15 November, 2018

အမေရိကန် သံအမတ်ကြီး စကော့မာစီယာလ် ရခိုင်ကိစ္စ ပြင်းထန်စွာပြောပြီ (အင်တာဗျူး)

ပြင်းပြင်းထန်ထန် အရေးယူဖို့ ဖိအားတွေ တိုးလာနေပါတယ်- အမေရိကန် သံအမတ်ကြီး စကော့မာစီယာလ်
+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + +
မေး- ရခိုင်အရေးဟာ ကာလရှည်ကြာ ခိုင်မြဲခဲ့တဲ့ အမေရိကန်-မြန်မာ ဆက်ဆံရေးမှာ သိသိသာသာတင်းမာ မှုတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ဒီလို ဖြစ်ပေါ်လာတဲ့အခြေနေမျိုးမှာ အမေရိကန်သံအမတ်ကြီးတစ်ယောက် အနေနဲ့ အစိုးရနဲ့ စေ့စပ်ညှိုနှိုင်းရေးလုပ်ပေးရတာ ဘယ်လောက်ထိ ခက်ခဲနေ ပါပြီလဲ?
ဖြေ- လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်တုန်းက ရခဲ့တဲ့ ဆက်ဆံရေးမျိုးနားအထိ နဲနဲပြန်ရောက်ဖို့ ကျနော် အမြဲတမ်းကြိုးစားနေပါတယ်။ ကျနော် တို့ကြား ဆက်ဆံရေးလမ်းကြောင်းဟာ မြန်မာတို့ ဘယ်လိုဆက်ဆံလဲ ဆိုတဲ့ နောက်ကို အမှန်တကယ်လိုက်ခဲ့ပါတယ်.. မြန်မာ့အလား လာ ကောင်းလာတာနဲ့အမျှ ကျနော်တို့ နှစ်နိုင်ငံကြားဆက်ဆံရေးဟာလည်း သိသိသာသာကို တိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၄ လ ကျော်လောက်တုန်းက ရခိုင်မှာဖြစ်ခဲ့တဲ့ အရေးခင်းနောက်ပိုင်းမှာ ဆက်ဆံရေးဟာ လုံးဝ အကျဘက်ကို ရောက်သွားတယ်ဆိုတာ သေခြာပါတယ်။ ဒီပြဿနာက ၂ နိုင်ငံဆက်ဆံရေးကို အကျိုးသက်ရောက်စေပါတယ်။
ကျနော်တို့ ဆက်လက်ပြီးတော့လည်း ကိစ္စရပ်တော်တော်များများကို ပြောဆိုဆွေးနွေးနိုင်ကြပါသေးတယ်။ ကျနော်တို့ဘက်က မြန်မာ အစိုးရအရာရှိကြီးတွေနဲ့ အမြဲတမ်း ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့ ကြိုးစားပါတယ်။ ရခိုင်ကိစ္စ ဒါမှမဟုတ် ကျနော်တို့ တစ်ခြားကိစ္စတွေကို ပြောဆိုဆွေးနွေးကြတဲ့အခါ လူ့အခွင့်ရေးနဲ့ လူသားကပ်ဘေးဒုက္ခကြီးကို ရင်ဆိုင်ဖြေရှင်းတဲ့နည်းလမ်းနဲ့ ဒီစိန်ခေါ်မှုကြီးကို မြန်မာနိုင်ငံ က ကျော်လွှား တဲ့နေရာမှာ အမေရိကန်အစိုးရအနေနဲ့ ဘယ်လို အကူညီပေးရမလဲဆိုတဲ့ အကြောင်းတွေပဲ ဖြစ်ပြီး တိုင်းပြည်ကို ရှေ့တိုး ချီတက်နိုင်အောင် အကူညီတွေပေးချင်ပါတယ်။
မေးမြန်မာအစိုးရနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမျိုးမှာ ရခိုင်ကိစ္စကို နောက်ထပ်မတူညီတဲ့ ရှုထောင့်ကနေ တုန့်ပြန်ဖြေရှင်းတာကို လက်သင့်ခံဖို့ မြန်မာအစိုးရကို လူကြီးမင်းအနေနဲ့ တိုက်တွန်းရာမှာ ဘယ်လိုဆွေးနွေး ဖျောင်းဖြခဲ့ ပါသလဲ?
ဖြေ- ကျနော်တို့ အကြောင်းရာတော်တော်များများကို ပြောဖြစ်ကြပါတယ်။ ပထမတစ်ခုက- လူသားချင်းစာနာမှု ဆိုင်ရာ ရှုထောင့်ကပေါ့ဗျာ။ ဖြစ်ရပ်မှန်က လူတွေတော်တော်များများ ဒုက္ခရောက်ကြရတာတွေ၊ လူတွေ အသတ်ခံလိုက်ရသလား၊ သတင်းတွေရရှိထားသလို ကျယ်ကျယ်ပြန့်ပြန့် မုဒိန်းကျင့်ခံလိုက်ရသလား၊ ပြီးတော့ လူပေါင်း ၇၀၀,၀၀၀ လောက်ကလည်း နိုင်ငံတွင်းက ထွက်ပြေးသွားတယ်ဆို တော့လေ။ အဲဒီအတွက် ကမ္ဘာကြီးက- အမှန်တကယ်ပဲ- တော်တော်ပဲ စိတ်မသက်မသာဖြစ်နေကြရတယ်။ အာဆာတိုက်လိုက်လို့ လုံခြုံ ရေးဆိုင်ရာ တုန့်ပြန်မှုတွေဖြစ်လာတာကို ကျနော်တို့လက်ခံတယ်။ အာဆာတိုက်တာကိုလည်း ကျနော်တို့ ရှုံချတယ်။ ဒါပေမဲ့ လုံခြုံရေး တပ်သားတွေက လိုအပ်တာထက်ပိုပြီး ရက်ရက်စက်စက် လက်တုန့်ပြန်တာမျိုး ကိုကျတော့ ကျနော်တို့ဘက်က OK ပါတယ်လို့ မပြောနိုင် ဘူးဗျ။ ဒါကြောင့် ကမ္ဘာလုံးဆိုင်ရာ ကျင့်ဝတ်သိက္ခာအရရော၊ လူ့အခွင့်ရေးရှုထောင့်အရကြည့်ရင်ရော.. ကမ္ဘာကြီး တစ်ခုလုံးက ဒီကိစ္စကို တာဝန်ခံမှုတာဝန်ယူမှုရှိဖို့နဲ့ တရားမျှတမှုဘက်ကနေ ဖြေရှင်းပေးဖို့ အခိုင်အမာပြောနေတယ်ခင်ဗျ။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာတော့ တကယ်လက်တွေ့ မြေပြင်အခြေနေမှာတော့ တိုးတက်လာအောင် မနဲ့ကိုကြိုးစား ယူနေရတယ်ဗျ။
..
..
ကျနော်တို့ ပြောခဲ့တဲ့ တတိယအချက်က … ရခိုင်ပြည်နယ်မှာ အသိုင်းဝိုင်းအားလုံး သဟဇာတရှိရှိနေထိုင်နိုင်ဖို့ အကြောင်းရေးတွေကို ဖန်တီးပေးရေးကိစ္စဟာ ခက်ခဲမယ်ဆိုတာကို ကျနော်တို့လည်း အသိမှတ်ပြုပါတယ်ဗျာ။ အချိန်ယူရအုံးမယ်။ ဒါပေမဲ့ နေပြည်တော်က ကြေညာချက်ကလေးထုတ်ပြယုံနဲ့ မပြီးသေးဘူးလေဗျာ။ ကျနော်တို့ အမှန်တကယ်ကို ကူညီချင်ပါတယ်။ ကျနော်တို့- နောက်ပြီး ကျနော် ထင်ပါတယ် နိုင်ငံတကာ အသိုင်းဝိုင်း အနေနဲ့လည်း ကျနော်တို့တင်မကဘူး ဘယ်နည်းနဲ့မဆို ကူညီဖို့ အဆင်သင့်ဖြစ်နေကြတယ်။ ကျနော် တို့ရဲ့ အတွေ့ကြုံတွေ၊ နည်းပညာအကူညီတွေ ဒီလိုမျိုးအလားတူကိစ္စရပ်မျိုးတွေ ကို ဝေမျှပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ရှာကြည့် နေတာက လက်ဆုပ်လက်ကိုင်ပြစရာ တိုးတက်မှုတစ်ချို့ပဲ။
မေး- ဘယ်လိုလက်ဆုပ်လက်ကိုင်ပြစရာ တိုးတက်မှုမျိုးလဲ?
ဖြေ- နှစ်ချက်ရှိပါတယ်။ တစ် အချက်က၊ အပစ်ကျူးလွန်တဲ့သူတွေကို တာဝန်ခံရေးကိစ္စဘက်က ရှင်းရှင်း လင်းလင်းလေးကို ညွှန်ပြပေးရမယ်။ မြန်မာအစိုးရဖွဲ့စည်းထားတဲ့ စုံစမ်းရေးကော်မရှင်ကလည်း လူယုံကြည်အောင် အလုပ်လုပ်ပြနိုင်ရမယ်။ မြန်မာနိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံအသိုင်း ၀ိုင်းက သူတွေကို ယုံကြည်လက်ခံလောက် တဲ့ ရလဒ်မျိုး သူတို့ဘက်က ထုတ်ပြနိုင်ရမယ်။
ဒုတိယ အချက်က၊ ကိုဖီအာနန်ဦးဆောင်တဲ့ကော်မရှင်ရဲ့ အကြံပြုချက်တွေအတိုင်း အကောင်ထည်ဖော်နေ တာတွေ က အမှန်တကယ် နောက်ပြန်သွားနေတယ်ဆိုတာကို ပြောရယင် လုပ်စရာအလုပ်တွေ တော်တော် များများကို ကျန်နေသေးတယ်ခင်ဗျ။ အစိုးရက အဆောက်အအုံတွေ ဆောက်ပြဖို့ပဲ အာရုံစိုက်ပြနေတယ်။ ပညာရေး၊ ကျန်းမာရေးပိုင်းမှာတော့ အနည်းငယ်တိုးတက်လာတယ် လို့ ကျနော်ထင်ပါတယ်။ ဒါကောင်းပါတယ်။ ဒါပေမဲ့ မွတ်စလင်အသိုင်းဝိုင်းအခွင့်ရေးနဲ့ ပတ်သတ်လာရင် လုံးဝကို မတိုးတက်သလောက်ပဲ။ အခြေခံလွတ်လပ်စွာ သွားလာခွင့်၊ ပညာသင်ကြားခွင့်၊ ဆေးကုသခွင့်၊ ဥပဒေနဲ့အညီရပိုင်ခွင့်တွေ- နိုင်ငံသားဖြစ်ခွင့်နဲ့ တစ်ခြားသော တရားဥပဒေပြဌာန်းချက်ပါ အခွင့်လမ်းတွေ- အပိုင်းမှာ ရှေ့ကိုနဲနဲလောက်တောင် အမှန်တကယ်မတိုးတက်လာပါဘူးဗျာ။
မေး မြန်မာအစိုးရက အိုင်ဒီပီစခန်းအချို့ ပိတ်သိမ်းပစ်ဖို့ လုပ်ကိုင်နေတာနဲ့ ပတ်သတ်ပြီး ခင်ဗျား ဘယ်လို အကဲဖြတ်လို့ရလဲ?
ဖြေ- အခုထိတော့ နိုင်ငံတကာစံနှုန်းမျိုး မရောက်သေးပါဘူး။ ဒီစခန်းတွေ ပိတ်သိမ်းပစ်မဲ့ ခင်ဗျားတို့ရဲ့ရလဒ် အောင်မြင်တာကိုပဲ ကျနော်တို့ လိုချင်တယ်လို့ မြန်မာအစိုးရကို ကျနော်တို့ ဖိပြောခဲ့တယ်။ ဒါပေမဲ့ အဲဒီစခန်းမှာရှိတဲ့ လူတွေရဲ့ ဘ၀တွေ အမှန်တကယ်တိုးတက်လာဖို့ လုပ်ရမဲ့နည်းက ပိုလို့ အရေးကြီးပါတယ်။
အခုထိတော့ ကျနော်တို့ မြင်တွေ့နေရတာက ဒုက္ခသည်စခန်းတွေတော့ ပိတ်သိမ်းပြီးပါရဲ့၊ ဒါပေမဲ့ အဲဒီစခန်း မှာနေခဲ့ကြသူတွေဟာ တစ်ခြားနေရာကို ပြောင်းသွားလိုက်ကြရတော့ သူတို့ခင်မြာ လွတ်လပ်စွာ သွားလာခွင့်လည်းမရ သူတို့အရင်တုန်းက ရခဲ့တဲ့ ကူညီ ထောက်ပံ့မှုမျိုးကိုလည်း မရကြသလောက် ဖြစ်ကုန် တယ်။ အခြေနေတွေတော့ ပြောင်းလဲနေပါရဲ့ ဒါပေမဲ့ မတိုးတက်သေးဘူးပဲ။ ကျနော် တို့ တကယ်မြင်ချင်နေ တာက အိုင်ဒီပီစခန်းကနေ ပြောင်းသွားတာနဲ့ တစ်ပြိုင်နက်တည်း သူတို့ရဲ့ အခွင့်ရေးတွေ၊ သူတို့ရဲ့ ဘ၀ အခြေနေ တွေဟာ လိုက်ပါတိုးတက်ပြောင်းလဲသွားရမယ်။
မေး- ဘယ်လောက်အတိုင်းအတာထိ အရေးယူအပစ်ပေးမှ သူတို့ရဲ့ အပြုမူတွေ အမှန်တကယ်ပြောင်းလဲ လာမယ်လို့ ထင်ပါသလဲ?
ဖြေ- ဆိုလိုတာက တာဝန်ခံမှုတစ်ခုဆီကို ခြေလှမ်းသွားရမှာ.. အရင်ဆုံး နှိပ်စက်အနိုင်ကျင့်တဲ့ကိစ္စရပ်တွေမှာ တိုက်ရိုက်ပါဝင်ပတ်သတ်တဲ့ သူတွေကို ဦးစားပေးလုပ်ရမှာ။ ဒါကြောင့် ဒီလိုအသိတရားရှိသွားတယ်ဆိုရင် အဲဒီမှာ ပစ်ဒဏ်ပေးရေးကတော့ သေခြာပေါက်လာမှာပဲ။ ဒါပေမဲ့ ကျနော်ဘာကို ပိုဆိုလိုသလဲဆိုတော့ကာ တိုင်းပြည်တစ်ခုလုံးကို ပစ်ဒဏ်ပေးရေးကိုတော့ မရည်ရွယ်စေချင်ဘူးလို့ ပြောတာပါ။
ပစ်မှတ်ထားအရေးယူရေးဟာ တိတိကျကျသတ်မှတ်ထားတဲ့ လူပုဂ္ဂိုလ်တွေကို စိုးရိမ်စရာကောင်းတဲ့ ရှင်းလင်းပြတ်သားတဲ့ မက်ဆေ့ပေး ရာမှာ အထောက်ကူဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့ အမှန်တကယ် အရေးကြီးတာက တိုင်းပြည်တစ်ခုလုံးကို ဖြောင်းဖြနားချ ပေးဖို့ပါ။ အစိုးရကို ပြောတာ မဟုတ်ပါဘူး။ လူထုကိုပါ- သူတို့ ဒီအရေးခင်းဖြစ်တာကိုကြည့်ပြီး သေသေခြာခြာစဉ်းစားပြီး သတို့ တကယ့် သတင်းအမှန် ရယူဖို့ပါ။ ဒီကိစ္စကြောင့် တိုင်းပြည်ဘယ်လောက်ထိပျက်စီးသွားပီလဲ နဲ့ ဒါတွေကို ဖြေရှင်းမှသာ တိုင်းပြည်တိုးတက်မှာဖြစ် ကြောင်း အရေးကြီးပါတယ်။ ဒါက တကယ့်ပန်းတိုင်ဖြစ်ပြီး ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုတွေဟာ ကျနော်တို့ သုံးနေတဲ့ လက်နက်တစ်ခုသာ ဖြစ်ပါတယ်။
မေး- လူတွေတော်တော်များများ မေးခွန်းတွေမေးနေကြတာက ဘာကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သူ့စစ်တပ်ကုမ္ပဏီတွေ အခုထိ ဘာကြောင့် အရေးယူခံရတဲ့အထဲမပါဘူးလဲဆိုတာ။ စစ်တပ်နဲ့ ထိတွေ့ဆက်ဆံရေးဆက်ထားချင်တဲ့ ဆန္ဒကြောင့်များလားဗျ?
ကိစ္စရပ်တိုင်းကို ကျနော်တို့က အကောင်းဆုံးကူညီမဲ့အခွင့်ရေးရှိသေးတယ်ဆိုတဲ့ ပေါ်မှာပဲမူတည်ပြီး စဉ်းစား တယ်ဗျ။ မျက်နှာပြင်ကြော တင်းမာလာရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲအကျိုးဆက်တွေ ခံရနိုင်တယ်ဗျ။ ဒီကိစ္စရပ်အောက်မှာပဲ အရာရာကို ကျနော်တို့ စဉ်းစား တယ်ဗျ။ ဥပမာဗျာ- ကျနော်တို့က တပ်ပိုင်ကုမ္ပဏီတွေကိုပဲ အရေးယူပိတ်ဆို့မယ်ဆိုပါစို့၊ တစ်ခြားစီးပွားရေးတွေမှာ ဘာတွေ ဂယက်ရိုက် မှုတွေရှိလာနိုင်မလဲ? ဘာလို့လဲဆိုတော့ တပ်ပိုင်ကုမ္ပဏီတွေဟာ ဒီထက်ကျယ်ပြန့်တဲ့ စီးပွားရေးနယ်ပယ်တွေမှာ ပါဝင် ပတ်သတ်နေတာ ဗျ။ ဆန္ဒရှိတာကတော့ တစ်နိုင်ငံလုံးခြုံပြီး စီးပွားရေးထိခိုက်တာမျိုးတွေ ရှောင်ချင်တယ်။ ဘာလို့လဲ ဆိုတော့ အဲဒီအချိန်ကျယင် ခင်ဗျားလဲ ထိခိုက်မှာလေဗျာ။ စစ်ကိုင်းက ဖရဲခင်းစိုက်တဲ့ တောင်သူတွေရော၊ ရန်ကုန်က ဆောက်လုပ်ရေးလုပ်ငန်းတွေပါ ပတ်ခြုံထိမှာ။ ဒါမျိုးတွေ ကျနော်တို့ မလုပ်ချင်ဘူးဗျ။
ဒါကြောင့် ကျနော်တို့က အကျိုးနဲ့ အမြတ်ကို ကြည့်နေရတဲ့ ကိစ္စရပ်တွေရှိတယ်။ ဒါပေမဲ့ ကျနော်ပြောနိုင်တာက ဒါမျိုးကိစ္စကိုလည်း ချန် မထားပဲ ဒီကိစ္စအားလုံးကို ကျနော်တို့ ရှေ့ဆက်ထည့်သွင်းစဉ်းစားရမဲ့အထဲမှာလည်း ဆက်လက်ထည့်ထားတယ်။ အထူးသဖြင့် တိုးတက်မှု ဖြစ်မလာခဲ့ရင်ပေါ့။
‘Pressure for tougher action is growing’: US ambassador Scot Marciel
(Frontier Myanmar )
Ko Richard Smith အတိုချုံး ဘာသာပြန်သည်။
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.