆုံး သွားတယ်။ အဲဒီမှာ မိခင်ဖြစ်သူ က နောက်အိမ်ထောင်ပြုမယ့်ကိစ္စ ကို ပြောရင်းက ဖေဖော်ဝါရီ ၂၈ ရက်ညပိုင်းက စကားများကြတယ်လို့ သိရတယ်။ လတ်တလောကတော့ မိခင်နောက်အိမ်ထောင်ပြုမှာကို သဘောမတူလို့ စိုးရိမ်ပြီး သေကြောင်းကြံစည် သွားတာလို့ ကောက်ချက်ချနိုင်တယ်’’ဟု ၎င်းက ဆိုသည်။
ကြိုးဆွဲချ သေဆုံးသူသည် ပြည်မြို့ ပဒေသာရပ်ကွက်တွင် နေ ထိုင်သူဖြစ်ပြီး အင်တာနက် အလွန်အကျွံသုံးစွဲသူဖြစ်ကာ ဖခင်သေဆုံးပြီးနောက် စိတ်ထိခိုက်နေကြောင်း ရဲမှတ်တမ်း၌ ဖော်ပြ ထားသည်။
‘‘သေဆုံးသူ ကျောင်းသား လေးရဲ့ မိခင်က သားသမီးသုံး ယောက်ရှိတယ်။ အသက်ကလည်း(၃၇)နှစ်ပဲ ရှိသေးတယ်’’ဟု ပဒေသာရပ်ကွက် ရာအိမ်မှူးက ပြော ကြားသည်။
အဆိုပါ ကျောင်းသားကြိုးဆွဲချသေဆုံးမှုနှင့် ပတ်သက်၍ ပြည် မြို့မရဲစခန်းက အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးလျက် ရှိ ကြောင်း သတင်းရရှိသည်။
Share:

Blog Archive

ဘင်္ဂလားဒေ့ရှ်သည် လူဦးရေပေါက်ကွဲပြီး ရခိုင်ပြည်နယ်အတွင်း ၀င်ရောက်လုပ်ကိုင် စားသောက် နေကြသည်ဆိုသည့်အချက်ကို ပြန်လည်သုံးသပ်စေလိုဟု ဘင်္ဂလားဒေ့ရှ်စစ်သံမှူးက ပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လူဦးရေပေါက်ကွဲပြီး ရခိုင်ပြည်နယ်တွင် လုပ်ကိုင်စားသောက်ရန် ၀င်ရောက်နေ ကြသည်ဆိုသည့်အချက်အပေါ် ပြန်...

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.