• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

05 September, 2018

ရိုဟင်ဂျာ ကိစ္စ ကုလက အရေးယူမှုပြု လျှင် တရုတ်က ဆက်လက် ပိတ်ဆို့မှာ မဟုတ်ဘူးလို့ ပြော

Image may contain: 1 person, text

ဝမ်စွေ့ ၀မ်စွေ့ ၀မ်းဝမ်းစွေ့ + + +
ရိုဟင်ဂျာကိစ္စနဲ့ ပတ်သတ်ပြီး ကုလက အရေးယူလာတော့မယ်ဆိုရင် တရုတ်က ဆက်လက်ပြီး ပိတ်ဆို့သွားတော့မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
၂၀၁၈ သြဂုတ်လ ၂၈ ရက်နေ့တုန်းက ဘေဂျင်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ် နိုင်ငံခြားရေး ဌာန   ပြောခွင့်ရအမျိုးသမီး ဟွာချမ်းရီ Hua Chunying က သတင်းထောက်တွေကို ပြောကြားရာ မှာ နောက် ပိုင်း   မြန်မာနိုင်ငံကို ကုလသမဂ္ဂက ပြင်းထန်တဲ့ အရေးယူမှုတွေ ချမှတ်လာလို့ရှိရင် တရုတ်နိုင်ငံ က နောက်ထပ် ပိတ်ဆို့မှုတွေကို ဆက်လုပ်တော့မှာ မဟုတ် ပေမဲ့ ဒီလို မြန်မာ အစိုးရအပေါ်ဒဏ်ခတ်ပိတ်ဆို့ မှုတွေ၊ မြန်မာနိုင်ငံ ကိုဝေဖန်ပြောဆိုတာတွေဟာ ပြဿနာကို ကူညီဖြေရှင်းရာရောက် မယ်လို့ သူ မယုံကြည်တဲ့ အကြောင်း   ပြောသွားပါတယ်။ Source: AP
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချမ်းရီရဲ့ မှတ်ချက်ပြုပြောစကားဟာ   မြန်မာ စစ်ခေါင်းဆောင်တွေ ကို ရိုဟင်ဂျာ တွေအပေါ် Genocide လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ခုံရုံးတင်သင့်တယ်လို့ ကုလ ထိပ်တန်းအဖွဲ့စည်းတစ်ခုဖြစ်တဲ့ လူ့အခွင့်ရေး ကောင်စီရဲ့ စုံစမ်းရေးမှူးတွေက တောင်းဆိုအပြီးမှာ အခုလိုမှတ်ချက်ပြုထွက်ပေါ်လာတာ ဖြစ်ပါတယ်။
တရုတ်ဟာ ကုလ လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ICC လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာခုံရုံးကို ပို့တဲ့ကိစ္စရပ်တွေမှာ ဗီတိုကို သုံးစွဲပြီး ပိတ်ဆို့လို့ရတဲ့နိုင်ငံဖြစ်ပါတယ်။ အခုလို မှတ်ချက်ပြုစကားကြောင့် အိုင်စီစီ လမ်းပွင့်ဖို့မျှော်လင့်ချက်ရှိလာခဲ့ပြီ ဖြစ်ပါ တယ်။ တရုတ်ဟာ ပဋိပက္ခဖြစ်စဉ်အတွင်း မြန်မာအစိုးရကို ရှုံချဖို့ ရေငုံနှုတ်ပိတ်နေခဲ့ပါတယ်။
ဟွာက ပြောကြားရာမှာ ရိုဟင်ဂျာအရေးအခင်းဟာ ဘာသာရေးနဲ့ လူမျိုးရေးနောက်ခံသမိုင်းကြောင်းတွေ အရှုပ်ထွေးတွေရှိနေတဲ့ ကိစ္စ တစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံကတော့ သင့်တော်တဲ့အဖြေတစ်ခုကို ရှာဖို့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေပဲ ပါဝင်ဖို့ ဆန္ဒရှိ နေတဲ့အကြောင်း ပြောကြားသွားတာပါ။
“ကုလက သက်ဆိုင်တဲ့ဆွေးနွေးပွဲတွေ၊ အရေးယူမှုတွေ မဖြစ်အောင်လို့ တရုတ်နိုင်ငံက ပိတ်ဆို့ထားတယ်ဆိုပီး ရှင်ပြောခဲ့တယ်နော်။ အဲဒါကို ကျမ သဘောမတူပါဘူး — လို့ ဟွာက နိုင်ငံခြားရေး ၀န်ကြီးဌာန ရဲ့ နေ့စဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ မေးခွန်းတစ်ခုကို တုန့် ပြန်သွားတာ ဖြစ်ပါတယ်။ တစ်ဖက်သတ် အမိန့်ချမှတ် တာတွေ၊ ဝေဖန်တာတွေဟာ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ အထောက်ကူဖြစ်စေ တယ်လို့ ကျမ မထင်ပါဘူး- – – ဆိုတဲ့အကြောင်း ၀ါရှင်တန်ပိုစ် သတင်းစာကြီးမှာ ဖော်ပြထားပါတယ်။
မူရင်းသတင်း Source: Asia & Pacific
China: Sanctions, criticism won’t help settle Rohingya issue
Washington Post
Ko Richard Smith ဘာသာပြန်သည်။
Share:

UN: Military leaders must be prosecuted for Rohingya atrocities

CHARGES OF GENOCIDE : လူမျိုးတုန်းသတ်ဖြတ်မှု ( ဘာတွေ ပြုလုပ်ခဲ့သလဲ )


https://abcnews.go.com/…/military-leaders-prosecuted-rohing
Share:

မြန်မာတပ်ဖွဲ့ ကျုးလွန်မှု မုချ အရေး ယူရမယ် လို့ ဗြိတိန်ပြောကြား



Image may contain: 1 person, suit

■ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ဂျရယ်မီ ဟန့် က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်တွေ ကို မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေက လူမျိုးတုံးရှင်းလင်းမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး   နိုင်ငံတကာ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတခုကို ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေစဉ် ဒီလအတွင်း နယူးယောက်မြို့မှာ သူကမကထပြုလုပ်ဖို့ ရည်မှန်းထားပါတယ်လို့ ပြောကြားရင်း လူမျိုးတုံး ရှင်းလင်းမှု ကို မည်သည့်ပုံစံ မည်သည့် အခြေအနေမျိုးမှာမှ လက်မခံနိုင်ပါဘူး၊ တာဝန်ရှိသူတွေကို တရားဥပဒေ အရ ကြိမ်းသေမုချ အရေးယူရမှာ ဖြစ်တယ်လို့ မနေ့က ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် သူ့အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော်ခေါင်းဆောင်တွေကိုလည်း တွေ့ဆုံလိုကြောင်း၊ မြေပြင်က ပကတိအခြေအနေတွေကိုကိုယ်တိုင်ကိုယ်ကျ လေ့လာကြည့်ရှုပြီး မြန်မာ ခေါင်းဆောင်တွေနဲ့အဲဒီလို တွေ့ဆုံခွင့်ရရင် ပိုမိုခိုင်မာမှာဖြစ်လို့ အင်မတန်အရေးကြီးကြောင်းလည်း ဂျရမီ ဟန့် ကပြောပါတယ်။
တဆက်တည်းမှာပဲ ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီ အချက်အလက် ရှာဖွေရေးအဖွဲ့က ကာကွယ်ရေးဦးစီးချုပ်နဲ့ တခြား တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ၅ ယောက်ကို ICC ခေါ် နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်ဖို့ ထောက်ခံတင်ပြခဲ့တာနဲ့ စပ်လျဉ်းပြီး ဗြိတိန်ဝန်ကြီးက အဲဒီလို အရေးယူဖို့အတွက် လုံခြုံရေးကောင်စီက ဆုံးဖြတ်ရမှာဖြစ်ကြောင်း၊ အခုအခြေအနေအရ ဒီကိစ္စအတွက် ကန့်ကွက်သူမရှိ ဆုံးဖြတ်နိုင်ပါ့မလားဆိုတာ မသေချာကြောင်း၊ ဒါပေမဲ့ ပြစ်မှုကျူးလွန်ခဲ့သူတွေ တရားဥပဒေရှေ့မှောက် ရောက်ရှိရေးအတွက် ဘယ်လိုနည်းလမ်းမှ မကျန်အောင် စေ့စပ်စွာ ကြိုးစားမှာဖြစ်ကြောင်း ကတိပြုပြောကြားပါတယ်။
အခု ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ပဋိပက္ခမှာ စည်းကမ်းကန့်သတ်မှုဘောင်တခုကို ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။ ယဉ်ကျေး တဲ့ လူ့ဘောင်ကို ယုံကြည်တန်ဖိုးထားတဲ့ နိုင်ငံတွေအနေနဲ့ တရားဥပဒေနဲ့အညီ လိုက်နာရပ်တည်ဖို့ လိုအပ်လှပါတယ်လို့လည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ဂျရယ်မီ ဟန့် က ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ မနေ့က ထုတ်ဝေတဲ့ The Wall Street Journal မှာတော့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ယောက်ကို ထောင်ဒဏ် ၇ နှစ်စီ အပြစ်ပေးခဲ့တာဟာ မြန်မာပြည်ရဲ့ သတင်း မီဒီယာ လွတ်လပ်ခွင့်ကို ရိုက်ချိုးမှုဖြစ်တယ်လို့ အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂက ထုတ်ဖေါ်ပြောကြား ခဲ့ကြောင်း၊ အခုအချိန်မှာ ဒီပြဿနာဟာ သတင်းထောက်တွေကို ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအရ လွှတ်ငြိမ်းချမ်းသာ ခွင့်ပေးနိုင်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအပေါ် မူတည်နေပြီဖြစ်ကြောင်းနဲ့ သူမ အနေနဲ့ ဒီမိုကရေစီ စံသတ်မှတ်ချက်တွေကို အခုအချိန်ထိ သစ္စာရှိရှိ ကတိပြု လိုက်နာနေဆဲပဲလား ဆိုတာကို စမ်းသပ်မှုအဖြစ် စောင့်ကြည့်ရမှာ ဖြစ်ကြောင်း ရေးသားထားပါတယ်။
Photo: SAUL LOEB / AFP
Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.