• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

26 May, 2018

ကျောက်ဖြူစီမံကိန်း အဓိပ္ပါယ်မဲ့ဟု ရှောင် တားနယ်လ် ဝေဖန်

အဲဒီရေနက်ဆိပ်ကမ်းစီမံကိန်းမှာ အစုရှယ်ယာ ၇ဝ% ကိုပိုင်ဆိုင်ခွင့်ပေးဖို့ တရုတ်အစိုးရပိုင် ကုမ္ပဏီက အဆိုပြုထားပါတယ်။ ကျန် ၃ဝ % ကို မြန်မာအစိုးရနဲ့ ဒေသခံကုမ္ပဏီအချို့က ပါဝင်မှာဖြစ်ပါတယ်။ အရင် အစိုးရလက်ထက်မှာ သဘောတူစတင်ခဲ့တဲ့ အဲဒီ ရေနက်ဆိပ်ကမ်းနဲ့ စီးပွားရေးဇုံကို တရုတ်ကုမ္ပဏီ CITIC အုပ်စုက ၇၅ နှစ် စီမံအုပ်ချုပ်ခွင့်ရမှာဖြစ်ပြီး  ဒီစီမံကိန်းမှာ အစုရှယ်ယာပါဝင်ရေးအတွက် မြန်မာအစိုးရဟာ တရုတ်ဘဏ်တခုကနေ ငွေချေးရမှာ ဖြစ်ပါတယ်။
ပညာရှင် ရှောင် တားနယ်လ် က ဒီဆိပ်ကမ်းစီမံကိန်းဟာ ကောင်းပါတယ်။ ဒါပေမယ့် ဒေါ်လာ သန်း ၇ဝဝဝ သုံးစွဲတည်ဆောက်ဖို့ မလိုပါဖူး။ လတ်တလောကာလအတွင်း ပနားမားတူးမြောင်း တိုးချဲ့တဲ့စီမံကိန်းဟာ ဒေါ်လာ သန်း ၅ဝဝဝ ကျော်ပဲ ကုန်ကျပါတယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံက သီရီလင်္ကာနိုင်ငံမှာတည်ဆောက်ခဲ့တဲ့ ရေနက်ဆိပ်ကမ်းတခုဟာ ဒေါ်လာ သန်း ၁ ထောင် ကုန်ကျခဲ့ပြီးနောက် သီရီလင်္ကာအစိုးရက အကြွေးမဆပ်နိုင်တဲ့ အဆုံးမှာ တရုတ်ပြည်ကို ၉၉ နှစ် အုပ်ချုပ်ခွင့်နဲ့ ဌားရန်းခွင့်ပေးလိုက်ရတဲ့ သာဓက ရှိတယ်လို့လည်း ရှောင် တားနယ်လ် ကပြောဆိုကြောင်း နယူးယောက် အခြေစိုက် Bloomberg ဘလွမ်းဘာ့ဂ် သတင်းဌာနက သောကြာနေ့ မနေ့က ဖြန့်ချိတဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။
Share:

အမုန်းတရားဟော သံဃာ အပြစ်ရှိ ​ကြောင်း သီရိလင်္ကာ ဆုံးဖြတ်

သီရီလင်္ကာတရားရုံးတစ်ရုံးက အမုန်း တရားဟောကြားမှုအတွက် သံဃာတော် တစ်ပါးကို အပြစ်ရှိကြောင်း ကြာသပတေးနေ့ မနေ့က ဆုံးဖြတ်လိုက်ပါတယ်။ ဆရာတော် Galagodaatte Gnanasara ဂလာဂိုဒက် နာနာဆားရားဟာ သီရီလင်္ကာနိုင်ငံမှာ လူနည်းစုမွတ်စလင်ဆန့်ကျင်ရေး တရားတွေကို ဟောပြောမှုအတွက် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ သံဃာတစ်ပါးဖြစ်ပြီး မြန်မာနိုင်ငံက မစိုးရိမ်ဆရာတော် အရှင် ဝီရသူနဲ့ ရင်းနှီးသူလည်း ဖြစ်ပါတယ်။
တရားရုံးက ဆရာတော် နာနာဆားရားဟာ ၂ဝ၁ဝ ခုနှစ်က စစ်ထောက်လှမ်းရေးတွေ ဖမ်းဆီးသွားခဲ့သူတစ်ဦးရဲ့ဇနီးကို ရင့်သီးစော်ကားစွာ သုံးနှုန်းပြောဆို ခြိမ်းခြောက်နှောင့်ယှက်တဲ့ စွဲချက် ၂ ခုအတွက် အပြစ်ရှိကြောင်း တွေ့ရှိရတယ်လို့ ပြောပါတယ်။ စွဲချက်တစ်ခုစီအတွက် ထောင်ဒဏ် ၂ နှစ်အထိအပြင် ဒဏ်ငွေလည်း ချမှတ်နိုင်ပါတယ်။ အဲဒီအမျိုးသမီးရဲ့ ခင်ပွန်းဟာ သမ္မတဟောင်း Rajapakse ရာဂျာပတ်ကဆဲ ကို နောက်ပြောင်ရာမှာ နာမည်ကျော်တဲ့ကာတွန်းဆရာဖြစ်ပါတယ်။
စစ်ထောက်လှမ်းရေးတွေ ဖမ်းဆီးသွားပြီးနောက် ယောင်္ကျားပျောက်ဆုံးနေတာကို ဖေါ်ထုတ်ရေးအတွက် သူမက ကျယ်ကျယ်ပျံ့ပျံ့ လှုပ်ရှားခဲ့ရာမှာ ဆရာတော်က အဲဒီ အမျိုးသမီးဟာ အကြမ်းဖက်သမားတွေကို ထောက်ခံပြီး စစ်တပ်ကို အကြည်ညိုပျက်အောင်ပြုလုပ်သူအဖြစ် စွပ်စွဲဟောပြောခဲ့တယ်လို့ ဆိုပါတယ်။
ဆရာတော် နာနာဆားရားဟာ ပြီးခဲ့တဲ့နှစ်ကလည်း မွတ်စလင်မုန်းတီးရေးတရားတွေ ဟောပြောမှုအတွက် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာမှာ တစ်လခန့် ပုန်းရှောင်နေခဲ့ပါတယ်။ သီရီလင်္ကာ နိုင်ငံမှာ ၂ဝ၁၄ ခုနှစ်က မွတ်စလင်ဆန့်ကျင်ရေး ဆူပူမှုတွေဖြစ်ပွားပြီး မကြာခင်လပိုင်းအတွင်း အရှင် နာနာဆားရားထံကို အရှင်ဝီရသူ ကြွရောက်အားပေးခဲ့ကြောင်းနဲ့ အရှင် နာနာဆားရား ဦးဆောင်တဲ့ BBS ခေါ် သံဃာ့တပ်ဖွဲ့ဟာ ၂ဝ၁၄ နဲ့ ၂ဝ၁၇ မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းတွေမှာ နောက်ကွယ်က ကြိုးကိုင်ခဲ့တယ်လို့  သတင်းထွက်ကြောင်း စသဖြင့် သီရိလင်္ကာကလာတဲ့ သတင်းတွေမှာ ဖေါ်ပြပါတယ်။
-
Share:

25 May, 2018

အဂတိလိုက်စားမှုများကို တိုင်ကြားသူမရှိပေမယ့် အရေး ယူနိုင်ရန် ဥပဒေပြင်ဆင်အတည်ပြု

ဥပဒေတွေလည်း ပြင်ဆင်လာပြီ၊
အရေးယူမှုတွေလည်း အရှိန်မြင့်လာပြီ။ သူ့လူ၊ကိုယ့်လူမရှောင်လည်း အရေးယူ ပြပြီးနေပြီ။ပါးစပ် ကလည်း လူသိ ရှင်ကြား ထုတ်ပြောလာပြီ ဆိုတော့ ဒါတွေဟာ သာမန်တိုက်ဆိုင်မှုတော့ မဟုတ်ဘူး။နောက်ဆက်တွဲ အနေနဲ့ ဘယ်လိုငါးကြီးကြီးတွေတောင်ကြော်တော့မလည်း ဆိုတာ စိတ်ဝင်စားဖို့ကောင်းလာပြီ …

အဂတိလိုက်စားမှုများကို တိုင်ကြားသူ မရှိပေမယ့် အရေးယူနိုင်ရန် ဥပဒေပြင်ဆင်အတည်ပြု
===========================

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။

အရင်ဥပဒေဟောင်းမှာ အားနည်းချက်တွေရှိခဲ့ပြီး အခုပြင်ဆင်အတည်ပြုလိုက်တဲ့ ဥပဒေမှာ ဟာကွက်ပျော့ကွက်တွေနည်းသွားတဲ့ အတွက် ရှေ့ဆက် အလုပ်လုပ်လို့ ရသွားပြီလို့အဂတိလိုက်စားမှုတိုက်ချက်ရေး ကော်မရှင် ဥက္ကဋ္ဌဦးအောင်ကြည်က ပြောပါတယ်။

“လုံလောက်တဲ့ အနေအထားရှိပါတယ်။ ရှေ့ကို ဆက်လုပ်သွားမယ်ဆိုရင် အလုပ်လုပ်လို့ ရတဲ့အနေအထားပေါ့။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အင်နဲ့ အားနဲ့ လုပ်သွားလို့ ရနိုင်မယ့် အနေအထားမျိုးဖြစ်တယ်လို့ ပြောချင်
ပါတယ် ” လို့ ဦးအောင်ကြည်က ဆိုပါတယ်။

အရင်ဥပဒေတုန်းက နိုင်ငံတော်သမ္မတက တာဝန်ပေးတဲ့အခါ၊ လွှတ်တော်ဥက္ကဋ္ဌတွေက တာဝန်ပေးတဲ့အခါနဲ့
နစ်နာတဲ့ သူက တိုင်ကြားတဲ့အခါတွေမှာပဲ အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး ဒီ ၃ ချက်ကလွဲပြီး ဘယ်လို အဂတိ
လိုက်စားမှုတွေ ရှိနေ ရှိနေ အရေးယူလို့မရတဲ့ အနေအထားမျိုး ရှိခဲ့တယ်လို့ ပြောပါတယ်။

“အခုဥပဒေမှာကျတော့ ကျော်ဇောသတင်းဆိုတာလေးကိုဥပဒေထဲမှာ ထည့်ထားတယ်။ ကျော်ဇောသတင်းဆိုတာမှာလည်း ကျော်ဇောသတင်းတိုင်းကို ပြောတာမဟုတ်ပါဘူး။ကျော်ဇော သတင်းဖြစ်လာပြီဆိုရင် ကျော်ဇောသတင်းရဲ့အင်္ဂါရပ်နဲ့ညီသလား။ ဘယ်လောက် အတိုင်းအတာအထိမှန်ကန်နိုင်သလည်းဆိုတာကို သေသေချာချာလေ့လာပြီးတော့မှ အဖွဲ့အစည်းနဲ့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

ဆုံးဖြတ်ပြီးတော့မှ ကျော်ဇောသတင်းအဖြစ် တရားဝင်သတ်မှတ်ရမှာဖြစ်ပါတယ်။ အဲ့လိုသတ်မှတ်ပြီးတော့မှ
အဲဒီကိစ္စကို ဆက်ပြီး အရေးယူ ဆောင်ရွက်နိုင်တာဆိုတော့ ပြင်ပမှာ ဖြစ်ပွားနေတာရှိရင် တိုင်းကြားသူမရှိဘဲ
အရေးယူလို့ ရနိုင်တဲ့ အနေအထားဖြစ်တော့လက်တွေ့သဘာဝနဲ့ အများကြီးကိုက်ညီတဲ့ ပြင်ဆင်ချက်
လို့ ပြောချင်ပါတယ် ” လို့ ဦးအောင်ကြည်က ဆိုပါတယ်။

ဒါအပြင် အခုပြင်ဆင်လိုက်တဲ့ ဥပဒေမှာ နိုင်ငံတော်ရဲ့ဘဏ္ဍာရန်ပုံငွေတွေ လုပ်ထုံး လုပ်နည်းနဲ့မညီဘဲဆုံးရှုံးနေမယ် ဆိုရင်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ သက်ဆိုင်ပြီး ငြိစွန်းနိုင်တယ်ဆိုတဲ့အချက်တွေကြောင့် အများကြီးကျယ်ပြန့်သွားသလို နိုင်ငံတကာ အဆင့်နဲ့လည်း ညီသွားတယ်လို့ ကော်မရှင်ဥက္ကဋ္ဌကပြောပါတယ်။

Source: DVB
ZN.H
Share:

အာ​မေရိကန်​ ​အောက်​လွှတ်​​တော်​က လူ့အခွင့်​အ​ရေး ချိုး​ဖောက်​ အတွက်​ ဥပ​ဒေ မူကြမ်​ အတည်​ပြု

လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိတဲ့ မြန်မာစစ်တပ်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို အရေးယူမယ့် ဥပဒေပြင်ဆင်ချက်မူကြမ်းကို အမေရိကန်အောက်လွှတ်တော်က တခဲနက် အတည်ပြုလိုက်ပါတယ်။ ဒီ ဥပဒေကြမ်းအရ မြန်မာလုံခြုံရေးအဖွဲ့အစည်းနဲ့ တာဝန်ရှိသူအချို့ကို ဘဏ္ဍာငွေကြေးဆိုင်ရာအရေးယူဒဏ်ခတ်မှုတွေနဲ့ ပြည်ဝင်ခွင့်ပိတ်ပင်တာတွေရှိလာမှာဖြစ်သလို၊ အမေရိကန်နဲ့ မြန်မာစစ်ဖက် ဆက်ဆံမှုအပေါ်မှာလည်း အကန့်အသတ် ဖြစ်သွားစေမှာပါ။ ဒီအကြောင်း ကိုသားညွန့်ဦး အပြည့်အစုံပြောပြပါလိမ့်မယ်။
အခု အောက်လွှတ်တော်က ထောက်ခံမဲ ၃၈၂ မဲ ကန့်ကွက်မဲ ၃၀ နဲ့ အတည်ပြုလိုက်တဲ့ NDAA အမေရိကန်နိုင်ငံကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ မြန်မာနိုင်ငံဆိုင်ရာပြင်ဆင်ချက်မူကြမ်းအရ ရိုဟင်ဂျာ ကချင်၊ ချင်း၊ ကရင်နဲ့ မြန်မာနိုင်ငံက အခြားလူနည်းစုလူမျိုးတွေအပေါ် လူ့အခွင့်အရေးကျူးလွန်တဲ့ စစ်ဖက်နဲ့ လုံခြုံရေးအာဏာပိုင်တွေကို ဘဏ္ဍာငွေကြေးအရ ပိတ်ဆို့အရေးယူဖို့၊ အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်ဖို့ အစိုးရအာဏာပိုင်တွေကို လုပ်ပိုင်ခွင့်ပေးထားပါတယ်။
မြန်မာစစ်တပ်အနေနဲ့ လူ့အခွင့်အရေးအခြေခံစံနှုန်းတွေ တိုးတက်ကောင်းမွန်လာပြီး၊ အရပ်သားအစိုးရထိန်းချုပ်မှုအောက်ရှိလာတယ်ဆိုတဲ့ အထောက်အထားတွေ မရှိသရွေ့၊ မြန်မာနဲ့ အမေရိကန် စစ်ဖက်ဆက်ဆံရေးတွေကိုလည်း ကန့်သတ်ထားပါတယ်။ အထူးသဖြင့်တော့ သြဂုတ်လ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ရိုဟင်ဂျာလူနည်းစုတွေအပေါ် ပြုမူဆက်ဆံခဲ့တာတွေကို ထောက်ပြခဲ့ပြီး၊ အခု ပြင်ဆင်ချက်ဥပဒေကြမ်းဟာ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေတိုးတက်လာအောင် ဖိအားပေးတာဖို့ ရည်ရွယ်ထားတာပါ။ ဒီ ပြင်ဆင်ချက်ဥပဒေကြမ်းကို ဦးဆောင်အဆိုတင်တဲ့ အောက်လွှတ်တော် ဒီမိုကရက်အမတ် Eliot Engel က ဒီအဖြစ်အပျက်ကြောင့် ဒုက္ခသည် ၇ သိန်း ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး၊ အဲဒီက ၈၀ ရာခိုင်နှုန်းဟာ ကလေးနဲ့ အမျိုးသမီးတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။
“ဒါဟာ လူကြောင့်ဖြစ်ရတဲ့ အကြပ်အတည်းပါ။ လူမျိုးနွယ်စုအလိုက် ရှင်းလင်းဖယ်ရှားမှုပါ။ မျိုးတုံးသတ်ဖြတ်မှု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အခုအချိန်အထိ ဒီဖြစ်ရပ်အတွက် တာဝန်ယူမှု တာဝန်ခံမှု မရှိသေးပါဘူး။”
အောက်လွှတ်တော်က အခု အတည်ပြုပေးလိုက်တဲ့ NDAA ရဲ့ မြန်မာပြည်ဆိုင်ရာပြင်ဆင်ချက်မူကြမ်းမှာ အဓိကကတော့ မြန်မာစစ်တပ်ကို ပိုပြီး ပစ်မှတ်ထားတာဖြစ်ပါတယ်။ ဒီအရေးယူမှုတွေဟာ အပြောင်းအလဲကိုဖြစ်စေမယ်လို့ ယုံကြည်တဲ့အကြောင်းလည်း အောက်လွှတ်တော် အမတ် Eliot Engel က ပြောသွားပါတယ်။
“ ဒီအရေးယူမှုဟာ အပြောင်းအလဲ ဖြစ်စေမှာပါ။ လူ့အခွင့်အရေးအခြေအနေတွ တိုးတက်လာတာကို မမြင်ရသရွေ့ မြန်မာစစ်တပ်ကို အမေရိကန်စစ်ဖက်က အကူအညီ အထောက်အပံ့ပေးမှုတွေ ကန့်သတ်ထားပါမယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်တဲ့ စစ်ဖက်နဲ့ လုံခြုံရေးတပ်တွေကို ဘဏ္ဍာငွေကြေးဆိုင်ရာပြင်းထန်တဲ့ အရေးယူမှုတွေ၊ နောက် ပြည်ဝင်ခွင့်ပိတ်ပင်တာတွေ လုပ်ပါမယ်။ နိုင်ငံတွင်း ပွင့်လင်းမြင်သာမှုဖြစ်အောင် အားပေးပါမယ်။ မြန်မာကျောက်မြတ်လုပ်ငန်းပိုင်းမှာ စစ်တပ်ကသြဇာလွှမ်းနေတာတွေကို ပစ်မှတ်ထားပြီး ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တွန်းအားပေးပါမယ်။ လူမျိုးနွယ်စုလိုက်ရှင်းလင်းမှုတွေဖြစ်နေတယ်ဆိုတာအပြင် ဘယ်လောက်အတိုင်းအတာဖြစ်ပျက်ခဲ့သလဲဆိုတာကို နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဆန်းစစ်သုံးသပ်ရပါလိမ့်မယ်။”
လူ့အခွင့်အရေးစံနှုန်း ပွင့်လင်းမြင်သာမှု သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းစောင့်ရှောက်မှု စတဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ ညီညွတ်တဲ့ လုပ်ငန်းကုမဏီတွေကို စာရင်းပြုစုခြင်းအားဖြင့် အရပ်သားအစိုးရနဲ့ အရပ်ဖက်အဖွဲ့တွေဖက် မြန်မာ့ကျောက်မြတ်လုပ်ငန်း ပြုပြင်ပြောင်းလဲရေးဖြစ်ဖို့ ကြိုးပမ်းတာတွေကို အားပေးသွားမယ်လို့လည်း အဲဒီ ဥပဒေကြမ်းမှာဖော်ပြထားပါတယ်။ ၁၉၈၂ နိုင်ငံသားအက်ဥပဒေကို ပြန်လည်ပြင်ဆင်ရေးအပါအ၀င် ရိုဟင်ဂျာအကြပ်အတည်းကို ဖြေရှင်းရေးအတွက် အရပ်သားအစိုးရအနေနဲ့ သူ့စွမ်းဆောင်နိုင်သရွေ့လုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
အမေရိကန် ကာကွယ်ရေးအက်ဥပဒေမှာ ပြင်ဆင်ချက်တွေကို နှစ်စဉ်နှစ်တိုင်း လွှတ်တော်က ဆုံးဖြတ်လေ့ရှိပြီး၊ အခုနောက်ဆုံး မြန်မာနိုင်ငံဆိုင်ရာ ပြင်ဆင်ချက်ကိုတော့ အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုပေးရဦးမှာ ဖြစ်ပါတယ်။ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီမှာပဲ ပြီးခဲ့တဲ့ သီတင်းပတ် နှောင်းပိုင်းမှာတုန်းကလည်း ၂၀၁၈ မြန်မာနိုင်ငံဆိုင်ရာ အက်ဥပဒေမူကြမ်းကို အတည်ပြုထားပြီး၊ ဥပဒေအဖြစ် ပြဌာန်းဖို့ အထက်နဲ့ အောက်လွှတ်တော်တွေမှာ မဲခွဲကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲ ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးကင်းစခန်း ၃၀ လောက်ကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းရာမှာ မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျုးလွန်ခဲ့ပြီး၊ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားတဲ့ အဆင့်အထိ ရောက်ခဲ့ကြောင်း အမေရိကန် အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲထားကြပြီး၊ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူဖို့ တိုက်တွန်းနေကြတာပါ။ ဒီအဖြစ်အပျက်ကိုလည်း ရိုဟင်ဂျာတွေအပေါ် လူမျိုးနွယ်စုလိုက်ရှင်းလင်းဖယ်ရှားမှုဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက သုံးနှုန်းထားပါတယ်။
Share:

ရာဇ၀တ်မှုကျူးလွန်တဲ့ မြန်မာတပ်မတော်မှာ တာဝန်ခံရမယ်လို့ ကနေဒါပြော

ကနေဒါနိုင်ငံခြားရေးဝန်ကြီး Chrystia Freeland ကတော့ ပြောပြီ၊ ရိုဟင်ဂျာ လူမျိုးစုသန့်စင်ရေးပြုလုပ်မှု နောက်ကွယ်မှာရှိတဲ့ မြန်မာ့တပ်မတော်ကို တာဝန်ခံမှုရှိစေဖို့ ဖက်ဒရယ်အစိုးရအနေနဲ့ ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲလျက် ကြိုးစားသွားမည့်အပြင် တာဝန်ရှိသူများ ဘယ်မှဖုံးကွယ်ရန်နေရာရှိတော့မည်မဟုတ်ကြောင်းလည်း သတိပေး ပြောကြားလိုက်ပါတယ်။ အဲဒီမှာ ကင်းလွှတ်ခွင့် မရှိနိုင်ဘူးလို့လည်း ဆိုပါတယ်။
The federal government will spend hundreds of millions of dollars to try to bring accountability to those behind the ethnic cleansing of Rohingya by the Myanmar military, and is warning that those responsible will have “no place to hide.”
In a press conference held Wednesday, Foreign Affairs Minister Chrystia Freeland announced the government will commit $300 million over three years to humanitarian and stabilization initiatives that will focus on efforts to preserve evidence of atrocities committed against the Muslim minority group.
“The funds were are announcing today will support ongoing efforts to document and preserve evidence of the atrocities committed,” she said.
“There can be no impunity.”
Share:

AI အစီရင်ခံစာကို ယုံကြည်သူမရှိဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီးပြောဆို

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာမွတ်စလင်တွေ ရခိုင်ပြည်နယ်ပြန်ပို့ရေးအတွက် မြန်မာအစိုးရနဲ့ ပြောဆို ဆွေးနွေးနေမှုကို တစ်စုံတရာ ထိခိုက်မယ် မထင်ပါဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Mahmood Ali မာမွတ် အလီက ဗုဒ္ဓဟူးနေ့ မနေ့က ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ အာဆာ ARSA မွတ်စလင်အကြမ်းဖက်အဖွဲ့က ဟိန္ဒူကျေးရွာသား ၉၉ ဦးကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း AI က မေလ ၂၃ ရက်နေ့ မနေ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး သူက အခုလိုပြောကြားခဲ့တာပါ။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး က AI ရဲ့ ထုတ်ပြန်ချက်ဟာ ယုတ္တိကင်းမဲ့ပြီး ဘယ်သူကမှ ယုံကြည်မှာ မဟုတ်ပါဘူးလို့လည်း ဒါကာမြို့က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
Share:

ရိုဟင်ဂျာတွေအတွက် ကနေဒါ ဒေါ်လာ သန်း ၃ဝဝ ထောက်ပံ့


ကနေဒါအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လာမယ့် ၃ နှစ်အတွင်း ဒေါ်လာ သန်း ၃ဝဝ ဖိုး ထောက်ပံ့ကူညီမယ်လို့ ဗင်ကူးဗားမြို့က ဗုဒ္ဓဟူးနေ့ လာတဲ့ သတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။
ဒါပေမဲ့ အဲဒီအကူအညီတွေဟာ ရခိုင်ပြည်နယ်မှာ  ရိုဟင်ဂျာတွေကို ပြန်လည်နေရာချထားမယ့် အစီအစဉ်အတွက်တော့ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ သူတို့ကို ပြန်လည် နေရာချထားရေးအတွက် ကုလနဲ့ တခြားကမ္ဘာ့နိုင်ငံတွေကို တိုင်ပင်ဆောင်ရွက်မယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland ခရစ်တီးယား ဖရီးလင်းန်  နဲ့ Marie- Claude Bibeau မာရီးကလို့ဒ် ဘီးဘို တို့ကပြောပါတယ်။
တဆက်တည်းမှာပဲ ရိုဟင်ဂျာတွေကို လူမျိုးတုံးရှင်းလင်းမှုအတွက် တာဝန်ရှိသူတွေကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အရေးယူအပြစ်ပေးရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းချက်တွေကို မိမိတို့ထောက်ခံမယ်လို့လည်း ကနေဒါဝန်ကြီးတွေက ပြောကြားခဲ့ပါတယ်။
Share:

ရိုဟင်ဂျာဒုက္ခသည်ကူညီရေး မင်းသမီး Priyanka တိုက်တွန်း

မြန်မာနိုင်ငံကနေ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ အမျိုးသမီးနဲ့ကလေးငယ်တွေအတွက် နိုင်ငံတကာက အကူအညီတွေ ပိုပြီးပေးကြဖို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ချစ်ကြည်ရေးသံတမန်လည်းဖြစ်၊ အိန္ဒိယ ဘောလီးဝုဒ် ရုပ်ရှင်လောကမှာ နာမည်ကျော် မင်းသမီးတဦးလည်းဖြစ်တဲ့ Priyanka Chopra က တိုက်တွန်းလိုက်ပါတယ်။
“ဒါဟာ နိုင်ငံရေးပြဿနာဖြစ်ပြီး ကျမတို့မှာ အာဏာမရှိတဲ့အတွက် နိုင်ငံရေးပြဿနာတွေအတွက် ကျမတို့မှာ အဖြေမရှိပါ ဘူး။ ဒါပေမဲ့ လူသားတွေအနေနဲ့တော့ ကျမတို့ လုပ်ဆောင်နိုင်ပါတယ်။ ဘယ်လိုအကူအညီမျိုးပဲဖြစ်ပါစေ နည်းတယ်ဆိုတာ မရှိပါ ဘူး။ ကိုယ့်နှလုံးသားထဲမှာ ခံစားရသလို လုပ်ဆောင်ပေးနိုင်ပါတယ်။ ကလေးတွေ အာဟာရပြည့်ဝစေဖို့အတွက် တထုပ်ကို ၅၀၀ ကယ်လိုရီရှိတဲ့ မြေပဲထောပတ်အထုတ်လေးတွေ ကျွေးပါတယ်။ ကုန်ကျစရိတ်က ဘာမှမရှိပါဘူး။ ငွေလေးနည်းနည်း လှူနိုင် တယ်ဆိုရင်တောင်မှ ကလေးတယောက်အတွက် သုံးလေးငါးပတ်စာလောက် အစားအစာ ဝယ်လို့ရပါတယ်။ ဒါဆိုရင် အနိမ့်ဆုံး အဆင့် ကလေးတယောက်ကို ကျွေးမွေးစောင့်ရှောက်လိုက်တာပါပဲ” လို့ Priyanka Chopra ကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသက Kutupalong-Balukhali ဒုက္ခသည်စခန်းတွေကို သွားပြီးတဲ့နောက်လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း မင်းသမီး Priyanka က အဲဒီလိုပြောသွားတာပါ။
အစားအစာ၊ သန့်ရှင်းတဲ့ရေ၊ အမိုးအကာ၊ စနစ်တကျရှိတဲ့ သန့်ရှင်းရေးစနစ်နဲ့ ပညာရေးလို အခြေခံအခွင့်အရေးတွေမရှိဘဲ နေထိုင်နေရတဲ့ ရိုဟင်ဂျာကလေးငယ်တွေကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို Priyanka က တိုက်တွန်းပါ တယ်။
ဒီနှစ်ရဲ့ကျန်တဲ့ကာလတွေအတွက် ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီဖို့ ရန်ပုံငွေ ဒေါ်လာ သန်း ၉၅၀ ကျော်ကို ကုလသမဂ္ဂက မတ်လမှာ ပန်ကြားထားပါတယ်။ ဒါပေမဲ့ အဲဒီရန်ပုံငွေရဲ့ ၂၀% ကိုတောင်မှ ခုချိန်ထိ မရသေးပါဘူး။



Share:

22 May, 2018

နယ်​နိမိတ်​မျဉ်းမှ ထွက်​ခွာသွားရန်​ သတိ​ပေး

နယ်နိမိတ်မျဉ်းအနီး နေထိုင်သည့်ရိုဟင်ဂျာ များထွက်ခွာသွားရန် မြန်မာနယ်ခြားစောင့် တပ်မှ အသံချဲ့စက်ဖြင့် ကြေညာ
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့မှ အသံချဲ့စက် အသုံးပြုလျက် နိုင်ငံတကာ နယ်နိမိတ်မျဉ်းတွင် နေထိုင်နေကြသည့် ရိုဟင်ဂျာများကို ထွက်ခွာသွားကြရန် ယနေ့နံနက်တွင် ကြေညာသွားခဲ့သည်ဟု The Daily Star သတင်းစာတွင် ဖော်ပြသည်။
တောင်ပြို နိုင်ငံတကာနယ်နိမိတ်မျဉ်းတွင် နေထိုင်ကြနေကြသည့် ရိုဟင်ဂျာများကို ၎င်းနေရာမှ ထွက်ခွာသွားကြရန်နှင့် ဘင်္ဂလာဒေ့ရှ်သို့ ၀င်သွားကြရန် ယနေ့နံနက် ၈ နာရီက အသံချဲ့စက်ဖြင့် ပြောကြားခဲ့သည်ဟု ဆိုသည်။
နိုင်ငံတကာနယ်နိမိတ်မျဉ်းတွင် နေထိုင်သည်မှာ တရားမ၀င်ကြောင်း၊ ကြေညာစဉ် ၎င်းတို့ကို ဘင်္ဂလီလူမျိုးဟု ခေါ်ဝေါ်သုံးနှုန်းသွားကြောင်း ဖြင့်လည်း သတင်းတွင် ဖော်ပြ ထားသည်။
၎င်းနေရာတွင် လူပေါင်း ၆၀၀၀ ခန့် နေထိုင်လျက်ရှိသည်ဟု AFP ကို ကိုးကားပြီး သတင်းတွင် ပြောဆိုသည်။
Share:

မွတ်စလင်နိုင်ငံများစည်းလုံးညီညွတ်ပြီး အစ္စရေးကိုအရေးယူသွားဖို့အာဒိုဂန်တိုက်တွန်း

မေ ၁၉၊ ၂၀၁၈                                                                                                         Myanmar Muslim Media
တူရကီသမ္မတ၇ီဆက်ပ်တိုင်ရစ်အာဒိုဂန်က အစ္စရေးသိမ်းပိုက်ထားမှုနှစ်၇၀ပြည့်အထိမ်းအမှတ်နေ့မှာ အစ္စရေးစနိုက်ပါတွေရဲ့လက်ချက်နဲ့ ပါလက်စတိုင်းတွေအသတ်ခံရပြီးနောက်မှာ မွတ်စလင်ခေါင်းဆောင်များအနေနဲ့ စည်းလုံးညီညွတ်ပြီး အစ္စရေးကိုထိပ်တိုက်တွေ့သွားဖို့ တိုက်တွန်းခဲ့ပါတယ်။
သောကြာနေ့က အစ္စလာမ်မစ်နိုင်ငံများအဖွဲ့အစည်း(OIC) ရဲ့အစည်းအဝေးပွဲမှာ သူက သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး အစ္စရေးကိုအရေးယူသွားသင့်တယ်လို့ပြောဆိုခဲ့ပါတယ်။  ဒီအရေးကိုနိုင်ငံတကာကကျယ်ကျယ်ပြန့်ပြန့်ရှုတ်ချမှုတွေပြုလုပ်ခဲ့ပြီး အရှေ့အလယ်ပိုင်း မြောက်အာဖရိကကနေ အာရှတစ်ခွဆန္ဒပြမှုဂယက်တွေဖြစ်ပေါ်လာခဲ့ပါတယ်။ ပါလက်စတိုင်းတွေကို “အစ္စရေးဓါးပြတွေရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကိုအရေးယူပြီး လူသားဆန်မှုဟာမသေဆုံးသေးဘူးဆိုတာ တစ်ကမ္ဘာလုံးကိုပြသသွားရမယ်”လို့  အာဒိုဂန်က တူရကီမြို့ အစ္စတန်ဘူလ်မှာစုဝေးခဲ့ကြတဲ့ မွတ်စလင်ခေါင်းဆောင်အဖွဲ့ကိုပြောကြားခဲ့ပါတယ်။
ပါလက်စတိုင်းတွေအပေါ်အစ္စရေးရဲ့သတ်ဖြတ်မှုတွေဟာ ဥပဒေမဲ့အကြမ်းဖက်မှု ရက်စက်မှု အကြမ်းဖက်နိုင်ငံအဖြစ် တူရကီသမ္မတကကဖော်ပြခဲ့ပြီး ဂျေရုဆလင်ကိုအစ္စရေးမြို့တော်အဖြစ်အသိအမှတ်ပြုမှုဟာ မလွဲမသွေခြောက်လှန့်ခံနေရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တနင်္လာနေ့က အမေရိကန်သံရုံးဂျေရုဆလင်ကိုရွှေ့တဲ့နေ့မှာ အစ္စရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုတွေ မျက်ရည်ယိုဗုံးတွေကြောင့် ကလေးငယ်ငါးဦးအပါအ၀င် ပါလက်စတိုင်း ၆၂ဦးသေဆုံးခဲ့ပြီး ၂၇၀၀ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။
အစ္စတန်ဘူလ်ကတွေ့ဆုံပွဲကို နိုင်ငံတော်တော်များများကခေါင်းဆောင်တွေတက်ရောက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဆော်ဒီဟာ သူတို့ရဲ့စီနီယာနိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူကိုသာစေလွှတ်ခဲ့ပြီး အီဂျစ် ဘာရိန်းနဲ့ ယူအေအီးတို့ဟာ အဆင့်နိမ့်ဝန်ကြီးတွေကိုစေလွှတ်ခဲ့ပါတယ်။ ညီလာခံမှာ ကာတာစော်ဘွားရှိတ်တာမင်ဘင်ဟာမက်အဲလ်တာနီက ပါလက်စတိုင်းအရေးဟာ နေရာတိုင်းမှာဖိနှိပ်ခံနေရတဲ့လူတွေအတွက်ပြယုဒ်တစ်ခုဖြစ်လာပြီး ငြိမ်းချမ်းတဲ့ဆန္ဒပြသူတွေအပေါ် အစ္စရေးရဲ့ရက်စက်တဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကိုရှုတ်ချလိုက်ပါတယ်။
“ဂါဇာပြည်နယ်ဟာ သန်းပေါင်းများစွာသောလူတွေသူတို့ရဲ့အခြေခံအခွင့်အရေးဖြစ်တဲ့ ခရီးသွားလာခွင့် ကျန်းမာရေး အလုပ်အကိုင်နဲ့ဆေးဝါးကုသမှုတွေဖယ်ရှားခံခဲ့ရတဲ့ ကြီးမားတဲ့ဒုက္ခသည်စခန်းကြီးတစ်ခုအဖြစ်ပြောင်းလဲခဲ့ရပါတယ်။ သူတို့ရဲ့သားတွေလက်နက်ဆွဲကိုင်တဲ့အခါ အကြမ်းဖက်သမားတွေလို့ခေါ်ဆိုကြတယ်။ သူတို့တွေငြိမ်းချမ်းစွာဆန္ဒပြတဲ့အခါ အစွန်းရောက်တွေလို့ခေါ်ဆိုခံရပြီး ကျည်အစစ်တွေနဲ့ပစ်သတ်ခံခဲ့ရပါတယ်” လို့စော်ဘွားကပြောဆိုခဲ့ပါတယ်။ ပါလက်စတိုင်းဝန်ကြီးချုပ် ရာမီဟာမာဒဲလာဟ်က အမေရိကန်ဟာအဖြေတစ်ခုမဟုတ်ပဲ ပြသနာတစ်စိတ်တစ်ပိုင်းဖြစ်နေပြီး သံရုံးရွှေ့ပြောင်းမှုဟာ မွတ်စလင်တွေခရစ်ယာန်တွေနဲ့ အစ္စလာမ်မစ်နိုင်ငံကိုဆန့်ကျင်တဲ့ကြမ်းတမ်းရန်လိုတဲ့လုပ်ဆောင်ချက်ပဲလို့ ခေါ်ဆိုလိုက်ပါတယ်။ အီရန်သမ္မတဟာဆန်ရိုဟာနီက အမေရိကန်နဲ့အစ္စရေးကို စီးပွားရေး နိုင်ငံရေးပိုင်းဆိုင်ရာနဲ့အရေးယူမှုတွေလုပ်ဆောင်ဖို့တိုက်တွန်းခဲ့ပါတယ်။
အစ္စတန်ဘူလ်ရင်ပြင်မှာ လူပေါင်း၁သောင်းကျော်ဟာ မွတ်စလင်ကမ္ဘာစည်းလုံးညီညွတ်ပြီးပြန်လည်စုစည်းသွားရမယ်လို့ကြွေးကြော်ခဲ့ကြတယ်လို့ အာဒိုဂန်ကဆိုပါတယ်။ “မွတ်စလင်တွေဟာအချင်းချင်းသဘောထားမတူမှုတွေ တိုက်ခိုက်မှုတွေနဲ့အလုပ်များနေခဲ့ပြီး သူတို့ရဲ့ရန်သူတွေထိပ်တိုက်တွေ့လာတဲ့အခါ ကွဲသွားခဲ့ကြပါတယ်။ ၁၉၄၇ခုနှစ်ကတည်းက အစ္စရေးလွတ်လပ်စွာနဲ့ဒေသတွင်းလုပ်ချင်သလိုလုပ်ဆောင်နေခဲ့ပါတယ်။ ဒါပေမယ့်ကျွန်တော်တို့သာစည်းလုံးညီညွတ်မှုရိရင် ဒီဖြစ်ရပ်တွေကိုပြန်လည်ပြုပြင်သွားနိုင်ပါတယ်” လို့ပြောဆိုခဲ့ပါတယ်။
ပါလက်စတိုင်းတွေကိုသတ်ဖြတ်မှုနဲ့ အမေရိကန်သံရုံးကိုတဲလ်အဗစ်ကနေ ဂျေရုဆလင်ကိုရွှေ့ပြောင်းမှုပြီးနောက် ဒီတစ်ပတ်အစောပိုင်းကတူရကီဟာ အစ္စရေးနဲ့အမေရိကန်ကသူတို့ရဲ့သံတမန်တွေကိုပြန်လည်ခေါ်ယူခဲ့ပါတယ်။ ဂျာမန်တူရကီတစ်ဦးဖြစ်သူ တိုလ်ဂါမီမစ်က “အစ္စရေးကိုအာဒိုဂန်ရဲ့နိုင်ငံရေးအရအရေးယူမှုကိုထောက်ခံတဲ့ပွဲကိုရောက်ရှိလာတာလို့ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်တစ်ချို့တွေအတွင်း တရားမမျှတမှုတွေကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်။ ဒီတစ်ပတ်အစောပိုင်းဖြစ်ရပ်တွေဟာ လက်ခံနိုင်စရာမရှိပါဘူး။ အာဒိုဂန်ဟာပါလက်စတိုင်းတွေအတွက်ကာကွယ်ရပ်တည်ပြီးလုပ်ဆောင်ခဲ့ပါတယ်။ တစ်ခြားခေါင်းဆောင်တွေလည်း သူ့ရဲ့လမ်းစဉ်အတိုင်းဆောင်ရွက်ဖို့မျှော်လင့်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
Al Jazeera သတင်းဌာနပါ Faisal Edroos ရေးသားသည့် “Erdogan calls on Muslim countries to unite and confront Israel” အမည်ဖြင့်ဖော်ပြ ထား သည့်သတင်း ကိုညောင်နီရွက် (Myanmar muslim Media) ကမြန်မာ ဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
Share:

ကုလ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ – ကုလသမဂ္ဂ ဆိုင်ရာ နော်ဝေး သံအမတ်ကြီးမှ တင်​ပြချက်

image
ကုလ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ – ကုလသမဂ္ဂ ဆိုင်ရာ နော်ဝေး သံအမတ်ကြီးမှ အောက်ပါအတိုင်း ပြောပါတယ်။
.
The Council must use its authority under the Charter to solve disputes peacefully. Atrocities must be prevented & those responsible prosecuted by states or the ICC. There can be no veto in such circumstances.
.

လုံခြုံရေးကောင်စီ အနေနဲ့  မိမိတို့ လုပ်ပိုင်ခွင့်အာဏာကို ထုံးထမ်းစဉ်လာအိုင်း ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရမည်။ ရက်စက်ယုတ်မာမှုများကို တားဆီးနိုင်ရမည်။ ပြစ်မှုကျူးလွန်သူများကို အဖွဲ့အစည်းမှသော် လည်းကောင်း၊ ICC မှသော် လည်းကောင်း အပြစ်ပေးနိုင်ရမည်။ ထိုကဲ့သို့ သော် အခြေအနေများတွင် ဗီတို အာဏာ သုံးစွဲခွင့် မပြုရ။
.
(အနီးစပ်ဆုံး ဘာသာပြန်ပါသည်)
.
Arif Kassim
18-05-2018
Share:

နိုင်​ငံ​ပေါင်း ၁၁၆ နိုင်​ငံ ပါဝင်​၍ အတည်​ပြု​ပေး​သော ကုလ လုံခြုံ​ရေး ​ကောင်းဆုံးဖြတ်​ချက်


နိုင်ငံပေါင်း ၁၁၆ နိုင်ငံက လုံခြုံရေး ​ကောင်စီ ကို ဂျင်နိုဆိုက်မှု့ l လူသားဖြစ်မှု့ ကို  ဆန့်ကျဉ်သောရာဇဝတ်မှု့ l စစ်ရာဇဝတ်မှု့တို့ကိုကာကွယ်ရန် နှင့် ရပ်ဆိုင်းရန် အတွက် အရေးယူဆောင်ရွက်ရန် တောင်းဆိုလိုက်ခြင်းအပေါ်  ” လုပ်ဆောင်ရာစောင့်ထိမ်းရမည့်ကျဥ့်
ဝတ်များ ” ချမှတ်ရန် ( အရေးပါသူများ )၏ အတွင်းဆွေးနွေးပွဲ ။

(( Packed room of Interesting meeting on the #ACTcodeofconduct for #UNSC action against #AtrocityCrimes. 116 states call on the Council to act in preventing and ending #Genocide, crimes against humanity and #WarCrimes.))
Share:

Burma Act 2018, HR 5819 ကန်အောက်လွှတ်တော်ကော်မတီ အတည်ပြု

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအတွက် အခြေခံလူ့အခွင့်အရေးကိုတောင်မှ မပေးဘဲ ငြင်းပယ်ခဲ့တာ နှစ်ပေါင်း ၃၀ ကျော် ကြာနေပြီ လို့ အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီဥက္ကဌ၊ ကာလီဖိုးနီးယားပြည်နယ် အောက်လွှတ်တော်အမတ် Ed Royce ကပြောပါတယ်။
“လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုဟာ ပြီးခဲ့တဲ့နှစ်မှာ ထိတ်လန့်ဖွယ်အဆင့် ရောက်သွားခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာ ၇၀၀,၀၀၀ ကို သူတို့နေအိမ်တွေကနေ မောင်းထုတ်၊ ရွာတွေကိုမီးရှို့၊ အမျိုးသမီးတွေကို မုဒိန်းကျင့်ပြီး လူထောင်ပေါင်းများစွာကို သတ်ခဲ့ပါတယ်။ ထွက်ပြေးတဲ့ ရိုဟင်ဂျာတွေကို မြန်မာတပ်မှူးတဦးက “မင်းတို့ရွာတွေကို အမှုန့်ခြေပစ်မယ်” လို့ ပြောတဲ့အတိုင်း တကယ်ပဲ လုပ်ခဲ့ကြပါတယ်။” လို့ ကော်မတီဥက္ကဌ Ed Royce ကပြောပါတယ်။
Burma Act 2018 ဥပဒေမူကြမ်းတရပ်ကို အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက ကြာသပတေးနေ့မှာ အတည်ပြု ကြောင်း ကြေညာတဲ့အချိန်အတွင်း Ed Royce က အဲဒီလိုပြောသွားတာပါ။
ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့ကြတဲ့ မြန်မာစစ်ဘက် အကြီးတန်းတာဝန်ရှိသူတွေ ကိုယ့်လုပ်ရပ် ကိုယ်တာဝန်ခံစေဖို့ ဒီဥပဒေ မူကြမ်းထဲမှာ တောင်းဆိုထားသလို ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ လူသားစာနာမှု အကူ အညီပေးအဖွဲ့တွေကို ခွင့်ပြုဖို့၊ ရိုဟင်ဂျာတွေ ပြန်လာနိုင်ရေး စီစဉ်ဆောင်ရွက်ဖို့နဲ့ ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြန်လွှတ်ပေးဖို့ စတဲ့အချက်တွေကိုလည်း မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။
VOA Burmese
On H.R. 5819, as amended, which promotes democracy and human rights in Burma, Chairman Royce said: “For over three decades, Burma has systematically denied the Rohingya even the most basic human rights. Last year, this ethnic cleansing reached new, horrific levels. The Burmese military drove 700,000 Rohingya from their homes, burning villages, raping women and killing thousands. A Burmese commander told fleeing Rohingya, ‘We’ll turn your village into the soil.’ Tragically, they did. I thank the Ranking Member for introducing this important legislation aimed at stopping these horrific acts.”
Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.