25 January, 2019

ကမ္ဘာ့လူနေမှုစရိတ်အကြီးမားဆုံးမြို့ကြီးများ

ကမ္ဘာ့လူနေမှုစရိတ်အကြီးမားဆုံးမြို့ကြီးများတွင် စင်္ကာပူမှာ နံပါတ် ၁ နေရာတွင် ရပ်တည်နေပြီး ထိပ်ဆုံး ၁၀ မြို့စာရင်းတွင် အမေရိကန်မြို့များ ပါဝင်ခြင်းမရှိ

လန်ဒန်အခြေစိုက် The Economist အုပ်စု၏ Intelligence Unit က ၂၀၁၈ ခုနှစ် ကမ္ဘာ့လူနေမှုစရိတ် အကြီးမားဆုံးစစ်တမ်းကို မကြာသေးမီက ထုတ်ပြန်လိုက်သည်။
အဆိုပါစစ်တမ်းသည် ထုတ်ကုန်နှင့် ဝန်ဆောင်မှုပေါင်း ၁၆၀ ခန့်၏ ဈေးနှုန်းပေါင်း ၄၀၀ ကျော်ကို အခြေခံကာ တွက်ချက်ထားခြင်း ဖြစ်သည်။
စားသောက်ကုန်၊ အဝတ်အထည်၊ အိမ်သုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ အိမ်ငှားခများ၊ သယ်ယူပို့ဆောင်မှု၊ ရေဖိုးမီးဖိုးအစရှိသည့် ကုန်ကျမှုများ၊ ကျောင်းစရိတ်၊ အိမ်အကူစရိတ်၊ အပန်းဖြေမှု ကုန်ကျစရိတ် အစရှိသည်အထွေထွေ ကုန်ကျမှုများကို အခြေခံကာ တွက်ချက်ထားခြင်း ဖြစ်သည်။
အောက်တွင် ကမ္ဘာ့လူနေမှုစရိတ်အကြီးမားဆုံးမြို့ကြီး ၁၀ မြို့ကို ဖော်ပြထားပါသည်။
(၁) စင်္ကာပူ
စင်္ကာပူသည် ကမ္ဘာ့လူနေမှုစရိတ်အကြီးမားဆုံးမြို့အဖြစ် ထိပ်ဆုံးတွင် ၅ နှစ်ဆက်တိုက် ရပ်တည်နေသည်။ ကမ္ဘာ့ဈေးအကြီးဆုံးအဖြစ် ရပ်တည်နေရခြင်း၏ အကြောင်းရင်းတစ်ခုမှာ ကားတစ်စီးပိုင်ဆိုင်အသုံးပြုရန် အလွန်ကုန်ကျစရိတ်မြင့်မားခြင်းကြောင့် ဖြစ်သည်။
(၂) ပဲရစ်
ပြင်သစ်နိုင်ငံ၏ မြို့တော် ပဲရစ်သည် ကမ္ဘာ့လူနေမှုစရိတ်အကြီးမားဆုံးမြို့ကြီးများစာရင်းတွင် ၂၀၀၃ ခုနှစ်ကတည်းက ပါဝင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ဒုတိယနေရာ၌ ဇူးရစ်မြို့နှင့်အတူ ပူးတွဲရပ်တည်လျက် ရှိသည်။ အလင်းမြို့တော်ဟုလည်း နာမည်ကျော်သည့် ပဲရစ်မြို့တော်သည် ၂၀၁၇ ခုနှစ်က ရပ်တည်မှုနှင့် နှိုင်းယှဉ်လျှင် ထိပ်ဆုံး ၅ မြို့စာရင်းသို့ ဝင်ရောက်လာခြင်းလည်း ဖြစ်သည်။
(၃) ဇူးရစ်
ဇူးရစ်မြို့သည် ဆွစ်ဇာလန်နိုင်ငံ၏ အကြီးမားဆုံးမြို့ကြီးဖြစ်ပြီး ပြီးခဲ့သောနှစ်က တတိယနေရာတွင် ရပ်တည်ခဲ့သည်။
(၄) ဟောင်ကောင်
ဟောင်ကောင်သည် ၂၀၁၇ ခုနှစ်က ကမ္ဘာ့လူနေမှုအကြီးမားဆုံးမြို့ကြီးများစာရင်းတွင် နံပါတ် ၂ နေရာ၌ ရပ်တည်ခဲ့ပြီး ယခုနှစ်တွင် ၂ နေရာအထိ ပြုတ်ကျသွားခြင်းဖြစ်သည်။ ဟောင်ကောင်သည်လည်း ကမ္ဘာပေါ်တွင် လူသုံးကုန်ပစ္စည်းဈေးအကြီးဆုံးမြို့ကြီးများတွင် တစ်ခုအပါအဝင် ဖြစ်သည်။
(၅) အော့စ်လို
နော်ဝေနိုင်ငံ၊ အော့စ်လိုမြို့သည် ယခင်က နံပါတ် ၁၁ နေရာတွင် ရပ်တည်ခဲ့ပြီး ယခုနှစ်တွင် အဆင့် ၆ ခုခန့် ခုန်တက်လာကာ နံပါတ် ၅ သို့ ရောက်ရှိလာသည်။
(၆) ဂျီနီဗာ
ဆွစ်ဇာလန်နိုင်ငံ၏ ဒုတိယအကြီးမားဆုံးမြို့ကြီး ဂျီနီဗာသည် ကုလသမဂ္ဂနှင့် ကြက်ခြေနီအဖွဲ့များ ရုံးစိုက်ရာဖြစ်ပြီး အိမ်သုံးပစ္စည်း၊ ကျန်းမာရေး၊ အပန်းဖြေမှု၊ ဖျော်ဖြေရေးကဏ္ဍတို့တွင် ကုန်ကျစရိတ် အကြီးမားဆုံးမြို့ကြီးများ၌ အပါအဝင်ဖြစ်သည်။ ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် အဆင့် တစ်နေရာခုန်တက်လာသည်။
(၆) ဆိုးလ်
တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်သည် စင်္ကာပူနည်းတူ ယခင်နှစ် အဆင့်နေရာတွင်ပင် ဆက်လက်ရပ်တည်နေခြင်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်အတွင်းကလည်း ဂျီနီဗာနှင့်အတူ နံပါတ် ၆ နေရာတွင် ပူးတွဲရပ်တည်ခဲ့ဖူးသည်။
(၈) ကိုပင်ဟေဂင်
ဒိန်းမတ်နိုင်ငံ၏ မြို့တော် ကိုပင်ဟေဂင်သည် ကမ္ဘာ့လူနေမှုစရိတ် အကြီးမြင့်ဆုံးမြို့များစာရင်းတွင် ပါဝင်လာခြင်းအကြောင်းရင်းမှာ သယ်ယူပို့ဆောင်စရိတ်၊ အပန်းဖြေမှု၊ ကျန်းမာရေးစရိတ်များ ကြီးမြင့်ခြင်းကြောင့် ဖြစ်သည်။ ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် တစ်နေရာမြင့်တက်လာသည်။
(၉) တဲလ်အဗစ်
အစ္စရေးနိုင်ငံတွင် ဂျေရုစလင်ပြီးလျှင် ဒုတိယမြောက်လူနေအထူထပ်ဆုံးမြို့ကြီးတဲလ်အဗစ်သည် လွန်ခဲ့သော ၅ နှစ်ခန့်က ကမ္ဘာ့လူနေမှုစရိတ်ကြီးမြင့်သည့် မြို့ကြီးများစာရင်းတွင် နံပါတ် ၃၄ တွင်သာရှိခဲ့သည်။ ငွေတန်ဖိုးမြင့်တက်ခြင်းနှင့် သယ်ယူပို့ဆောင်စရိတ်များ ကြီးမားလာခြင်းကြောင့် ကမ္ဘာ့ထိပ်တန်းမြို့ကြီး ၁၀ မြို့စာရင်းတွင် ပါဝင်လာခြင်း ဖြစ်သည်။
(၁၀) ဆစ်ဒနီ
သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့သည် ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၄ နေရာအထိ ခုန်တက်လာသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.