05 February, 2019

နိုင်ငံသားဖြစ်မှု

နိုင်ငံသားဖြစ်မှု
***********
၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ
အခန်း ၂
မူလအခွင့်ရေးများ နိုင်ငံသားဖြစ်မှု
ပုဒ်မ ၁၀။ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းလုံး တွင် နိုင်ငံသားဟူ၍ တစ်မျိုးတည်း သာရှိရမည်။ဆိုလိုရင်းမှာ
ပြည်ထောင်စုအဖွဲ့ဝင်များ၏ နိုင်ငံသားဟူ၍ သီးခြားမရှိစေ ရ။ပြည်ထောင်စုမြန်မာနိုင်ငံသားဟူ၍ သာရှိရမည်။
ခုခေတ် နိုင်ငံသား၊တိုင်းရင်းသား ဆိုတဲ့အခေါ်ဝေါ်တွေဟာထွင်လုံးတစ်ခုပဲ။ဦးနေ၀င်းနဲ့ ဗမာ​ခေါင်း​ဆောင်​ ​တစ်​စု လူမျိုး​ရေးအမြင်ဘာသာ​ရေးအမြင်​နဲ့အရူးထပြီး၁၉၈၂ခုနှစ်မှာဗုဒ္ဓဘာသာ မဟုတ်​တဲ့ လူမျိုး​တွေကို ခွဲခြားဖို့အတွက်​နိုင်ငံသားဥပဒေ တစ်ခုကိုသီးသန့်ပြုစုပါတယ်။အရင်ကတည်းကလည်း ၁၉၄၈ နိုင်ငံသားရွေးချယ်​ရေးအက် ဥပဒေနဲ့  အခြေခံဥပဒေ နိုင်ငံသားသတ်မှတ်ချက် ရှိပြီးသားဖြစ်ပါတယ်။အဲဒီမှာ နိုင်ငံသား၃မျိုးပြဌာန်းပါတယ်။
၁။နိုင်ငံသားစစ်စစ်
၂။ဧည့်နိုင်ငံသား
၃။နိုင်ငံသား ပြု ထားသူ
ဒီ ၃ မျိုး ရဲ့ မှတ်ပုံတင်​ကတ်ပြား ဗဟုသုတအနေနဲ့ ဖော်ပြရရင်

၁။နိုင်ငံသား- ဥပမာ ၁၂/မရက (နိုင်) ၇၅၄…..ပန်း​ရောင်
၂။ဧည့်နိုင်ငံသား ဥပမာ ၁၂/မရက (ဧည့်)၇၅၄….အဖြူ
၃။ပြု အရ       ဥပမာ  ၁၂/မရက (ပြု ) ၇၅၄……အစိမ်းစတဲ့ ဒီပုံစံပဲဖြစ် ပါတယ်။
ယ​နေ့ရန်​ကုန်​မြို့မှာ နိုင်​ငံသားဖြစ်​နိုင်​​လောက်​တဲ့အရည်​အချင်း​တွေရှိ​နေပါလျှက်​ ကြိုးစားအားထုတ်​မှုနည်းလို့၊ အ​ထောက်​ထားမရှာ​ဖွေလို့၊ပြု ကဒ်​ ကိုင်​ထားရသူ​တွေ အစ္စလာမ်​​တွေထဲမှာအ​တော်​များများရှိ​နေပါတယ်​။တရုတ်​​တွေ ထဲမှာလည်း ဧည့်ကဒ်​ကိုင်​ထားသူ​တွေ၊ပြု ကဒ်​ ကိုင်​ထားသူ​တွေဒုနဲ့​ဒေးပါပဲ။လ၀က ရုံးဟာ လ၀က ၈၂ဥပ​ဒေအရ မှတ်​ပုံတင်​ကဒ်​ကိုထုတ်​​ပေးတာမဟုတ်​ဘဲ ညွှန်​ကြား​ရေးမှူးချုပ်​တို့ လ၀ကအတွင်းဝန်​ တို့ရဲ့ ညွှန်​ကြားလွှာ​တွေနဲ့ ခွဲခြားဆက်​ဆံ​နေတာဖြစ်​ပါတယ်​။လ၀က ရုံးရဲ့ ပြဿနာကိုဥပ​ဒေ​ ကြောင်း အရ တရားရုံးကတစ်​ဆင့်တက်​နိုင်​​ပေမယ့်​ငွေ  ကုန်​ ​ကြေးကျများတာ​ကြောင့်အများစုက မသိတာ၊​ငွေကုန်​ မခံနိုင်​တာ​တွေ​ကြောင့် ​ပေးတာ ယူလိုက်ကြပါတယ်​။ ပေးတာယူလိုက်​တာအ​ရေးမကြီး​ပေမယ့် ဒီ ဒုက္ခ ဆိုးဟာ သားစဉ်​​မြေးဆက်​ကိုပါဒုက္ခ​ပေးလာ​တော့မှာဖြစ်​ပါတယ်​။

ဥပဒေပညာရှင်များရဲ့ ထောက်ပြချက် အရ ဧည့်နိုင်ငံသားအသုံးအနှုန်းမှာ ဧည့်=ခဏနေတာ ဧည့်သည်။
နိုင်ငံသား=အမြဲတမ်းနေထိုင်သူ၊နိုင်ငံသားရပိုင်ခွင့်ရှိတဲ့သူ။ အဲဒီမတူညီတဲ့ စကားလုံး၂လုံးကို စုပေါင်းပြီးအတူ ပူးတွဲ ထားရလောက်အောင်ကို ဥာဏ်သွားခဲ့ကြသူတွေဖြစ်ပါတယ်။၁၉၈၂နိုင်ငံသားဥပဒေထုတ်ပြန်ပြီးတဲ့အချိန် မှာ တစ်ကမ္ဘာလုံးက လူအခွင့်ရေးချိုးဖောက်တဲ့ ဥပဒေ ဆိုပြီး ၀ိုင်းဝန်းကန့်​ကွက်ခဲ့ကြတယ်​။
ခုမှ ကန့်ကွက်ခဲ့တာမဟုတ်ဘူး။အဲဒီထုတ်ပြန်တဲ့ ၈၂ အချိန် ကတည်းက ကန့်ကွက်ခဲ့ကြတယ်။၁၉၈၃မှာ ၂ခေါက်ချိုး ၃ခေါက်ချိုး မှတ်ပုံတင်တွေကို ပြန်လည်သိမ်းဆည်းပြီး ခုကျနော်တို့ကိုင်နေတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆိုတဲ့ စက္ကူ စုတ်ပြန်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ခုထိကျနော်တို့ဟာ နိုင်ငံသားမဖြစ်​သေးပါဘူး။စိစစ်ခံနေရတုန်းလူတွေဖြစ်ပါတယ်။

၄၇ဥပဒေပုဒ်မ ၁၁(က)မြန်မာနိုင်ငံတိုင်းရင်းသားတစ်မျိုး မျိုးတွင်ဖြစ်စေ၊သို့တည်းမဟုတ် တိုင်းရင်းသားဖြစ်ခဲ့သော မိဘ၂ပါးမှ မွေးဖွားသူတိုင်းဖြစ်စေ။
(ခ)မြန်မာနိုင်ငံတိုင်းရင်းသားတစ်မျိုးမျိုးတွင်ဖြစ်စေ၊သို့မဟုတ်​ ဖြစ်ခဲ့သော ဘိုးဘွားများအနက် အနည်းဆုံးတစ်ဦးမှ   ပြည်ထောင်စုမြန်မာနိုင်ငံအာဏာပိုင်နက်အတွင်း မွေးဖွားသူတိုင်းသည်လည်းကောင်း။
(ဂ)ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်သော ၊သို့မဟုတ် ဤအခြေခံဥပဒေအာဏာစတင်သက်
ရောက်သည့်နေ့ တွင် အသက်ရှင်နေသည်ဖြစ်ပါကတိုင်းရင်းသားအဖြစ်ကိုရယူခွင့်ရှိသော မိဘ၂ပါးမှ ပြည်ထောင်စု အာဏာပိုင်နက်အတွင်း မွေးဖွားသူတိုင်းသည်လည်းကောင်း
(ဃ)ဗြိတိန်မှာမွေးခဲ့သည်ဖြစ်၍ ဤအခြေခံဥပဒေစတင်အာဏာတည်တဲ့နေ့မှအထက်၊သို့တည်းမဟုတ်
၁၉၄၂ခု ဇန်န၀ါရီ လ ၁ရက်နေ့မှ အထက်အခြားမဲ့​သော ဆယ်နှစ်အတွင်း ၈နှစ်အောက် မယုတ်သော
ကာလကို ပြည်ထောင်စုနိုင်ငံအာဏာပိုင်နက်အတွင်း​နေထိုင်ခဲ့ဖူးပြီးလျှင် ၊ပြည်ထောင်စုနိုင်ငံတွင် ထာဝစဉ်
နေထိုင်ရန် ကြံရွယ်ခဲ့သည်ဖြစ်၍ ၊ထိုပြင် တရားဥပ​ဒေဖြင့် သတ်မှတ်သောအချိန်အတွင်းတွင် သတ်မှတ်
ထားသော ဥပဒေနဲ့အညီ ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ်ရွေးချယ်ခြင်းကို ထုတ်ဖော်သူတိုင်းသည်
လည်းကောင်းပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်သည်။

ဒါဟာ၁၉၄၇ဥပဒေကပြဌာန်းတဲ့ ရှင်းလင်းတဲ့ နိုင်ငံသားပြဌာန်းမှုပဲဖြစ်ပါတယ်။ခု ၁၉၈၂ဥပဒေကပေတံက​တော့ မျိုးဆက် သွေးနဲ့ တိုင်းတယ်​လို့ မရှက်​မ​ကြောက်​လ၀က ၀န်​ချီးက​ပြောပါတယ်​။ကမ္ဘာမှာ Raceမရှိ​တော့တာ လ၀က၀န်​ချီးမသိရှာဘူး။မယုံရင်​ ဗမာစစ်​စစ်​ဆိုတဲ့​ကောင်​​တွေကို ဂုတ်​ကိုင်​ဆွဲထုတ်​ပြီး DNAစက်​​ပေါ်တင်​​ပေးလိုက်​ရင်​အ​ဖြေထွက်​​နေပါပြီ။ကမ္ဘာ့ ဘယ်​နိုင်​ငံမှာမှမရှိတဲ့ မျိုးဆက်၃ဆက်​စောင့်ပြီးမှ နိုင်ငံသားအဖြစ်လက်ခံတဲ့ စနစ်ဟာအံ့သြဖွယ်​ပဲ။သိပ္ပံနဲ့နည်းပညာတိုးတက်ထွန်းကားနေတဲ့ ခေတ် တနေ့တစ်ရက်ဆိုတာတောင် အလွန်အရေးကြီးနေတဲ့
ခေတ်ကာလကြီးမှာ မျိုးဆက်၃ဆက်စောင့်ခိုင်းတဲ့နည်းဗျူဟာ ကြီးဟာ အလွန်အင်မတန်ဥာဏ်နည်းလွန်းနေ တာ ကိုဖော်ပြနေပါတယ်။ခွဲခြားမှုကိုကွက်​ကွက်​ကွင်းကွင်း​ဖော်​ပြ​နေတဲ့သက်​​သေပဲ။ထို့အတူ မျိုးဆက်
၃ဆက်စောင့်ပြီး ယူရလောက်အောင် မြန်မာနိုင်ငံကကမ္ဘာ့ အလယ်ဘိတ်ချီး။ဖွတ်ကျား။ကိုယ်ရည်သွေးသီချင်းတွေ အမျိုးဂုဏ် ဇာတိဂုဏ် ကုန်းဖြဲအော်တဲ့သီချင်းတွေထဲမှာပဲ အဆင့်ရှိတာ။လက်တွေ့ကနတ္ထိ။ကျနော်ဆိုရင်တော့ မစောင့်တော့ဘူး။

အောက်​​ခြေမှာ ဟိန္ဒူ-ဗုဒ္ဓဆိုပြီး​ရောရိုက်​​နေတဲ့ တမိလ်​၊ဟိန္ဒူ၊​ဂေါ်ရခါး၊စတဲ့ဟိန္ဒူ အုပ်​စု​တွေလည်း ပုဒ်​မ၆ပဲ။သူတို့​မှတ်​ပုံတင်​ရဖို့၊အ​နေအစား​ချောင်​ဖို့ ဟိန္ဒူနဲ့ဗုဒ္ဓကို Mix လုပ်​လိုက်​ကြ​ပေမယ့် သူတို့ကို လ၀က ရုံးကMix မလုပ်​ဘူး။ပုဒ်​မ(၆)မှတ်​တမ်းထဲမှာ ဗုဒ္ဓဘာသာမဟုတ်​တဲ့ တိုင်းရင်းသားစစ်​စစ်​ခရစ်​ယာန်​ဘာသာဝင်​က​နေ ဘာသာခြားအားလုံးကိုထည့်သွင်းပြု စုထားတာပါ။တိုင်းရင်းသား/နိုင်​ငံသား ပုဒ်​မ(၅)မှာ ဗုဒ္ဓဘာသာကိုးကွယ်​သူ သက်​သက်​ပဲ။
ဒါ​ကြောင့်ကျ​နော်​အမြဲတမ်း​ပြောပါတယ်​။ဗုဒ္ဓဘာသာ ဆိုတဲ့ ​မွေးရာပါ​အခွင့်အ​ရေးတစ်​ခုကလွဲပြီးဘာမှမရှိဘူး။ဒါဟာ တစ်​ခါ​တစ်​​လေမှာ လူပါးဝခွင့်လက်​မှတ်​လည်းဖြစ်​ရင်​ဖြစ်​သွားတတ်ပြီး အနာဂတ်​နိုင်​ငံ​တော်​က​တော့ အာဇာနည်​ဗုဒ္ဓဘာသာအမျိုးသားတိုင်းပြည်​ပါပဲ။
ကိုးကား။ ဒို့ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ ….ဒေါက်တာမောင်မောင် ၁၉၅၈။
Share:

1 comment:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.