12 January, 2019

ပြည်သူ့ ဂုဏ်ရည်ဆုကို ရန်ကုန်မြို့ ဘားလမ်း မွတ်စလင် ဆေးရုံရရှိ

နိုင်ငံတကာရောက် မြန်မာမိသားစု များရဲ့ လှူးဒါန်းငွေများနဲ့ ချီးမြှင့်တဲ့ န၀မအကြိမ်မြောက်၂၀၁၈ခုနှစ် ပြည်သူဂုဏ်ရည်ဆုကို ရန်ကုန်မြို့ ဘားလမ်း မွတ်စလင်ကုသိုလ်ဖြစ် ဆေးရုံကို ရွေးချယ်လိုက်ပါတယ်။ ခုလိုရွေးချယ်လိုက်တဲ့အကြောင်း မေလ ၂၆ရက်နေ့စနေနေ့မှာ အမေရိကန်နိုင်ငံ နယူးယောက်ပြည် နယ် မှာပြုလုပ်တဲ့ ပြည်သူ့ဂုဏ်ရည်ဆု ကြေညာပွဲအခန်းအနားမှာကြေညာ သွားခဲ့ပါတယ်။
ဆုရရှိတဲ့ မူစလင်ကုသိုလ်ဖြစ်ဆေးရုံကို ဆုငွေ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ချီးမြှင့်မှာဖြစ်ပြီး အထူးဆုအဖြစ် အဖွဲ့အစည်းသုံးခုကိုလည်း ရွေးချယ် လိုက်ပါတယ်။ အထူးဆုရရှိသူတွေကို ဒေါ်လာ ၁၀၀၀ချီးမြှင့်မှာဖြစ်ပါတယ်။ ဆုရရှိသူတွေနဲ့ပတ်သက်ပြီး ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ရေးအဖွဲ့က ဘဏ္ဍာရေးမှူး ဦးကျော်ဝဏ္ဏက
“  ဒီနှစ်မှာ အထူးဆုသုံးဆုနဲ့ ပြည်သူ့ ဂုဏ်ရည်ဆုကို  ချီးမြှင့်ပါတယ်။ အထူးဆုသုံးဆုကို နွမ်းပါးပညာရေး အလှူအဖွဲ့၊ ဒေါက်တာမြတ်စန္ဒာသန့် မြင့်မိုဃ်မေတ္တာ နားခိုရာဂေဟာ တည်ထောင်သူရယ်၊ မန္တလေးမြို့မှာရှိတဲ့ ယုံကြည်ရာ အသိပညာပြန့်ပွားရေး အသင်း တို့ဖြစ်ပါတယ်။ ဒီသုံးဖွဲ့ဟာ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ရဲ့ အထူးဆုတွေရရှိပြီး ၂၀၁၈အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို ရန်ကုန်မြို့ ဘားလမ်းမှုစလင် ကုသိုလ်ဖြစ် ဆေးရုံရရှိပါတယ်။ “
ဆုများကိုရွေးချယ်ရာမှာ အမေရိကန် ပြည်ထောင်စု၊ ဂျပန်၊ ဗြိတိန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ ရှိတဲ့ ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ရေးအဖွဲ့ခွဲ၂၀မှာပါဝင်တဲ့ မြန်မာမိသားစုတွေက အသီးသီးရွေးချယ်ကြပြီး ဗဟိုအလုပ် အမှုဆောင်ကော်မတီကို အမည်စာရင်း များ ပေးပို့ကြတာဖြစ်ပါတယ်။ ပေးပို့လာတဲ့ အမည်စာရင်းတွေထဲက မဲအများဆုံးရရှိတဲ့ ပုဂ္ဂိုလ် အဖွဲ့ အစည်းတွေကို ဆုချီးမြှင့်တာ ဖြစ်ပါတယ်။ ခုလိုချီးမြှင့်မဲ့ ဆုငွေများ ကို မြန်မာနိုင်ငံကို လာရောက်ချီးမြှင့် မှာဖြစ်ပါတယ်။
ဆုချီးမြှင့်တဲ့ ဆုငွေတွေအတွက်လည်း အဲ့ဒီနိုင်ငံလေးနိုင်ငံမှာ နေထိုင်တဲ့ မြန်မာမိသားစုများက အလှူငွေများ ထည့်ဝင်ကြတာဖြစ်ပါတယ်။
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.