• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

23 March, 2018

“အနားယူဖို့ စီစဉ်တဲ့ အချိန်ကစပြီး သမ္မတဟောင်း ဦးထင်ကျော် ကိုယ်အလေးချိန် ပြန်တက်လာ”

သမ္မတရာထူးကနေ ဦးထင်ကျော် အနားယူလိုက်တာဟာ ကျန်းမာရေးကြောင့်မဟုတ်ဘူးလို့ ဦးထင်ကျော်ရဲ့ ဇနီးဖြစ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်ကပြော
လိုက်ပါတယ်။
“အနားယူလိုက်တဲ့ကိစ္စကလည်း ကျန်းမာရေးအတွက်မဟုတ်ပါဘူး”ဟု ဒေါ်စုစုလွင်က
ဒီကနေ့ နေလယ်ပိုင်းက နေပြည်တော်က ပြည်သူ့လွှတ်တော်အဆောက်အဦးအတွင်းမှာ  သတင်းမီဒီယာ အချို့ကို ပြောလိုက်တာပါ။
မတ်လ ၂၁ ရက်က ဦးထင်ကျော်ဟာ သမ္မတရာထူးကနေ အနားယူလိုက်တာပါ။
သမ္မတတာဝန်ထမ်းဆောင်နေစဉ်က ဦးထင်ကျော်ဟာ ပြည်ပကို သွားရောက်ပြီး ဆေးကုသခံယူမှုတွေ ရှိခဲ့တာကြောင့် ရာထူးကနေ အနားယူလိုက်တာဟာ ကျန်းမာကြောင့် ဖြစ်တယ်လို့ ခန့်မှန်းမှုတွေရှိခဲ့တာပါ။
သမ္မတရာထူးကနေ အနားယူမယ်လို့ ဆုံးဖြတ်ပြီးတဲ့နောက်မှာတော့ ဦးထင်ကျော်ဟာ
ကိုယ်အလေးချိန် ခြောက်ပေါင် တက်လာပြီး သူရဲ့ကျန်းမာရေးအတွက်လည်း မစိုးရိမ်ကြဖို့ ဒေါ်စုစုလွင်ကဆိုပါတယ်။
ဒါ့အပြင် ဦးထင်ကျော်အတွက် ကျန်းမာရေးကောင်းဖို့ ဆုတောင်းပေးကြသူတွေ ၊ စိတ်ပူပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ဒေါ်စုစုလွင်ကပြောပါသေးတယ်။
သမ္မတရာထူးကနေ အနားယူဖို့အတွက် ရုတ်တရက်လုပ်တာမဟုတ်ဘဲ အစောကတည်းက ကြိုတင်စီစဉ်ထားတာ ဖြစ်တဲ့အကြောင်း နဲ့ သမ္မတ ရာထူးကို သုံးလကနေ ခြောက်လလောက်အထိ တာဝန်ထမ်းဆောင်ဖို့ မျှော်မှန်းထားခဲ့တာလို့လည်း သိရပါတယ်။
သမ္မတ ရာထူးကနေ နုတ်ထွက်လိုက်တဲ့အခါမှာလည်း သမ္မတတစ်ဦးခံစားခွင့်ရှိတဲ့ ပင်စင်တွေ ၊ ခံစားခွင့်တွေ ရဖို့ကိုလည်း စိတ်မကူထားတဲ့အကြောင်း ဒေါ်စုစုလွင်က ပြောပါသေးတယ်။
“ အန်တီတို့က တိုင်းပြည်အတွက် အမ ( ဒေါ်အောင်ဆန်းစုကြည် ) ပြောသလို ကိုယ်ဘာပေးနိုင်မလဲဆိုတာပဲ စဉ်းစားပါတယ်။ တိုင်းပြည်ကနေ ဘာရနိုင်မလဲ ဆို တာ အန်တီတို့ တခါမှ စိတ်ကူးတဲ့ကိစ္စမဟုတ်ပါဘူး” ဟု ဒေါ်စုစုလွင်က ပြောပါတယ်။
သမ္မတဟောင်းဦးထင်ကျော်ရဲ့ဇနီးဒေါ်စုစုလွင်ဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
တစ်ဦးဖြစ်ပါတယ်။ဒါကြောင့် ဦးထင်ကျော် သမ္မတရာထူးကနေ အနားယူလိုက်ပြီးပေမယ့် နေပြည်တော်မှာပဲ ဆက်လက်နေထိုင်သွားမယ်လို့လည်း ဆိုပါတယ်။
Share:

မတ္တရာ သက်ငယ်မုဒိမ်းမှု မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် အမိန့်ချ

ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ
ဖေ​ဖော်​ဝါရီလ ၁၃ ရက်​​နေ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်​ ​​မြွေကူးတို့ဆိပ်​တွင်​ ​နေထိုင်​သည့် အသက်​ ၂ နှစ် ​​၅ လ အရွယ်​ ကလေးငယ်ကို ဝန်​စုရွာ​နေ အသက်​ ၂၅ နှစ်​အရွယ်​ရှိ ဖြိုးထက်​​အောင်​က ရွာအနီး ငှက်​​ပျော​တောတွင်​ အဓမ္မကျင့်၍ သတ်​ပစ်​ခဲ့သည့်အမှုကို ပြင်​ဦးလွင်​ခရိုင် ​တရားရုံးတွင် ဒီကနေ့ မတ်လ၂၃ ရက်နေ့ နေ့လည်ပိုင်းက မသေမချင်း ကြိုးကွင်းစွပ် သတ်ရန် တရားသူကြီးက​ အမိန့်​ချခဲ့သည်​။ တရားခံ ဖြိုးထက်​​အောင်​ကို မတ္တရာမြို့နယ်​ ​ရေနံ့သာရဲစခန်းတွင်​  (ပ)၂၆/၂၀၁၈၊ ရာဇသတ်​ကြီးပုဒ်​မ ၃၇၆/၃၀၂ ဖြင့်​ အ​ရေးယူ​ဆောင်​ရွက်​ထား​ရာ ယ​နေ့ ရုံးချိန်း ၆ ချိန်းမြောက်တွင် ယခုကဲ့သို့  ပြစ်​ဒဏ်​ချမှတ်​ခဲ့ခြင်းဖြစ်​သည်​။
Share:

ဦးဝင်းမြင့် ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရ ၊ ကြံ့ခိုင်ရေးပါတီမှ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေး မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်

ပြည်သူ့လွှတ်တော်က ဒုတိယသမ္မတအဖြစ် တာမွေမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကို ရွေးချယ်တင်မြှောက်လိုက်ပြီဖြစ်သည်။ ဦးဝင်းမြင့်သည် ကြံ့ခိုင်ရေးပါတီက ရွေးချယ်သည့် ဒုတိယသမ္မတလောင်း  ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဦးသောင်းအေး(ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)ကို ကျော်ဖြတ် ၍ ဒုတိယသမ္မတအဖြစ်  ရွေးချယ်တင်မြှောက်ခံရခြင်းဖြစ်သည်။
ဦးဝင်းမြင့်သည် လွှတ်တော်ကိုယ်စားလှယ် ၃၀၄ ဦး ရှိသည့်အနက်မှ ထောက်ခံမဲ ၂၇၃ မဲ  ဖြင့် ဒုတိယ သမ္မတအဖြစ် အရွေးချယ်ခံရခြင်းဖြစ်ပြီး ဒုတိယသမ္မတလောင်း ဦးသောင်းအေးသည် ထောက်ခံမဲ  ၂၇   သာရရှိပြီး ပယ်မဲ ၄ မဲဖြင့်  ရှုံးနိမ့်သွားခြင်းဖြစ်သည်။
Share:

“အင်မတန်လေးစားစရာကောင်းသော သမ္မတကတော်ဒေါ်စုစုလွင်ရဲ့ရင်တွင်းစကား”

တိုင်းပြည်နဲ့ ခေါင်းဆောင်အပေါ်သစ္စာရှိမူမှာ ကျမအပေါ် ထားရှိတာထက်တောင် ပိုမွန်ခိုင်မာတဲ့စိတ်ဓာတ်ကို ကျမ ခင် ပွန်းသမ္မတကြီး အပြည့်အဝရှိခဲ့သူမို့ …သူကျန်းမာရေးအားနည်းချက်က သူ့တာဝန် ၊သူ့ဆန္ဒကို သက်တမ်းတဝက်ပဲ ဖြည့်ဆည်းခွင့်ရလိုက်ပါတယ်။
ဒီမိုကရေစီ ခေတ်သို့ ကူးပြောင်းရေးမုဒ်ဦးဝမှာ လူထုတင်မြှောက်လိုက်တဲ့ပထမဆုံး သမ္မတမို့ ပြည်သူ့တပ်ဦးအလံမှာ ခေါင်းဆောင်နဲ့အတူချီတက်ရင်း သမိုင်းပေး၊ ခေတ်ပေးတာဝန်အဖြစ် သူ့ပုခုံးထက် မြဲမြဲမတ် ထမ်းရွက်ခဲ့ပါတယ်။
တရားရှာအတူ၊ တိုင်းပြည်အကျိုး ညီတူဆောင်ရင်း ၊ လူထုအတွက်လောကနိဗ္ဗာန်ကို ရည်သန်လို့  ခေါင်းဆောင်ပေးတဲ့တာဝန်၊ ခေါင်းဆောင်ချမှတ်တဲ့မူနဲ့ လူထု မီးရူးတန်ဆောင်အဖြစ် သူ့တာဝန်၊ သူအရာအထူးကိုအရိုးရှင်းဆုံး ဖြတ်သန်းရွက်ဆောင်ခဲ့ပါတယ်။
တိုင်းပြည်တာဝန်၊ နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း နိုင်ငံရေးသီလ၊ နိုင်ငံရေးသမာဓိ၊ နိုင်ငံရေး ပညာကို ကျမတို့     ဇနီးမောင်နှံ အစွမ်းရှိသမျှ ပြုဆောင်ရင်း နိုင်ငံတော် နဲ့ ပြည်သူအပေါ် မေတ္တာနှံ့စပ်၊ သစ္စာဖြန့်ကျတ်၍ပြုခဲ့ရသော       အကျိုးကြောင့် –
မြန်မာနိုင်ငံသူ ၊ နိုင်ငံသားအားလုံးသည် ငြိမ်းအေးချမ်းသာပါစေ။မြန်မာနိုင်ငံတော်ကြီး ကြုံတွေ့လာလတ္တံ့သော ဘေးဒုက္ခ ရန်အန္တရာယ်တို့သည်အမှန်ကင်းပျောက် ချုပ်ငြိမ်းကြပါစေ။
ဒီမိုကရေစီဖက်ဒရယ်စနစ်နဲ့ ငြိမ်းချမ်းပြီး သာယာဝပြောသော မြန်မာနိုင်ငံတော်ကြီးအတွက် လူထုခေါင်းဆောင်နဲ့အတူ တွဲလက်မဖြတ် အဆက်ဆက် လက်ဆင့်ကမ်းရင်း ညီညွတ်ဖြောင့်မတ်စွာဖြင့် ဆောင်ရွက်နိုင်ကြပါစေ။ ”

မေတ္တာ၊ သစ္စာဖြင့်
ဒေါ်စုစုလွင်

[ သမ္မတကြီး အနားယူပြီးနောက် သမ္မတကတော်ကြီးရဲ့ ရင်တွင်းဆန္ဒကိုမှန်းဆကြည်ညိုရင်း ဤပို့စ်ဖြင့် သမ္မတကြီး ဦးထင်ကျော် နှင့် သမ္မတကတော် ဒေါ်စုစုလွင်တို့အား ဂါရဝပြုကန်တော့အပ်ပါတယ်]
ထိန်လင်း
( နတ်မောက်၊ ၂၀၁၅)
Share:

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ပေးပို့လာသည့် အစ္စလာမ်ဘာသာဝင် ၈၀၃၂ ဦး အနက် ၅၅၆ ဦးသာ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း စိစစ်တွေ့ရှိ

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး နှင့် စပ်လျဉ်း၍ ဘင်္ဂလားဒေ့ရှ်မှ ပေးပို့လာသော ၈၀၃၂ ဦး အနက် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သည်ဟု စိစစ်ရရှိသူ စုစုပေါင်း ၅၅၆ ဦးအထိ ရရှိလာခဲ့ပြီဖြစ်ပြီး ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လွှဲပြောင်းလာလျှင် ပြန်လည်စိစစ် လွှဲပြောင်းလက်ခံနိုင်ရန် အသင့်ပြင်ဆင် ထားရှိပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက မတ်လ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထို့အတူ  ၈၀၃၂ ဦးအား အချက်အလက်များ တိုက်ဆိုင် စစ်ဆေးစိစစ်မှုများ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်စေရန် အချက်အလက်များ မှန်ကန်မှု ရှိ မရှိ၊ အိမ်ထောင်စုဓာတ်ပုံများနှင့် ရွာအမည်၊ တစ်ဦးချင်းအမည်ကို အနီးစပ်ဆုံး စိစစ်စစ်ဆေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နှစ်နိုင်ငံအကြား သဘောတူညီထားသော သတ်မှတ်ပုံစံမဟုတ်သည့် ၈၀၃၂ ဦးအား အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် သဘောတူညီချက် (Agreement on Return of Displaced Persons from Rakhine State) အောင်မြင်စေရန် အချက်အလက်များ မှန်ကန်မှု ရှိမရှိ အိမ်ထောင်စု ဓာတ်ပုံများနှင့်ရွာအမည်၊ လူတစ်ဦးချင်း အမည်ကို အနီးစပ်ဆုံး တိုက်ဆိုင်စိစစ်စစ်ဆေးခဲ့ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ပေးပို့လာသည့် အစ္စလာမ်ဘာသာဝင် ၈၀၃၂ ဦး အနက် ၃၆၃ ဦးသာ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း စိစစ်တွေ့ရှိခဲ့ရသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပြန်လည်၍ အသိပေး အကြောင်းကြားခဲ့သည်။
ကျန်ရှိသူများအား အတတ်နိုင်ဆုံးကြိုးစား၍ အထောက်အထား အချက်အလက်များ မှန်ကန်ခြင်း ရှိမရှိ စိစစ်မှုများ ဆက်လက် ဆောင်ရွက်ခဲ့ရာ မတ်လ ၁၉ ရက်အထိ စိစစ်ချက်အရ မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့သူ ၁၉၃ ဦး ထပ်မံစိစစ် နိုင်ခဲ့သည်။ စိစစ်မှုများ ဆက်လက်ဆောင်ရွက်ရာတွင် ထပ်တိုး ၁၉၃ ဦး ဖြစ်သဖြင့် ဘင်္ဂလားဒေ့ရှ်မှ ပေးပို့လာသော ၈၀၃၂ ဦးအနက် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သည်ဟု စိစစ်ရရှိသူ စုစုပေါင်း ၅၅၆ ဦးအထိ ရရှိလာခဲ့ပြီ ဖြစ်သည်။
အချက်အလက်များ စိစစ်ရာတွင် ဓာတ်ပုံ၊ လက်ဗွေ စသည်တို့ကို ကွန်ပျူတာ ဆော့ဖ်ဝဲလ်ဖြင့် လူတစ်ဦးလျှင် စိစစ်ရန်ကြာမြင့်ချိန် ၂ မိနစ်ဖြင့် ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင် ထားခဲ့သော်လည်း ပေးအပ်လာသော အချက်အလက်များမှာ ဓာတ်ပုံ၊ လက်ဗွေ၊ နေရပ်လိပ်စာပြည့်စုံမှု မရှိသဖြင့် အထောက်အထားများ တိုက်ဆိုင်၍ အတတ်နိုင်ဆုံး ကြိုးစား စိစစ်နေရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများနှင့် စပ်လျဉ်း၍ သဘောတူညီမှုများ အရ ကနဦး စတင်ဆောင်ရွက်နိုင်ရန် ဟိန္ဒူဘာသာဝင် ၅၀၈ ဦးနှင့် စိစစ်ပြီး မူဆလင် ၇၅၀ စုစုပေါင်း ၁၂၅၈ ဦးတို့၏ အချက်အလက် အပြည့်အစုံကို မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ပြန်လည်စိစစ် လက်ခံရေး လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံဘက်က စတင်၍ အဆိုပြုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Share:

ရိုဟင်ဂျာတွေ ပြန်ပို့ရေး ဂျပန် ဒုဝန်ကြီး ပြောကြား

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဂျပန်လွှတ်တော် နိုင်ငံခြားရေးရာ ဒုဝန်ကြီး Iwao Horii အီဝေအိုး ဟိုးရီး  က မုတ်သုန်ရာသီ အလွန်နီးကပ်နေပြီဖြစ်တဲ့အတွက် ရိုဟင်ဂျာ မွတ်စလင်တွေ ပြန်ပို့ရေးကို လူသားချင်းစာနာမှု ရှူထာင့်ကကြည့်ပြီး အမြန်လုပ်ဆောင်ဖို့လိုကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီနဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံရာမှာ အချက် ၃ ချက် တင်ပြခဲ့ကြောင်း ဒါကာမြို့က သတင်းစာရှင်းပွဲမှာ သူက ပြောပါတယ်။
ပထမအချက်အနေနဲ့ အဲဒီ ဒုက္ခသည်တွေကို စောင့်ရှောက်ထားမှုနဲ့ မြန်မာအစိုးရနဲ့ တွေ့ဆုံအဖြေရှာမှုတွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဂျပန်နိုင်ငံက ကျေးဇူးတင်ကြောင်း၊ ဒုတိယအချက်အားဖြင့် ဒုက္ခသည်တွေ သူတို့ ဆန္ဒအလျှောက် ဘေးကင်းစွာနဲ့ သိက္ခာရှိရှိပြန်နိုင်ဖို့ လိုအပ်သလို ဒီကိစ္စမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေ ပါဝင်ကူညီမှု အရေးကြီးကြောင်းနဲ့ နောက်ဆုံးအချက်အဖြစ် ဒုက္ခသည်တွေ အိမ်ပြန်ရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဆက်လက်ပူးပေါင်းပြီး လက်တွေ့ကျကျ ဆောင်ရွက်ကြဖို့ ဂျပန်နိုင်ငံက မျှော်လင့်ကြောင်း စသည်တို့ ဖြစ်ပါတယ်လို့ ဂျပန် လွှတ်တော် နိုင်ငံခြားရေးရာ ဒု ဝန်ကြီး Iwao Horii အီဝေအိုး ဟိုးရီး  က ပြောပါတယ်။
ဂျပန် ဒုဝန်ကြီးဟာ ရိုဟင်ဂျာတွေ ပြန်ပို့ရေးအတွက်  ဒါကာမြို့ကို မနေ့က ရောက်ရှိခဲ့ပြီး ကော့ဇ်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ကြာသပတေးနေ့ ဒီကနေ့ သွားရောက်ကြည့်ရှုပါလိမ့်မယ်။

RFA
Share:

လက်ရှိ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်

image
image
ကွတ်ခိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် (လက်ရှိပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ) အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်  ရွေးချယ်တင်မြှောက်ခဲ့သည်။
လစ်လပ်လျက်ရှိသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက် ဥက္ကဋ္ဌလောင်း နှစ်ဦးအား သက်ဆိုင်ရာပါတီကိုယ်စားလှယ် တစ်ဦးစီက အဆိုပြုအမည်စာရင်း တင်သွင်းခဲ့သည်။
ဦးတီခွန်မြတ်သည် မူလက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးဖြစ်သော်  
လည်း လက်ရှိတွင် ပါတီမှနုတ်ထွက်ထားပြီး တစ်ဦးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

ထိုသို့ အမည်စာရင်းတင်သွင်းရာတွင် ဥက္ကဋ္ဌလောင်းတစ်ဦးဖြစ်သည့် ကွတ်ခိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ဦးတီခွန်မြတ်အား NLD ပါတီဝင် ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က လည်းကောင်း၊ ကျန်ဥက္ကဋ္ဌလောင်းတစ်ဦးဖြစ်သည့် ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကျောင်းကုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းကလည်းကောင်းအသီးသီး အဆိုပြုတင်သွင်း ခဲ့ခြင်းဖြစ်သည်။
အဆိုပါပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလောင်း နှစ်ဦးအား စက်ခလုပ်အသုံးပြု မဲပေးရွေးချယ်ရာတွင် ဦးတီခွန်မြတ်က ထောက်ခံမဲများသဖြင့် ဦးတီခွန်မြတ်အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ခြင်းဖြစ်သည်။
Share:

19 March, 2018

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီထိပ်တန်းခေါင်းဆောင် ဦးဝင်းထိန်တို့ဟာ သြစတြေးလျနိုင်ငံမှာ တွေ့ဆုံ

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီထိပ်တန်းခေါင်းဆောင် ဦးဝင်းထိန်တို့ဟာ သြစတြေးလျနိုင်ငံမှာ တွေ့ဆုံခဲ့ပါတယ်။

image
image
ဦးဝင်းထိန်ကို ဒီလမကုန်ခင် မြန်မာပြည်ကိုပြန်လာဖို့ကိုလည်းဒေါ်အောင်ဆန်းစုကြည်က မှာကြားသွားခဲ့တယ်လို့ ဦးဝင်းထိန်ရဲ့မိသားစုဝင်တွေကပြောပါတယ်။
ဦးဝင်းထိန်ဟာ ပါတီကနှုတ်ထွက်ဖို့ စာတင်ထားပေမဲ့ ပါတီကမဆုံးဖြတ်ရသေးဘူးလို့ NLD ရဲ့ထိပ်ပိုင်းခေါင်းဆောင်နဲ့ နီးစပ်သူတွေကပြောပါတယ်။
Share:

နာမကျန်းဖြစ်သွားသည့်အတွက် သြစတြေးလျတွင် ဒေါ်အောင်ဆန်းစုကြည် စကားပြောမည့်အစီစဉ် ဖျက်သိမ်း

ဒေါ်အောင်ဆန်းစုကြည် နာမကျန်းဖြစ်သွားသည့်အတွက် ဆစ်ဒီနီမြို့တွင် ကျင်းပမည့် စကားပြောပွဲတစ်ခုကို ရုတ်တရက် ဖျက်သိမ်းလိုက်ရသည်။အင်္ဂါနေ့တွင် Lowy Institute ၌ ကျင်းပရန်မည့် စကားပြောပွဲတစ်ခုတွင် ပရိတ်သတ်များအား ဒေါ်အောင်ဆန်း စုကြည်က မိန့်ခွန်းပြောကြားရန်နှင့် မေးမည့်မေးခွန်းများကို ဖြေကြားရန် အစီစဉ်ရှိနေသည်။
သို့သော် ယင်းပွဲအစီစဉ်ကို ဖျက်သိမ်းပေးလိုက်ရကြောင်း ပွဲစီစဉ်သူများက ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။
"ဒီကနေ့ နေ့လည်မှာပဲ မြန်မာသံရုံးက Lowy Institute ကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နေထိုင်မကောင်း ဖြစ်လာတဲ့အတွက် ကျင်းပမဲ့ပွဲကို ပါဝင်နိုင်တော့မှာ မဟုတ်တဲ့ အကြောင်း အကြောင်းကြားခဲ့ ပါတယ်။" ဟု ပွဲစီစဉ်သူများက ထုတ်ပြန်သော ကြေညာချက်ထဲတွင် ဖော်ပြထားသည်။
သို့သော် ယင်းပွဲအစီစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်အား ယခု စနေ-တနင်္ဂနွေ ရက်များအတွင်း ဆန္ဒပြသွားသည့် ဆန္ဒပြသမားများအတွက် ကန့်ကွက်ဆန္ဒပြရန် မျက်စေ့ကျစရာ ဖြစ်နေကြာင်း အေဘီစီ သတင်းဌာနက နောက်ဆက်တွဲရေးသားထားသည်။
Suu Kyi cancels Sydney speaking event
Share:

UEHRD မှ ရခိုင်လွှတ်တော်ကိုယ်စား လှယ်များနှင့် တွေ့ဆုံရာတွင် R2P အပါအ၀င် ပြန်လည် နေရာ ချထားရေး ကိစ္စကို ထည့်သွင်းရှင်းလင်း

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ မတ် ၁၉

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက် နေသည့် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD မှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် မတ် ၁၈ ရက် နံနက်က တွေ့ဆုံရာ တွင် R2P အပါအ၀င် ပြန်လည် နေရာချထားရေး ကိစ္စကိုပါ ထည့်သွင်းရှင်းလင်းခဲ့သည်ဟု သတင်းရရှိသည်။
UEHRD မှ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က နိုင်ငံတကာမှ Ethnic Cleansing လူမျိုးစုရှင်းလင်းရေး၊ Crime against Humanity လူသားမျိုးနွယ်စုအပေါ် ပြစ်မှုကျူးလွန်မှု၊ Genocide လူမျိုးတုံးသတ်ဖြတ်မှု နှင့် War Crime စစ်ရာဇ၀တ်မှု ကျူးလွန်မှု ခေါင်းစဉ် အောက်တွင် မြန်မာနိုင်ငံကို R2P ဖြင့် အရေးယူ ဆောင်ရွက်နိုင်စေရန် လမ်းစရှာလျက်ရှိသည်ဟု ပြောဆိုသည်။
“R2P ကို ဂရုစိုက်စရာမလိုဘူးလို့ ပြောဆိုနေကြပေမယ့် သူတို့ စွပ်စွဲနေတဲ့ အချက်ထဲက တစ်ချက်ချက်နဲ့ ငြိစွန်းလာမယ်ဆိုရင် နိုင်ငံတကာက ၀င်ရောက် ကာကွယ်ရမယ်ဆိုတဲ့ အနေအထားကို ရောက်ရှိသွားနိုင်ပါတယ်။ ဒီလို အနေအထားမျိုး မရောက်ရအောင် UEHRD က ပြဿနာကို လက်တွေ့ကျကျ ဖြေရှင်းနည်းနဲ့ တုန့်ပြန်ဆောက်ရွက် သွားပါမယ်” ဟု UEHRD မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒေါက်တာအောင်ထွန်းသက်က ရှင်းပြသွားခဲ့သည်။
၎င်းပြင်သူက UEHRD အနေဖြင့် R2P မ၀င်နိုင်ရေး အတွက် အပြောနှင့် မဟုတ်ဘဲ အလုပ်ဖြင့် သက်သေပြသွားမည်ဟု ပြောကြားခဲ့သည်ဟုလည်း မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောကြားသည်။
ရခိုင်ပြည်နယ်သည် ယဉ်ကျေးမှုပြည့်ဝပြီး သဘာဝ သယံဇာတပေါကြွယ်ဝကာ၊ ရခိုင်လူမျိုးသည် အထင်ကရ လူမျိုးတစ်မျိုးဖြစ်ကြောင်း၊ ရှေးကျသည့် သမိုင်းနှင့် ယဉ်ကျေးမှုရှိသော လူမျိုး တစ်မျိုးဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် ဒုတိယအဆင်းရဲဆုံးပြည်နယ်တစ်ခု ဖြစ်နေသည်မှာ မဖြစ်သင့်သည့် ကိစ္စရပ်တစ်ခု ဖြစ်သည်ဟု ဒေါက်တာ အောင်ထွန်းသက်က ပြောဆိုသည်။
ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှမှလည်း တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေးသွားသူ ဘင်္ဂလီများအား ပြန်လည် လက်ခံရာတွင် ရခိုင်ပြည်သူများ၏ ဆန္ဒ၊ ရခိုင် နိုင်ငံရေးပါတီများ၏ လိုလားချက်နှင့် တပ်မတော်၏ ဆန္ဒများကို ထည့်သွင်းစဉ်းစား စေလိုအပ်သည်ဟု သူ၏ မိန်းခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့ကြောင်း သိရသည်။
UEHRD ၏ ဒုဥက္ကဋ္ဌ အဖြစ် တာဝန် ယူထားသူ ဒေါက်တာ ၀င်းမြတ်အေးမှ  ရခိုင်ပြည်နယ်၏ ရေရှည်ဖွံ့ဖြိုးရေးကို လုပ်ဆောင်နိုင်ရန်အတွက် ရေရှည်ပဋိပက္ခ ကင်းဝေးရေးသည် အဓိကကျကြောင်း ရခိုင်ပြည်နယ်လွှတ်တော်သို့ ရှင်းလင်းရာ၌ ထည့်သွင်း ပြောကြားသွားခဲ့သည်။
ယင်းရှင်းလင်းချက်အပေါ် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်က ရေရှည်ပဋိပက္ခကင်းဝေးရေးဆိုသည်ထက် ရေရှည်ပဋိပက္ခ တားဆီး ကာကွယ်ရေးကို ထည့်သွင်းစဉ်းစားရမည်ဟု ဝေဖန်ထောက်ပြခဲ့သည်။
“ဒေါက်တာဝင်းမြတ်အေး ပြောသလို ရေရှည်ပဋိပက္ခကင်းဝေးရေးဆိုတာထက် ရေရှည်ပဋိပက္ခ တားဆီးကာကွယ်ရေးကို ကျနော်အဓိက ပြောချင်ပါတယ်။ ကင်းဝေးတာထက် နောက်လာမယ့် ဘင်္ဂါလီတွေကို လက်ခံနေရချထားရေးတွေမှာ ပဋိပက္ခတွေ ဘယ်လိုကင်းလာမလဲ။ ခုနက ဘူးသီးတောင်က လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း တင်ပြသွားသလို ဘင်္ဂါလီတွေနဲ့ အတူတူထားရင် မည်သည့်အခါမှ ပဋိပက္ခဆိုတာ ရှောင်လွှဲလို့ ရမှာမဟုတ်ဘူး”ဟု ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က ထောက်ပြဝေဖန် ပြောကြားသွားသည်။
ဒေသခံ ရခိုင်ပြည်သူများ အနေဖြင့် ဘင်္ဂါလီများကို ပြန်လည်နေရာချထားရာ၌ မည်သည့် နေရာတွင် အရေအတွက် မည်မျှကို ချထားမည်ကို သိချင်နေပြီး၊ ဒေသခံတိုင်းရင်းသားများနှင့် နီးကပ်စွာ မချထားစေချင်ဟု ဆိုသည်။
“ကျနော်တို့ လိုချင်တာက ရခိုင်ပြည်နယ်မှာ နေရာချဖို့ဟာကို ဘယ်နေရာ၊ ဘယ်စခန်းမှာ ဘယ်လောက် အရေအတွက် ထားမယ် ဆိုတာကို သိချင်ပါတယ်။ ကျွန်တော်တို့ နဲ့ အစိုးရ အပါအ၀င်  UEHRD နဲ့ လက်တွဲပြီးတော့ ဘယ်လို အကောင်းဆုံး လုပ်နိုင်မလဲ ဆိုတာ လက်တွဲ ဆောင်ရွက်ဖို့လိုပါတယ်။ အဓိကတော့ ကျွန်တော်တို့ကို ဒီလက်ခံရေးနဲ့ ပတ်သက်ပြီး  ပွင့်လင်း မြင်သာစွာ ချပြသင့်ပါတယ်”ဟု ဦးသန်နိုင်က ပြောသည်။
ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဘူးသီးတောင် မြို့နယ် အမှတ်(၂) မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း၊ ဘူးသီးတောင် မြို့နယ် အမှတ်(၁) မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်တို့မှ ပြန်လည် နေရာချထားရေးနှင့် ပတ်သက်ပြီး UEHRD အနေဖြင့် ပွင့်လင်းမြင်သာမှု ရှိရှိ လုပ်ဆောင်သင့်သည်ဟု ထောက်ပြ ပြောဆိုမှုများ ရှိခဲ့သည်ဟုလည်း သိရသည်။
ယမန်နေ့က ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲကို ရခိုင်ပြည်နယ် လွှတ်တော်တွင် နံနက် ၇ နာရီမှ ၈ နာရီထိ ပြုလုပ်ခဲ့ပြီး UEHRD မှ ပြည်ထောင်စု ၀န်ကြီးများဖြစ်ကြသည့် လူကယ်ပြန် ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ လ၀က ၀န်ကြီး ဦးသိန်းဆွေနှင့် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်တို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
Share:

ရိုဟင်ဂျာတွေကိုကာကွယ်ပေးနိုင်ဖို့ပိုမိုအားထုတ်ကြိုးပမ်းသွားရမယ်လို့ ကုလ အကြီး အကဲဆို

မတ် ၁၈၊ ၂၀၁၈                                                                                                          Myanmar Muslim Media
မိုးဦးရာသီမတိုင်ခင်မှာ ရိုဟင်ဂျာတွေကိုကာကွယ်ပေးနိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့ပိုမိုအားထုတ်ကြိုးပမ်းသွားဖို့ ကုလအထွေထွေအတွင်းရေးမှူးအန်တိုနီယိုဂူတာရက်ဇ်ကတိုက်တွန်းလိုက်ပါတယ်။
မိုးဦးရာသီချဉ်းကပ်လာမှုနဲ့အတူ ကျွန်တော်တို့ပိုမိုအားထုတ်ကြိုးပမ်းသွားရမယ်လို့ သူကသောကြာနေ့က ဂျနီဗာမှာကျင်းပတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးအတွက်ပူးပေါင်းတုံ့ပြန်တဲ့အစီအစဉ်နဲ့ပတ်သက်ပြီး ဗီဒီယိုအမှာစကားပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုဟင်ဂျာလူထုရဲ့အတိဒုက္ခအခြေအနေတွေဟာ အရင်အတိုင်းဆိုးရွားစွာရှိနေဆဲဖြစ်တယ်လို့ သူကပြောဆိုခဲ့ပြီး ရလဒ်အနေနဲ့ “ကမ္ဘာ့တိုးတက်မှုအများလာဆုံးဒုက္ခသည်အရေးကို ဘင်္ဂလားဒေ့ရှ်ဟာမျက်မြင်ကိုယ်တွေ့ကြုံနေရပါတယ်” လို့သူကဆိုပါတယ်။
“ဒုက္ခသည်အများအပြားဟာဆိုးရွားပြီးစိတ်ပိုင်းရုပ်ပိုင်းထိခိုက်ခံစားရမှုရဲ့သားကောင်တွေဖြစ်နေရပါတယ်။ သူတို့ရဲ့အိမ်တွေကနေမောင်းထုတ်ခံခဲ့ရပြီး ဒါဟာလူမျိုးတုံးသုတ်သင်မှုရဲ့ရှင်းလင်းတဲ့ဥပမာဖြစ်ပါတယ်”လို့ သူကဆိုပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းရဲ့အားပေးထောက်ခံမှုနဲ့အတူ ဘင်္ဂလားဒေ့ရှ်ရဲ့လူပေါင်းတစ်သန်းကျော်ကိုအသက်ကယ်ခိုလှုံခွင့်ပေးထားတဲ့အပေါ်မှာသူကချီးကျူးပြောကြားခဲ့ပါတယ်။ “ရိုဟင်ဂျာအဖွဲ့အစည်းအနေနဲ့ သူတို့ရဲ့နိုင်ငံသားလူ့အခွင့်အရေးနဲ့တရားမျှတမှုအပါအ၀င် အထောက်အပံ့တွေရရှိအောင်ကျွန်တော်တို့သေချာဆောင်ရွက်သွားရမှာဖြစ်ပါတယ်”လို့ ဂူတာရက်ဇ်ကဆိုပါတယ်။
လာမဲ့လတွေအတွင်း Cox’s Bazar ကရိုဟင်ဂျာဒုက္ခသည်တွေကိုထောက်ပံ့ကူညီပေးနိုင်ဖို့ လိုအပ်တဲ့ဒေါ်လာ၉၅၁သန်းခန့်ကို နိုင်ငံတကာအဖွဲ့အစည်းကဆက်လက်ထောက်ပံ့ပေးသွားနိုင်ဖို့ သောကြာနေ့ကဂျနီဗာမှာကတိပြုခဲ့ကြပါတယ်။ လူတိုင်းကဆက်လက်ထောက်ပံ့ကူညီပေးသွားဖို့ကတိပြုခဲ့ကြပါတယ်လို့ နိုင်ငံခြားရေးရာဝန်ကြီး အမ်ရှာဟ်ရီရာအလမ်ကပြောဆိုခဲ့ပါတယ်။ အစောပိုင်းတုန်းကလည်း Cox’s Bazar ကဒုက္ခသည်တွေအတွက် ဒီဇင်ဘာထိ၁၀လစာ ဒေါ်လာသန်း၉၅၀ထောက်ပံ့သွားဖို့ ကုလနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရတို့ကစီစဉ်ခဲ့ပါတယ်။
ခန့်မှန်းခြေဟာနှစ်ဆကျော် ဒေါ်လာ၄၃၄သန်းခန့်ကုန်ကျခဲ့ပါတယ်။ ဖေဖေါ်ဝါရီထိခြောက်လစာရိုဟင်ဂျာတွေအတွက် အရေးပေါ်လူသားချင်းစာနာထောက်ပံ့ရေးကိုစီစဉ်ခဲ့တာဖြစ်ပါတယ်။
သြစတြေးလျ၊ ဘရာဇီးလ်၊ ကနေဒါ၊ ဆွီဒင်၊ ထိုင်း၊ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ နယ်သာလန်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ကိုရီးယား၊ ဒိန်းမတ်၊ နော်ဝေး၊ တူရကီ၊ WFP၊ ယူနီဆက်ဖ်၊ OHCHR၊ OIC၊ ကမ္ဘာ့ဘဏ်၊ WHO၊ UNFPA၊ FAO၊ IOM နဲ့တစ်ခြားအဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေဟာ ရိုဟင်ဂျာလူသားချင်းစာနာထောက်ထားရေးအတွက် ပူးပေါင်းတုံ့ပြန်တဲ့အစီအစဉ်ကိုပြောကြားခဲ့ကြပါတယ်။ ယူနီဆက်ဖ်ဟာ ကလေးငယ်၇သိန်း၂သောင်းလိုအပ်တာတွေထောက်ပံ့သွားနိုင်ဖို့ ဒေါ်လာ၁၁၃သန်းထောက်ပံ့သွားမှာဖြစ်ပါတယ်။
“လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းရဲ့ထောက်ပံ့မှုနဲ့အတူ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ထူးခြားတဲ့ကြိုးပမ်းအားထုတ်မှုတွေကြောင့် သေဘေးကနေထွက်ပြေးလာကြတဲ့ကလေးငယ်တွေ မိသားစုတွေအတွက်အသက်ကွယ် အကာအကွယ်တွေရရှိခဲ့ပါတယ်”လို့ ယူနီဆက်ဖ်ကပြောကြားခဲ့ပါတယ်။ ဒီအရေးဟာဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ရိုဟင်ဂျာတွေဟာမြန်မာနိုင်ငံကနေထွက်ပြေးနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်းအပတ်စဉ်လူသစ်၅၀၀၀န်းကျင်ရောက်ရှိနေပါတယ်။
အသက်ကယ်နဲ့အခြေခံလိုအပ်ချက်ဖြစ်မှုဟာ နေ့စဉ်ရေသန့်၁၇သန်းလီတာခန့်လိုအပ်နေပါတယ်။ ယင်လုံအိမ်သာ၅သောင်းခန့်လိုအပ်နေပြီး ၂၈၀၀၀ကျော်တည်ဆောက်ပြီးဖြစ်ပါတယ်။ ကလေးငယ်၂သိန်းကျော်ဟာလည်း ပညာသင်ကြားမှုတွေမရရှိပါဘူး။ ရေရှည်စီစဉ်ဆောင်ရွက်ဖို့တွေလိုအပ်ပြီး အရေးအကြီးဆုံးကတော့ ပညာရေး အကာအကွယ်ပေးမှုနဲ့ ကလေးငယ်တွေအတွက်စိတ်ကျန်းမာရေးဆရာဝန်တွေလိုအပ်ပါတယ်။
“မိတ်ဆွေတွဲဘက်တွေနဲ့အတူ အသက်၎နှစ်ကနေ ၁၄နှစ်ကြားကလေးငယ် ၈သောင်း၂ထောင်ခန့်ကို အင်္ဂလိပ်၊မြန်မာ၊သင်္ချာနဲ့ တစ်ခြားအသက်မွေးဝမ်းကျောင်းပညာရပ်တစ်ချို့ကိုသင်ကြားပေးနိုင်ခဲ့ပါတယ်” လို့ယူနီဆက်ဖ်ပြောခွင့်ရပုဂ္ဂိုလ်ကဆိုပါတယ်။
Dhaka Tribune သတင်းဌာနပါ “UN chief: Work harder to protect Rohingyas” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကို ညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
Share:

ရိုဟင်ဂျာဒုက္ခသည် အကြပ်အတည်းက လုံခြုံရေးခြိမ်း ဖြစ်လာနိုင်သည်ဟု မလေးရှားဝန်ကြီးချုပ်က သတိပေး

ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် စစ်သွေးကြွများက မြန်မာလုံခြုံရေးစခန်းများအား အလစ်ဝင်ရောက် တိုက်ခိုက်ပြီးနောက်ပိုင်း မြန်မာစစ်တပ်က ဆောင်ရွက်ခဲ့သည့် တန်ပြန်စစ်ဆင်ရေးများကြောင့် လူပေါင်း ခုနစ်သိန်းခန့် အိမ်နီးချင်းဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးဝင်ရောက်လာခဲ့ကြသည်။
ထိုကဲ့သို့နေရပ်မှ ထွက်ပြေးခဲ့ကြရသူများမှာ IS ကဲ့သို့ အစွန်းရောက်အုပ်စုများ၏ သားကောင်ဖြစ်သွားမည်ကို မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က စိုးရိမ်နေခြင်းဖြစ်သည်။
အဆိုပါကိစ္စသည် ပြည်တွင်းရေး ပြဿနာသာ မဟုတ်တော့ဟု ဆစ်ဒနီမြို့တွင် ကျင်းပသည့် သြစတြေးလျ-အာဆီယံ အထူးထိပ်သီးအစည်းအဝေးတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။ ထိုသို့ပြောကြားချိန်တွင် မြန်မာနိုင်ငံ၏ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ ၎င်းနှင့် မီတာအနည်းငယ်အကွာတွင် ရှိနေသည်။
“ရိုဟင်ဂျာတွေ ခံစားနေရမှုနဲ့ ဒေသတွင်းတစ်ခုလုံးမှာ ရွှေ့ပြောင်းနေထိုင်နေရမှုတွေကြောင့် ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံက အခြေအနေတွေကို ပြည်တွင်းရေးသက်သက်ပဲလို့ ယူဆလို့ မရတော့ပါဘူး” ဟု ၎င်းက ပြောကြားသည်။
“ပြီးတော့ ဒီပြဿနာကို လူသားချင်း စာနာထောက်ထားမှု ရှုထောင့်တစ်ခုထဲကပဲ မကြည့်သင့်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက ဒေသတွင်းကို ခြိမ်းခြောက်မယ့် စိုးရိမ်ဖွယ် လုံခြုံရေးကိစ္စတစ်ခုအဖြစ် ကြီးထွားလာဖွယ်ရှိနေလို့ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောကြားသည်။
အနာဂတ်အတွက် မျှော်လင့်ချက်မမြင်ဘဲ စိတ်ပျက်နေကြသူ ထောင်ပေါင်းများစွာ ရှိနေသည့် ရခိုင်ပြည်နယ်သည် IS ကဲ့သို့ အစွန်းရောက်အဖွဲ့များ လူသစ်စုဆောင်းရာနေရာ ဖြစ်လာလိမ့်မည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ဘင်္ဂလားဒေရှ့်သို့ ထွက်ပြေးလာခဲ့ကြသည့် ရိုဟင်ဂျာဒုက္ခသည်များအား စောင့်ရှောက်ရန်အတွက် အမေရိကန်ဒေါ်လာ တစ်ဘီလျံနီးပါး လိုအပ်မည်ဟု ကုလသမဂ္ဂ သောကြာနေ့က တောင်းခံထားသည်။
အရှေ့တောင်အာရှ နိုင်ငံများအနေဖြင့် အစွန်းရောက်များ၏ ခြိမ်းခြောက်မှုကို တားဆီးရန်အတွက် အနီးကပ်ပူးပေါင်းဆောင်ရွက်ကြရန် နာဂျစ်က တိုက်တွန်းလိုက်ပြီး တစ်ချိန်တည်းမှာပင် “မျှတပြီး ကြာရှည်ခံမည့် အဖြေတစ်ခု” ရှာဖွေရေးအတွက် မလေးရှားက ကူညီရန်အဆင်သင့်ရှိသည်ဟုလည်း ဆက်လက် ပြောကြားခဲ့သည်။
ဆီးရီးယားနှင့် အီရတ်တို့တွင် ၎င်းတို့၏ နယ်မြေများ ကျဆုံးသွားခဲ့သော IS စစ်သွေးကြွများက မြေအောက်သို့ ငုတ်လျိုးသွားပြီး ၎င်းတို့ ပြန်လည်ကြီးထွားကာ လှုပ်ရှားနိုင်မည့် အကြမ်းအတည်းဖြစ်နေသော နေရာများတွင် ပြန်လည်ပေါ်ထွက်လာနိုင်သည်ဟု နာဂျစ်က သတိပေးခဲ့သည်။
ပြီးခဲ့သည့်နှစ်က ဖိလစ်ပိုင်တောင်ပိုင်းရှိ မာရာဝီမြို့အား IS လိုလားသည့် စစ်သွေးကြွများက သိမ်းပိုက်ခဲ့ခြင်းကို နာဂျစ်က ညွှန်ပြပြောဆိုခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ မာရာဝီကနေ သင်ခန်းစာယူရမှာဖြစ်ပြီး အလွန်ကို စိုးရိမ်ပူပန်သင့်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
Share:

ရိုဟင်ဂျာတွေအပေါ်ရာဇ၀တ်မှုကျူးလွန်မှုတွေအတွက် ဒေါ်စုကိုတရားစွဲဆိုသွားဖို့ သြစတြေးလျရှေ့နေများစွဲချက်တင် သွင်း

မတ် ၁၇၊ ၂၀၁၈                                                                                                          Myanmar Muslim Media
မဲလ်ဘွန်းမြို့ကရှေ့နေတွေဟာ မြန်မာခေါင်းဆောင်ဒေါ်စုကို လူသားမျိုးနွယ်အပေါ်ရာဇ၀တ်မှုကျူးလွန်မှုစွဲချက်တွေနဲ့ သီးသန့်တရားစွဲဆိုသွားဖို့လျှောက်ထားချက်ကို တင်သွင်းခဲ့ပါတယ်။
သီးသန့်တရားစွဲဆိုလျှောက်ထားချက်ဟာ ဆက်လက်ဆောင်ရွက်သွားဖို့အတားအဆီးနဲ့ရင်ဆိုင်ရပါတယ်။ အဲဒါကတော့သြစတြေးလျရဲ့အပြည်ပြည်ဆိုင်ရာတရားစီရင်ရေးမှာ ရှေ့နေချုပ်ရဲ့သဘောတူညီချက်လိုအပ်တာဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ခေါင်းဆောင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားလျက်ရှိတဲ့ ကျယ်ကျယ်ပြန့်ပြန့်လူ့အခွင့်အရေးချိုးဖောက်မှုတွေ လူတွေအစုလိုက်အပြုံလိုက်စွန့်ခွာထွက်ပြေးစေတဲ့ ရာဇ၀တ်မှုကျူးလွန်မှုတွေနဲ့စွပ်စွဲခံထားရတာဖြစ်ပါတယ်။
နိုင်ငံရဲ့စစ်တပ်ရဲ့ လူသတ်မှုတွေ အဓ္ဓမပြုကျင့်မှုတွေနဲ့ ရွာတွေကိုမီးရှို့မှုတွေအပါအ၀င် စနစ်တကျအကြမ်းဖက်မှုတွေကြောင့် သြဂုတ်လကတည်းကရိုဟင်ဂျာ၆သိန်း၅သောင်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ကြပါတယ်။ မဲလ်ဘွန်းရှေ့နေတစ်ယောက်ဖြစ်သူနဲ့ ဖက်ဒရယ်တရားသူကြီးဟောင်းဖြစ်သူ ရွန်မာကယ်ကျူစီ၊ နိုင်ငံတကာရှေ့နေများဖြစ်ကြတဲ့ မာရီရွန်အိုင်ဆိုဘယ်နဲ့ ရေလီရှက်ပ်နဲ့ ဆစ်ဒနီလူ့အခွင့်အရေးရှေ့နေများဖြစ်ကြတဲ့ အလီဆန်ဘက်တီဆန် နဲ့ ဒယ်နီရယ်တေလာတို့က မဲလ်ဘွန်းတရားရုံးမှာ သောကြာနေ့နှောင်းပိုင်းက သီးသန့်တရားစွဲဆိုလျှောက်ထားချက်ကိုတင်သွင်းခဲ့တာဖြစ်ပါတယ်။
လျှောက်ထားချက်ကိုတရားရုံးကစဉ်းစားချင့်ချိန်နေပြီး နောက်တစ်ပတ်မှာတုံ့ပြန်သွားဖို့မျှော်လင့်ထားပါတယ်။ တရားစွဲဆိုချက်ဆက်လက်ဆောင်ရွက်သွားနိုင်ဖို့ ရှေ့နေချုပ် ခရစ်ယာန်ပေါ်တာထံကိုလည်း တောင်းဆိုချက်ပေးပို့ခဲ့ပြီးဖြစ်ပါတယ်။ တရားရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက အလွန်အကျွံသတ်ဖြတ်မှုတွေ အကြမ်းဖက်မှုတွေ အဓ္ဓမပြုကျင့်မှုတွေ ဥပဒေမဲ့ဖမ်းဆီးမှုတွေနဲ့ ရွာတွေကိုဖျက်ဆီးမှုတွေအပါအ၀င် မွတ်စလင်ရိုဟင်ဂျာလူထုအပေါ်စနစ်တကျရာဇ၀တ်မှုကျူးလွန်မှုတွေကို မျက်မြင်သက်သေတွေရှိထားတယ်လို့ဆိုထားပါတယ်။ ဒေါ်စုကတော့ ဒီအဖြစ်အပျက်တွေကိုငြင်းဆန်ထားပါတယ်။
“ဒေါ်စုဟာသူမရဲ့လုပ်ပိုင်ခွင့်အာဏာကိုအသုံးပြုဖို့ပျက်ကွက်ခဲ့ပါတယ်။ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာတွေကိုသူတို့ရဲ့အိမ်တွေကနေအတင်းအဓ္ဓဖယ်ရှားနေတာတွေကိုခွင့်ပြုထားသလိုပါပဲ” လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ ၁၉၉၁ခုနှစ်နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်စုရဲ့ပုံရိပ်ဟာ ရိုဟင်ဂျာတွေအပေါ်စစ်တပ်ရဲ့ရက်စက်မှုတွေကိုလူသိထင်ရှားရှုတ်ချဖို့ပျက်ကွက်မှုတွေအတွက် ပုံရိပ်ကျဆင်းလာနေပါတယ်။ သူမဟာမြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်ကရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးအနည်းငယ်သာပြောဆိုခဲ့ပြီး ရိုဟင်ဂျာဆိုတဲ့အသုံးအနှုံးကိုအသုံးပြုဖို့ငြင်းဆန်ထားပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာတုန်းကသူမပြောကြားခဲ့တဲ့မိန့်ခွန်းထဲမှာ စစ်တပ်စခန်းတွေကိုတိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ်မှာအကြမ်းဖက်မှုတွေဖြစ်ပွားလာခဲ့တာဖြစ်တယ်လို့သာပြောဆိုထားခဲ့ပါတယ်။
“မြန်မာအစိုးရဟာအပြစ်တင်ဖို့နဲ့တာဝန်ခံဖို့ရည်ရွယ်ထားချက်မရှိပါဘူး။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဥပဒေမဲ့အကြမ်းဖက်မှုတွေအားလုံးကိုကျွန်တော်တို့ရှုတ်ချပါတယ်”လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ သြစတြေးလျဟာအပြည်ပြည်ဆိုင်ရာတရားစီရင်ရေးစည်းမျဉ်းစည်းကမ်းတွေကိုအသိအမှတ်ပြုထားပြီး လူမျိုးတုံးသတ်ဖြတ်မှုတွေ စစ်ရာဇ၀တ်မှုတွေ နဲ့ လူသားမျိုးနွယ်အပေါ်ရာဇ၀တ်မှုကျူးလွန်မှုတွေစတဲ့အဆိုးရွားဆုံးရာဇ၀တ်မှုကျူးလွန်မှုတွေအတွက် သြစတြေးလျတရားရုံးတွေမှာကြားနာနိုင်ဖို့ခွင့်ပြုထားပါတယ်။ အစဉ်အလာလည်းရှိထားပါတယ်။ ချီလီအာဏာရှင်ဟောင်း သြဂတ်စတိုပင်နိုချက်ကို အပြည်ပြည်ဆိုင်ရာတရားစီရင်ရေးနဲ့ လန်ဒန်မှာဖမ်းဆီးခဲ့ပါတယ်။ သူဟာလက်ရှိမှာတော့နေအိမ်အကျယ်ချုပ်နဲ့ထိန်းသိမ်းခံထားရပါတယ်။ ဒါပေမယ့်တရားရင်ဆိုင်မှုမပြုလုပ်ခဲ့ပါဘူး။
ရခိုင်ပြည်နယ်အနောက်ပိုင်းကရိုဟင်ဂျာတွေကိုလူမျိုးရေးဘာသာရေးအရစနစ်တကျဖိနှိပ်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုအမှတ်သင်္ကေတတွေဖြစ်တယ်လို့ ကုလကပြောဆိုထားပါတယ်။ ရိုဟင်ဂျာတွေကိုဖိနှိပ်မှုတွေနဲ့ပတ်သက်ပြီးဒေါ်စုကိုဆစ်ဒနီမြို့ကတွေ့ဆုံပွဲမှာပြောဆိုဖို့ရည်ရွယ်ထားမှုရှိလားလို့ သြစတြေးလျဝန်ကြီးချုပ်မဲလ်ကွမ်တန်ဘောလ်မေးမြန်းခံရတဲ့အပေါ် ဒီအရေးဟာဒေါ်စုနဲ့နှစ်ဦးနှစ်ဖက်တွေ့ဆုံပွဲမှာမေးမြန်းသွားမယ်လို့ပြောဆိုခဲ့ပါတယ်။ ဆစ်ဒနီဆိပ်ကမ်းမှာတော့ တွေ့ဆုံပွဲကျင်းပသွားဖို့ညီလာခံစင်တာမှာ “လူမျိုးတုံးသုတ်သင်မှုမြန်မာရပ်”ဆိုတဲ့ဆိုင်းဘုတ်တင်ထားတဲ့ လှေတစ်စင်းကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့ကရွက်လွှင့်ထားပါတယ်။
The Guardian သတင်းဌာနပါ Ben Doherty ရေးသားသည့် “Aung San Suu Kyi: lawyers seek prosecution for crimes against humanity” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.