• North Korea launches missile despite US tensions

    Breaking News: Defiant Pyongyang fires suspected ICBM despite US warnings, but projectile reportedly blows up on take off in failure.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

10 March, 2018

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဆွေးနွေးချက်၊ (နိုင်ငံသားကတ် ကိစ္စ ဆွေးနွေးချက်)


Share:

ရိုဟင်ဂျာအရေး လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်နိုင်ချေ စုံစမ်းဖို့လိုအပ်ဟု ယန်ဟီလီ တင်ပြ

09 မတ်၊ 2018            ဗွီအိုအေ (မြန်မာပိုင်း)
ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက် မှု တွေဟာ လူမျိုးတုံးသတ်ဖြတ်မှုအထိ ကျုးလွန်ရာရောက်နိုင်တဲ့ အထောက် အထားတွေ ထပ်မံတွေ့ရှိနေရတဲ့အတွက် စုံစမ်းစစ်ဆေးဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောဆိုလိုက် ပါတယ်။
လူမျိုးတုန်းသတ်ဖြတ်မှုမြောက်နိုင်တဲ့ လက္ခဏာတွေ တွေ့ရတဲ့အတွက် တာဝန်ရှိသူတွေကို အရေးယူနိုင်အောင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်သွင်းထားတဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။
မြန်မာအစိုးရ ခေါင်းဆောင်ပိုင်း အနေနဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ဟန့်တားတာ၊ တားဆီးတာ၊ ပြစ်တင်ရှုတ်ချတာတွေ မရှိခဲ့ကြောင်းလည်း အစီရင်ခံစာမှာ ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်းက လုံခြုံရေးကင်း စခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေး တပ်ဖွဲ့တွေ လိုက်လံရှင်းလင်းရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာက စွပ်စွဲထားပါတယ်။ မြန်မာစစ်တပ်ကတော့ နိုင်ငံတကာက စွပ်စွဲနေသလို လူ့အခွင့်အရေး ချိုးဖောက်မှု တွေ မရှိကြောင်း ငြင်းဆန်ထား ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှု ကျုးလွန်သူ တပ်ဖွဲ့ဝင်တချို့ကို အရေးယူတာတွေလည်း လုပ်ခဲ့တာပါ။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုအထိ ကျုးလွန်ခဲ့တဲ့ လက္ခဏာတွေ တွေ့ရကြောင်း ပြောဆိုထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Zeid al-Hussein ကတော့ နိုင်ငံတကာ ရာဇ၀တ်ပြစ်မှုဆိုင်ရာခုံရုံး (ICC) က အရေးယူနိုင်အောင် ကုလသမဂ္ဂ အထွေထွေညီလာခံက တာဝန်ပေးဖို့လည်း မနေ့တုန်းကပဲ တိုက်တွန်းခဲ့ပါတယ်။
ဆိုးရွားတဲ့ ရာဇ၀တ်မှုကြီးတွေကို ကျုးလွန်သူတွေကို စုံစမ်းစစ်ဆေး အရေးယူနိုင်မယ့် သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ဆက်လက် ဖိအားပေး တောင်းဆိုသွားရမှာ ဖြစ်ကြောင်းလည်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးက ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ မနေ့တုန်းကပဲ ပြောဆိုခဲ့တာပါ။ မြန်မာအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်း ကတော့ လူမျိုးတုန်း သတ်ဖြတ်မှု စွပ်စွဲချက် တွေအတွက် ရှင်းလင်းပြတ်သားတဲ့ အထောက်အထားတွေ ထုတ်ဖော် ပြသဖို့ လူ့အခွင့်အရေးကောင်စီမှာပဲ မနေ့တုန်းက တုံ့ပြန်ပြောဆိုထားပါတယ်။
Share:

လူမျိုးဘာသာ မခွဲခြားဘဲ နိုင်ငံသားပေါ်မှာပဲ အခြေခံသင့်တယ်


ကျမတို့ ၂၅ ယောက်အဖွဲ့က အင်ဒိုနီးရှားကို သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။ အင်ဒိုနီးရှားက ကျွန်မနိုင်ငံနဲ့ တော်တော်လေးကို တူပါတယ်။ သူတို့မှာ လူမျိုး ၇၀၀ ကျော်ရှိတယ်။ ကျွန်မတို့မြန်မာနိုင်ငံကတော့ လူမျိုး ၁၃၅ မျိုးရှိတယ်။ အင်ဒိုနီးရှားမှာ လူမျိုးတွေကွဲနေပေမယ့် သူတို့က အင်ဒိုနီးရှားနိုင်ငံသားလို့ပဲ အသိအမှတ်ပြုတယ်။ နင်ကတော့ ကချင်၊ နင်က ဗမာဆိုပြီး လူမျိုးခွဲခြားတာ မရှိဘူး။ နင်ကတော့ မွတ်စလင်၊ နင်ကတော့ ခရစ်ယာန်ဘာသာဆိုပြီးတော့ ဘာသာရေးအပေါ်မှာလည်း အခြေမခံဘူး။ အခြေမခံတဲ့အခါကျတော့ သူတို့က အင်ဒိုနီးရှားနိုင်ငံသားဆိုတဲ့ စိတ်ဓာတ်နဲ့ စုစည်းပြီးတော့ အင်ဒိုနီးရှားမှာ ကျွန်းပေါင်းတစ်သောင်းသုံးတောင်ကျော် ရှိတဲ့ဟာကို သူတို့စုစည်းနိုင်တယ်။
ဘာလို့စုစည်းနိုင်သလဲဆိုရင် တိုင်းရင်းသားပေါ်မှာ အခြေမခံဘူး၊ ဘာသာရေးပေါ်မှာ အခြေမခံဘူး။ နိုင်ငံသား အပေါ်မှာပဲ အခြေခံပြီးတော့ အင်ဒိုနီးရှားနိုင်ငံကို တည်ဆောက်နေတဲ့အတွက်ကြောင့် တော်တော်လေး အောင်မြင်ပြီးတော့ ကျွန်မတို့ထက် အရမ်းကို တိုးတက်နေတာကို တွေ့ရပါတယ်။
ကျွန်မတို့က ၁၃၅ မျိုးရှိပေမယ့် တိုင်းရင်းသားကို အခြေမခံဘဲ၊ ဘာသာကို အခြေမခံဘဲ ငါဘာဖြစ်တယ်ဆိုတာ မဟုတ်ဘဲနဲ့ ငါဟာ တိုင်းပြည်အတွက် ဘာလုပ်နိုင်မလဲ၊ ငါမြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဘာလုပ်နိုင် မလဲဆိုတာကိုပဲ ထည့်တွက်မယ်ဆိုရင် ကျွန်မတို့ဟာ စည်းလုံးညီညွတ်တဲ့ နိုင်ငံတော်ဖြစ်ပြီးတော့ အရှေ့တောင် အာရှမှာ ကျွန်မတို့က သူများထက် ကျော်သွားနိုင်ပါတယ်။ အခုလိုပြောတာကလည်း အင်ဒိုနီးရှားနိုင်ငံခရီးစဉ်မှာ တွေ့ခဲ့ရတာကတော့ တိုင်းရင်းသားတွေက ကျွန်မတို့ထက် များပေမယ့် နိုင်ငံသားဆိုတဲ့အပေါ်မှာပဲ အခြေခံတဲ့ အတွက် သူတို့နိုင်ငံအတွက် ဆောင်ရွက်နိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့နိုင်ငံမှာလည်း လူမျိုးဘာသာမခွဲခြားဘဲ နိုင်ငံသားအပေါ်မှာပဲ အခြေခံသင့်တယ်လို့ ပြောချင်ပါတယ်။
– ဒေါ်ရှီလာနန်တောင်
အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌ
(((Hot News – Vol-6, No-294, May 20-26, 2016 ပါ ဒေါ်ရှီလာနန်တောင်နှင့် အင်တာဗျူးမှ
 ကောက်နုတ်ချက်)))
ပြန်လည်မျှဝေပေးပါသည်။
ရာဇာ
Image may contain: 1 person
Advertisements
Share:

လူမျိုးတုန်းအထောက်အထားတောင်းဆို

( မတ် – ၀၉၊ ၂၀၁၈ ) လူမျိုးသုတ်သင်မှု့ သို့မဟုတ် လူမျိုးတုန်းသတ်ဖြတ်မှု့ စွပ်စွဲချက်များနှင့်ပတ်သက်၍ ထင်ရှားသော သက်သေပြချက်ရှိလျှင် ကြည့်ရှု့လိုသည်ဟု မြန်မာပြောဆို ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်များအား တုန့်ပြန်ချေပ
– ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာတွင် ကျင်းပလျှက်ရှိသော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အင်္ဂါနေ့ အစည်းအဝေး၌ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ မွတ်စလင်မျိုးနွယ်စုတို့အပေါ် လူမျိုးသုတ်သင်မှု့ သို့မဟုတ် လူမျိုးတုန်း သတ်ဖြတ်မှု့ ကျူးလွန်ကြောင်း စွပ်စွဲချက်များနှင့် ပတ်သက်၍ ထင်ရှားသော အထောက်အထား သက်သေပြချက်ရှိလျှင် ကြည့်ရှု့လိုကြောင်း မြန်မာလုံခြုံရေးအမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက ပြောကြား သည်ဟု Reuters က ယနေ့ရေးသားသည်။
မြန်မာနိုင်ငံအတွင်း လူမျိုးသုတ်သင်မှု့ သို့မဟုတ် လူမျိုးတုန်းသတ်ဖြတ်မှု့စွပ်စွဲချက်များစွာကို ကျွန်ုပ်တို့ အမြဲတန်းကြားသိနေရကြောင်း ၊ ကျွန်ုပ်တို့အနေနှင့် ယခင်ကလည်းပြောဆိုခဲ့ဘူးပြီး ယခုလည်း ထပ်မံပြော ဆိုလိုသည်မှာ မြန်မာနိုင်ငံအစိုးရ၏ ပေါ်လစီတစ်ရပ် မဟုတ်သည်ကို အခိုင်အမာပြောကြားလိုကြောင်း၊ မည်သို့ပင် စွပ်စွဲကြသော်ငြားလည်း ကျွန်ုပ်တို့အနေဖြင့် ထင်ရှားသော သက်သေပြချက် ရရှိလိုသည်ဟု ဦးသောင်းထွန်းက ဆက်လက် ပြောဆိုသည်။
=====
TOP NEWSMARCH 9, 2018 / 12:17 AM / UPDATED AN HOUR AGO
Myanmar says it would like to see ‘clear evidence’ of genocide
Reuters Staff

GENEVA (Reuters) – Myanmar would like to see clear evidence to support accusations that ethnic cleansing or genocide has taken place against its Muslim minority in Rakhine state, National Security Adviser Thaung Tun told reporters in Geneva on Thursday.
“We have often heard many accusations that there is ethnic cleansing or even genocide in Myanmar. And I’ve said it before and I’ll say it again – it is not the policy of the government, and this we can assure you. Although there are accusations, we would like to have clear evidence,” he said.
Reporting by Tom Miles; Editing by Kevin Liffey
Htay Oung
Share:

ရိုဟင်ဂျာပြဿနာ ပြေလည်ရေး အမေရိကန် ဦးဆောင်သင့်တယ်လို့ မက်ကိန်းနဲ့ ဂျိုလီပြော

Photo: Kyaw Myo Min/RFA
ဓါတ်ပုံ – (ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး အင်ဂျ လီနာဂျိုလီ ကို ၂ဝ၁၅ ခုနှစ် ဇူလိုင် ၃ဝ ရက် နေ့ က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန် မိုင်ကောင် ဒုက္ခသည်စခန်းမှာ တွေ့ရစဉ်)
နှစ်ပေါင်း ၃၀ လောက် မြန်မာ့ဒီမိုကရေစီရေးအတွက် ထောက်ခံကူညီခဲ့တဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်ရှိအချိန်မှာလည်း မြန်မာပြည်သူတွေရဲ့ ဘဝလုံခြုံဖို့၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေရဖို့၊ အကြမ်းဖက်မှုတွေ ရပ်ဖို့ကိစ္စမှာ မျှတတဲ့အဖြေရအောင် မိမိတို့အနေနဲ့ပြသဖို့ လိုအပ်တယ်လို့ အမေရိကန်လွှတ်တော် အမတ်ကြီး မက်ကိန်းနဲ့ မင်းသမီး အိန်ဂျလီနာဂျိုလီတို့က နယူးယောက် တိုင်းမ်စ်သတင်းစာကနေ ပူးတွဲရေးသား တိုက်တွန်းလိုက်ပါတယ်။
ကမ္ဘာပေါ်က လူ့အခွင့်အရေးချိုးဖောက် မှုတွေ၊ နိုင်ငံတကာဥပဒေ ချိုးဖောက်ခံရ တာတွေ၊ ကမ္ဘာအရေးတွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဦးဆောင်ခဲ့ ပေမယ့်၊ အခုနောက်ပိုင်း ဆီးရီးယားအရေးမှာ ထိရောက်အောင် မကာကွယ်ပေးနိုင်တာဟာ အရှက်ရဖွယ် ဖြစ်ရသလို၊ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ ဖိနှိပ်ခံရတာကိုလည်း မျက်ကွယ်မပြုဘဲ ဦးဆောင်ကာကွယ် သင့်တယ်လို့ သူတို့နှစ်ယောက်က ပြော ပါတယ်။
Share:

09 March, 2018

ဒေါ်အောင်ဆန်းစုကြည်ကို သက်ကြီးရွယ်အို ဂျူးအစည်းရုံးမှပေးထားသော ဆုကို ရုတ်သိမ်း


နေအိမ် အကျယ်ချုပ် (၁၅) နှစ်နှင့် စစ်အာဏာရှင်ကို ဆန့်ကျင်၍ တိုင်းပြည်နှင့် ပြည်သူ့မျက်နှာကိုသာကြည့်ပြီး ရပ်တည်ခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီ လက်အောက်သတ်ဖြတ်ခံရခြင်းမှ လွတ်မြောက်လာသူ ဂျူး လူမျိုးများ ဖွဲ့စည်းထားသော ‘အမေရိကန် ပြည်ထောင်စုရှိ မီးလောင် တိုက်သွင်းခံ ဘဝမှ လွတ်မြောက်လာသူများ အောင့်မေ့ သတိယဖွယ် ပြတိုက် (The U.S.Holocaust Memorial Museum)’ မှ ၂၀၁၂ခုနှစ်အတွင်း ချီးကျူး အပ်နှင်း ပေးအပ်ခဲ့သော“Elie Wiesel Award” ကို ယခုအခါ မြန်မာပြည်တွင်းရှိ ရိုဟင်ဂျာ လူမျိုးများကို ‘လူမျိုးတုန်း သတ်ဖြတ်ခြင်း (Ethnic cleansing crisis)’ အပေါ်ကန့်ကွက် တားဆီး ကာကွယ်ခြင်းမရှိ လမ်းမှားပျက်ကွက် နုတ်ဆိတ်နေမှုကြောင့် ထိုဆုကို ပြန်လည် ရုပ်သိမ်းလိုက်ပါကြောင်း ဒီကနေ့ တရားဝင် ကြေ ညာ၍ သူမထံသို့လည်း စာပေးပို့၍အကြောင်းကြားကြောင်း သိရပါတယ်။



The Museum bestowed the 2012 ElieWiesel Award on Nobel laureate AungSan Suu Kyi for her courageous leader-ship and great personal sacrifice inresisting tyranny and advancing thefreedom and dignity of the Burmesepeople.
Holocaust Museum revokes award givento Myanmar leader over Rohingya ethniccleansing.
The U.S. Holocaust Memorial Museumhas reportedly rescinded an award givento Myanmar’s civilian leader, saying thatshe has failed to live up to its standardswith her silence on the country’s ethniccleansing crisis.
(Andrew Soe)
Share:

မြန်မာကို စစ်ရာဇဝတ်မှုခုံရုံးတင်နိုင်ရေး ကုလအဆင့်မြင့်အရာရှိ တောင်းဆို

မြန်မာနိုင်ငံက ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို ဖော်ထုတ်ပြီး နိုင်ငံတကာ စစ်ရာဇဝတ်မှုခုံရုံးတင်နိုင်ဖို့အတွက် ဆီးရီးယားနိုင်ငံမှာဖြစ်ခဲ့တဲ့ ပြဿနာတုန်းကလို စုံစမ်းစစ်ဆေးတရားစွဲဆိုမယ့် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းသွားဖို့ ကုလသမဂ္ဂ လူ့အခွင့်ုအရေးကောင်စီ အကြီးအကဲ Zeid Ra’ad Al Hussein က ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။
ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့ ပြဿနာတွေ အဓိကဖြစ်ပွားခဲ့တဲ့နေရာတွေက ဖြစ်ပျက်မှုများကို ဘက်စုံထောင့်စုံကနေ စုံစမ်းရှာဖွေဖို့ အဖွဲ့တွေစေလွှတ်မှာ ဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်ရာမှာ ကန့်သတ်ချက်အခြေအနေတချို့ရှိနိုင်ပေမဲ့ ရက်ရက်စက်စက်ကြမ်းကြမ်းတမ်းတမ်း ဆောင်ရွက်ခဲ့မှုတွေအတွက် စစ်ရာဇဝတ်မှုတရားရုံးကိုတင်နိုင်တဲ့ သက်သေတွေရရှိအောင် အဓိကထားဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ဆီးရီးယားနိုင်ငံအတွက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ၂၀၁၆ခုနှစ်က မဲခွဲပြီး  ဘက်မလိုက်တဲ့ လွတ်လပ်တဲ့အဖွဲ့ဖွဲ့ပြီး ဆောင်ရွက်ခဲ့ပါတယ်။  ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီအနေနဲ့ အလားတူအဖွဲ့အစည်းမျိုး ဖွဲ့စည်းလုပ်ဆောင်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံကို Zeid Ra’ad Al Hussein က တောင်းဆိုလိုက်ပါတယ်။
Zeid တင်ပြတဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်တဲ့ ပုံသဏ္ဍာန်မျိုး လုပ်ဆောင်ခဲ့ပုံရတယ်လို့ ရေးသားထားပါတယ်။
Photo: UN Web TV
Share:

လူမျိုးဘာသာ မခွဲခြားဘဲ နိုင်ငံသားပေါ်မှာပဲ အခြေခံသင့်တယ်


လူမျိုးဘာသာ မခွဲခြားဘဲ နိုင်ငံသားပေါ်မှာပဲ အခြေခံသင့်တယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျမတို့ ၂၅ ယောက်အဖွဲ့က အင်ဒိုနီးရှားကို သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။ အင်ဒိုနီးရှားက ကျွန်မနိုင်ငံနဲ့ တော်တော်လေးကို တူပါတယ်။ သူတို့မှာ လူမျိုး ၇၀၀ ကျော်ရှိတယ်။ ကျွန်မတို့မြန်မာနိုင်ငံကတော့ လူမျိုး ၁၃၅ မျိုးရှိတယ်။ အင်ဒိုနီးရှားမှာ လူမျိုးတွေကွဲနေပေမယ့် သူတို့က အင်ဒိုနီးရှားနိုင်ငံသားလို့ပဲ အသိအမှတ်ပြုတယ်။ နင်ကတော့ ကချင်၊ နင်က ဗမာဆိုပြီး လူမျိုးခွဲခြားတာ မရှိဘူး။ နင်ကတော့ မွတ်စလင်၊ နင်ကတော့ ခရစ်ယာန်ဘာသာဆိုပြီးတော့ ဘာသာရေးအပေါ်မှာလည်း အခြေမခံဘူး။ အခြေမခံတဲ့အခါကျတော့ သူတို့က အင်ဒိုနီးရှားနိုင်ငံသားဆိုတဲ့ စိတ်ဓာတ်နဲ့ စုစည်းပြီးတော့ အင်ဒိုနီးရှားမှာ ကျွန်းပေါင်းတစ်သောင်းသုံးတောင်ကျော်ရှိတဲ့ဟာကို သူတို့စုစည်းနိုင်တယ်။
ဘာလို့စုစည်းနိုင်သလဲဆိုရင် တိုင်းရင်းသားပေါ်မှာ အခြေမခံဘူး၊ ဘာသာရေးပေါ်မှာ အခြေမခံဘူး။ နိုင်ငံသားအပေါ်မှာပဲ အခြေခံပြီးတော့ အင်ဒိုနီးရှားနိုင်ငံကို တည်ဆောက်နေတဲ့အတွက်ကြောင့် တော်တော်လေး အောင်မြင်ပြီးတော့ ကျွန်မတို့ထက် အရမ်းကို တိုးတက်နေတာကို တွေ့ရပါတယ်။
ကျွန်မတို့က ၁၃၅ မျိုးရှိပေမယ့် တိုင်းရင်းသားကို အခြေမခံဘဲ၊ ဘာသာကို အခြေမခံဘဲ ငါဘာဖြစ်တယ်ဆိုတာ မဟုတ်ဘဲနဲ့ ငါဟာ တိုင်းပြည်အတွက် ဘာလုပ်နိုင်မလဲ၊ ငါမြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဘာလုပ်နိုင်မလဲဆိုတာကိုပဲ ထည့်တွက်မယ်ဆိုရင် ကျွန်မတို့ဟာ စည်းလုံးညီညွတ်တဲ့ နိုင်ငံတော်ဖြစ်ပြီးတော့ အရှေ့တောင်အာရှမှာ ကျွန်မတို့က သူများထက် ကျော်သွားနိုင်ပါတယ်။ အခုလိုပြောတာကလည်း အင်ဒိုနီးရှားနိုင်ငံခရီးစဉ်မှာ တွေ့ခဲ့ရတာကတော့ တိုင်းရင်းသားတွေက ကျွန်မတို့ထက် များပေမယ့် နိုင်ငံသားဆိုတဲ့အပေါ်မှာပဲ အခြေခံတဲ့အတွက် သူတို့နိုင်ငံအတွက် ဆောင်ရွက်နိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့နိုင်ငံမှာလည်း လူမျိုးဘာသာမခွဲခြားဘဲ နိုင်ငံသားအပေါ်မှာပဲ အခြေခံသင့်တယ်လို့ ပြောချင်ပါတယ်။
- ဒေါ်ရှီလာနန်တောင်
အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌ
(((Hot News – Vol-6, No-294, May 20-26, 2016 ပါ ဒေါ်ရှီလာနန်တောင်နှင့် အင်တာဗျူးမှ ကောက်နုတ်ချက်)))
ပြနမလည်မျှဝေပေးပါသည်။
ရာဇာ

Image may contain: 1 person
Share:

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဆွေးနွေးချက်၊ (နိုင်ငံသားကတ် ကိစ္စ ဆွေးနွေးချက်)

ဦး​အေးလွင်​ ၊ ငြိမ်းချမ်း​မေတ္တာအဖွဲ့ (မြန်​မာနိုင်​ငံ) နှင့်​ V O A ​ဆွေး​နွေးပွဲ




Advertisements
Share:

05 March, 2018

ရိုဟင်ဂျာအရေး မြန်မာ-ဘင်္ဂလားဒေ့ရှ်အစိုးရတွေနဲ့ အမေရိကန်ပူးပေါင်းဆောင်ရွက်မည်











အမေရိကန်သမ္မတရဲ့ ဒုတိယလက်ထောက် Lisa Curtis (ယာ) နဲ့ အာဖဂန်ဆိုင်ရာ အမေရိကန်သံအမတ်ရိုဟင်ဂျာတွေအပေါ် ညှဉ်းပမ်းသတ်ဖြတ်မှုတွေကို နောက်ထပ်မဖြစ်ပွါးအောင် တားဆီးပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကိုအမေရိကန်ပြည်ထောင်စုအနေနဲ့ ဖေါ်ထုတ် သွားမယ်လို့ အမေရိကန်သမ္မတ Donald Trump ရဲ့  ဒုတိယလက်ထောက် လည်းဖြစ်၊ တောင်နဲ့ အာရှအလယ်ပိုင်းဆိုင်ရာ အမျိုးသားလုံခြုံရေးကောင်စီ၊ အကြီးတန်း ညွှန်ကြားရေးမှူး Lisa Curtis က ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတွေနဲ့ ပူပေါင်းဆောင်ရွက်သွားမယ့်အကြောင်းလည်း သူက ပြောပါတယ်။
"ရိုဟင်ဂျာတွေကို အကူအညီပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကို အမေရိကန်က ဆက်ပြီး ကူညီပံ့ပိုးပေးသွားမှာဖြစ်ပြီး အန္တရယ်တွေ ရင်ဆိုင်ခဲ့ရတဲ့သူတွေရဲ့ လုံခြုံရေးနဲ့ လိုအပ်တာတွေကို ဖြည့်ဆည်းပေးသွားဖို့ အတူပူးပေါင်းဆောင်ရွက်သွားမှာပါ။ သူတို့ရဲ့အခြေအနေကို ကမ္ဘာကြီးက ဆက်ပြီး စောင့်ကြည့်နေကြောင်းနဲ့ ဖြစ်နိုင်သမျှနည်းလမ်းတွေနဲ့ လုံခြုံရေးအတွက် ကာကွယ်သွားမှာကို ရိုဟင်ဂျာတွေ သိစေချင်ပါတယ်။ ဒါ့အပြင် နေရပ်ရင်းပြန်တဲ့အခါမှာ လုံခြုံရေးအာမခံချက်ရှိဖို့ မြန်မာအစိုးရနဲ့လည်း ပူးတွဲဆောင်ရွက်သွားပါမယ်" လို့ ဘင်္ဂလာဒေ့ရှ်နိုင်ငံ Cox’s Bazar အနီးက ဒုက္ခသည် စခန်းကို ဒီကနေ့ သွားရောက်ကြည့်ရှုခဲ့တဲ့ Curtis က ပြောသွားတာပါ။
လွန်ခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်းက ရခိုင်ပြည်နယ်က လုံခြုံရေး ရဲကင်းစခန်းတွေကို ARSA အစွန်းးရောက်အဖွဲ့က ၀င်ရောက် တိုက်ခိုက်တာကြောင့် စစ်တပ်က နယ်မြေ ရှင်းလင်းရာမှာ ရိုဟင်ဂျာ ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံ သွားပါတယ်။ အဲဒီလို စစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း လူတွေ သိန်းနဲ့ ချီ ထွက်ပြေးခဲ့ ရတာကြောင့် ကုလသမဂ္ဂအပါအ၀င်၊ အမေရိကန်နဲ့ နိုင်ငံကြီးတချို့က ဒါဟာ လူမျိုးစု အလိုက် ရှင်းလင်းဖယ်ရှားမှုဖြစ်တယ်လို့ ပြောဆိုခဲ့သလို ညှဉ်းပမ်းသတ်ဖြတ်တာတွေ၊ အမျိုးသမီးတွေအပေါ် မတရားပြုကျင့်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပါတယ်။ အခုအခါမှာတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကြား အဲဒီထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ သဘောတူညီ ထားခဲ့ကြပေမယ့်လည်း အစီအစဉ်အကောင်အထည်ဖေါ်နိုင်တဲ့အထိတော့ ဖြစ်မလာသေးသလို နယ်စပ်ဖြတ်ကျော် ထွက်ပြေးနေတာတွေလည်း ဆက်ရှိနေဆဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းကမ္ဘာတဝှမ်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်နွယ်ပြီး အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်မှုအသစ်တွေ ချမှတ်လိုက်တဲ့ လူပုဂ္ဂိုလ် ၁၃ ထဲမှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုးကို ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေမှာ ကြီးကြပ်တာဝန်ယူခဲ့တဲ့ အဓိကတာဝန်ရှိသူအဖြစ် ထည့်သွင်းအရေးယူခဲ့ပါတယ်။

Share:

ဒေါ်အောင်ဆန်းစုကြည် ထံကဆု ပြန်ရုပ်သိမ်းဖို့ ဒန်းဒီး အမတ်ပြောကြား

စကော့တလန်နိုင်ငံ Dundee ဒန်းဒီးမြို့ လွှတ်တော်အမတ် Chris Law ကရစ်လော က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပ်နှင်းထားတဲ့ ဒန်းဒီး မြို့တော်လွတ်မြောက်ရေးဆုကို ပြန်လည်ရုပ်သိမ်းဖို့အချိန်ကျပြီလို့ မနေ့က ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာအစိုးရက ဖိနှိပ်မှုတွေကို အရေးယူတဲ့အနေနဲ့ အခုလို ဆုကိုရုပ်သိမ်းဖို့ ဒန်းဒီးမြို့တော်ကောင်စီကို သူစာရေးသားတင်ပြမယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်ကို သွားရောက်ကြည့်ရှုပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးဖို့အတွက် ကရစ်နဲ့ တခြား ဥရောပ လွှတ်တော်ကိုယ်စားလှယ်တွေက ဗီဇာတောင်းခံခဲ့တာကို မြန်မာအစိုးရက ငြင်းပယ်ခဲ့တဲ့အတွက် သူက အခုလို ပြောကြားတာဖြစ်ပါတယ်။
သူတို့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့  မြန်မာနိုင်ငံဖွံ့ဖြိုးရေအတွက် ဗြိတိန်နိုင်ငံက ပေးထားတဲ့ ပေါင်စတာလင်ငွေ သန်း ၁ဝဝ နဲ့ ဆောင်ရွက်နေတဲ့ စီမံကိန်းဒေသတွေကိုလည်း သွားရောက်ကြည့်ရှုဖို့ စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ မြို့တော်လွတ်မြောက်ရေးဆုကို ဒန်းဒီးမြို့တော်ကောင်စီက၂ဝဝ၈ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
RFA Burmese
Share:

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.