09 July, 2018
R2P နဲ့ ICC ဆိုတာ ​ခေါင်းနဲ့ ပန်း ဖြစ်​ပြီးခွဲခြားလို့မရပါဘူး
No automatic alt text available.
R2P, ICC ဆိုတာ ​ပေါ်​ပေါက်​ လာနိုင်​​ကြောင်းအထူးသတိ​ပေး ​ရေးသားလိုက်​ရပါတယ်​။လက်​​တွေ့ စစ်​​ရေးအရပါ အ​ရေးယူခံ​နေရတဲ့နိုင်​ငံ​တွေပါ။
.
R2P ၀င်​​ရောက်​ခဲ့ဘူး​သောနိုင်​ငံများ...
______________
ဒီရက်​ပိုင်း လူ​ပြောများလာတဲ့ R2P နဲ့ပါတ်​သက်​ပြီး ဘယ်​လိုနိုင်​ငံ​တွေမှာ ကုလသမဂ္ဂ က R2P အရ ၀င်​​ရောက်​ အ​ရေးယူလို့ရတယ်​ဆိုတာ သ​ဘော​ပေါက်​ကြမှာပါ။
-
R2P ဆိုတာ...
*တာဝန်​အရ အကာအကွယ်​ ​ပေးရခြင်း 
လူမဆန်​​သော ရာဇ၀တ်​မှု့ များကို အကာအကွယ်​ ​ပေးရန်​အတွက်​ ကုလသမဂ္ဂ မှ ၂၀၀၅ကမ္ဘာ့ ညီလာခံ တွင်​ ​ကြေငြာခဲ့​သော ကမ္ဘာ့နိုင်​ငံ​ရေး ​ဆောင်​ရွက်​ချက်​ဖြစ်​သည်​။
.
အထူးသဖြင့်​ တိုင်းပြည်​ အုပ်​ချုပ်​​နေသည့်​ အစိုးရ တစ်​ရပ်​က ၎င်း၏ ပြည်​သူများကိုအစုလိုက်​အပြုံလိုက်​ ဆိုးရွားသည့်​ ရာဇ၀တ်​မှု့ များ ကျူးလွန်​ ခံ​နေရခြင်းနှင့်​ လူ့အခွင့်​အ​ရေး ချိုး​ဖောက်​ ခံရခြင်းများမှ အကာအကွယ်​ မ​ပေးနိုင်​လျင်​ နိုင်​ငံတကာ က ၀င်​​ရောက်​ စွက်​ဖက်​ ကာကွယ်​ ​ပေးခြင်း    ဖြစ်​သည်​။
.
လတ်​တ​လော တွင်​ R2P အရ နိုင်​ငံတကာ အသိုက်​အ၀န်း မှ ၀င်​​ရောက်​ ​ဆောင်​ရွက်​ ​ပေးခဲ့သည့်​ နိုင်​ငံအချို့ရှိပြီး ယင်းနိုင်​ငံအချို့ ကိုစုစည်း​ဖော်​ပြ​ပေး လိုက်​ပါသည်​။
.
ကင်​ညာ(၂၀၀၇-၂၀၀၈)
========
2007 ဒီဇင်​ဘာလ မှာ ပြုလုပ်​ခဲ့တဲ့ ကင်​ညာ​ရွေး​ကောက်​ပွဲ မှာ အနိုင်​ရသူနဲ့ ရှုံးနိမ့်​သူ​တွေအကြား ​ပေါ်​ပေါကလာတဲ့ အဓိကရုဏ်း​တွေ​ကြောင့်​ လူ​ပေါင်း ၁၀၀၀ ​ကျော်​ ​သေဆုံးခဲ့ရပြီး လူ​ပေါင်း ငါးသိန်း ​ကျော်​ အိုးပစ်​အိမ်​ပစ်​ထွက်​​ပြေးခဲ့ကြရပါတယ်​။ 
.
ဒါ့​ကြောင့်​ နိုင်​ငံတကာ က R2P အရ ချက်​ခြင်း ကြားဝင်​ပြီး အ​ခြေအ​နေ ကို ထိန်းသိမ်း ခဲ့ပါတယ်​။
.
အိုင်​ဗရီကိုစ်​(၂၀၁၁)
======
၂၀၁၁ မတ်​လ အိုင်​ဗရီကိုစ်​ နိုင်​ငံမှာ ​ရွေး​ကောက်​ပွဲ များအပြီး သမ္မတ ​ဟောင်းက​ရွေး​ကောက်​ပွဲ အနိုင်​ရ သမ္မတ သစ်​ကို အာဏာ လွှဲ​ပြောင်း      မ​ပေးဘဲ ငြင်းဆန်​ခဲ့ရာကပဋိပက္ခ ​တွေဖြစ်​ပွားခဲ့လို့ ကုလသမဂ္ဂ ၏ UN OCI ဟာ အိုင်​ဗရီကိုစ်​ နိုင်​ငံထဲ  ၀င်​​ရောက်​ပြီး လိုအပ်​ပါက  "စစ်​​ရေးအရပါ ​ဆောင်​ရွက်​ခွင့်​ "ရရှိခဲ့ပါတယ်​။
.
သမ္မတ ​ဟောင်းကို ICC မှာ လူသတ်​မှု့ ၊ မုဒိမ်းမှု့ ၊ခြိမ်း​ခြောက်​မှု့ နဲ့ အခြားအမှု့များစွာမှာ သွယ်​၀ိုက်​ ပါဝင်​မှု့ဖြင့်​ စွဲချက်​တင်​ တရားစွဲ ခံရပါ  တယ်​။
.
လစ်​​ဗျား(၂၀၁၁)
======
လစ်​​ဗျား အ​ရေးက ပထမဆုံး စစ်​​ရေးအရပါဝင်​​ရောက်​ပြီး အ​ရေးယူ​ဆောင်​ရွက်​ ခဲ့တဲ့ ပထမဆုံး R2P. ​ဆောင်​ရွက်​ချက်​ ဖြစ်​ပါတယ်​။
.
အာဏာရှင်​ သမ္မတ ကဒါးဖီး ရဲ့ တပ်​​တွေကပြည်​သူ​တွေ အ​ပေါ် ရက်​ရက်​စက်​စက်​ အကြမ်းဖက်​ တိုက်​ခိုက်​​နေတာ​တွေ လုပ်​လာကြတဲ့အတွက်​ ရ၀မ်​ဒါ လူမျိုးတုံး  သတ်​ဖြတ်​မှု့ လို့ မဖြစ်​​အောင်​လို့ တားဆီး ရန်​ အတွက်​ ကုလသမဂ္ဂ လုံခြုံ​ရေး ​ကောင်​စီ အ​ရေး​ပေါ် ​ခေါ်ယူပြီး သတိ​ပေးခဲ့တဲ့ အပြင်​ ICC ကို လွှဲ​ပြောင်း​ပေးဘို့ လုံခြုံ​ရေး ​ကောင်​စီက ဆုံးဖြတ်​ခဲ့ပါတယ်​။
.
၂၀၁၁ မတ်​လ ၁၇ မှာ လစ်​​ဗျား နိုင်​ငံအတွင်းတိုက်​ခိုက်​ ခံ​နေရတဲ့ ပြည်​သူ​တွေ ကို  အကာအကွယ်​ ​ပေးဘို့အတွက်​ လစ်​​ဗျား နိုင်​ငံရဲ့ ဘယ်​      အစိတ်​အပိုင်း ကိုမဆို စစ်​​ရေးနည်းကို အသုံးပြုနိုင်​​ကြောင်း ကုလသမဂ္ဂ ကခွင့်​ပြုချက်​ ​ပေးခဲ့ပါတယ်​။ ဒါ့​ကြောင့်​ NATOတပ်​ဖွဲ့​တွေ က ကဒါးဖီး ရဲ့ တပ်​ဖွဲ့  ​တွေကိုဗုံးကြဲ တိုက်​ခိုက်​ကြလို့ ​နောက်​ဆုံး မှာ ကဒါးဖီး အစိုးရပြုတ်​ကျပြီး အာဏာရှင်​ ကဒါးဖီးကိုယ်​တိုင်​ မရှု့မလှ ​သေဆုံးခဲ့ရပါတယ်​။
.
ဗဟိုအာဖရိက သမ္မတ နိုင်​ငံ(၂၀၁၃)
==========
၂၀၁၂ ဒီဇင်​ဘာလ မှာ ဗဟိုအာဖရိက  (CAR) မှာရှိတဲ့ ဆယ်​လီကာ လက်​နက်​ကိုင်​ များနဲ့ အစိုးရ တို့အကြား သ​ဘောထား မတူညီလို့ ပဋိပက္ခ ဖြစ်​ကြရာမှ ...
ဘာသာမတူသူ​တွေအ​ပေါ် လူ့အခွင့် အ​ရေးချိုး​ဖောက်​ ကြရာမှ တိုက်​ပွဲ ​တွေဖြစ်​ပွားပြီးလူ​လေးသိန်း​လောက်​ အိုးအိမ်​မဲ့ဖြစ်​၊ လူ​ပေါင်း၆၅၀၀၀ က တဖက်​နိုင်​ငံကို ထွက်​​ပြေး တိမ်း​ရှောင်​ ကြရာမှ ကုလသမဂ္ဂ လုံခြုံ​ရေး ​ကောင်​စီက အ​ရေး​ပေါ် အစည်းအ​ဝေး ​ခေါ်ယူပြီးပြင်​သစ်​ လက်​နက်​ကိုင်​ တပ်​​တွေကို ၆ လထားရှိတပ်​စွဲ ဘို့ ဆုံးဖြတ်​ချက်​ ချပြီး ပြည်​သူ​တွေကို ထိခိုက်​​စေမဲ့ လုပ်​ရပ်​​တွေကို တားဆီးဘို့ ဘယ်​လိုစစ်​​ရေး ​ဆောင်​ရွက်​ခွင့်​ကိုမဆို ​ဆောင်​ရွက်​ဘို့ ခွင့်​ပြုချက်​ ​ပေးခဲ့ပါတယ်​။
.
ဆီးရီးယား
=====
ဆီးရီးယား ပြည်​တွင်းစစ်​ ​ကြောင့်​ လူ​ပေါင်း ၂၇၀၀၀၀ ​ကျော်​ ​သေဆုံး ၊ ၄ ဒသမ ၈ သန်း​လောက်​ စစ်​​ဘေးဒုက္ခသည်​ ဖြစ်​ကာ 
လူ​ပေါင်း ၆ ဒသမ ၆ သန်း​ကျော်​ အိုးအိမ်​ မဲ့ဖြစ်​ခဲ့ရလို့ ကုလသမဂ္ဂ ၊ အာရပ်​အဖွဲ့ချုပ်​  လုံခြုံ​ရေး ​ကောင်​စီ ဆုံးဖြတ်​ချက်​ အရ 
ကြားဝင်​​ဆောင်​ရွက်​​နေပါတယ်​။
.
ဘူရွန်​ဒီ
=====
အာဖရိကတိုက်​က နိုင်​ငံတခုဖြစ်​တဲ့ ဘူရွန်​ဒီမှာ ဟူတူ နဲ့ တွတ်​စီ လူမျိုး​ရေး ပြသနာ ​တွေ​ပေါ်​ပေါက်​ကာ တင်းမာ​နေချိန်​ အာဏာရှင်​ သမ္မတ က သက်​တမ်း သုံးကြိမ်​​မြောက်​ အတင်းအကြပ်​ ဆက်​လုပ်​ အုပ်​ချုပ်​ဘို့ စီစဉ်​​နေတာ​ကြောင့်​ ၎င်း ပြည်​သူ​တွေ ကို အကြမ်းဖက်​ နှိမ်​နင်း​နေတာ ​ကြောင့်​R2P အရ ကုလသမဂ္ဂ ငြိမ်းချမ်း​ရေး တပ်​​တွေကို တပ်​စွဲဘို့ ​ဆောင်​ရွက်​​နေပါတယ်​။
3,7,2018 ​နေ့ ထုတ်​ မြန်​မာပိုစ့်​ ဂျာနယ်​ ကို ကိုးကားပါသည်​။
tinlayzaw
8,7,18
11,15 am
တောင်​သမန်​အင်း ​ဘေး
Share:
0 comments:
Post a Comment
ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော
Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...
Blog Archive
Theme Support
Need our help to upload or customize this blogger template? Contact me with details about the theme customization you need.