• North Korea launches missile despite US tensions
    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.
  • This is default featured slide 2 title
    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
  • This is default featured slide 3 title
    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
  • This is default featured slide 4 title
    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
  • This is default featured slide 5 title
    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
14 July, 2018
မြန်မာဝန်ကြီးဌာန နှစ်ခုအပေါ် ကန် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှုချမှတ်
အမေရိကန် အမိမြေ လုံခြုံရေးဌာနရဲ့ အရေးယူဆောင်ရွက်မှုအရ သက်ဆိုင်ရာ အစိုးရ၀န်ကြီးဌာန အရာရှိကြီးတွေနဲ့ မိသားစုဝင်တွေကို က ဇူလိုင်လ (၉)ရက်နေ့ကတည်း ဗီဇာထုတ်ပေးတာ ရပ်ဆိုင်းဖို့ မြန်မာ နဲ့ လာအို နိုင်ငံက အမေရိကန်သံရုံးတွေကို နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ညွန်ကြားချက် ပေးပို့ထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။
မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။
ဇူလိုင်လ (၁၀)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အမေရိကန် အမိမြေလုံခြုံရေးဌာနရဲ့ ကြေညာချက်အရ ဗီဇာပိတ်ပင်အရေးယူမှု အစီအစဉ်ကို အမေရိကန်နိုင်ငံခြားရေးဌာန နဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ အဓိက မြန်မာ ၀န်ကြီးဌာန နှစ်ခုဖြစ်တဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန နောက် ပြည်ထဲရေးဝန်ကြီးဌာန တွေက လက်ရှိ ညွန်ကြားရေးမှူးချုပ်ရာထူးအဆင့်အပါအ၀င် သူရဲ့ အထက် ၀န်ကြီးအဆင့်ထိ အရာရှိကြီးအားလုံးနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အလုပ်သဘောပဲဖြစ်ဖြစ်၊ အလည်အပတ်ပဲဖြစ်ဖြစ် B1၊ B2 nonimmigrant ဗီဇာတွေကို ဇူလိုင်လ (၉)ရက်က စတင်ပြီး ချွင်းချက် အကန့်အသတ်နဲ့ ပိတ်ပင်အရေးယူလိုက်ကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
မြန်မာနဲ့ လာအို အစိုးရတွေဟာ အမေရိကန်က ပြည်နှင်ဒဏ်ပေးလိုက်တဲ့ သူတို့နိုင်ငံသားတွေကို ပြန်ပြီးလက်ခံဖို့ ငြင်းပယ်တာ ဒါမှမဟုတ် ခိုင်လုံတဲ့ အကြောင်းပြချက်မပေးပဲ နှောင့်နေးနေတာ စတဲ့ အချက်တွေကြောင့် အရေးယူဖို့ အမေရိကန် အမိမြေလုံခြုံရေးဌာန ၀န်ကြီး Kirstjen M.Nielsen က နိုင်ငံခြားရေးဝန်ကြီး Pompeo ကို အကြောင်းကြားခဲ့တာဖြစ်ကြောင်း အင်္ဂါနေ့ နှောင်းပိုင်းက ထုတ်ပြန်တဲ့ အမိမြေလုံခြုံရေးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီးက ဗွီအိုအေကို အခုလိုပြောပါတယ်။
“မြန်မာနဲ့ လာအိုတို့နဲ့ ပတ်သက်ပြီး အမိမြေ လုံခြုံရေးထံက လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသား အက်ဥပဒေပုဒ်မ ၂၄၃ (ဃ) အရ အမေရိကန်နိုင်ငံခြားရေးဌာနထံ ပေးပို့တဲ့ အကြောင်းကြားစာကို လက်ခံရရှိပါတယ်။ အဲဒီဥပဒေအရ ကိုယ့်နိုင်ငံသားတွေကို ပြန်လက်ခံဖို့ ငြင်းဆိုတာ ဒါမှမဟုတ် အတိုင်းအစမရှိ ကြန့်ကြာအောင် လုပ်တဲ့ နိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနကို အမိမြေလုံခြုံရေးဌာနက အကြောင်းကြားရပါတယ်။ အကြောင်းကြားစာလက်ခံရရှိပြီးတဲ့နောက် နိုင်ငံခြားရေးဝန်ကြီးက သက်ဆိုင်ရာ နိုင်ငံမှာ ဘယ်ဗီဇာ ဒါမှမဟုတ် ဗီဇာအားလုံးထုတ်ပေးတာကနေ ရပ်ဖို့ သံရုံးရဲ့ ကောင်စစ်ဝင်အရာရှိတွေကို အမိန့်ပေးရပါတယ်။ ဗီဇာကန့်သတ်မှုတွေကို ချမှတ်ရာမှာ လျှောက်ထားသူတွေရဲ့ ဘယ်အမျိုးအစားတွေအပေါ်မှာ ကန့်သတ်မယ်ဆိုတာကို နိုင်ငံခြားရေးဝန်ကြီးက ဆုံးဖြတ်ရတာဖြစ်ပါတယ်။”
ဒါအပြင် နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ညွန်ကြားချက် ပေးပို့ထားတာနဲ့ ပတ်သက်လို့လည်း သူက အခုလိုရှင်းပြပါတယ်။
“မြန်မာနဲ့ လာအိုနိုင်ငံမှာ ဗီဇာကန့်သတ်မှုတွေကို ၂၀၁၈ ဇူလိုင်လာ ၉ ရက်နေ့ကစလို့ ချမှတ်ဖို့ ကောင်စစ်ဝန်ရုံးအရာရှိတွေကို နိုင်ငံခြားရေးဝန်ကြီးက အမိန့်ပေးထားပါတယ်။ နိုင်ငံတနိုင်ငံခြင်းစီလိုက် လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသား အက်ဥပဒေပုဒ်မ ၂၄၃(ဃ) အရ ဗီဇာကန့်သတ်ခံထားရတဲ့ လျှောက်ထားသူတွေရဲ့ အမျိုးအစားတွေကို နိုင်ငံခြားရေးဝန်ကြီးက အဆုံးဖြတ်ပေးရတာဖြစ်ပါတယ်။ အမေရိကန်သံရုံး ကောင်စစ်ဝန်ရုံးရဲ့ လုပ်ငန်းတွေကတော့ ဆက်ပြီးရှိသွားမှာပါ။ အခုလို ဗီဇာ ကန့်သတ်မှုတွေဟာ ဗီဇာ ဆိုင်းငံ့ခြင်းခံထားရမှုမှာ မပါဝင်တဲ့ လူတွေရဲ့ လျှောက်လွှာတွေကို စိစစ်မှုအပါအ၀င် တခြား ကောင်စစ်ဝန်ရုံးရဲ့ လုပ်ငန်းတွေနဲ့ မပတ်သက်ပါဘူး။”
အမိမြေလုံခြုံရေးဌာနရဲ့ ကြေညာချက်မှာလည်း အခုလိုအရေးယူမှုအတွက် နောက်ဆုံး ဆုံးဖြတ်ချက် မချခင်အချိန်ထိ မြန်မာနဲ့ လာအို နှစ်နိုင်ငံအစိုးရတွေရဲ့ အဆင့်မြင့်တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ အမေရိကန်အစိုးရက သံတမန်ရေးအရ အပြန်အလှန်ဆွေးနွေးပြောဆို ကြိုးပမ်းခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ ကိုယ့်ရဲ့နိုင်ငံသားတွေကို ပြန်ပြီးလက်ခံဖို့ ခရီးသွားလက်မှတ်၊ ပတ်စ်ပို့ စတာတွေကို ထုတ်ပေးဖို့ ငြင်းပယ်တဲ့ နိုင်ငံတွေကြောင့် အမေရိကန် လွှတ်တော်က ပြဌာန်းထားတဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားဥပဒေအရ ဆောင်ရွက်တဲ့ အမေရိကန်အစိုးရရဲ့ ပြည်နှင်ဒဏ်ခတ်အရေးယူမှုဟာ အဓိပ္ပါယ် ကင်းမဲ့စေတယ်လို့လည်း အမိမြေ လုံခြုံရေးဌာနက ပြောပါတယ်။ ဒါအပြင် သူများနိုင်ငံမှာ ပြည်နှင်ဒဏ်ပေးခံရတဲ့ ကိုယ့်နိုင်ငံသားတွေကို ပြန်ပြီးလက်ခံရမယ်ဆိုတဲ့ နိုင်ငံတကာ သဘောတူစာချုပ်ပါ အချက်တွေကိုလည်း အဲဒီနိုင်ငံတွေက ချိုးဖောက်ရာ ရောက်တယ်လို့ ဆိုပါတယ်။
ဒါအပြင် Zadvydas ဇာဗီဒါ နဲ့ Davis အမှုတွဲအပေါ်မှာ နိုင်ငံတော်တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အခြေခံရမယ်ဆိုရင် ချွင်းချက်အနည်းငယ်ကလွဲပြီး လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိသူတွေ ဒါမှမဟုတ် ထွက်ပြေးမယ့် အန္တရာယ်ရှိသူတွေလို့ ယူဆရတဲ့ တရားမ၀င်ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေ အပါအ၀င် ပြည်နှင်ဒဏ်အမိန့် ချမှတ်ခံထားရတဲ့ နိုင်ငံခြားသားတွေအနေနဲ့ ဘယ်အချိန်မှာ သူတို့ ပြန်ပို့ခံရမလဲဆိုတာကို အထင်အရှား အသေအချာမသိဘူးဆိုရင် ဒီလူတွေကို ခြောက်လ ထက်ပိုပြီး ထိန်းသိမ်းပိုင်ခွင့် မရှိဘူးဆိုတာပါ။
ဒါကြောင့် ICE ခေါ် အမေရိကန် လူဝင်မှု နဲ့ အခွန်ကြီးကြပ်ရေးဌာနအနေနဲ့ ရာဇ၀တ်ကျူးလွန်သူ အန္တရာယ်ရှိသူတွေကို ပြန်ပြီးလွှတ်ပေးနေရကြောင်း အမိမြေလုံခြုံရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
သမ္မတ Donald Trump အစိုးရလက်ထက်မှာ ပြည်နှင်ဒဏ်ပေးမှုကို အရင် အစိုးရတွေထက် ပိုမိုချမှတ်လုပ်ဆောင်လာတာတွေ့ရကြောင်း မြန်မာ အမေရိကန် လူမှုရေးအသင်း BACI ဥက္ကဌ ဒေါက်တာ Rodinga က ဗွီအိုအေကိုပြောပါတယ်။
“ကျနော်တို့ ၂၀၁၀ အထိလောက်က မြန်မာပြည်သားတွေ မြန်မာပြည်ပြန်ပို့ခံရတယ်ဆိုတာက မရှိသလောက်ပဲ။ ၁ ယောက် ၂ ယောက်ပေါ့လေ မူးယစ်ဆေးဝါးနဲ့ ၂ ခါ ၃ ခါ အဖမ်းခံရလို့ ပြန်ပို့တာရှိတယ်။ အခုကတော့ အရက်မူးပြီး ကားမောင်းတာ ၊ တခါ ၂ ခါ ဖမ်းခံရတာနဲ့ အဲဒါ မြန်မာပြည်ပြန်ပို့ဖို့ အရေးယူခံရတာမျိုးတွေရှိလာတယ်၊ ဒီ၂၀၁၈ ဖေဖော်ဝါရီလထဲမှာ မြန်မာသံရုံး ၀ါရှင်တန်ဒီစီက ပြောကြားချက်အရဆိုရင် လူ ၃၀ ကျော်လောက် အမေရိကန်ပြည်ထောင်စုကနေ မြန်မာပြည်ပြန်ပို့ဖို့ စာရင်းပေးထားတာ။”
ပြည်နှင်ဒဏ်ပေးခံရသူတွေရဲ့ မူရင်းနိုင်ငံတွေက ဒီလူတွေကို ခရီးသွားလက်မှတ် ထုတ်ပေးခြင်းမရှိတဲ့အတွက် သူတို့ရဲ့ အထောက်အထားကိုယ်ရေးအချက်အလက်နဲ့ဘယ် နိုင်ငံသားဖြစ်တယ်ဆိုတာ အတည်ပြုချက်မရမခြင်း အမေရိကန်လူဝင်မှုနဲ့ အခွန်ကြီးကြပ်ရေးဌာနအနေနဲ့ ပြည်နှင်ဒဏ်ပေးတဲ့ အစီအစဉ်ကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း အမိမြေလုံခြုံရေးဌာနက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ပြည်နှင်ဒဏ်ပေးခံရတဲ့ မြန်မာနဲ့ လာအိုနိုင်ငံသားတွေကို ပြန်လက်ခံဖို့ သက်ဆိုင်ရာ အစိုးရတွေက ငြင်းပယ်တဲ့အတွက် သူတို့တွေကို အမေရိကန်အစိုးရက ပြန်ပြီးလွှတ်ပေးနေရတဲ့အထဲမှာ ရာဇ၀တ်မှုကြီးကြီးမားမား ကျူးလွန်သူတွေတောင် ပါဝင်နေကြောင်း အမိမြေလုံခြုံရေးဌာနရဲ့ ကြေညာချက်မှာရေးသားထားပါတယ်။
အရင်သမ္မတ အိုဘားမားလက်ထက်က ပြည်နှင်ဒဏ်ပေးခံရသူတွေကို ပြန်ပြီးလက်ခံဖို့ ငြင်းပယ်တဲ့ နိုင်ငံပေါင်း ၂၃ နိုင်ငံရှိခဲ့ပါတယ်။ လက်ရှိ သမ္မတ Trump လက်ထက်မှာတော့ အဲဒီနိုင်ငံတွေထဲက ကျူဘား၊ တရုတ်၊ အီရီထရီယား နဲ့ အီရန် လေးနိုင်ငံပဲ ဆက်လက်ကျန်ရှိနေပြီး နောက်ထပ် ထပ်တိုးတဲ့ နိုင်ငံတွေအဖြစ် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ ဟောင်ကောင် အပါအ၀င် စုစုပေါင်း ၉ နိုင်ငံရှိနေကြောင်း ဗွီအိုအေ ကရရှိတဲ့ အမိမြေလုံခြုံရေးဌာနရဲ့ စာရင်းမှာ ဖေါ်ပြထားပါတယ်။
Share:
“၂၁ရာစုပင်လုံ တတိယ အကြိမ် အစည်းအဝေး စတင်“
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ( ၂၁ ရာစုပင်လုံ ) တတိယအကြိမ် အစည်းအဝေး ကို ဒီကနေ့ မနက်ပိုင်းက စတင်ပြီး နေပြည်တော်မှာ ကျင်းပနေပါပြီ။
ဒီကနေ့ ဖွင့်ပွဲ မှာတော့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်တို့ ဟာ အဖွင့်မိန့်ခွန်းပြောကြားမယ် လို့သိရ      ပါတယ် ။
အစည်းအဝေးဟာခြောက်ရက်တာကြာမြင့်မှာဖြစ်ပါတယ်။
Share:
Nasa: Chittagong will be under water in 100 years
Low-lying Bangladesh will be one of the worst sufferers of climate change and global warming. Some of the country’s coastal areas and cities are at the risk of being swallowed by the sea. Bangladesh’s biggest port city Chittagong, in particular, lies in one of the most vulnerable spots. It is among the 293 major port cities that face the risk of being inundated in the next 100 years, according to a Nasa study. Over the next century, melting glaciers could push the sea level up by 14.01cm in Chittagong. Millions of people will lose their homes and livelihood. A forecast tool, developed by Nasa scientists at Jet Propulsion Laboratory, revealed the devastating result melting ice sheets will have on coastal cities. It shows how melting glaciers can push up sea levels for the port cities. The tool predicts how sea water will be “redistributed” globally by looking at the Earth’s spin and gravitational effects. The findings have been published in the journal Science Advances. Surendra Adhikari, a co-author of the study, told the BBC that the tool would help people see the impact on their own cities. Bangladesh’s port city Chittagong will be submerged in the next 100 years along with 292 other cities, Anandabazar Patrika quoted him as saying. He said it would not be possible to save Chittagong given the current rate of sea level rise. Tokyo tops the list of the vulnerable port cities. Mumbai, New York City, London, Shanghai and Hong Kong, among others, are also in the list. Brac, in its Annual Report 2016, said around 27 million people were “predicted to be at risk” of sea level rise in Bangladesh by 2050. Senior scientist Dr Erik Ivins told the BBC that the vulnerable countries have to make plans for the next 100 years to mitigate flooding and “they want to assess risk in the same way that insurance companies do.” Bangladesh, one of the most climate vulnerablenations in the world, spends almost $1 billion annually on adapting to climate change, according to 2014 UNEP estimate. The government established a $400 million ‘Climate Change Trust Fund’ in 2009 from its own resources.
Share:
10 July, 2018
Amnesty International အစီရင်ခံစာကြောင့် မြန်မာအစိုးရအပေါ် ဖိအားတွေ လျော့ကျစေမှာလား
စည်သူအောင်မြင့်-  ပြည်တွင်းသတင်းသုံးသပ်ချက်
ပြီးခဲ့တဲ့ ရက်ပိုင်းက Amnesty International အဖွဲ့ကြီးဟာ ရိုဟင်ဂျာ အကြမ်းဖက် အဖွဲ့အစည်း တခုဖြစ်တဲ့ ARSA အဖွဲ့ရဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဟိန္ဒူဘာသာဝင် အများအပြားကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ အကြောင်း အစီရင်ခံစာ တ စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်လကုန်ပိုင်းက ဖြစ်ပျက်ခဲ့တာဖြစ်ပြီး စက်တင်ဘာ လထဲရောက်တော့ မြန်မာလုံခြုံရေး တာဝန်ရှိသူတွေက အလောင်းတွေကို ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ARSA အဖွဲ့ရဲ့ အဲဒီလို အကြမ်းဖက် လုပ်ရပ်ကို Amnesty International အဖွဲ့ကြီးက ထုတ်ဖော်လိုက်တာ၊ အဲဒီသတင်းကို ကမ္ဘာ့ နာမည်ကြီး သတင်းမီဒီယာ ပေါင်းစုံမှာ ဖော်ပြခဲ့ကြတာတွေ အတွက် မြန်မာအစိုးရ တာဝန်ရှိသူတွေဘက်က ကျေနပ်နေကြသလို၊ တပ်မတော်ဘက်ကလည်း ကြိုဆိုတယ် ဆိုပြီး သတင်းထုတ်ပြန်တာ တွေ့ကြရပါတယ်။ တကယ်တော့ Amnesty International အဖွဲ့ကြီးဟာ ARSA အဖွဲ့ရဲ့ အကြမ်းဖက် လုပ်ရပ်ကို ဖော်ထုတ်လိုက်တာသာ ဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက မူဆလင် ၅-၆ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးရတဲ့ကိစ္စ မြန်မာလုံခြုံရေးနဲ့ အစိုးရဘက်က လုပ်ရပ်တွေ မှန်ကန်တယ် ဆိုပြီး ထောက်ခံလိုက်တဲ့ သဘောမျိုးတော့ မဟုတ်ပါဘူး။ ARSA အဖွဲ့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ထုတ်ဖော်လိုက်နိုင်ရုံနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခ ပြသနာ ပြေလည်သွားမှာလား၊ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ မြန်မာ့တပ်မတော်နဲ့ အစိုးရအပေါ် ပေးနေတဲ့ ဖိအားတွေ လျော့ကျသွားနိုင်မလား ဆိုတာ ဆွေးနွေး သုံးသပ်ကြည့်ကြရအောင်ပါ။
Amnesty International အဖွဲ့ကြီးက ရခိုင်ပြည်နယ်မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာမှာ ဟိန္ဒူ အမျိုးသား ၂၀ အမျိုးသမီး ၁၀ ယောက် ၊ ကလေး ၂၃ ယောက်နဲ့ အသက် ၈ နှစ်အောက်အရွယ် ကလေး ၁၄ ယောက်ကို ARSA အကြမ်းဖက်အဖွဲ့က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ AIအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွေကို ရောက်သွားတဲ့ အသက်မသေ ကျန်ရစ်တဲ့ ဟိန္ဒူဘာသာဝင်တွေကို တွေ့ဆုံခွင့်ရခဲ့သလို၊ အလောင်းတွေကို စစ်ဆေးခဲ့တဲ့ ဆေးစစ်ချက်တွေအရလည်း သတ်ဖြတ်မှုကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Amnesty International အဖွဲ့အနေနဲ့ သတ်ဖြတ်မှု ဖြစ်ပွားရာ ခမောင်းဆိပ် ကျေးရွာဘက်ကို သွားရောက်လေ့လာခွင့်ရဖို့ မြန်မာအာဏာပိုင်တွေ ဘက်ကို တောင်းဆိုပေမယ့် ခွင့်ပြုချက် မရခဲ့ပါဘူး။ အဲဒီမှာ နေထိုင်တဲ့၊ အသက်မသေသူတွေလည်း ပါဝင်တဲ့ ဟိန္ဒူဘာသာဝင် တချို့ကို အာဏာပိုင်တွေက ခေါ်ယူပေးလို့ စစ်တွေမြို့မှာ တွေ့ဆုံမေးမြန်းခွင့်ရခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် AI အဖွဲ့ကြီး အနေနဲ့ ARSA အဖွဲ့ဟာ အပြစ်မဲ့ ဟိန္ဒူဘာသာဝင် ရွာသူရွာသား ကလေးသူငယ်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်ဆိုတာကိုတော့ အတည်ပြုနိုင်ခဲ့ပါတယ်။
ပြောရရင် ARSA အဖွဲ့ဟာ ဟိန္ဒူ ဘာသာဝင်တွေကိုမှ ခုလို ရက်ရက်စက်စက် သတ်ဖြတ်တာ မဟုတ်ပါဘူး။ ၂၀၁၆ အောက်တိုဘာ မောင်တောက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နဲ့ အခြားရဲစခန်း နှစ်ခုကို အကြမ်းဖက် တိုက်ခိုက်ခဲ့ချိန်နောက်ပိုင်းနဲ့ ဒုတိယ တိုက်ခိုက်မှု လုပ်ခဲ့တဲ့ ၂၀၁၇ သြဂုတ်လ မကုန်ခင် ကြားကာလမှာလည်း မူဆလင်ကျေးရွာသား အတော်များများကို ရက်ရက်စက်စက် သတ်ဖြတ်တဲ့ မှုခင်းတွေ ကျူးလွန်ခဲ့ကြပါသေးတယ်။ အစိုးရဘက်ကို သတင်းပေးတယ်လို့ သူတို့ယူဆ သူတွေ၊ သူတို့ရဲ့ စည်းရုံးမှုကို မလိုက်ပါတဲ့သူတွေကို လမ်းမှာ စောင့်ဆိုင်း သတ်ဖြတ်တာ၊ မိသားစုနဲ့ အတူ ရှိနေတာကို နေအိမ်ပေါ် အထိ တက်ပြီး သတ်ဖြတ်တာမျိုး အထိ ကျူးလွန်ခဲ့ပါတယ်။ အဲဒီထဲမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့တဲ့ မူဆလင် ကျေးရွာတာဝန်ရှိသူ နှစ်ယောက် ဆိုရင်လည်း နောက်ရက်တွေမှာပဲ ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရပါတယ်။
ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ လုံခြုံရေး တာဝန်ရှိသူတွေဘက်က အကာအကွယ် မပေးနိုင်တာ၊ သူတို့ အချင်းချင်း သတ်ဖြတ်ကြတာပဲ ဆိုပြီး လျစ်လျူရှုထားခဲ့လို့ပဲ ARSA အဖွဲ့ဟာ မူဆလင် ကျေးရွာသား အတော်များများကို စည်းရုံးနိုင်ခဲ့ပြီး ၂၀၁၇ သြဂုတ်လ ရဲဌာနာနဲ့ ကင်းစခန်း ၃၀ လောက်ကို တစ်ပြိုင်နက်တည်း ၀င်ရောက် တိုက်ခိုက်နိုင်သည် အထိ အင်အားကောင်းလာတာ တွေ့နိုင်ပါတယ်။ ခြုံငုံသုံးသပ်ရရင် ARSA အဖွဲ့ အကြမ်းဖက်မှု ကျူးလွန်တာ သိပ် ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။
သူတို့ အကြမ်းဖက်တဲ့သတင်း AI အဖွဲ့ကြီးက ထုတ်ပြန်လိုက်တော့မှ နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြကြတာ တစ်ခုပဲ နည်းနည်း ထူးပါတယ်။ ဒါပေမယ့် AI ရဲ့ အစီရင်ခံစာမှာ ARSA အဖွဲ့ကိုပဲ အပြစ်ပုံချထားတာ မဟုတ်ပါဘူး။ အကြမ်းဖက်မှု ကာလ၊ တန်ပြန်နှိမ်နင်းစဉ် ကာလအတွင်း ARSA အဖွဲ့နဲ့ မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေ၊ နှစ်ဖက်စလုံးရဲ့ ကျူးလွန်မှုတွေ ဖော်ထုတ်နိုင်အောင် အဲဒီ ဒေသထဲကို သတင်းထောက်တွေ၊ AI လို အဖွဲ့မျိုးတွေ၊ ကုလသမဂ္ဂ စုံစမ်းရှာဖွေရေး အဖွဲ့လိုမျိုးတွေကို သွားရောက်ခွင့်ပေးသင့်တယ် ဆိုပြီး တောင်းဆိုထားတာ တွေ့ရပါတယ်။
ဒီအချက်တွေကိုကြည့်ရင် AI အစီရင်ခံစာကြောင့် မြန်မာအစိုးရနဲ့ တပ်မတော်က လက်ရှိ ကြုံနေရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက အရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ ဖိအားပေးခံရမှုတွေ လျော့နည်းသွားဖို့ တော့ မရှိသေးပါဘူး။ အကြောင်းကတော့ အဲဒီ ပြသနာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ လုံခြုံရေးဆိုင်ရာတွေဘက်က ပြုမူခဲ့ပုံနဲ့ လက်ရှိ ကိုင်တွယ်နေပုံတွေကို လက်မခံနိုင်ကြသေးလို့ပါပဲ။ တကယ့်အရေးကြီးဆုံး ပြသနာကတော့ ထွက်ပြေးသွားတဲ့ ၅-၆ သိန်းလောက်ရှိတဲ့ မူဆလင်တွေ မြန်မာနိုင်ငံဘက် ပြန်လာရေးလုပ်ငန်း မစတင်နိုင်သေးလို့ပါပဲ။ တနည်းအားဖြင့် လုပ်ငန်းစဉ် စတင်လာအောင် မြန်မာအစိုးရနဲ့ လုံခြုံရေး တာဝန်ရှိသူတွေဘက်က မစွမ်းဆောင်နိုင်သေးလို့ပါပဲ။ အဲဒီအထဲမှာ ဒုက္ခသည်တွေ ကိုယ်တိုင်က မြန်မာအစိုးရရဲ့ လက်ခံရေး အစီအစဉ်တွေကို အပြည့်အ၀ လက်မခံနိုင်သေးတာ၊ မြန်မာအစိုးရက လက်ခံနိုင်တယ်လို့ ပြောထားတဲ့ အတော်လေးကို နည်းပါးတဲ့ တရက် လူ ၃၀၀ လောက် အရည်အတွက်ကို ဘင်္ဂလားဒေ့ရှ် ဘက်က လက်မခံနိုင်သေးတာ၊ မူဆလင်တွေရဲ့ နေရေးထိုင်ရေး လုံခြုံရေး အာမခံချက် ပေးနိုင်မယ့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ ဒုက္ခသည် လက်ခံရေး လုပ်ငန်းစဉ်မှာ ပါဝင်ခွင့် မရသေးတာ စတဲ့ စတဲ့ ပြသနာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလို မစွမ်းဆောင်နိုင်သေးတဲ့ အတွက်လည်း ကြီးမားတဲ့ နိုင်ငံတကာ ဖိအားတွေ ရင်ဆိုင်ရဦးမှာပဲ ဖြစ်ပါတယ်။
ဒီထက် ပိုကြီးမားတဲ့ နောက်ပြသနာကြီး တစ်ခုကတော့ အကြမ်းဖက်မှုကို တန်ပြန် နှိမ်နင်းချိန် အတွင်း မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေက ကျူးလွန်ခဲ့တယ် ဆိုတဲ့ အမှုအခင်းတွေကို စုံစမ်းဖော်ထုတ်ရေး ကိစ္စပါ။ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အဲဒီ ပြသနာ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆို ဖိအားတွေ ပေးနေကြပေမယ့် မြန်မာ အာဏာပိုင်တွေ ဘက်ကတော့ ဒါနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ အထောက်အထားတွေ ပေးပါ၊ မည်သူမဆို မြန်မာနိုင်ငံဘက် ပြန်လာပြီး အထောက်အထားနဲ့တကွ အမှုဖွင့်လို့ရတယ်၊ ကျူးလွန်တာ ထင်ရှားရင် အရေးယူပေးမယ် စသဖြင့် ပြောဆိုနေကြဆဲ ဖြစ်သလို၊ တချို့ အာဏာပိုင်တွေကတော့ ဒီစွတ်စွဲချက်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောက်သွားတဲ့ ဒုက္ခသည် တချို့ရဲ့ လုပ်ကြံဖန်တီး စွပ်စွဲချက်တွေအဖြစ် ပျက်ရယ်ပြုတာမျိုးကိုတောင် တွေ့နေရပါတယ်။
ဒီအခြေအနေတွေကို ကြည့်ရင် လတ်တလော AI အဖွဲ့ရဲ့ ARSA အဖွဲ့ကနေ ရက်စက်တဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုတဲ့ အစီရင်ခံစာကြောင့် မြန်မာအစိုးရနဲ့ တပ်မတော်အပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပေးနေတဲ့ ဖိအားတွေ လျော့ကျသွားမှာ မဟုတ်ဘူး ဆိုတာ ထင်ရှားပါတယ်။ အဲလို ဖိအားတွေ ပြေလျော့ဖို့ ဆိုရင် မြန်မာအစိုးရနဲ့ တပ်မတော်ဘက်က ဒုက္ခသည်တွေ တကယ်ပြန်ဝင်လာရေး အကောင်အထည် ပေါ်လာအောင် စွမ်းဆောင်တာ၊ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်း လက်ခံလာအောင် ဖြေရှင်းပြတာ လုပ်ဖို့ကလွဲပြီး အခြားနည်းလမ်း မရှိပါကြောင်း တင်ပြလိုက်ရပါတယ်။
Share:
၁၉၃၀ မြန်မာပြည်၏ ဘဟာအီဘာသာဝင်များ
မြန်မာပြည်၏ ဘဟာအီဘာသာဝင်များ
၁၉၃၀ ပြည့်နှစ်က မန္တလေးရှိ ဘဟာအီဘာသာရေး ခေါင်းဆောင်များ။ ဘဟာအီဘာသာ ယုံကြည်သူများသည် မြန်မာနိုင်ငံ၏ အသေးငယ်ဆုံးနှင့် လူသိအနည်းဆုံးသော ဘာသာရေးလူနည်းစုများထဲမှ တစ်စုဖြစ်သည်။ မြန်မာနိုင်ငံတွင် ဘဟာအီဘာသာ ယုံကြည်သူ ရှစ်သောင်းခန့် နေထိုင်လျက်ရှိသည်ဟု ခန့်မှန်းရသည်။ ဘဟာအီ ဘာသာသည် ၁၉ ရာစုနှစ် အလယ်ပိုင်းခန့်က စတင်ပေါ်ပေါက်လာခဲ့ပြီး လက်ရှိတွင် ကမ္ဘာအနှံ့အပြား (အထူးသဖြင့် အာရှ၊ အာဖရိကနှင့် အမေရိကတိုက်)တွင် လူပေါင်း ၅ သန်းခန့် ယုံကြည်ကိုးကွယ်ကြသော ဘာသာတစ်ခုဖြစ်သည်။ ဘဟာအီဘာသာ ယုံကြည်သူများသည် ဘုရားသခင်သည် တစ်ဦးတည်း ဖြစ်ပြီး ဗုဒ္ဓ၊ မိုးဇက်၊ ယေရှုခရစ်နှင့် မိုဟာမက် အစရှိသည့် ကမ္ဘာတစ်ဝှမ်းမှ ယုံကြည်ရာ ဘာသာအမျိုးမျိုးကို တည်ထောင်သူများသည် ဘုရားသခင်၏ ကိုယ်ခွဲများသာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ၁၈၇၈ ခုနစ်တွင် ဘဟာအီ ဘာသာရေးဆရာများသည် မြန်မာပြည်သို့ ရောက်ရှိလာကြပြီး လူမျိုးအမျိုးမျိုးကို ဘဟာအီဘာသာသို့ ကူးပြောင်းရန် သင်ပြပေးခဲ့သည်။ စိတ်ဝင်စားစရာ ကောင်းလှသည်မှာ (အစ္စရေးရှိ ကာမဲလ်တောင်တွင်) မြုပ်နှံထားသော ဘဟာအီ ဘာသာရေးခေါင်းဆောင်၏ စကျင်ကျောက်ခေါင်းတလားကြီးကို မန္တလေးမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉ ၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်
ခေါင်းစဉ်များ အားလုံးကြည့်ရန်
Share:
က​လေးများ ဂူမှ ကာ်​ထုတ်​ရန်​ ဦး​ဆောင်​ ဆုံးဖြတ်​​ပေး သူမှာ သြစ​တြေလျ ​ရေငုတ်​ အထူးကုဆရာဝန်​ဖြစ်
ယနေ့ တစ်ကမ္ဘာလုံးက စိတ်ဝင်စားစွာ စောင့်ကြည့်နေရတဲ့ ထိုင်းနိုင်ငံလှိုင်ဂူထဲ က ကလေးငယ်တွေကို ကယ် ထုတ် တဲ့ Mission ကြီးတစ်ခုလုံးကို ဦးဆောင်ဆုံးဖြတ်ချက်ပေးတဲ့ သူကတော့ ထိုင်းဘုရင် လည်း မဟုတ်သလို
ထိုင်းဝန်ကြီးချုပ်လည်း မဟုတ်ပဲ
သြစတြေးလျားနိုင်ငံက Dr Richard Harris လို့ခေါ်တဲ့ ရေငုတ်ကယ်ဆယ်ရေးကျွမ်းကျင် အထူးကု ဆရာဝန် ကြီး ပဲ ဖြစ်ပါတယ်။ ကလေးငယ်တွေကို စတင်တွေ့ရှိခဲ့တဲ့ အင်္ဂလန်နိုင်ငံက ရေငုတ်သမားကြီးက သူ့ကို လာရောက်အကူအညီ တောင်းခံခဲ့တာကြောင့် လိုက်ပါအကူအညီ ပေးရခြင်းဖြစ်ပါတယ်။
အသက် ၅၃ နှစ်ရှိပြီး ရေငုတ်အတွေ့အကြုံ နှစ်ပေါင်း ၃၀ ရှိပြီဖြစ်တဲ့ Dr Richard Harris ဟာ စနေနေ့မှာ ထိုင်းနိုင်ငံ ကို ရောက်ရှိလာပြီး ရောက်တဲ့နေ့မှာပဲ ကလေးတွေရှိရာကို သွားကာ ကျန်းမာကြံ့ခိုင်ရေး ကို စစ်ဆေးပြီး ဘယ်သူတွေကို အရင်ကယ်ထုတ်ရမယ် ဘယ်သူတွေကို နောက်ဆုံးမှ ကယ်ထုတ်လို့ရတယ်လို့ သတ်မှတ်ပေးခဲ့ကာ ဒီကယ်ဆယ်ရေးအစီအစဉ်ကြီးကို တနင်္ဂနွေနေ့မှာ စလို့ရပြီလို့ မီးစိမ်းပြ ဆုံးဖြတ်ပေးခဲ့တဲ့ ရေအောက်လှိုင်ဂူ ကယ်ဆယ်ကုသရေးကျွမ်းကျင်သူ ပညာရှင်ကြီး ဖြစ်ပါတယ်
သူမီးစိမ်းပြတော့မှပဲ သြစတြေးလျနိုင်ငံသား ၁၉ ဦး ပါဝင်တဲ့ နိုင်ငံတကာရေငုတ်သမားတွေနဲ့ ထိုင်း Navy seal
ကအဖွဲ့ဝင်တွေဟာ သူ့ရဲ့ဦးဆောင်မှုအောက်မှာပဲ ကလေးငယ် ၄ ဦးကို တနင်္ဂနွေနေ့မှာ စတင်ကယ်ထုတ်ခဲ့ပြီး ယနေ့မှာ နောက်ထပ် ၄ ဦးကို ကယ်ထုတ်ခဲ့ပါတယ်။
ဒီနေရာမှာ ချီးကျူးစရာကောင်းတာက ထိုင်းတွေဟာ သူတို့နားမလည် မကျွမ်းကျင်တဲ့ နေရာမှာ သူတို့နိုင်ငံ သိက္ခာကျမှာစိုးပြီး ဆရာဝင်လုပ်တာမျိုး မရှိ တားဆီးခဲ့တာမျိုးမရှိပဲ ထိုင်းတစ်နိုင်ငံလုံး နိုင်ငံတကာက
ပညာရှင်တွေရဲ့လက်ကို ဒီကလေး ၁၃ ယောက်ရဲ့ အသက်တွေအပ်ပြီး အစိုးရရော နိုင်ငံသားတွေကပါ
ဘေးကနေ အစွမ်းကုန် အကူအညီပေးခဲ့ကြတာပါပဲ
ယနေ့မှာ ထိုင်းလူငယ်လေးတွေကို ၈ ဦးထိ ကယ်ထုတ်လာနိုင်တာနဲ့အတူ ထိုင်းပြည်သူတွေနဲ့ နိုင်ငံတကာရဲ့ ပါးစပ်ဖျားမှာ Dr Richard Harris ဟာ သူရဲကောင်း Hero တစ်ယောက် ဖြစ်လာပါတော့တယ် Australia နိုင်ငံနဲ့ Dr Richard Harris တို့အတွက် ဂုဏ်ယူလိုက်ပါတယ် ….
Congratulation Australia and Dr Richard Harris
ZN.H
Share:
မြန်မာနိုင်ငံဟာ အန္တရာယ်များ ၊ မရေရာတဲ့ လမ်းပေါ် ရောက်နေပြီလို့  ဒေါက်တာ သန့်မြင့်ဦး သတိပေး
JULY 8, 2018
BY WAWGYI1 MIN
မြန်မာနိုင်ငံ အနေနဲ့ အင်တန်မှ အန္တရာယ်များပြီး သေချာရေရာမှု မရှိလှတဲ့ အနာဂတ်လမ်းကြောင်းပေါ်ကို ယခုအချိန်ကတည်းက ရောက်ရှိနေပြီဖြစ်တယ်လို့ သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးက သတိပေးလိုက် ပါတယ်။
မူဝါဒရေးရာမဟာဗျူဟာ လေ့လာရေးအဖွဲ့ကနေ ဦးဆောင်ပြုလုပ်တဲ့ ယောမင်းကြီးဇရပ် စကားဝိုင်း ဆွေးနွေးပွဲ အတွက် သူရဲ့ ဆွေးနွေးပြောဆိုချက်မှာ အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင် သယံဇာတကို အလွန်အမင်းအားထားနေမှုနဲ့ ပတ်ဝန်းကျင်နိုင်ငံက ကြီးထွားလာမှု ၊ ပြည်တွင်းမှာ ပဋိပက္ခတွေရှိနေမှု ၊ ဆင်းရဲချမ်းသာ ကွာဟမှု ၊ ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲတွေအပေါ် မြန်မာ က အဆင်သင့်ရှိမနေမှု တို့အပေါ် သူက အခြေပြု ထောက်ပြခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာတွေအဖို့ အတိတ်က ယုံမှတ်မှားချက်တွေနဲ့ ကြွယ်ဝ ချမ်းသာမှု ၊ အတိတ်က မိမိဘာသာ ဖူလုံမှု သုံးမကုန် တဲ့ သယံဇာတတွေဆိုတဲ့ ကိစ္စတွေအပေါ် ကျော်လွန်သင့်နေပြီဖြစ်ပါတယ် လို့ ဒေါက်တာ သန့်မြင့်ဦးက ပြောပါတယ်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲရင် လူတွေဘယ်မှာနေကြမလဲ တရုတ်က အကုန်လွှမ်းမိုးသွားမလား ထိုင်းနိုင်ငံ လို မြို့ကြီးတွေဖြစ်လာမလား ၊ မြို့ငယ်ရွာငယ်လေးတွေ ဆက်ကျန်ဦးမှာလား လို့ အနာဂတ်ကာလ အတွက် ဘယ်လိုပြင်ဆင်ထားကြသလဲ ဆိုတာကို သူက မေးခွန်းထုတ်ပါတယ်။
ဥပမာအားဖြင့် အရေအတွက်ထောင်ချီတဲ့ စီးပွားရေး လုပ်ငန်းအသေးစားတွေကတဆင့် သန်းနဲ့ချီတဲ့ တရုတ်နိုင်ငံသား တွေနဲ့ အခြားနိုင်ငံသားခရီးသွား ဧည့်သည်တွေကို ဧည့်ခံနေတဲ့ မန္တလေးဟာ လူနည်းစုက ထိန်းချုပ်ထားတဲ့ စက်မှုလုပ်ငန်း အနည်းငယ်နဲ့ ယူနန်ကို ပြည်ပ ပို့ကုန်တွေတင်ပို့မယ့် မန္တလေးမြို့ နှိုင်းယှဉ်ရင် လုံးဝ ကွဲပြားနေတာ တွေ့ရမှာပါလို့ ဒေါက်တာ သန့်မြင့်ဦးက ပြောပါတယ်။
၂၀၁၁ က စခဲ့တဲ့ ကူးပြောင်းရေးကာလ ၈ နှစ်တာကာလအတွင်း အထူးသဖြင့် အခုလို နောက်ပိုင်းနှစ်တွေ အတွင်း နိုင်ငံတကာဆက်ဆံရေးမှာ တရုတ်လိုနိုင်ငံကိုပဲ အားထားရမယ့်အခြေအနေတွေ ဖြစ်နေမှု တရုတ် မဟာဗျူဟာ စီမံချက်တွေအပေါ် နိုင်ငံရဲ့ ပြင်ဆင်နိုင်မှုတွေအပေါ် ဆွေးနွေးပွဲ တက်ရောက်လာတဲ့ လေ့လာသူတွေ ကတော့ သံသယတွေနဲ့ မေးခွန်းထုတ်ခဲ့ကြပါတယ်။
လတ်တလောအတွင်းမှာပဲ မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ တရုတ်မြန်မာ စီးပွားရေး လမ်း မမှာ အဓိက လမ်းကြောင်းဖြစ်တဲ့ ကူမင်း- မန္တလေး ရထားလမ်းစီမံကိန်းအတွက် သဘောတူညီမှုကို မကြာခင်ရယူ နိုင်တော့မယ် ဆိုပြီး နိုင်ငံတကာ မီဒီယာအချို့မှာ ပြောဆိုထားတာပါ။
ဟောင်ကောင်တက္ကသိုလ်မှာ နိုင်ငံရေးနဲ့ လူထုရေးရာစီမံခန့်ခွဲမှု ဘာသာရပ်နဲ့ မြန်မာ့အရေးကို ဆက်စပ်နေတဲ့ ပါရဘွဲ့ကျောင်းသူ ဒက်ဘီချန်းကတော့ အမေရိကန် ဒေါ်လာ ဘီလီယံ ၂၀ လောက် ကုန်ကျမဲ့ စီမံကိန်းရဲ့ အပေါ် မေးခွန်းထုတ် ပြောဆိုပါတယ်။
အခုလို မန္တလေး ကူမင်းရထားလမ်းစတင်တော့မယ်ဆိုတာ ကူမင်းကျောက်ဖြူရထားလမ်းရဲ့ အစိတ်အပိုင်းဖြစ် တယ်လို့ ယုံကြည်ပါတယ်။ အကြီးမားဆုံး စိန်ခေါ်မှုကတော့ ကုန်ကျငွေ အနည်းဆုံး ဒေါ်လာဘီလီယံ ၂၀ လောက်ရှိမဲ့ စီမံကိန်းအတွက် ဘယ်လို အတိုးနှုန်းတွေ ပေးဆပ်ရမလဲဆိုတဲ့ ကိစ္စတွေပါပဲ။ အဲဒီကိစ္စတွေအတွက် သတင်းအချက်အလက် ရရှိနိုင်မှုကလည်း မရှိသလောက် နည်းပါးလှသလို ပွင့်လင်းမြင်သာမှုအတွက်လည်း မေးခွန်းထုတ်စရာဖြစ်နေတဲ့အပြင် မြန်မာအနေနဲ့ အဲဒီစီမံကိန်းမှာ အချိုးအစားဘယ်လောက်ပါဝင် ရမယ်ဆိုတာ က အစမေးခွန်းထုတ်စရာတွေပါ။ လို့ ဒက်ဘီချန်းက ထောက်ပြပါတယ်။
ကျောက်ဖြူ- ကူမင်းရထားလမ်းက ယခင်က လူထုကန့်ကွက်မှုတွေ ရှိလို့ စီမံကိန်း ခေတ္တရပ်ထားခဲ့တာလည်း ဖြစ်ပါတယ်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ရည်ရွယ်တယ်ဆိုပေမယ့်လည်း ပြည်သူအများစုအတွက် တကယ် အကျိုးဖြစ်ပါ့ မလားဆိုတာ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ စီမံကိန်းမှာ ဒေသခံတွေ လုပ်ခလစာမနိမ့်ကျပဲ အလုပ်ရနိုင်မလား စီမံကိန်းကြောင့် မြေသိမ်းမှုတွေကို ဘယ်လို ဖြေရှင်းလဲဆိုတဲ့ ကိစ္စနဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေကို ဘယ်လို အစားထိုးပေးမလဲဆိုတာ ထောက်ပြစရာဖြစ်သလို လူထုကန့်ကွက်လို့ ရပ်ထားတဲ့ စီမံကိန်းကို သဘောဆန္ဒမရယူဘဲ ပြန်လုပ်မယ် ပြောလာတာဟာ မဲပေးခဲ့တဲ့ ပြည်သူတွေအတွက်ထည့်သွင်း စဉ်းစားရဲ့လားဆိုတာ မေးစရာဖြစ်လာတယ်လို့ ဒက်ဘီချန်းက ဆိုပါတယ်။
မြန်မာအနေနဲ့ နိုင်ငံတကာနဲ့ အထီးကျန်ဖယ်ကျဉ် နေထိုင်မှုက အဖြေမဟုတ်ဘူးဆိုတာ လုံးဝ သေချာတဲ့ ရှင်းလင်းချက်ဖြစ်ပါတယ်။ကမ္ဘာလုံးဆိုင်ရာပြောင်းလဲမှုတွေနဲ့ အပြောင်းအလဲတွေအတွက် အဆင်သင့်ရင်ဆိုင်ဖို့ မြန်မာက ဘယ်နေရာမှာမှ ရှိမနေပါဘူးလို့လည်း ဒေါက်တာ သန့်မြင့်ဦးက ပြောပါတယ်။
ဒေါက်တာ သန့်မြင့်ဦးကတော့ မြန်မာအနေနဲ့ စီးပွားရေးအရ တန်းတူညီမျှမှုကို ဦးစားပေးမလား ဒါမှမဟုတ် ဆင်းရဲချမ်းသာ အကြီးအကျယ်ကွဟနေတဲ့အတိုင်း လက်ခံနေထိုင်ကြမှာလားဆိုတဲ့အချက်က မဖြစ်မနေ စဉ်းစား ရမယ့် အချက်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ လောက်က မြန်မာတွေရဲ့ လယ်သမားတွေက စုပေါင်းပြီး ပထမဆုံးမြို့ပြနိုင်ငံတွေ ထူထောင်ခဲ့ကြသလို ပိုကျယ်ပြန့်တဲ့ ကမ္ဘာနဲ့ ဆက်သွယ်ခဲ့ကြတဲ့အတွက် ဘာသာ ၊ အစိုးရစနစ် ၊ အနုပညာ ၊ သိပ္ပံနဲ့ ပတ်သက်တဲ့ အိုင်ဒီယာတွေကို တင်သွင်းလာနိုင်ခဲ့ပြီး လူအဖွဲ့အစည်း ဖွံ့ဖြိုးစေခဲ့ကာ နောက်နှစ် ၁၀၀၀ လောက်အကြာမှာ ပုဂံလို အလယ်ခေတ်သမိုင်းမှာ အထင်ကြီး ခန့်ညားဖွယ် မင်းနိုင်ငံ ပေါ်ပေါက်လာခဲ့တယ်လို့ သူက နှိုင်းယှဉ်ပြခဲ့ပါတယ်။
ရှေးအတိတ် ကြေးခေတ် နှစ်ထောင်ချီ ကြာပြီဖြစ်တဲ့ ပုဂံခေတ်ကလို မြန်မာတွေက တွေဝေဆိုင်းငံ့မနေဘဲ ပြင်ပ ဗဟုသုတွေကို လက်ခံသင့်တယ် ပိုပြီးကြီးကျယ်စွာ ဖန်တီးမှုရှိစွာတွေးခေါ်ကြဖို့လိုပြီး ဒီလိုမှမဟုတ်ရင်တော့ နိုင်ငံက ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားနိုင်တယ်လို့ ဒေါက်တာ သန့်မြင့်ဦးက သတိပေးပါတယ်။
မြန်မာအနေနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးစနစ်က မရှိမဖြစ် ပြည့်ပြည့်၀၀ ရှိရမယ့် အရာဖြစ်တယ်လို့လည်း ဒေါက်တာသန့်မြင့်ဦးက ပြောပါတယ်။
‘သူက ဗီဒီယိုမက်ဆေ့နဲ့ပဲ ပြောတယ်ဆိုပေမယ့် ထောက်ပြသွားတာတွေက သဘာဝကျပါတယ်။ သဘာဝ ပတ်ဝန်းကျင် သယံဇာတအပေါ်မှာပဲ မှီခိုနေမှု ၊ တရုတ်ရဲ့ ကြီးထွားလာမှုအပေါ် ဘာတွေပြင်ဆင်ထားသလဲ စတဲ့ အချက်တွေကို သူ့ရဲ့ ထောက်ပြမှုက ဆွေးနွေးသူတွေအတွက်ပါမက အခြား ပွဲလာတက်သူတွေအတွက်ပါ ထည့်သွင်းစဉ်းစားစရာတွေ ဖြစ်စေခဲ့တယ်။ တိုင်းပြည်မှာ တကယ်ပဲ စိုးရိမ်စရာ အခြေအနေတွေက များလာနေတယ် ‘လို့ ရန်ကုန် နိုဗိုတယ်ဟိုတယ်မှာ လုပ်တဲ့ စကားဝိုင်းကိုသွားရောက်နားထောင်ခဲ့သူ နယူးယောခ့်တိုင်းမ်သတင်းဌာန သတင်းထောက် ကိုဝေမိုးက သုံးသပ်ပါတယ်။
Credit – BBC
Share:
09 July, 2018
ရိုဟင်ဂျာဒုက္ခသည်လက်ခံရေး လုပ်ငန်းစဉ်ပေါ်မှာ မြန်မာက ယောင်ခြောက်ဆယ်လုပ် အချိန်ဖြုန်းနေတယ်လို့ ယန်းဟီလီပြော
Image may contain: 1 person, eyeglasses
ဇူလိုင် ၉၊ ၂၀၁၈ Myanmar Muslim Media
ဘင်္ဂလားဒေ့ရှ်ရောက်နေရတဲ့ရိုဟင်ဂျာတွေဒုက္ခသည်တွေကိုလုံခြုံဘေးကင်းတဲ့ပြန်လည်လက်ခံနေရာချထားရေးလုပ်ငန်းစဉ် ပေါ်မှာမြန်မာကအမှန်တကယ်ဆောင်ရွက်မှုတွေမပြသနိုင်သေးဘူးလို့ ကုလအထူးကိုယ်စားလှယ်ယန်းဟီလီက ဒီကနေ့မှာပြောကြားခဲ့ပါတယ်။
“ဒုက္ခသည်ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်ဆောင်ရွက်ဖို့မြန်မာအစိုးရကဘာမှလုပ်ဆောင်မှုတွေမရှိသလို စိတ်ဝင်စားမှုလည်းမရှိဘူးဆိုတာ ရှင်းပါတယ်”လို့ ဒါးကမြို့ကမီဒီယာတွေ့ဆုံပွဲမှာ လီကပြောကြားခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ဖြစ်ပေါ်လာဖို့အနေအထားတွေမရှိဘူးလို့ လီကဆိုထားပါတယ်။ “မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းကအခြေအနေတွေဟာတည်ငြိမ်မှု လုံခြုံမှုမရှိသလို အဲဒီမှာကျန်ရှိနေတဲ့ရိုဟင်ဂျာတွေကိုပစ်မှတ်ထား စနစ်ကျတဲ့အကြမ်းဖက်မှုတွေပြုလုပ်နေဆဲ”လို့ လီကပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟာ Cox’s Bazar ကရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ဇွန် ၂၉ရက်ကနေ ဇူလိုင်၈ရက်နေ့ထိ သွားရောက်ခဲ့ပြီး မီဒီယာတွေ့ဆုံပွဲမှာ သူမတွေ့ကြုံခဲ့ရတဲ့အခြေအနေတွေကိုပြန်လည်ပြောကြားခဲ့တာဖြစ်ပါတယ်။
The Daily Star သတင်းဌာနပါ “Myanmar dillydallying Rohingya repatriation” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
Share:
R2P နဲ့ ICC ဆိုတာ ​ခေါင်းနဲ့ ပန်း ဖြစ်​ပြီးခွဲခြားလို့မရပါဘူး
No automatic alt text available.
R2P, ICC ဆိုတာ ​ပေါ်​ပေါက်​ လာနိုင်​​ကြောင်းအထူးသတိ​ပေး ​ရေးသားလိုက်​ရပါတယ်​။လက်​​တွေ့ စစ်​​ရေးအရပါ အ​ရေးယူခံ​နေရတဲ့နိုင်​ငံ​တွေပါ။
.
R2P ၀င်​​ရောက်​ခဲ့ဘူး​သောနိုင်​ငံများ...
______________
ဒီရက်​ပိုင်း လူ​ပြောများလာတဲ့ R2P နဲ့ပါတ်​သက်​ပြီး ဘယ်​လိုနိုင်​ငံ​တွေမှာ ကုလသမဂ္ဂ က R2P အရ ၀င်​​ရောက်​ အ​ရေးယူလို့ရတယ်​ဆိုတာ သ​ဘော​ပေါက်​ကြမှာပါ။
-
R2P ဆိုတာ...
*တာဝန်​အရ အကာအကွယ်​ ​ပေးရခြင်း 
လူမဆန်​​သော ရာဇ၀တ်​မှု့ များကို အကာအကွယ်​ ​ပေးရန်​အတွက်​ ကုလသမဂ္ဂ မှ ၂၀၀၅ကမ္ဘာ့ ညီလာခံ တွင်​ ​ကြေငြာခဲ့​သော ကမ္ဘာ့နိုင်​ငံ​ရေး ​ဆောင်​ရွက်​ချက်​ဖြစ်​သည်​။
.
အထူးသဖြင့်​ တိုင်းပြည်​ အုပ်​ချုပ်​​နေသည့်​ အစိုးရ တစ်​ရပ်​က ၎င်း၏ ပြည်​သူများကိုအစုလိုက်​အပြုံလိုက်​ ဆိုးရွားသည့်​ ရာဇ၀တ်​မှု့ များ ကျူးလွန်​ ခံ​နေရခြင်းနှင့်​ လူ့အခွင့်​အ​ရေး ချိုး​ဖောက်​ ခံရခြင်းများမှ အကာအကွယ်​ မ​ပေးနိုင်​လျင်​ နိုင်​ငံတကာ က ၀င်​​ရောက်​ စွက်​ဖက်​ ကာကွယ်​ ​ပေးခြင်း    ဖြစ်​သည်​။
.
လတ်​တ​လော တွင်​ R2P အရ နိုင်​ငံတကာ အသိုက်​အ၀န်း မှ ၀င်​​ရောက်​ ​ဆောင်​ရွက်​ ​ပေးခဲ့သည့်​ နိုင်​ငံအချို့ရှိပြီး ယင်းနိုင်​ငံအချို့ ကိုစုစည်း​ဖော်​ပြ​ပေး လိုက်​ပါသည်​။
.
ကင်​ညာ(၂၀၀၇-၂၀၀၈)
========
2007 ဒီဇင်​ဘာလ မှာ ပြုလုပ်​ခဲ့တဲ့ ကင်​ညာ​ရွေး​ကောက်​ပွဲ မှာ အနိုင်​ရသူနဲ့ ရှုံးနိမ့်​သူ​တွေအကြား ​ပေါ်​ပေါကလာတဲ့ အဓိကရုဏ်း​တွေ​ကြောင့်​ လူ​ပေါင်း ၁၀၀၀ ​ကျော်​ ​သေဆုံးခဲ့ရပြီး လူ​ပေါင်း ငါးသိန်း ​ကျော်​ အိုးပစ်​အိမ်​ပစ်​ထွက်​​ပြေးခဲ့ကြရပါတယ်​။ 
.
ဒါ့​ကြောင့်​ နိုင်​ငံတကာ က R2P အရ ချက်​ခြင်း ကြားဝင်​ပြီး အ​ခြေအ​နေ ကို ထိန်းသိမ်း ခဲ့ပါတယ်​။
.
အိုင်​ဗရီကိုစ်​(၂၀၁၁)
======
၂၀၁၁ မတ်​လ အိုင်​ဗရီကိုစ်​ နိုင်​ငံမှာ ​ရွေး​ကောက်​ပွဲ များအပြီး သမ္မတ ​ဟောင်းက​ရွေး​ကောက်​ပွဲ အနိုင်​ရ သမ္မတ သစ်​ကို အာဏာ လွှဲ​ပြောင်း      မ​ပေးဘဲ ငြင်းဆန်​ခဲ့ရာကပဋိပက္ခ ​တွေဖြစ်​ပွားခဲ့လို့ ကုလသမဂ္ဂ ၏ UN OCI ဟာ အိုင်​ဗရီကိုစ်​ နိုင်​ငံထဲ  ၀င်​​ရောက်​ပြီး လိုအပ်​ပါက  "စစ်​​ရေးအရပါ ​ဆောင်​ရွက်​ခွင့်​ "ရရှိခဲ့ပါတယ်​။
.
သမ္မတ ​ဟောင်းကို ICC မှာ လူသတ်​မှု့ ၊ မုဒိမ်းမှု့ ၊ခြိမ်း​ခြောက်​မှု့ နဲ့ အခြားအမှု့များစွာမှာ သွယ်​၀ိုက်​ ပါဝင်​မှု့ဖြင့်​ စွဲချက်​တင်​ တရားစွဲ ခံရပါ  တယ်​။
.
လစ်​​ဗျား(၂၀၁၁)
======
လစ်​​ဗျား အ​ရေးက ပထမဆုံး စစ်​​ရေးအရပါဝင်​​ရောက်​ပြီး အ​ရေးယူ​ဆောင်​ရွက်​ ခဲ့တဲ့ ပထမဆုံး R2P. ​ဆောင်​ရွက်​ချက်​ ဖြစ်​ပါတယ်​။
.
အာဏာရှင်​ သမ္မတ ကဒါးဖီး ရဲ့ တပ်​​တွေကပြည်​သူ​တွေ အ​ပေါ် ရက်​ရက်​စက်​စက်​ အကြမ်းဖက်​ တိုက်​ခိုက်​​နေတာ​တွေ လုပ်​လာကြတဲ့အတွက်​ ရ၀မ်​ဒါ လူမျိုးတုံး  သတ်​ဖြတ်​မှု့ လို့ မဖြစ်​​အောင်​လို့ တားဆီး ရန်​ အတွက်​ ကုလသမဂ္ဂ လုံခြုံ​ရေး ​ကောင်​စီ အ​ရေး​ပေါ် ​ခေါ်ယူပြီး သတိ​ပေးခဲ့တဲ့ အပြင်​ ICC ကို လွှဲ​ပြောင်း​ပေးဘို့ လုံခြုံ​ရေး ​ကောင်​စီက ဆုံးဖြတ်​ခဲ့ပါတယ်​။
.
၂၀၁၁ မတ်​လ ၁၇ မှာ လစ်​​ဗျား နိုင်​ငံအတွင်းတိုက်​ခိုက်​ ခံ​နေရတဲ့ ပြည်​သူ​တွေ ကို  အကာအကွယ်​ ​ပေးဘို့အတွက်​ လစ်​​ဗျား နိုင်​ငံရဲ့ ဘယ်​      အစိတ်​အပိုင်း ကိုမဆို စစ်​​ရေးနည်းကို အသုံးပြုနိုင်​​ကြောင်း ကုလသမဂ္ဂ ကခွင့်​ပြုချက်​ ​ပေးခဲ့ပါတယ်​။ ဒါ့​ကြောင့်​ NATOတပ်​ဖွဲ့​တွေ က ကဒါးဖီး ရဲ့ တပ်​ဖွဲ့  ​တွေကိုဗုံးကြဲ တိုက်​ခိုက်​ကြလို့ ​နောက်​ဆုံး မှာ ကဒါးဖီး အစိုးရပြုတ်​ကျပြီး အာဏာရှင်​ ကဒါးဖီးကိုယ်​တိုင်​ မရှု့မလှ ​သေဆုံးခဲ့ရပါတယ်​။
.
ဗဟိုအာဖရိက သမ္မတ နိုင်​ငံ(၂၀၁၃)
==========
၂၀၁၂ ဒီဇင်​ဘာလ မှာ ဗဟိုအာဖရိက  (CAR) မှာရှိတဲ့ ဆယ်​လီကာ လက်​နက်​ကိုင်​ များနဲ့ အစိုးရ တို့အကြား သ​ဘောထား မတူညီလို့ ပဋိပက္ခ ဖြစ်​ကြရာမှ ...
ဘာသာမတူသူ​တွေအ​ပေါ် လူ့အခွင့် အ​ရေးချိုး​ဖောက်​ ကြရာမှ တိုက်​ပွဲ ​တွေဖြစ်​ပွားပြီးလူ​လေးသိန်း​လောက်​ အိုးအိမ်​မဲ့ဖြစ်​၊ လူ​ပေါင်း၆၅၀၀၀ က တဖက်​နိုင်​ငံကို ထွက်​​ပြေး တိမ်း​ရှောင်​ ကြရာမှ ကုလသမဂ္ဂ လုံခြုံ​ရေး ​ကောင်​စီက အ​ရေး​ပေါ် အစည်းအ​ဝေး ​ခေါ်ယူပြီးပြင်​သစ်​ လက်​နက်​ကိုင်​ တပ်​​တွေကို ၆ လထားရှိတပ်​စွဲ ဘို့ ဆုံးဖြတ်​ချက်​ ချပြီး ပြည်​သူ​တွေကို ထိခိုက်​​စေမဲ့ လုပ်​ရပ်​​တွေကို တားဆီးဘို့ ဘယ်​လိုစစ်​​ရေး ​ဆောင်​ရွက်​ခွင့်​ကိုမဆို ​ဆောင်​ရွက်​ဘို့ ခွင့်​ပြုချက်​ ​ပေးခဲ့ပါတယ်​။
.
ဆီးရီးယား
=====
ဆီးရီးယား ပြည်​တွင်းစစ်​ ​ကြောင့်​ လူ​ပေါင်း ၂၇၀၀၀၀ ​ကျော်​ ​သေဆုံး ၊ ၄ ဒသမ ၈ သန်း​လောက်​ စစ်​​ဘေးဒုက္ခသည်​ ဖြစ်​ကာ 
လူ​ပေါင်း ၆ ဒသမ ၆ သန်း​ကျော်​ အိုးအိမ်​ မဲ့ဖြစ်​ခဲ့ရလို့ ကုလသမဂ္ဂ ၊ အာရပ်​အဖွဲ့ချုပ်​  လုံခြုံ​ရေး ​ကောင်​စီ ဆုံးဖြတ်​ချက်​ အရ 
ကြားဝင်​​ဆောင်​ရွက်​​နေပါတယ်​။
.
ဘူရွန်​ဒီ
=====
အာဖရိကတိုက်​က နိုင်​ငံတခုဖြစ်​တဲ့ ဘူရွန်​ဒီမှာ ဟူတူ နဲ့ တွတ်​စီ လူမျိုး​ရေး ပြသနာ ​တွေ​ပေါ်​ပေါက်​ကာ တင်းမာ​နေချိန်​ အာဏာရှင်​ သမ္မတ က သက်​တမ်း သုံးကြိမ်​​မြောက်​ အတင်းအကြပ်​ ဆက်​လုပ်​ အုပ်​ချုပ်​ဘို့ စီစဉ်​​နေတာ​ကြောင့်​ ၎င်း ပြည်​သူ​တွေ ကို အကြမ်းဖက်​ နှိမ်​နင်း​နေတာ ​ကြောင့်​R2P အရ ကုလသမဂ္ဂ ငြိမ်းချမ်း​ရေး တပ်​​တွေကို တပ်​စွဲဘို့ ​ဆောင်​ရွက်​​နေပါတယ်​။
3,7,2018 ​နေ့ ထုတ်​ မြန်​မာပိုစ့်​ ဂျာနယ်​ ကို ကိုးကားပါသည်​။
tinlayzaw
8,7,18
11,15 am
တောင်​သမန်​အင်း ​ဘေး
Share:
ထိုင်းနိုင်ငံ မယ်ဆိုင်ဂူထဲက ကလေး (၈) ယောက် ကယ်ထုတ် နိုင်ခဲ့ပြီ
ထိုင်းနိုင်ငံမြောက်ပိုင်းက ကျောက်ဂူထဲမှာပိတ်မိနေတဲ့ ကျောင်းသားလူငယ်တွေထဲက ရှစ်ဦးမြောက်ကို မကြာခင် အချိန်ပိုင်းကပဲ ကယ်ထုတ်နိုင်ခဲ့ပါပြီ။ ဒါကြောင့် ဂူပြင်ကို ကယ်ထုတ်ရေးစတင်တဲ့ ဒုတိယနေ့မှာပဲ နောက်ထပ် လေးဦး ဂူပြင်ကို ကယ်ထုတ်လိုက်နိုင်တာပါ။ မနေ့က လေးဦးကို ကယ်ထုတ်ပြီး ဒီကနေ့ လေးဦး ထပ်မံ ကယ်ထုတ်နိုင်ခဲ့တဲ့နောက် ဒီကနေ့ ကယ်ထုတ်ရေးလုပ်ငန်းတွေကိုတော့ ယာယီရပ်နားလိုက်ပြီလို့ သိရပါတယ်။
တနင်္ဂနွေနေ့က ကယ်ထုတ်နိုင်ခဲ့တဲ့ ကလေးတွေဟာ ကျန်းမာရေး ကောင်းမွန်လျှက် ရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ တနင်္ဂနွေနေ့က ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ခဲ့ကြတဲ့ ရေငုပ်သမားတွေဟာ ဂူတွင်းအခြေအနေတွေနဲ့ အကျွမ်းတ၀င်ဖြစ်လာပြီမို့ ဒီကနေ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ မှာလည်း သူတို့ပဲ ဆက်ပြီး လုပ်သွားမှာဖြစ်တဲ့အကြောင်း ပြည်ထဲရေးဝန်ကြီး Anupong Paojina က ဒီကနေ့ အစောပိုင်းက ပြောပါတယ်။
သူတို့အားလုံးဟာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်က ကျောက်ဂူရှိရာကို သွားလည်တဲ့အချိန်၊ ရေကြီးတာနဲ့ကြုံရပြီး အထဲမှာပိတ်မိနေခဲ့တာပါ။ တနင်္ဂနွေနေ့က ပထမဆုံး လူငယ်တယောက်ကို ဂူထဲကနေ ကယ်ထုတ်နိုင်ပြီလို့ ချင်းရိုင်ခရိုင် ယာယီအုပ်ချုပ်ရေးမှူးက ကြေညာလိုက်ချိန်မှာ လူတွေအားလုံး ၀မ်းသာအားရ အော်ဟစ် ကြိုဆိုခဲ့ကြပါတယ်။ ကယ်ထုတ်ပြီး လူငယ်တွေကို ချင်းရိုင်ဆေးရုံကို ရဟက်ယာဉ်နဲ့ ခေါ်ဆောင် သွားခဲ့ပြီး သူတို့ရဲ့ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်းလည်း ပြောပါတယ်။ ဘယ် ကလေးငယ်တွေကို ကယ်တင်ပြီးပြီလဲဆိုတဲ့ နာမည်စာရင်းတွေကိုတော့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။
Share:
ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော
Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...
Blog Archive
Theme Support
Need our help to upload or customize this blogger template? Contact me with details about the theme customization you need.