13 January, 2019

ဘတ်ငွေသန်းငါးရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်သူ မြန်မာနိုင်ငံသားကို ထိုင်း စစ်တပ် ဖမ်းဆီး

ဘတ်ငွေသန်းပေါင်း၅၇၀တန်ဖိုးရှိ ရာအိုင့်(ရေခဲ) မူးယစ်ဆေးဝါးများကို မော်တော်ယာဉ်တစ်စီးဖြင့် သယ်ဆောင် လာသည့် မြန်မာနိုင်ငံသား တစ်ဦးအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ အနီးတွင် ထိုင်းစစ်တပ် စစ်ဆင်ရေး အဖွဲ့က ဖမ်းဆီးရမိထားကြောင်း Social Action for Children and Women အဖွဲ့မှသိရသည်။
ယင်းကဲ့သို့ မူးယစ်ဆေးဝါး အမြောက် အမြားဖြင့် မြန်မာနိုင်ငံသား ကို ဖမ်းဆီးရမိမှုအား ထိုင်းရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၀ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြောဆိုခဲ့ပြီး အဆိုပါမြန်မာနိုင်ငံသားမှာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် အခြေချနေထိုင်သူ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ၉ရက်နေ့ ည ၉ နာရီ ကျော် တွင် မယ်ဆိုင်မြို့မှ ဝင်ဖန်ခန်ခရိုင်၊ပေါင်ပကျေးရွာသို့ မောင်းနှင်လာသည့်မော်တော်ယာဉ်တစ်စီးကိုထိုင်းနယ်ခြားစောင့်တပ်နှင့်ထိုင်းစစ်တပ်စစ်ဆင်ရေးအဖွဲ့တို့က စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ယာဉ်က နောက်ပြန်လှည့်ပြေးခဲ့သဖြင့် နောက်မှ လိုက်ဖမ်းရာ မော်တော်ယာဉ်မှာ လမ်းဘေးသို့ ထိုးကျ တိမ်းမှောက် သွားခဲ့သည်။
ထို့ကြောင့်မော်တော်ယာဉ်ကိုစစ်ဆေးရာယာဉ်အတွင်းမှဆာလာအိတ်ကြီး (၁၂)အိတ်ဖြင့်ထည့်ထားသည့် ရာအိုင့်(ရေခဲ) မူးယစ်ဆေး ကီလို ၃၀ဝနှင့်အတူ အဆိုပါမြန်မာနိုင်ငံသား ကိုဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ထိုင်းနိုင်ငံသားမှာမူ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
ဖမ်းဆီးရမိခဲ့သည့်မူးယစ်ဆေးဝါးများမှာ ရောင်းအားကောင်းပြီး နိုင်ငံတကာသို့ တင်ပို့နေရသည့် အမျိုးအစားဖြစ်ကာ၊ရာအိုင့် တစ်ကီလိုတွင် (၁၀ဝ၀)ဂရမ် ရှိပြီး၊တစ်ဂရမ်လျှင်ထိုင်းဘတ်ငွေတန်ဖိုး(၁၉၀ဝ)မှ(၂၀ဝ၀)ကျော်အထိတန်ကြေးရှိသဖြင့် ယခုဖမ်းဆီးရမိသည့် ရာအိုင့် ကီလို ၃၀ဝ သည် ထိုင်းဘတ်ငွေ သန်း ၅၇၀ အနည်းဆုံးတန်ကြေးရှိကြောင်း တွက်ချက်ပြထားသည်။
==========
The Myanmar Times Daily Newspaper – Myanmar Version
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.