21 January, 2019

ဒုက္ခသည်တွေနဲ့ ကုလအထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီ တွေ့ဆုံမည်

■ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ရခိုင်ပြည်နယ် မောင်တော ဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမြို့က ဒုက္ခသည် စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ လာမယ့် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ တွေ့ဆုံမယ် လို့ သိရပါတယ်။
မစ္စယန်ဟီးလီကို ကြိုဆိုဖို့အတွက် ဒီနေ့ကစပြီး ဒုက္ခသည်စခန်းတွေမှာ ပြင်ဆင်နေကြတယ်လို့ တန်ခါလီ ဒုက္ခသည် စခန်းက ဦးခင်မောင် က ပြောပါတယ်။
လက်ရှိ မြန်မာအစိုးရက မစ္စယန်ဟီးလီကို ပြည်ဝင်ခွင့် ပိတ်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရက အဲဒီဒုက္ခသည် တွေကို BhashanChar ကျွန်းကို ပို့ဆောင်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် လည်း အစိုးရက အတည်ပြုပြောကြား လာတာ မရှိဘူးလို့ ဦးခင်မောင် က ပြောပါတယ်။
မစ္စယန်ဟီးလီဟာ အဲဒီကျွန်းကို သွားရောက်လေ့လာမယ်ဖို့ စီစဉ်ထား တယ်လို့လည်း UN က ထုတ်ပြန် ထားပါတယ်။
၂၀၁၆ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဘူးသီးတောင်-မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရောက် ရှိနေတဲ့ ဒုက္ခသည် ၇ သိန်းလောက် ရှိတယ်လို့ နိုင်ငံတကာ အဖွဲ့အစည်း တွေက ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့ပေးသည်။
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.