07 July, 2018

လွိုင်ကော်ဆန္ဒပြသူများအား ဖမ်းဆီးရန် အမိန့်ပေး ခဲ့ခြင်းဖြစ်ကြောင်း ၀န်ကြီးချုပ် ပြောကြား

လွိုင်​​ကော်​၊ ဇူလိုင်​ ၎
ဗိုလ်ချုပ်ကြေးရုပ် ထားရှိမည့် ကိစ္စနှင့်ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြသူများအား ခွင့်ပြုမိန့် မတင်ခဲ့ခြင်းကြောင့် ဖမ်းဆီးဖို့ ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း  ကယားပြည်နယ် ၀န်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ယ​နေ့ ​ပြောကြားလိုက်​သည်​။
ယမန်နေ့ ဇွန်လ ၃ ရက်နေ့က လွိုင်ကော်မြို့၏ တောင်၊ မြောက်၊ အရှေ့ လမ်းကြောင်း ၃ ကြောင်းခွဲပြီး လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ကယားဒေသမှ ပြည်သူများသည်  ဗိုလ်ချုပ်ကြေးရုပ်ထားရှိမည့် ပန်းခြံတွင် ဆုံမှတ်အဖြစ် စုဝေးကြကာ အစိုးရရုံးရှေ့ ဟစ်​တိုင်​အထိ သွားကြဖို့ စီစဉ်ထားခြင်းဖြစ်​ပြီး ရဲတပ်ဖွဲ့က ပိတ်ဆိုတာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဆန္ဒပြပွဲဆုံးမည့်​​နေရာအထိ မရောက်ခဲ့ဘဲ လူစုခွဲခဲ့ရ​ကြောင်း သိရသည်​။
“အဲ့ဒီလူအုပ် မ​ရောက်​ခင် ​မြို့နယ်ခန်းမနဲ့ ပြည်နယ်ခန်းမကြားမှာ ရဲအင်အား ၂၀၀ နီးပါးလောက်ကို ပိတ်ဆို့ထားဖို့ မ​နေ့က မအားတဲ့ကြားက ညွှန်​ကြားခဲ့ပါတယ်​။ ကျနော်တို့နဲ့ ညှိနှိုင်းဖို့ သူတို့ကိုတစ်​​နေ့အလိုထဲက ဆင်​​ခေါ်ထားတာပါ။ သူတို့မလာခဲ့ကြဘူး။ ကျွန်တော်တို့က သူတို့ ဆန္ဒကို မလိုက်လျောခဲ့ဘဲနဲ့ ကျနော်တို့ ရဲအင်အားနဲ့ ပိတ်​ဆို့ထားတာက မဖြစ်​သင့်​တာ မဖြစ်​ရ​အောင်​ပါ။ ဗိုလ်​ချုပ်​ဆိုတာ တစ်​နိုင်​ငံလုံးချစ်​မြတ်​နိုးတန်​ဖိုးထားရတဲ့ သူ၊ သူကို ​နောင်​လာ​နောက်​သား​တွေ သမိုင်းမ​မေ့ရ​အောင်​ နိုင်​ငံရဲ့​ဒေသအနှံ့မှာထားဖို့ နိုင်​ငံ​တော်​အတိုင်​ပင်​ခံရဲ့ ညွှန်​ကြားချက်​နဲ့​ဆောင်​ရွက်​​နေတာဖြစ်​တယ်​။ နိုင်​ငံ​တော်​အတိုင်​ပင်​ခံရဲ့ ညွှန်​ကြားချက်​နဲ့ လုပ်​​နေ တဲ့ လုပ်​ငန်းကိုပျက်​စီး​အောင်​လုပ်​​ဆောင်​​နေတာဟာ နိုင်​ငံ​တော်​ကိုအကြည်​အညိုပျက်​​စေတယ်​။ တ​နေ့က ကျွန်​တော်​တို့ သူတို့ကိုဆင့်​​ခော်​ပြီး ​ဆွေး​နွေးမှုလုပ်​ဖို့က ကယန်းလူထု​ထောက်​ခံ​အောင်​ ကျွန်​​တော်​တို့ဘက်​က ဘာလုပ်​​ပေးရမလည်း ဆိုတဲ့အချက်​ကို အဓိကထား​ဆွေး​နွေးပြီး နှစ်​ဦးနှစ်​ဖက်​ ညှိနှိုင်းဖို့ပါ။ ညှိနှိုင်းဖို့​ခေါ်တယ်​ မလာဘူး၊ ဥပ​ဒေအရ ခွင်​ပြုမထားပဲ ဆန္ဒထုတ်​​ဖော်​တယ်​၊ တားမြစ်​နယ်​​မြေကို ဝင်​ဖို့ကြိုးစားတယ်​ ဒါ​ကြောင့်​ ဖမ်းဆီးဖို့ ညွှန်​ကြားလိုက်​ရတာဖြစ်​တယ်​”ဟု ဝန်​ကြီးချုပ်​က​ပြောသည်​။
မြို့နယ်ခန်းမနဲ့ ပြည်နယ်ခန်းမကြားတွင်​ ရဲအင်အား အများအပြားနှင့်​ ပိတ်ဆို့တားဆီးခဲ့တာဖြစ်ပြီး ဆက်သွားရန်​အတွက်​ ညှိနှိုင်းခဲ့မှုအ​ပေါ် အဆင်​မ​ပြေတာ​ကြောင့်​ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရခြင်းဖြစ်​​ကြောင်း ဆန္ဒပြပွဲ ဦးဆောင်ကော်မတီဝင် ခွန်းမျိုးလှိုင်ဝင်း မှ ပြောသည်​။
လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ရုပ်တုထားရှိမယ့်အပေါ် ကန့်ကွက်ခဲ့သည့်ခွန်းမျိုးလှိုင်ဝင်း အပါအ၀င် ၁၀ ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)(ဂ) အရ လွိုင်ကော်မြို့နယ်တရားရုံးမှာ တရားစွဲဆိုထားပြီး ဤအမှုကို လာမည့်​ ဇူလိုင်လ ၅ရက်နေ့တွင်​ လာရောက်ရင်ဆိုင်ရန်​ တရားရုံးမှ ဆင့်ခေါ်စာ ပို့ထား​ကြောင်း သိရသည်​။
လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် ထားရှိမည့်အစီအစဉ်ကို ဒေသခံများနှင့်​ လူငယ်အဖွဲ့များမှ ယမန်​​နေ့က လူအင်အား ၇၀၀ လောက်နှင့်​ဆန္ဒပြ ကန့်ကွက်​ခဲ့ကြခြင်းဖြစ်​​​ကြောင်းသိရသည်​။
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.