• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ကမ္ဘာသမိုင်း. Show all posts
Showing posts with label ကမ္ဘာသမိုင်း. Show all posts

10 January, 2019

သမ္မတယာဉ်တန်းကို ရပ်တန့်ကာ လူနာတင်ယာဉ်ကို ဦးစားပေးခဲ့တဲ့ ယာဉ်ထိန်းရဲကြီးကို မြို့တော်ဝန်က ဆုချီးမြှင့်ခဲ့တဲ့ ကမ္ဘာကျော်ဖြစ် ရပ် (ရုပ်သံ ကြည့်ရန်)

admin · Posted on
(Zawgyiဖြင့် ဖတ်ရန်)
အိန္ဒိယသမ္မတ ပရာနက်ဘ်မူခါဂျီဟာ Namma Metro’s Green Line ကုမ္မဏီဖွင့်လှစ်ပွဲကို တက်ရောက်ဖို့ Bengaluru မြို့ကို အစောင့်အရှောက်၊ ၀န်ကြီးဝန်ငယ် စုံလင်စွာနဲ့ ရောက်ရှိလာခဲ့ပါတယ်။

ဒေသခံရဲတပ်ဖွဲ့နဲ့ တပ်မတော်တပ်ရင်းတွေဟာ VVIPs အဆင့် လုံခြုံရေးမို့ အမှားမခံဘဲ ဂရုတစိုက် ဆောင်ရွက်ခဲ့ကြပါတယ်။
ဒီအထဲမှာ လမ်းကြောင်းရှင်းလင်းရေးကလည်း ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေအတွက်တော့ အလွန်အရေးကြီးတဲ့ အလုပ်ဖြစ်ပြီး၊ တာဝန်လည်း ကြီးမားပါတယ်။

ယာဉ်ထိန်းတပ်ဖွဲ့မှာ ကြယ်နှစ်ပွင့် ဗိုလ်ကြီးအဆင့်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ Nijalingappa ကတော့ မြို့လယ်ခေါင်က အ၀ိုင်းပတ်မှာ တာဝန်ယူရပြီး၊ လမ်းကြောင်းရှင်းလင်းရေးကို ဆောင်ရွက် ရပါတယ်။
သူဟာ သူရဲ့ တပ်စိတ်နဲ့အတူ အ၀ိုင်းမှာ တာဝန်ထမ်းဆောင်နေစဉ် သမ္မတယာဉ်တန်းထက်၊ မိနစ်ပိုင်း လောက်စောပြီး လူနာတင်ကားတစ်စီး ရောက်လာခဲ့ပါတယ်။

သွားရောက်စစ်ဆေးစဉ်မှာ သွေးထွက်လွန်ဒဏ်ရာနဲ့ ကလေးလူနာတစ်ဦး တင်ဆောင်လာတာ ဖြစ်ပြီး အရေးပေါ်အခြေအနေပါဘဲ။
ဒီအချိန်မှာပဲ Nijalingappa ဟာ လူနာတင်ကား ဖြတ်သန်းခွင့်ကို ဦးစားပေးလိုက်ပြီး၊ သမ္မတယာဉ်တန်းကို တားဆီးလိုက်ပါတယ်။

လူနာတင်ကား ဖြတ်သန်းမောင်းနှင်သွားမှ သမ္မတယာဉ်တန်းကို သွားခွင့်ပေးခဲ့တာပါ။ ပထမတော့ လုပ်ဖော်ကိုင်ဘက်တွေက ဒီလုပ်ရပ်ကြောင့် Nijalingappa ကို ရာထူးတော့ အနည်းဆုံးပြုတ်လိမ့်မယ်လို့ တွေးနေခဲ့ကြပေမယ့်၊
သူကတော့ Bengaluru မြို့တော်ဝန်ရဲ့ ဆုချီးမြင့်ခြင်း ခံခဲ့ရသလို၊ ရဲမှူးကြီး Abhei Goyal ကလည်း ၎င်းရဲ့ တွစ်တာမှတစ်ဆင့် ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။crd

ဒီအဖြစ်အပျက်ကဟာ ၂၀၁၇ ခုနှစ်က ဖြစ်ခဲ့တာဖြစ်ပြီး လေးစားအားကျထိုက်သော လုပ်ရပ်ဖြစ်၍ ဗဟုသုတအနေဖြင့် ဗီဒီယိုဖိုင် ရုပ်သံ မှတ်တမ်းပါ တွဲ၍ တင်ပြလိုက်ခြင်းဖြစ်ပါတယ်။
(ရုပ်/သံ ကြည့်ရန်)


Share:

29 June, 2018

Sino-Burmese Wars တရုပ်-မြန်မာစစ်ပွဲများ


No automatic alt text available.
Sino-Burmese Wars တရုပ်-မြန်မာစစ်ပွဲများ
သမိုင်းမှတ်တမ်းတွေထဲမှာ မြန်မာနဲ့ တရုပ်စစ်ခင်းခဲ့ကြတာတွေရှိတာမှန်ပေမယ့် အစပိုင်းက တရုပ်နဲ့စစ်ခင်းရတာ မဟုတ်ပါ။ မွန်ဂိုတွေနဲ့ဖြစ်ပါတယ်။ မွန်ဂိုအင်ပါယာဆိုတာ ဗဟိုအာရှဒေသကနေစတယ်။ ၁၃ ရာစုကနေ ၁၄ ရာစုအထိ အရှည်ကြာဆုံးမင်းဆက်ဖြစ်တယ်။ ဥရောပအလယ်ပိုင်း၊ ဂျပန်ပင်လယ်၊ ဆိုက်ဘေးရီးယား၊ အိန္ဒိယတိုက်ငယ်၊ အင်ဒိုချိုင်းနား၊ အီရန်၊ အာရေးဗီးယားအထိ ကျယ်ပြန့်တယ်။ (ဂျင်ဂစ်ခန်) ၁၂ဝ၆ မှာနန်းတက်တယ်။ (ကူဗလေခန်) ဟာ ၁၂၆ဝ ကနေ ၁၂၉၄ အထိ မွန်ဂိုးလီးယားနဲ့ တရုပ်ပြည်မှာစိုးစံပြီး၊ (ယွန်) မင်းဆက်ကို ထူထောင်တဲ့ (ဂျင်ဂစ်ခန်) ရဲ့ မြေးဖြစ်တယ်။ ပုဂံအင်ပါယာ (၈၉ဝ-၁၃ဝဝ) နဲ့ ခေတ်ပြိုင်ဖြစ်တယ်။
တရုပ်ပြည်ကိုသိမ်းထားတဲ့ မွန်ဂိုဘုရင် ကူဗလခန်တပ်တွေက ပုဂံကိုသာဝင်တိုက်တယ်။ သူ့နယ်နဲ့လည်း ပုဂံနယ်က နယ်စပ်ဖြစ်နေတယ်။ နယ်စပ်ပြဿနာက အကြောင်းတခုဖြစ်တယ်။ ရှမ်း၊ အင်းဝ၊ တောင်ငူ၊ မွန်၊ ရခိုင်ဒေသစတာတွေကို မတိုက်ခဲ့ပါ။ ပုဂံနဲ့က ရန်စရှိတယ်။
တရုပ်-မြန်မာစစ်ပွဲသမိုင်းစာရင်း
၁။ ပထမ (မွန်ဂို) ကျူးကျော်မှု (၁၂၇၇-၁၂၈၇)
၂။ ဒုတိယ (မွန်ဂို) ကျူးကျော်မှု (၁၃ဝဝ-၁၃ဝ၂)
၃။ (လူချန်-ပင်မိန်း) တိုက်ပွဲ (၁၄၃၆-၁၄၄၉)
၎။ တရုပ်-မြန်မာစစ် (၁၇၆၅-၁၇၆၉)
၅။ ကုမင်တန် အစ္စလားမစ် သူပုန်ထမှု (၁၉၅ဝ-၅၈)
၆။ တရုပ်-မြန်မာ နယ်စပ်စစ်ပွဲ (၁၉၆ဝ-၁၉၆၁)

၈၄၉ မှာထူထောင်ခဲ့တဲ့ပုဂံနိုင်ငံနဲ့အပြိုင် တရုပ်ပြည်အနောက်တောင်ပိုင်းမှာ နန်ချောင်မင်းဆက် (၈-၉) ရာစု စိုးစံနေတယ်။ နန်ချောင်မင်းတွေက အရှေ့တောင်အာရှကို ချဲ့ထွင်လာတယ်။ (၈၆၁) မှာ ဟနွိုင်း (ဗီယက်နမ်)၊ မွန်-ခမာ (မ္ဘောဒီးယား) ကိုသိမ်းတယ်။ ပျူမြို့တော် ဟန်လင်းကြီး (မြန်မာနိုင်ငံ) ကိုလည်းသိမ်းတယ်။
၁၃ ရာစု အရှေ့တောင်အာရှမှာ ပုဂံအင်ပါယာနဲ့ ခမာအင်ပါယာနှစ်ခု ထင်ရှားခဲ့တယ်။ ပုဂံအင်ပါယာနဲ့ထိစပ်နေတာက ဒါလီ နဲ့ နောက်ဆက်ခံတဲ့ နန်ချောင်နိုင်ငံဖြစ်တယ်။ ဒါလီအနောက်ဖက်မှာ တိဘက်အင်ပါယာရှိတယ်။ တရုပ်ပြည်မှာ တန် နဲ့ ဆောင်းမင်းဆက်တွေရှိကြတယ်။ နန်ချောင်မင်းဆက်ကသာ ပုဂံနဲ့ဆက်စပ်မှုရှိခဲ့တယ်။ မွန်ဂိုတွေက ဒါလီကို ၇-၁-၁၂၅၃ မှာသိမ်းယူတယ်။
နရသီဟပတေ့မင်း ၁၂၅၆ မှာနန်တက်လာကတည်းက ပုဂံအင်ပါယာအခြေယိုင်လာတယ်။ အတွေ့အကြုံနည်းတဲ့ဘုရင်ကို အနောက်ဖက်က ရခိုင် ကျောက်ဖြူ ကပုန်ကန်တယ်။ ၁၂၈၁ မှာ တောင်ဖက် ဝါရီရူက ပုဂံကခန့်ထားသူကိုသတ်ပြီး မုတ္တမက နှစ်ကြိမ်ခြားနားတယ်။ အရှေ့ဖက်မှာ ကျိုင်းဟုန်၊ ကျိုင်းတုန်နဲ့ ဇင်းမယ်တို့ကလည်း အခွန်မပေးတော့ဘူး။ မွန်ဂိုတွေက ၁၂၇၁ နဲ့ ၁၂၇၃ မှာ နှစ်ကြိမ်အခွန်ဆက်ခိုင်းလာတယ်။ နရသီဟပတေ့က နှစ်ကြိမ်လုံး ငြင်းတယ်။ ကူဗလခန်က ၁၂၇၇ မှာလာတိုက်တယ်။ ငဆောင်ချမ်းမှာ ရှုံးနိမ့်တယ်။ ရင်ဂျန်းကိုတော့ ထိန်းထားနိုင်တယ်။ ၁၂၈၃-၈၄ မှာ ဗန်းမော်ကိုသိမ်းယူတာခံရတယ်။
ပထမ မွန်ဂိုကျူးကျော်မှုဟာ ၁၂၇၇ ကနေ ၁၂၈၇ အထိကြာတယ်။ ကူဗလခန်က ဒါလီကို ပုဂံနဲ့ နယ်စပ်လုံခြုံဘို့ တာဝန်ပေးတယ်။ ဝ နဲ့ ပလောင်တွေက မွန်ဂိုကိုသစ္စာခံကြတယ်။ မွန်ဂိုသံအဖွဲ့ ပုဂံကိုလာတော့ ဝန်ကြီးချုပ်အနန္တပစ္စည်းက မွန်ဂိုအင်အားကို သုံးသပ်မိတယ်။ နရသီဟပတေ့ကို သံတမန်နည်းသုံးဘို့အကြံပေးတယ်။ ဘုရင်ကတော့ မွန်ဂိုသံအဖွဲ့ကို အတွေ့မခံလို့ မွန်ဂိုအဖွဲ့ပြန်သွားတယ်။ ကုန်းဘောင်ခေတ်အဆုံးမှာ သီပေါမင်းနဲ့ ကင်းဝန်မင်းကြီးတို့ ဖြစ်ပျက်ခဲ့တာနဲ့ ဆင်တူနေတယ်။
ကူဗလခန်က ဂျပန်ကိုဝင်တိုက်ဘို့ပြင်နေတုံး (ဂျပန်ကိုလည်းမသိမ်းနိုင်ပါ။) ပုဂံကိုအရင်တိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ၃-၃-၁၂၇၃ နေ့မှာ လေးယောက်ပါသံအဖွဲ့ကို ပုဂံကိုလွှတ်ပြီး ရာဇသံပေးတယ်။ နရသီဟပတေ့က ဒီတကြိမ်မှာ သံအဖွဲ့ကို လက်ခံတွေ့ပေမယ့် မလိုက်လျှောဘူး။ တချို့မှတ်တမ်းမှာ သံအဖွဲကိုသုတ်သင်တယ်လို့ရေးတယ်။ ယူနန်ထဲရောက်မှ အသတ်ခံရတယ်လို့ ရေးတာလည်းရှိတယ်။
ပုဂံသံအဖွဲ့တခုက ဘုရင့်ဆီက မိတ်ဆွေဖြစ်ရေးထားတဲ့စာတစောင်နဲ့ ပီကင်းထိသွားတယ်။ ဘုရားစွယ်တော်ကို ပုဂံဘုရင်က လာရောက်ဖူးမျှော်လိုပါကြောင်းရေးတယ်။ တဆက်တည်း ၁၂၇၂ မှာ နယ်စပ်မှာ ပုန်ကန်မှု ဖြစ်တယ်။ သူပုန်ခေါင်းဆောင် အပိကို ဖမ်းခေါ်လာတယ်။ ဒုတိယ မွန်ဂို-ပုဂံစစ်ပွဲ ၁၂၇၃ မှာဖြစ်တယ်။ နယ်စပ်စစ်ပွဲ (၁၂၇၇-၁၂၇၈) မှာဖြစ်တယ်။
မြန်မာရာဇဝင်၊ ယွန်မင်းဆက်သမိုင်းနဲ့ မာကိုပိုလိုမှတ်တမ်းမှာ ကွဲလွဲနေတာတွေရှိတယ်။ ငဆောင်ချမ်းအရပ်မှာ စစ်ဖြစ်တာတော့ သေချာတယ်။ ဗန်းမော်လမ်းက ကွန်းစင်ကိုတိုက်တယ်။ မွန်ဂိုတွေက စစ်ပွဲတွေမှာအနိုင်ရပေမယ့် နယ်စပ်ကိုထိန်းမထားနိုင်ဘူး။ ပုဂံကလည်းလျှော့မပေးပါ။ ၁၂၇၈ မှာ ကွန်းစင်နဲ့ ငဆောင်ချမ်းမှာ ခံတပ်ဆောက်တယ်။ ၁၂၈၂ မှာ မွန်ဂိုက မြန်မာပြည်မြောက်ပိုင်းနဲ့ နယ်စပ်က ချန်ဖကိုဝင်တိုက်တယ်။ ပုဂံအထိမရောက်ခဲ့ပါ။ တကောင်းကနေသာ ထိခိုက်ဒဏ်ရာတွေနဲ့ ပြန်လှည့်ကြရတယ်။
၂၂-၉-၁၂၈၃ မှာ ငဆောင်ချမ်းကို ဝင်တိုက်တော့ ၂ လကြာခုခံပေမယ့် ၃-၁၂-၁၂၈၃ မှာ ကျသွားတယ်။ နောက်ဆက်ပြီး မြန်မာပြည်မြောက်ပိုင်းကိုဝင်တိုက်လာတယ်။ ၁၂၈၄ နှစ်စမှာ တကောင်းကိုတိုက်တယ်။ ၁ဝ-၅-၁၂၈၄ မှာ မြန်မာတပ်တွေ ပြန်ဝင်နိုင်တယ်။ မွန်ဂိုတွေကထပ်တိုက်ပြန်တယ်။ ဟန်လင်းကို ၂၆-၁-၁၂၈၅ မှာတိုက်တယ်။ နရသီဟပမင်းတေ့ အောက်ပြည်ကို ရှောင်ရလို့ တရုပ်ပြေးမင်းလို့တွင်ပေမယ့် မွန်ဂိုရန်ကနေပြေးရတာသာဖြစ်ပါတယ်။
၁၂၈၅ အကုန်မှာ နရသီဟပတေ့ကနေ ဟန်လင်းက မွန်ဂိုအုပ်ချုပ်နေသူဆီ အပစ်ရပ်စဲရေးကမ်းလှမ်းတယ်။ ၁၂၈၅ ဇွန်လမှာ ရှင်ဒိသာပါမောက္ခကိုစေလွှတ်လို့ ၁၂၈၇ ဇန္နဝါရီလထဲမှာ ပီကင်းကိုရောက်တယ်။ စိုက်ပျိုးထွက်ကုန်ထဲကနေ အခွန်ဆက်ဘို့သဘောတူရတယ်။ မြန်မာပြည်အထက်ပိုင်းကို ချန်မင်း နဲ့ အောက်ပိုင်းကို မိန်ချန်း တို့ကစီမံတယ်။ မွန်ဂိုတပ်တွေဆုတ်ပေးတယ်။
ပုဂံကနေထွက်ပြေးရတဲ့ နရသီဟပတေ့ဟာ ပြည်၊ ဒလနဲ့ ပုသိမ်မှာရှိတဲ့ သူ့သားတွေကိုလဲ မယုံရဲလို့ ပြည်မြို့ အနောက်နားက လှည်းဂွမှာနေရတယ်။ ၁၂၈၇ ဇွန်လထဲမှာ နရသီဟပတေ့ ပုဂံကိုပြန်လာတယ်။ ဒါပေမယ့် ၁-၇-၁၂၈၇ မှာ သူ့သား ပြည်မြို့စားသီဟသူက လုပ်ကြံတယ်။ ၁၂၈၇ မှာ မွန်ဂိုတွေဝင်လာပြန်တယ်။
၁၂၈၉ မေလထဲမှာ သားတော် ကျော်စွာနန်းယူတယ်။ နယ်မြေသေးသေးလေးသာ ထိန်းနိုင်တယ်။ မွန်ဂိုတွေက တကောင်းမှာ တပ်စွဲထားတယ်။ ကျော်စွာက မွန်ဂိုကို ၁၂၉၇ မတ်လမှာ သစ္စာခံတယ်။ ကျော်စွာနန်းသက် ၉ လမှာ နန်းလုခံရတော့ မွန်ဂိုတွေကဝင်ရောက်လာပြန်လို့ ၁၃ဝဝ-၁၃ဝ၁ မှာ မွန်ဂို-ဗမာ ဒုတိယစစ်ဖြစ်တယ်။
၁၇-၁၂-၁၂၉၇ မှာ တိုင်ရှမ်းညီအကိုသုံးဦးကနေ ကျော်စွာကိုဖယ်ရှားလိုက်ပြီး မြင်စိုင်းနိုင်ငံထူထောင်တယ်။ ယူနန်နယ်ထဲကို မွန်ဂိုတွေဝင်ရောက်အခြေချလာလို့ တိုင်ရှမ်းတွေက ရှမ်းပြည်နယ်နဲ့ ခမာနိုင်ငံဖက်ဆီ ရောက်လာတာ ဖြစ်တယ်။ ၄-၄-၁၃ဝ၃ မှာ မွန်ဂိုတွေ တကောင်းကနေဆုတ်ခွါသွားတယ်။
အနော်ရထာထူထောင်ခဲ့ပြီး ၂၅ဝ နှစ်ရှည်ခဲ့တဲ့ ပုဂံနိုင်ငံတော်ကြီး ပျက်စီးမှုပြည့်စုံသွားတော့တယ်။ ပုဂံနေပြည်တော်မှာ လူဦးရေ ၂ သိန်းနေခဲ့တယ်။ ဘုရားစေတီတွေ မရေမတွက်နိုင်အောင် များပြားစည်ကားခဲ့တယ်။ အခုတော့ မြင်စိုင်း၊ ပင်းယနဲ့ အင်းဝတို့မှာ တိုင်ရှမ်းညီအကိုတွေနဲ့ ကျော်စွာသားက ပုဂံကို အုပ်စိုးနေကြတယ်။ ပုဂံရဲ့ အဖေ့မျိုးဆက် ကုန်ဆုံးသွားပြီး အမေမျိုးဆက်ကသာ ပင်းယနဲ့ အင်းဝမှာအုပ်စိုးနိုင်တော့တယ်။ ပင်းယဆက်ကတော့ ကုန်းဘောင်ခေတ်တိုင် ရှည်ကြာနိုင်ခဲ့ပါတယ်။
ဒါလီနိုင်ငံကို မြန်မာရာဇဝင်မှာ ဂန္ဓာလရာဇ်လို့ရေးတယ်။ တူရကီ (တာ့ခ်) စကားပြောသူတွေပါလို့ တာရုတ်၊ တရုပ်လို့ ခေါ်တယ်။ ခုခေတ်မှာ ရုတ်လို့ရေးမှသာ မှန်တယ်ထင်နေကြတယ်။ မဟုတ်ပါ။
ဒေါက်တာတင့်ဆွေ
Share:

18 April, 2018

ရိုဟင်ဂျာ ဒုက္ခသည် နေရပ်ပြန်ခွင့်နဲ့ UNHCR အမြင်

(မအင်ကြင်းနိုင်)
ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ရင်းပြန်ဖို့ ကိစ္စမှာ ဆန္ဒအလျောက်ပဲ ပြန်ခွင့်ရှိရမယ်ဆိုတဲ့ အချက်ဟာ အဓိက အရေးကြီးကြောင်း UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက ပြောကြား လိုက်ပါတယ်။
ဒုက္ခသည်တွေရဲ့ လုံခြုံရေးအာမခံချက်ပေးဖို့နဲ့ ကာကွယ်ပေးနိုင်ဖို့ မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆွေးနွေး ပွဲတွေမှာ UNHCR အနေနဲ့ ပါဝင် ကူညီဖို့ အဆင့်သင့်ရှိနေကြောင်း အင်္ဂါနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ကုလ သမဂ္ဂမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း UNHCR ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ မအင်ကြင်းနိုင် က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။
Originally published at – https://burmese.voanews.com/a/4211533.html
Share:

25 November, 2017

ဆင်ဟာလီ အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှုကို တစ်ကျော့ပြန် ခံလာရသော သီရိလင်္ကာ မွတ်စလင်များ

နိုဝင်ဘာ ၂၅၊ ၂၀၁၇
M-Media
မီးလောင်သွားတဲ့ တုတ်တုတ်ဆိုင်ကယ်ဟာ အိမ်ရှေ့မှာ ရှိနေဆဲဖြစ်ပြီး ပြန်အသုံးပြုလို့ ရမယ့်အနေအထား မဟုတ်တော့ပါဘူး။ တစ်ချိန်က ပန်းရောင်ဆေးသုတ်ထားတဲ့ သူ့အိမ်မျက်နှာစာဟာ မီးခိုးမှိုင်းတွေကြောင့် မဲနေပါပြီ။ မျက်နှာကျက်ကလည်း ပြိုကျသွားပြီး ယက်မတန်းတွေတောင် မီးစွဲကုန်ပါတယ်။

– နိုင်ငံမြောက်ပိုင်း ဂင်သိုတာမြို့ အမ်ပီတီယာရွာက သူ့အိမ်ကို ဗုဒ္ဓဘာသာ လူအုပ်ကြီးက တိုက်ခိုက်ခဲ့ပြီးနောက် တစ်ပတ်နီးပါး ကြာသွားခဲ့ပေမယ့် မိုဟာမက် အဘ်ရာရ်တစ်ယောက် တုန်လှုပ်နေဆဲပါ။
နိုဝင်ဘာ ၁၇ ရက်နေ့မှာ ဗလီဝတ်ကျောင်းတော်က ညပိုင်းဝတ်ပြုမှုအပြီး ပြန်လာကာ အနားယူတော့မယ့် အချိန်မှာ အိမ်နီးချင်းတွေရဲ့ အိမ်တွေ တိုက်ခိုက်ဖျက်ဆီးခံရသံကို သူ ကြားခဲ့ရပါတယ်။
“ကျွန်တော့်အိမ်ကို ပထမဆုံး တိုက်ခိုက်တာက ပြတင်းပေါက်ကို ကျောက်ခဲနဲ့ပစ်တာဖြစ်ပြီး ဘောင်တွေ ကျိုးကုန်ပါတယ်။ လူ ၁၅၀၊ ၂၀၀ လောက်ဟာ သံတူရွင်းတွေ၊ အခြား လက်လုပ်လက်နက်တွေကို ကိုင်ပြီး တိုက်ခိုက်ကြတာပါ။ ခြံတံခါးကို သူတို့ဖျက်ဆီးပြီး ၀င်လာကာ ကျွန်တော့ရဲ့ တုတ်တုတ်ဆိုင်ကယ်ကို ဓာတ်ဆီလောင်း မီးရှို့ခဲ့ပါတယ်” လို့ တုတ်တုတ်မောင်းကာ အသက်မွေးမြူနေရတဲ့ အဘ်ရာရ်က ပြောပါတယ်။
မီးလောင်သွားတဲ့ တုတ်တုတ်ဆိုင်ကယ်ဟာ အိမ်ရှေ့မှာ ရှိနေဆဲဖြစ်ပြီး ပြန်အသုံးပြုလို့ ရမယ့်အနေအထား မဟုတ်တော့ပါဘူး။ တစ်ချိန်က ပန်းရောင်ဆေးသုတ်ထားတဲ့ သူ့အိမ်မျက်နှာစာဟာ မီးခိုးမှိုင်းတွေကြောင့် မဲနေပါပြီ။ မျက်နှာကျက်ကလည်း ပြိုကျသွားပြီး ယက်မတန်းတွေတောင် မီးစွဲကုန်ပါတယ်။
ခရီးသွားတွေနဲ့ စည်ကာတဲ့ ဂါလ်လီမြို့ရဲ့ ၇ ကီလိုမီတာအကွာမှာရှိတဲ့ ဂင်သိုတာက မွတ်စလင်လူ့အဖွဲ့အစည်း ဟာ ထိတ်လန့်ကြောက်ရွံ့မှုတွေ ရှိနေဆဲဖြစ်ပြီး၊ မီးလောင်နေတဲ့ အိမ်တွေ၊ ဆိုင်တွေက အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာကို သက်သေခံနေကြပါတယ်။
ဒီအကြမ်းဖက်မှုဟာ ဂင်သိုတာမှာတင် မရပ်တန့်ဘဲ အခြားခရိုင်တွေကိုလည်း ပြန့်နှံ့သွားခဲ့ပြီး အကြမ်းဖက်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ ရဲတပ်ဖွဲ့နဲ့ အထူးတပ်ဖွဲ့တွေကို အစိုးရက ချထားခဲ့ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်လူငယ်တွေအကြား ကားမတော်တဆမှုကြောင့် စကားများရာကနေ ဗုဒ္ဓဘာသာဝင်တွေက လူအုပ်နဲ့ အကြမ်းဖက်တာမျိုး ဖြစ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။ နောက်ပိုင်းမှာတော့ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုအဖြစ် မြင့်တက်လာခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ အိမ်တွေနဲ့ အနည်းဆုံး ဗလီဝတ်ကျောင်းတော် ၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
မြင့်တက်လာတဲ့ တင်းမာမှု
သီရိလင်္ကာမှာ အခုနှစ်အတွင်း မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ တစ်ကျော့ပြန်ဖြစ်လာခဲ့ပြီး စက်တင်ဘာလအတွင်းမှာ ရိုဟင်ဂျာဒုက္ခသည်တွေ ခိုလှုံနေတဲ့ ကုလရဲ့ ကယ်ဆယ်ရေးစခန်းကို တိုက်ခိုက်တာ၊ ဇွန်လအတွင်းမှာ မွတ်စလင်အိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။
ဂင်သိုတာ မွတ်စလင်လူငယ်အသင်းဝင်ဖြစ်ပြီး အကြမ်းဖက်ခံခဲ့ရတဲ့ မိုဟာမက် ဖိုက်ဇယ်က လတ်တလော အကြမ်းဖက်မှုဟာ နိုဝင်ဘာ ၁၃ ရက်နေ့က မွတ်စလင်အမျိုးသမီးတစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးတို့ ယာဉ်မတော်တဆကိစ္စ စကားများရာကနေ စတင်တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က တိုက်ခိုက်မှုတွေမဖြစ်အောင် အစောပိုင်းမှာ တားမြစ်နိုင်ခဲ့ပါတယ်။
“နိုဝင်ဘာ ၁၇ ရက်နေ့အထိ အေးဆေးပဲဗျ။ ကျွန်တော်တို့လည်း ပုံမှန်အတိုင်း သောကြောနေ့ ဘုရားဝတ်ပြုပြီး အိမ်ပြန်လာတယ်။ ရဲတွေနဲ့ အထူးတပ်ဖွဲ့ဝင်တွေလည်း တော်တော်များများ ချထားပါတယ်” လို့ ဖိုက်ဇယ်က ဆိုပါတယ်။
အဲဒီညမှာပဲ အကြမ်းဖက်တိုက်ခိုက်မှု စတင်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးလုပ်ငန်းစဉ်တွေ အားနည်းမှုက အခြေအနေကို ထိန်းမရသိမ်းမရ ဖြစ်သွားစေတယ်လို့ ဖိုက်ဇယ်က ပြောပါတယ်။
ဂါလ်လီခရိုင်က လွှတ်တော်အမတ် မနူရှာ နာနာယက်ကရာက အထူးတပ်ဖွဲ့ဝင်တွေ ပြန်သွားတာဟာ အမှားတစ်ခု ဖြစ်သွားခဲ့ပြီး အကြမ်းဖက်အုပ်စုတွေကို အခွင့်အရေးပေးလိုက်သလို ဖြစ်သွားတယ်လို့ ဆိုပါတယ်။
“ဒီပြဿနာက ဆင်ဟာလီ-မွတ်စလင် ကိစ္စကနေ စတင်တာမဟုတ်ပါဘူး။ လမ်းပေါ်က အသေးအဖွဲကိစ္စကနေ ဒီလောက်ကြီးကြီးကျယ်ကျယ် ဖြစ်သွားတဲ့အတွက် နှစ်ဖက်စလုံးကို အပြစ်တင်ရမှာပါ။ ဒီလိုပြဿနာမျိုး နောက်ထပ်မဖြစ်ပွားဖို့ ရွာက ဗလီတွေ၊ ဘုန်းကြီးကျောင်းတွေက ကိုယ်စားလှယ်တွေနဲ့ ငြိမ်းချမ်းရေး
ကော်မတီ ဖွဲ့ထားသင့်ပါတယ်” လို့ နာနာယက်ကရာက ပြောကြားခဲ့ပါတယ်။
ကြောက်ရွံ့မှုနှင့် စိတ်ဒဏ်ရာ
အဲဒီအကြမ်းဖက်မှုအတွက် ရဲတပ်ဖွဲ့က အနည်းဆုံး လူပေါင်း ၂၂ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရူဝမ် ဂူနာဆီကီရာက တိုက်ခိုက်မှုပေါင်း ၁၂၇ ခု ဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က တိုင်ကြားမှုရခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
၂၀၁၄ ခုနှစ်ကလည်း အလုသ်ဂမာမှာ ဒီလို အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၃ ဦး သေဆုံးခဲ့ပါတယ်။
လူငယ် ၅၀ လောက်ပါတဲ့ လူအုပ်ဟာ သူ့အိမ်တည်ရှိရာ လမ်းကျဉ်းလေးထဲက အိမ်တွေကို စတင်တိုက်ခိုက်တဲ့အချိန်မှာ သူဟာ ဇနီး၊ သမီးနှစ်ယောက်နဲ့အတူ အိမ်မှာရှိနေတယ်လို့ မိုဟာမက် ယာစီရ်က ပြောပါတယ်။
“ကျွန်တော့်ဆိုင်ကယ်ကို လမ်းပေါ်ဆွဲသွားပြီး မီးရှို့ပစ်လိုက်တယ်။ ပထမတစ်ခေါက်ဖြစ်ပြီး ၃ မိနစ်လောက်ကြာတဲ့အချိန်မှာ နောက်ထပ် လူငယ် ၅ ယောက်အုပ်စုက အိမ်ရှေ့တံခါးမကြီးကို ဖျက်ဆီးလိုက်ပြီး၊ အိမ်ထဲကို ၀င်လာတယ်။ နံရံကပ်မှန်ဘီဒိုတွေကို ခွဲပြီး လက်ဝတ်ရတနာတွေကို လုသွားပါတယ်”
အဲဒီဒေသက မွတ်စလင်စီးပွားရေးသမားတွေဟာ သူတို့ရဲ့ ဆိုင်တွေ၊ တစ်သက်လုံး ရှာဖွေခဲ့ရသမျှတွေ ဖျက်ဆီးခံရတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။
နိုင်ငံလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာရှိတဲ့ သီရိလင်္ကာက မွတ်စလင်တွေဟာ ကြောက်ရွံ့မှုတွေ၊ စိတ်ဒဏ်ရာတွေနဲ့ နေထိုင်နေရပြီး အမျိုးသမီးတွေနဲ့ ကလေးတော်တော်များများဟာ သူတို့နေအိမ်ကို မပြန်ရဲကြပါဘူး။
BBS အစွန်းရောက်အဖွဲ့ဝင်ဖြစ်ပြီး သွေးထိုးလှုံ့ဆော်ပေးတဲ့ စကားတွေကြောင့် မကောင်းသတင်းနဲ့ နာမည်ကြီးတဲ့ ဘုန်းကြီး Galogodaththe Gnanasara က ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့နေတဲ့ သတင်းတွေကြောင့် ဘုရားကျောင်းမှာ လူငယ် ၅၀၀ နီးပါးလောက် အဆင်သင့်ဖြစ်နေကြတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့
ပါတယ်။ အလုသ်ဂမာမှာဖြစ်ခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှုကို ဒီဘုန်းကြီးက သွေးထိုးလှုံ့ဆော်ပေးခဲ့တာပါ။ နိုဝင်ဘာ ၂၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာလည်း သူက ‘၂ နာရီအတွင်း သွေးပင်လယ်ဖြစ်သွားအောင် လုပ်နိုင်တယ်’ လို့ ပြောကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ကတော့ ဘုန်းကြီးကျောင်းကို မွတ်စလင်တွေက တိုက်ခိုက်မယ်ဆိုတဲ့ ကောလဟာလ သတင်းတွေက အကြမ်းဖက်မှုကို ဖြစ်စေခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက်လူအုပ်မှာ ရွာခံတွေပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် အမ်ပီတီယာရွာ မှာနေထိုင်တဲ့ ဆောက်လုပ်ရေးအင်ဂျင်နီယာ ဆင်ဟာလီတစ်ယောက်က ရွာခံတွေမပါဘူးလို့ ငြင်းပြီး သူ့အိမ်လည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
“ဒီမှာနေထိုင်တဲ့သူတွေဟာ ငြိမ်းချမ်းစွာနေထိုင်ကြပြီး ကျွန်တော်တို့ကြားမှာ ဘာပြဿနာမှ မရှိပါဘူး”
ဂင်သိုတာက လမ်းတွေမှာ ရဲတွေနဲ့ အထူးတပ်ဖွဲ့ဝင်တွေ ကင်းလှည့်စောင့်ကြည့်နေကြပြီး နေအိမ်တွေ တော်တော်များများကတော့ ခြံတံခါးတွ ဖျက်ဆီးခံရတာ၊ ပြတင်းပေါက်တွေ ရိုက်ချိုးခံထားရတာတွေ ရှိနေပါတယ်။
ကလေးလေးယောက်အဖေဖြစ်ပြီး ဆောက်လုပ်ရေးပစ္စည်းရောင်းတဲ့ မိုဟာမက် ဖာဟင်က အလုပ်မှာ သူသုံးတဲ့ ပစ်ကပ်ထရပ်ကားလည်း မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။
သူ့အိမ်က ကွန်ကရစ်ပြားလုပ်တဲ့စက်နဲ့ ရောင်းဖို့အဆင်သင့်ဖြစ်နေတဲ့ ကွန်ကရစ်ပြား ၈၀၀ လောက်လည်း တစ်စစီ ဖျက်ဆီးခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: Aljazeera
(Aljazera သတင်းဌာနတွင် ဖော်ပြထားသည့် Fear grips Muslims in Sri Lanka’s Ginthota after attack ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
Share:

04 July, 2017

တရုတ်ပြည်သို့အစ္စလာမ်သာသနာကိုစတင်ယူဆောင်ခဲ့သူ


အစ္စလာမ်သာသနာသည် လွန်ခဲ့သော နှစ်ပေါင်း(၁၄၀၀)ခန့်မှစ၍ တရုတ်ပြည်သို့ ရောက်ရှိလာခဲ့သည်။
တန်မင်းဆက်(Tang Dynasty)၏ ရှေးမှတ်တမ်းဖော်ပြချက်၌ (၇)ရာစုတွင် အာရပ်နိုင်ငံမှစေတမန် တစ်ဦးရောက်ရှိခဲ့သည် ဟု ဖော်ပြထားသည်။
သာဝကကြီးဟဇ်ရသ်စအဒ်ဗင်န်အဗီဝကားစ်(ရသွေ့ယလ္လာဟ်ဟုအန်န်ဟု)ဦးဆောင်သောအဖွဲ့တစ်ဖွဲ့ သည် ခရစ်သက္ကရစ်(၆၅၀)တွင် တရုတ်
ပြည်သို့လက်ဆောင်ပဏာများနှင့်တကွ အစ္စလာမ်သာသနာကိုပါ ယူဆောင်၍ ရောက်ရှိခဲ့သည်။
ထိုစဉ်က တရုတ်နိုင်ငံ၏ဘုရင်ဖြစ်သော ယွန်ဝေ့(Yung Wiae)သည် အစ္စလာမ်၏ အဆုံးအမများသည် အနည်းငယ်ချုပ်ချယ်မူ့ ရှိသည်ဟုမြင်မိသော်လည်း အစ္စလာမ် သာသနာအားလေးစားခဲ့သည်။
ကွန်ဖြူရှပ် ၏ အဆုံးအမများနှင့်လည်း ဆီလျောသင့်မြတ်မူ့ရှိသည်ဟု ယူဆကာ ဟဇ်ရသ်စအဒ်(ရသွေ့)ကို သူ၏လူထုကြား ဝါဒဖြန့်ချီမူ့အခွင့်အရေးပေးခဲ့သည်။
အစ္စလာမ်အပေါ်သူ၏လေးစားမူ့ကိုပြသ သည့်အနေနှင့် တရုတ်ပြည်၏ပထမဦးဆုံး သောဗလီ ဝတ်ကျောင်းတော်ကို Ch'anganဒေသတွင်တည်ဆောက်ရန် အမိန့်ပေးခဲ့သည်။ ယင်းဗလီသည်ယနေ့ထိ ထိုဒေသတွင် တည်တံ့လျှက်ရှိသည်။
ထို့နောက်တွင် မွတ်စလင်မ်ကုန်သည်များ လုပ်ငန်းရှင်များ ဧည့်သည်များ စီးပွားရေးနှင့်ဘာသာရေး အကြောင်းခံများ ကြောင့် တရုတ်မွတ်စလင်ဆက်ဆံရေး အလွန်ကောင်းမွန်ခဲ့သည်။
မင်မင်းဆက် (MinDyanasty1368-1644CE) အစပိုင်းအထိ နှစ်ပေါင်း(၇၀၀)တိုင် အစ္စလာမ် သာသနာသည် တရုတ်ပြည်၌ ဖွံ့ဖြိုးရှင်သန်ခဲ့သည်။ကိုယ်ပိုင် ဓလေ့ ရိုးရာ ထုံးတမ်း စဉ်လာနှင့်နေထိုင်ခဲ့ကြပြီး တရားဥပဒေရေးရာအရလည်း မျှတစွာ အသိအမှတ်ပြု ခံခဲ့ရသည်။ မွတ်စလင်မ်တို့၏ ရွှေခေတ်ဟုပင် ဆိုရပေမည်။

ချင်မင်းဆက် (Ch'ing Dynasty1644-1911CE)ခေတ် တွင် ဤသည်တို့မှာ ပြောင်းလဲသွားခဲ့ရသည်။ ချင် တို့သည် မန်ချူးများဖြစ်ကြပြီး တရုတ်ပြည်တွင်လူနည်းစုဖြစ်သည်။
၎င်းတို့သည် မွတ်စလင်မ် ဟန် တိဗက်နှင့် မွန်ဂို တို့၏ရုန်းကန်လှုပ်ရှားမူ့များတွင် တစ်ဦးနှင့်တစ်ဦးဆန့်ကျင်သော သွေးခွဲသည့်နည်းလမ်းများကို အသုံးချခဲ့ကြသည်။အဓိကအားဖြင့် တရုတ်ပြည်တွင် မွတ်စလင်မ်ဆန့်ကျင်ရေးခံစားမူ့စိတ်ဓါတ် ကိုနိုးဆော်ခဲ့သည့် အဓိကတာဝန်ရှိသူများ ဖြစ်ကြသည်။
၎င်းတို့က ဟန်စစ်သည်လူမျိုးစုတို့အား မွတ်စလင်မ်နယ်မြေများတွင်ဖိနှိပ်ချုပ်ချယ်ရန်တွန်းအားပေး ခဲ့ကြသည်။

မော်စီတုန်း (MaoZedong) ၏၁၉၄၈ခုနှစ်တော်လှန်ရေး နောက်ပိုင်းကွန်မြူနစ်အုပ်ချုပ်မူ့စနစ်အစတွင် မွတ်စလင်မ်နှင့် လူနည်းစုလူမျိုးများ အဖိနှိပ်အခံရဆုံးဖြစ်သည်။
အစ္စလာမ်တို့၏သင်္ကေတလက္ခဏာအားလုံးချေဖျက်ခြင်းခံရသည်။ရာစုနှစ်များစွာသုံးခဲ့သောအာရဗီဘာသာ စာပေကို လက်တင်ဘာသာသို့အတင်းဖိအားပေး ပြောင်းခိုင်းခဲ့သည်။
အူအီဂူရ် လူမျိုးများဖြစ်သော မွတ်စလင်မ် ၃သောင်းကျော်ကို မိမိတို့ဒေသတွင်ပင် အတင်းအကြပ်လုပ်အားပေးခိုင်းစေခဲ့သည် ရှေ့ဆောင်အိမာမ်များ ပညာရှင်များကို ညှဉ်းပမ်းနှိပ်စက် ရုံမျှမက ဝက်မွေးမြူရေး စခန်းများတွင်ဝင်ရောက်လုပ်ကိုင်ရန်စေခိုင်းခဲ့သည်။ ၎င်းစခန်းများကို ဗလီများ အနီးတွင် စခန်းဖွင့် မွေးမြူခဲ့ကြသည်။ မွတ်စလင်မ်ကျောင်းများကို ပိတ်စေကာ မက်စ်ဝါဒ နှင့်မော်စီတုန်း ဝါဒသင်ကြားသော ကျောင်းများသို့ တက်စေခဲ့သည်။ ဗလီ(၂၉ ၀၀၀)ခန့်ကို ပိတ်ပြစ်ကာ အိမာမ်များကို ရက်စက်စွာညှဉ်းပမ်းနှိပ် စက်ခဲ့သည်။ မွတ်စလင်မ်(၃၆၀၀၀)ခန့်ကိုသတ်ပြစ်ခဲ့သည်။
မော်စီတုန်း၏ မက်စ်ဝါဒကို ၁၅နှစ်မျှ ပြင်းထန်စွာကျင့်သုံးခဲ့ပြီး ကွန်မြူနစ် ဝါဒအစိုးရသည် မွတ်စလင်မ်တို့ကို လွတ်လပ်စွာစိတ်ကြိုက်ချေမှုန်းခဲ့ကြသည်။
၁၉၇၈ခုနှစ် တရုတ်ပြည်ဘာသာရေးလွတ်လပ်ခွင့် ကြေငြာပြီးချိန်မှစ၍ တရုတ်မွတ်စလင်မ်များ သည်၎င်းတို့ ခံစားခဲ့ ရသော နာကျည်းချက်များကို ခံစားမနေဘဲ ဆက်လက်ကြိုးပမ်းကြရာ ယခုအခါ တရုတ်ပြည်အနှံ့ ဗလီပေါင်း(၂၈ ၀၀၀)ကျော်ရှိပြီး စင့်ကျန်ပြည်နယ်တစ်ခုထဲမှာပင် (၁ ၂၀၀)ခန့် ရှိလေသည်။
လက်ရှိတွင် ကျမ်းတော်မြတ်ကုရ်အာန်ကို တရုတ်ဘာသာ(၈)မျိုးဖြင့်ဘာသာပြန်ထားပြီး အူအီဂူရ်နှင့် အခြား တူရကီဘာသာ စကားများစွာတို့ဖြင့်လည်း ဘာသာပြန်ပြီး ဖြစ်သည်။
(Ref; အမှတ်စဉ် ၁၄၃/၁၂-၂၀၀၁ခုနှစ်ထုတ်
Salik: The so-journer A Quarterly Magazine by Petapis မှ Muslims Chinaအား ဆရာအုမရ်ခင်ညွန့်ပြန်ဆိုရေးသားမူ့ကို
အကျဉ်းချုပ်၍ပြန်လည်တင်ပြသည်။)
Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.