• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

12 May, 2018

Mahathir Mohamad as the seventh prime minister of the state palace

 The live broadcast of tun tun’s vows. Mahathir Mohamad as the seventh prime minister of the state palace

Share:

ဝါရှင်တန် ဒီစီ သမ္မတအိမ်ဖြူတော်ရှေ့ ကချင်တိုင်းရင်းသားတွေရဲ့ ၂၄ နာရီကြာ အစာရှောင်ဆန္ဒပြပွဲတိုက်ရိုက်ထုတ်လွှင့်မှု


မြန်မာနိုင်ငံမှာ ကချင်တိုင်းရင်းသားတွေ အပေါ်ဖိနှိပ်မှုတွေ အဆုံးသတ်စေရေး အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီက သမ္မတအိမ်ဖြူတော်ရှေ့မှာ ကချင်၊ မြန်မာနဲ့ အခြားတိုင်းရင်းသားတွေ ၂၄နာရီကြာ ထိုင်သပိတ်ဆန္ဒပြပွဲ ကျင်းပနေကြပါတယ်။
တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ ပြင်းထန်တဲ့ ထိုးစစ်တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီ စစ်ဘေးဒုက္ခသည်တွေထွက်ပြေးနေရတဲ့ အခြေအနေကို အမေရိကန်အစိုးရသာမက ပြည်သူတွေပါ သိရှိအောင် အခုလို ဆန္ဒပြကြတာဖြစ်တယ်လို့ ဦးဆောင်စီစဉ်သူတွေကပြောပါတယ်။

Share:

လေယာဉ်စီးခြင်း နှင့် ပတ်သတ်သည့် ဗဟုသုတများ

image
ဤ Post လေးသည် လေယာဉ်စီးခြင်း နှင့် ပတ်သတ်သည့် အထွေထွေဗဟုသုတ များကို ဖော်ပြပေးထားသောကြောင့် အချိန်မရွေး ဖတ်လို့ရအောင် Share ပြီးသိမ်းထားလိုက်ပါနော်။
လေယာဉ်စီးရမှာ တွေးကြောက်နေသူက ကမ္ဘာတစ်ဝန်သန်းပေါင်း များစွာ ရှိသည်။
အချို့သော အကြောက်လွန်သူ များကား လေယာဉ်စီး ရမည့် အရေးကို တစ်သက်လုံး ရှောင်ကြဉ်ရမည့် အရေး အဖြစ်ပါ သတ်မှတ်ထားတတ် ကြသည်။
လေယာဉ် ပျက်ကျမှုတွေ ဘာကြောင့် ဖြစ်ရသည်ကအစ လေယာဉ်တွေမှာ လူတိုင်း အတွက် ဘာကြောင့် လေထီးတွေ တပ်မပေး ထားသည် အဆုံး လေယာဉ် စီးနင်းမှုနှင့် ပတ်သက်ပြီး မေးစရာ မေးခွန်းတွေက မဆုံးနိုင်အောင်ရှိ နေသည်။ လေယာဉ် စီးနင်းမှုနဲ့ ပတ်သက်ပြီး Daily Mail သတင်းစာ က British Airways လေကြောင်းလိုင်း၏ လေယာဉ်မှူး များ လေ့ကျင့် သင်တန်းပေးဌာန အကြီးအကဲ ကပ္ပတိန် ဒေ့ဗ်သောမတ်စ်နှင့် တွေ့ဆုံ မေးမြန်းထားသည် များကို တစ်ဆင့်ပြန်လည် ဖော်ပြပါမည်။
လေယာဉ်ပေါ်မှာ ဘယ်ခုံက အန္တရာယ် အကင်းဆုံးလဲ။
==================================
လေယာဉ်ပေါ်မှာ ရှိတဲ့ ခုံတိုင်းကို အခိုင်မာဆုံး၊ အန္တရာယ် အကင်းဆုံး ဖြစ်အောင် တစ်ပြေးညီ တိုင်းတာ ထည့်သွင်းထား ပါတယ်ဟု ကပ္ပတိန် သောမတ်စ်က ပြောသည်။ သို့သော် လေယာဉ်ပျက် ကျသည့် အခါမျိုး တွင်ကား အနည်းငယ် ကွာခြားချက် ရှိကြောင်း ၄င်းက ဆက်ပြောသည်။ ၂၀၁၂ ခုနှစ်က ဘိုးရင်း (၇၂၇) လေယာဉ်ပေါ်တွင် လူများ အတိုင်း အရိုးအဆစ် များပါ တစ် ပုံစံတည်း ပါဝင်အောင် ဖန်တီး ထားသည့် အရုပ်များ ထည့်သွင်းပြီး မက္ကဆီကိုနိုင်ငံ ဆိုနိုရန် သဲကန္တာ အတွင်းသို့ တကယ် ထိုးဆင်း ပျက်ကျစေ ခဲ့သည်။ လေယာဉ်ဦး ပိုင်း (၁၁) တန်းသည် ပထမတန်းနှင့် စီးပွားရေးတန်း ဖြစ်ပြီး ဈေးကြီးပေး ရသည့်တိုင် လေယာဉ် ပျက်ကျရာတွင်မူ လေယာဉ်သည် ဦးစိုက်ဆင်းသည့် အတွက် ရှေ့ပိုင်း ခုံတန်း များသည် အထိခိုက်ဆုံး ဖြစ်ကြောင်း တွေ့ရသည်။ ဦးစိုက်ဆင်းသော လေယာဉ် သည် မြေပြင်နှင့် ရိုက်မိသည့် ဒဏ်ကို ပထမတန်းမှ ခရီးသည် လူသားများ ခံနိုင်စရာ မရှိကြောင်း လေ့လာမှုများ အရ သိရသည်။ လေယာဉ် နောက်ပိုင်းခုံတန်း များတွင် ထိုင်သူ များသည်ကား မြေပြင်နှင့် တိုက်ရိုက် ဆောင့်သည့် ဒဏ်ကို ရံဖန်ရံခါတွင် လွတ်သွား တတ်ပြီး အသက်ရှင်တတ် ကြကြောင်းလည်း သိရသည်။
ခရီးသည်တင် လေယာဉ်တွေ ဘာကြောင့် ပေ (၃၆၀၀၀) မှာ ပျံသန်းတာလဲ။
============================================
ကပ္ပတိန် သောမတ်စ်၏ ပြောပြချက်အရ ထိုအမြင့်ပေ နေရာသည် လေထု ခုခံအား အနည်းဆုံး ဖြစ်သောကြောင့် လေယာဉ်များ အင်ဂျင် စွမ်းအား အနည်းဆုံးနှင့် ပျံသန်းနိုင် သဖြင့် ဆီစား အသက်သာဆုံး ဖြစ်ကြောင်း သိရသည်။ လေယာဉ်ဆီ ချွေတာနိုင်ရင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရာရောက် သလို၊ လေယာဉ် လက်မှတ်ခ တွေလည်း လျှော့ချပေးနိုင်တဲ့ အတွက် စီးနင်းသူတွေ အတွက်ပါ အကျိုး ရှိကြောင်း ကပ္ပတိန် သောမတ်စ်က ပြောသည်။
လွန်ခဲ့သော (၁၀) နှစ် အနှစ် (၂၀) ကနဲ့ စာလျှင် လေကြောင်း ပျံသန်းမှုဟာ ပိုအန္တရာယ် ကင်းလာပြီလား။
===================================
Germanwings လေယာဉ် ပျက်ကျမှု၊ ပြီးခဲ့သည့်နှစ်က MH370 လေယာဉ် ပျောက်ဆုံးမှု၊ MH17 လေယာဉ် ယူကရိန်း အရှေ့ပိုင်းတွင် ပျက်ကျမှု များကြောင့် လေယာဉ်စီးမည့်သူ များကြား စိုးရိမ် ထိတ်လန့်မှုများ ရှိမည် ဖြစ်သော်လည်း ယနေ့ လေကြောင်း လုပ်ငန်းသည် တစ်နှစ်ပြီး တစ်နှစ် ပို၍ ပို၍ အန္တရာယ်ကင်း လာသည် မှာတော့ ငြင်းစရာ မရှိကြောင်း ကပ္ပတိန် သောမတ်စ်က ပြောသည်။
၂၀၀၉ နောက်ပိုင်းမှာ လေယာဉ် ပျံသန်းမှု တစ်သန်းမှာမှ လေးကြိမ်အောက်သာ လေယာဉ် မတော်တဆမှု တစ်ခုခုနဲ့ ကြုံရသည် အထိ ကမ္ဘာ့  လေကြောင်း လုပ်ငန်းဟာ အန္တရာယ် ပိုကင်း ပိုစိတ်ချလာရတာ စာရင်းဇယားတွေ အရ ကောင်းကောင်း တွေ့ရပါတယ် ဟု ကပ္ပတိန် သောမတ်စ်က ပြောသည်။
လေယာဉ်စီးတာနဲ့ တစ်ခြား ယာဉ်တွေစီးတာ
ဘယ်ဟာ ပိုအန္တရာယ်ကင်းလဲ။
===========================
လေယာဉ်စီးတာ အများကြီး အများကြီးကို အန္တရာယ်ပိုကင်း ပါတယ်။ လေယာဉ် ကွင်းကို ကားစီးပြီး လာတဲ့ အချိန်က လေယာဉ်စီးချိန် ထက်တောင် အန္တရာယ်ဖြစ် နိုင်ခြေ ပိုများ ပါတယ် ဟု ကပ္ပတိန် သောမတ်စ်က ပြောသည်။ နိုင်ငံတကာ လေကြောင်း သယ်ယူ ပို့ဆောင်ရေး အဖွဲ့ အစည်းကြီး၏ စာရင်းများ အရ တစ်နှစ်လျှင် သန်းချီသော လေကြောင်း ပျံသန်းမှုများ တွင်မှ အနည်းငယ် မျှသော ပမာဏသည်သာ ထိခိုက် ပျက်စီးမှု ဖြစ်ပွားခြင်း ဖြစ်သည်။
လေယာဉ် ပျံတက်ချိန်နှင့် ဆင်းချိန် မည်သည်က အန္တရာယ်ပို များလဲ။
=====================
လေယာဉ် ပျံတက်ချိန်ရော ဆင်းသက်ချိန်ပါ နှစ်ခုလုံး အန္တရာယ် အများဆုံး အချိန်ချည်းပါပဲ။ ကျွမ်းကျင်မှု သိပ်ကို လိုပါတယ်။ ဒါကြောင့် လေယာဉ်မှူးတွေကို အဆင့်မြင့် Simulator တွေနဲ့ လေ့ကျင့်ပေး နိုင်ဖို့ လိုပါတယ် ဟု ကပ္ပတိန် သောမတ်စ် က ပြောသည်။ တည်နေရာ အနေအထား အရ ပြေးလမ်းနှင့် လေယာဉ်ကွင်း ၀န်းကျင်ကို စံချိန် ပြည့်မီအောင် လုပ်လို့ မဖြစ်သော လေယာဉ်ကွင်း များတွင် ပျံတက်ခြင်း၊ ဆင်းသက်ခြင်း အတွက် လည်း အထူးတလည် လေ့ကျင့်ကြ ရကြောင်း ကပ္ပတိန် သောမတ်စ်က ပြောသည်။
လေယာဉ် ပျံသန်းနေစဉ် အရေးပေါ် တံခါး ဖွင့်လို့ ရလား။
===================================
ပျံသန်းနေစဉ် လူအားဖြင့် အရေးပေါ် တံခါးကို လုံးဝ ဖွင့်လို့ မရနိုင်ပါဟု ကပ္ပတိန် သောမတ်စ်က ပြောသည်။ ယနေ့ လေယာဉ် များ၏ တံခါးပေါက် များသည် အဆင့်မြင့် စနစ်ကို အသုံးပြုထား သဖြင့် ပျံသန်းနေစဉ် ဖွင့်ဖို့ မဖြစ်နိုင်ဟု ကပ္ပတိန် သောမတ်စ်က ပြောသည်။ ပျံသန်း နေစဉ်တွင် တံခါးဘောင် အကွပ်သည် လေယာဉ် တံခါးခွင်ထက် ပိုကြီး သွားအောင် ဖန်တီးထား သဖြင့် လူအားဖြင့် အပြင်သို့ တွန်းဖွင့်ရန် လုံးဝ မဖွင့်နိုင်ကြောင်း ကပ္ပတိန် သောမတ်စ်က ပြောသည်။
အပြင်နှင့် အတွင်း လေထု ဖိအားချင်း တွင်လည်း လေယာဉ် အတွင်းပိုင်းက ဖိအားသည် အပြင်ဘက်ကို နှစ်တန်မှ သုံးတန် ၀န်းကျင်လောက် ထိ ပိုသက်ရောက်နေသည် ဖြစ်သောကြောင့် အပြင်က လေထု ဖိအားကြောင့် တံခါးသည် အတွင်းသို့ ပွင့်လာစရာလည်း အကြောင်း မရှိကြောင်း သိရ သည်။
လေယာဉ်တွေမှာ ခရီးသည်တွေ အတွက်
ဘာကြောင့် လေထီး မပါတာလဲ။
=========================
လေယာဉ် မတော်တဆ တစ်ခုခုဖြစ်လျှင် လေယာဉ်ကို မည်သည့် နေရာမျိုးတွင် မဆို ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် တတ်နိုင်သမျှ ဆင်းသက်ရန် လေယာဉ်မှူး များကို လေ့ကျင့်ပေး ထားကြောင်း၊ ထိုစနစ်သည် ခရီးသည်များ လေထီးဖြင့် ခုန်ချကြသည် ထက်ပို အန္တရာယ် ကင်းကြောင်း ကပ္ပတိန် သောမတ်စ်က ပြောသည်။
လေယာဉ် ဆင်းခါနီးလျှင် ပြတင်းလိုက်ကာများ
လိပ်တင် ရတာ ဘာကြောင့်လဲ။
====================
လေယာဉ်ထဲမှာ အချိန်ကြာမြင့်စွာ ထိုင်ရသော ခရီးသည်များ အနေဖြင့် လေယာဉ်ပြင် မထွက်ခင် အပြင်က အလင်းရောင်နှင့် ပြန်လည် အသားကျ သွားအောင် ထိုသို့ လုပ်ရခြင်း ဖြစ်ကြောင်း ကပ္ပတိန် သောမတ်စ် က ပြောသည်။ ထိုသို့ မဟုတ်ဘဲ လေယာဉ်ထဲကနေ ဗြုန်းစားကြီး အပြင်ထွက်လိုက်မည်ဆိုပါက လူ၏ ခန္ဓာစနစ်သည် အလင်း ချိန်ညှိမှု ပြဿနာ ဖြစ်ပွားမည် စိုးရိမ်ရ သောကြောင့် ဖြစ်ကြောင်း သိရသည်။
Credit:
Share:

ICC တရားစွဲဆိုမှုမှာဒေါ်စုဟာ ပစ်မှတ်ဖြစ်လာနိုင် တယ် လို့ လူ့အခွင့်အရေး အဖွဲ့တွေ အဆိုပြု

မေ ၁၁၊ ၂၀၁၈
Myanmar Muslim Media
လူ့အခွင့်အရေးအဖွဲ့တွေဟာဒီတစ်ပတ်နယူးယောက်က ကုလအထွေထွေ အတွင်းရေးမှူးရုံးမှာစုဝေးပြီး လူသားမျိုးနွယ်အပေါ်ရာဇ၀တ်မှုကျူးလွန်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် မြန်မာခေါင်းဆောင်တွေကို နိုင်ငံတကာခုံရုံးတင်ဖို့တောင်းဆိုသွားကြမှာဖြစ်ပါတယ်။စစ်တပ်က ရိုဟင်ဂျာနဲ့တစ်ခြား တိုင်းရင်းသား လူမျိုးစုတွေ အပေါ်ရက်စက်မှုတွေပြုလုပ်တဲ့ စစ်တပ်ကကျူးလွန်သူတွေအေ ပ်ါမှာ အာရုံစိုက်သွားသင့်တယ်လို့ သူတို့ကဖော်ထုတ်ပြောဆိုခဲ့တာဖြစ်ပါတယ်။ အရပ်သားခေါင်းဆောင် အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်စုဟာ ဖိနှိပ်မှုတွေအတွက်ပစ်မှတ်ထားခံရနိုင်တယ်လို့ သူတို့ကအကြံပြုခဲ့တာဖြစ်ပါတယ်။
ရိုဟင်ဂျာတွေအပေါ်ရာဇ၀တ်မှုကျူးလွန်တဲ့သူတွေကို ICC တင်ဖို့အလားအလာဟာ ဒီနှစ်အစကတည်းက အရှိန် အဟုတ်ကောင်းလာ ခဲ့တာဖြစ်ပါတယ်။ ဖေဖေါ်ဝါရီမှာ ဗြိတိန်ဥပဒေပြုအမတ်၁၀၀ကျော်က မြန်မာ စစ်တပ် အကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ခုံရုံးတင်ဖို့ဗြိတိန်နိုင်ငံခြားရေးအတွင်းရေးမှူး ဘိုရစ်ဂျွန်ဆင် ကိုတောင်းဆို ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့လက ICC ရှေ့နေဖာတူလ်ဘန်ဆူဒါက မြန်မာခေါင်းဆောင်တွေဟာ ဥပဒေပုဒ်မ ၇(၁)(d) ကိုချိုးဖောက်ပြီး လူမျိုးစုလိုက်အတင်း အဓ္ဓမရွှေ့ပြောင်းအောင်လုပ်ဆောင်မှု လူသားမျိုးနွယ် အပေါ်ရာဇ၀တ်မှုကျူးလွန်မှုအဖြစ် စွဲချက်တင်ဖို့လုပ်ဆောင်ခဲ့ပါတယ်။ ရက်တစ်ချို့အကြာမှာတော့ ဒေါ်စုရုံးက ဘန်ဆူဒါရဲ့စွပ်စွဲမှုတွေဟာနိုင်ငံအချုပ်အခြာအာဏာစည်းမျဉ်းတွေကိုဘောင်ကျော်နေပြီး မြန်မာဟာ ICC တရားရုံးရဲ့ အဖွဲ့ဝင်နိုင်ငံလည်းမဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရိုဟင်ဂျာတွေအစုလိုက်အပြုံလိုက်ရွှေ့ပြောင်းခံရမှုအပေါ်မှာတရားရုံးကတရားစီရင်လို့ရမရဆုံးဖြတ်တာ အကူအညီရဖို့ သုံးသပ်လေ့လာမှုတွေဘင်္ဂလားဒေ့ရှ်ဆီကနေတင်သွင်းလာဖို့ ICC ကတနင်္လာနေ့ ကတောင်းဆို ချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ICC အဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် နိုင်ငံတကာရာဇ၀တ် မှုတွေပေါ်မှာတရားရုံးကစီရင်ချချနိုင်တာဖြစ်ပါတယ်။ ICC ပါဝင်လာဖို့လူ့အခွင့်အရေးအဖွဲ့တွေရဲ့တွန်းအားပေးမှုအရ မြန်မာစစ်တပ်အကြီးအကဲမင်းအောင်လှိုင် တစ်ယောက်တည်းပစ်မှတ်မဟုတ်ပါဘူး။
“သင့်လျော်တဲ့စုံစမ်းစစ်ဆေးမှုတွေကို အရင်ဆုံးစစ်တပ်ပုဂ္ဂိုလ်တစ်ယောက်ချင်းပေါ်မှာအာရုံစိုက် သွားမှာဖြစ် တယ်” လို့ Fortify Rights CEO မက်သရူးစမစ်က Coconuts သတင်းဌာနကိုပြောကြားခဲ့ပါတယ်။ “ဒါပေမယ့်ဒေါ်စုဟာလည်း နိုင်ငံတကာရာဇ၀တ်မှုအတွက်တာဝန်ရှိနိုင်ပါတယ်။ ရိုဟင်ဂျာအရပ်သားတွေကိုတိုက်ခိုက်မှုတွေအပေါ်မှာ သူမရဲ့အခန်းကဏ္ဍကိုလည်း စုံစမ်းစစ်ဆေးရေးမှူးတွေက ပုံမှန်စစ်ဆေးသွားမှာဖြစ်ပါတယ်”လို့ သူကဆိုပါတယ်။ စမစ်ဟာ မြန်မာကို ICC တင်ဖို့တနင်္လာနေ့ ကတောင်းဆိုခဲ့တဲ့ လူ့အခွင့်အရေးကျွမ်းကျင်ပညာရှင်လေးယောက်ထဲမှာတစ်ယောက်အပါဖြစ်ပါတယ်။ “ဒီအဆင့်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်စုဟာ ပြသနာရဲ့တစ်စိတ်တစ်ပိုင်းထဲပါဝင်ပါတယ်။ သူမရုံးက လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုအခိုင်အမာငြင်းဆိုနေခဲ့တာဖြစ်ပါတယ်။ ရိုဟင်ဂျာ အရပ်သားတွေ ဟာ ကိုယ့်အိမ်ကိုယ်မီးရှို့ပြီး အဓ္ဓမပြုကျင့်မှုတွေဟာသတင်းမှားတွေလို့ သူမရုံးကစွပ်စွဲထားတာဖြစ်ပါတယ်။ ဒီငြင်းဆိုမှုတွေဟာ စစ်တပ်ကရောအရပ်သားခေါင်းဆောင်တွေဆီကပါ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါကြောင့်ဒေါ်စုဟာလည်းပြသနာရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်နေတယ်”လို့ ကျွန်တော်တို့ကဆိုလိုတာဖြစ်ပါတယ်လို့ စမစ်ကပြောကြားခဲ့ပါတယ်။
“သက်ဆိုင်ရာအာဏာပိုင်တွေအရေးယူဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့နာမည်တွေစုဆောင်းနေပါတယ်။ ဒီနာမည်စာရင်းထဲမှာ မြန်မာစစ်တပ်ပိုင်းဟာထိပ်ဆုံးစာရင်းမှာရှိနေပြီး ဒီအခြေအနေပေါ်မှာနိုင်ငံတကာရာဇ၀တ်မှုကျူးလွန်မှုတွေအတွက် အရပ်သားခေါင်းဆောင်တွေလည်း ပါဝင် ပါတယ်။” လို့သူကဆိုထားပါတယ်။ “နိုင်ငံတကာရာဇ၀တ်မှုတွေအတွက် အရပ်သားခေါင်းဆောင်တွေပါ တာဝန် ရှိတယ်ဆိုရင် သူတို့အဲဒီအပေါ်မှာပယ်ဖျက်သွားလို့မရနိုင်ပါဘူး ဒါပေမယ့်သူတို့မှန်ကန်တဲ့အရာကို စတင် လုပ်ဆောင်နိုင် ပါတယ်” လို့စမစ်က Coconuts သတင်းဌာနကိုပြောကြားထားပါတယ်။
“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ကုလစုံစမ်းရေးမှူးတွေနဲ့ပူးပေါင်းပြီး လူသားချင်းစာနာထောက်ပံ့မှုတွေ လိုအပ်နေသူတွေဆီထောက်ပံ့သွားဖို့ ကျူးလွန်သူတွေကိုအရေးယူဆောင်ရွက်သွားဖို့တွေလိုအပ်ပါတယ်။ သူမဟာအခုချိန်မှာအဲဒါတွေတစ်ခုမှလုပ်ကိုင်ဆောင်ရွက်ခြင်းမရှိပါဘူး။ သူမသာလူ့အခွင့်အရေးကိုကာကွယ်ပြီး တရားမျှတမှုတွေဆောင်ရွက်ခဲ့မယ်ဆိုရင် ဒါဟာကျူးလွန်သူတွေကိုပြင်းထန်တဲ့သတိပေးချက်ပေးလိုက်တာပဲဖြစ်မှာပါ” လို့သူကပြောကြားခဲ့ပါတယ်။
Coconuts သတင်းဌာနပါ Jacob Goldberg ရေးသားသည့် “Rights Groups suggest Aung San Suu Kyi could become target of ICC prosecution” အမည်ဖြင့်ဖော်ပြထားသည့် သတင်း ကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
Share:

အကြမ်းဖက်ညှင်းဆဲမှုကို စုံစမ်း စစ်ဆေးရန် မြန်မာခရီးအပြီး ကုလ လုံခြုံရေးကောင်စီထုတ်ပြန်

ရန်ကုန်၊ မေ ၁၀
မောင်တောဒေသတွင် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် အကြမ်းဖက်မှုများ ကျူးလွန်သည်ဟု စွပ်ဆွဲခံထားရမှု များကို ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးရန် ကုလ သမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အပြီးတွင် ထုတ်ပြန်လိုက်သည်။
ယင်းသို့စုံစမ်းစစ်ဆေးရန် တာဝန်ယူခြင်းသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ညှင်းဆဲမှုနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖတ်မှုကျူးလွန်ခြင်းအပါအဝင် ရာဇဝတ်ကျူးလွန်မှုများကို ကိုင်တွင်ဖြေရှင်းရန် အလေးအနက်ထားသည်ဟု ဖော်ပြရာရောက်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၂၈ ရက်မှ မေလ ၁ ရက်နေ့ထိ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ခဲ့သည့်ခရီးစဉ်နှင့် ပတ်သက်သည့်ထုတ်ပြန်ချက်ကို မေလ ၉ ရက်နေ့က ထုတ်ပြန်ခြင်းဖြစ်သည်။
ယင်းသို့ ထုတ်ပြန်ရာတွင် ခရီးစဉ်အတွက် ကူညီထောက်ပံ့ပေးခဲ့သည့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရများ နှင့် ကုသလမဂ္ဂတို့ကို ကျေးဇူးတင်ကြောင်း ဖော်ပြထားသည်။
ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်အစိုးရကို အလေးအနက်ထား အသိအမှတ်ပြုပြီး အကူအညီအထောက်အပံ့များ ဆက်လက်ပေးအပ်ရန် ဆုံးဖြတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မြန်မာခရီးစဉ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ သွားရောက်လေ့လာခဲ့ပြီး ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာများ၊ မြန်မာအစိုးရ ပြင်ဆင်နေသည့် ဒုက္ခသည် ပြန်လည်လက်ခံရေးစခန်းများကို လေ့လာခွင့်ရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရခိုင်ပြည်နယ်မှ ထွက်ပြေးခဲ့သူများကို ပြန်လည်ပို့ဆောင်ရေးအတွက် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့နိုင်သည့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့အား လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ကြိုဆိုကြောင်း ဖော်ပြထားသည်။
ထို့အပြင် ဒုက္ခသည်အားလုံး မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့နေအိမ်များသို့ ဂုဏ်သိက္ခာရှိစွာနှင့် ဘေးကင်းလုံခြုံစွာ ၎င်းတို့ဆန္ဒအလျောက်ပြန်နိုင်ရေး ခွင့်ပြုပေးရန် မြန်မာအစိုးရအနေနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂတို့နှင့် ပူးတွဲလုပ်ဆောင်ရန် တိုက်တွန်းထားသည်။
ကုလသမဂ္ဂအဖွဲ့အစည်းများ၊ မီဒီယာများ၊ လူသားချင်းစာနာမှုအထောက်အပံ့ပေးနေသည့် ပြည်တွင်း၊ ပြည်ပက အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ ဘေးကင်းစွာဖြင့် အလျင်အမြန်ဝင်ခွင့် ပေးရန်လည်း တိုက်တွန်းထားသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး (UNHCR) ၊ ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် (UNDP) တို့နှင့် မြန်မာအစိုးရ ဆွေးနွေးနေသည့် နားလည်မှုစာချွန်လွှာကို မြန်မြန်ဆန်ဆန် လက်မှတ်ရေးထိုးရန်လည်း တောင်းဆိုထားသည်။
ဒုက္ခသည်များ ရခိုင်ပြည်နယ်ရှိ မူလနေရပ်သို့ ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်ရေး ဖန်တီးရန်နှင့် ပဋိပက္ခ ဖြေရှင်း နိုင်ရေးအတွက် လက်တွဲလုပ်နိုင်မည့်နည်းလမ်းကို လုံခြုံရေးကောင်စီက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က အသစ်ခန့်အပ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener တို့နှင့် ရက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
Photo : World Politics Review
Share:

အံ့မခန်းမဟာသီပြန်လာပြီ

မေ ၁၀၊ ၂၀၁၈                                                                                                          
 Myanmar Muslim Media
မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်က အနားယူပြီးနောက်၁၅နှစ်အကြာမှာ အံ့သြဖွယ်ကောင်းစွာပြန်လာပြီး ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့ပါတယ်။
အသက်၉၂နှစ်အရွယ် မာဟာသီယာဟာ ကြာသပတေးနေ့မှာသစ္စာဆိုပြီးနောက် ကမ္ဘာ့အသက်အကြီးဆုံးဝန်ကြီးချုပ်ဖြစ်လာတော့မှာဖြစ်ပါတယ်။ မဟာသီယာဟာ မလေးဝန်ကြီးချုပ်အဖြစ် ၁၉၈၁ခုနှစ်ကနေ ၂၀၀၃ခုနှစ်ထိ၂၂နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး စီးပွားရေးနောက်ကျကျန်နေခဲ့တဲ့နိုင်ငံကို အာရှရဲ့စီးပွားရေးဦးဆောင်အဖြစ်ပြုပြင်ပြောင်းလဲပေးခဲ့ပါတယ်။ သူဟာမလေးရှားခေတ်သစ်ပြောင်းလဲမှုရဲ့ ဖခင်အဖြစ်လူသိများထင်ရှားပြီး ၁၉၉၈ခုနှစ်အာရှအကြပ်အတည်းကနေ နိုင်ငံကို စီးပွားရေးကျားတစ်ကောင်အဖြစ်ဦးဆောင်မောင်းနှင်ပေးခဲ့ပါတယ်။
ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ အမေရိကန်မှာစက်တင်ဘာ၁၁ရက်နေ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မွတ်စလင်ကမ္ဘာရဲ့ပြောခွင့်ရပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ အမေရိကန်ဦးဆောင်တဲ့အကြမ်းဖက်ဝါဒကိုဆန့်ကျင်တဲ့စစ်ပွဲကို သူကထောက်ခံခဲ့ပါတယ်။ မဟာသီယာဟာလက်ရှိအာဏာရပါတီ မလေးရှားအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့အစည်း (UMNO) ကနေ ၂၀၁၆ခုနှစ်မှာနုတ်ထွက်ခဲ့ပြီး အတိုက်အခံပါတီနဲ့ပူးပေါင်းခဲ့ပါတယ်။
၂၀၀၉ခုနှစ်ကတည်းက၀န်ကြီးချုပ်ဖြစ်လာခဲ့ပြီးတတိယသက်တမ်းတာဝန်ထမ်းဆောင်နေတဲ့ သူ့ရဲ့နိုင်ငံရေးတပည့်ရင်း နာဂျစ်ရာဇက်ကိုဖြုတ်ချဖို့ သူကရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ နာဂျစ်ဟာနိုင်ငံတော်ရဲ့ဒေါ်လာဘီလီယံချီတဲ့ရန်ပုံငွေတွေကိုအလွဲသုံးစားလုပ်မှုအတွက်စွပ်စွဲခံနေရပြီး သူကတော့စွပ်စွဲချက်တွေကိုငြင်းဆန်ထားပါတယ်။ ၂၀၁၆ခုနှစ် အဲလ်ဂျာဇီးယားနဲ့အင်တာဗျူးမှာ မဟာသီယာက နာဂျစ်ကိုဆန့်ကျင်သွားဖို့ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။ အကြောင်းကသူဟာလမ်းကြောင်းပေါ်ကနေသွေဖယ်သွားခဲ့တာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။
“သူမှားယွင်းတဲ့အရာတွေအများကြီးလုပ်ခဲ့ပါတယ်။ ရလဒ်အနေနဲ့သူဟာနိုင်ငံကို စီးပွားရေးကော နိုင်ငံရေးကောအရမ်းကိုဆိုးရွားတဲ့နေရာကိုပို့လိုက်တာပဲဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာလည်းသူဟာနာမည်ပျက်နေပါပြီ ဒါကြောင့်သူသွားရတော့မှာပါ” လို့သူကပြောကြားခဲ့ပါတယ်။ မလေးရှားနဲ့အနာဂတ်နဲ့ပတ်သက်ပြီး မဟာသီယာက နာဂျစ်သာရှိနေရင် ဒီနိုင်ငံကခွေးတွေဆီရောက်သွားလိမ့်မယ်လို့မှတ်ချက်ပြုထားပါတယ်။ အသက်၉၂နှစ်အရွယ်မဟာသီယာရဲ့ နိုင်ငံရေးထဲပြန်လည်ဝင်ရောက်လာမှုဟာ အတိုက်အခံပါတီကိုဘ၀အသစ်ပျိုးပေးလိုက်တာဖြစ်ပါတယ်။ ပါတီခေါင်းဆောင် အန်ဝါအီဘရာဟင်မ်ဟာ နိုင်ငံရေးလှုပ်ရှားမှုစွဲချက်တွေနဲ့ထောင်ချခံခဲ့ရတာလို့ သူ့ထောက်ခံသူတွေကဆိုထားပါတယ်။ အသက်၇၀အရွယ် အန်ဝါဟာလည်း တစ်ခါကမဟာသီယာရဲ့တပည့်ရင်းတစ်ယောက်ဖြစ်ခဲ့ပြီး ၁၉၉၀မှာသူတို့ဟာခွာပြဲသွားခဲ့ကြတာဖြစ်ပါတယ်။ မဟာသီယာက အန်ဝါကို လက်ထောက်ဝန်ကြီးချုပ်ရာထူးကနေထုတ်ပယ်ပြီးမကြာခင်မှာ သူဟာထောင်ချခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာတော့ မဟာသီယာဟာ အန်ဝါနဲ့သူ့မိသားစုခံစားရတဲ့ဒုက္ခတွေကိုသိရှိနားလည်လာခဲ့ပါတယ်။ “အန်ဝါဘယ်လိုခံစားရမလဲငါသိတယ်။ သူထောင်ချခံရတဲ့အချိန်တုန်းကငါ့အုပ်ချုပ်ရေးရှိနေတဲ့ကာလပဲဖြစ်ပါတယ်။ ငါ့လက်ကိုဆွဲကိုင်နှုတ်ဆက်ပြီးလက်ခံဖို့ သူ့အတွက်မလွယ်ကူပါဘူး။” လို့မဟာသီယာရဲ့ပြောကြားချက်ကို မလေးသတင်းဌာနကကိုးကားဖော်ပြထားပါတယ်။ “အန်ဝါတင်မကပါဘူး သူ့မိသားစုတစ်ခုလုံးလည်း သူထောင်ချခံခဲ့ရချိန်မှာဖိအားဒဏ်တွေခံစားခဲ့ရပါတယ်။ သူတို့ဟာနှစ်၂၀လောက်ခံစားခဲ့ရတာပါ” လို့သူကဆိုပါတယ်။
အန်ဝါရဲ့ဇနီးဖြစ်သူ ၀မ်အဇီဇာဟာ မဟာသီယာရဲ့ညွှန်ပေါင်းအဖွဲ့မှာပါဝင်လာပြီး လက်ထောက်ဝန်ကြီးချုပ်နေရာကနေသူနဲ့အတူလက်တွဲသွားမှာဖြစ်ပါတယ်။ အတိုက်အခံအဖွဲ့က အန်ဝါကိုအပြစ်လွှတ်ပြီး ၀န်ကြီးချုပ်အဖြစ်တင်ဖို့အစီအစဉ်ရှိတယ်လို့ဆိုပါတယ်။ အာဏာရပါတီဟောင်း UMNO က သူ့ကိုနိုင်ငံရေးအခွင့်အလမ်းအသုံးချသူအဖြစ်စွပ်စွဲခဲ့ပါတယ်။ အခုချိန်မှာ မဟာသီယာဟာအတိုက်အခံဘက်မှာရှိတာကြောင့် အကုန်လုံးကသူ့ကိုဆန့်ကျင်နေကြပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်ရက်တစ်ချို့အလိုက မလေးရှားတာဝန်ရှိသူတွေက သူ့ကို သတင်းအတုဆန့်ကျင်ရေးဥပဒေအသစ်ကိုချိုးဖောက်နိုင်တယ်လို့စွပ်စွဲချက်နဲ့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။
ဧပြီ ၂၇ရက်နေ့မှာသူဟာ ၀န်ကြီးချုပ်အဖြစ်တင်သွင်းဖို့ပြည်မကြီးကနေ ကီလိုမီတာ၃၀ကွာဝေးတဲ့ လန်ကာဝီကိုခရီးထွက်ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်ခရီးထွက်မဲ့လေယာဉ်ဟာထိခိုက်မှုရှိနေတာကို ပိုင်းလော့ကရှာတွေ့ခဲ့ပြီး ရလဒ်အနေနဲ့ခရီးစဉ်ကိုဖျက်သိမ်းခဲ့ပါတယ်။ ဒါတမင်အဖျက်အမှောင့်လုပ်တာလို့ သူကခေါ်ဆိုလိုက်ပါတယ်။ ဒီအဖြစ်အပျက်ကိုစုံစမ်းစစ်ဆေးဖို့အစိုးရကအမိန့်ပေးခဲ့ပြီး မလေးရှားလူမှုလေယာဉ်အမှုထမ်းအာဏာပိုင်အဖွဲ့ကစုံစမ်းခဲ့ပြီး တမင်ရည်ရွယ်ဖျက်ဆီးတာမျိုးရှာမတွေ့ခဲ့ဘူးလို့ဆိုပါတယ် အဲဒီအစား လေယာဉ်ဘီးမှာအပြစ်အနာအဆာတစ်ချို့သာတွေ့ခဲ့တာလို့ကောက်ချက်ချခဲ့ပါတယ်။ ဒီထိခိုက်မှုဟာ နည်းပညာဆိုင်ရာအမှားအဖြစ် လူမှုလေယာဉ်အမှုထမ်းအာဏာပိုင်အဖွဲ့ရဲ့ဥက္ကဌ အက်ဇ်ဟာရူဒင်ရာဟ်မန်ကဆိုထားပါတယ်။
“လေယာဉ်ကိုဖျက်ဆီးဖို့ရည်ရွယ်ချက်စွပ်စွဲချက်တွေဟာအရမ်းကိုပြင်းထန်ပြီး ဒါဟာမလေးရှားလေယာဉ်အမှုထမ်းအာဏာပိုင်အဖွဲ့နဲ့နိုင်ငံရဲ့ဂုဏ်သိက္ခာကိုပါ ထိခိုက်နိုင်တယ်”လို့ အက်ဇ်ဟာရူဒင်ကပြောကြားခဲ့ပါတယ်။
Al Jazeera သတင်းဌာနပါ “Mahathir Mohamad: A stunning comeback for Malaysia’s ex-leader” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
Share:

အသက်​ ၉၂ နှစ်​ အသက်​အကြီးဆုံး ​ခေါင်း ​ဆောင်း ​မေ ၁၀ ရက်​​နေ့ ကျမ်းသစ္စ ဆိုမည်

image
မလေးရှားရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ​ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက် အနိုင်ရ ရပြီး အသက်၉၂ နှစ်ဖြင့် အသက်အကြီးဆုံးနိုင်ငံ့ခေါင်း ​ဆောင် ဖြစ်လာမည်
ယနေ့ (မေ ၁၀) ဝန်ကြီးချုပ်အဖြစ် ကတိသစ္စာပြုမည်
—–  —–   —–  ——

မလေးရှားနိုင်ငံတွင် မေ ၉က ကျင်းပခဲ့ သည့်အထွေထွေ
ရွေးကောက်ပွဲတွင် မလေးရှားဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာမိုဟာမက်က အံ့သြဖွယ်ရာ အနိုင်ရရှိ
သွားခဲ့သည်။ 

ဒေါက်တာ မဟာသီယာမိုဟာမက်မှာ အသက် ၉၂ နှစ်ရှိနေပြီဖြစ်ပြီး မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ၁၉၈၁ မှ ၂၀၀၃ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ မဟာသီယာဦးဆောင်သည့် မျှော်လင့်ခြင်းမဟာမိတ် (Pakatan Harapan ( PPBM )ပါတီသည် လက်ရှိဝန်ကြီးချုပ်နာဂျစ်ရာဇက်၏ Barisan Nasional ( UMNO) အမျိုးသားရေးတပ်ဦးပါတီကို ဖြတ်ကျော်အနိုင်ရခဲ့ခြင်းဖြစ်သည်။
မလေးရှားလွှတ်တော် Dewan Rakyat တွင် အမတ်နေရာ ၂၂၂ နေရာရှိပြီး အစိုးရဖွဲ့ နိုင်ရေးအတွက်အမတ်နေရာ ၁၂၂ နေရာလိုအပ်ကာ မဟာသီယာ၏ပါတီက Popular ဆန္ဒမဲ ၅၄၄၅၂၆၃ အပါအဝင် ဆန္ဒမဲပေးသူများ၏ ၄၅% ကိုရရှိခဲ့ပြီး Dewan Rakyat (အောက်လွှတ်တော်) အမတ်၁၂၃ နေရာ အနိုင်ရရှိခဲ့သည်။ 
လက်ရှိဝန်ကြီးချုပ် နာဂျစ်၏ပါတီကမူ Popular ဆန္ဒမဲ
၃၇၉၄၂၈၃ အပါအဝင် ဆန္ဒမဲပေးသူများ၏ မဲ ၃၂% ရာခိုင်နှုန်းကိုသာ ရရှိခဲ့ကာ လွှတ်တော်အမတ် ၇၉ နေရာသာ ရရှိခဲ့သည်။ တတိယနေရာမှမဲအများဆုံးရရှိခဲ့သူမှာ
ဟာဒီအန်းဦးဆောင်သည့် အစ္စလာမ်ဦးစားပေးဝါဒီအသားပေးမူဝါဒကိုင်စွဲထားသည့်  ဂါဂါဆာဆီဂျက်သာ ပါတီဖြစ်ပြီး မဲပေးသူများ၏ ဆန္ဒမဲ ၁၆ % အမတ် ၁၈ နေရာသာရခဲ့သည်။ 

မဲစာရင်းရလဒ်များကိုထုတ်ပြန်ကြေညာပြီးနောက် မဟာသီယာမိုဟာမက်အနိုင်ရသွားချိန်တွင် ၄င်းကို အားပေးထောက်ခံသူများက လမ်းမများပေါ်ထွက်ကာ အောင်ပွဲခံခဲ့သည်။ မဟာသီယာမိုဟာမက်မှာ ယနေ့ ( မေ ၁၀ )တွင် ဝန်ကြီးချုပ်အဖြစ် ကတိသစ္စာပြု မည်ဖြစ်ပြီး လက်စားချေမှု့ ကို ပြုလုပ်မည်မဟုတ်ဘဲ တရားဥပဒေပြန်လည်စိုး မိုးရေးကိုသာရှေ့ ရူလုပ်ဆောင်မည်ဟု ကတိပေးခဲ့သည်။
The Ladies News
Share:

10 May, 2018

Malaysia Election: Opposition sdores historic victory

Malaysia election: Opposition scores historic victory

Former Malaysian PM and opposition candidate Mahathir Mohamad celebrates with other leaders of his coalition in Kuala Lumpur on early May 10, 2018Image copyrightAFP
Image captionMr Mahathir said he hoped a swearing-in ceremony would be held on Thursday
Former Malaysian Prime Minister Mahathir Mohamad has scored a historic victory in the general election.
At the age of 92, Mr Mahathir defeated the Barisan Nasional coalition, which has been in power 60 years.
He had come out of retirement to take on his former protege Najib Razak, who has been beset by allegations of corruption and cronyism.
Mr Mahathir told reporters: "We are not seeking revenge, we want to restore the rule of law".
The election commission said Mr Mahathir's opposition alliance had won 115 seats, over the threshold of 112 seats needed to form a government.
He said he hoped a swearing-in ceremony would be held on Thursday. Mr Mahathir will become the oldest elected leader in the world.
A government spokesman later declared nationwide public holidays for Thursday and Friday.
With only a few seats left to count, official results showed Mr Mahathir's Pakatan Harapan alliance, along with an ally in Sabah state, Borneo, had won 115 seats with BN on 79 seats.
Opposition supporters poured on to the streets in celebration as the results became clear.
Supporters of Mahathir Mohamad celebrate in Kuala Lumpur on early May 10, 2018Image copyrightAFP
Image captionMahathir Mohamad's supporters took to the streets of Kuala Lumpur in celebration
The campaign pitted Mr Mahathir's opposition group against the BN, led by incumbent Prime Minister Najib Razak.
The BN and its major party, the United Malays National Organisation (UMNO), have dominated Malaysian politics since the country won independence from Britain in 1957, but the once-powerful coalition has seen its popularity decline in recent years.
In the previous election, in 2013, the opposition made unprecedented gains, winning the popular vote, but it failed to win enough seats to form a government.
In a dramatic turn of events, then-opposition leader Anwar Ibrahim was sentenced to five years jail on sodomy charges, which he said were part of a political smear campaign.
Mr Mahathir, who was once an integral part of BN and a mentor to Mr Najib, abandoned the coalition in 2016.
As he left, he said he was "embarrassed" to be associated with a party "that is seen as supporting corruption".
Mr Najib has been embroiled in a corruption scandal, which saw him accused of pocketing some $700m from the 1Malaysian Development Berhad, a state investment fund. He has vehemently denied all allegations and been cleared by Malaysian authorities.
The fund is still being investigated by several countries and Mr Najib has been accused of stifling Malaysian investigations by removing key officials.
Mahathir (C) and Najib (L) stand at an UMNO annual general assembly meeting in 2009Image copyrightGETTY IMAGES
Image captionMr Najib (L) was a former protege of Mr Mahathir (C)
The government recently passed a law redrawing election boundaries, leading to accusations that it had gerrymandered constituencies to ensure they were filled by Malay Muslims, who are traditionally BN supporters.
In the days before the poll, election reform group Bersih 2.0 accused the Election Commission (EC) of multiple "electoral crimes", including irregularities in postal voting and failing to remove dead people from the electoral roll.
A controversial fake news law was also recently introduced, which critics say could be used by the authorities to muffle dissent.
Mr Mahathir is himself being investigated under that law after alleging that his plane had been sabotaged.
A Malaysian Army forces shows her inked finger after casting her vote during an early vote for the 14th general election in Kuala Lumpur on May 5, 2018Image copyrightGETTY IMAGES
Image captionMalaysians had their fingers marked with indelible ink, showing that they had voted
The government had insisted the election would be free and fair, with Mr Najib saying that the EC acted "for the good of all".
Voters were electing 222 members of parliament as well as state assembly members in 12 of the 13 states.
Malaysia uses a first-past-the-post electoral system, where the party that gets the most seats in parliament wins even if it does not win the popular vote.
Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.