13 October, 2018

ရွေးကောက်ပွဲ အနိုင်ရသည့် အန်န၀ါရ် အီဘရာဟင် မလေးရှား ၀န်ကြီးချုပ် ဖြစ်ရန် လမ်းပွင့်

အောက်တိုဘာ ၁၃၊ ၂၀၁၈
M-Media

– မလေးရှား အတိုက်အခံဟောင်း နိုင်ငံရေးသမား အန်ဝါရ်အီဘရာဟင်ဟာ ဒီကနေ့ ကျင်းပတဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ အမတ်တစ်နေရာ အနိုင်ရရှိသွားပြီး ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်ရဲ့နေရာ ကို ဆက်ခံဖို့ လမ်းပွင့်သွားပြီ ဖြစ်ပါတယ်။
ပေါ့ဒစ်ဆန် မဲဆန္ဒနယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အန်ဝါရ်ဟာ မဲအရေအတွက် ၇၁ ရာခိုင်နှုန်းကို ရရှိခဲ့တယ် လို့ မလေးရှား ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့နှောင်းပိုင်းမှာ ကြေငြာခဲ့ပါတယ်။
“ရလဒ်အတွက် ကျေနပ်ပါတယ်။ အလ္လာဟ်အရှင် အားလုံးကို ကောင်းချီးမင်္ဂလာ ချီးမြှင့်တော် မူပါစေ” လို့ မဲရလဒ် ထွက်ပေါ်လာပြီးတဲ့နောက် အန်န၀ါရ်က ပြောကြားခဲ့ပါတယ်။
အန်ဝါရ်ဟာ ၁၉၉၀ ပြည့်နှစ်တွေက မဟာသီရဲ့လက်အောက် ဒုတိယ၀န်ကြီးချုပ်တာဝန် ထမ်းဆောင် ခဲ့ပေမယ့် နောက်ပိုင်းမှာ သဘောထား မတိုက်ဆိုင်တော့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံရပြီး ထောင်ချခံခဲ့ရပါတယ်။ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်လက်ထက်မှာလည်း အန်ဝါရ်ဟာ ထပ်မံ ထောင်ချခံခဲ့ရပါတယ်။
နာဂျစ်ရာဇတ် ခြစားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် မဟာသီနဲ့ အန်ဝါရ်တို့ဟာ နိုင်ငံရေး မဟာမိတ် ပြန်ဖြစ်လာခဲ့ပြီး ဇွန်လကပြုလုပ်တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ အန်ဝရ်ဟာ ထောင်ဒဏ်နဲ့ နိုင်ငံရေးလောကထဲ မ၀င်ရဆိုတဲ့ ပိတ်ပင်မှုတွေကြောင့် အထွေထွေ ရွေးကောက်ပွဲ မှာ ၀င်မပြိုင်နိုင် ခဲ့ပါဘူး။
မဟာသီ ၀န်ကြီးချုပ်ဖြစ်လာပြီးတဲ့နောက်ပိုင်း အန်ဝါရ်ရဲ့ပြင်ဒဏ်ကို ဘုရင့်လွတ်ငြိမ်းချမ်းသာခွင့်ရအောင် ဆောင်ရွက် ပေးခဲ့ပါတယ်။
ဝန်ကြီးချုပ်မဟာသီဟာ ၂ နှစ်သာ တာဝနထမ်းဆောင်ပြီး အန်န၀ါရ်ကို အာဏာလွှဲပေးမယ်လို့ ရွေးကောက်ပွဲ မတိုင်ခင်က ပြောကြားထားပါတယ်။
Ref Aljazeera
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.