• North Korea launches missile despite US tensions
    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.
  • This is default featured slide 2 title
    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
  • This is default featured slide 3 title
    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
  • This is default featured slide 4 title
    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
  • This is default featured slide 5 title
    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
29 June, 2018
ရိုဟင်ဂျာလူငယ်ကို မြန်မာနယ်ခြားစောင့် ပစ်ခတ်
Image may contain: one or more people, people standing, outdoor and nature
■ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်ခြားဒေသမှာ အသက် ၁ဝ နှစ်အရွယ် ရိုဟင်ဂျာကလေးငယ် တစ်ယောက်ကို မြန်မာနယ်ခြားစောင့်တပ်ဖွဲ့က ကြာသပတေးနေ့ မနေ့က သေနတ်နဲ့ပစ်ခတ်လို့ ဒဏ်ရာရသွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
အဲဒီ Ansar Ullah အင်ဆာ အူလာဆိုတဲ့ လူငယ်ဟာ နယ်စပ်က ဆူးလိမ်သံကြိုးကာခြံစည်းရိုးအနီး ဆော့ကစားနေစဉ် မြန်မာနယ်ခြားစောင့်တပ်က ပစ်ခတ်ခဲ့တာဖြစ်ပြီး ပေါင်မှာဒဏ်ရာရသွားတဲ့ သူ့ကို အနီးအနားရှိ နယ်စည်းမထားဆရာဝန်များအဖွဲ့က ဖွင့်ထားတဲ့ဆေးရုံမှာ ကုသပေးနေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ကို ကန့်ကွက်စာပို့မယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ အရာရှိတစ်ဦးက ပြောပါတယ်။
(Photo: RFA)
နယ်စပ်ခြံစည်းရိုးအနီးမှာ ကင်းစောင့်နေတဲ့ နယ်ခြားစောင့်ရဲတစ်ဦးကို တွေ့ရစဉ်
Share:
Sino-Burmese Wars တရုပ်-မြန်မာစစ်ပွဲများ
No automatic alt text available.
Sino-Burmese Wars တရုပ်-မြန်မာစစ်ပွဲများ
သမိုင်းမှတ်တမ်းတွေထဲမှာ မြန်မာနဲ့ တရုပ်စစ်ခင်းခဲ့ကြတာတွေရှိတာမှန်ပေမယ့် အစပိုင်းက တရုပ်နဲ့စစ်ခင်းရတာ မဟုတ်ပါ။ မွန်ဂိုတွေနဲ့ဖြစ်ပါတယ်။ မွန်ဂိုအင်ပါယာဆိုတာ ဗဟိုအာရှဒေသကနေစတယ်။ ၁၃ ရာစုကနေ ၁၄ ရာစုအထိ အရှည်ကြာဆုံးမင်းဆက်ဖြစ်တယ်။ ဥရောပအလယ်ပိုင်း၊ ဂျပန်ပင်လယ်၊ ဆိုက်ဘေးရီးယား၊ အိန္ဒိယတိုက်ငယ်၊ အင်ဒိုချိုင်းနား၊ အီရန်၊ အာရေးဗီးယားအထိ ကျယ်ပြန့်တယ်။ (ဂျင်ဂစ်ခန်) ၁၂ဝ၆ မှာနန်းတက်တယ်။ (ကူဗလေခန်) ဟာ ၁၂၆ဝ ကနေ ၁၂၉၄ အထိ မွန်ဂိုးလီးယားနဲ့ တရုပ်ပြည်မှာစိုးစံပြီး၊ (ယွန်) မင်းဆက်ကို ထူထောင်တဲ့ (ဂျင်ဂစ်ခန်) ရဲ့ မြေးဖြစ်တယ်။ ပုဂံအင်ပါယာ (၈၉ဝ-၁၃ဝဝ) နဲ့ ခေတ်ပြိုင်ဖြစ်တယ်။
တရုပ်ပြည်ကိုသိမ်းထားတဲ့ မွန်ဂိုဘုရင် ကူဗလခန်တပ်တွေက ပုဂံကိုသာဝင်တိုက်တယ်။ သူ့နယ်နဲ့လည်း ပုဂံနယ်က နယ်စပ်ဖြစ်နေတယ်။ နယ်စပ်ပြဿနာက အကြောင်းတခုဖြစ်တယ်။ ရှမ်း၊ အင်းဝ၊ တောင်ငူ၊ မွန်၊ ရခိုင်ဒေသစတာတွေကို မတိုက်ခဲ့ပါ။ ပုဂံနဲ့က ရန်စရှိတယ်။
တရုပ်-မြန်မာစစ်ပွဲသမိုင်းစာရင်း
၁။ ပထမ (မွန်ဂို) ကျူးကျော်မှု (၁၂၇၇-၁၂၈၇)
၂။ ဒုတိယ (မွန်ဂို) ကျူးကျော်မှု (၁၃ဝဝ-၁၃ဝ၂)
၃။ (လူချန်-ပင်မိန်း) တိုက်ပွဲ (၁၄၃၆-၁၄၄၉)
၎။ တရုပ်-မြန်မာစစ် (၁၇၆၅-၁၇၆၉)
၅။ ကုမင်တန် အစ္စလားမစ် သူပုန်ထမှု (၁၉၅ဝ-၅၈)
၆။ တရုပ်-မြန်မာ နယ်စပ်စစ်ပွဲ (၁၉၆ဝ-၁၉၆၁)
၈၄၉ မှာထူထောင်ခဲ့တဲ့ပုဂံနိုင်ငံနဲ့အပြိုင် တရုပ်ပြည်အနောက်တောင်ပိုင်းမှာ နန်ချောင်မင်းဆက် (၈-၉) ရာစု စိုးစံနေတယ်။ နန်ချောင်မင်းတွေက အရှေ့တောင်အာရှကို ချဲ့ထွင်လာတယ်။ (၈၆၁) မှာ ဟနွိုင်း (ဗီယက်နမ်)၊ မွန်-ခမာ (မ္ဘောဒီးယား) ကိုသိမ်းတယ်။ ပျူမြို့တော် ဟန်လင်းကြီး (မြန်မာနိုင်ငံ) ကိုလည်းသိမ်းတယ်။
၁၃ ရာစု အရှေ့တောင်အာရှမှာ ပုဂံအင်ပါယာနဲ့ ခမာအင်ပါယာနှစ်ခု ထင်ရှားခဲ့တယ်။ ပုဂံအင်ပါယာနဲ့ထိစပ်နေတာက ဒါလီ နဲ့ နောက်ဆက်ခံတဲ့ နန်ချောင်နိုင်ငံဖြစ်တယ်။ ဒါလီအနောက်ဖက်မှာ တိဘက်အင်ပါယာရှိတယ်။ တရုပ်ပြည်မှာ တန် နဲ့ ဆောင်းမင်းဆက်တွေရှိကြတယ်။ နန်ချောင်မင်းဆက်ကသာ ပုဂံနဲ့ဆက်စပ်မှုရှိခဲ့တယ်။ မွန်ဂိုတွေက ဒါလီကို ၇-၁-၁၂၅၃ မှာသိမ်းယူတယ်။
နရသီဟပတေ့မင်း ၁၂၅၆ မှာနန်တက်လာကတည်းက ပုဂံအင်ပါယာအခြေယိုင်လာတယ်။ အတွေ့အကြုံနည်းတဲ့ဘုရင်ကို အနောက်ဖက်က ရခိုင် ကျောက်ဖြူ ကပုန်ကန်တယ်။ ၁၂၈၁ မှာ တောင်ဖက် ဝါရီရူက ပုဂံကခန့်ထားသူကိုသတ်ပြီး မုတ္တမက နှစ်ကြိမ်ခြားနားတယ်။ အရှေ့ဖက်မှာ ကျိုင်းဟုန်၊ ကျိုင်းတုန်နဲ့ ဇင်းမယ်တို့ကလည်း အခွန်မပေးတော့ဘူး။ မွန်ဂိုတွေက ၁၂၇၁ နဲ့ ၁၂၇၃ မှာ နှစ်ကြိမ်အခွန်ဆက်ခိုင်းလာတယ်။ နရသီဟပတေ့က နှစ်ကြိမ်လုံး ငြင်းတယ်။ ကူဗလခန်က ၁၂၇၇ မှာလာတိုက်တယ်။ ငဆောင်ချမ်းမှာ ရှုံးနိမ့်တယ်။ ရင်ဂျန်းကိုတော့ ထိန်းထားနိုင်တယ်။ ၁၂၈၃-၈၄ မှာ ဗန်းမော်ကိုသိမ်းယူတာခံရတယ်။
ပထမ မွန်ဂိုကျူးကျော်မှုဟာ ၁၂၇၇ ကနေ ၁၂၈၇ အထိကြာတယ်။ ကူဗလခန်က ဒါလီကို ပုဂံနဲ့ နယ်စပ်လုံခြုံဘို့ တာဝန်ပေးတယ်။ ဝ နဲ့ ပလောင်တွေက မွန်ဂိုကိုသစ္စာခံကြတယ်။ မွန်ဂိုသံအဖွဲ့ ပုဂံကိုလာတော့ ဝန်ကြီးချုပ်အနန္တပစ္စည်းက မွန်ဂိုအင်အားကို သုံးသပ်မိတယ်။ နရသီဟပတေ့ကို သံတမန်နည်းသုံးဘို့အကြံပေးတယ်။ ဘုရင်ကတော့ မွန်ဂိုသံအဖွဲ့ကို အတွေ့မခံလို့ မွန်ဂိုအဖွဲ့ပြန်သွားတယ်။ ကုန်းဘောင်ခေတ်အဆုံးမှာ သီပေါမင်းနဲ့ ကင်းဝန်မင်းကြီးတို့ ဖြစ်ပျက်ခဲ့တာနဲ့ ဆင်တူနေတယ်။
ကူဗလခန်က ဂျပန်ကိုဝင်တိုက်ဘို့ပြင်နေတုံး (ဂျပန်ကိုလည်းမသိမ်းနိုင်ပါ။) ပုဂံကိုအရင်တိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ၃-၃-၁၂၇၃ နေ့မှာ လေးယောက်ပါသံအဖွဲ့ကို ပုဂံကိုလွှတ်ပြီး ရာဇသံပေးတယ်။ နရသီဟပတေ့က ဒီတကြိမ်မှာ သံအဖွဲ့ကို လက်ခံတွေ့ပေမယ့် မလိုက်လျှောဘူး။ တချို့မှတ်တမ်းမှာ သံအဖွဲကိုသုတ်သင်တယ်လို့ရေးတယ်။ ယူနန်ထဲရောက်မှ အသတ်ခံရတယ်လို့ ရေးတာလည်းရှိတယ်။
ပုဂံသံအဖွဲ့တခုက ဘုရင့်ဆီက မိတ်ဆွေဖြစ်ရေးထားတဲ့စာတစောင်နဲ့ ပီကင်းထိသွားတယ်။ ဘုရားစွယ်တော်ကို ပုဂံဘုရင်က လာရောက်ဖူးမျှော်လိုပါကြောင်းရေးတယ်။ တဆက်တည်း ၁၂၇၂ မှာ နယ်စပ်မှာ ပုန်ကန်မှု ဖြစ်တယ်။ သူပုန်ခေါင်းဆောင် အပိကို ဖမ်းခေါ်လာတယ်။ ဒုတိယ မွန်ဂို-ပုဂံစစ်ပွဲ ၁၂၇၃ မှာဖြစ်တယ်။ နယ်စပ်စစ်ပွဲ (၁၂၇၇-၁၂၇၈) မှာဖြစ်တယ်။
မြန်မာရာဇဝင်၊ ယွန်မင်းဆက်သမိုင်းနဲ့ မာကိုပိုလိုမှတ်တမ်းမှာ ကွဲလွဲနေတာတွေရှိတယ်။ ငဆောင်ချမ်းအရပ်မှာ စစ်ဖြစ်တာတော့ သေချာတယ်။ ဗန်းမော်လမ်းက ကွန်းစင်ကိုတိုက်တယ်။ မွန်ဂိုတွေက စစ်ပွဲတွေမှာအနိုင်ရပေမယ့် နယ်စပ်ကိုထိန်းမထားနိုင်ဘူး။ ပုဂံကလည်းလျှော့မပေးပါ။ ၁၂၇၈ မှာ ကွန်းစင်နဲ့ ငဆောင်ချမ်းမှာ ခံတပ်ဆောက်တယ်။ ၁၂၈၂ မှာ မွန်ဂိုက မြန်မာပြည်မြောက်ပိုင်းနဲ့ နယ်စပ်က ချန်ဖကိုဝင်တိုက်တယ်။ ပုဂံအထိမရောက်ခဲ့ပါ။ တကောင်းကနေသာ ထိခိုက်ဒဏ်ရာတွေနဲ့ ပြန်လှည့်ကြရတယ်။
၂၂-၉-၁၂၈၃ မှာ ငဆောင်ချမ်းကို ဝင်တိုက်တော့ ၂ လကြာခုခံပေမယ့် ၃-၁၂-၁၂၈၃ မှာ ကျသွားတယ်။ နောက်ဆက်ပြီး မြန်မာပြည်မြောက်ပိုင်းကိုဝင်တိုက်လာတယ်။ ၁၂၈၄ နှစ်စမှာ တကောင်းကိုတိုက်တယ်။ ၁ဝ-၅-၁၂၈၄ မှာ မြန်မာတပ်တွေ ပြန်ဝင်နိုင်တယ်။ မွန်ဂိုတွေကထပ်တိုက်ပြန်တယ်။ ဟန်လင်းကို ၂၆-၁-၁၂၈၅ မှာတိုက်တယ်။ နရသီဟပမင်းတေ့ အောက်ပြည်ကို ရှောင်ရလို့ တရုပ်ပြေးမင်းလို့တွင်ပေမယ့် မွန်ဂိုရန်ကနေပြေးရတာသာဖြစ်ပါတယ်။
၁၂၈၅ အကုန်မှာ နရသီဟပတေ့ကနေ ဟန်လင်းက မွန်ဂိုအုပ်ချုပ်နေသူဆီ အပစ်ရပ်စဲရေးကမ်းလှမ်းတယ်။ ၁၂၈၅ ဇွန်လမှာ ရှင်ဒိသာပါမောက္ခကိုစေလွှတ်လို့ ၁၂၈၇ ဇန္နဝါရီလထဲမှာ ပီကင်းကိုရောက်တယ်။ စိုက်ပျိုးထွက်ကုန်ထဲကနေ အခွန်ဆက်ဘို့သဘောတူရတယ်။ မြန်မာပြည်အထက်ပိုင်းကို ချန်မင်း နဲ့ အောက်ပိုင်းကို မိန်ချန်း တို့ကစီမံတယ်။ မွန်ဂိုတပ်တွေဆုတ်ပေးတယ်။
ပုဂံကနေထွက်ပြေးရတဲ့ နရသီဟပတေ့ဟာ ပြည်၊ ဒလနဲ့ ပုသိမ်မှာရှိတဲ့ သူ့သားတွေကိုလဲ မယုံရဲလို့ ပြည်မြို့ အနောက်နားက လှည်းဂွမှာနေရတယ်။ ၁၂၈၇ ဇွန်လထဲမှာ နရသီဟပတေ့ ပုဂံကိုပြန်လာတယ်။ ဒါပေမယ့် ၁-၇-၁၂၈၇ မှာ သူ့သား ပြည်မြို့စားသီဟသူက လုပ်ကြံတယ်။ ၁၂၈၇ မှာ မွန်ဂိုတွေဝင်လာပြန်တယ်။
၁၂၈၉ မေလထဲမှာ သားတော် ကျော်စွာနန်းယူတယ်။ နယ်မြေသေးသေးလေးသာ ထိန်းနိုင်တယ်။ မွန်ဂိုတွေက တကောင်းမှာ တပ်စွဲထားတယ်။ ကျော်စွာက မွန်ဂိုကို ၁၂၉၇ မတ်လမှာ သစ္စာခံတယ်။ ကျော်စွာနန်းသက် ၉ လမှာ နန်းလုခံရတော့ မွန်ဂိုတွေကဝင်ရောက်လာပြန်လို့ ၁၃ဝဝ-၁၃ဝ၁ မှာ မွန်ဂို-ဗမာ ဒုတိယစစ်ဖြစ်တယ်။
၁၇-၁၂-၁၂၉၇ မှာ တိုင်ရှမ်းညီအကိုသုံးဦးကနေ ကျော်စွာကိုဖယ်ရှားလိုက်ပြီး မြင်စိုင်းနိုင်ငံထူထောင်တယ်။ ယူနန်နယ်ထဲကို မွန်ဂိုတွေဝင်ရောက်အခြေချလာလို့ တိုင်ရှမ်းတွေက ရှမ်းပြည်နယ်နဲ့ ခမာနိုင်ငံဖက်ဆီ ရောက်လာတာ ဖြစ်တယ်။ ၄-၄-၁၃ဝ၃ မှာ မွန်ဂိုတွေ တကောင်းကနေဆုတ်ခွါသွားတယ်။
အနော်ရထာထူထောင်ခဲ့ပြီး ၂၅ဝ နှစ်ရှည်ခဲ့တဲ့ ပုဂံနိုင်ငံတော်ကြီး ပျက်စီးမှုပြည့်စုံသွားတော့တယ်။ ပုဂံနေပြည်တော်မှာ လူဦးရေ ၂ သိန်းနေခဲ့တယ်။ ဘုရားစေတီတွေ မရေမတွက်နိုင်အောင် များပြားစည်ကားခဲ့တယ်။ အခုတော့ မြင်စိုင်း၊ ပင်းယနဲ့ အင်းဝတို့မှာ တိုင်ရှမ်းညီအကိုတွေနဲ့ ကျော်စွာသားက ပုဂံကို အုပ်စိုးနေကြတယ်။ ပုဂံရဲ့ အဖေ့မျိုးဆက် ကုန်ဆုံးသွားပြီး အမေမျိုးဆက်ကသာ ပင်းယနဲ့ အင်းဝမှာအုပ်စိုးနိုင်တော့တယ်။ ပင်းယဆက်ကတော့ ကုန်းဘောင်ခေတ်တိုင် ရှည်ကြာနိုင်ခဲ့ပါတယ်။
ဒါလီနိုင်ငံကို မြန်မာရာဇဝင်မှာ ဂန္ဓာလရာဇ်လို့ရေးတယ်။ တူရကီ (တာ့ခ်) စကားပြောသူတွေပါလို့ တာရုတ်၊ တရုပ်လို့ ခေါ်တယ်။ ခုခေတ်မှာ ရုတ်လို့ရေးမှသာ မှန်တယ်ထင်နေကြတယ်။ မဟုတ်ပါ။
ဒေါက်တာတင့်ဆွေ
Share:
28 June, 2018
မြန်မာကို ICC က စစ်ဆေးဖို့ ကုလ ကိုယ်စားလှယ် တင်ပြ
■ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ယန်ဟီးလီက မြန်မာပြည်မှာ ဆယ်စုနှစ်များစွာ ဖြစ်ပွားနေခဲ့တဲ့ လူ့အခွင့်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ ချိုးဖေါက်မှုတွေကို ICC နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးက စုံစမ်းစစ်ဆေးဖို့ အလေးအနက် ထောက်ခံတင်ပြခဲ့ကြောင်း ကုလသမဂ္ဂရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
လူ့အခွင့်အရေးကောင်စီကို ဇွန်လ ၂၇ ရက်နေ့ မနေ့က အဆိုပြုတင်ပြရာမှာ လူ့အခွင့်ချိုးဖေါက်သူတွေကို ထိထိရောက်ရောက် အရေးယူရေးဟာ မြန်မာနိုင်ငံမှာ ကာလရှည်ကြာ အဖန်တလဲလဲ ဖြစ်ပွါးနေတဲ့ အကြမ်းဖက် ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ယန်ဟီးလီ က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူမက ရခိုင်ပြည်နယ်မှာသာမက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံက အခြားနေရာဒေသတွေမှာလည်း ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားဖြစ်တည်မှု ဆန့်ကျင်တဲ့ပြစ်မှုတွေ ကျူးလွန်ခဲ့ခြင်းရှိနိုင်ကြောင်း တင်ပြခဲ့ပါတယ်။
တဆက်တည်းမှာပဲ မြန်မာပြည်က လူ့အခွင့်ရေးချိုးဖေါက်မှုတွေကို ICC လွှဲပြောင်းပေးရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တညီတညွတ် မရှိခဲ့တဲ့အတွက် စိုးရိမ်ကြောင်းပြောကြားရင်း လူ့အခွင့်အရေးကောင်စီအနေနဲ့ ဒီကိစ္စမှာ သူမရဲ့ အဆိုပြုချက်ကို ထောက်ခံဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒ့ါအပြင် ICC က အရေးယူရေးနဲ့ ပတ်သက်ပြီး အလျှင်အမြန် ဆောင်ရွက်သင့်တဲ့ လုပ်ငန်းစဉ်တရပ်ကို ယန်ဟီးလီက ချပြခဲ့ပါတယ်။ အဲဒီ လုပ်ငန်းစဉ်မှာ အပိုင်း ၃ ပိုင်းပါဝင်ပါတယ်။ ပထမ အပိုင်းမှာ လူ့အခွင့်အရေးချိုးဖေါက်ခံခဲ့ရသူတွေကို တွေ့ဆုံမေးမြန်းခြင်း၊ ကုလနဲ့ တခြားအဖွဲ့အစည်းတွေက ရရှိပြီးသားဖြစ်တဲ့ အချက်အလက်တွေကို ရှာဖွေစုဆောင်းခြင်းတွေ ပါဝင်ပါတယ်။ ဒုတိယပိုင်းအဖြစ် ဥပဒေနဲ့ တရားစီရင်ရေးဆိုင်ရာ ကျွမ်းကျင်သူပညာရှင်တွေက မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်ရေးချိုးဖေါက်မှု နဲ့ ဥပဒေ အလွဲသုံးစားပြုမှုတွေကို စနစ်တကျ လေ့လာစစ်ဆေးဖို့ဖြစ်ပြီး တတိယအပိုင်းမှာတော့ လူ့အခွင့်အရေးချိုးဖေါက်မှုဒဏ် ခံစားခဲ့ရသူတွေဖက်က တရားဥပဒေကြောင်းအရ အရေးယူနိုင်ရေးနဲ့ သူတို့ဘဝတွေ ပြန်လည်ကောင်းမွန်ရေးအတွက် ကူညီရန် မူဘောင်တခုချမှတ်ဖို့ ဖြစ်ပါတယ်။
ယန်ဟီးလီက မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေဟာ များပြားလှကြောင်း၊ အဲဒီ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို မှတ်တမ်းတင်ထားတာတွေလည်း ရှိနေပြီဖြစ်ကြောင်းနဲ့ ဒီလို လူ့အခွင့်ရေးဖေါက်ဖျက်မှုတွေနဲ့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ ချိုးဖေါက်မှုတွေအတွက် အပြစ်ရှိသူတွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အခုအချိန်အထိ အရေးယူရန် ပျက်ကွက်ခဲ့တယ်ဆိုတာကို မိမိတို့အားလုံး ဝန်ခံရမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့  ဂျနီဗာမြို့ကလာတဲ့ ကုလသမဂ္ဂ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
Share:
ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေကို ကုလသမဂ္ဂ မှတ်ပုံတင် လုပ်ပေးနေ
■ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး သွားတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည်တွေကို ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ ပူးပေါင်းပြီး တရားဝင် ကုလသမဂ္ဂ အသိအမှတ်ပြု ဒုက္ခသည်တွေ အဖြစ် စပြီး မှတ်ပုံတင်ပေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည် ၇ သိန်းလောက်ကို မှတ်ပုံတင်ပေးနေတာဖြစ်ပြီး၊ အဖြူရောင် ဝှိုက်ကတ် ကိုင်ဆောင် ထားသူတွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ ၂ ခုပါတဲ့ တံဆိပ်တွေ ထုတ်ပေးပြီး မိခင်နိုင်ငံကို မြန်မာနိုင်ငံအဖြစ် မှတ်တမ်း တင်ထားကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံကို မိမိဆန္ဒမပါဘဲ အတင်းအကြပ် ပို့ဆောင်ခြင်းမပြုဖို့၊ အတင်း အကြပ်ပြန်ပို့ခဲ့ရင် အသက်နဲ့လွတ်လပ်ခွင့်အပေါ် အန္တရာယ်ရှိကြောင်း ရေးသားထား တယ်လို့ ဆိုပါတယ်။
ဒီလုပ်ငန်းစဉ်ဟာ မြန်မာဘက်ကို ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်အတွက် ရည်ရွယ်တာ မဟုတ်ကြောင်း၊ ဒါပေမယ့် မြန်မာအာဏာပိုင်တွေနဲ့ ဒီသတင်း iအချက်တွေကို မျှဝေဖို့ရှိကြောင်း၊၊ ဒီလိုမှတ်ပုံတင်ခြင်းအားဖြင့် ဒုက္ခသည်တွေ လိုအပ်နေတဲ့ အခြေခံ အစားအစာနဲ့ ကူညီမှုတွေရဖို့ အထောက်အကူပြုကြောင်း မှတ်ပုံတင်ပေး pတဲ့ ကုလသမဂ္ဂဝန်ထမ်းက ပြောတယ်လို့လည်း ဒုက္ခသည်တဦးက ပြောပါတယ်။ 
မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း ၂ ခုဖြစ်တဲ့ UNHCR နဲ့ UNDP အဖွဲ့ ၂ ခုဟာ မကြာသေးခင်က ဒုက္ခသည် ပြန်လည်ခေါ်ယူရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုး ထားပါတယ်။
(Photo: BenarNews)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းတွင် မှတ်ပုံတင်စာရင်းသွင်းသူများကို ၂ဝ၁၇ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Share:
ရိုဟင်ဂျာတွေအပေါ် ကန့်သတ်ထားတဲ့စနစ် ဖျက်သိမ်းဖို့ ယန်ဟီးလီတောင်းဆို
■ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်ဆလင်တွေရဲ့ အခွင့်အရေးကို ကန့်သတ်ချိုးဖောက်ထားတဲ့စနစ်ကို ဖျက်သိမ်းပြီး သူတို့ကို နိုင်ငံသားဖြစ်ခွင့်နဲ့ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်တွေ ပြန်ပေးဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည် ၇ သိန်းအတွက် မြန်မာနိုင်ငံက လက်ရှိအခြေအနေဟာ အသင့်မဖြစ်သေးကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပေမယ့် အခုအချိန်အထိ အသေးစိတ်ကို အများပြည်သူသိအောင် ထုတ်ပြန်ကြေညာတာ မရှိသေးတဲ့အတွက်လည်း စိတ်မကောင်းဖြစ်ရကြောင်း မစ္စယန်ဟီးလီက ပြောပါတယ်။
မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင် ဦးမြင့်သူကတော့… မြန်မာအစိုးရ အနေနဲ့ မစ္စယန်ဟီးလီရဲ့ သုံးသပ်ချက်ဟာ လွတ်လပ်မျှတမှု မရှိတဲ့အကြောင်းနဲ့၊ သူ့နေရာကို တခြားတယောက် အစားထိုးခန့်အပ်ဖို့ လူ့အခွင့်အရေးကောင်စီကို တိုက်တွန်းခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ခန့်အပ်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးခံထားရတဲ့ တောင်ကိုရီးယားနိုင်ငံသူ ပါမောက္ခယန်ဟီးလီကို မြန်မာအစိုးရက ပြီးခဲ့တဲ့နှစ်ကစပြီး မြန်မာနိုင်ငံ ပြည်ဝင်ခွင့် ပိတ်ပင်ထားပါတယ်။
(UN Photo / Jean-Marc Ferré)
၂ဝ၁၈ ဇွန်လ ၂၇ ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၃၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အထူးကိုယ်စားလှယ် ယန်ဟီးလီ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ တင်သွင်းစဉ်။
Share:
ရခိုင်​ပြည်​နယ်​ လူ့အခွင့်​အ​ရေး ချိုး​ဖောက်​မှုကို နိုင်​ငံတကာမှ စုံစမ်းရန်​ ယန်​ဟီလီး ​တောင်းဆို
ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်နိုင်အောင် နိုင်ငံတကာက စုံစမ်းစစ်ဆေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ဒီနေ့ပဲ ထပ်မံတိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်ထဲ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူပြီး နောင်မှာ အလားတူ ဖြစ်ရပ်မျိုးတွေကို ဟန့်တားနိုင်ဖို့ ယုံကြည်စိတ်ချနိုင်လောက်တဲ့ နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုတွေ လိုအပ်နေကြောင်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ တိုက်တွန်းလိုက်တာပါ။
မြန်မာအစိုးရကိုယ်စားလှယ်အဖြစ် လူ့အခွင့်အရေး ကောင်စီမှာ တက်ရောက်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ကတော့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်တွေဟာ ဘက်လိုက်မှုရှိပြီး လုပ်ထုံးလုပ်နည်းနဲ့ မညီတာတွေရှိခဲ့တယ်ဆိုပြီး အစားထိုးခန့်အပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေကြောင်းနဲ့ မကြာသေးခင်တုန်းက ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ လာရောက်ပြီး ရခိုင်ပြည်နယ်အပါအ၀င် ပဋိပက္ခဖြစ်ရာ ဒေသတွေကို သွားခွင့်ပြုခဲ့တာ၊ မြန်မာနိုင်ငံမှာ ရုံးခွဲဖွင့်လှစ်ဖို့ လက်ခံခဲ့တာတွေ ရှိခဲ့တာကိုလည်း ရည်ညွှန်းပြောဆိုခဲ့တာပါ။
လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကတော့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ပတ်သက်လို့ မြန်မာအာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ လုံလောက်မှု မရှိကြောင်းနဲ့ နိုင်ငံတကာ ရာဇ၀တ်ပြစ်မှုဆိုင်ရာခုံရုံး (ICC) က စုံစမ်းဖို့ ကြိုးပမ်းမှုကို အားပေးကြောင်းနဲ့ လူ့အခွင့်အရေးကောင်စီက လုပ်ငန်းစဉ်တရပ် ချမှတ်ဖို့လည်း တိုက်တွန်းခဲ့တာပါ။ အထူးကိုယ်စားလှယ်ရဲ့ တိုက်တွန်းချက်ကိုတော့ ဒီသီတင်းပတ်ထဲမှာပဲ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာလုံခြုံရေး အရာရှိတွေအပေါ် ဒဏ်ခတ်မှု အသစ်တွေ ချမှတ်ခဲ့တဲ့ ဥရောပသမဂ္ဂ (EU) နဲ့ ကနေဒါတို့အပြင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကပါ ထောက်ခံခဲ့ကြပါတယ်။ခိုင်​ပြည်​နယ်
Share:
အ​မေရိကန်​တွင်​ ဘာသာ​ရေး ​လေးစားမှု၏ ဒီမိုက​ရေစီ ပြယုတ်​ တခု
အမေရိကန်ကပါ
သစ်ပင်ကိုရှောင်တာ မဟုတ်ပါဘူး
အဲဒိသစ်ပင်ရှိတဲ့ တောင်ကုန်းလေးကို အနားက red indian မျိုးနွယ်စု တစ်ခုက ကိုးကွယ်ပါတယ်။
အမြန်လမ်း မကြီးဖောက်တဲ့အခါ အိမ်ခြေ ၆၀ ရှိတဲ့ရွာက ပြည်ထောင်စုအစိုးရနဲ့ အမှုဆိုင်တာပါ။ ပြည်ထောင်စုတရားရုံးချုပ် မျှမက ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးထိ ရောက်ကြပါတယ်။
အစိုးရ ရှုံးပါတယ်။ လူတစ်ဦး လူတန်းစားတစ်ခု လူမျိုးတစ်မျိုး လူအများ ကိုးကွယ် ယုံကြည်ရာ တစ်ခုခုကို မည်သည့်နည်းနှင့်မျှ မထိခိုက်စေရ ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဲသည့် တောင်ကုန်းလေးကို ပြည်ထောင်စု အစိုးရက ကွင်းရှောင်ဖောက်ခဲ့ရတာပါ။ ပြည်ထောင်စု အစိုးရအနေနဲ့ ခုလိုအမြန်လမ်းမကြီးကို ကွင်းခဲ့ရတဲ့အတွက် အတော်အကုန်အကျ များခဲ့ရတာပါ။ အခုတော့ အဲဒိအကွေ့လေးက အမေရိကန်ပြည်ထောင်စုမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို ဘယ်သူမှ ထိလို့မရဘူးဆိုတဲ့ ပြယုဂ်ဖြစ်နေပါပြီ။ အမေရိကန်နိုင်ငံသား တွေက ဒီနေရာလေးမှာ ဒီလိုကွေ့သွားရတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်ရမယ့်အစား ဂုဏ်ယူနေကြတာပါ။ ခုတော့ အဲ့ဒိရွာလည်း မရှိတော့ပါဘူး။ ဒါပေမယ့် ဒီအကွေ့လေးက စကားတွေအများကြီးပြောနေပါတယ်။ အထူးသဖြင့် ဒီမိုကရေစီကို အသက်နဲ့လဲပြီး ပြောင်းလဲချင်ပါတယ်လို့ ပြောလာတဲ့ မြန်မာနိုင်ငံက ပုဂ္ဂိုလ်များ အတွက်ပေါ့။
Credit: Nyo Lwin Oo
Share:
27 June, 2018
တစ်ချိန်က တိုင်းရင်းသား အဖြစ် သတ်မှတ်ခံ ခဲ့ ရသော မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် ပသျှူးလူမျိုးများ (Video)
တစ်ချိန်က တိုင်းရင်းသားအဖြစ် သတ်မှတ်ခံခဲ့ရသော မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် ပသျှူးလူမျိုးများ
25,6,2018 ည ၁၀း၃၀ dvb တို့ပြည် တို့မြေအစီအစဉ်မှ…..
#မြန်မာနိုင်ငံ တောင်ဘက်ဆုံး “ကော့သောင်း”မြို့ တွင် နေထိုင်သည့် နိုင်ငံသားပသျူး လူမျိုးများနှင့် တွေ့ဆုံခြင်း ကို ထုတ်လွှင့်ပြသသွားပါတယ်။
#အာဇာန် ဖိတ်ခေါ်သံ တ၀က်ခန့် ထုတ်လွှင့်ပြသ ခဲ့ပြီး….ပြသ ချိန်အတွင်း လော်စပီကာမှဖိတ်ခေါ်နေပုံ ၊ ဗလီဝတ်ကျောင်း ၊ ၀တ်ပြုနေပုံများကို အချိန်အတော်ကြာ ပြသပြီးပသျူး လူမျိုးများ၏ အကြီးအကဲ   နှစ်ဦးနှင့်တွေ့ဆုံ မေးမြန်း သည် ပြကွက်များ ပါဝင်
ကြောင်း
Credit:
tinlayzaw
25,6,2018
11,00pm
၁၉၆၇ ခုနှစ်က ပြည်ထောင်စု ယဉ်ကျေးမှုဌာနက ထုတ်ပြန်တဲ့ တို့တိုင်းရင်းသား စာအုပ်မှာ တရားဝင် ဖော်ပြခဲ့တယ်
Share:
မန္တလေးတက္ကသိုလ် မနုသဗေဒဋ္ဌါန တွဲဖက်ပါ ​မောက္ခ Dr. Moe Thida Htwe ရှင်းလင်း တင်ပြသော Rohingya Ethnic အကြောင်း
ရခိုင်လူမျိုးတွေကိုရိုဟင်ဂျာလို့ဘင်္ဂါလီလူမျိုးတွေကခေါ်တယ်ဆိုတာမြောက်ဦးခေတ်ကဆိုရင်မှန်ပါတယ်
*******************
၁။ ဝန်ကြီးဦးဇေါ်အေးမောင်’ ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်’ သမိုင်းဆရာဒေါက်တာအေးချမ်းနှင့် သံတော်ဆင့်ဆောင်းပါးရှင်ဒေါက်တာမြင့်သိန်းတို့ကရခိုင်တွေကို ဘင်္ဂါလီ လူမျိုးတွေက ရိုဟင်ဂျာ ဟုခေါ်ဆို ကြောင်းကျယ်ကျယ်ပြန့်ပြန့်ဟောပြော ရေးသားလါကြသဖြင့်ရိုဟင်ဂျာ ဆိုတာအမှန် ရှိမရှိငြင်းချက် ထုတ်ရန်မလိုတော့ဘဲ သာမန်အားဖြင့် ရိုဟင်ဂျာ ဆိုတာ ရခိုင်လူမျိုးကိုခေါ်တယ် ဆိုတာမှန်မမှန်ကို သာစိစစ်ရန်ကျန်တော့ကြောင်းတွေ့ရှိရသည်။
၂။ မန္တလေးတက္ကသိုလ် မနုသဗေဒဋ္ဌါန တွဲဖက်ပါ ​မောက္ခ Dr Moe Thida Htwe ခေါ်သျှင်ထွေး ရင်ဆိုကမြိုလူမျိုးစု အကြောင်းသုတေသနပြုခဲ့ရာ မူစလင်များနှင့်မြိုတိုင်းရင်းသားများ အကြား ဆက်ဆံရေးကိုပါ ထည့်သွင်းသုတေသနပြုထားခဲ့သည်ကိုတွေ့ရသည်။
၃။ ကိုလိုနီခေတ် မှတ်တမ်းများအရ မူဆလင်များ ကိုချစ်တကောင်းနီးယန်းဟု ခေါ်သည်ကိုတွေ့ရပြီး ဘင်္ဂလီများကမူ စစ်တကောင်းနေသူ မူစလင်များကိုရိုဟင်ဂျာဟုခေါ်ဆိုခဲ့တာ တွေ့ရကြောင်း ဆရာမကြီးက ရှင်းပြထားသည်။
၎။ 1534CEမှ1666CE ထိစစ်တကောင်းမြို့သည်အာရကန်နိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်ခဲ့ပြီး မြောက်ဦးမြို့မှာ အာရကန်၏အုပ်ချုပ်ရေးမြို့တော်ဖြစ်ခဲ့ သည် ။ကုန်သည်များ ခရီးသွားများသည် စစ်တကောင်းမြိုသို့ ကုန်ကူသန်းရောင်းဝယ်ခဲ့ကြရာအများဆုံးထိတွေ့ရသူများမှာမူဆလင်များဖြစ်ကြ သည် ဘုရင်၏ဘွဲ့အမည်မှာမူဆလင်ပါရှန်းရှားဘုရင်မင်းဆက် အမည်များဖြစ်ကြပြီး အင်ဒိုနိုင်ငံ ဂျာကါတာမြို့ ယခင်ဗါတီဗီးယားမြိုတွင် ဘုရင့်ဘွဲကိုမှတ်ပုံတင်ထားခြင်းအာရကန် အမျိုးသမီးနှင့် ဒါခ်ျ အမျိုးသားတို့မွေးသည့် ကပြား ခလေးများကိုဗါတီးဗီးယား တွင် မူဆလင်ဟု မှတ်ပုံတင်ပြီးမှပြည်ပသို့ ထွက်ခွာခွင့်ကိုဘုရင်ကခွင့်ပြုခြင်း ဘုရင်ရုံးတံဆိပ်ကိုဖါရစီ ဘာသာဖြင့်ထုနှိပ်ခဲ့ခြင်း နန်တော် တံဆိပ်နိုင် သုံးဒင်္ဂါးတိုတွင် မူဆလင်တို၏ ကလေမာယုံကြည်ချက်ကို ရေးသားထားခြင်း ဝန်ကြီးချုပ် အချို့ ဝန်ကြီးအချို့ ကါကွယ်ရေးဦးစီးချုပ်အချို့ ဘုရင့်သမားတော် ဘုရင့်အကြံပေးနှင့်စာပေ ပညာရှင်အခိျု့မှာ မူဆလင်များဖြစ်ခြင်းယခုရခိုင် ဟု ခေါ်သူ ဗုဒ္ဓဘာသာဝင်များကို MughလူမျိုးMugh ဘုရင် မောက်ကောင်စီ စသဖြင့်တရားဝင်ခေါ်ပြီး စစ်တကောင်းသား မူဆလင်များကို ဖါရစီဘာသာဖြင့်က rakan ဟုခေါ်ပြီးနိုင်ငံကို ဖါရစီဖြင့်အာရကန်ဟုခေါ်ဆိုခြင်း အာရဗ်ခရီးသည် Renell က ၁၆ရာစုနှစ်တွင် ရေးဆွဲခဲ့သည့် ကမ္ဘာ့ မြေပုံတွင်Islamic State of Arakan ဟု မှတ်တမ်းတင်ခဲ့ခြင်းတို့ အရမြောက်ဦးခေတ် တွင် စစ်တကောင်သားများကို Rakan ဟုခေါ်ပြီး ယခုရခိုင်ခေါ်သူများကို mugh ဟုခေါ်ဆိုခဲ့သဖြင့် Dr Aye Chanတို့ကပြောနေသည့် ရိုဟင်ဂျာဆိုတာ ဘင်္ဂလီတွေက ရခိုင်ကို ခေါ်တာဆိုသည့်စကါးသည် မြောက်ဦးခေတ်ကစကါးဖြစ်သည်ဟု ဆိုလျှင်မှန်ပါသည်။
၅။ မဟာမေဒင်လို့အာရပ်တွေကခေါ်သည်ဆိုခြင်းမှာဒေါက်တာအေးချမ်းကအလွဲပြောဆိုခြင်းဖြစ်ပါည် အာရဗ်တွေက မဟာမေဒင်ဆိုသည့်အသုံးအနှုန်းကိုမည်သည့်အခါကမျှသုံးစွဲခဲ့တာမရှိပါ။ ဘာသာကို အစ္စလမ် ဘာသာဝင်ဖြစ်သူကိုမူဆလင်ဟုသာခေါ်ဆိုပါသည် တမန်တော်မိုဟာမက်( S ) သည် တမန်တော်အီဗရာဟင်၏ အစ္စလမ်သာသနာကို ရှင်သန်အောင် လုပ်ခဲံ့သူသာဖြစ်ပြီး သာသနာကို အသစ်တီထွင်ခဲ့သူ မဟုတ်သဖြင့် မဟာမေဒင်သာသနာဟု အာရဗ်ကတွေခေါ်ဆိုရန် အကြောင်းမရှိပါ။
၆။ အစိုးရအဖွဲ့၏ 20-2-1948 ရက်စွဲပါ စာအမှတ် ၁၅၃-၂၂/ပီအမ်/၄၈ ဖြင်မူစလင်များကို စစ်တကောင်းသား ဟုမခေါ်ဘဲရခိုင်လူမျိုး အစ္စလမ်ဘာသာဟုခေါ်ရန် အမိန့်ထုတ်ခဲ့ပြီးမြောက်ပိုင်း မူစလင်များ၏ တောင်းဆိုချက် အရ ၁၉၅၈မှ၁၉၆၅ အထိရိုဟင်ဂျာဟု တရားဝင်သတ်မှတ်ခံရသူများမှာ ရခိုင်မြောက်ပိုင်းမှမူစလင်များ သာပါသည်။
ရိုဟင်ဂျာများ၏ အမည်တွင် Araknee.,Arakani. စသည်စာလုံးကိုပါ ဂုဏ်ယူဝင့်ကြွားစွာ တွဲဖက်သုံးစွဲ ကြသော်လည်း ရခိုင်ဟုဆိုသူမည်သူကမျှ အာရကန်စာလုံးကိုသူတို့ အမည်နောက်တွင် တွဲဖက်   ဖေါ်ပြသည့်အစဉ်အလါမရှိပါ။
If you deny having given all facts then you are like Burman who always know how to deny it only. ISO-639 rhg has been offered since 18 July 2007.
Share:
26 June, 2018
ပျောက်ဆုံး ထိုင်းလူငယ်ဘောလုံးသမားတွေ ၄ ရက်မြောက်အဖြစ် ဆက်လက်ရှာဖွေ
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်ထဲက ရေ၀င်နေတဲ့ လှိုဏ်ဂူတခုထဲ အလည်အပတ်ဝင်သွားရာက ပျောက်ဆုံးနေတဲ့ လူငယ်ဘောလုံးအသင်းက လူငယ် ၁၂ ယောက်နဲ့ နည်းပြဆရာတဦးတို့ကို ရှာဖွေတဲ့ လုပ်ငန်းတွေ ပြန်စနေပါပြီ။
တွားသွားပြီး ၀င်ရတဲ့ လှိုဏ်ဂူထဲမှာ ရေတွေတက်လာတာကြောင့် ဘောလုံးသမားတွေ ဂူထဲမှာ ပိတ်မိနေတာ ၃ ညရှိသွားပါပြီ။ ဘောလုံးသမားတွေကို ထိုင်းရေတပ်ကလာရောက်ရှာဖွေနေတာဖြစ်ပြီး ရေတက်လာတာကြောင့် ရေငုပ်သမားတွေအတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ရတာ ပိုပြီးခက်ခဲစေတယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီး ကဒီကနေ့ အင်္ဂါနေ့မှာ ပြောပါတယ်။
လောလောဆယ် ဂူထဲက ရွှံ့ရေတွေ ကျသွားအောင်လုပ်ဖို့လိုသလို ဒါမှသာ လှိုဏ်ဂူခေါင်မိုးကို ကြည့်ပြီး ဘယ်နေရာကိုရောက်နေတယ်ဆိုတာ ခန့်မှန်းတွက်ဆလို့ရနိုင်မယ်လို့ ပြည်ထဲရေး ၀န်ကြီးလည်းဖြစ်တဲ့ ရဲချုပ် Anupong Paojinda ကပြောပါတယ်။ ရေလွတ်ပြီး အန္တရယ်ရင်းတဲ့ နေရာတခုကို ဘောလုံးသမားတွေ ရှာတွေ့ဖို့လည်း ထိုင်းတာဝန်ရှိသူတွေ မျှော်လင့်နေပါတယ်။ ဒီကနေ့ အင်္ဂါနေ့ မနက်မှာတာ့ လှိုဏ်ဂူအပြင်ဘက်မှာ ဘောလုံးသမားတွေရဲ့ ဆွေမျိုးတွေက လာပြီး ၀တ်ပြုဆုတောင်းမှုတွေလုပ်ခဲ့ကြပါတယ်။
Share:
မူးယစ်ရာဇာများ၏သတင်းပေးပါက ထိထိရောက်ရောက် ဖမ်းဆီးအရေးယူမည်
မူးယစ်ဆေးဝါးကုန်သည်များနှင့် ရောင်းဝယ်ဖောက်ကားသည့် လက်ကြီးသမားများနှင့်ပတ်သက်ပြီး သတင်းပေး တိုင်ကြားလာပါက ထိထိရောက်ရောက် ဖမ်းဆီးအရေးယူမည့်အပြင် သတင်းပေးသူကို အဆိုပါ မူးယစ်ရာဇာများ၏ ပိုင်ဆိုင်မှုများအား အချိုးကျ ပြန်လည်ခွဲဝေပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ပြောကြားလိုက်သည်။
“သတင်းပေးတိုင်ကြားသူတွေရဲ့ တိုင်ကြားမှု၊ ဗဟိုမှာ ဖွဲ့စည်းထားတဲ့ အထူးအဖွဲ့ရဲ့ ဖော်ထုတ်ဖမ်းဆီး မှုတွေကြောင့် ဖော်ထုတ်အရေးယူမှုတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့အချိန်မှာ မူးယစ်ကုန် သည်တွေ၊ ရောင်းဝယ်ဖောက်ကားသူတွေရဲ့ တရားမဝင် ပိုင်ဆိုင်မှုတွေကို သတင်းပေး တိုင်ကြားသူ၊ လက်ရဖမ်းဆီးသူနဲ့ နိုင်ငံတော်အစိုးရ သင့်တင့်လျောက်ပတ်တဲ့ အချိုးအစားနဲ့ ပြန်လည်ခွဲဝေပေးမှာ ဖြစ်ပါတယ်” ဟု သမ္မတဦးဝင်းမြင့်က ပြောသည်။
မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေးတွင် ပြည်သူများ၏ ပါဝင်မှုကို မြှင့်တင်နိုင်ရန် ဆုငွေချီးမြှင့်ရေး အစီအစဉ်အဖြစ် အထက်ပါအတိုင်း ခွဲဝေပေးအပ်သွားမည်ဖြစ်သလို ယင်းသည် နိုင်ငံတော် ချီးမြှင့်ငွေဖြစ် သည့်အတွက် အထူးအခွင့်အရေးအဖြစ် အခွန်ကင်းလွတ်ခွင့်လည်းပြုမည်ဟု နေပြည်တော်တွင် ယနေ့ကျင်းပ သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်းရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနား တွင် သမ္မတက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“သတင်းပေးတိုင်ကြားသူတွေကို ထိုက်ထိုက်တန်တန် ဆုကြေးချီးမြှင့်ရာမှာ သူတို့ရဲ့ လုံခြုံရေးကို အထူးဂရုပြုတဲ့ အနေနဲ့ သတင်းထုတ်ပြန်ခြင်း ပြုလုပ်မှာ မဟုတ်သလို နိုင်ငံတော်ဲ့ ချီးမြှင့်ငွေဖြစ်တဲ့အတွက် အခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေးကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်နှိမ်နင်းရေးအတွက် ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာသည့် သတင်းအချက်အလက်များကို စနစ်တကျ လက်ခံရယူနိုင်ရန် ‘မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန’ ကို နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းလိုက်ပြီး ယင်းဌာန၏ လိပ်စာများဖြစ်သော အော်တိုတယ်လီဖုန်းနံပါတ် ၀၆၇-၅၉၀၂၀၀ , ဖက်စ်ဖုန်းနံပါတ် ၀၆၇-၅၉၀၂၃၃ , အီးမေးလ်လိပ်စာ antinarcotics@presidentoffice.gov.mm  သို့ လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။
ထို့ပြင် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း၊   ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများကို ထိထိရောက် ဖော်ထုတ်ပြီး   ပြစ်ဒဏ် ချမှတ်နိုင် ရန်၊ ဖော်ထုတ်ရာတွင် ကွင်းဆက်အားလုံး မပျောက်ပျက်အောင် စုံစမ်းဖော်ထုတ်နိုင်ရန်နှင့် မူးယစ်တိုက် ဖျက်ရေးတွင် သတင်းပေါက်ကြားမှုများ မဖြစ်ပေါ်စေရန် ‘မူးယစ်ဆေးဝါး တားတီးနှိမ်နင်းရေး အထူးအဖွဲ့’ ကို သီးခြားဖွဲ့စည်းကာ သတင်းပေးတိုင်ကြားလာသည့် အချက်အလက်များကို အခြေခံပြီး ယင်း “အထူးအဖွဲ့” ကို စေလွတ်သွားမည်ဟုလည်း သမ္မတ ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။
“အထူးအဖွဲ့ရဲ့ လှုပ်ရှားဆောင်ရွက်မှုဆိုင်ရာ သတင်းအချက်အလက် မှန်သမျှ ပေါက်ကြားခြင်း မရှိအောင်၊ အချိန်တိုတိုအတွင်း လျင်လျင်မြန်မြန် ဖြန့်ကျက်ပြီး လျှပ်တစ်ပြက် သွားရောက်ဖမ်းဆီးနိုင်အောင် အမိန့်ပေး ကွပ်ကဲမှုလမ်းကြောင်းကို အတိုဆုံးဖြစ်အောင် စနစ်တကျ ပြင်ဆင် ဆောင်ရွက်ထားပြီးလည်း ဖြစ်ပါတယ်” ဟု ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်ကို သမ္မတက ရှင်းပြသည်။
အဆိုပါ အထူးအဖွဲ့သည် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့နှင့် သက်ဆိုင်မှုမရှိဘဲ အရေးပေါ်   ပေါ်ပေါက်လာသည့် မူးယစ်ဆေးဝါး အမှုများကို ချက်ချင်းဖမ်းဆီးနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ရွှေညာမောင်က သတင်းထောက်များကို ပြောသည်။
မူးယစ်ဆေးဝါးအန္တရာယ်ကို လျှော့ချရာတွင် ပြည်သူလူထုဘက်က ပူးပေါင်းပါဝင်ပေးကြရန်လည်း ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက မေတ္တာရပ်ခံသည်။
“ပြည်သူလူထုများမှလည်း ဘုံပြဿနာအဖြစ် ခံယူပြီး အဖွဲ့အစည်းတစ်ခုချင်းစီမှ လူတစ်ဦး တစ်ယောက် ချင်းစီအထိ ကိုယ်စီတာဝန်ရှိစွာဖြင် ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောသည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို နှစ်စဉ် မီးရှို့ဖျက်ဆီးလျက်ရှိရာ ယနေ့တွင်လည်း ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် ကျပ်သန်းပေါင်း ၂၅၃,၃၂၄ ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ယခုနှစ် မီးရှို့ဖျက်ဆီးသည့် မူးယစ်ဆေးဝါး ပမာဏသည် ယခင်နှစ်များထက် အနည်းငယ် လျော့နည်းသွားပြီး ထိုသို့ လျော့နည်းရခြင်းမှာ သက်ဆိုင်ရာ တရားရုံးများတွင် ပမာဏများပြားသည့် မူးယစ်ဆေးဝါးအမှုများကို စစ်ဆေးမှု မပြီးပြတ်သေးသောကြောင့်ဖြစ်သည်ဟု ရဲမှူးကြီး ရွှေညာမောင်က ပြောကြားသည်။
Mizzima
Share:
မွတ်စလင်တွေကို အကြမ်းဖက်​​ဖို့ နေတဲ့ကြံစည် လျှို့ဝှက် လက်ယာဝါဒီ အစွန်းရောက် ၁၀ ဦး ကို ပြင်သစ်ဖမ်းဆီး
ဇွန် ၂၆၊ ၂၀၁၈
Myanmar Muslim Media
မွတ်စလင်တွေကိုတိုက်ခိုက်ဖို့လျှို့ဝှက်ကြံစည်မှုတွေကြောင့် ပြင်သစ်အကြမ်းဖက်နှိမ်နင်ရေးရဲတပ်ဖွဲ့က လက်ယာ ၀ါဒီ အစွန်းရောက်၁၀ဦးကိုဖမ်းဆီးခဲ့တယ်လို့ တရားရေးသတင်းဌာနတွေက တနင်္ဂနွေနေ့ မှာပြောကြားခဲ့ပါတယ်။
“မြေထဲပင်လယ်ထဲက ကော်စီကာကျွန်းအပါအ၀င်ပြင်သစ်နိုင်ငံတစ်ဝန်းစစ်ဆင်ရေးအတွင်း စနေနေ့နှောင်းပိုင်း ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာဖြစ်တယ်”လို့ သတင်းအရင်းအမြစ်တွေက AFP သတင်းဌာနကိုပြောကြားခဲ့ပါတယ်။ “သံသယရှိသူတွေဟာ မွတ်စလင်တွေကိုပစ်မှတ်ထားအကြမ်းဖက်မှုတွေ ကျူးလွန်သွားဖို့လျှို့ဝှက် စီစဉ်နေခဲ့ တာဖြစ်တယ်”လို့ စုံစမ်းစစ်ဆေးမှုနဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်တစ်ခုကပြောကြားခဲ့ပါတယ်။ “ဒီအဖွဲ့ဟာ အစ္စလာမ် အစွန်းရောက်နဲ့ဆက်နွယ်တဲ့ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ကြံစည်နေတာ”လို့ နောက်ထပ်သတင်း အရင်း အမြစ် တစ်ခုကဆိုပါတယ်။
၂၀၁၅ခုနှစ်အစောပိုင်းကတည်းက ပြင်သစ်ဟာ အိုင်အက်စ်နာမည်ကိုအသုံးပြုပြီး ဂျီဟဒ်ဝါဒီတွေရဲ့ တိုက်ခိုက် မှုတွေခံနေခဲ့ရတာဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေကြောင့် ၂၀၁၅ နိုဝင်ဘာတုန်းကပဲရစ်နိုက်ကလပ်မှာ ပစ်ခတ်ပြီး ဗုံးခွဲ တိုက်ခိုက်မှုကြောင့် ၁၃၀သေဆုံးခဲ့တာအပါအ၀င် လူပေါင်း၂၄၀ကျော်သေဆုံးခဲ့ရပါတယ်။ သံသယရှိသူတွေ ကို ပြင်သစ်ထောက်လှမ်းရေးအေဂျင်စီ DGSI ကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။
ပြင်သစ်မှာနိုင်ငံလူဦးရေရဲ့၉%နီးပါးဖြစ်တဲ့ ၅.၇သန်းသောမွတ်စလင်တွေနေထိုင်နေတယ်လို့  အမေရိကန် အခြေစိုက်သုတေသနစင်တာကပြီးခဲ့တဲ့နှစ်ကထုတ်ပြန်ခဲ့ပါတယ်။
France 24/ AFP သတင်းဌာနပါ “France arrests 10 radical far-right suspects over plan to attack muslims” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
Share:
စစ်ဗိုလ်ချုပ်ကြီး ၂ ဦးကို မြန်မာ စစ်တပ်က အရေးယူ
EU ဥရောပသမဂ္ဂကနေ သူတို့ ဒဏ်ခတ်အရေး ယူ လိုက်တဲ့ မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ အရာရှိ ၇ ဦး ရဲ့ အမည်စာရင်းကို မနေ့ တနင်္လာနေ့က ထုတ်ပြန်ပြီး နာရီပိုင်းအကြာ အဲဒီစာရင်းမှာပါနေတဲ့ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်နှစ်ဦးကို တပ်မတော်ပိုင်း ဆိုင်ရာ အရေးယူလိုက်ကြောင်း မြန်မာစစ်တပ်က ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီကြေညာချက်မှာ EU ရဲ့ အရေးယူမှုနဲ့ ပတ်သက်နေတယ်လို့ ဖေါ်ပြထားခြင်းမရှိပဲ ရခိုင်ပြည် နယ်  မြောက်ပိုင်း အကြမ်းဖက်မှုဖြစ်စဉ်မှာ ကွပ်ကဲကြပ်မတ်မှု အားနည်းတဲ့ အတွက်ကြောင့်ဖြစ် တယ်လို့   ဖေါ်ပြထားပါတယ်။
မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။
တနင်္လာနေ့က ထုတ်ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ ကြေညာချက်အရဆိုရင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးကို ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ ပတ်သက်လို့ လုပ်ဆောင်ရာမှာ အားနည်းချက်တွေရှိနေ တဲ့အတွက် ၂၀၁၈ခုနှစ် မတ်လ ၆ ရက်နေ့ ကတည်းက တာဝန်ထမ်းဆောင်ခွင့်ကို ရပ်နားထားတာဖြစ်ပါတယ်။ အခုတော့ ကြည်း ၁၉၅၇၁ ဗိုလ်ချုပ်မောင်မောင်စိုးကို ၂၀၁၈ ဇွန်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ တပ်မတော်က ထုတ်ပယ်လိုက်ပြီလို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဗိုလ်ချုပ်မောင်မောင်စိုးအနေနဲ့ ၂၀၁၆ အောက်တိုဘာလကနေ ၂၀၁၇ နိုဝင်ဘာလအထိ ရခိုင်ပြည်နယ် နယ်မြေရှင်းလင်းရေး အရေးပေါ်ကာလအတွင်း လုံခြုံရေးဆိုင်ရာ ကြိုတင်စီမံဖို့ အားနည်းခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော ဟာ အမှတ် ၃ စစ်ဆင်ရေး အထူးအဖွဲ့မှူး အနေနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ လှုပ်ရှားမှုတွေကို ကွပ်ကဲတဲ့ ကာလအတွင်း စီမံဆောင်ရွက်ချက်တွေမှာ လိုအပ်ချက်တွေရှိခဲ့ သလို အထိုက်အလျောက် တာဝန်ရှိခဲ့သူဖြစ်ပြီး ဒါတွေဟာ ကျန်းမာရေးဆိုင်ရာ ချို့ယွင်းမှုကြောင့် လို့ တွေ့ရှိရတဲ့အတွက် ၂၀၁၈ခုနှစ် မေလ ၂၂ ရက်နေ့ကတည်းက ရာထူးကနေ မိမိဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုထားတာဖြစ်တယ်လို့ တပ်မတော်ရဲ့ ကြေညာချက် မှာ ဖေါ်ပြ ထားပါတယ်။
အခုလို မြန်မာစစ်တပ်က သူတို့ရဲ့ အရေးယူမှုပိုင်းဆိုင်ရာကို ထုတ်ပြန်ခဲ့တဲ့အပေါ်မှာ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က အခုလို သုံးသပ်ပါတယ်။
“စစ်တပ်ဟာ ရိုဟင်ဂျာတွေကို ညှမ်းပမ်းနှိပ်စက် သတ်ဖြတ်မှုတွေကို ဂရုမစိုက်ဘူးဆိုတာ အလွန်ရှင်းပါတယ်။ ဒါကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ကို ထုတ်ပယ်တယ်ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်တာက ဒီလို ရာဇ၀တ်မှုကျူးလွန်တာတွေကို ဖုံးကွယ်ဖို့ ပျက်ကွက်ခဲ့တာဖြစ်နိုင်ပါတယ်။ စစ်တပ် လုပ်ခိုင်းတဲ့ အတိုင်းအတာထက် ပိုပြီးအဆမတန် လုပ်မိတာ ဥပမာ ရိုဟင်ဂျာတချို့ကိုပဲ သတ်ဖို့ စစ်တပ်က လိုလားပေမယ့် အများအပြား သတ်လိုက်တာ၊ အကြမ်းဖက်မှု အမြောက်အများကျူးလွန်ခဲ့တာ ဒါမျိုးတွေ လည်း ဖြစ်နိုင်ပါတယ်။ နောက် ဖြစ်နိုင်တာက ထုတ်ပစ်ခံရတဲ့ စစ်ဗိုလ်ချုပ်တွေက အလွန်မောက် မာခဲ့တာ ဒါမှမဟုတ် လာဘ်စားခဲ့တာ၊ စစ်ဆင်ရေးကာလအတွင်း နည်းဥပဒေတွေအတိုင်း မဆောင်ရွက်ခဲ့တာ၊ အမိန့်မလိုက်နာတာ စတာတွေဖြစ်နိုင်ပါတယ်။ အပြင်ကလူတွေအနေနဲ့ ဒီဗိုလ်ချုပ်နှစ်ဦးကို ဘာကြောင့်ထုတ် လိုက်သလဲဆိုတဲ့ နောက်ကွယ်အကြောင်းအရင်းကို သိဖို့ခက်ပါတယ်။
ကြီးမားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တဲ့ဖြစ်ရပ်တွေအတွက် အခုလို စစ်အရာရှိတွေကို ထုတ် ပယ်လိုက်ရုံနဲ့ကိစ္စ မပြီးသွားဘူးလို့ Brad Adams ကပြောပါတယ်။
“တရားစီရင်ရေးရှိဖို့ လိုအပ်တာပါ။ အခုလို စစ်ဗိုလ်ချုပ် နှစ်ဦးကို ရားထူးတာဝန်က အနားပေးလိုက်ပြီး လွတ်လွတ်လပ်လပ်နဲ့ အပြင်မှာ နေထိုင်ခွင့်ရနေတာဟာ တရားမျှတမှု မရှိပါဘူး။ ဒီလူတွေအနေနဲ့ ပင်စင်တွေ ရကောင်းရနိုင်ပြီး သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုတွေကိုလည်း ထိခိုက်မှု ရှိချင်မှ ရှိမှာပါ။ သူတို့ကို စစ်တပ်က ထုတ်ပယ်လိုက်ရုံသက်သက် ဆိုတဲ့ အခြေအနေကိုတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းပဲဖြစ်ဖြစ်၊ ရိုဟင်ဂျာတွေ ပဲဖြစ်ဖြစ် လက်ခံမှာမဟုတ်ပါဘူး။”
EU ရဲ့အရေးယူမှုထဲမှာပါနေတဲ့ ထိပ်ပိုင်း ဗိုလ်ချုပ်နှစ်ဦးကို တပ်မတော်ပိုင်းဆိုင်ရာ အရေးယူမှု လို့ ဆိုလာတဲ့အတွက် မြန်မာစစ်တပ်ရဲ့ သဘောထားအမြင် ပြောင်းလဲမှုရှိလာတယ်လို့ သုံးသပ်ပါသလား ဆိုတဲ့   မေးခွန်းကိုတော့-
“စစ်တပ်ရဲ့ကြေညာချက်ဟာ မှန်ကန်တဲ့လမ်းကြောင်း ဖြစ်နိုင်သလို ဘာမှ မျှော်လင့်လို့မရဘူး ဆိုတာ လည်းဖြစ်နိုင်ပါတယ်။ ဒါက အစိုးရနဲ့ စစ်တပ်အပေါ်မှာမူတည်ပါတယ်။ တကယ်လို့ အပြုသဘောဆောင် တိုးတက်တဲ့လက္ခာဏာကို မြင်ရဖို့ဆိုရင်တော့ အစိုးရအနေနဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ခွင့်ပြုသင့် သလို၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီ ကိုလည်း နိုင်ငံတွင်း ၀င်ရောက်ခွင့်ပြုသင့်ပြီး၊ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားတဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အဖွဲ့နဲ့လည်း ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ပြစ်မှုရေးရာ စုံစမ်းမှုတွေကို ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ဦးဆောင်သင့်ပါတယ်။”
ရိုဟင်ဂျာတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှုနဲ့ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အစုလိုက် အပြုံလိုက်မောင်းထုတ်ခဲ့မှု စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ဒဏ်ခတ် အရေးယူတဲ့ စစ်ဘက်နဲ့ လုံခြုံရေးဘက် အရာရှိ (၇)ဦးစာရင်းနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂရဲ့ တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့-
စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော ဟာ အမှတ် ၃ စစ်ဆင်ရေး အထူးအဖွဲ့မှူး အနေနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ လှုပ်ရှားမှုတွေကို ၂ဝ၁၅ ဩဂုတ်ကနေ ၂ဝ၁၇ ခုနှစ်အကုန်အထိ ကြီးကြပ်ခဲ့ရသူ ဖြစ်လို့ အဲဒီ ကာလ အပိုင်းအခြား အတွင်း ရိုဟင်ဂျာတွေကို ညှမ်းပမ်းနှိပ်စက်မှုနဲ့ ပြင်းထန်တဲ့ လူအခွင့်အရေးချိုးဖောက်မှု တွေ ကျူးလွန်ရာမှာ တာဝန်ရှိသူဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါအပြင် ဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ရိုဟင်ဂျာ အိမ်တွေနဲ့ အဆောက်အဦတွေကို စနစ်တကျ မီးရှို့ဖျက်စီးမှု စတာတွေပါဝင်ပါတယ်။
ဒုတိယ အဖြစ် ဖေါ်ပြထားတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုးဟာ ၂၀၁၆ခုနှစ် အောက်တိုဘာလ ကနေ ၂၀၁၇ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ ရခိုင်ပြည်နယ် စစ်ဆင်ရေးကို ကြီးကြပ်ကွပ်ကဲခဲ့တဲ့ ကာလအတွင်း ရိုဟင်ဂျာတွေကို ညှမ်းပမ်းနှိပ်စက်မှုနဲ့ ပြင်းထန်တဲ့ လူအခွင့်အရေး ချိုးဖောက်မှု တွေ ကျူးလွန်ရာမှာ တာဝန်ရှိသူဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါအပြင် ဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ရိုဟင်ဂျာ အိမ်တွေနဲ့ အဆောက်အဦတွေကို စနစ်တကျ မီးရှို့ဖျက်စီးမှု စတာတွေပါဝင်ပါတယ်။
ခြေမြန်တပ်မ ၉၉ ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ် သန်းဦး၊ခြေမြန်တပ်မ ၃၃ ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင်၊ ဘူးသီးတောင် အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ် ခင်မောင်စိုး တို့ဟာ ၂၀၁၇ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ရပ်တွေအတွက် တာဝန်ရှိသူတွေဖြစ်တယ်လို့ ဥရောပသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
နောက် နယ်ခြားစောင့်တပ်ဖွဲ့မှူး အဖြစ် ကြီးကြပ်ကွပ်ကဲခဲ့တဲ့ ရဲမှူးချုပ် သူရစန်းလွင်ကတော့ သူတာဝန် ထမ်းဆောင် ခဲ့တဲ့ ၂၀၁၆ခုနှစ် အောက်တိုဘာလ ကနေ ၂၀၁၇ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ရပ်တွေမှာ တာဝန်ရှိသူဖြစ်တယ်လို့ ရေးသားထားပါတယ်။
ခုနှစ်ဦးမြောက်ဖြစ်တဲ့ အမှတ် ၈ လုံခြုံရေး ရဲတပ်ဖွဲ့မှူး သန့်ဇင်ဦးကတော့ ၂၀၁၇ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလ အတွင်း တပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင် ကွပ်ကဲတဲ့ ခြေမြန်တပ်မ ၃၃ က ကျူးလွန်ခဲ့တယ်ဆိုတဲ့ အကြမ်းဖက် မှုတွေမှာ ပူးပေါင်းပါဝင်မှုနဲ့ EU ဒဏ်ခတ်အရေးယူမှုထဲမှာ ထည့်သွင်းခံခဲ့ရတာဖြစ်ပါတယ်။
Share:
မူးယစ်ဆေးဝါး အထူးသတင်းပေး တိုင်ကြား ဌာန ဖွင့်လှစ်ပြီ လို့ သမ္မတ ဦးဝင်းမြင့်ပြော
image
ဧရာဝတီ၊ ဇွန် ၂၆၊ ၂၀၁၈
တိုင်းပြည်မှာ အလွန်ဆိုးဝါးနေတဲ့ မူးယစ်ဆေးဝါး ကိစ္စတွေကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်ဖို့ အထူးသတင်းပေး တိုင်ကြားနိုင်တဲ့ဌာန တခုကို သမ္မတရုံးမှာ ဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့ ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနဲ့ တရားမဝင် ရောင်းဝယ် တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ သမ္မတ ဦးဝင်းမြင့်က ကြေညာခဲ့ပါတယ်။
ဒီနေ့ နေပြည်တော် MICC-2 မှာ ကျင်းပပြုလုပ်တဲ့ အခမ်းအနားမှာ သမ္မတကိုယ်တိုင် အထက်ပါ အတိုင်း ကြေညာလိုက်တာ ဖြစ်ပြီး အခမ်းအနားကို ဒုတိယ သမ္မတ ဦးမြင့်ဆွေ၊ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့ အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားမှာ ဒီနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲမှာ ဆုရသူတွေကို ဆုချီးမြင့်တာ၊ အခမ်းအနား ပြီးတော့ ပြခန်းတွေကို ထုံးစံအတိုင်း သမ္မတက လှည့်ပတ်ကြည့်ရှု့တာတွေ ပြုလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ – ထက်နိုင်ဇော်/ဧရာဝတီ
Share:
လူ ၄၀ ပါဝင်သည့် မြန်မာအလုပ်သမား ခိုးဝင်အဖွဲ့ ကို ထိုင်း အမှတ် ၂၅ ခြေလျှင် တပ်ရင်းမှ ဖမ်းဆီး
image
ထိုင်းနိုင်ငံရနောင်းနယ်စပ်မှတစ်ဆင့်ချန်ပွန်ပြည်နယ်အတွင်းသို့ ခိုးဝင်ရန်ကြိုးစားခဲ့ပြီး မလေးရှား သို့ ဆက်လက် သွားရောက်မည့် အလုပ်သမား ၄၀ ဦးပါဝင်သည့် မြန်မာလူမှောင်ခိုအဖွဲ့ ကို ထိုင်းတပ်မတော်၏ အမှတ် ၂၅ ခြေလျင်တပ်ရင်းမှ ကြားဖြတ်ဖမ်းဆီးလိုက်သည်။
ချန်ပွန်ပြည်နယ်အတွင်းသို့ ဦးတည်နေသည့်လမ်းမပေါ်တွင်မသင်္ကာဖွယ် ဟိုင်းလက်စ်ပစ်ကပ်ကား ၃ စီးကို ရွာသားများက သတိပြုမိကာတိုင်ကြားခဲ့ပြီးနောက် အမှတ် ၂၅ ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့ ဝင်များက  ပစ်ကပ်ကား ၃ စီးပေါ်တွင် လိုက်ပါလာသည့် ရွေ့ ပြောင်း မြန်မာအလုပ်သမားများကို ယနေ့ ( ဇွန် ၂၅ ၊ တနင်္လာ) က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
မြန်မာလူမှောင်ခို ခိုးဝင်အလုပ်သမားများတွင် ခိုင်လုံသည့် အထောက်အထားမပါရှိခဲ့ဘဲ အဆိုပါအဖွဲ့ တွင် အမျိုးသမီး ၆ ဦးအပါအ၀င် စုစုပေါင်း ၄၀ ဦး ပါဝင်ခဲ့ကာ ၄င်းတို့ ကို ကားများဖြင့်ခေါ်ဆောင်လာခဲ့သည့်
ယာဉ်မောင်း ၃ ဦးကိုလည်း ထိုင်းစစ်တပ်က မြန်မာအလုပ်သမား
မှောင်ခို ခိုးဝင်အဖွဲ့ နှင့်အတူ ဖမ်းဆီးလိုက်သည်။
ယာဉ်မောင်း ၃ ဦးတွင် တစ်ဦးမှာထိုင်းလူမျိုးဖြစ်ပြီး ကျန် ၂ ဦးမှာ မြန်မာလူမျိုးများဖြစ်ကာ ၄င်းတို့ ၏ ဖွင့်ဟ အစစ်ခံချက်အရ မြန်မာနိုင်ငံနယ်စပ်
အဆိုပါ ယာဉ်မောင်း ၃ ဦးကို စုံစမ်းစစ်ဆေးမှု့ များထပ်မံပြုလုပ်နိုင်ရန်အတွက် ရနောင်းလူဝင်မှု့ ကြီးကြပ်ရေးရုံး သို့  ထိုင်းစစ်တပ်က လွဲပြောင်းပေးခဲ့ကြောင်း သိရသည်။
Refး The Nation
The Ladies News
Share:
အီးယူက မြန်မာ့တပ်မတော်နှင့် နယ်ခြားစောင့်ရဲ ထိပ်တန်းအရာရှိ ခုနှစ်ဦးကို ပိတ်ဆို့အရေးယူ
ရန်ကုန်၊ ဇွန် ၂၅
ဥရောပသမဂ္ဂ (အီးယူ) က မောင်တောဒေသအရေးကြောင့် မြန်မာ့တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ထိပ်တန်းအရာရှိ ခုနှစ်ဦးတို့ကို ယနေ့ (ဇွန် ၂၅) ပိတ်ဆို့အရေးယူလိုက်သည်။
လူပုဂ္ဂိုလ်တစ်ဦးချင်း ပစ်မှတ်ထား ပိတ်ဆို့ခံရသူ ခုနှစ်ဦးတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောနှင့် ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး တာဝန်ယူခဲ့သူ ဗိုလ်ချုပ် မောင်မောင်စိုးတို့လည်း ပါဝင်နေသည်။
ထို့အပြင် ခြေမြန်တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် သန်းဦး၊ ခြေမြန်တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင်၊ ဘူးသီးတောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေး ကွပ်ကဲမှူ ဌာနချုပ်မှူး ဗိုလ်ချုပ် ခင်မောင်စိုး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ကွက်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်နှင့် အမှတ် ၈ လုံခြုံရေး ရဲတပ်ဖွဲ့မှူး သန့်ဇင်ဦးတို့ပါဝင်သည်။
ပိတ်ဆို့အရေးယူခြင်းခံရသူများသည် အီးယူနိုင်ငံများရှိ ၎င်းတို့၏ပိုင်ဆိုင်မှုကို ထိန်းချုပ်ခံရမည်ဖြစ်ပြီး ယင်း နိုင်ငံများသို့ သွားလာခွင့်လည်း ပိတ်ပင်ခံထားရမည်ဖြစ်သည်။
ပိတ်ဆို့ခံရမှုစာရင်းတွင်ပါဝင်သည့် ဗိုလ်ချုပ်မောင်မောင်စိုးကို ဘင်္ဂါလီအကြမ်းဖက်ကိစ္စတွင် သတင်းလက်ဦးမှု ရယူ၍ လိုအပ်သလိုစီမံဆောင်ရွက်နိုင်မှုအားနည်းခြင်း၊ နယ်မြေရှင်းလင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အားနည်းခြင်း၊ ကြိုတင်စီမံရန် အားနည်းခြင်း စသည့်အရေးပေါ်အချိန် တာဝန်ထမ်းဆောင်မှု၌ တာဝန်ရှိကြောင်း စိစစ်တွေ့ရှိရသောကြောင့် ရာထူးမှထုတ်ပယ်လိုက်ကြောင်း ဇွန်လ ၂၅ ရက်တွင် မြန်မာ့တပ်မတော်က ကြေညာသည်။
ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောသည်လည်း တပ်မတော်တာဝန်များကို ထမ်းဆောင်ရာတွင် လိုအပ်ချက်များ ရှိခဲ့ကြောင်း ၊ ကျန်းမာရေး မကောင်း၍ တာဝန်ထမ်းဆောင်မှုတွင် အားနည်းချက်များရှိလာပြီး ၎င်း၏ ဆန္ဒအလျောက် နုတ်ထွက်စာ တင်သွင်းလာသောကြောင့် မေလ ၂၂ ရက်တွင် ရာထူးမှနုတ်ထွက်ခွင့်ပြုခဲ့ ကြောင်း မြန်မာ့တပ်မတော်က ဇွန်လ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ၂၀၁၇ နှစ်လယ်တွင် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများအပေါ် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ ပြုလုပ်ခဲ့သည်ဆိုကာ အီးယူသည် ယင်းသို့ လူပုဂ္ဂိုလ်တစ်ဦးချင်းအပေါ် ပစ်မှတ်ထား ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်တွင် ဥပဒေပ သတ်ဖြတ်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ဘင်္ဂါလီအိမ်များနှင့် အဆောက်အအုံများကို စနစ်တကျ မီးရှို့ဖျက်ဆီးမှုများပါဝင်သည်ဟုလည်း အီးယူက ထုတ်ပြန်သည်။
ဗိုလ်ချုပ်မောင်မောင်းစိုးကို ၂၀၁၇ နှစ်ကုန်ပိုင်းကလည်း အမေရိကန်က အရေးယူပိတ်ဆို့မှု ပြုလုပ်ခဲ့သေးသည်။ ယင်းနောက် တိုင်းမှူးတာဝန်မှ တပ်မတော်အရံအင်အားအဖြစ် ပြောင်းရွှေ့ခံလိုက်ရသူဖြစ်သည်။
ဓာတ်ပုံ – Hla Maung Shwe (FB)
ပုံစာ – ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော
Share:
ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော
Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...
Blog Archive
Theme Support
Need our help to upload or customize this blogger template? Contact me with details about the theme customization you need.