04 February, 2019

ပြည်တွင်းဖြစ် တာဝေး ခရုဇ်ဒုံးကျည်သစ်ကို အီရန်ထုတ်ပြ

ဖေဖော်ဝါရီ ၄၊ ၂၀၁၉                  M-Media
– ကီလိုမီတာ ၁၃၅၀ အကွာအဝေးအထိ ရောက်ရှိနိုင်မယ့် ခရုဇ်ဒုံးကျည်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ မနေ့ကပြုလုပ်တဲ့ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေး နှစ်ပတ်လည် အခမ်းအနားမှာ အီရန်က ကြေငြာလိုက်ပါတယ်။
ဒုံးကျည်ကို Hoveizeh လို့ အမည်ပေးထားပြီး ၂၀၁၅ ခုနှစ်က ထုတ်ပြခဲ့ Soumar ခရုဇ်ဒုံးကျည်အုပ်စုက ဖြစ်ပါတယ်။ ကာကွယ်ရေးအောင်မြင်မှု နှစ် ၄၀ အထိမ်းအမှတ်အဖြစ် မနေ့က မြို့တော် တီဟီရန်မှာပြုလုပ်တဲ့ လက်နက်ပြပွဲ အခမ်းအနားမှာ ဒီဒုံးကျည်ကို ထုတ်ပြခဲ့တာပါ။
အီရန်ကာကွယ်ရေးဝန်ကြီး အမီရ် ဟာတာမီက Hoveizeh ဒုံးကျည်ဟာ ကီလိုမီတာ ၁၂၀၀ မှာရှိတဲ့ ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
“အနိမ့်ပိုင်းကနေ ပျံသန်းနိုင်မယ့် ဒီဒုံးကျည်ဟာ သိပ်မကြာခင်အချိန်အတွင်းမှာ အဆင်သင့် သုံးနိုင်တဲ့အဆင့်ကို ရောက်မှာဖြစ်ပါတယ်”
Hoveizeh ကို အီရန်နိုင်ငံကာကွယ်ရေးရဲ့ အားထားရမယ့် လက်နက်တစ်ခုအဖြစ် ဟာတာမီက သမုတ်ခဲ့ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ လေကြောင်းတပ်ဖွဲ့အကြီးအကဲ အမီရာလီ ဟာဂျီဇာဒါဟ်က အီရန်ဟာ ဒုံးကျည်တွေအတွက် ဂျက်အင်ဂျင်ဖန်တီးမှုမှာ အစပိုင်းက ပြဿနာတွေရှိခဲ့ပေမယ့် ကျော်လွှားနိုင်ခဲ့ပြီး အခုအချိန်မှာတော့ တာနီး၊ တာလတ်၊ တာဝေးပစ် ဒုံးကျည်အားလုံးကို ထုတ်လုပ်နိုင်ပြီလို့ လက်နက်ပြပွဲမှာ ပြောကြားခဲ့ပါတယ်။
၂၀၁၅ ခုနှစ် အင်အားကြီးနိုင်ငံတွေနဲ့ နျူအရေး သဘောတူညီချက် ရရှိခဲ့ပြီးတဲ့နောက်ပိုင်း အီရန်ဟာ သူတို့ရဲ့ ဒုံးကျည်အစီအစဉ်ကို ပိုမိုချဲ့ထွင်လာခဲ့ပါတယ်။
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.