• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts

29 January, 2019

(၁၀)တန်းအောင်သူတိုင်း တက်လို့ရမယ့် စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း

စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း (SMVTI) မှ သင်တန်းသားသစ်တွေ ခေါ်ယူနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကို မေလ ၆ ရက်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အသက် ၁၆ နှစ်နဲ့ အထက်ရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

သင်ကြားရမယ့်ဘာသာရပ် တွေကတော့

Hospitality & Tourism မှာ

1.Front Office Operations,

2.Housekeeping Operations,

3.Restaurant Operations,

4.Retail Operationsတို့ ဖြစ်ပြီး

Engineering & Technology တွင်

1.Electrical Technology,

2.Electronic,

3.Residential Air-Conditioning,

4.Building Fixtures & Equipment,

5.Mechatronices (Basic Servicing),

6.General Weldingစတာတွေဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ လျှောက်လွှာနဲ့အတူ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း ထောက်ခံစာ၊ အမှတ်စာရင်းမူရင်းနဲ့ မိတ္တူ၊ ကျောင်းသားနဲ့ မိဘရဲ့မှတ်ပုံတင်မိတ္တူ၊ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက် ထောက်ခံစာတို့နဲ့ အတူ ပူးတွဲလျှောက်ထားရမှာဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေ အနေနဲ့ ဖေဖော်ဝါရီလ ၄ ရက်မှစတင်လျှောက်ထားနိုင်ပြီး ဖေဖော်ဝါရီလ ၁၅ ရက် နောက်ဆုံးလျှောက်ထားရမှာဖြစ်ပါတယ်။

သင်တန်းကာလအနေနဲ့ ၆ လ တက်ရောက်ရမှာဖြစ်ပြီး စာတွေ့လက်တွေ့ သင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ SMVTI အမှတ် ၁၂၃၊ နတ်မောက်လမ်း၊ ဗဟန်းမြို့ နယ်၊ ဖုန်း – ၀၉၇၈၁၀၀၂၅၇၂ ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Share:

20 January, 2019

21 July, 2017

တက္ကသိုလ်ဝင်တန်းအဖြေလွှာများကို ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုသူများတွင် ဂုဏ်ထူးရရှိသူများပါ ပါဝင်

school
တက္ကသိုလ်ဝင် တန်းအဖြေလွှာများကို ပြန်လည် စစ် ဆေးပေးရန် တောင်းဆိုသည့်အထဲ တွင် ဂုဏ်ထူးရရှိသူ များပါ ပါဝင်နေ ကြောင်း သိရသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် တက္ကသိုလ်ဝင်တန်းအောင် စာရင်းများနှင့် အမှတ်စာရင်းများကို ဆက်လက်ထုတ်ပြန်ပေးပြီး သည့် နောက်တွင် ကျောင်းသား၊ ကျောင်း သူများ ကျေနပ်အားရမှုမ ရှိသော အဖြေလွှာများကို ပြန်လည် စစ်ဆေး ပေးခြင်း ကို ဆောင်ရွက် လျက်ရှိရာ ယခုလတွင် အဖြေလွှာပြန်လည် စစ် ဆေးပေးရန် အတွက် တောင်း ဆိုလာ သည့်အရေအတွက်မှာ ၂၀၀ ကျော် အထိရှိကြောင်း၊ ယင်းတောင်းဆိုမှု များထဲတွင် စာမေးပွဲကျရှုံးသူများ ၊ အောင်မြင်သူများအပြင် ဂုဏ်ထူးရရှိ ထားသူများကပါ ယင်းတို့၏အဖြေ လွှာကို ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုထားကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။
“အဖြေလွှာတွေကို ပြန်စစ် ဆေးပေးဖို့တင်ပြလာတဲ့ အထဲမှာ အောင်တဲ့ သူတွေလည်း ပါပါတယ်။ သူတို့အဓိကတောင်းဆိုတာက သူ တို့ရတဲ့ အမှတ် အပေါ်မှာ ကျေနပ် အားရမှုမရှိလို့ ပြန်ပြီးတောင်းဆိုကြ တာပါ။ အရင်တုန်းကတော့ ဂုဏ် ထူးရတဲ့သူတွေ ကို ပြန်စစ်ဆေးပေး ခွင့်မပေး ခဲ့ဘူး။ ဂုဏ်ထူးရတဲ့သူဆို တာက သက်ဆိုင်ရာ စာစစ်မှူး ချုပ် တွေ ကိုယ်တိုင် အတည်ပြုပြီး ထုတ် ပြန်ပေး တာဖြစ်တဲ့ အတွက်ကြောင့် ပါ။ အခုနောက်ပိုင်း ကျွန်တော်တို့ လူကြီး က ဖြေလျှော့ပေး လိုက်တဲ့အ တွက် ဂုဏ်ထူးရတဲ့သူတွေပါ ပါလာ တယ် ” ဟု မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဒေါက် တာသိန်းဇံက ယခုလ ၁၅ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောသည်။
၂၀၁၇ ခုနှစ်တက္ကသိုလ်ဝင်တန်း ကို ကျောင်းသား၊ ကျောင်းသူ နှစ် သိန်းလေးသောင်းကျော်အောင်မြင် ထားပြီး ဂုဏ်ထူးရရှိသူအရေအတွက် မှာ ၅၆၇၁၈ ဦးရှိခဲ့ပြီး ခုနစ်နှစ်အ တွင်း ဂုဏ်ထူးရသူအရေအတွက် အများဆုံးနှစ်အဖြစ်လည်း မှတ် တမ်းဝင်ခဲ့ကြောင်း တက္ကသိုလ်ဝင် တန်းအဖြေလွှာများကို ပြန်လည် စစ်ဆေးပေးရန် တောင်းဆိုထား သည့် ကျောင်းသား ၊ ကျောင်းသူ များ ၏ ရလဒ်များကို လျှောက်ထားပြီး တစ်လအကြာတွင် ပြန်လည်ပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။
“သူတို့ရဲ့တောင်းဆိုလွှာတွေကိုတင်ပြီး တစ်လကျော်လောက်မှာ သိရမှာပါ။ နောက်လထဲလောက် တော့ဖြစ် မယ်” ဟု ဒေါက်တာသိန်းဇံ က ဆက်လက်ပြောကြားသည်။
တက္ကသိုလ်ဝင်တန်းအဖြေလွှာ များ ပြန်လည်စစ်ဆေးပေးစေလိုပါ က တစ်ဘာသာလျှင်ကျပ် ၅၀၀၀ နှုန်းဖြင့် လက်ခံဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.