05 September, 2018

မြန်မာတပ်ဖွဲ့ ကျုးလွန်မှု မုချ အရေး ယူရမယ် လို့ ဗြိတိန်ပြောကြား



Image may contain: 1 person, suit

■ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ဂျရယ်မီ ဟန့် က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်တွေ ကို မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေက လူမျိုးတုံးရှင်းလင်းမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး   နိုင်ငံတကာ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတခုကို ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေစဉ် ဒီလအတွင်း နယူးယောက်မြို့မှာ သူကမကထပြုလုပ်ဖို့ ရည်မှန်းထားပါတယ်လို့ ပြောကြားရင်း လူမျိုးတုံး ရှင်းလင်းမှု ကို မည်သည့်ပုံစံ မည်သည့် အခြေအနေမျိုးမှာမှ လက်မခံနိုင်ပါဘူး၊ တာဝန်ရှိသူတွေကို တရားဥပဒေ အရ ကြိမ်းသေမုချ အရေးယူရမှာ ဖြစ်တယ်လို့ မနေ့က ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် သူ့အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော်ခေါင်းဆောင်တွေကိုလည်း တွေ့ဆုံလိုကြောင်း၊ မြေပြင်က ပကတိအခြေအနေတွေကိုကိုယ်တိုင်ကိုယ်ကျ လေ့လာကြည့်ရှုပြီး မြန်မာ ခေါင်းဆောင်တွေနဲ့အဲဒီလို တွေ့ဆုံခွင့်ရရင် ပိုမိုခိုင်မာမှာဖြစ်လို့ အင်မတန်အရေးကြီးကြောင်းလည်း ဂျရမီ ဟန့် ကပြောပါတယ်။
တဆက်တည်းမှာပဲ ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီ အချက်အလက် ရှာဖွေရေးအဖွဲ့က ကာကွယ်ရေးဦးစီးချုပ်နဲ့ တခြား တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ၅ ယောက်ကို ICC ခေါ် နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်ဖို့ ထောက်ခံတင်ပြခဲ့တာနဲ့ စပ်လျဉ်းပြီး ဗြိတိန်ဝန်ကြီးက အဲဒီလို အရေးယူဖို့အတွက် လုံခြုံရေးကောင်စီက ဆုံးဖြတ်ရမှာဖြစ်ကြောင်း၊ အခုအခြေအနေအရ ဒီကိစ္စအတွက် ကန့်ကွက်သူမရှိ ဆုံးဖြတ်နိုင်ပါ့မလားဆိုတာ မသေချာကြောင်း၊ ဒါပေမဲ့ ပြစ်မှုကျူးလွန်ခဲ့သူတွေ တရားဥပဒေရှေ့မှောက် ရောက်ရှိရေးအတွက် ဘယ်လိုနည်းလမ်းမှ မကျန်အောင် စေ့စပ်စွာ ကြိုးစားမှာဖြစ်ကြောင်း ကတိပြုပြောကြားပါတယ်။
အခု ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ပဋိပက္ခမှာ စည်းကမ်းကန့်သတ်မှုဘောင်တခုကို ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။ ယဉ်ကျေး တဲ့ လူ့ဘောင်ကို ယုံကြည်တန်ဖိုးထားတဲ့ နိုင်ငံတွေအနေနဲ့ တရားဥပဒေနဲ့အညီ လိုက်နာရပ်တည်ဖို့ လိုအပ်လှပါတယ်လို့လည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ဂျရယ်မီ ဟန့် က ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ မနေ့က ထုတ်ဝေတဲ့ The Wall Street Journal မှာတော့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ယောက်ကို ထောင်ဒဏ် ၇ နှစ်စီ အပြစ်ပေးခဲ့တာဟာ မြန်မာပြည်ရဲ့ သတင်း မီဒီယာ လွတ်လပ်ခွင့်ကို ရိုက်ချိုးမှုဖြစ်တယ်လို့ အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂက ထုတ်ဖေါ်ပြောကြား ခဲ့ကြောင်း၊ အခုအချိန်မှာ ဒီပြဿနာဟာ သတင်းထောက်တွေကို ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအရ လွှတ်ငြိမ်းချမ်းသာ ခွင့်ပေးနိုင်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအပေါ် မူတည်နေပြီဖြစ်ကြောင်းနဲ့ သူမ အနေနဲ့ ဒီမိုကရေစီ စံသတ်မှတ်ချက်တွေကို အခုအချိန်ထိ သစ္စာရှိရှိ ကတိပြု လိုက်နာနေဆဲပဲလား ဆိုတာကို စမ်းသပ်မှုအဖြစ် စောင့်ကြည့်ရမှာ ဖြစ်ကြောင်း ရေးသားထားပါတယ်။
Photo: SAUL LOEB / AFP
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.