29 January, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းမယ့်အဆိုကို လက်ခံဆွေးနွေးမည်

2019-01-29
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းမယ့်အဆိုကို ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ထကန့်ကွက်စဉ်
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းမယ့်အဆိုကို ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ထကန့်ကွက်စဉ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်တော်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အားလုံး မတ်တပ်ရပ် ကန့်ကွက်ပေမယ့် မဲခွဲပြီး ဆက်လက်ဆွေးနွေးဖို့ ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
NLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးလုပ်ငန်းတွေကို ဆောလျင်စွာဆောင်ရွက်နိုင်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းဖို့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလိုက်တာဖြစ်ပါတယ်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကန့်ကွက်တာ မဟုတ်ဘဲ ပြင်ဆင်ဖို့အတွက် အရေးကြီးအဆို တင်သွင်းလာတာဟာ ပြည်ထောင်စုလွှတ်တော်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီဘဲ လက်တလုံးခြားလုပ်တယ်လို့ ယူဆကြောင်း ပြောပြီး ကန့်ကွက်တာပါ။
ဒါကြောင့် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ မဲပေးခွင့်ရှိသူ ၆၀၁ ဦးမှာ ထောက်ခံသူ ၄၀၀ နီးပါးနဲ့ ကန့်ကွက်သူ ၁၇ ဦးသာရှိပြီး ကိုယ်စားလှယ် ၂၀၀ နီးပါး မဲမပေးတာကို တွေ့ရပါတယ်။
ဦးအောင်ကြည်ညွန့်ရဲ့အဆိုအရ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ပါတီပေါင်းစုံက လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်နိုင်မှာဖြစ်ပါတယ်။
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.