• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

31 March, 2018

ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ကြေညာချက်အမှတ်၊ ၁ / ၂၀၁၈
၁၃၇၉ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက်
(၂၀၁၈ ခုနှစ်၊ မတ်လ ၃၀ ရက်)

ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း
No automatic alt text available.No automatic alt text available.Image may contain: text
Share:

30 March, 2018

နောင်တက်လာမည့် သမ္မတအသစ်သည် ရုပ်သေးသမ္မတမဟုတ် ဒေါ်ေ အာင်ဆန်းစုကြည်၏ တာဝန်များကို ခွဲဝေယူမည့်သမ္မတဟုဆို

ရန်ကုန်၊ မတ်-၂၄
နောင်တက်လာမည့် သမ္မတအသစ်သည်   ရုပ်သေးသမ္မတဟုဆိုခြင်းကို လက်မခံကြောင်း၊  သမ္မတအသစ်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်များကို  ခွဲဝေယူကာ အလုပ်လုပ်နိုင်သည့် သမ္မတဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာ(ဦး)အောင်ရှင်က ပြောဆိုသည်။
ရန်ကုန်မြို့၊ အနော်ရထာလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းထောင့်ရှိ
အော့ကစ်ဟိုတယ်တွင် မတ် ၂၄ ရက် နံနက်ပိုင်း၌ ”သမ္မတအသစ်က ဘယ်လိုလူမျုနးဖြစ်သင့်သလဲ” ခေါင်းစဉ်ဖြင့် ပြုလုပ်သော ဒီဗွီဘီ ဒီဘိတ်ဆွေးနွေးပွဲတွင် မုံရွာ (ဦး)အောင်ရှင်က ထိုသို့ပြောဆိုဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

”နောင်တက်လာမယ့် သမ္မတက ရုပ်သေးသမ္မတဆိုတာကတော့  ကျွန်​တော်လက်မခံပါဘူး။ နောင်တက်လာတဲ့သမ္မတက ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်ပွားပဲဖြစ်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် တာဝန်ခွဲဝေယူ အလုပ်လုပ်နိုင်တဲ့ သမ္မတပဲဖြစ်ရမယ်လို့  ယုံကြည်တယ်” ဟု   မုံရွာ(ဦး)အောင်ရှင်က ပြောဆိုသည်။
မြန်မာ့နိုင်ငံရေး၏ ထူးခြားသော သမိုင်းကြောင်းအရ  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်က သမ္မတအထက်တွင် နေရာယူထားခြင်းဖြစ်ပြီး ပါတီနှင့် လွှတ်တော်အတွေ့အကြုံများသူ ဦးဝင်းမြင့်သည် သမ္မတအသစ်ဖြစ်လာရန် ရာခိုင်နှုန်းများနေကာ သမ္မတနေရာအတွက် အရည်အချင်းပြည့်ဝသူ နိုင်ငံရေးသမားတစ်ဦးဖြစ်၍ များစွာမျှော်လင့်ထားသည်ဟု မုံရွာအောင်ရှင်ကပြောဆိုသည်။
ဦးထင်ကျော် နိုင်ငံတော်သမ္မတ မဖြစ်မီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(NLD) ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင်  ဦးဝင်းထိန်က ရုပ်သေးသမ္မတသာတင်မည်ဟု လူသိရှင်ကြားပြောဆိုခြင်းမှာ သမ္မတများအတွက် ဂုဏ်သိက္ခာကျစေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ၏ ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်က ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံခြားရေးနှင့် နိုင်ငံရေးကိစ္စများတွင် ဦးစားပေးဆောင်ရွက်နေချိန် ကျန်သည့်နယ်ပယ်များတွင် တာဝန်အချို့ကို လွှဲပြောင်းပေးရန် ဦးဝင်းမြင့်အား သမ္မတနေရာအတွက် ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးတင်မောင်သန်းက ယခုဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(NLD) ပါတီ အစိုးရတာဝန်ယူထားသည့် နှစ်နှစ်အတွင်း အခွင့်အရေးပိုင်းအရ ကြည့်မည်ဆိုပါက ဒီမိုကရေစီအရေး ရပ်တန့်နေကာ နောက်ပြန်ဆုတ်သွားသော်လည်း အစိုးရတစ်ရပ်အနေဖြင့်  ကြည့်မည်ဆိုပါက သဘာဝကျလာကာ အစိုးရပိုဆန်လာခဲ့သည်ဟု အစိုးရနှင့် လွှတ်တော်ဆိုင်ရာ စောင့်ကြည့်လေ့လာသူ ဦးထင်ကျော်အေးက ပြောဆိုသည်။ 

နိုင်စိုး(မိုးမိတ်)
The Standard Time Daily
Share:

နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့် ဖြစ်ပြီ

image
image
image
အထူးသတင်း
ယနေ့ ကျင်းပသော ပြည်ထောင်စုလွှတ်ေတာ်အစည်းအဝေးက ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတသစ်အဖြစ် ရွေးချယ်လိုက်ပြီး ပြည်ထောင်စုလွှတ်တော်တွင် မဲပေးခွင့်ရှိသူ ၆၃၆ မဲ ရှိသည့်အနက်   ဦးဝင်းမြင့်က ထောက်ခံမဲ   ၄၀၃ ဖြင့် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံလိုက်ရခြင်းဖြစ်သည်။
ဦးဟင်နရီဗန်ထီးယူက ထောက်ခံမဲ ၁၈ မဲသာရရှိပြီး ဒုတိယသမ္မတ ၂ အဖြစ်လည်းကောင်း၊ ဦးမြင့်ဆွေက ဒုတိယသမ္မတ ၁ အဖြစ်လည်းကောင်း ရွေးချယ်တင်မြှောက်ခံလိုက်ရပြီဖြစ်သည်။
Share:

28 March, 2018

ဗိုလ်ချုပ်မှူးကြီးပြောကြားချက် ကုလ အတွင်းရေးမှူးချုပ် အံ့အား သင့်

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဘင်္ဂါလီအရေးပြောကြားချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂုတာရပ်စ်အနေနဲ့ အံ့အားသင့်သွား ခဲ့တယ်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ကချင်ပြည်နယ် ပူတာအိုခရီးစဉ်အတွင်း တပ်မိသားစုတွေနဲ့ တွေ့ဆုံစဉ် ဘင်္ဂါလီအရေးနဲ့ မြန်မာကာကွယ်ရေး ဦးစီးချုပ်ရဲ့ပြောဆိုချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဖာရန်ဟတ်က မတ်လ ၂၆ရက်က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်တာပါ။
အမုန်းတရားလှုံ့ဆော်တာတွေကိုဆန့်ကျင်ဖို့နဲ့ လူအုပ်စုအသိုင်းအ၀န်းအကြား သဟဇာတဖြစ်ရေးအားပေးဖို့ အတွက်ညီညီညွတ်ညွတ်ရပ်တည်ကြဖို့ မြန်မာခေါင်းဆောင်အားလုံးကို အတွင်းရေးမှူးချုပ်က တိုက်တွန်းတောင်း ဆို တယ်လို့ဆိုပါတယ်။
ဒါ့ပြင် ခွဲခြားဆက်ဆံမှုတွေကိုဆန့်ကျင်ဖို့၊ ရခိုင်အကြံပေးကော်မရှင်ရဲ့အကြံပြုချက်တွေကို လိုက်နာလုပ်ဆောင်ဖို့၊ အကြမ်းဖက်မှုဖြစ်ရတဲ့ အခြေခံအကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့၊  လုံခြုံရေးနဲ့ အကူအညီ လိုနေသူတွေအတွက် မြန်မာအစိုးရကတာဝန်ယူဖို့နဲ့ ရိုဟင်ဂျာတွေ ဆန္ဒအလျှောက် လုံခြုံစွာနဲ့ ဂုဏ်သိက္ခာ ရှိရှိနေရပ် ပြန်နိုင်စေမယ့် အခြေနေဖန်တီးပေးဖို့ လည်း ကုလအတွင်းရေးမှူးချုပ်က တိုက်တွန်း သွားပါတယ်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မတ်လ ၁၉ ရက်က ကချင်ပြည်နယ် ပူတာအို တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုတွေကို တွေ့ဆုံအမှာစကား ပြောကြားရာမှာ ဘင်္ဂါလီကိစ္စလည်း ထည့်သွင်းပြောကြား သွားတာပါ။
ဘင်္ဂါလီလူမျိုးတွေဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ဆုံးရှုံးချိန်မှာ ဘင်္ဂလားဒေသမှ ခေါ်ဆောင်လာတဲ့ လူတွေကနေ ပေါက်ဖွားလာတာ ဖြစ်တယ်။ မြန်မာနိုင်ငံမှ တိုင်းရင်းသားတွေနဲ့ အသွင်သဏ္ဌာန်အရ၊ ယဉ်ကျေးမှုအရ တူညီမှု မရှိဘဲ မိမိတို့တိုင်းရင်းသားတွေ မဟုတ်ပါ။ ၎င်းတို့ဟာ မြန်မာနိုင်ငံအတွင်း နေထိုင်မှုကြာလာတာနဲ့အမျှ နိုင်ငံသား အဖြစ် တောင်းဆိုမှုတွေကြောင့် အခုလို ပြဿနာတွေ ဖြစ်ရတာလို့ တပ်မတော်အကြီးအကဲက ပြောသွားတာပါ။
ဒ့ါအပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ အမျိုးမျိုးကြောင့် တပ်မတော်အပေါ် မုန်းတီးတွေ ဖြစ်ပေါ်အောင် ဆောင်ရွက်မှုတွေ ရှိနေတယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
ဒီကနေ့ကျရောက်တဲ့ ၇၃ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားမှာလည်း “နိုင်ငံအကူးအပြောင်းကာလမှာ ဆန့်ကျင်ဘက်အဖွဲ့အစည်းအချို့က တပ်မတော်ကိုနည်းမျိုးစုံနဲ့ တိုက်ခိုက်လာလို့ တပ်တွင်းစည်းလုံးညီညွတ်ရေး တည်ဆောက်ရမယ်”လို့ ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသွားပါတယ်။
Share:

နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြေညာခြင်း

နေပြည်တော် မတ် ၂၆
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး(၁၉)ရက်မြောက်နေ့ အစီအစဉ်(၆)တွင် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြေညာခဲ့ပါသည်။
ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတတစ်ဦးကို စိစစ်အတည်ပြုပြီးဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၃ ပုဒ်မ (ဃ)၊ နိုင်ငံတော်သမ္မတ နှင့် ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်ခြင်း ဆိုင်ရာနည်းဥပဒေ ၄၇ နည်းဥပဒေခွဲ (ခ) တို့အရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးပါဝင်သည့် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က ဒုတိယသမ္မတသုံးဦး အနက်မှ မိမိတို့ ကြိုက်နှစ်သက်သည့် ပုဂ္ဂိုလ်တစ်ဦးအား နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်မည်ဖြစ်သည်။
နိုင်ငံတော်သမ္မတ အဖြစ်ရွေးချယ်တင်မြှောက်ပွဲကို ၂၀၁၈ ခုနှစ်၊ မတ်လ (၂၈) ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀နာရီ အချိန်တွင် ကျင်းပမည် ဖြစ်ကြောင်းကို နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၃၄ နှင့် ​အညီ  ပြည်ထောင်စုလွှတ်တော်နာယက က ကြေညာခဲ့သည်။
Share:

Dysuria ဆီးခဏခဏအောင့်​ရောဂါ

Dysuria ဆီးခဏခဏအောင့်လို့ပါရှင်
(ကန်တော့ပါ)
ကျွန်မက အသက် ၃၁ နှစ် ထဲမှာပါ။ အိမ်ထောင်ကျတာ ၄ နှစ် ရှိပါတယ်။ ဒီဝေဒနာကို အိမ်ထောင်မကျခင်ကတည်းက ခံစားရတာပါ။ ခဏခဏဆီးကျင်ပါတယ်။ အဲ့လို ဖြစ်ရင် ဆီးစပ်ကလဲ အောင့်ပါတယ်။ ဆောင့်ကြောင့် ထိုင်မိလို့ ချက်ချင်း ပြန်ထရင် ဆီးစပ်က မခံမရပ်နိုင်အောင် အောင့်ပါတယ်။ ဆီးသွားတဲ့အခါလဲ အင်္ဂါစပ်က လိုလို အထဲကလိုလို ပူသလိုလို စူးသလိုလို ဘယ်လိုကြီးမှန်းကို မသိပါဘူး ခံစားရပါတယ်။ အလုပ်ကနေလဲ ခွင့်ခဏခဏယူရပါတယ်။ ဆေးခန်း သွားပြတိုင်း သူတို့က ပိုးဝင်တယ်လို့ ပြောပါတယ်။ Antibiotic တွေ သောက်ရပါတယ်။ သက်သာတဲ့အခါ ရှိသလို မသက်သာတဲ့ အခါလဲရှိပါတယ်။ နေပူထဲသွားရင်လဲ ဆီးကျင်ပါတယ်။ ရေလဲ သူများထက်ကို ပိုသောက်ပါတယ်။ ရေသောက်တာ များလွန်းလို့ လူကလဲ ဝနေပါတယ်။ ညညဆိုလဲ ရေသောက်ပြီးမှ အိပ်ရပါတယ်။ တကယ်လို့ ညဘက်တွေ ဆီးထထမသွားရင် မနက်နိုးလာရင် ဆီးကျင်ပါတယ်။ အဲ့လို ဆီးသွားပြီးတိုင်းလဲ ရေပြန်သောက် ရပါတယ်။ တညကို ၂ ခါ ၃ ခါထပြီး ဆီးသွားရပါတယ်။ ဆီးကျင်တဲ့အခါမျိုးမှာ အတွင်းခံတောင် မဝတ်နိုင်ပါဘူး။ လူကလဲ အရမ်းကို မောပြီး နုံးပါတယ်။ အမျိုးသားနဲ့အတူနေတဲ့ အခါမှာလဲ အခါတိုင်းနီးပါးလိုလို ဆီးကျင်ခြင်းကို ခံစားရပါတယ်။ ဒီလိုဝေဒနာ ခံစားရတဲ့အချိန်ဆိုရင် အရမ်းကိုငိုရပါတယ်။ နာကျင်လွန်း သေချင်လောက်တဲ့ထိကို ခံစားရလွန်းလို့ ပါ။ နောက်ပြီး ကျွန်မရဲ့ မိန်းမကိုယ်ကလဲ မကြာခဏယားပါတယ်။ မခံမရပ်နိုင်အောင် ယားခြင်းမျိုးလဲ ရှိပါတယ်။ အမြဲတမ်း သန့်စင်ရည် နဲ့လဲ ဆေးပါတယ်။ တခါတရံ အနံ့ဆိုးတဲ့ အရည်ကြည်လိုမျိုးလဲ ဆင်းပါတယ်။ ခုလို ဝေဒနာများကို နှစ်နဲ့ချီပြီး ခံစား နေရပါတယ်။ ဆေးခန်းသွားလဲ ခဏသာသက်သာပြီး ပြန်ပြန်ဖြစ်ပါတယ်။ အနည်းဆုံး တလမှာ သုံးကြိမ်လောက် ခံစားရပါတယ်။ ဒါကြောင့် ဘယ်လိုဝေဒနာမျိုး ခံစားနေရတယ်၊ ဘာတွေလုပ်သင့်တယ်ဆိုတာ အကြံပေးစေလိုပါတယ်။
ဆီးလမ်းပိုးဝင်တာဟာ အမျိုးသမီးတိုင်း တခါမဟုတ် တခါ ဖြစ်ကြရတယ်။ အပျိုလေးတွေရော၊ အိမ်ထောင်ကျခါစ၊ ဒါမှမဟုတ် လိင်ဆက်ဆံဘူးခါစ၊ ကလေးအမေတွေ အားလုံးဖြစ်တတ်တယ်။ အိမ်ထောင်ကျခါစ ဖြစ်တာကို ဟန်းနီးမွန်း ဆီးအောင့်ခြင်းလို့တောင် ခေါ်တယ်။ အဖြူဆင်းတာနဲ့ မိန်းမကိုယ်ယားတာကို စာပို့လိုက်ပါမယ်။
ဆီးလမ်းဝပြွန်ရောင်တာ၊ ဆီးအိမ်ကနေ အပြင်ထွက်စေတဲ့ပြွန် ဖြစ်တယ်။ အမျိုးသားတွေက ရှည်ပြီး၊ အမျိုးသမီးတွေမှာ တိုတယ်။ ဒါ့ကြောင့် အပြင်ကနေပိုးက ပိုပြီးလွယ်လွယ်နဲ့ ဝင်လာစေနိုင်တယ်။ လိင်ကတဆင့် ကူးစက်ပိုးတွေ အပါအဝင် တခြား ပိုးတွေလည်း ဖြစ်နိုင်တယ်။ ပိုးဆိုတာ ဗက်တီးရီးယား၊ ဖန်းဂတ်စ်၊ ဗိုင်းရပ်စ် စုံတယ်။ စအိုနဲ့ နီးလို့ အစာလမ်းကပိုး ဆီးလမ်းကို ဝင်လာတာလည်း ဖြစ်နိုင်တယ်။ ဒါမျိုးက ယောက်ျားတွေမှာ အဖြစ်နည်းတယ်။ အမျိုးသမီး တွေမှာ ဆီးလမ်းဝပြွန်ရောင်ရာကနေ ဆီးအိမ်ပါ ရောင်လာစေတတ်တယ်။ လိင်ဆက်ဆံဖက် အဖေါ်ကိုပါ ကူးစက်နိုင်တယ်။
ယောက်ျားမှာ အဖြစ်များတဲ့ (ဂနိုရီးယား) အမျိုးသမီးတွေမှာလည်း ဆီးထွက်ပြွန်၊ မွေးလမ်းကြောင်း၊ သားအိမ်ဝ၊ သားအိမ်၊ မျိုးဥအိမ်နဲ့ သားအိမ်ပြွန်တွေအထိ ရောက်နိုင်တယ်။ Chlamydia နဲ့ Herpes တွေကနေလည်းဖြစ်တယ်။ Trichomonas ကလည်းဖြစ်စေနိုင်တယ်။ Escherichia coli ဗက်တီးရီးယား ကြောင့်လည်းဖြစ်တယ်။
လက္ခဏာတွေကတော့ ဆီးသွားရင် နာမယ်၊ ဆီးပူမယ်။ ဆီးခဏခဏ သွားခြင်မယ်၊ ဆီးကို ဒရောသောပါး သွားခြင်မယ်။
ရောဂါလက္ခဏာ မပေါ်ဘဲ ပိုးရှိနေနိုင်တယ်။ Gonorrhea နဲ့ Chlamydia ကြောင့်ဆိုရင် ယောက်ျားမှာ တခုခုပါ ဆင်းနိုင်တယ်။ ဆေးမကုဘဲထားရင်၊ ဆေးပါတ်မလည်ရင် ဆီးထွက်လမ်းကျဉ်းသွားစေတတ်တယ်။ ပြည်ထွက်လာနိုင်တယ်။ နောက်ပိုင်း အထက်တက်ပြီး ဆီးအိမ်၊ ကျောက်ကပ်တွေ ရောင်လာနိုင်တယ်။

ဆီးမှာ ပိုးဝင်နေ-မနေကို Dipsticks နည်းနဲ့ အိမ်မှာတင် အလွယ်စမ်းနိုင်တယ်။ အိပ်ရာထသွားတဲ့ဆီးကို စစ်ရင် ၉ဝ% မှန်တယ်။ ဗက်တီးရီးယားကနေ ထွက်တဲ့ Nitrite ပါနေ-မနေ စစ်တာပါ။
ဆီးလမ်းပိုးဝင်ခြင်းအတွက် ဆေးများ
– Co-trimoxazole = Septrin (Trimethoprim 160 mg + Sulfamethoxazole 800 mg) 1 tablet 2 times a day for 4-5 days or ဆေးပြား တနေ့ ၂ ကြိမ်၊ ၄-၅ ရက်၊ ဒါမှမဟုတ်
– Nitrofurantoin 100 mg ၁ ပြား ၂-၄ ကြိမ်၊ ၇ ရက်၊ ဒါမှမဟုတ်
– Amoxacilin 500 mg တနေ့ ၂ ကြိမ်၊ ၄-၅ ရက်၊ ဒါမှမဟုတ်
– Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၄-၅ ရက်၊ ဒါမှမဟုတ်
– လိင်ဆက်ဆံဘက် အသစ်ကနေဖြစ်ရင် Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁ဝ ရက်။

Magnesium hydroxide ကို တခါသောက် ၁ ပြား တနေ့ ၃ ကြိမ်၊ ဆီး အက်စစ်ဓါတ်နည်းအောင် ပေးသေးတယ်။ နာတာ သက်သာအောင် Hyoscine (Spasmogin or Buscopan) ကို တခါသောက် ၁ ပြား တနေ့ ၂-၃ ကြိမ်။
ဆီးသွားခြင်စိတ်ရှိရင် သွားလိုက်ပါ။ ဆီးဝမ်းသွားပြီး ရေဆေးရင် လက်ကို ရှေ့ကနေ နောက်ဆီသာ တဖက်သပ် သွားနည်း သုံးပါ။ ရေချိုးတာကို အပေါ်ကနေ ရေကျတဲ့နည်း သုံးပါ၊ ရေချိုးစည်ထဲမှာချိုးတာ မကောင်းပါ။ လိင်မဆက်ဆံမီ ရေဆေးပါ။ အမျိုးသမီးသုံး Feminine hygiene sprays and scented douches တွေ မသုံးပါနဲ့။
ဆီးလမ်းပိုးဝင်နေသတွေ အက်စစ်များအစာတွေရှောင်ရတယ်၊ ဆေးလိပ်ဖြတ်ရမယ်။ Cranberry ဖျော်ရည် သောက်ပါ။ Natural cherry juice ချယ်ရီဖျော်ရည် အိမ်မှာဖျော်သောက်ပါ။ Apple Cider Vinegar ပန်းသီးဖျော်ရည် သောက်ပါ။ ရေများများသောက်ပါ။ Citrus fruits, Legumes, Bananas, Apples, Celery, Tomatoes တွေက အက်စစ်နည်းတယ်။ အက်စစ်နည်းတဲ့ Citrus fruits တွေကတော့ လိမ်မော်၊ သံပုရာ၊ ရှောက်၊ ကမ္ဗလာသီးတို့ ဖြစ်တယ်။ ဒါ့အပြင် အိန္ဒိယက Key Lime, Citron, Wild Orange မလေးရှားက Pomelo တရုပ်က Mandarin Orange ကိုရီးယားက Trifoliate Orange သြစတေးလျက Round Lime တွေလည်း ပါတယ်။ သံပုရာရည်ကို ပျားကောင် ကိုက်တာအတွက်လည်း သုံးနိုင်တယ်။ Packaged fruit juices, Sauces, pickles and artificial sweeteners တွေကို အက်စစ်များနေသူတွေက ရှောင်သင့်ကြတယ်။ Juices made of black cherry, Celery, Birch leaf and Parsley တွေ သောက်သင့်တယ်။
Dr. တင့်ဆွေ
၆-၁၂-၂ဝ၁ဝ
၂၄-၃-၂ဝ၁၈
Share:

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်း အနားတွင် ပြောကြားသည့် မိန့်ခွန်း


ရန်ကုန်၊ မတ် ၂၃
ယနေ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို ကြွရောက်လာကြတဲ့ ပရိသတ် အားလုံးကို ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့ရင်းနဲ့ နှုတ်ခွန်း ဆက်ပါတယ်။ ကျွန်မဒီအခမ်းအနားကို တက်ရတဲ့ အကြောင်းလေးက ရိုးရိုးလေးပါပဲ။ ကျွန်မတို့ကို အများကြီး ကူညီခဲ့တဲ့ တချို့ရုပ်ရှင်သရုပ်ဆောင်တွေက ကျွန်မတို့က အစိုးရဖြစ်မှ သူတို့ကိုပစ်ထားတယ်လို့ ပြောတယ်ဆိုတာ ကျွန်မကြားရပါတယ်။ အဲဒီတော့  ပစ်ထားတာမဟုတ်ပါဘူးဆိုတာ ပြချင်လို့ ကျွန်မ တက်တာပါ။ အချိန်အရ၊ အလုပ်တွေအရသာ ကျွန်မဒီဘက်ကို လှည့်မကြည့်ဖြစ်တာပါ။ ရုပ်ရှင်ပညာကို ကျွန်မ အများကြီးတန်ဖိုးထားတယ်။
ရုပ်ရှင်လောကဟာ ကျွန်မတို့ နိုင်ငံအတွက် အမျိုးမျိုးဘက်စုံကနေ သရုပ်ဆောင် နေကြတဲ့ ရုပ်ရှင်သရုပ်ဆောင်များ၊ ရုပ်ရှင်အနုပညာရှင်များ အားလုံးကို ကျွန်မတန်ဖိုး ထားပါတယ်ဆိုတာ ကျွန်မဒီနေရာကနေ ပြောချင်ပါတယ်။ ကျွန်မတို့နိုင်ငံကို အင်မတန်မှ တိုးတက် စေချင်တယ်၊ ဖွံ့ဖြိုးစေချင်တယ်၊ ငြိမ်းချမ်းစေချင်တယ်။ တစ်နေ့ထက်တစ်နေ့ ကမ္ဘာ့အလယ်မှာ တင့်တယ်တဲ့ နိုင်ငံကြီးဖြစ်လာစေချင်တယ်။ ကျွန်မတို့ရဲ့ ပြည်ထောင်စုဟာ ကမ္ဘာ့မှာ တခြားလူတွေက တအံ့တသြချီးမွမ်းရတဲ့ ပြည်ထောင်စုမျိုး၊ အင်မတန်မှ ငြိမ်းချမ်းတယ်၊ အင်မတန်မှ ပြည်သူတွေ ညီညွှတ်တယ်၊ တိုးတက်တယ်ဆိုတဲ့ ပြည်ထောင်စုမျိုးဖြစ်စေချင်တယ်။ ဒီလိုဖြစ်ဖို့အတွက် ကျွန်မတို့ ရုန်းကန်တဲ့အခါမှာ စိန်ခေါ်မှုတွေ အများကြီးကို ရင်ဆိုင်ရတယ်ဆိုတာ ကျွန်မတို့ရဲ့ ပြည်သူပြည်သားများ အားလုံးသိပြီးသားပါပဲ။
ဒီတော့ ကျွန်မတို့ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားဖို့ ဆိုရင် အားလုံးအတူတူ ဝိုင်းပြီး ရုန်းဖို့ လိုပါတယ်။ အခုဆိုရင် ဖျော်ဖြေရေးလောကကို တချို့ကနေပြီး Soft Power ၊ အပျော့အင်အားလို့ဆိုပြီး ပြောတာရှိပါတယ်။   အပျော့အင်အား၊ အင်အားပျော့ဆိုတာ ထက် ကျွန်မ သိမ်မွေ့တဲ့ အင်အားလို့ ဒီလိုမြင်ချင်ပါတယ်။ သိမ်မွေ့တဲ့အင်အားနဲ့ ကျွန်မ တို့ နိုင်ငံကို ဘယ်လိုကူညီမလဲဆိုတာ ရုပ်ရှင် လောကမှာ ရှိတဲ့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားများ အားလုံးစဉ်းစားစေချင်ပါတယ်။ ဘယ်လိုနည်းနဲ့ ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းအောင်လို့၊ ညီညွှတ်အောင်လို့၊ တိုးတက်အောင် လုပ်ကြမလဲ။ သိမ်မွေ့တဲ့ အင်အားကို ကျွန်မတို့ ဘယ်လိုသုံးမလဲ။ အင်အားဆိုတာ သုံးတတ်မှ အကျိုးရှိတာပါ။ အင်အားကို အလွဲသုံးစားလုပ်ရင် ထိခိုက်မှုသာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ရုပ်ရှင်လောကက ပြည်သူပြည်သားများ အားလုံးဟာ သိမ်မွေ့တဲ့ ပညာကို သိမ်မွေ့တဲ့ အင်အားဖြစ်အောင်လို့ သုံးစေချင်ပါတယ်။ သိမ်မွေ့တဲ့ အင်အားဆိုတာ အခု ကမ္ဘာကြီး မှာ  လောဘ၊ ဒေါသ၊ မောဟတွေက အင်မတန်များတယ်။ ဒါကတော့ ပုထုဇဉ်လူသား များရဲ့  သဘာဝအရ၊  ဒါပေမယ့် အခုခေတ်ကမ္ဘာကြီးမှာ ဒီလိုဒေါသတွေ၊ အမုန်းတရား တွေဟာ ပိုပြီးတော့မှ ပွားနေတယ်ဆိုတာ မြင်ရပါတယ်။
ဒါတွေကို ကျွန်မတို့အနေနဲ့ ဘယ်လိုကြံကြံခိုင် ခံမလဲ။ ဘယ်လိုကျော်လွှားနိုင် မလဲ။ ကျွန်မတို့နိုင်ငံက တခြားနိုင်ငံတွေနဲ့မတူဘဲ မေတ္တာ၊ ဂရုဏာပွားအောင် ဘယ်လို လုပ်မလဲဆိုတာ ကျွန်မတို့ရဲ့ အနုပညာရှင်များကို စဉ်းစားစေချင်ပါတယ်။ ကျွန်မက တော့ ဆန္ဒရှိရင် လမ်းစပေါ်မှာပဲ။ လုပ်ကို လုပ်လို့ရရမယ်။ ကျွန်မတို့ နိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ မတူရဘူး။ တခြားနိုင်ငံတွေထက် ပိုပြီးတော့သိမ်မွေ့ရမယ်။ ကျွန်မတို့ကို ဘယ်လိုပဲ ဝေဖန်ဝေဖန်၊ ဘယ်လိုပဲ တိုက်ခိုက်တိုက်ခိုက်၊ ကျွန်မတို့ရဲ့ တုံ့ပြန်မှုဟာ အဆင့်အတန်းရှိရမယ်၊  မှန်ကန်ရမယ်၊  ယဉ်ကျေးရမယ်၊  ယဉ်ကျေးသိမ် မွေ့မှုအတွက်ဆိုတာ ကျွန်မတို့ရဲ့ အနုပညာရှင်တွေဟာ  အင်မတန်မှ အရေးပါပါတယ်။ အခုခေတ်မှာ  ရုပ်ရှင်လောကကို  လွှမ်းမိုးနိုင်တဲ့ ဖျော်ဖြေရေးကဏ္ဍကတော့ မရှိဘူးလို့ ကျွန်မပြောရင် မမှားဘူး  ထင်ပါတယ်။
ဒါကျွန်မ ရုပ်ရှင်လောကက ပရိသတ်ကို ပြောနေလို့ ဒီလိုပြောတာ မဟုတ်ပါဘူး။ တကယ်ပဲ ကျွန်မ ယုံကြည်ချက် အရ ပြောတာပါ။ ရုပ်ရှင်များရဲ့ သြဇာ၊  လူသားများရဲ့ စိတ်အပေါ်မှာ လွှမ်းမိုးမှုက အင်မတန်မှ ကြီးပါတယ်။ အဲဒီဟာက သိမ်မွေ့တဲ့ အင်အားပါပဲ။ သိမ်မွေ့တဲ့ အင်အားကို မှန်မှန်ကန်ကန်သုံးပြီးတော့ ကျွန်မတို့ နိုင်ငံ အတွက်သာမဟုတ်ဘဲ ကျွန်မတို့ ကမ္ဘာကြီးအတွက်ပါ အကျိုးပြုစေချင်ပါတယ်။ ကျွန်မ စောစောက ပြောသလို  အရင်တုန်းက ကူညီခဲ့တဲ့ ရုပ်ရှင်လောကရဲ့ ၊  ကျွန်မတို့ရဲ့ သားတွေ၊ သမီးတွေ၊ အစ်ကိုတွေ၊ ညီမတွေအားလုံးကို  ကျွန်မတို့က လျစ်လျူရှုတယ်လို့ ပြောတာဟာ မဟုတ်ပါဘူးဆိုတဲ့ဟာလည်း ဆက်ချင်ပါတယ်။
ကျွန်မတို့ နိုင်ငံရေးလောကမှာလည်း ယဉ်ကျေးမှုဟာ အင်မတန်မှ အရေးကြီး ပါတယ်။ အနုပညာဟာ အင်မတန်မှ အရေးကြီးပါတယ်။ နိုင်ငံရေးလောကမှာ မှန်မှန် ကန်ကန် လှုပ်ရှားဖို့အတွက် အနုပညာရှင်များရဲ့ ပံ့ပိုးမှုဟာ အင်မတန်မှ တန်ဖိုးရှိပါ တယ်။   ရိုးရိုးပြောရမယ်ဆိုရင် ကျွန်မတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို နိုင်ခဲ့တဲ့အထဲမှာ၊  နိုင်အောင် လုပ်ပေးတဲ့အထဲမှာ ရုပ်ရှင် လောကက ကျွန်မတို့ကို ထောက်ခံတဲ့ သားသမီးများရဲ့ ပံ့ပိုးမှုတွေ အများကြီးပါ ပါတယ်။ ဒါကျွန်မတို့ကို လျော့ပြီးတွက်လို့ မရပါဘူး။ ဒါကြောင့်   ကျေးဇူးတင်တယ်လို့ ကျွန်မ ပြောချင်ပါတယ်။
ကျွန်မတို့ ကျေးဇူးဆိုတာ မမေ့အပ်ပါဘူး၊  မေ့လည်းမမေ့ပါဘူး။ အဲဒါနဲ့ ပတ်သက်လို့ ကျွန်မတို့ရဲ့ ရုပ်ရှင်လောကမှ သားသမီးများ ပါဝင်တဲ့ အနုပညာရှင်များ အားလုံး စိတ်ချမ်းသာအောင်လို့ အဖြစ်အပျက်လေးတစ်ခုကို ပြောချင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဟုတ်တဲ့ တခြားပါတီက ကိုယ်စားလှယ်လောင်းတစ်ယောက်က  ရွေးကောက်ပွဲပြီးတဲ့အခါကျတော့ ဘယ်လိုပြော သလဲ ဆိုတော့ သူက သူရဲ့ မဲဆန္ဒနယ်ထဲမှာ ရွာလေးတွေ လိုက်ဆင်းတယ်ပေါ့။ ရွာလေးတွေ လိုက်ဆင်းတော့ ရွေးကောက်ပွဲ မတိုင်မီ နှစ်ပတ်လောက်မှာ ရွာအသေး ဆုံးလေးမှာတောင်မှ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ဗွီဒီယိုအခွေကို တွေ့တဲ့ အခါကျတော့ ငါတို့တော့ ရှုံးပြီဆိုတာ  သိတယ်လို့ သူက ပြောပါတယ်။ အဲဒါက ရုပ်ရှင် လောကရဲ့ သြဇာကို ဖော်ပြတာပါ။ ဒီအခွေလေးက ရွာလေးတွေအထိ ရောက်နေပြီဆိုရင်တော့ ဘယ်လောက် အနုပညာရဲ့ သြဇာဟာ လွှမ်းမိုးသွားမလဲ၊  နိုင်ငံရေးအတွက် ဘယ်လောက် ပံ့ပိုးမှုရှိသွားမလဲဆိုတာကို ဒါဟာ သက်သေထူတာဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်လောက က အနုပညာရှင်များဟာ ကျွန်မတို့ နိုင်ငံရဲ့ သားသမီးများပဲ။ နိုင်ငံ့သားသမီးများဟာ နိုင်ငံကို တတ်နိုင်တဲ့ ဘက်ကနေ ပံ့ပိုးရမယ်။ သားသမီးများက မိဘကို ပံ့ပိုးသလို၊  နိုင်ငံကလည်း ပြန်ပြီးတော့ သားသမီးများကို ပံ့ပိုးသလို ကျွန်မတို့ရဲ့ ရုပ်ရှင်လောကအနုပညာရှင်များကို ပံ့ပိုးဖို့လိုပါတယ်။
ဖွင့်ပွဲကို ကျွန်မ မလာခင်မှာ ဆရာဇင်ဝိုင်းနဲ့ တခြားရုပ်ရှင်လောကမှ  ပုဂ္ဂိုလ်များနဲ့ ဆွေးနွေးတဲ့အခါမှာ ကျွန်မတို့ ဘယ်လောက် မြန်မာနိုင်ငံရဲ့ ရုပ်ရှင်ပညာ တိုးတက် အောင်လို့၊ ရုပ်ရှင်အဆင့်အတန်းတိုးတက်အောင်လို့ အစိုးရ အနေနဲ့၊ နိုင်ငံတော်အနေနဲ့ ကူဖို့ လိုသေးတယ်ဆိုတာ ကျွန်မ သဘောပေါက်ပါတယ်။ အဲဒါလည်း ကျွန်မ တတ်နိုင် သမျှ လုပ်ပါမယ်ဆိုတာ ကျွန်မ ရဲရဲဝံ့ဝံ့ ပြောပါတယ်။ ကျွန်မတို့ဟာ နည်းပညာအရ၊ အရည်အချင်းအရ လိုအပ်တဲ့ ပစ္စည်းပစ္စယ အရာအားလုံး တတ်နိုင်တဲ့ဘက်ကနေ ပံ့ပိုးပေးပါ့မယ်။ တခါတည်းမှာပဲ ကျွန်မတို့ရဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများကိုလည်း ကျွန်မအနေနဲ့ မေတ္တာရပ်ခံပါရစေ။ ရုပ်ရှင်လောကကို အားပေးကြပါ။ အားပေးတဲ့ အခါမှာ အကျိုးအမြတ်မဟုတ်ဘဲ နိုင်ငံ့အတွက်ဆိုတဲ့ စိတ်နဲ့ အားပေးကြပါလို့ ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ နိုင်ငံဟာ မချမ်းသာသေးဘူး။ မချမ်းသာ သေးဘူးလို့ ပြောတာနော်။ တစ်နေ့တချိန်တစ်ခါမှာ ချမ်းသာရမယ်လို့ တကယ့်ကို ယုံကြည်ပါတယ်။ မချမ်းသာသေးတဲ့အချိန်မှာ နိုင်ငံ့ရဲ့ ပံ့ပိုးမှုဟာ အတိုင်းအတာတစ်ခုပဲ ဖြစ်နိုင်ပါတယ်။ အဲဒီတော့ နိုင်ငံတော်ရဲ့ ပံ့ပိုးမှုပေါ့နော်။ ကျွန်မတို့ရဲ့စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကလည်း ဝိုင်းပြီး ပံ့ပိုးပေးကြပါ။ အကျိုးအမြတ် အတွက်မဟုတ်ဘဲ စေတနာအရ၊ ဝါသနာအရ ပံ့ပိုးပေးကြပါလို့ မေတ္တာရပ်ခံတာ ဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ ရုပ်ရှင်လောကမှ အနုပညာရှင်များအားလုံးကိုလည်း အားမငယ်စေ ချင်ပါဘူး။ ကျွန်မတို့ရဲ့ အနုပညာရှင်တွေရဲ့ အရည်အချင်းဟာ မနည်းပါဘူး။ ကိုယ့်မှာ တတ်နိုင်တဲ့ နည်းလေးတွေနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်နေတယ်ဆိုတာ ကျွန်မနား လည်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ။ ကိုယ်ကိုကိုယ့် ယုံကြည်မှုရှိမှ အောင်မြင်နိုင်မှာပါ။ ကျွန်မတို့ရဲ့ ရုပ်ရှင်လောကက အနုပညာရှင်များ အားလုံးကို ယုံကြည်မှု အပြည့်အဝ ရှိစေချင်ပါတယ်။ ကျွန်မတို့ ရုပ်ရှင်လောက ဟာ ကမ္ဘာကို လွှမ်းအောင် မလုပ်နိုင်စရာ ဘာမှမရှိပါဘူး။ တခြားအရှေ့တိုင်းက တချို့ နိုင်ငံတွေက ဒီ သူတို့ကတော့ ပြောရမယ်ဆိုရင် Entertainment Industry ပေါ့။ ဖျော်ဖြေရေး လုပ်ငန်းတွေဟာ ဘယ်လောက်အောင်မြင်သလဲဆိုတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ ကျွန်မတို့လည်း ဒီလိုပဲ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ အဲဒီတော့ ဒီဖျော်ဖြေရေး လုပ်ငန်းတွေက တစ်ဆင့် ကျွန်မတို့ရဲ့ ယဉ်ကျေးမှု၊ ကျွန်မတို့ရဲ့ မျှော်လင့်ချက်တွေကို ကမ္ဘာသိအောင်လို့၊ ကမ္ဘာကနေ နားလည်လေးစားအောင်လို့ လုပ်နိုင်တဲ့ အခွင့်အရေး တွေ အများကြီးရှိပါတယ်။ အဲဒီလိုလုပ်ပေးနိုင်မယ်ဆိုရင် ဒါကျွန်မတို့ နိုင်ငံကို တကယ့် ကို အခုခေတ်အတွက် မဟုတ်ဘူး၊ ခေတ်အဆက်ဆက် အတွက် ပံ့ပိုးရာ ရောက်ပါ လိမ့်မယ်။
ကျွန်မတို့ နောင်မျိုးဆက်တွေကလည်း ဂုဏ်ယူနိုင်အောင်လို့၊ နောင်မျိုးဆက် တွေ တစ်ဆက်ပြီး တစ်ဆက်၊   ကျွန်မတို့ နိုင်ငံရဲ့ ယဉ်ကျေးမှုကို ကမ္ဘာကြီးက လေးစား အောင်လို့ ဘယ်တုန်းကနေပြီးတော့ ကျွန်မတို့ရဲ့ ရုပ်ရှင်ပညာရှင်များက စပြီးလုပ်ခဲ့တယ်ဆိုတာ စဉ်းစားပြီး ဂုဏ်ယူနိုင်အောင်လို့ ကြိုးစားစေချင်ပါတယ်။ ဒီလို ကြိုးစားရင် အောင်မြင်မယ်လို့လည်း ကျွန်မယုံကြည်ပါတယ်။ နိုင်ငံတော်ကလည်း ပံ့ပိုးမယ်၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများကလည်း ပံ့ပိုးမယ်၊  ကျွန်မတို့ ပြည်သူပြည် သားများကလည်း ဝိုင်းပြီးတော့ ပံ့ပိုးဖို့ လိုပါတယ်။ ပြည်သူပြည်သားတွေကလည်း ဝိုင်းပြီးတော့ ပံ့ပိုးဖို့ အဆင်သင့်လို့ ယုံကြည်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူ ပြည်သား တွေဟာ ရုပ်ရှင်သရုပ်ဆောင်တွေကိုဆိုရင် အင်မတန်မှ ချစ်ခင်ကြပါ တယ်။ ချစ်ခင်ကြ တယ်၊  လေးစားကြတယ်၊  တန်ဖိုးထားကြတယ်၊  စံနမူနာအနေနဲ့ ကြည့်ကြတာရှိတယ်။
ဒါကြောင့်မို့ ကျွန်မတို့ရဲ့ ရုပ်ရှင်သရုပ်ဆောင်တွေကလည်း စံနမူနာထား လောက်အောင်လို့တော့ ဖြစ်စေချင်ပါတယ်။ ဒါဟာ ကျွန်မဒီလိုပြောခြင်းအားဖြင့် ကျွန်မက ရှေးရိုးဆန်ဆန်နေရမယ်လို့ ပြောတာမဟုတ်ပါဘူး။ ခေတ်နဲ့အညီ ကျွန်မတို့ အားလုံးပြောင်းရမယ်။ ဒါပေမယ့် ခေတ်နဲ့အညီပြောင်းတဲ့အခါ  ကျွန်မတို့ဟာ အဆင့်ရှိရှိနဲ့ ပြောင်းဖို့လိုပါတယ်။ ခေတ်နဲ့အညီပြောင်းကြပါ။ ရှေးကအတိုင်း ဘယ်လိုမှ ဆက်ပြီးတော့ နေလို့မရပါဘူး။ အဲဒီလိုပြောင်းတဲ့အခါမှာ အဆင့်မြင့်မြင့်ပြောင်းကြပါ။ ကိုယ်ကနေပြီးတော့ ဦးဆောင်လမ်းပြတဲ့လူအနေနဲ့ ပြောင်းကြပါ။ သူများတွေ နောက်လိုက်ပြီးတော့ ကောင်းတာမကောင်းတာ မဆင်မခြင်ဘဲနဲ့ လိုက်လုပ်တဲ့ ပုဂ္ဂိုလ်များအနေနဲ့ မပြောင်းကြပါနဲ့လို့ ကျွန်မ တိုက်တွန်းချင်ပါတယ်။
ကျွန်မတို့ အားလုံးမှာ အရည်အချင်းရှိပါတယ်။ ပြောင်းရဲတဲ့သတ္တိရှိရမယ်။ ပြောင်းတတ်တဲ့ ပညာရှိရမယ်။   ကျွန်မတို့သည် ပြောင်းလဲခြင်းနဲ့ ကျွန်မတို့ နိုင်ငံကို အကျိုးပြုစေချင်တဲ့ စိတ်ဓာတ်တွေနဲ့လည်း ပြည်ဝဖို့လိုပါတယ်။ အဲဒီတော့ ကျွန်မတို့ ပြောင်းလဲချိန်တန်ပြီဆိုတာ တကယ်တော့ ပြောင်းလဲချိန်က ဘယ်တော့လဲဆိုတော့ နေ့တိုင်းပါပဲ။ နေ့တိုင်းနေ့တိုင်း ကျွန်မတို့လောကကြီးဟာ ပြောင်းလဲနေပါတယ်။ ကျွန်မတို့က ဒီလောကကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင်လို့ နေ့တိုင်းနေ့တိုင်း ပြောင်းလဲဖို့လိုပါတယ်။ မှန်ကန်တဲ့ ပြောင်းလဲမှုဖြစ်ဖို့သာ အရေးကြီးတာပါ။
ကျွန်မအခုလို ရုပ်ရှင်လောကက ကျွန်မ တို့ရဲ့၊  နိုင်ငံရဲ့ သားသမီးများနဲ့ တွေ့ရတဲ့အခါမှာ ငယ်ငယ်တုန်းက ကြည့်ခဲ့တဲ့ရုပ်ရှင်တွေကိုလည်းပြန်ပြီးတော့ သတိရပါတယ်။ အဲဒီတုန်းကဆိုရင် အင်မတန်မှ ကျွန်မတို့ရဲ့ ရုပ်ရှင်အဆင့်အတန်းဟာ မြင့်တယ်လို့ပဲ ဒီလိုပဲသတ်မှတ်ပါတယ်။ နိုင်ငံခြားကလာတဲ့ ရုပ်ရှင်တွေနဲ့ တန်းတူညီတူ ကျွန်မတို့ တန်ဖိုးထားခဲ့ပါတယ်။ အခုလည်း ဒီလိုပဲ ကျွန်မတို့ရဲ့ ပြည်သူပြည်သား များဟာ ကျွန်မတို့နိုင်ငံက ထုတ်တဲ့ ရုပ်ရှင်ကားများကို နိုင်ငံခြားက အင်မတန်မှ အကုန် အကျ စရိတ်ခံပြီးတော့ ထုတ်တဲ့ ရုပ်ရှင်ကြီးများနည်းတူ တန်းဖိုးထားတာ၊  နှစ်သက် တာ၊  မြတ်နိုးတာတွေကို ဖြစ်စေချင်ပါတယ်။ ဖြစ်အောင် လည်းလုပ်နိုင်မယ်လို့ ကျွန်မ တို့ ယုံကြည်ပါတယ်။
ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်မတို့ ပြည်သူပြည်သားတွေက မှန်ကန်တဲ့လမ်းကို ရောက်အောင်လို့ အနုပညာရှင်များက နေပြီးတော့ မ , စ ရာရောက်ပါလိမ့်မယ်။ တချို့က အနုပညာဆိုတာ အနုပညာအတွက်ပဲ၊ လမ်းမှန်ဖို့၊ သီလရှိဖို့၊ အကျင့်ကောင်းဖို့ တို့ ဒါတွေအတွက် မဟုတ်ဘူးဆိုပြီးတော့ ပြောတဲ့ အနုပညာရှင်တွေ လည်းရှိပါတယ်။ ကျွန်မကတော့ လူလောကကြီးမှာ ဘာမှ ခွဲခြား ထားလို့မရဘူး၊ ကိုယ်လုပ်တဲ့ နိစ္စဓူဝ အလုပ်ဟာ အားလုံးနဲ့ ဆက်နွှယ်နေပါတယ်။ အနုပညာ ဟာ ဘ၀ရဲ့ တခြားကိစ္စရပ် တွေနဲ့ သီးသန့်ထားလို့မရပါဘူး၊ ဆက်နွှယ်နေပါတယ်။ ဒါကြောင့် အားလုံးကို တာဝန် သိစိတ်နဲ့ လုပ်စေချင်ပါတယ်။ ကျွန်မဘ၀မှာ အရေးကြီးဆုံး စကားလုံးတစ်လုံးက ဘာလဲဆိုရင် တာဝန်လို့ပဲ ကျွန်မ ပြောချင်ပါတယ်။
တာဝန်ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ လူတိုင်းလူတိုင်း က ကိုယ့်တာ ၀န် ကိုယ်ကျေမယ်၊ မိဘများဟာ မိဘတာဝန်ကျေမယ်၊ သားသမီးများဟာ သားသမီး တာဝန်ကျေမယ်၊ ဆရာများဟာ ဆရာတာဝန်ကျေမယ်၊ တပည့်များဟာ တပည့် တာဝန်တွေ ကျေမယ်၊ အနုပညာရှင်များဟာ အနုပညာရှင်ရဲ့ တာဝန်ကျေမယ်၊ ပရိသတ်တွေကလည်း ပရိသတ်တာဝန်ကျေမယ်ဆိုရင် ကျွန်မတို့ရဲ့ နိုင်ငံအတွက် ဘာမှလိုအပ်ချက်ရှိတော့မှာ မဟုတ်ပါဘူး။ တာဝန်ကျေတဲ့ ပြည်သူပြည်သားများနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံဆိုတာဟာ ဘယ်နိုင်ငံမှ ယှဉ်လို့ရမှာ မဟုတ်ပါဘူး။
ယခုခေတ်ကြီးမှာဆိုရင် အခွင့်အရေးကို အများကြီး ပြောကြတယ်။ တာဝန်ကို သိပ်မပြောကြဘူး။ ဒါဟာ ကမ္ဘာမှာဖြစ်နေတဲ့အခြေအနေ၊ ကျွန်မတို့ နိုင်ငံမှာ ထူးထူး ခြားခြား အခွင့်အရေးနဲ့တာဝန်ကို ညီညီမျှမျှ ထားပြီး  လုပ်သွားမယ် ဆိုရင် တစ်ခြား နိုင်ငံတွေထက် အများကြီးသာနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာမဟုတ်ပေမယ့်လည်း စိတ်ပိုင်း ဆိုင်ရာ အရသာနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာအရ သာခြင်းအားဖြင့်လည်း  ရုပ်ပိုင်း ဆိုင်ရာအရ တိုးတက်မှုတွေနဲ့ ပိုပြီးတော့ တစ်ဆင့်နဲ့ တစ်ဆင့်တက်လာ အောင်လို့ လည်း ကျွန်မတို့လုပ်နိုင်ပါတယ်။  ကျွန်မတို့ရဲ့ အနုပညာရှင်များကို ကျွန်မ အခါအခွင့်ကြုံလို့ ပြောခွင့်ဆိုခွင့်ရတယ်ဆိုရင်  ဘယ်တော့မဆို ကိုယ့်ကိုကိုယ် တန်ဖိုးထားဖို့၊ ကိုယ်ရဲ့ပညာကို တန်ဖိုးထားဖို့၊ ကိုယ့်ရဲ့နိုင်ငံကို တန်ဖိုးထားဖို့ တိုက်တွန်းချင်ပါတယ်။
ကိုယ့်ကိုကိုယ်တန်ဖိုးထားဖို့က အဓိကပါ၊ ကိုယ့်ကိုကိုယ် တန်ဖိုးထားနိုင်မှ တခြား   သူတွေကိုလည်း တန်ဖိုးထားနိုင်မှာ၊ ကိုယ့်ကိုကိုယ်တန်ဖိုး ထားပြီးတော့ ကိုယ့်ပညာကို တန်ဖိုးထားနိုင်မှ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို တန်ဖိုးထားနိုင်မှာ၊  ကိုယ့်ပတ်ဝန်းကျင် ကလည်း ကိုယ့်ကိုတန်ဖိုးထားနိုင်မှာ ကျွန်မတို့ အားလုံးဟာ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊  ကိုယ့်ရဲ့ မိခင်ကြီးသဖွယ်ဖြစ်တဲ့ ကိုယ့်ရဲ့နိုင်ငံတော်ကို တန်ဖိုးထားမယ်ဆိုရင် ကျွန်မတို့နိုင်ငံဟာ ဘယ်လို စိန်ခေါ်မှုတွေနဲ့ပဲ ရင်ဆိုင်ရ၊ ရင်ဆိုင်ရ၊ ဘယ်လိုအခက် အခဲတွေပဲ ကျော်လွှားရ၊  ကျော်လွှားရ၊ အားလုံး တစ်ညီတစ်ညွှတ်တည်း ဇွဲနဲ့ သတ္တိနဲ့ အမှန်တရားပေါ်မှာ ရပ်တည်ပြီးတော့ တိုးတက်နိုင်မယ်၊ အောင်မြင်နိုင်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။
ဒါကြောင့် ကျွန်မတို့ မြန်မာ့ရုပ်ရှင် လောကက ပရိတ်သတ်များအားလုံး မြန်မာ့ ရုပ်ရှင်လောကကို အားပေးနေကြတဲ့ ကျွန်မတို့ ပြည်သူ ပြည်သားများအားလုံးဟာ ဒီနေ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား အခါသမယမှာ ကျွန်မတို့ ရုပ်ရှင် လောကထူးချွန်ပါစေ၊ အောင်မြင်ပါစေ၊ ဆတက်ထမ်းပိုးတိုးလို့ တိုးတက်ပါစေလို့ ဆုတောင်း မေတ္တာပို့ကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံပါတယ်။
MSCO.
Share:

ကုလ လူ့အခွင့်ရေးကောင်စီ ၃၇ ကြိမ်မြောက်အစည်းဝေးဆုံးဖြတ်ချက် ဗြိတိန်နိုင်ငံခြားရေးနဲ့ ၀င်ဘယ်ဒန်အမတ် Lord Ahmad ကြိုဆို

image
ယနေ့နောက်ဆုံး ကျင်းပတဲ့ ကုလ လုံခြုံရေးကောင်စီရဲ့ ၃၇ ကြိမ်မြောက် အစည်းဝေးမှာ ဆီးရီးယား၊ အီရန်၊ မြောက်ကိုးရီးယား၊ မြန်မာ၊ တောင်ဆူဒန်၊ လစ်ဗျား နဲ့ ဂျော်ဂျီယာနိုင်ငံတို့နှင့် ပတ်သတ်တဲ့ အရေးကြီးဆုံးဖြတ်ချက်တွေ ကို ချမှတ်နိုင်ခဲ့ပါတယ်။
“အစည်းဝေး ဖွင့်ပွဲနေ့က ကျနော်ပြောခဲ့သလိုပါပဲ၊ ဒီနှစ်ဟာ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်ရေး ကြေညာစာတမ်းရဲ့ နှစ် ၇၀ ပြည့် တဲ့ နှစ်လည်း ဖြစ်ပါတယ်။ အခုကစပြီး နောက်နောင်ကို အမြဲတမ်း လူ့အခွင့်ရေး၊ လူတစ်ယောက်ချင်းစီရဲ့ အခွင့်ရေးတွေကို မြင့်တင်မယ်။ ကာကွယ်စောင့်ရှောက်သွားမယ်။ သာတူညီမျှမှုနှင့် လွတ်လပ်မှုတွေကိုလည်း အားပေးသွားမှာ ဖြစ်ပါတယ်။ ဆီးရီးယား၊ အီရန်၊ မြောက်ကိုးရီးယား၊ မြန်မာ၊ တောင်ဆူဒန်၊ လစ်ဗျားနဲ့ ဂျော်ဂျီယာနိုင်ငံတွေနဲ့ ပတ်သတ်တဲ့ ဆုံးဖြတ်ချက် တွေ ချမှတ်ခဲ့တာကိုလည်း ကျနော့်အနေနဲ့ အလွန်အမင်း နှစ်ထောင်းအားရ ဖြစ်မိပါတယ်။ အလားတူစွာပဲ ဗြိတိန်နိုင်ငံက ဦးဆောင်ပြီး မော်လဒိုက်နိုင်ငံကို နိုင်ငံပေါင်းစုံပါဝင်သောအုပ်စု၏ ကြေညာချက်ထုတ်တာ၊ ဗြိတိန်နိုင်ငံက ကမကထပြုပြီး အရှေ့ဂိုတာဒေသဆိုင်ရာ အရေး ပေါ် ဆွေးနွေးငြင်းခုံတာတွေ လုပ်ခဲ့ပါတယ်။ လူ့အခွင့်ရေးချိုးဖောက်တဲ့သူတွေ၊ ကျူးလွန်တဲ့သူတွေကို တစ်ခြားအဖွဲ့ဝင်နိုင်ငံ တွေနဲ့ ပူးပေါင်းပြီး ဗြိတိန်နိုင်ငံနဲ့ အတူတကွ အလုပ်လုပ်ကိုင်ဖို့ အရေးကြီးပါတယ်။ ”
ကုလလူ့အခွင့်ရေးကောင်စီက မြန်မာအစိုးရရဲ့ ယန်ဟီးလီးကို ထုတ်ပယ်ပေးဖို့တောင်းဆိုတာ ကို လက်မခံဘဲ ပယ်ချလိုက်ပြီး ပါမောက္ခ Yanghee-Lee ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးသူအဖြစ် ခန့်ထားတာကိုလည်း နောက်ထပ်တနှစ် သက်တမ်းတိုးလိုက်ပါတယ်။
မြန်မာနိုင်ငံဘက်က တုံ့ပြန် ပြောဆိုတာမှာတော့” မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြု ကြိုဆိုကြောင်း ဆုံးဖြတ်ချက်မူကြမ်းရဲ့ စာပိုဒ်တချို့မှာ ဖော်ပြထားတာ တွေ့ရပေမဲ့ မြန်မာနိုင်ငံအရေးကို လုံခြုံရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်၊ အဲဒီက နေ နိုင်ငံတကာရာဇဝတ်တရားခုံရုံး ICC အထိတင်ဖို့ ဖော်ပြထားတာဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်မှုကို ခြိမ်းခြောက်ချက်တခုဖြစ်တာကြောင့် လက်မခံနိုင်တဲ့အကြောင်း”
ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးထင်လင်းက ပြောပါတယ်။
Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.