• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

03 May, 2018

ကုလ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ကိုယ်စားလှယ်များ ”ရိုဟင်ဂျာ” အမည်နာမကို ထောက်ခံ

Image may contain: 3 people, people smiling, people standing

ကုလ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ကိုယ်စားလှယ်တော်ကြီးများ အားလုံး တညီတညွတ်တည်း ”ရိုဟင်ဂျာ” အမည်နာမကို ထောက်ခံကြောင်း သမိုင်းဝင် မှတ်တမ်း၊ တရုတ် နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တော်ကြီးမှ သတင်းထောက်ရဲ့မေးခွန်းကို ဘာသာစကား အခက်အခဲကြောင့် ချက်ချင်းလက်ငင်း နားမလည်လိုက်ပေမယ့် ခဏအကြာတွင် ၄င်းမှလည်း ”ရိုဟင်ဂျာ” အမည်နာမ ကို အသိအမှတ်ပြု တန်ဖိုးထားလေးစားကြောင်း၊ သမိုင်းဝင် မှတ်တမ်းဝင် ဗွီဒီယို သက်သေ။
Share:

နိုင်ငံရေး အကျဉ်းသားများကို ထောင်တွင်းနှိပ်စက်ရန် ခိုင်းစေခဲ့ခြင်းမရှိဟု ဦးခင်ညွန့် ငြင်းဆို (ရုပ်သံ)

 2 May 2018
ပြီးခဲ့တဲ့ န၀တ၊ နအဖစစ်အစိုးရလက်ထက်တွေတုန်းက မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံနေ ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်ဖို့  ခိုင်းစေခဲ့ခြင်းမရှိဘူးလို့ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးခင်ညွန့်က ပြောပါတယ်။
သာယာဝတီထောင်ထဲမှာ  စစ်အစိုးရလက်ထက်က နိုင်ငံရေးအကျဉ်းသား တွေအပေါ် ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အကြောင်းရိုက်ကူး ထားတဲ့  ဖြစ်ရပ်မှန် ရုပ်သံဇာတ်လမ်းမှာ ဦးခင်ညွန့်က ခုလို ပြောဆိုလိုက်တာပါ။
“ထောင်က ဒီမယ် တို့ခိုင်းတာ မဟုတ်ဘူးကွ။ ထောင်က ထောင် Manual (အကျဉ်းထောင်လက်စွဲ) ဆိုတာ ရှိတယ်။ ထောင် Manual အတိုင်း သူတို့လုပ်နေတာပဲကွ။ ငါတို့ ခိုင်းတာ မဟုတ်ဘူး။ ထောင်အကျဉ်းကျလာရင် ထောင်အကျဉ်းထဲမှာ ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုနှိပ်စက်ရမယ်၊ ဘယ်လိုညှဉ်းပန်းရမယ် ဆိုတာ မရှိဘူး။ ဘယ်လို နှိပ်စက်ပါ၊ ဘယ်လိုခိုင်းပါ၊ ဘယ်လိုလုပ်ပါဆိုတာ ဘယ်တော့မှ မပြောဘူးကွ။ ငါတို့ခေါင်းဆောင်ဆိုတာ အဲဒီလိုဟာမျိုး အဲလိုစိတ်ဓာတ်မျိုး မရှိဘူးကွ။ မရှိဘူး။”
သာယာဝတီထောင်အတွင်းထဲက နိုင်ငံရေးအကျဉ်းသားတွေအပေါ် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခဲ့ချိန်က ဦးခင်ညွန့်ဟာ  စစ်ထောက်လှမ်းရေးခေါင်းဆောင်နဲ့ စစ်အစိုးရရဲ့ အတွင်းရေးမှူး (၁) တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်ကနေ ၂၀၁၀ ခုနှစ် စစ်အာဏာရှင်ခေတ်ကာလတွေအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ သာယာဝတီထောင် အတွင်းထဲက နိုင်ငံရေးအကျဉ်းသားတွေအပေါ် အလုပ်ခိုင်းစေဖို့အတွက် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် ခဲ့တဲ့ ဖြစ်စဉ် ရုပ်သံမှတ်တမ်းပြပွဲကို ဧပြီ ၂၉ ရက်နေ့က ဉာဏ်လင်းသစ် ရည်ညွှန်းစာကြည့်တိုက်မှာ မိတ်ဆက် ပြသခဲ့ပါတယ်။
ဒီရုပ်သံမှတ်တမ်းဟာ  မြန်မာနိုင်ငံမှာ ဒီလိုဖြစ်စဉ်တွေ ရှိခဲ့ဖူးတယ်ဆိုတာကို ပြည်သူတွေနဲ့ သက်ဆိုင်သူတွေ သိစေချင်လို့ ရိုက်ကူးပြသရတာ ဖြစ်တယ်လို့  စီစဉ်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာဉာဏ်ကြီးက ပြောပါတယ်။
“ကျနော်တို့ကတော့ ဒီဟာကြီးကို ဘယ်သူက နစ်နာစေချင်တယ်၊ ဘယ်သူက ဒုက္ခရောက်စေချင်တယ်၊ ဘယ်သူက မှန်ပါတယ် ဆိုတာကို မီဒီယာသမားတွေနဲ့ ချပြတာ မဟုတ်ပါဘူး။ ဖြစ်ရပ်မှန်၊ ထောင်ထဲတွေမှာ တကယ်ဖြစ်ခဲ့တဲ့၊ တကယ်ဆိုးသွမ်းတဲ့အချိန်နဲ့ ကြုံခဲ့ရတယ် ဆိုတာကို ပြည်သူလူထုနဲ့ အစိုးရအဖွဲ့တွေ၊ လွှတ်တော်တွေ၊ တချိန်တုန်းက လုပ်ခဲ့တဲ့ အာဏာပိုင်အဖွဲ့အစည်းတွေကို သိစေချင်တဲ့ဆန္ဒနဲ့ ကျနော်တို့ လုပ်ခဲ့တာ ဖြစ်ပါတယ်။”
၁၉၈၉ ခုနှစ်က သာယာဝတီထောင်မှာ Anti Labor လှုပ်ရှားမှုကို ကိုင်တွယ်ခဲ့ဖူးတဲ့ အငြိမ်းစားထောင်မှူးကြီး ဦးမြင့်သန်းကတော့  အကျဉ်းဦးစီးဌာနမှာ ရာထူးအာဏာရဖို့ဆိုရင် အဲဒီအချိန်က အထက်အရာရှိတွေရဲ့ အမိန့် အတိုင်း လက်မရွံ့ ကိုင်တွယ်ထိန်းသိမ်းရတာ ဖြစ်တယ်လို့ အဲဒီရုပ်သံမှတ်တမ်းထဲမှာ ရင်ဖွင့်ဝန်ခံသွား ပါတယ်။
“အဘတို့ အကျဉ်းဦးစီးဌာနကို ဝင်လိုက်တယ်ဆိုတာက အကျဉ်းထောင်တာဝန်ကို ထူးထူးခြားခြား ထူးထူးချွန်ချွန် ထမ်းဆောင်ပြီးတော့ ပြောင်ပြောင်မြောက်မြောက် ရာထူးတွေတက်ပြီးတော့ ကိုယ့်ဘဝ အေးအေးချမ်းချမ်း နေချင်တဲ့ ပုဂ္ဂိုလ်ရေး ရည်မှန်းချက်တွေကို။ အဲဒီခေတ်စနစ်မှာ အဲဒီနည်းနဲ့ အကျဉ်းထောင်မှာ ပြောင်မြောက် ရတာ။ အကျဉ်းထောင်မှာ ထူးချွန်ရတယ်ဆိုတာ အဲဒီနည်းနဲ့ပဲ ထူးချွန်ရတာ။ စစ်အုပ်ချုပ်ရေး အာဏာ ရှိနေသရွေ့တော့ ဒီအုပ်ချုပ်ရေးဝန်ထမ်းတွေရဲ့ ပြောင်မြောက်မှုဆိုတာ နှိပ်စက်ညှဉ်းပန်းမှုပဲ။ သာယာဝတီ ထောင်တို့၊ မော်လမြိုင်ထောင်တို့ ဆိုတာ အဲဒီလို အရေးအခင်းမျိုးတွေကို နှိမ်နင်းဖို့၊ ဖြေရှင်းဖို့ စပါယ်ရှယ် တည်ဆောက်ထားတဲ့ ထောင်တွေ။ စပါယ်ရှယ် ဖွဲ့စည်းထားတဲ့ ဝန်ထမ်းတွေ။”
အခုအချိန်ထိ တချို့ရဲစခန်းတွေ၊ ရဲဘက်တွေမှာလည်း ညှဉ်ပန်းနှိပ်စက်နေတာမျိုးတွေ ရှိနေသေးတာကြောင့် အဲဒီတုန်းက ညှဉ်းပန်းနှိပ်စက်ခဲ့တာမျိုးတွေနဲ့ အခုအချိန်မှာ ဆက်မဖြစ်တော့ဖို့ တာဝန်ရှိတဲ့ အစိုးရအဖွဲ့နဲ့ ပြည်ထဲရေးအဖွဲ့တို့ဟာ ဂရုစိုက်ပြီး ထိန်းသိမ်းပေးဖို့ လိုအပ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေး အသင်းက ပြောပါတယ်။
Share:

02 May, 2018

ရခိုင်၌ ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ကုလ လုံခြုံရေးကောင်စီ တိုက်တွန်း

FRONTIER သတင်းအဖွဲ့
မေ ၂ ၊၂၀၁၈

ရခိုင်ပြည်နယ်တွင် စစ်တပ်က ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများနှင့် ပတ်သက်ပြီး သေချာသည့် စုံစမ်း စစ်ဆေးမှု ဆောင်ရွက်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တိုက်တွန်းလိုက်ပြီး ဒုက္ခသည်များ ပြန်လည်ခေါ်ယူရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ရန်လည်း တိုက်တွန်းခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လတွင် အစိုးရလုံခြုံရေးစခန်းများ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများအတွင်း လူပေါင်း ခုနစ်သိန်းခန့်မှာ အိုးအိမ်များ စွန့်ခွာကာ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။
ထို့ပြင် စစ်ဆင်ရေးများအတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ် ညှင်းဆဲမှု၊ မတရားပြုကျင့်မှုနှင့် နေအိမ်များကို မီးရှို့မှုများကဲ့သို့ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြသည်ဟု ဒုက္ခသည်များက စွပ်စွဲထားကြသည်။
ထိုသို့ စွပ်စွဲမှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် နည်းလမ်းနှစ်သွယ်ဖြင့် ဆောင်ရွက်နိုင်ကြောင်း လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး Karen Pierce က ပြောကြားသည်။ “ပထမတစ်နည်းက နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) ကို ဆောင်ရွက်စေဖို့ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ မြန်မာအစိုးရကိုယ်တိုင် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
လုံခြုံရေးကောင်စီ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ဘင်္ဂလားဒေရှ့်နှင့် မြန်မာနိုင်ငံ ခရီးစဉ်အပြီး မေ ၁ ရက်နေ့ ညနေက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၃၀ ရက်နေ့တွင် ဘင်္ဂလားဒေရှ့်နိုင်ငံမှ တစ်ဆင့် နေပြည်တော်သို့ ရောက်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အား သီးခြားစီ တွေ့ဆုံခဲ့သည်။
ထို့နောက် မေ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ဒေသအစိုးရ တာဝန်ရှိသူများနှင့် လူမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များကို တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အား တွေ့ဆုံချိန်တွင်လည်း လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရန် လိုအပ်သည့်အကြောင်းကို ပြောကြားခဲ့သည်ဟု Pierce က ပြောကြားသည်။
ကောင်စီအနေဖြင့် အထောက်အထားများ ပေးအပ်ပါက မြန်မာအစိုးရအနေဖြင့် စစ်ဆေးပေးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ ကောင်စီအနေဖြင့် အထောက်အထားများ ပေးအပ်နိုင်ရေးအတွက် စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်အပါအဝင် မည်သို့ ဆောင်ရွက်ရမည်ကို စဉ်းစားသွားမည်ဟု Pierce ကပြောကြားသည်။
ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် ကူဝိတ်သံအမတ်ကြီး Mansour Ayyad Al-Otaibi က ဒုက္ခသည်များ ရခိုင်ပြည်နယ်ရှိ ၎င်းတို့နေအိမ်များသို့ ပြန်နိုင်ရန် ကောင်စီက လိုလားသော်လည်း တားမြစ်ချက်များကို မြန်မာအာဏာပိုင်များက ဖယ်ရှားမပေးပါက ၎င်းတို့ ပြန်လာနိုင်ရေး ဖြစ်လာနိုင်မည်မဟုတ်ဟု ပြောကြားသည်။
ဒုက္ခသည်များ ပြန်လည်ခေါ်ယူရေးလုပ်ငန်းစဉ်တွင် ကုလသမဂ္ဂ ပါဝင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်လာနိုင်ရေးအတွက် မြန်မာအစိုးရနှင့် ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီတို့အကြား ဆွေးနွေးရန် လိုအပ်ကြောင်းကိုလည်း ၎င်းက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ လိုလားတာကတော့ ကိုယ့်သဘောဆန္ဒအတိုင်း ဂုဏ်သိက္ခာရှိရှိနဲ့ လုံခြုံစွာ ပြန်လာနိုင်ရေးအတွက် လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ဖို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော် အတိုင်ပင်ခံရုံးက ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ချက်အရ မြန်မာအစိုးရအနေဖြင့် လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများကို အဖြေရှာ ဆောင်ရွက်ရာတွင် ကုလသမဂ္ဂနှင့် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။
ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီများနှင့် ရခိုင်ပြည်နယ်တွင် ထိတွေ့ ဆောင်ရွက်ခြင်းဖြင့် ဒုက္ခသည်များ လုံခြုံစွာဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် အစိုးရ၏ ဆောင်ရွက်ချက်များကို အထောက်အကူဖြစ်စေမည်ဟုလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့နှင့် နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးသွားနိုင်ရန် ဆွေးနွေးလျက်ရှိသည်ဟုလည်း ဆိုသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် သံအမတ်ကြီးများက နေပြည်တော်၌ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ
#Myanmar Muslim-Media
Share:

Top-level UN team arrives in Myanmar for Rohingya probe

image
28 minutes ago
NAYPYITAW, Myanmar (AP) — Members of a U.N. Security Council team probing Myanmar’s crisis over its ethnic Rohingya Muslim minority arrived in the country’s capital on Monday after a visit to Bangladesh, where about 700,000 Rohingya who fled military-led violence live in refugee camps.
The U.N. delegation will meet Myanmar’s top leader, State Counsellor Aung San Suu Kyi, and military commander Senior Gen. Min Aung Hlaing during its two-day visit before traveling to northern Rakhine state, the area from which the Rohingya fled.

They are expected to see the aftermath of the army’s crackdown as well as the government’s preparations for taking back the refugees from Bangladesh.
“The ministers will discuss in detail the repatriation of the refugees agreed by the two countries and resettlement plans for the returnees,” Foreign Affairs Permanent Secretary Myint Thu told The Associated Press. He said that on Tuesday, the U.N. delegates would be taken to refugee reception centers as well as villages in northern Rakhine.
The army launched counterinsurgency sweeps in Rakhine after attacks last August on security personnel. The military has been accused of massive human rights violations — including rape, killing, torture and the burning of Rohingya homes — that U.N. and U.S. officials have called ethnic cleansing.
Myanmar’s government agreed to allow the delegates’ visit after previously rejecting U.N requests for a visit by a specially appointed independent fact-finding committee. That team said in March that it found evidence of human rights violations against the Kachin, Shan and Rohingya minorities “in all likelihood amounting to crimes under international law.”
The Kachin and the Shan are other ethnic minorities who seek greater autonomy and are engaged in armed conflict against government forces.
Britain’s U.N. ambassador, Karen Pierce — a member of the visiting delegation — said after the group’s visit to the Kutupalong refugee camp in Bangladesh over the weekend that the Security Council would continue to work on enabling the refugees to return to Myanmar, but that the Rohingya must be allowed to return under safe conditions.
Thousands of refugees had gathered amid scorching heat at the camp to welcome the delegation. They carried placards, some of which read “We want justice.”
Bangladesh and Myanmar agreed in December to begin repatriating the refugees in January, but there were concerns among aid workers and Rohingya that they would be forced to return and face unsafe conditions in Myanmar.
The U.N. refugee agency and Bangladesh recently finalized a memorandum of understanding that said the repatriation process must be “safe, voluntary and dignified … in line with international standards.”
Rohingya Muslims have long been treated as outsiders in Myanmar, even though many of their families have lived in the country for generations. Nearly all have been denied citizenship since 1982, effectively rendering them stateless. They are denied freedom of movement and other basic rights.
Some human rights activists would like to see more aggressive action by the U.N.
“The other thing the Security Council should do is refer the situation in Rakhine state to the International Criminal Court,” Kenneth Roth, the executive director of Human Rights Watch, said Friday in a speech to journalists in Yangon, Myanmar’s biggest city.
“The crimes against humanity that were committed against the Rohingya population were clearly of the gravity and severity that they warrant prosecution by the ICC. If impunity were to prevail it would be an enormous injustice to the victims and their families, and it would only encourage a repetition of these kinds of mass atrocities,” Roth said.
Share:

မြန်မာကို ဖိအားပေးကြဖို့ ကုလကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တောင်းဆို

RFA
RFA

မြန်မာနိုင်ငံထဲက ထွက်ခွာလာပြီး ဘင်္ဂလားဒေ့ရှ့်နိုင်ငံထဲမှာနေထိုင်သူ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို နေရပ်ပြန်ခေါ်ရေး မြန်မာကိုဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီသံတမန်တွေကို တောင်းဆိုလိုက်ပါတယ်။
လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ ဒီကနေ့တနင်္လာနေ့မှာ မြန်မာနိုင်ငံကိုသွားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်တို့နဲ့မတွေ့ဆုံခင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ တွေ့ဆုံတာဖြစ်ပါတယ်။
လုံခြုံရေးကောင်စီဟာ မြန်မာအစိုးရအပေါ် ပိုပြီးဖိအားပေးသင့်ပါတယ်။ ဒါမှ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့သူတို့နိုင်ငံသားတွေကို ပြန်ခေါ်မှာဖြစ်ပါတယ်လို့ ရှိတ်စဟာဆီနာက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံထဲကထွက်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာနေထိုင်တဲ့ ဒုက္ခသည်တွေ နေရပ်ကို အန္တရာယ်ကင်းစွာပြန်နိုင်ရေး သေချာအောင်ဆောင်ရွက်ပေးဖို့ ဖိအားပေးမယ်လို့ လုံခြုံရေး ကောင်စီဝင်သံတမန်တဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေကို ဒီကနေ့ လှည့်လည်ကြည့်ရှုအပြီးမှာ ပြောပါတယ်။
‘ဒါဟာလူသားခြင်းစာနာကူညီမှုဆိုင်ရာပြဿနာနဲ့ လူ့အခွင့်အရေးကိစ္စပါ’ လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ၃ရက် ကြာခရီးစဉ်အပြီး မြန်မာနိုင်ငံကိုမထွက်ခွာခင်ကလေးမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဌဖြစ် တဲ့ ကူဝိတ်သံအမတ်ကြီး “မန်ဆော အယ်လ် အိုတေးဘီ”(Mansour al-Otaibi) က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
နိုင်ငံပေါင်း ၁၅ နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် သံတမန်တွေဟာ မနေ့က တနင်္ဂနွေနေ့မှာ ဒုက္ခသည်ပေါင်း ၇ သိန်းဝန်းကျင်လောက်နေထိုင်တဲ့ ကောက်ဆက်ဘဇားပြည်နယ်က ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ တနင်္လာနေ့မနက်မှာ ရခိုင်ပြည်နယ်ကို ရဟတ်ယာဉ်နဲ့ ပျံဝဲပြီးပြီး အကြမ်းဖက် မီးရှို့တိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက် မီးမလောင်ဘဲ ကျန်နေတဲ့ရွာတွေကို ရဟတ်ယာဉ်ပေါ်ကနေကြည့်ရှုမယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်ရဲ့အခြေအနေဟာ အဖြေရှာမရဘဲ ဒီအတိုင်းရှိမနေသင့်ပါဘူး။ အဲဒီလိုပဲ ကျနော်တို့အဖွဲ့က မြန်မာနိုင်ငံကို၊ ဒုက္ခသည်တွေနဲ့ တကမ္ဘာလုံးကိုပြောချင်တာကလည်း ကျနော်တို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ ဒီပြဿနာကိုဝိုင်းဝန်းဖြေရှင်းဖို့ စိတ်ပိုင်းဖြတ်ကူညီနေတယ်ဆိုတဲ့အကြောင်းပါပဲလို့ UN လုံခြုံရေးကောင်စီရဲ့ ကူဝိတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးးကပြောပါတယ်။ သက်ဆိုင်ရာအဖွဲ့အားလုံးဟာ ပြဿနာကို အတတ်နိုင်ဆုံး မြန်မြန်ဖြေရှင်းနိုင်ဖို့ကြိုးစားကြရပါလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ နှုတ်ဆိတ်မနေသင့်ပါဘူးလို့ သူကဆက်ပြောပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြားသဘောတူထားတဲ့ ဒုက္ခသည်တွေပြန်လည်ခေါ်ယူရေးကိစ္စမှာ မိမိဆန္ဒအလျှောက် နေရပ်ပြန်လိုတဲ့ ဒုက္ခသည်တွေအတွက် လွတ်လပ်အန္တရာယ်ကင်းပြီး ဂုဏ်သိက္ခာရှိတဲ့ အိမ်အပြန် ဖြစ်စေရေး အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ နည်းလမ်းတွေ ရှာဖွေကူညီသွားမှာဖြစ်ပါတယ်လို့လည်း မစ္စတာအိုတေးဘီက ပြောခဲ့ပါသေးတယ်။
AFP Photoဈ ဖိအားပေးကြဖို့ ကုလကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တောင်းဆို

AFP Photo
Share:

ကချင်ပြည်နယ်အရေး စိုးရိမ်ကြောင်း ယန်ဟီးလီ ပြောကြား

ကချင်ပြည်နယ်မှာ အစိုးရတပ် နဲ့ KIA ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အခုထိ အနည်းဆုံး အရပ်သား ၁၀ ဦး သေဆုံး၊ အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြပြီး၊ ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့် ထွက်ပြေးနေ ကြရတဲ့အပေါ် အထူး စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကချင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေဟာ လုံးဝ လက်ခံနိုင်စရာမရှိဘူးလို့ မစ္စယန်ဟီးလီကပြောပါတယ် တရုတ်နယ်စပ်အနီးကနေ တပ်မတော်က လေကြောင်းကနေ ဗုံးကြဲတာတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ အပြစ်မဲ့အရပ်သားတွေ သေကြေ ထိခိုက်ဒဏ်ရာရနေကြရတဲ့ သတင်းတွေ ကြားသိနေရတဲ့အတွက်၊ ပြည်သူ တွေ မထိခိုက်ရအောင် လိုအပ်တဲ့ အစီအမံတွေကို နှစ်ဘက်လုံးက ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
ကချင်ပြည်နယ်အတွင်း မူလရှိနေတဲ့ စစ်ပြေးဒုက္ခသည်တွေအပြင် ဒုက္ခသည်အရေအတွက် တဖြည်းဖြည်းတိုးများလာနေတယ်ပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတဲ့ဒေသအတွင်းပိတ်မိနေတဲ့ ဒုက္ခသည်တွေရှိနေပါတယ်။  ပြီးခဲ့တဲ့ ရက်ပိုင်းက ကချင်နှစ်ချင်းခရစ်ယန်အဖွဲ့ချုပ်က မြစ်ဆုံကျေးရွာအုပ်စု ဂွေထောင်ကျေးရွာမှာပိတ်မိနေသူ ၈၀၀ကျော်ကို မြစ်ကြီးနားမြို့ပေါ်ကိုခေါ်ယူလာပါတယ်။ ဒါပေမဲ့ ပိတ်မိနေသူတွေကျန်နေသေးတယ်လို့  ကချင်နှစ်ချင်းအဖွဲ့ချုပ်က ဒေါက်တာဆွမ်ဆန်ကပြောပါတယ်။
မြစ်ကြီးနားမြို့ပေါ်မှာလည်း ပိတ်မိနေသူတွေကူညီကယ်ဆယ်ရေးအတွက် ဧပြီလ ၃၀ရက်နေ့က လူ၅၀၀၀လောက်ဆန္ဒပြခဲ့ပါတယ်။  သူတို့က ဒုက္ခသည်တွေပြန်လည်လွတ်မြောက်ဘို့ ဆက်လက်ပြီးထိုင်သပိတ်ပြုလုပ်မဲ့ အစီအစဉ်ကိုတော့ ကချင်ပြည်နယ် ၀န်ကြီးချုပ်အမိန့်နဲ့ အပိတ်ခံခဲ့ရပါတယ်။ 
ပိတ်မိပြည်သူုတွေထဲမှာတချို့ကတော့ မိမိအစီအစဉ်နဲ့မိမိထွက်ပြေားလွတ်မြောက်လာသူတွေရှိပါတယ်
ကချင်ပြည်နယ်အတွင်း ၂၀၁၁ခုနှစ်ကစပြီး အစိုးရတပ်မတော်နဲ့ KIA တပ်တို့ရဲ့ တိုက်ပွဲတွေပြန်လည် ဖြစ်ပွားခဲ့တာကြောင့် သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေအိုးအိမ်တွေစွန့်ခွာပြီးထွက်ပြေးခဲ့ကြရပါတယ်။ လက်ရှိမှာလည်း ဒုက္ခသည်တွေထပ်တိုးလာတဲ့ အခြေအနေပါ။  ဒီအခြေအနေမှာ တပ်မတော် ဘက်က ဒုက္ခသည် ၁သိန်းကျော်အတွက် ပေးပို့နေတဲ့ လူသားခြင်းစာနာမှုအကူအညီတွေကို သွားလာခွင့်မပြုဘူးလို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

အာဏာပိုင်တွေရဲ့ ဒီဆောင်ရွက်  ဆောင်ရွက်ချက်တွေဟာ လူသာခြင်းစာနာမှုအထောက်အပံပေးရေး ဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖေါက်နေတာဖြစ်တယ်လို့ ကူ့ညီကယ်ဆယ်ရေးလုပ်ကိုင်နေသူ တဦးကပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ က လည်း ဂျီနီဗာ မြို့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မစ္စ ယန်ဟီးလီ က ကမ္ဘာ့တ၀ှမ်းက ရခိုင်ပြည်နယ် ပဋိပက္ခ အပေါ်မှာသာ အထူး အာရုံစိုက် နေကြ ချိန်မှာ၊ မြန်မာနိုင်ငံတွင်းက ကချင်ပြည်နယ်လို တခြားနေရာတွေမှာလည်း အကြမ်းဖက် ပဋိပက္ခတွေ အရှိန်မြင့်မားနေကြောင်း ပြောကြားခဲ့ပါတယ်။
Share:

01 May, 2018

ကုလအဖွဲ့ ရခိုင်ပြည်နယ်သွားမည်

ဒီကနေ့ တနင်္လာနေ့ မြန်မာနိုင်ငံရောက်ရှိလာမယ့် သူတို့ခရီးစဉ်မှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာတွေ ရဲ့ အခြေအနေကို သွားရောက်ကြည့်ရှုကြမှာဖြစ်ပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် သံအမတ် ၁၅ ဦးလုံးလိုက်ပါလာတဲ့အဖွဲ့ဟာ သူတို့ရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်း no man’s land မြန်မာ-ဘင်္ဂလားဒေရှ်နယ်စပ်မျဉ်းနေရာအပါအ၀င်Cox’s Bazar ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ ဒုက္ခသည်အမျိုးသမီးတွေ၊ ကလေးငယ်တွေအပါအ၀င် တာဝန်ရှိသူတွေနဲ့ လည်း တွေ့ဆုံမေးမြန်းခဲ့ကြပါတယ်။ သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရဲ့ အခြေအနေကို မနေ့တနင်္ဂနွေနေ့က ဒုက္ခသည်စခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း သံအမတ်အသီးသီးက ပြောဆိုခဲ့ကြပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံကို ဆက်လက်ထွက်ခွာမယ့် ခရီးစဉ်နဲ့ ပတ်သက်လို့လည်း လက်ရှိလုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌ ပီရူးနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး Gustavo Adolfo Meza Cuadra Velasquez က သတင်းထောက်တွေကို အခုလိုပြောပါတယ်။
“ဗဟိုနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေအပါအ၀င် တာဝန်ရှိသူအားလုံးနဲ့ ကျနော်တို့ သေသေချာချာဆွေးနွေးကြ မှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကို ကျနော်တို့ သွားကြမှာပါ။ ဒီလိုနေရာအားလုံးက အခြေအနေတွေကို သိပြီးမှ ရှေ့ဘာဆက်လုပ်ရမလဲဆိုတာကို နယူးရောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ကျနော်တို့ ဆွေးနွေးကြမှာပါ။ လောလောဆယ်မှာ နောက်တချက် ကျနော်အထူးပြောချင်တာက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ခန့်အပ်လိုက်ပြီဆိုတာပါ။ ဒါကြောင့် ဒီအရေးကိစ္စတွေအားလုံး အတွက် ဖြစ်ပေါ်နေတဲ့ အခြေအနေကို ကြည့်ပြီး ကျနော်တို့ အကဲဖြတ်ဖို့ လိုအပ်ပါတယ်။”
ရိုဟင်ဂျာအကျပ်အတည်းကို လုံခြုံရေးကောင်စီအနေနဲ့ အဖြေရှာဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရုရှားနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး Dmitry Polyansky ကပြောပါတယ်။
“အခုလို ဘင်္ဂလားဒေ့ရှ်မှာရော မြန်မာနိုင်ငံမှာပါ ဖြစ်ပျက်နေတာတွေအားလုံးကို ကျနော်တို့ ကိုယ်တိုင်လာပြီး ကြည့်ဖို့ တကယ့်ကိုလိုအပ်ပါတယ်။ ဒါပေမယ့် ဒါဟာ နေ့ချင်းညချင်း ဖြေရှင်းလို့ရတဲ့ ပြဿနာမျိုး မဟုတ်ပါဘူး။ ဒါကိုဖြေရှင်းဖို့အတွက် နှစ်နိုင်ငံဆက်ဆံရေးနည်းလမ်းမြှင့်တင်ပေးဖို့ကိုပဲ ကျနော်တို့ ဆက်လုပ်နေရမှာပါ။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံအစိုးရတွေကြား အပြုသဘောဆောင်တဲ့ ညှိုနှိုင်းဆွေးနွေးမှုတွေ လုပ်လာစေဖို့ ကျနော်တို့ ၀ိုင်းဝန်းကြိုးစားပေးရမှာဖြစ်သလို လုံခြုံရေးကောင်စီမှာလည်း ဒီပြဿနာအဖြေရှာဖို့ ကျနော်တို့ တတ်နိုင်သလောက် အကောင်းဆုံး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။”
ရိုဟင်ဂျာဒုက္ခသည် ၆၀၀၀ လောက်ရှိနေတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မျဉ်းနေရာကို သွားရောက်ကြည့်ရှုပြီး ဒုက္ခသည်အမျိုးသမီး၊ မိန်းကလေးငယ်တွေကို ကိုယ်တိုင်တွေ့ဆုံမေးမြန်းခဲ့တဲ့ဗြိတိန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး Karen Pierce ကလည်း သူတွေ့ခဲ့ရတဲ့အခြေအနေကို အခုလိုပြောပြပါတယ်။
“သနားစရာကောင်းတဲ့ ဒီအမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ကြုံတွေ့ခဲ့ရတာတွေနဲ့ အခုဆက်ပြီး ရင်ဆိုင်နေရတာတွေအတွက် အကြီးအကျယ် စိတ်မကောင်းဖြစ်ပါတယ်။ သိပ်သနားဖို့လည်း ကောင်းပါတယ်။ ဒီလိုဖြစ်အောင် လူသားအချင်းချင်းလုပ်ဆောင်တာဖြစ်တဲ့အတွက်လည်း သိပ်ကြောက်စရာကောင်းပါတယ်။ ဒါဟာ သူတို့တတွေ နေရပ်ရင်းပြန်နိုင်ဖို့ လုံခြုံရေးကောင်စီအနေနဲ့ နည်းလမ်းရှာဖို့ ကြိုးပမ်းတဲ့နေရာမှာ စိန်ခေါ်မှုပမာဏ ဘယ်လောက် ရှိနေလိမ့်မယ်ဆိုတာ ပြနေပါတယ်။”
မိုးရာသီကာလရောက်လာမယ့် အချိန် ရာသီဥတုဒဏ်ကြောင့် ဒုက္ခသည်တွေရဲ့ အခြေအနေ ပိုပြီးဆိုးလာမယ့် အခြေအနေကို အလွန်စိုးရိမ်မကင်းဖြစ်မိကြောင်း ဒုက္ခသည်စခန်းတွေကို ကြည့်ရှု့အပြီး အမေရိကန် ပြည်ထောင်စု ဆိုင်ရာ လက်ထောက် ကုလသမဂ္ဂသံအမတ်ကြီး Kelley Currie ကလည်းပြောပါတယ်။
“ဒီဒုက္ခသည်တွေ အရေးပေါ် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြီးမားတဲ့ အလုပ်ကြီးကို ဘင်္ဂလားဒေ့ရှ် အစိုးရက ကြိုးစားလုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် မိုးတွင်းကာလရောက်တော့မှာမို့ အခြေအနေတွေ သိပ်ကို ဆိုးလာနိုင်ပါတယ်။ မုတ်သုန်မိုးစတာနဲ့ ပေါ်ပေါက်လာမယ့် အခြေအနေအတွက် ကျမတို့ သိပ်ကို စိုးရိမ်ပါတယ်။”
ရိုဟင်ဂျာပြဿနာဟာ သမိုင်းကြောင်းနဲ့ချီပြီး သိပ်ကိုရှုပ်ထွေးပေမယ့် လက်တွဲအဖြေရှာနိုင်မယ်လို့ မျှော်လင့် ထားကြောင်း တရုတ်နိုင်ငံဆိုင်ရာ လက်ထောက် ကုလသမဂ္ဂသံအမတ်ကြီး Wu Haito ကသတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။
“ဒီပြဿနာဟာ သိပ်ကို ရှုပ်ထွေးတဲ့ ပြဿနာပါ။ သမိုင်းကြောင်းနဲ့ချီနေသလို လူမျိုးရေး၊ ဘာာရေးနဲ့လည်း ဆက်နွယ်နေပါတယ်။ ဒီအရေးကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ပါ လက်တွဲလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီပြဿနာပြေလည်ရေး အကူအညီပေးရာမှာ အပြုသဘောဆောင်တဲ့ ကဏ္ဍကနေ အားလုံးကလုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်။ ပြဿနာအတွက် အဖြေက လွယ်လွယ်ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အားလုံးအတူတကွ လက်တွဲလုပ်ဆောင်ရင်း နည်းလမ်းရှာနိုင်မယ်လို့ ထင်ပါတယ်။”
ဒီကနေ့ မြန်မာနိုင်ငံကိုရောက်ရှိလာမယ့် လုံခြုံရေးကောင်စီအဖွဲ့ဝင် သံအမတ်တွေကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် လက်ခံတွေ့ဆုံဖို့ရှိမယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်း ခရီးစဉ်မှာလည်း အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ ရွာတွေကို သွားရောက်ကြည့်ရှုနိုင်ဖို့ မြန်မာအစိုးရ ဘက်က ရဟတ်ယာဉ်တွေ စီစဉ်ထားတယ်လို့လည်း သတင်းတွေကဆိုပါတယ်။ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေရဲ့ လေးရက်ကြာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံခရီးစဉ်ကို ကူဝိတ်၊ ဗြိတိန်နဲ့ ပီရူးနိုင်ငံတွေက ဦးဆောင်ခဲ့ကြတာဖြစ်ပါတယ်။
Share:

လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ ကော့ဇ်ဘဇားသို့ ရောက်ရှိ

ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး လေ့လာမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက ကိုယ်စားလှယ်အဖွဲ့ဟာ စနေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောဇ့်ဘဇားလေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။ ဒီနေ့ တနင်္ဂနွေနေ့မှာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအပြင် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်ဒေသကိုလည်း သွားရောက်ကြည့်ရှုပါလိမ့်မယ်။
ကုလ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည်မထွက်ခွာခင် တနင်္လာနေ့မနက်ပိုင်းမှာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး Karen Pierce ကယ်ရင်ပီယာ့စ် က ရိုဟင်ဂျာပြဿနာဟာ ပြီးခဲ့တဲ့ ၁ဝ နှစ်အတွင်း မိမိတို့မကြုံစဖူး ကြုံရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုကြီးဖြစ်ပြီး မလွဲမသွေဖြေရှင်းဖို့ လိုတယ်လို့ ပြောပါတယ်။
လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ ကော့ဇ်ဘဇားလေဆိပ်ကို ကူဝိတ်နိုင်ငံက တိုက်ရိုက်ရောက်ရှိလာခဲ့တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံကို ဆက်လက်ထွက်ခွာကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံပါလိမ့်မယ်။
Share:

မြန်မာကို ဖိအားပေးကြဖို့ ကုလကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တောင်းဆို

RFA
RFA
မြန်မာနိုင်ငံထဲက ထွက်ခွာလာပြီး ဘင်္ဂလားဒေ့ရှ့်နိုင်ငံထဲမှာနေထိုင်သူ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို နေရပ်ပြန်ခေါ်ရေး မြန်မာကိုဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီသံတမန်တွေကို တောင်းဆိုလိုက်ပါတယ်။
လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ ဒီကနေ့တနင်္လာနေ့မှာ မြန်မာနိုင်ငံကိုသွားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်တို့နဲ့မတွေ့ဆုံခင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ တွေ့ဆုံတာဖြစ်ပါတယ်။
လုံခြုံရေးကောင်စီဟာ မြန်မာအစိုးရအပေါ် ပိုပြီးဖိအားပေးသင့်ပါတယ်။ ဒါမှ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့သူတို့နိုင်ငံသားတွေကို ပြန်ခေါ်မှာဖြစ်ပါတယ်လို့ ရှိတ်စဟာဆီနာက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံထဲကထွက်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာနေထိုင်တဲ့ ဒုက္ခသည်တွေ နေရပ်ကို အန္တရာယ်ကင်းစွာပြန်နိုင်ရေး သေချာအောင်ဆောင်ရွက်ပေးဖို့ ဖိအားပေးမယ်လို့ လုံခြုံရေး ကောင်စီဝင်သံတမန်တဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေကို ဒီကနေ့ လှည့်လည်ကြည့်ရှုအပြီးမှာ ပြောပါတယ်။
‘ဒါဟာလူသားခြင်းစာနာကူညီမှုဆိုင်ရာပြဿနာနဲ့ လူ့အခွင့်အရေးကိစ္စပါ’ လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ၃ရက် ကြာခရီးစဉ်အပြီး မြန်မာနိုင်ငံကိုမထွက်ခွာခင်ကလေးမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဌဖြစ် တဲ့ ကူဝိတ်သံအမတ်ကြီး “မန်ဆော အယ်လ် အိုတေးဘီ”(Mansour al-Otaibi) က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
နိုင်ငံပေါင်း ၁၅ နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် သံတမန်တွေဟာ မနေ့က တနင်္ဂနွေနေ့မှာ ဒုက္ခသည်ပေါင်း ၇ သိန်းဝန်းကျင်လောက်နေထိုင်တဲ့ ကောက်ဆက်ဘဇားပြည်နယ်က ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ တနင်္လာနေ့မနက်မှာ ရခိုင်ပြည်နယ်ကို ရဟတ်ယာဉ်နဲ့ ပျံဝဲပြီးပြီး အကြမ်းဖက် မီးရှို့တိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက် မီးမလောင်ဘဲ ကျန်နေတဲ့ရွာတွေကို ရဟတ်ယာဉ်ပေါ်ကနေကြည့်ရှုမယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်ရဲ့အခြေအနေဟာ အဖြေရှာမရဘဲ ဒီအတိုင်းရှိမနေသင့်ပါဘူး။ အဲဒီလိုပဲ ကျနော်တို့အဖွဲ့က မြန်မာနိုင်ငံကို၊ ဒုက္ခသည်တွေနဲ့ တကမ္ဘာလုံးကိုပြောချင်တာကလည်း ကျနော်တို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ ဒီပြဿနာကိုဝိုင်းဝန်းဖြေရှင်းဖို့ စိတ်ပိုင်းဖြတ်ကူညီနေတယ်ဆိုတဲ့အကြောင်းပါပဲလို့ UN လုံခြုံရေးကောင်စီရဲ့ ကူဝိတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးးကပြောပါတယ်။ သက်ဆိုင်ရာအဖွဲ့အားလုံးဟာ ပြဿနာကို အတတ်နိုင်ဆုံး မြန်မြန်ဖြေရှင်းနိုင်ဖို့ကြိုးစားကြရပါလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ နှုတ်ဆိတ်မနေသင့်ပါဘူးလို့ သူကဆက်ပြောပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြားသဘောတူထားတဲ့ ဒုက္ခသည်တွေပြန်လည်ခေါ်ယူရေးကိစ္စမှာ မိမိဆန္ဒအလျှောက် နေရပ်ပြန်လိုတဲ့ ဒုက္ခသည်တွေအတွက် လွတ်လပ်အန္တရာယ်ကင်းပြီး ဂုဏ်သိက္ခာရှိတဲ့ အိမ်အပြန် ဖြစ်စေရေး အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ နည်းလမ်းတွေ ရှာဖွေကူညီသွားမှာဖြစ်ပါတယ်လို့လည်း မစ္စတာအိုတေးဘီက ပြောခဲ့ပါသေးတယ်။
AFP Photoဈ ဖိအားပေးကြဖို့ ကုလကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တောင်းဆို
မြန်မာနိုင်ငံထဲက ထွက်ခွာလာပြီး ဘင်္ဂလားဒေ့ရှ့်နိုင်ငံထဲမှာနေထိုင်သူ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို နေရပ်ပြန်ခေါ်ရေး မြန်မာကိုဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီသံတမန်တွေကို တောင်းဆိုလိုက်ပါတယ်။
လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ ဒီကနေ့တနင်္လာနေ့မှာ မြန်မာနိုင်ငံကိုသွားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်တို့နဲ့မတွေ့ဆုံခင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ တွေ့ဆုံတာဖြစ်ပါတယ်။
လုံခြုံရေးကောင်စီဟာ မြန်မာအစိုးရအပေါ် ပိုပြီးဖိအားပေးသင့်ပါတယ်။ ဒါမှ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့သူတို့နိုင်ငံသားတွေကို ပြန်ခေါ်မှာဖြစ်ပါတယ်လို့ ရှိတ်စဟာဆီနာက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံထဲကထွက်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာနေထိုင်တဲ့ ဒုက္ခသည်တွေ နေရပ်ကို အန္တရာယ်ကင်းစွာပြန်နိုင်ရေး သေချာအောင်ဆောင်ရွက်ပေးဖို့ ဖိအားပေးမယ်လို့ လုံခြုံရေး ကောင်စီဝင်သံတမန်တဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေကို ဒီကနေ့ လှည့်လည်ကြည့်ရှုအပြီးမှာ ပြောပါတယ်။
‘ဒါဟာလူသားခြင်းစာနာကူညီမှုဆိုင်ရာပြဿနာနဲ့ လူ့အခွင့်အရေးကိစ္စပါ’ လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ၃ရက် ကြာခရီးစဉ်အပြီး မြန်မာနိုင်ငံကိုမထွက်ခွာခင်ကလေးမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဌဖြစ် တဲ့ ကူဝိတ်သံအမတ်ကြီး “မန်ဆော အယ်လ် အိုတေးဘီ”(Mansour al-Otaibi) က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
နိုင်ငံပေါင်း ၁၅ နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် သံတမန်တွေဟာ မနေ့က တနင်္ဂနွေနေ့မှာ ဒုက္ခသည်ပေါင်း ၇ သိန်းဝန်းကျင်လောက်နေထိုင်တဲ့ ကောက်ဆက်ဘဇားပြည်နယ်က ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ တနင်္လာနေ့မနက်မှာ ရခိုင်ပြည်နယ်ကို ရဟတ်ယာဉ်နဲ့ ပျံဝဲပြီးပြီး အကြမ်းဖက် မီးရှို့တိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက် မီးမလောင်ဘဲ ကျန်နေတဲ့ရွာတွေကို ရဟတ်ယာဉ်ပေါ်ကနေကြည့်ရှုမယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်ရဲ့အခြေအနေဟာ အဖြေရှာမရဘဲ ဒီအတိုင်းရှိမနေသင့်ပါဘူး။ အဲဒီလိုပဲ ကျနော်တို့အဖွဲ့က မြန်မာနိုင်ငံကို၊ ဒုက္ခသည်တွေနဲ့ တကမ္ဘာလုံးကိုပြောချင်တာကလည်း ကျနော်တို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ ဒီပြဿနာကိုဝိုင်းဝန်းဖြေရှင်းဖို့ စိတ်ပိုင်းဖြတ်ကူညီနေတယ်ဆိုတဲ့အကြောင်းပါပဲလို့ UN လုံခြုံရေးကောင်စီရဲ့ ကူဝိတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးးကပြောပါတယ်။ သက်ဆိုင်ရာအဖွဲ့အားလုံးဟာ ပြဿနာကို အတတ်နိုင်ဆုံး မြန်မြန်ဖြေရှင်းနိုင်ဖို့ကြိုးစားကြရပါလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ နှုတ်ဆိတ်မနေသင့်ပါဘူးလို့ သူကဆက်ပြောပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြားသဘောတူထားတဲ့ ဒုက္ခသည်တွေပြန်လည်ခေါ်ယူရေးကိစ္စမှာ မိမိဆန္ဒအလျှောက် နေရပ်ပြန်လိုတဲ့ ဒုက္ခသည်တွေအတွက် လွတ်လပ်အန္တရာယ်ကင်းပြီး ဂုဏ်သိက္ခာရှိတဲ့ အိမ်အပြန် ဖြစ်စေရေး အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ နည်းလမ်းတွေ ရှာဖွေကူညီသွားမှာဖြစ်ပါတယ်လို့လည်း မစ္စတာအိုတေးဘီက ပြောခဲ့ပါသေးတယ်။
Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.