10 July, 2018

၁၉၃၀ မြန်မာပြည်၏ ဘဟာအီဘာသာဝင်များ


မြန်မာပြည်၏ ဘဟာအီဘာသာဝင်များ

၁၉၃၀ ပြည့်နှစ်က မန္တလေးရှိ ဘဟာအီဘာသာရေး ခေါင်းဆောင်များ။ ဘဟာအီဘာသာ ယုံကြည်သူများသည် မြန်မာနိုင်ငံ၏ အသေးငယ်ဆုံးနှင့် လူသိအနည်းဆုံးသော ဘာသာရေးလူနည်းစုများထဲမှ တစ်စုဖြစ်သည်။ မြန်မာနိုင်ငံတွင် ဘဟာအီဘာသာ ယုံကြည်သူ ရှစ်သောင်းခန့် နေထိုင်လျက်ရှိသည်ဟု ခန့်မှန်းရသည်။ ဘဟာအီ ဘာသာသည် ၁၉ ရာစုနှစ် အလယ်ပိုင်းခန့်က စတင်ပေါ်ပေါက်လာခဲ့ပြီး လက်ရှိတွင် ကမ္ဘာအနှံ့အပြား (အထူးသဖြင့် အာရှ၊ အာဖရိကနှင့် အမေရိကတိုက်)တွင် လူပေါင်း ၅ သန်းခန့် ယုံကြည်ကိုးကွယ်ကြသော ဘာသာတစ်ခုဖြစ်သည်။ ဘဟာအီဘာသာ ယုံကြည်သူများသည် ဘုရားသခင်သည် တစ်ဦးတည်း ဖြစ်ပြီး ဗုဒ္ဓ၊ မိုးဇက်၊ ယေရှုခရစ်နှင့် မိုဟာမက် အစရှိသည့် ကမ္ဘာတစ်ဝှမ်းမှ ယုံကြည်ရာ ဘာသာအမျိုးမျိုးကို တည်ထောင်သူများသည် ဘုရားသခင်၏ ကိုယ်ခွဲများသာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ၁၈၇၈ ခုနစ်တွင် ဘဟာအီ ဘာသာရေးဆရာများသည် မြန်မာပြည်သို့ ရောက်ရှိလာကြပြီး လူမျိုးအမျိုးမျိုးကို ဘဟာအီဘာသာသို့ ကူးပြောင်းရန် သင်ပြပေးခဲ့သည်။ စိတ်ဝင်စားစရာ ကောင်းလှသည်မှာ (အစ္စရေးရှိ ကာမဲလ်တောင်တွင်) မြုပ်နှံထားသော ဘဟာအီ ဘာသာရေးခေါင်းဆောင်၏ စကျင်ကျောက်ခေါင်းတလားကြီးကို မန္တလေးမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉ ၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်
ခေါင်းစဉ်များ အားလုံးကြည့်ရန်

Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.