• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

31 January, 2019

လုံခြုံရေးအားနည်းချက် ဖော်ထုတ်ပေးသည့် ဆော်ဒီပညာရှင်ကို Apple ဂုဏ်ပြု

ဇန်န၀ါရီ ၃၁၊ ၂၀၁၉
M-Media

ဆော်ဒီပညာရှင် ဖာတီမာ အလ်-ဟာဘီ
– သူတို့ရဲ့ ကွန်ပျူတာစနစ်က လုံခြုံရေးအားနည်းချက်ကို ထောက်ပြပြင်ဆင်ပေးခဲ့တဲ့ ဆော်ဒီ နည်းပညာရှင်တစ်ဦးက Apple ကုမ္ပဏီက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ဂုဏ်ပြုခံရသူဟာ ဖာတီမာ အလ်-ဟာဘီ ဆိုသူဖြစ်ပြီး ကမ္ဘာလုံခြုံရေးအမြင့်ဆုံး ကွန်ပျူတာစနစ်တွေကို ပိုင်ဆိုင်ထားတဲ့ Apple၊ Micorsoft နဲ့ Linux တို့က လုံခြုံရေးအားနည်းချက်တွေကို ဖော်ထုတ်ပြုပြင်ပေးခဲ့သူ ဖြစ်ပါတယ်။
အလ်-ဟာဘီဟာ လက်ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ ကွန်ပျူတာသိပ္ပံဒေါက်တာဘွဲ့ တက်ရောက်နေပြီး ဆော်ဒီအာရေဗျနိုင်ငံမှာရှိတဲ့ ‘တိုင်ဘာတက္ကသိုလ်’ က ကွန်ပျူတာကောလိပ်မှာ ဆရာမအဖြစ်လည်း တာဝန်ထမ်းဆောင်နေပါတယ်။
“ကျွန်မ Apple ကို ဆက်သွယ်ပြီး သူတို့စနစ်က အားနည်းချက်တွေကို ပြောပြလိုက်တယ်။ ကွန်ပျူတာကုတ်တွေနဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း ပေးလိုက်ပါတယ်” လို့ အလ်-ဟာဘီက သူမရဲ့ လုပ်ဆောင်ချက်ကို ဖွင့်ဟခဲ့ပါတယ်။
အဲဒီနောက်မှာ Apple က ဒီအားနည်းချက်တွေကို ပြင်ဆင်ခဲ့ပြီး အလ်-ဟာဘီကိုလည်း ဂုဏ်ပြုခဲ့ပါတယ်။
“Apple က ချက်ခြင်းဆိုသလို ကျွန်မကို ပြန်ဆက်သွယ်ပြီး Apple ထုတ်ကိရိယာအားလုံးအတွက် Update တွေ ထုတ်ပေးလိုက်ပြီလို့ ပြောပါတယ်။ သူတို့ရဲ့ ဂုဏ်ပြုစာရင်းထဲမှာ ကျွန်မနာမည် ထည့်လို့ရမလားလို့လည်း မေးပါတယ်။ ကျွန်မက ‘ရတာပေါ့ရှင်’ လို့ ပြန်ဖြေခဲ့ပြီး ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်” လို့ အလ်-ဟာဘီကပြောကြားခဲ့ပါတယ်။
ဂျစ်ဒါမှာမွေးဖွားတဲ့ အလ်-ဟာဘီဟာ ‘ကင်းအဘ်ဒူလ်အဇစ် တက္ကသိုလ်’ နဲ့ ‘ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ်’ တို့ကနေ ကွန်ပျူတာသိပ္ပံဘွဲ့၊ မဟာဘွဲ့တွေ ရရှိခဲ့ပါတယ်။
Apple ရဲ့စနစ်မှာ သူမဖော်ထုတ်ခဲ့တဲ့ အားနည်းချက်ဟာ ဟက်ကာတွေ အသုံးချလို့ကောင်းတဲ့ အားနည်းချက်မျိုးဖြစ်တယ်လို့ အလ်-ဟာဘီက ပြောပါတယ်။
“အသုံးပြုသူတွေက လုံခြုံတယ်လို့ထင်ပြီး ဟက်ကာတွေထိန်းချုပ်ထားတဲ့ ၀ဘ်ဆိုဒ်ကို ၀င်ရောက်အောင်လုပ်နိုင်တဲ့ အားနည်းချက်ကို ကျွန်မတွေ့ခဲ့တာပါ။ အသုံးပြုသူက login အချက်အလက်တွေကို ရိုက်ထည့်လိုက်မယ်ဆိုရင် ဟက်ကာတွေက ဒါကို ရသွားပြီး နောက်ပိုင်းမှာ အမြတ်ထုတ်သွားမှာပါ”
လက်ရှိမှာ ကွန်ပျူတာကွန်ယက်တွေရဲ့ အားနည်းချက်ကို ရှာဖွေဖော်ထုတ်ရေး နယ်ပယ်ကို အာရုံစိုက် လေ့လာနေတယ်လို့လည်း အလ်-ဟာဘီက ပြောကြားခဲ့ပါတယ်။
Share:

ကွန်ပျူတာအသုံးပြုကြတဲ့အခါမှာ F key တွေအကြောင်း

No photo description available.
ကွန်ပျူတာအသုံးပြုကြတဲ့အခါမှာ F key တွေကို အသုံးပြုမိရဲ့လားဆိုတာ စဉ်းစားကြည့်လိုက်ရအောင်။ များသောအားဖြင့် F5 key ကိုတော့ သုံးဖြစ်ကြလိမ့်မယ် ထင်ပါတယ်။ F5 key ကို တစ်ချက်နှိပ်လိုက်ရုံနဲ့ refresh လုပ်ဆောင်ချက်ကို ရရှိနိုင်ပြီး မောက်စ်မှာလို အဆင့်ဆင့် နှိပ်နေစရာမလိုတော့ ပိုပြီးလွယ်ကူအဆင်ပြေတယ် မဟုတ်ပါလား။ F5 key လိုပဲ အခြားသော F key တွေကလည်း အသုံးပြုသူတွေကို လွယ်ကူအဆင်ပြေအောင် အသီးသီးစွမ်းဆောင်ပေးနိုင်ကြပါတယ်။ ဒါဆိုရင် ဘယ် F key တွေက ဘာတွေ လုပ်ပေးနိုင်လဲဆိုတာကို ကြည့်ကြည့်လိုက်ကြရအောင် လား ။
၁။ F1
ကိုယ်က အပ်ပလီကေးရှင်းတစ်ခုခု သုံးနေတယ်ဆိုပါစို့။ ရုတ်တရက် Help menu ကို လိုအပ်လာတဲ့အခါ menu တစ်ခုလုံးကို မျက်စိအနောက်ခံပြီး ပတ်ကြည့်နေတော့မလို့လား။ F1 key တစ်ချက်နှိပ်ရုံနဲ့ Help menu ပွင့်လာမှာမို့ အလွယ်တကူသာ နှိပ်လိုက်ပါ။
၂။ F2
ကိုယ့်ဖိုင်ရဲ့ နာမည်ကို ပြောင်းချင်ရင် အရင်လို မောက်စ်ကနေ အဆင့်ဆင့် “Rename” ဆိုတာကို လိုက်ရှာနေဦးမှာလား။ ပြောင်းချင်တဲ့ဖိုင်ကို ရွေး၊ F2 နှိပ်ပြီး ဖိုင်နာမည်ကို အမြန်ဆုံးပြောင်းပစ်နိုင်ပါပြီ။

၃။ F3
ကီးဘုတ်ရဲ့ F key တွေကို ဘယ်လိုသုံးကြမလဲ 2
အင်တာနက် browsers ထဲမှာ search box ကျလာစေချင်ရင် F3 ကို နှိပ်လိုက်ပါ။ ထို box ထဲမှာ သိချင်တာဖြည့်ပြီး အလွယ်တူ ရိုက်ရှာနိုင်ပါပြီ။
၎။ F4
My Computer မှာ F4 ကို နှိပ်လိုက်မယ်ဆိုရင် Address bar list ကို ပြပေးမှာ ဖြစ်ပါတယ်။ အပ်ပလီကေးရှင်းတစ်ခုခုကို အမြန်ပိတ်ချင်တဲ့အခါမျိုးမှာတော့ Alt key နဲ့ F4 key ကို တွဲနှိပ်ပေးပါ။
၅။ F5
အပေါ်မှာ ပြောသွားသလိုပဲ သူ့ရဲ့လုပ်ဆောင်ချက်ကတော့ refresh လုပ်ပေးတာပါ။ ဒါ့အပြင် Microsoft PowerPoint အပ်ပလီကေးရှင်းမှာဆိုရင် slideshow ကို လုပ်ဆောင်စေပါတယ်။
၆။ F6
Microsoft PowerPoint အပ်ပလီကေးရှင်းမှာ F6 ကို နှိပ်လိုက်ရင် slide ကို နောက်တစ်ချက် ရွေ့ပေးပါတယ်။ Browsers ထဲမှာဆိုရင်တော့ Address bar မှာ ပေါ်နေတဲ့ URL Address တစ်ခုလုံးကို အလွယ်တကူ select လုပ်ပေးနိုင်ပါတယ်။
၇။ F7
Microsoft Office အပ်ပလီကေးရှင်းတွေဖြစ်တဲ့ Microsoft Word၊ Microsoft PowerPoint၊ Microsoft Excel အစရှိတဲ့ အပ်ပလီကေးရှင်းတွေမှာ F7 key ကို နှိပ်ပေးမယ်ဆိုရင် ကိုယ်ရေးထားတဲ့စာတွေကို စာလုံးပေါင်း မှန်၊မမှန် စစ်ပေးတဲ့ Spelling and Grammar Check လုပ်ဆောင်မှုကို လုပ်ဆောင်ပေးပါတယ်။
၈။ F8
Microsoft Office အပ်ပလီကေးရှင်းတွေမှာ တစ်ခုခုမှတ်သားထားတာကို တိုးပြီးမှတ်ချင်တဲ့အခါ F8 key တစ်ခုတည်းနဲ့ အလွယ်တကူလုပ်ဆောင်နိုင်ပါတယ်။
၉။ F9
F9 key ကို Microsoft Office အပ်ပလီကေးရှင်းတွေမှာ Update လုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။
၁၀။ F10
F10 key ကတော့ Menu bar options ကို ပွင့်စေပါတယ်။ အလွယ်တကူ menu ထဲကအရာတွေကို ရွေးချယ်ချင်တဲ့အခါမျိုးမှာ အသုံးဝင်တဲ့ key အမျိုးအစား ဖြစ်ပါတယ်။
၁၁။ F11
ကိုယ်ကြည့်နေ၊အသုံးပြုနေတဲ့အရာကို Full screen ဖြစ်ချင်တဲ့အခါမျိုးမှာ F11 key နဲ့ လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် Microsoft Office အပ်ပလီကေးရှင်းတွေမှာ Visual Basic Editor ကို ပွင့်စေပါတယ်။
၁၂။ F12
သူကတော့ ဖိုင်တွေကို တခြားနာမည်တစ်ခုနဲ့ သိမ်းစေချင်တဲ့အခါမျိုးမှာ အသုံးဝင်ပါတယ်။ F12 key ကို နှိပ်မယ်ဆိုရင် “Save as” ဆိုတဲ့ box တစ်ခု ထွက်ပေါ်လာပါလိမ့်မယ်။
အခုလောက်ဆိုရင်တော့ F key တွေကို ဘယ်လိုမျိုး
သုံးလို့ရမလဲဆိုတာ သိလောက်ပြီလို့ ထင်ပါတယ်။

Share:

16 July, 2017

နည်းပညာလောကကို အပြောင်းအလဲ ဖြစ်သွားစေနိုင်တဲ့ ကမ္ဘာ့ပထမဆုံး ဘက်ထရီမလိုတဲ့ ဖုန်း

 
Jul 11, 2017
 သိပ္ပံပညာရှင်တွေ ဟာ စွမ်းအင်သုံစွဲမှု မရှိတဲ့ ကမ္ဘာ့ပထမဆုံး ဘက်ထရီမဲ့ ဆဲလ်ဖုန်း ကို တီထွင်ဖန်တီးနိုင်ခဲ့ပြီဖြစ်တဲ့အတွက် သိပ္ပံပညာ နဲ့ နည်းပညာလောက အတွက် အချီုးအကွေ့တစ်ခု အဖြစ် ဖြစ်ပေါ်လာဖွယ်ရာ ရှိနေတယ် လို့ သိရပါတယ်။
အဲဒီ ဆဲလ် ဖုန်း ဟာ အချက် ၂ ချက် နဲ့ ကိုက်ညီနေပြီး ပထမဆုံး အချက် မှာ စွမ်းအင် သုံးစွဲမှု လုံးလုံးလျားလျား မရှိတဲ့ ကမ္ဘာ့ပထမဆုံး ဘက်ထရီ မပါရှိတဲ့ ဆဲလ်ဖုန်း ဖြစ်ပြီး ဒုတိယအချက်ကတော့ နည်းပညာ နဲ့ သိပ္ပံပညာကို အပြောင်းအလဲတစ်ခု ဖြစ်သွားစေနိုင်မလား လို့ အားလုံးက စောင့်ကြည့် အကဲခတ်ရစေမယ့် တီထွင်မှု တစ်ခုလည်း ဖြစ်ခဲ့တယ် လို့ Wired မဂ္ဂဇင်း က ဆိုပါတယ်။
အမေရိကန်နိုင်ငံ ဝါရှင်တန် တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ဖန်တီးတည်ဆောက်ခဲ့တာ ဖြစ်ပြီး စွမ်းအင်သုံးစွဲမှု လုံးဝနီးပါးမရှိ လို့ သိရပါတယ်။ အဲဒီ ဘက်ထရီမလိုအပ်တဲ့ ဆဲလ်ဖုန်းဟာ သုံးစွဲသူရဲ့ အနီးအနားမှာ ရှိတဲ့ အလင်းရောင်နဲ့ ရေဒီယိုလှိုင်းတွေက ရရှိတဲ့ စွမ်းအင်ပမာဏ နည်းနည်းလောက်နဲ့ပဲ အလုပ်လုပ်စေနိုင်လောက်အောင် အစွမ်းထက်တယ် လို့ ဆိုပါတယ်။
နမူနာ စမ်းသပ်မှုတွေမှာ အဲဒီ ဖုန်း အကြမ်းထည် ကို သုံးစွဲပြီး အင်တာနက် ကနေ တဆင့် Skype IM နဲ့ သုံးစွဲပြီး ဖုန်းခေါ်ဆိုမှုပြုလုပ်ခဲ့ပြခဲ့ပါတယ်။ စွမ်းအင် ကို မသုံးစွဲရတဲ့အတွက် ဘက်ထရီ အများအပြားကို ထည့်သွင်းပြီး သွားလေရာ သယ်ယူသွားရတဲ့ ဒုက္ခတရားတွေအပြင် ဘက်ထရီ ကြောင့် ဖြစ်ပေါ်တတ်တဲ့ အခက်အခဲတွေအားလုံး ကို ပြေလည်သွားစေနိုင်မယ့် နည်းပညာ ဖြစ်သဖြင့် ကုမ္ပဏီကြီးတွေကိုယ်တိုင် က နည်းပညာမူပိုင်ခွင့်တွေ နဲ့ ပြန်လည်အသုံးချခွင့်တွေကို ၀ယ်ယူနိုင်ဖို့ စိတ်ဝင်တစား စောင့်ကြည့် နေကြတယ် လို့ ဆိုပါတယ်။
Share:

29 April, 2017

တက္ကစီ တစ်သောင်းဖိုး အလကားစီးဖို့ Uber

Akhayar - uber promotion in myanmar

တက္ကစီ တစ်သောင်းဖိုး အလကားစီးဖို့

မြန်မာနိုင်ငံကို အမေရိကန်အခြေစိုက် အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်တဲ့ “Uber” ရောက်ရှိလို့လာပါပြီ။ “ရောက်ရောက်ခြင်း စောက်နဲ့ထွင်း” ဆိုသလို Uber က သူရဲ့ အယ်ပလီကေးရှင်းကို အသုံးပြုပြီး တက္ကစီငှားစီးတဲ့သူတိုင်းကို အခမဲ့ တစ်သောင်းဖိုး ပေးစီးပါတယ်။ လူတော်တော်များများက အယ်ပလီကေးရှင်းကနေ တက္ကစီငှားစီးရမယ်ဆိုရင်တော့ နည်းနည်းတွန့်သွားတတ်ပေမယ့် Uber ကိုအသုံးပြုရတာ အရမ်းကြီး မခက်ခဲပါဘူး။
အခုလိုတက္ကစီငှားစီးတဲ့ အယ်ပလီကေးရှင်းတွေ ရန်ကုန်မှာရှိနေတာ သုံးလေးခုလောက်ရှိပါပြီ။ နိုင်ငံတွင်းက ကုမ္ပဏီတွေဖြစ်တဲ့ Hello Cab, Oway Ride, Go Taxi တို့ရှိသလို စင်ကာပူက နာမည်ကြီး Grab လည်း ရှိနေပါတယ်။

Uber ကိုအခမဲ့တစ်သောင်းဖိုးဘယ်လိုစီးမလဲ

ပထမဆုံး Play Store ကနေ Uber App ကို ဒေါင်းလုတ်ဆွဲပါမယ်။ iOS သမားတွေကတော့ Uber ဆိုပြီးပဲရိုက်ရှာလိုက်ပါ။ အဖြူအောက်ခံမှာ အမည်းလေးထောင့်ပုံလေးနဲ့ သိသာထင်ရှားပါတယ်။ ဒေါင်းလုတ်ဆွဲပြီး Install လုပ်ရတာလည်း လွယ်ပါတယ်။ အင်တာနက်ဖွင့်ထားပြီး ကိုယ့်ရဲ့ဖုန်းနံပါတ်ကို Uber အယ်ပလီကေးရှင်းမှာ ရိုက်ထည့်လိုက်။ ခဏနေရင် Code လေးလုံးဖုန်းကိုပြန်ပို့ပေးတယ်။ အဲ့ဒါလေး ရိုက်ထည့်လိုက်တာနဲ့သုံးလို့ရပါပြီ။
Free စီးဖို့အတွက် ပရိုမိုးရှင်း Code လိုပါတယ်။ အောက်ကပုံလေးတွေ အတိုင်းလုပ်ကြည့်ပါ။ ဘယ်ဘက်ထောင့်အပေါ်ဆုံးမှာ Menu ရှိပါတယ်။ နှိပ်လိုက်ပါ။ အောက်ကလို ကျလာပါမယ်။
ပြီးရင် Payment ထဲက Promotion ကိုနှိပ်ပါ။
—->>>>> Code တောင်းရင် “yangonmaytest” ဆိုတာကို အကုန်အသေး (ဒါမှမဟုတ်) အကြီး ရိုက်ပါ။ <<<<<——
အိုကေ Uber ကိုတစ်သောင်းဖိုး Free စီးလို့ရပါပြီ။

ငှားစီးနည်း

ငှားစီးရတာလည်း လွယ်ပါတယ်။ Uber ကိုဖွင့်လိုက်တာနဲ့ ကိုယ်ရောက်နေတဲ့နေရာကိုပြပြီးသား။ သွားချင်တဲ့နေရာကို Set Location on Map  နဲ့ မြေပုံပေါ်မှာထောက်လိုက်။ ပြီးရင် Done ကိုနှိပ်။ ကိုယ့်ဆီကားရိုက်မယ့်ခန့်မှန်းအချိန်ရယ်၊ လက်ရှိကားရှိနေရမယ့်နေရာရယ်ကို မြေပုံပေါ်မှာတွေ့နေရမယ်။ ပြီးမှ Request Uber ကိုနှိပ်လိုက် တက္ကစီကားမောင်းတဲ့သူက ကိုယ့်ကိုဖုန်းဆက်လာလိမ့်မယ်။ ကိုယ်ရောက်နေတဲ့နေရာကို နည်းနည်းအတည်ပြုပေးလိုက်။ ပြီးရင်တော့ အေးစိမ့်နေတဲ့ အဲယားကွန်းနဲ့ Free စီးပေတော့။
ခရီးစဉ်အစ၊အဆုံး အင်တာနက်ဖွင့်ထားဖို့တော့ လိုပါတယ်။ ကိုယ့်ရဲ့ခရီးစဉ်ပြီးဆုံးသွားရင် အယ်ပလီကေးရှင်း ကနေ ပြီးဆုံးသွားကြောင်း နှိပ်လိုက်ပါ။ ကျသင့်ငွေထွက်လာပါမယ်။ ကိုယ်တွေက ပရိုမိုးရှင်းနဲ့ဆိုတော့ 0 ကျပ်ပေါ့။ သိထားရမှာ တစ်ခုတော့ ရှိပါတယ်။ တစ်ချို့ Uber ကားသမားတွေက ပုံမှန်စီးတာပဲထင်ပြီး ပိုက်ဆံတောင်း တတ်ကြတယ်။ အဲ့ဒီအချိန်ကျရင် ဖုန်းကနေ ပရိုမိုးရှင်းနဲ့စီးတာလေးကိုပြလိုက်။ “အိုကေ အိုကေ” နဲ့ဖြစ်သွားရော။ အားနာစရာမလိုဘူးနော်။ ကုမ္ပဏီဆီက သူတို့ပိုက်ဆံရပြီးသား။
ပြသာနာက Uber ကားအစီးရေနည်းနေသေးတယ်။ နောက်ပြီး ဒီရက်ပိုင်းက Free ကြိတ်လို့ရတယ်ဆိုတော့အခရာအဖွဲ့သားတွေတောင် အလုအယောက်ငှားနေရပါတယ်။ Uber ရဲ့ တက္ကစီစတုဒီသာက မေလ ၅ ရက်နေ့အထိပဲဆိုတော့ မြန်မြန်သာငှားစီးကြပေတော့။
Share:

21 April, 2017

တောင်ကိုရီးယား လုပ် ဒုံးခွင်းစနစ် အပြီးသတ် အဆင့်ကို ရောက်ရှိ



တာတိုဒုံးကျည်ကာကွယ်ရေးစနစ်ကို တောင်ကိုရီးယားရဲ့ တီထွင်မှုဟာ အပြီးသတ်အဆင့်ကို ရောက်ရှိနေပြီလို့ အခုသီတင်း ပတ်အစောပိုင်းက စစ်ဘက်အရာ ရှိတစ်ဦးက ပြောပါတယ်။
အဆိုပါဒုံးခွင်းစနစ်ကို ထုတ်လုပ်ဖို့သင့်တော်ရဲ့လား၊ တပ်ဖြန့် ချထားဖို့ သင့်ရဲ့လားဆိုတာကို ဆုံး ဖြတ်ဖို့အတွက် အပြီးသတ်အကဲ ဖြတ် စမ်းသပ်မှုကို နောက်လမှာ ဆက်လုပ်သွားမယ်လို့လည်း ယွန်ဟပ်က ဖော်ပြခဲ့ပါတယ်။
M – SAM လို့ သိကြတဲ့ မြေ ပြင်ကနေ ဝေဟင်ပစ် တာလတ်ဒုံးကျည် အစောပိုင်း စမ်းသပ်ပစ် လွှတ်မှု ပြီးစီးသွားပြီးနောက်မှာ အကဲဖြတ်စမ်းသပ်မှုလုပ်ငန်းစဉ်တွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ပြည်တွင်းမှာထုတ်လုပ်တဲ့ – M – SAM အမျိုးအစားဒုံးကျည်ဟာ နိုင်ငံရဲ့ ကိုရီးယားဝေဟင်နဲ့ ဒုံးကာကွယ်ရေး စနစ်ရဲ့ အရေးပါတဲ့ လိုအပ်ချက်တစ်ရပ်ပဲ ဖြစ်ပါတယ်။ သည်စနစ်က အမြင့်ပေ ၁၂.၄ မိုင်ခန့် အမြင့်က ပျံသန်းလာတဲ့ ပဲ့ ထိန်းဒုံးတွေကို ဖျက်ဆီးနိုင်စွမ်းရှိ ပါတယ်။
သည်ဒုံးကာကွယ်ရေးစနစ်ကို တောင်ကိုရီးယားရဲ့ ကာကွယ်ရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီ နဲ့ LIG Nex 1 တို့က နိုင်ငံရဲ့ အခု လက်ရှိအသုံးပြုနေတဲ့ Cheon- gung အမျိုးအ စား မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည်ကို အသုံးပြု ပြီး တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ နောက်ပိုင်းမှာ  အသုံးပြုသွားဖို့စီစဉ်ထားပြီး အများ အပြား ထုတ်လုပ်မှုကို လာမယ့်နှစ် မှာ လုပ်ဆောင်သွားမှာပါ ။
မြောက်ကိုရီးယားရဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေ မြင့်တက်လာနေတာကြောင့် ၂၀၂၀ နှစ်တွေကနေစပြီး ထုတ်လုပ်မှုတိုးမြှင့်သွားမှာဖြစ်တယ်လို့ ယွန်ဟပ်က ဖော်ပြခဲ့ပါတယ်။
နိုင်ငံကို မြောက်ကိုရီးယားရဲ့ ဒုံးကျည်တိုက်ခိုက်မှုကနေ ကာကွယ်တဲ့နေရာမှာ အထောက်အကူ ပြုနိုင်ဖို့အတွက် သည်ဒုံးခွင်း စနစ်အသစ်ကို ကိုရီးယားစစ်တပ်မှာ အသုံးပြုနေတဲ့ PAC – 2, PAC – 3 ဒုံးကာကွယ်ရေးစနစ်တွေ၊ အမေရိကန်စစ်တပ်က အသုံးပြုနေတဲ့ Terminal High Altitude Area Defense System တို့နဲ့အတူ ပူးတွဲအသုံးပြုသွားမှာဖြစ်ပါတယ်။
Share:

15 April, 2017

ရုရှားတို့ပိုင်ဆိုင်ထားသည့် ”ဗုံးအားလုံးတို့၏ဖခင်”သည် အမေရိကန်တို့၏ ”ဗုံးအားလုံးတို့၏မိခင်”ထက် ပိုမိုကြီးမားပြင်းထန်

ဝါရှင်တန်၊ ဧပြီ ၁၄

ရုရှားတို့ပိုင်ဆိုင်ထားသည့် ”ဗုံးအားလုံးတို့၏ဖခင်”ဗုံးကြီးသည် အမေရိကန်တို့ ယမန်နေ့ညက အာဖဂန် တွင်ကြဲချခဲ့သော ”ဗုံးအားလုံးတို့၏မိခင်”ဗုံးထက် ပိုမိုကြီးမားပြင်းထန်ကြောင်းသိရသည်။
ရုရှားတို့သည် ယင်းဗုံးကို ၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၁ရက်က စမ်းသပ်ဖောက်ခွဲခဲ့ပြီးဖြစ်ကာ၊ အလေးချိန်အားဖြင့်လည်း ”ဗုံးအားလုံးတို့၏မိခင်”ထက် ၄ဆ မျှပိုမိုလေးလံပြီး ယမ်းဘီလူးတန်ချိန် ၄၄တန်နီးပါး၏ပေါက်ကွဲမှုနှင့်ညီမျှသည့်ပြင်းအားရှိကာ အချင်းဝက် ပေတစ်ထောင်ပတ်ပတ်လည်ရှိ အရာဝတ္ထုမှန်သမျှပျောက်ပျက်သွားစေနိုင်စွမ်းလည်းရှိသည်ဆို၏။ ယင်းဗုံးသည် သာမန်ဗုံးတို့ပေါက်ကွဲပုံမျိုးနှင့် မတူပဲ လေထုတွင်းရှိ အောက်ဆီဂျင်ဓာတ်ငွေ့နှင့်ပါပူးပေါင်းက ပေါက်ကွဲမှုပြင်းအား ပိုမိုပြင်းထန်စေရန်ပြုလုပ်ထားခြင်းဖြစ်သည်။
အမေရိကန်တို့က ”ဗုံးအားလုံးတို့၏မိခင်”ဟု နာမည်ပြောင်ပေးထားသည့် အလေးချိန် ၁၀တန်နီးပါးခန့်ရှိ ဗုံးကြီးတစ်လုံးကို ယမန်နေ့ညပိုင်က အာဖဂန်နစ္စတန်နိုင်ငံရှိ အစ္စလာမ်မစ်နိုင်ငံတော် အကြမ်းဖက် အဖွဲ့ပုန်းအောင်းနေထိုင်ရာ မြေအောက်လိုဏ်ခေါင်းများရှိသည့်ဒေသပေါ်သို့ကြဲချခဲ့သည်။ ယင်းဗုံး၏ အမည်မှာ အမှန်အားဖြင့် Massive Ordinance Air Blast ဖြစ်ပြီး အတိုကောက်အားဖြင့် MOAB ဟုခေါ်ကြသည်ကိုအစွဲပြု၍   ”ဗုံးအားလုံးတို့၏မိခင်(Mother Of All Bombs/MOAB)ဟု ခေါ်ဝေါ်ကြခြင်းဖြစ်သည်။ ယင်းဗုံးသည် ယမ်းဘီလူးတန်ချိန် ၁၁တန်ခန့်၏ ပေါက်ကွဲမှုနှင့်ညီမျှသော ပြင်းအားရှိသည်။
Share:

08 April, 2017

ဖုန်းဖြင့် မီး အဖွင့်အပိတ်ပြုလုပ်နိုင်သည့် ဆော့ဖ်ဝဲကို ဗြိတိန်မွတ်စလင် လူငယ်တစ်ဦး တီထွင်

ဧပြီ ၈၊ ၂၀၁၇
ရင်းနှီးမြှုပ်နှံသူများနှင့် စကားပြောဆိုနေသည့် ယာစီရ်

– နေအိမ်မီးတွေကို မိုဘိုင်းဖုန်းကနေ ဖွင့်နိုင်ပိတ်နိုင်တဲ့ အက်ပလီကေးရှင်း တစ်ခုကို တီထွင်ခဲ့တဲ့ ဗြိတိန်-ပါကစ္စတန် မွတ်စလင် လူငယ်လေး တစ်ဦးဟာ ကန်ဒေါ်လာ ၁.၂ သန်းတန် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း တစ်ခုကို ရရှိခဲ့ပါတယ်။
အသက် ၂၁ ရက်အရွယ် ယာစီရ် ခက်တက်ဆိုသူဖြစ်ပြီး သူဟာ Den လို့ခေါ်တဲ့ နည်းပညာကုမ္ပဏီရဲ့ စီအီးအိုလည်းဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်ရဲ့ ညတစ်ညမှာ GCSEs စာမေးပွဲအတွက် စာကျက်နေရင်း မိုဘိုင်းဖုန်းအသုံးပြုကာ ဖွင့်နိုင်ပိတ်နိုင်မယ့် မီးခလုပ်နဲ့ အထိုင်ခွက်တစ်ခုကို တီထွင်ဖန်တီးဖို့ စိတ်ကူးရလာတာဖြစ်တယ်လို့ သူ့ရဲ့ ကုမ္ပဏီဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဆန်းသစ်ပြီး ပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားထားတဲ့ ပစ္စည်းတွေကို ဖန်တီးထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ စွမ်းအင် ပိုပြီးချွေတာနိုင်တဲ့ ကမ္ဘာကြီးကို ကျွန်တော်တို့ ဖန်တီးချင်တယ်။ Den က ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုကနေတစ်ဆင့် ဒီရည်ရွယ်ချက်ကို အမှန်တကယ်ဖြစ်လာအောင် ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ Den ၏ ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ယာစီရ်တီထွင်တဲ့ ဒီ အက်ပလီကေးရှင်းဟာ စွမ်းအင်သုံးစွဲမှု ပမာဏကို တွက်ချက်နိုင်ပြီး၊ အသုံးပြုသူကို ဘေးအန္တရာယ်ကင်းရှင်းရေး ကြိုတင် သတိပေးမှုတွေလည်း ပြုလုပ်နိုင်ပါတယ်။ ပြီးတော့ စွမ်းအင်ကို ချွေတာနိုင်မှာဖြစ်သလို၊ အက်ပလီကေးရှင်းကနေတစ်ဆင့် ဘေးအန္တရာယ်ကင်းရှင်းရေး သတိပေးချက်တွေ ကို ပေးပို့မှာ ဖြစ်ပါတယ်။
Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.