-
North Korea launches missile despite US tensions
Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.
-
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
-
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
-
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
-
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
28 March, 2018
Dysuria ဆီးခဏခဏအောင့်ရောဂါ
16 March, 2018
ဖုန်း အသုံးပြုသူများမဖြစ်မနေသိ သင်သတိထားသင့်တဲ့ အန္တရာယ်ဖြစ်နိုင်သောအချက်များ။သိထားတော့ဖုန်းကြောင့်အန္တရာယ်မဖြစ်တော့ဘူးပေါ့ဗျာ

ဒီနေ့ခေတ်မှာတော့ ဖုန်း နဲ့လူဟာ ခွဲခြားမရတော့ပါဘူး။လူတိုင်းနီးပါးလောက်ကို ဖုန်းရှိနေတာဖြစ်ပါတယ်။ဒါဟာ ကောင်းကျိုးရော ဆိုးကျိုးရော ရောပြွမ်းနေတဲ့ ရလဒ်တွေရဲ့ မူလအစပါပဲ။ဒီတော့ ဖုန်း တွေကို အထားအသိုမတတ်ရင် သင့် ကျန်းမာရေး ထိခိုက်တတ်ပါတယ်။ဖုန်းတွေကို ဘယ်နေရာတွေမှာ မထားသင့်ဘူးလဲ ဖော်ပြပေးလိုက်ပါတယ်။
တချို့က ဖုန်းကို ဘောင်းဘီနောက်အိတ်ထဲ ထည့်သွားတတ်ပါတယ်။
ဒီလို ကြပ်တည်းတဲ့နေရာမှာ ထားတဲ့ ဖုန်း ဟာ အနည်းဆုံးတော့ ခလုတ် ပွင့်တတ်ပြီး အရေးပေါ်ခေါ်ဆိုမှုတွေ အလိုအလျောက်ဖြစ်စေပါတယ်။
ရဲစခန်း ကို ခေါ်ဆိုမှု 30 %ဟာ အလိုအလျောက်ခေါ်ခြင်းဖြစ်ပါတယ်။
ပြီးတောာ့ နောက်ကျောတက်တာနဲ့ ခြေထောက် ကိုက်တာတွေ အစာအိမ်အောင့်တာတွေဟာ ဖုန်း ကို နောက်အိတ်မှာ ကြာရှည်ထည့်သူတွေ ခံစားရတတ်ပါတယ်။
အမျိုးသား အများစုက ဖုန်း ကို ဖုန်းအိတ်နဲ့ထည့်တာ လက်ကကိုင်တာမလုပ်ပဲ ရှေ့ဘောင်းဘီအိတ် ထဲသာ ထည့်တတ်ပါတယ်။ဒါက ဆိုးဝါးပါတယ်။ဖုန်းရဲ့ လှိုင်းတချို့ကြောင့် လိင်အင်္ဝါမသန်စွမ်းခြင်း သုတ်ရည်ခမ်းခြင်းနဲ့ မျိုးမအောင်ခြင်း ဆီးကျိတ်ဖြစ်ဖြင်းတွေ ဖြစ်တတ်ပါတယ်။
တချို့အမျိုးသမီးတွေဟာ ဖုန်း ကို ဘရာစီယာ ထဲအလွယ်ထိုးထည့်တတ်ပါတယ်။
Teenage girl (13-14) asleep on sofa
ဖုန်း ကို အနီးအနားမှာ အမြဲထားအိပ်တတ်သူတွေရဲ့ 90%လောက်ဟာ ခါးကိုက် တတ်ပါတယ်။ခါးရိုးတွေ နာကျင်မှုဖြစ်ပြီး ဦးနှောက်ကိုပါထိုင်းမှိုင်းစေနိုင်ပါတယ်။
ဖုန်း ကိုအမြဲမခွာတမ်းစကားပြောတတ်သူတွေရှိပါတယ်။သူတို့ဟာ တခါပြောရင် တနာရီလောက်ကြာပါတယ်။
ဒီလိုလူမျိုးတွေရဲ့ နားရွက် နဲ့
ဖုန်းကို အားသွင်းရင်း မသုံးသင့်ဘူးဆိုတာ အရင်ကထက် လူတိုင်းနီးပါးသိလာကြပါတယ်။
အားသွင်းနေစဉ်မှာ electromagnetic ရောင်ခြည်တွေဖြာထွက်ပြီး သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ပေါက်ကွဲရင် လက်ချောင်းတွေပါ ဆုံးရှုံးသွားနိုင်ပါတယ်။
တချို့က အယူအဆမှားတခုရှိပါတယ်။
အပူချိန်အရမ်းမြင့်လွန်းရင်လဲ လျှပ်စစ်ပစ္စည်းတွေဟာ ပျက်စီးလွယ်ပါတယ်။ အရမ်းပူတဲ့ အပူချိန်မှာ ဖုန်းကို အပြင်ကို ယူဆောင်သွားခြင်း
ဖုန်းကို ကလေးတွေနဲ့ မပေးထားသင့်ပါဘူး။
ကလေးတွေက
သင့်ရဲ့ ချစ်စဖွယ်ကလေးတွေ ဖုန်းကြောင့် အကျည်းမတန်ပါစေနဲ့။
တချို့က ဖုန်းကို ခေါင်းအုံးအောက် ထည့်အိပ်တတ်ကြပါတယ်။
ဖုန်းရဲ့ လှိုင်းဟာ ဦးနှောက်က
သွေးကြောတွေ ယောင်ယမ်းခြင်းနဲ့ ဦးနှောက်အကျိတ်မဖြစ်ခြင်း အမြှေးပါးရောင်ခြင်းတွေဖြစ်အောင် ဖုန်းရဲ့ လှိုင်းတွေက လှုံ့ဆော်ပေးမှာဖြစ်ပါတယ်။
Credit : နည်းပညာချစ်သူ
ကမ္ဘာ့ပထမဆုံး ကျောက်ကပ်အတု လာမည့် ၂ နှစ်အတွင်း အစားထိုးကုသနိုင်မည်
04 December, 2017
ရုတ်တရက် နှလုံးရပ်ခြင်း (Cardiac Arrest) အကြောင်း သိကောင်းစရာ
23 November, 2017
ကမ္ဘာ့ပထမဆုံး လူ့ ဦးခေါင်း အစားထိုး လဲလှယ်မှု အောင်မြင်
Boykhai (နည်းပညာချစ်သူ)
22 August, 2017
ခုံပေါ်မှာစားခြင်းထက် ကြမ်းပြင်ပေါ်ထိုင်စားခြင်းက ကျန်းမာရေးကောင်းကျိုး ပိုများ

ကြမ်းပြင်ပေါ် ထိုင်စားတဲ့အခါ တင်ပလ္လင်ချိတ်ပြီး ထိုင်ရတဲ့အတွက် ယောဂလေ့ကျင့်ခန်း တစ်မျိုးဖြစ်တဲ့ Sukhasana ကစားသလို တူညီသော အကျိုးကို ရရှိစေမှာပါ ။ ဒီကစားနည်းဟ ကြမ်းပြင်ပေါ်ထိုင်ကာ တင်ပလ္လင်ချိတ် ၊ ရင်ကိုဖွင့်ပြီးထိုင်ရတာဖြစ်တဲ့အတွက် ပုခုံးနှင့် လည်ပင်းကြောကဲ့သို့ ခန္ဓာကိုယ်အပေါ်ပိုင်း လုပငန်းဆောင်တာအတွက် အထူးကောင်းမွန်ပါတယ် ။
တင်ပလ္လင်အနေအထားဖြင့် ကြမ်းပြင်ပေါ်ထိုင်စားတဲ့ပုံစံက အစာခြေစနစ်စနစ်အတွက် ကောင်းမွန်စေ ပါတယ် ။ ဝမ်းဗိုက်ကြွက်သားတွေကို ပြေလျော့စေပြီး အစာခြေဖို့အတွက် လိုအပ်တဲ့ အစာခြေရည်ကို ကောင်းမွန်စွာ ထုတ်လုပ်စေပါတယ် ။ ကြွက်သားတွေ ပြေလျော့စေတဲ့အပြင် သွေးပေါင်ချိန်မြင့်တက်နေမှု ကိုလည်း လျော့ကျစေပါတယ် ။
ကြမ်းပြင်ပေါ်ထိုင်ခြင်းမှ အကူအညီမပါဘဲ မတ်တပ်ပြန်ရပ်ခြင်းကြောင့် သင့်ရဲ့ ဘဝသက်တမ်းကို ပိုပြီး ရှည်ကြာစေနိင်တယ်လို့ ဆိုပါတယ် ။ ၂၀၁၂ ခုနှစ် လေ့လာမှုအရ ထိုင်နေရာမှာ လက်မထောက်ဘဲ ၊ အခြားအရာတွေဆီမှ အားမပြုဘဲ မတ်တပ်ရပ်နိုင်ခြင်းဟာ မိမိဘဝ သက်တမ်းပိုရှည်ကာ အသက် ရှည်စေနိုင်တယ်လို့ ဆိုပါတယ် ။သို့သော် အခြား မတော်တဆမှုဖြစ်ထားသူ ၊ ဒဏ်ရာအနာတရရှိသူများ အနေနဲ့ကတော့ ထဖို့ခက်ခဲနိုင်တဲ့အတွက် ဒီလိုထိုင်ထခြင်းမျိုးကို ရှောင်ရှားသင့်ပါတယ်။
၎။အကြောအချဉ်ပြေကာ စိတ်လက်ပေါ့ပါးစေခြင်း
ကြမ်းပြင်ပေါ်မှာ လွတ်လပ်စွာ တင်ပလ္လင်ခွေထိုင်ရခြင်းကြောင့် အညောင်းအညာပြေကာ ခန္ဓာကိုယ်ပေါ့ ပါးပြီး စိတ်လက်ပေါ့ပါးစေပါတယ် ။ ဒီလိုထိုင်ခြင်းက တင်ပါး ၊ ဒူးခေါင်းနှင့် ခြေကျင်းဝတ် နေရာတို့ကို အလိုလို ဆွဲဆန့်မှု ဖြစ်စေပြီး ကျောရိုးတလျှောက် ၊ ပုခုံးနှင့်ရင်ဘတ် တို့မှာလည်း အကြော အချဉ်ပြေစေ ပါတယ် ။ခုံပေါ်မှာ ကြာကြာထိုင်ရင်တော့ ကျောနာခါးနာခြင်း ၊ အားနည်းခြင်း ၊ ကြွက်သားများ သန်စွမ်းမှု မရှိခြင်း ၊ တင်ပါး စတဲ့နေရာတွေမှာ သက်တောင့်သက်သာမရှိခြင်း စတဲ့ ဆိုးကျိုးတွေကို ရရှိစေမှာပါ ။
လက်ပြင်ကုန်းတာ ၊ ခါးကုန်းတာ စတဲ့ ခန္ဓာကိုယ်အနေအထား မမှန်ကန်တဲ့ သူတွေအနေနဲ့ ကြမ်းပြင်ပေါ် တင်ပလ္လင်ချိတ်ကာ စားသုံးတဲ့အကျင့်ကို မွေးမြူပေးပါ ။ အလိုအလျောက် ခန္ဓာကိုယ်အနေအထားကို မှန်ကန် သွားစေ ပါလိမ့်မယ် ။
ခုံပေါ်မှာထိုင်ခြင်းက သွေးလှည့်ပတ်မှုအတွက် အနှောင့်အယှက်ဖြစ်စေနိုင်သော်လည်း ကြမ်းပြင်ပေါ် တင် ပလ္လင် ထိုင်ခြင်းကတော့ နှလုံးမှ အခြားနေရာတွေသို့ သွေးများ ကောင်းစွာ စီးဆင်းလည်ပတ်စေါတယ် ။ ဒီလို အနေအထားအတိုင်းထိုင်ကာ စားသုံးခြင်းက နှလုံးကျန်းမာရေးအတွက်လည်း ထိရောက်ကောင်း မွန်စေပြီး ထမင်းစားစဉ်အတွင်း နှလုံးဖိအားလွန်ကဲမှုကိုလည်း လျော့ကျစေပါတယ် ။
12 August, 2017
သင်မထင်ထားတဲ့ ခန္ဓာကိုယ်ရှိ အညစ်ပတ်ဆုံး အစိတ်အပိုင်း ၉ခု
- By : May Thariphi

ကဲ..ကျွန်ုပ်တို့ ကိုယ်ခန္ဓာပေါ်မှာရှိတဲ့ အညစ်ပတ်ဆုံး အစိတ်အပိုင်းတွေကို ဖ်ာပြပေးလိုက်ပါမယ် ။
(၁)ပါးစပ်
ပါးစပ်ဟာ ကိုယ်ခန္ဓာမှာရှိတဲ့ အစိတ်အပိုင်းတွေထဲ အညစ်ပါတ်ဆုံလို့ ပညာရှင်တွေက ပာပါတယ် ။ ပါးစပ်အတွင်းမှာ မိုက်ခရိုစကုပ်နဲ့ကြည့်မှ မင်နိုင်တဲ့ အမျိုးပေါင်း ၆၀၀ကျော်တဲ့ ဘတ်တီးရီးယား ပိုးမွှားတွေ အများကြီး ရှိနေပါတယ် ။ဒါ့ကြောင့် သင့်ပါးစပ်တွင်းကို သန့်ရှင်းရေးလုပ်ဖို့ အမှန်တကယ် လိုအပ်ပါတယ်။
(၂)ချိုင်း
ချိုင်းဟာ ချွးထွက်တာကြောင့် အနံ့အသက်ဆိုးစေကာ ထိုချွေးကြောင့်ပဲ ဘတ်တီးရီးယား ၈၀၀၀ကျော် တည်ရှိနေနိုင်ပါတယ် ။ ဒ့ါကြောင့် ကိုယ်လက်သန့်စင် ဆးကြောတဲ့အခါ ချိုင်းကိုလည်း antibacterial ဆပ်ပြာနှင့် ဆးကြေားပေးဖို့ မမေ့ပါနှင့်။
(၃)နား
သင့်ရဲ့ နားအတွင်းမှာရှိတဲ့ နဖားချေးတွေမှာ မခန့်မှန်းနိုင်တဲ့ ဘတ်တီးရီးယားတွေ အများကြီးပါပဲ ။
၎)လျှာ
ပါးစပ်အတွင်းမှာ ရှိတဲ့ လျှာဟာလည်း ဘက်တီးရီးယားတွေ အများကြီးရှိနေတဲ့ အစိတ်အပိုင်းပါပဲ ။ ဒါ့ကြောင့် သွားတိုက်တဲ့အခါ ဖစ်စေ ၊ ပါးစပ်ကိုသန့်ရှင်းတဲ့အခါဖြစ်စေ လျှာကိုလည်း ဆးကြောတိုက်ချွတ်ပေးဖို့ မမေ့လျော့ခဲ့ဖို့ အရေးကြီးပါတယ်။
လက်သည်းဟာလည်း အညစ်ပတ်ဆုံး အစိတ်အပိုင်းပါပဲ ။ အထူးသဖြင့် လက်သည်းအရှည်ထား တဲ့သူတွေဟာ ပုံမှန် ဆးကြောသန့်စင်မှု မရှိဘူးဆိုလျှင် လက်သည်းမှာရှိတဲ့ ပိုးတွေဟာ အသက်သေ ဆုံးသည် အထိကို အန္တရာယ်ရှိပါတယ် ။ ဒီလိုလက်သည်းအရှည်တွေနဲ့ အစားအသောက်စားတဲ့ အခါမှာလည်း အလွန်အန္တရာယ်များပါတယ် ။
(၆)ခေါင်း
သင့်ခေါင်းမှာ ဗာက်ရှိရုံနဲ့တော့ ညစ်ပတ်တယ်လို့ ပာမရပေမယ့် ဒီဗောက်တွေမှတဆင့် ဘက်တီးရီးယားတွေ ပါက်ဖွားလာကာ အညစ်ပါတ်ဆုံး အစိတ်အပိုင်း ဖစ်လာပါတယ်။ ခါင်းကို ပုံမှန် လျှာ်ပြီး သင့်ဦးရေပြားမှာ ကပ်တွယ်နေတဲ့ ဘက်တီးရီးယားတွေကို ရှင်းလင်းပစ်နိုင်ပါတယ်။
(၇)ချက်
ချက်ဟာလည်း ခန္ဓာကိုယ်ရှိ အညစ်ပတ်ဆုံး အစိတ်အပိုင်းမှာ ပါဝင်ပါတယ် ။ ချက်အတွင်းထဲမှာ ဘက်တီးရီးယား ပိုးမွှားများ များစွာရှိနေနိုင်ပြီး လက်ဖြင့် ထိုးဆွခြင်း ၊ နှိုက်ခြင်းတွေကို မပြုလုပ်သင့်ပါဘူး ။ ချက်ကို သန့်ရှင်းမယ် ဆိုရင်တော့ ရချိုးရင်းဖြင့် အဝတ်စိုလေးဖြင့် ဖးညှင်းစွာ ပွတ်တိုက်သန့်ရှင်းတာမျိုး ပုလုပ်သင့်ပါတယ် ။
(၈)တင်ပါး
ဒါကိုတော့ အထူးတလည် ပာစရာလိုမယ် မထင်ပါဘူး ။ တင်ပါးမှာလည်း အမျိုးမသိနိုင်တဲ့ ဘက်တီးရီးယားပေါင်း များစွာ တည်ရှိနေပါတယ် ။
(၉)နှပ်ချေး
နှာခေါင်းတွင်းမှာ ကပ်ငြိတည်ရှိနေတဲ့ နှပ်ချေးဖတ်တွေမှာလည်း ဘတ်တီးရီးယားတွေ တည်ရှိနိုင်ပါတယ် ။နှပ်ချေးတွေဟာ နှာခေါင်းအတွင်းသားတွေမှာ ကပ်နေတတ်ပါတယ် ။ ဒီဘတ်တီးရီးယားတွေက အန္တရာယ် မရှိသောလည်း သချာရှင်းလင်းပေးရင်တော့ ပိုပြီး ကာင်းပါတယ် ။
CHAN (ရွှေအင်းလေး)
29 July, 2017
H1N1 တုပ်ကွေး ဘယ်လို ကာကွယ်မလဲ
09 May, 2017
အမှိုက်ပုံးထဲကရွှေ(သို့)ကျန်းမာရေးအတွက်နတ်ဆေးတစ်ခွက်
စာဖတ်သူတော်တော်များများက ကျွန်တော့်လိုဘဲ ကြက်သွန်နီမလှီးခင်မှာ အခွံတွေကို ခွာပစ် တက်ကြမှာပါ။ပြီးတော့ အဲ့ဒီအခွံတွေကို အမှိုက်ပုံးတွေ၊အမှိုက်အိတ်တွေထဲ လွှင့်ပစ်တက်ကြမှာပါ ။ဖြစ်နိုင်ပါတယ်။ဘာလို့ဆိုတော့ စစ်တမ်းတွေအရ ဥရောပနိုင်ငံတွေမှာဆိုရင် ကြက်သွန်နီအခွံပေါင်း တန် ၅သိန်းကိုနှစ်စဉ်နှစ်တိုင်းလွှင့်ပစ်နေကြပါတယ်။ဒါပေမယ့် ကြက်သွန်နီအခွံတွေရဲ့တန်ဖိုးကို သိလိုက်ရတဲ့ အခါမှာတော့စာရေးသူကိုယ်တိုင်ကိုက နောက်တခါကြက်သွန်နီလှီးတိုင်း အခွံတွေကိုခွာပြီးတော့ မလွှင့်ပစ်တော့ဖို့ ကို စဉ်းစားနေပါပြီ။သင်သိပါသလား?ကြက်သွန်နီအခွံတွေမှာပါတဲ့ ဓာတ်တွေက သင့်ရဲ့ ခန္ဓာကိုယ်အတွက်ကောင်းကျိုးဖြစ်စေတယ်ဆိုတာကိုပေါ့။သုတေသနပညာရှင်တွေကတော့ အဲ့ဒီကြက်သွန်နီအခွံတွေမှာ ပါတဲ့ antioxidant တွေဟာဆိုရင် သွေးလည်ပတ်အားကောင်းစေပြီးတော့ နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း လျော့နည်းစေတယ်ဆိုတာကိုသက်သေပြခဲ့ကြပါတယ်။ကြက်သွန်နီအခွံရဲ့ တန်ဖိုးရှိတဲ့အချက်တွေကို ပြောပြပါ့မယ်။

(၁) ကိုလက်စတောကိုထိန်းညှိပေးပါတယ်။
Dr.Victor Gurewich ရဲ့ပြောကြားချက်အရ ကြက်သွန်နီ(သို့) ကြက်သွန်နီအခွံကိုစားသုံးတဲ့ ကိုလက်စတောကျနေတဲ့လူနာတွေကို ကောင်းမွန်တဲ့ ကိုလက်စတောရောက်အောင်ကူညီပေးနိုင်ပါတယ်။တိုင်းတာသူတွေကတော့ ကြက်သွန်နီ(သို့)ကြက်သွန်နီအခွံတွေကို ၂လကနေ ၃အထိစားသုံးတဲ့သူတွေဟာ သူတို့ရဲ့ HDL လယ်ဗယ်ကို ပျမ်းမျှအားဖြင့် ၃၀ ရာခိုင်နှုန်းထိရောက်အောင် ထိန်းညှိပေးနိုင်တယ်ဆိုပြီး သက်သေပြနိုင်ခဲ့ပါတယ်။
(၂) သွေးပေါင်ချိန်ကိုကာကွယ်ပေးတယ်။
နောက်ထပ်သက်သေပြချက်ကတော့ ကြက်သွန်နီအခွံတွေမှာပါတဲ့ အရာဝတ္ထုတွေဟာဆိုရင် သွေးအားလျော့နည်းတဲ့သူတွေကို များလာစေနိုင်ပြီးတော့ သွေးတိုးနေတဲ့သူတွေကိုကျတော့ သွေးကျစေနိုင်ပါတယ်တဲ့။
(၃) ရောဂါဖြစ်ပွားမှု့တွေကနေလျော့ကျပေးစေနိုင်တယ်။
သုတေသနပညာရှင် Vanesa Benitez ဆိုသူကတော့ ကြက်သွန်နီအခွံကိုစားသုံးတဲ့သူတွေဟာ အူမကြီးကင်ဆာလိုမျိုး၊ဆီးချိုရောဂါလိုမျိုးတွေနဲ့ နှလုံးရောဂါတွေကိုကာကွယ်နိုင်တယ်လို့ပြောပါတယ်။ကြက်သွန်နီအခွံမှာပါတဲ့ phenolic ဓာတ်ပေါင်းဟာ နှလုံးရောဂါနဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကိုကာကွယ်ပေးထားနိုင်တာပါ။

(၄) Antioxidants ပြည့်ဝစွာပါဝင်တယ်။
ကြက်သွန်နီအခွံတွေမှာ antioxidants ပြည့်ဝစွာပါဝင်တာကြောင့်မို့လို့ သင့်ရဲ့ခန္ဓာကိုယ်ကို အလွန်ကောင်းမွန်စေပြီးတော့ ရောဂါဘယတွေကနေလည်းကင်းဝေးစေနိုင်ပါတယ်။
(၅) အ၀လွန်တာကိုလည်း ကာကွယ်ပေးတယ်။
ဆရာဝန်ကြီး Vanesa ရဲ့ပြောပြချက်အရ ကြက်သွန်နီအခွံဟာ အ၀လွန်ရောဂါခံစားနေရတဲ့သူတွေနဲ့ နှလုံးရောဂါခံစားနေရတဲ့သူတွေကိုလည်း သက်သာပျောက်ကင်းစေနိုင်တယ်လို့ပြောပါတယ်။
(၆) ဆံပင်ကိုလည်း သန်စေတယ်။
ကြက်သွန်နီအခွံမှာ ဆာလဖာလည်းပြည့်ဝစွာပါဝင်တာကြောင့် ဆံပင်ကိုကောင်းမွန်စေပြီး ကြီးထွားသန်မာစေနိုင်ပါတယ်။ပြီးတော့ ကြက်သွန်နီအခွံတွေကိုဆံပင်ဆိုးဆေးတွေအစာလည်းအသုံးပြုနိုင်ပါသေးတယ်။

08 May, 2017
ကျန်းမာရေးနဲ့ ညီညွှတ်စွာ အမြန် ၀ိတ်ကျစေဖို့
ဖြစ်ပါတယ်။
- ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
- ဂျင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း (သို့) ဂျင်းတက် လက်တစ်ဆစ်စာ ထောင်းပြီး အရည်ညှစ်ပါ။
- သံပုယိုသီး (သံပုရာသီးလည်း ရပါတယ်။ သံပုယိုသီးဆိုရင်တော့ ပိုကောင်းပါတယ်)အရည်ညှစ်ပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်း
- ရှားစောင်းလက်ပတ်ရည် ၂-၃ လက်ဖက်ရည်ဇွန်း (ရှားစောင်းလက်ပတ်ကို ခြစ်ပြီး ထည့်မယ် ဆိုရင် လည်း လက်ဖက်ရည်ဇွန်း ၃ဇွန်းထည့်ပါ)
- ရေ ဖန်ခွက် တစ်ခွက်
15 April, 2017
နွားနို့ စစ်မစစ် ခွဲခြားပုံ

နွားနို့ကို စစ်မစစ်အခွဲခြားခင်မှာ နွားနို့ထဲကို မသမာသူ ထုတ်လုပ်သူတွေက ဘာတွေ ရောနှော တတ်သလဲ ဆိုတာလေး ကိုအရင်တင်ပြပါရစေရှင် ။
ပထမဆုံး အရာကတော့ နွားနို့ အတုဖြစ်ပါတယ် ။ နွားနို့ လုံးဝ မပါတဲ့ အတွက် ဈေးအပေါဆုံး နည်းမို့  အသုံး အများဆုံး ဖြစ်ပါတယ် ။ နွားနို့ အတု အထဲမှာ ဘာတွေ ပါသလဲဆိုတော့ အစစ်နဲ့ တူအောင် ယူရီးယား၊ Starch (ကော်မှုန့်) ၊ ပေါင်ဒါသကြား ၊ ဆော်ဒါ ၊ စားအုန်းဆီ ၊ အဖြူရောင် ရေဆေးနဲ့ ပျစ်အောင် ခေါင်းလျော်ရည်ကို အချိန်နဲ့ ထဲ့ကြပါတယ် ။ ထဲ့ထားတဲ့ ပစ္စည်းတွေက လူကို ဥပါဒ် အပေးဆုံးမို့  အန္တရာယ် အများဆုံးလဲ ဖြစ်ပါတယ်။
နောက်တစ်မျိုးကတော့ ကျွန်မတို့ အတော်များများ သိကြတဲ့ေ ရာတာဘဲ ဖြစ်ပါတယ် ။ ဒီနည်းက နွားနို့ များများ ပွားစေပြီး ရောတဲ့ ရေမသန့် ပါက လူကို အန္တရာယ်ပေး ပါတယ် ။
နောက်တစ်နည်း ကတော့ အဝတ်လျော် ဆပ်ပြာရည် ရောတာဘဲ ဖြစ်ပါတယ် ။ အဲ့ဒီနည်းက အမြှုပ် ထစေတဲ့ အတွက် နွားနို့ကို ပြစ်သရောင် ထင်ရအောင် ဖြစ်ပါ
တယ် ။ များများ စားသုံးမိပါက အဝတ်လျော် ဆပ်ပြာကြောင့် အူလမ်းကြောင်းနဲ့ ကျောက်ကပ်ကို ဒုက္ခပေးပါတယ် ။
နောက်တစ်မျိုး ကတော့ နွားနို့ ကိုအထားခံအောင် Benzoin Acid, Salicylic Acid နဲ့  ဖော်မလင် (Formalin) စတာတွေကို ထဲ့တာပါဘဲ ။
နောက်ဆုံး တစ်မျိုးကတော့ နွားနို့ ထဲကို အမိုးနီယား (Ammonium Sulphate) ထဲ့တာပါဘဲ ။ ဒီနည်းက နွားနို့ကို ပျစ်စေ ၊ လေးစေပြီး နွားနို့ စံချိန် စစ်တဲ့ ကိရိယာ (Lactometer) က တောင် ရန်ဖန်ရန်ခါ ဖတ်ဖို့ ခက်ခဲတဲ့ အတွက် ခွဲခြားဖို့ အခက်ခဲဆုံး အရာဘဲ ဖြစ်ပါတယ် ။
အခုနွားနို့ ကို ဘယ်လို ရောနှောတတ်တဲ့ အကြောင်းကို ပြောပြီးပြီမို့ သူတို့ကို ဘယ်လို စစ်ဆေးနိုင်သလဲ ဆိုတာလေးကို တင်ပြ သွားပါမယ်ရှင် ။ အများစုသော အရာတွေက ဓါတ်ခွဲ စစ်ဆေးမှ သိနိုင်တာမို့  ကျွန်မအနေနဲ့ ဓါတ်ခွဲခန်း သုံး ပစ္စည်းကိရိယာတွေ မပါဘဲ စားသုံးသူတို့ မျက်စိနဲ့ စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေကို ရွေးချယ်ပြီး တင်ပြလိုက်ပါတယ် ။
ပထမဆုံးနည်းကတော့ ကိုယ်ဝယ်ထားတဲ့ နွားနို့ ကိုရေရော မရောသိချင်ရင်တော့ နွားနို့ ကို ချောတဲ့ မျက်နှာပြင် မှန်လိုဟာမျိုး ပေါ်မှာ အစက်ချပြီး မှန်ကို နည်းနည်းမတ်လိုက်လို့ နွားနို့က မြန်မြန် ရေလို စီးသွားတယ် ဆိုရင်တာ့ ရေပါပြီ ပေါ့ရှင် ။ နွားနို့ အစစ်က ရေထက်လေးတော့ ချက်ချင်း မစီးဘဲ ဖြေးဖြေးချင်း စီးရမယ်လေ ။ အဲ့ဒီလို မစီးရင်တော့ ရေရောပြီပေါ့ရှင် ။ စီးကျနှုန်းကို ကြည့်ပြီး ရောတဲ့ရေ အနည်းအများကို ခန့်မှန်းလို့ ရနိုင်ပါတယ်ရှင် ။
နောက်တစ်နည်း ဖြစ်တဲ့ ဆပ်ပြာရည် ရောထားတဲ့ နွားနို့ ကတော့ သောက်ရင် ခါးသက်သက် အရသာရှိပြီး နွားနို့ ကိုလက်ညှိုးနဲ့ လက်မကြား ပွတ်ကြည့်ရင် ဆပ်ပြာလို ချောကျိကျိ နေတာကို တွေ့ရပါ လိမ့်မယ် ။
နောက်ဆုံးနည်း ကတော့ ဝယ်ထားတဲ့ နွားနို့ကို အပူမပေးခင်မှာ နည်းနည်း ဖယ်ထားပြီး ကျန်တာကို အပူပေး ပြီးရင် အရောင်ချင်း ယှဉ်ကြည့်ပါ ။ လိုအပ်တာထက် ပိုတဲ့ အဝါရောင်ကို ပြောင်းသွားရင်တော့ နွားနို့ မစစ်တာ သေချာပြီပေါ့ရှင် ။ အဲ့ဒီတော့ အခု အိမ်မှာ စစ်ဆေးနိုင်တဲ့ နည်းအားလုံးကို ကျွန်မ လက်လှမ်းမှီ သလောက် တင်ပြ ပြီးပြီမို့  ဒါလေးတွေကို အသုံးပြုပြီး မေးလာသူ စာဖတ်သူနဲ့ တကွ စားသုံးသူများ အားလုံး နွားနို့ အတု အန္တရာယ်မှ ရှောင်ရှားနိုင်ကြပါစေလို့  ကျွန်မက ဒီစာမျက်နှာမှ တဆင့် ဆန္ဒပြုလိုက် ရပါတယ်ရှင်။
Credit: မြန်မာအစားအသောက်စားသုံးသူအခွင့်အရေးကာကွယ်ရေးနှင့်ပညာပေးရေး
11 April, 2017
အဲကွန်းသုံးစွဲခြင်းနှင့်ပန်ကာသုံးစွဲခြင်းအားကျန်းမာရေးရှုထောင့်ဖြင့်နှိုင်းယှဉ်ခြင်း
.
#အဲကွန်း သည် အခန်းအပူချိန် ကို လျှော့ချရန်နှင့် လူ့ခန္ဓာကိုယ် အပူ ၊ အအေးကို ထိန်းညှိပေး နိုင်ရန်အတွက် သိပ္ပံပညာရှင်နှင့် အီလက်ထရွန်နစ် အင်ဂျင်နီယာများ ပူးပေါင်းတီထွင် ထားသော ပစ္စည်းဖြစ်သည်။ လူသား အကျိုးအတွက် တီထွင်ခြင်း ဖြစ်သည်။ ဇိမ်ခံပစ္စည်း မဟုတ်ပါ။ လူ့အဖွဲ့အစည်း၊ လူနေမှုစနစ်တွင် သက်သောင့် သက်သာ နေထိုင်နိုင်အောင် ပညာရှင်များ တီထွင် ထုတ်လုပ် လိုက်သော အဲယားကွန်းသ ည် ပြောင်းလဲ လာသော ရာသီဥတု ၊ သဘာဝနှင့် လူသားများ နေထိုင်မှုတွင် အပူ၊ အအေးကို မျှတအောင် ထိန်းညှိပေးရာ တွင် အသုံးပြုသော ပစ္စည်းအဖြစ် လိုအပ် လာသည်။
.
#အဲယားကွန်း ဆိုသည်မှာ အအေး ထုတ်လွှတ်သော ပစ္စည်းဖြစ်ကြောင်း လူတိုင်းသိထားပြီး ဖြစ်သည်။ အဲယားကွန်း ၏ Fan ဆိုသော အလုပ်ကို အမြင်ဆုံး (High) မှာ မထားသင့်ပါ။ တစ်ညလုံး ဖွင့်မည် ဆိုလျှင် အနိမ့် (Low) မှာသာထား၍ အိပ်စက်သင့်သည်။ အဲယားကွန်းဖွင့်၍ အိပ်စက်သော အခါ အခန်းတွင် ထားရှိရမည့် အအေးဒီဂရီ (စင်တီဂရိတ်) သည် အခန်းအကျယ် အဝန်းအပေါ် တွင် မူတည် ပါလိမ့်မည်။ တချို့ အခန်းကြီး များသည် ကျယ်ဝန်းသဖြင့် 16' C ၊ 18' C ထားသော်လည်း သိပ်မအေးတတ် သည်ကို တွေ့ရပါမည်။ သို့သော် ၁၀ ပေပတ်လည် အခန်း အကျယ်အ၀န်း ဆိုလျှင်မူ 25' C ၀န်းကျင်လောက် သာထားလျှင် ပို၍ ကောင်းပါသည်။ သက်ကြီးရွယ်အို လူကြီးများ ဖြစ်ပါမူ 25'C မှ 30' C အတွင်းကြားတွင် ထားပါက ကောင်းမွန် သင့်လျော်သည်။#TCMpartners ရေငွေ့ အထွက်များလျှင် လူကြီးများ၏ အသက်ရှူ လမ်းကြောင်းတွင် ပြဿနာ ပေါ်တတ်ပြီး ချွဲပိတ်တတ်သည်။
.
#အဲယားကွန်းနှင့်ပန်ကာ ကွာခြားမှု ရှိသည်။ ပန်ကာကို ရင်ဘတ်တည့်တည့် ဖွင့်အိမ်သဖြင့် လေဖြတ်သွားသည့် သူများလည်း ရှိသည်။
ပန်ကာကို အိမ်ရာဘေးတွင် ကပ်ဖွင့်ပြီး အိပ်သဖြင့် ချွဲကျပ်သေဆုံး သွားသော လူငယ်တစ်ဦးနှင့် အင်္ကျီချွတ်လျက် ပန်ကာဖွင့်အိပ်ပြီး နံနက်ခင်း ရောက်သောအခါ သေဆုံးနေသော အသက် ၄၀ ခန့်လူလတ်ပိုင်း တစ်ဦးကိုလည်း တွေ့ဖူးကြုံဖူး သည်။ ပန်ကာက လေကို တိုက်ရိုက်မှုတ် ပေးသည်။ ပန်ကာလေ လာလျှင် လူ့ခန္ဓာကိုယ်မှ ထွက်နေသော အခိုးကို ငုပ်စေပြီး Stoma ဟု ခေါ်သော မွေးညင်းပေါက် ကလေးများကို ပိတ်သွား စေသည်။ ပတ်ချာလည် နေသော ပန်ကာကို ဝေးဝေးတွင် ထား၍ ဖွင့်အိပ်လျှင် တော့ ဘာမှ မဖြစ်နိုင်ပါ။ အနားတွင် ကပ်ထားပြီး ဖွင့်၍ မအိပ်သင့်ပါ။ ခြင်၊ ယင် မလာရုံ လောက်တော့ ဖွင့်လျှင် ဖွင့်နိုင်သည်။ အိပ်ပြီး နံနက်ထ လာလျှင် ပန်ကာကြောင့် တစ်ကိုယ်လုံး ညောင်းနေတတ် သည်။ နေ့လယ် နေ့ခင်းတွင် မျက်နှာကြက် ပန်ကာအောက်မှာ ထိုင်၍ အလုပ်လုပ်လေ့ ရှိသူများသည် ဆံပင်ကျွတ်ပြီး ထိပ်ပြောင် လွယ်တတ်ကြောင်း တွေ့ရသည်။ ယပ်တောင်နဲ့ အဲကွန်းက ဒီလောက် ပြသ၁နာမရှိပေမယ့်ပန်ကာကြောင့် လူသေတာတွေ လေဖြန်း လေဖြတ်တာတွေ မကြာခဏဖြစ်ကြတာတွေ ကြားရ တွေ့ရတယ်။
မသေရင်တောင် ပါးရွဲ့ လေဖြတ်ကြတာ တော်တော်များပါတယ်။ပန်ကာလေ၏ သဘော သဘာဝမှာ လူသားများ၏ ချွေးထွက်မည့် မွှေးညင်းပေါက်လေး များကို ကျုံ့စေသော သတ္တိ ရှိသဖြင့် လူနှင့်မတည့်ပါ။ #TCMpartners လူက အိုက်လို့ ညဘက်ရေထချိုးတယ်။ ခေါင်းလျှော်တယ်။ပြီးတော့ အိပ်ရာထဲချွေးမပြန်အောင်ပန်ကာဖွင့်အိပ်တတ်ကြတယ်။ ပန်ကာဖွင့်တော့ထုံးစံအတိုင်း စိုစိစိတွေက အငွေ့ထပျံပါတယ်။ လိုအပ်တဲ့ အပူချိန်ကိုတော့
ဦးခေါင်းကနေ ရယူပါတယ်။ ဒါကြောင့် ဦးခေါင်း တဖြေးဖြေး အပူချိန်လျော့လာတယ်။ အိပ်မပျော်သေးခင်တော့ ခန္ခာကိုယ်က အပူထုတ်ပေးနေတော့သိပ် ပြသ၁နာမပေးသေးပါဘူး။ အိပ်ပျော်သွားပြီဆိုရင် အပူ မထုတ်တော့ပါဘူး (အပူထုတ်တာ အရမ်းနည်းသွားတယ်) ဒါကြောင့် ဦးခေါင်းဟာ အတိုင်းအဆမရှိ အေးလာတယ်။ အေးလာတော့ ဦးခေါင်းက အရေပြား ကျုံ့လာပါတယ်။ ခန္ဓာအတွင်းပိုင်းကတော့ အခန်းအပူအချိန်အတိုင်းပဲ ဆက်ရှိနေတယ်။ ဒါကြောင့် ဦးခေါင်းကို စီးနေတဲ့ သွေးတွေကို အတင်းဖြစ်ညှစ်သလိုဖြစ်ပြီးသွေးမလျှောက်တာတို့ သွေးကြောပြတ်တာတို့ ဖြစ်ပြီး မနက်ကျတော့ လျှောနေတော့တာပါ။ အိမ်နီးနားချင်း၂ ဦး ၃ ဦးဖြစ်ဘူးကြတယ်။ တစ်ချို့က သေလောက်တဲ့ အထိ မဖြစ်ပေမယ့်
ပါးရွဲ့ခြင်း၊ လေဖြတ်ခြင်းဖြစ်ကြတယ်။
.
#ပန်ကာနဲ့အိပ်မယ်ဆိုရင် ဒါတွေ သတိထားပါ
.. ညမိုးချုပ် အိပ်ခါနီးမှ ခေါင်းမလျှော်ပါနဲ့။ မိန်းကလေးများ ပိုဆိုးပါတယ်။
ဘယ်လိုမှ မခြောက်ပဲ စိုထိုင်းထိုင်းနဲ့ အိပ်ယာဝင်ရင် ဒုက္ခရောက်ပြီ…
အသက် ၃၀ မပြည့်သေးတဲ့ အသိမိန်းကလေး ပါးရွဲ့သွားခဲ့ပါတယ်...
.. ပန်ကာနဲ့ အိပ်မယ်ဆို ၁ နာရီလောက် အိပ်ပျော်ချိန်မှန်း timer ပေးအိပ်ပါ။
Timer မရှိရင် ပန်ကာလေကို တိုက်ရိုက်မထိပါစေနဲ့….။ အရေးကြီးဆုံးက ဦးခေါင်းပိုင်းပါ။
.. အရက်သောက်ပြီး အိပ်ရင်လည်း ပန်ကာလေ တိုက်ရိုက်မထိပါစေနဲ့…။
အသိတစ်ယောက် လေဖြတ်ခဲ့ပြီး အိမ်နီးချင်း ၂ ယောက် သေသွားခဲ့ဘူးပါတယ်။
#အဲယားကွန်းနှင့် ပတ်သက်၍ တခြားသတိထား သင့်သည်များလည်း ရှိသေးသည်။ တချို့သည် အခန်းထဲ မရောက်မီ အဲယားကွန်းကို ကြိုတင် ဖွင့်ခိုင်းထား တတ်သည်။ ယင်းသို့ ဖွင့်ထားသော အခါ ကြာလာလျှင် အတွင်းတွင်းမှာ အအေးဓာတ်များ နေတတ်သည်။ 16'C လောက်ရှိနေ သည် ဆိုပါစို့။ အပြင်အပူထဲမှ လာသော သူက 16'C ခန့်ရှိသော အခန်းထဲသို့ ၀င်ရောက်လာ ပါက ခန္ဓာကိုယ် ၏ ရုတ်တရက် တုံ့ပြန်မှုကြောင့် ဦးနှောက်ထဲက သွေးကြောငယ် လေးများ ပေါက်သွား တတ်သည်။#TCMpartners ယေဘုယျအားဖြင့် ပြင်ပအပူချိန်နှင့် အတွင်း အပူချိန်တွေ ခြားနားချက် 15' C ရှိလျှင် လေဖြတ်တတ်ကြောင်း တွေ့ရှိရသည်။
ညဥ့်ဦးပိုင်းမှာ အိုက်ပြီး ညဥ့်နက်ပိုင်းမှာ အေးသော ဥတုပြောင်းချိန် မျိုးမှာ ဆိုလျှင်လည်း အဲယားကွန်းကို တားမြစ်ချိန် Timer သုံးပြီး ဖွင့်ထားသင့်သည်။ တစ်နာရီ ၊ နှစ်နာရီ စသည်ဖြင့် ရာသီဥတု အေးလာချိန်တွင် အဲယားကွန်း အလိုအလျောက် ပိတ်သွားစေရန် ချိန်ကိုက်လုပ် ထားရမည်။
အိပ်ခန်းအတွင်း အဲယားကွန်းကို တပ်ဆင်ရာတွင် အနေအထား မှန်ရန်လည်း လိုအပ်သည်။ အိပ်ခန်း ဖွံ့ည်းစည်းပုံ တော်တော်များများ တွင် အဲယားကွန်း ကို ပြတင်းပေါက်၏ ဆန့်ကျင်ဘက် နံရံမှာ ထားလေ့ ရှိသည်ကို တွေ့ရှိ ရသည်။ သတိပြုသင့် သည်မှာ အိမ်ရာ ခေါင်းရင်း ၊ ခေါင်းပေါ်တည့်တည့် တွင် မထားသင့်ပေ။ ခြေရင်းဘက်တွင် အလှမ်းဝေးပါက ထားနိုင်သည်။ အိပ်သည့် ကုတင်၏ ဘေးတိုက် အနေအထား တောင်ဘက် သို့မဟုတ် မြောက်ဘက်တွင် ထားလျှင် ပိုပြီး သင့်လျော်သည်။ ယင်းနောက် အိပ်ခန်းထဲတွင်တပ်ဆင်မည်ဆိုပါက Split Type ဟုခေါ်သော အပြင်တွင် ထားသည့် စက်အမျိုးအစား ကိုသာ သုံးသင့်သည်။ အဆိုပါ Split Type အမျိုးအစား သည် စက်ကို အခန်းအပြင်တွင် တပ်ဆင်လေ့ ရှိသဖြင့် ဆူညံမှုမရှိပါ။ Window Type ဟုခေါ်သည့် စက်နှင့် တွဲထားသော အဲယားကွန်းသည် တုန်ခါမှုနှင့် အသံဆူညံမှု ရှိသဖြင့် အိပ်စက်သည့် အခါ အနှောင့်အယှက် ဖြစ်စေသည့် အပြင် အသံတစ်ခုကို နားယဉ်သွားလျှင် နောက်ပိုင်း ထိုအသံ မကြားရပါက အိပ်မပျော် ဖြစ်လေ့ ရှိတတ်သည်။
တချို့ ကားမောင်းနေစဉ် အဲယားကွန်း ဖွင့်လေ့ရှိသည်။ ထိုသို့ ကားမောင်းစဉ် အဲယားကွန်း ဖွင့်ပါက သတိနှင့် ဆင်ခြင်သုံးစွဲသင့် သည်။ အပြင် အပူချိန်နှင့် အတွင်းအပူချိန် ကွာခြားမှု များလျှင် မကောင်းပါ။ #TCMpartners ယခုခေတ်တွင် ကိုယ်ပိုင် ဆလွန်းကားများ သာမကတော့ဘဲ လူစီးဘတ်စ်ကား ကြီးများမှာပါ အဲယားကွန်း ကို တွင်တွင် ကျယ်ကျယ် သုံးစွဲလာကြ သည်ကို တွေ့မြင်ရသည်။ အဲယားကွန်း ဖွင့်ထားသည့် ကားထဲမှ အပြင်သို့ ရုတ်တရက် အထွက်တွင် အပူလုံးရိုက်ပြီး မူးလဲသွားသည့် အဖြစ်မျိုး တွေ့ဖူးသည်။ အတွင်း အပူချိန် နှင့် ပြင်ပ အပူချိန် ကွာဟချက် များသည့် အတွက်ကြောင့် ဖြစ်သည်။အပူ အအေး အပြောင်းအလဲ တွင် ရုတ်တရက် မူးလဲတတ် သဖြင့် လူကြီးတွေဆိုလျှင် ဘေးကနေ စောင့်ပြီး တွဲဆင်းသင့်သည်။
လေအေးပေး စက် သော်လည်းကောင်း ပန်ကာဖြင့်သော်လည်းကောင်း အိပ်စက်သူ ၊ သုံးစွဲနေကြသူ များအတွက် ဗဟုသုတအဖြစ် တင်ပြရခြင်း ဖြစ်ပါသည်။