05 July, 2018

ဂူထဲက ကလေးတွေ ဘာ့ကြောင့် လွယ်လွယ်နဲ့ အပြင် မထုတ် တာလဲ ဆိုတဲ့ အဖြေ သိချင်သူများ အတွက် လာပါပြီ

(ပုံတွေအောက်မှာ စာတွေရေးထားပါတယ်… မျက်လုံးထဲ ပုံဖော်လို့မရရင် ပုံတွေအရင်ကြည့်ကြပါ …) ကလေးတွေတော့ တွေ့ ပြီ…ဘာလို့ အပြင်မထုတ်သေးတာလဲဆိုတဲ့သူ တော်တော်များများတွေ့ရပါတယ်… (၁) ကလေးတွေ လက်ရှိရောက်ရှိနေတဲ့နေရာဟာ ဂူပေါက်ကနေဆိုရင် ကီလိုမီတာ တော်တော်ဝေးဝေးမှာ ရှိပါတယ်…
နှာခေါင်းပါ အုပ်ထားသော ရေငုပ်မျက်မှန် (သို့မဟုတ်) Mask
(၂) ရောက်ရှိနေတဲ့ အနက် (တည်နေရာ) ဟာ (အပေါ်မှာရှိတဲ့ မြေမျက်နှာပြင်ပေါ်ကတိုင်းရင်) ၁ ကီလိုမီတာလောက် မြေပြင်အောက်မှာ ရှိနေပါတယ်…ဆိုတော့ ကယ်မယ့်သူတွေက ပထမ…အပေါ်ကနေ မြေကြီးကို ဖောက်ချပြီး ကယ်ထုတ်မယ်လို့ စဉ်းစားကြပါတယ်…ဒါ့ကြောင့်လည်း စက်ယန္တရားကြီးတွေကို ရဟတ်ယာဉ်တွေနဲ့ အပေါ်အထိ ရွှေ့ ခဲ့ကြတာ အားလုံးအမြင် ဖြစ်ပါတယ် (အခုတော့ ပြန်ယူသွားပါပြီ)…
ဒါပေမယ့် ဒီလိုဖောက်ရင် အချိန်တော်တော်ယူ (လနဲ့ချီ) ရမယ့် သဘောရှိပါတယ်…ဒါ့ကြောင့် ဒုတိယ နည်းလမ်းဖြစ်တဲ့ ရေအောက်ကနေပဲ ပြန်သယ်မယ်လို့ မနေ့က တက်လာတဲ့ သတင်းတွေမှာ ဖတ်ရပါတယ်…အိုကေ သယ်မယ့်နည်းတော့ ဟုတ်ပြီ…
Scuba Tank (လေအိုး)
မသယ်ခင် ကလေးတွေရဲ့ ကျန်မာရေး Fit ဖြစ်မှုကိုလည်း သူတို့ ထည့်စဉ်းစားကြပါတယ်…၁၀ ရက်လောက် အစာပြတ်ပြီး အားအင်ချိနဲ့နေတဲ့ ကလေးတွေကို ဒီအတိုင်း အပြင်ကို တရွတ်တိုက် ဆွဲခေါ်ဖို့ဆိုတာ တော်တော်ဥာဏ်နဲမှသာ ဖြစ်နိုင်မှာ ဖြစ်ပါတယ်…ဆိုတော့ အပြင်ဆွဲမထုတ်ခင်…ပထမအဆင့်အနေနဲ့ ကလေးတွေရဲ့ ကျန်းမာရေးကို နဂိုအနေအထား ( သို့မဟုတ်) နဂိုအနေအထား နီးပါး ပြန်ရောက်လာအောင် အချိန်ပေး ပြုစု (အားမွေး) တာကိုတွေ့ရပါတယ်…
ဒီလိုအချိန်အတိုင်းအတာတစ်ခု (နာရီပိုင်း၊ ရက်ပိုင်းမှ လိုလိုပိုပို လပိုင်းအထိ) ပြန်လည်ရောက် နိုင်အောင် လုံလောက်တဲ့ ရိက္ခာတွေကို ပို့ပေးထားခြင်းဖြစ်ပါတယ်…ထို့အတူ ဆရာဝန်၊ သူနာပြု စတဲ့ ဆေးပညာရှင်တွေကိုလည်း ကလေးတွေဆီကို ပို့ပေးထားပါတယ်…
Regulator (အသက်ရှူပိုက်)
သူတို့ သတ်မှတ်ထားတဲ့ အခြေအနေတစ်ခုရောက်တာနဲ့ ပြန်ခေါ်ထုတ်မှာ ဖြစ်ပါတယ်…ဒါက အထဲမှာ ဘာ့ကြောင့် အချိန်ဆွဲနေတာလည်း ဆိုသူများအတွက် ဖြစ်ပါတယ်…နောက်တစ်ချက် ဘယ်လိုထုတ်မလဲ ဆိုသူများအတွက် ဖြစ်ပါတယ်…အပေါ်မှာ ပြောခဲ့သလို လက်ရှိကလေးတွေ ရှိနေတဲ့နေရာနဲ့ ဂူပေါက်ဝ အကွာအဝေးဟာ တော်တော် ဝေးပါတယ်…ရေတွေကလည်း မိုးရွာသွန်းမှုကြောင့် မြင့်တက်နေဆဲလို့ သိရပါတယ်…Professional ဖြစ်တဲ့ Navy Seal တွေ Cave Diver တွေတောင် ဒီနေရာရောက်အောင် ရက်/အချိန် အတော်အတန်ကြာအောင် ခက်ခက်ခဲခဲ လာခဲ့ရခြင်းဖြစ်ပါတယ်…လမ်းမသိလို့ ကြာတာလည်း ပါသလို…
Regulator ဖြင့် ပါးစပ်မှ အသက်ရှူခြင်းကလေးတွေ
ဝင်သွားတုန်းကလို လမ်းလျှောက်ဝင်သွားလို့ရတဲ့ အနေအထားမဟုတ်ပဲ ရေအောက်ကနေ နေရာပေါင်းများစွာကို ဖြတ်ပြီးသွားရလို့လဲ ဖြစ်ပါတယ်…ဒီလိုအခြေအနေအမျိုးမှာ ခွန်အားမရှိသေးတဲ့ (အာဟာရ မရှိသေးတဲ့) ကလေး (ကလေးမပြောနဲ့ လူကြီးတောင် မလွယ်ပါ) တွေကို ဒီအတိုင်း ရိုးရိုးလေးတွေးပြီး ပြန်ဆွဲခေါ်ထုတ်သွားလို့မရပါ…ခေါ်ထုတ်ဖို့ စီစဉ်တဲ့နေရာမှာ (သတင်းတွေအရ) ပထမဆုံး ရင်ဆိုင်ရတဲ့ အခက်အခဲကတော့ ကလေးအားလုံး (သို့မဟုတ်) တော်တော်များများဟာ ရေမကူးတတ်ခြင်းကြောင့် ဖြစ်ပါတယ်…
ရေအောက်ထဲက ဖြတ်ထွက်ရမယ့် ကိစ္စမှာ ကျန်တာတွေ ခဏထား ရေမကူးတတ်ကြဖူးဆိုတာနဲ့ ကယ်ဆယ်ရေးသမားတွေတော်တော် ပက်လက်လန်ရမယ့် အနေအထားပဲ ဖြစ်ပါတယ်…
နှာခေါင်းဖြင့်လည်း အသက်ရှူလို့ရ… စကားလည်း ပြောလို့ရသော Technical Diving Helmet…
ဒီအချိန်ရောက်မှတော့ ဂူထဲမှာ ကလေးတွေကို ရေကူးသင်ပေးနေလို့မရပါ…သင်ပေးမယ့် နေရာလည်းမရှိ၊ အချိန်လည်းမရှိ… ခွန်အားလည်းမရှိပါ…ဂူထဲ ဆယ်ရက်လောက် ပိတ်မိပြီး အာဟာရပြတ်နေတဲ့သူတွေကို ရေကူးသင်ခိုင်းမယ်ဆိုရင်တော့ ဒါဟာ ပုရွက်ဆိတ်ကို ဆန်အိတ်ထမ်းခိုင်းခြင်းပါပဲ…ဒီတော့ ဘယ်လိုလုပ်မလဲ…ရေကူးသင်ဖို့ မဖြစ်နိုင်ပေမယ့်…Scuba Diving Tank တွေနဲ့ ချိတ်ဆက်ထားတဲ့ Regulator (အသက်ရှူပိုက်) တွေကိုတော့ ပါးစပ်ကနေအသက်ရှူတတ်အောင် သင်ဖို့လွယ်ပါတယ်…(ဘိုရူးတယ်ထင်လည်း မတတ်နိုင်ဘူး… တစ်ချို့အရာတွေက အီး လို မပြောရင် မြန်မာ အဘိဓာန်ထဲတောင် မရှိသေးတဲ့ ဘာသာရပ် အခေါ်အဝေါ်တွေ)ပထမအဆင့် ကလေးတွေကို လေအိုးကနေ အသက်ရှူတတ်အောင် အရင်သင်မယ်လို့ ခန့်မှန်းမိပါတယ်…
Crystal Water ဆိုပြီး တင်စားရလောက်အောင် ကြည်လင်နေသော Cave Diving…
(အလွယ်ခေါ် Oxygen Tank ပဲ ဆိုပါတော့… အမှန်တော့ အဲ့ဒီ့ လေအိုးတွေဟာ Compressed Airတွေပါ… Oxygen သီးသန့်မဟုတ်ပါဘူး.. Oxygen သီးသန့်ဟာ အဆိပ်ဖြစ်ပါတယ်… ကျွန်တော်တို့ နေ့စဉ်ရှူနေတဲ့ ပါတ်ဝန်းကျင် လေထုထဲမှာ Oxygenက 21% လောက်သာ ပါ ပါတယ်… ဒါတွေထပ်ရှင်းရင် နောက်ထပ် ဆောင်းပါးတစ်ပုဒ် ဖြစ်သွားပါလိမ့်မယ်…)
Mask လို့ခေါ်တဲ့ ရေငုပ်မျက်မှန်ကို တပ်တဲ့အခါ အသက်ရှူကြပ်ခြင်း ( နှာခေါင်းနဲ့ အသက်ရှူမရတဲ့အတွက်) စိုးရိမ်စိတ်ဝင်ခြင်းတွေ မဖြစ်အောင် အရင်လေ့ကျင့်ပေးမယ်လို့ ယူဆပါတယ် …. Mask တပ်ထားတဲ့အချိန်မှာ ပါးစပ်ကနေ ဒီအတိုင်း အသက်ရှူခိုင်းနိုင်ပါတယ်…Mask တပ်ထားတုန်းပါးစပ်နဲ့ အသက်ရှူတာ ကျင့်သားရလာပြီဆိုတဲ့အခါမှာတော့ လေအိုးတွေက လာတဲ့ ပိုက်တွေကို ပါးစပ်နဲ့ ကိုက်ပြီး အသက်ရှူခိုင်းမယ်လို့ ယူဆပါတယ်…ဒီအချက်တွေကို အဆင်ပြေပြေလုပ်နိုင်သွားပြီဆိုရင်တော့ အပြင်ကို ခေါ်ထုတ်ဖို့ တော်တော် နီးစပ်သွားပါပြီ…
Air Pocket လို့ခေါ်တဲ့ ဂူအတွင်း အသက်ရှူ နိုင်သော နေရာ…
ဒါတွေက လေ့ကျင့်မယ်ဆို အချိန်ပိုင်း (နာရီပိုင်း၊ မိနစ်ပိုင်း) လောက်နဲ့လည်း တတ်နိုင်သလို…၁ ရက် ၂ ရက် လောက်လည်း ကြာနိုင်ပါတယ်…(သင်ယူတဲ့သူရဲ့ စိတ်တည်ငြိမ်မှုနဲ့ အာရုံစူးစိုက်မှုအပေါ် မူတည်ပါတယ်)ဒါမှမဟုတ် Technical Diver တွေသုံးတဲ့ အသက်လည်းနှာခေါင်းနဲ့ ရှူလို့ရ…စကားလည်းပြောလို့ရ (Radio Communication ပါ)တဲ့ Helmet တွေတပ်ပြီး ခေါ်ထုတ်မလား…
ဒါတွေလည်း အိုကေသွားပြီ…ကျန်းမာရေးလည်း မဆိုသလောက် လှုပ်လှုပ်ရှားရှားလုပ်နိုင်ပြီဆိုရင် နောက်တစ်ဆင့် ထပ်စဉ်းစားလို့ရပါပြီ…သူတို့ကို ဒီအချိန်ကြီး Scuba Diving သင်ပေးလို့တော့မရပါ…(Tank က လာတဲ့လေကို အသက်ရှူတတ်အောင် သင်ပေးတာနဲ့ Scuba Diving သင်ပေးတာ မတူပါ)အဲ့ဒီ့တော့ တစ်နည်းပဲ ရှိပါတယ်…
ကျဉ်းမြောင်းသော ဝင်လမ်းထွက်လမ်းများ…
ကလေးတစ်ယောက်ခြင်းစီတိုင်းကို Diver၂ ဦး သို့မဟုတ် ၄ ဦးလောက်နဲ့ တွဲပြီး (ညှပ်ပြီး) ခေါ်ထုတ်ဖို့ပဲ ရှိပါတယ်…Diver နှစ်ယောက်လောက်က ညှပ်…ဒါမှမဟုတ် ကိုယ်မှာ Skydive လုပ်တဲ့လူတွေ လုပ်သလို တစ်ခါထဲ အသေတွဲချည်…ပြီးတော့ နောက်ထပ် ၂ ယောက်လောက်က ဘေးက Tank အပိုတွေနဲ့ ကလေးကို တောက်လျှောက် စောင့်ကြည့်ရင်းလိုက်…ဒီလိုနည်းတစ်နည်းသာ ဖြစ်နိုင်ခြေအများဆုံးလို့ ယူဆပါတယ်…
ဂူဝနဲ့ လက်ရှိနေရာဟာ တော်တော်ဝေးတဲ့အတွက် Tank (လေအိုး) တွေကို အကွာအဝေးလိုက် ဖောဖောသီသီ ကြိုချထားတာကိုလည်းတွေ့နိုင်ပါတယ်…လေအိုးတစ်အိုးဟာ အတွေ့အကြုံရှိသူတစ်ယောက်အတွက် ၁ နာရီနဲ့ ၁ နာရီခွဲကြားလောက် ခံပေမယ့်…(မှတ်ချက်။ Cave Diver တွေဟာ များသောအားဖြင့် လေအိုး ၂ အိုးတွဲ ငုပ်လေ့ရှိပါတယ်)အတွေ့အကြုံမရှိတဲ့သူ၊ ကြောက်စိတ်ဝင်နေတဲ့သူ၊ စိတ်လှုပ်ရှားနေတဲ့သူအတွက် နာရီဝက် နဲ့ မိနစ် ၂၀ လောက်လာသာ ခံတာမို့…ရေအောက်ထဲ ဖြတ်လိုက်… အပေါ်ပြန်တက်ပြီး အနီးစပ်ဆုံးမှာရှိ တဲ့ လေအိုးတစ်လုံးနဲ့ အစားထိုးလိုက် စသဖြင့် ဖြေးဖြေးခြင်းသွားရမယ့် အနေအထား ရှိပါတယ်…
Diver တွေကသေချာပေါက် နေနိုင်ပေမယ့် ကလေးအတွက် လေအိုးကတော့ မိနစ် ၂၀ ခြား တစ်ခါလောက် လဲပေးရမယ့် သဘောရှိပါတယ်…ဒီနေရာမှာ လေအိုးကုန်သွားတယ်ကွာဆိုပြီး ရေပေါ်တက်လိုက် အနီးစပ်ဆုံးမှာရှိတဲ့ အိုးကို လိုက်ရှာလိုက် ပြန်တပ်လိုက် စသဖြင့် လွယ်လွယ်တော့ တွေးလို့မရပါဘူး…အချို့နေရတွေဟာ (ဂူအတွင်းမှာဖြစ်တာကြောင့်) Air Pocket လို့ခေါ်တဲ့ အသက်ရှူ (လေရှူ) စရာနေရာတွေ… ရှိနိုင်ပေမယ့်…အချို့နေရာတွေမှာတော့ ဂူနဲ့အပြည့်ရေတွေ ရှိနိုင်ပါတယ်…
Cave Diving တွေရဲ့ Line (ကြိုး) တွေမှာ တပ်ထားလေ့ရှိသော… ဝင်လမ်း ထွက်လမ်းပြ သင်္ကေတ…
အဲ့ဒီ့အတွက် ကလေး လေအိုး လေကုန်တယ်ဆိုတိုင်း လဲချင်တဲ့နေရာ လဲဖို့ မလွယ်ပါဘူး…Point တွေ သတ်မှတ်ထားပြီး သတ်မှတ် Point တွေကိုမဖြစ်မနေ ရောက်အောင်သွားဖို့လိုပါတယ်…သတ်မှတ် Point ဆိုတာကတော့…သောင်ပြင်လိုနေရာမျိုး… ကုန်းမျိုး… မြေပြင်မျိုး… စသဖြင့်…လူလည်း နားလို့ရမယ်… လေအိုးတွေလည်း ထားပေးထားနိုင်မယ့် နေရာမျိုးတွေ ဖြစ်ပါတယ်…နောက်ပြီး ပုံတွေကြည့်ရသလောက် ဒီ Cave ဟာ နိုင်ငံခြားက Cave Diver တွေ Dive လုပ်တဲ့ ဂူတွေလိုမျိုး အစအဆုံး ရေငုပ်ပြီးသွားလို့နေရာမျိုး မဟုတ်ပဲ…အလွန်ကျဉ်းမြောင်းတဲ့ ဝင်ပေါက်ထွက်ပေါက်တွေ… ကမူတွေ၊ ကုန်းတွေ၊ သောင်ပြင်တွေ ရှိနေတာလည်း သတိထားမိပါတယ်…
နောက်ထပ်အရေးအကြီးဆုံးအချက်က Scuba Diving မှာအင်မတန်အရေးပါတဲ့…ရေရဲ့ Visibility ပဲ ဖြစ်ပါတယ်…ရေရဲ့ ကြည်လင်မှု၊ အဝေးကို မြင်ရနိုင်မှုကို ဆိုလိုပါတယ်…ကမ္ဘာကျော်ဆိုတဲ့ Cave Diving တွေမှာ ရှိတဲ့ရေဟာ Crystal လို့ တင်စားရလောက်အောင် ကြည်တောက်နေပေမယ့်…အခုကယ်ဆယ်ရေးလုပ်နေတဲ့ ဂူထဲကရေတွေကတော့ အဲ့လိုမဟုတ်ပါဘူး…အချို့နေရာတွေမှာ Visibility Zero လို့ ပြောရအောင် ရေက ဗွက်ရေပမာဖြစ်နေပြီး…

Line (ကြိုး) များဖြင့် လမ်းပြထားသော Cave Diving…
အချို့နေရာတွေမှာ အရှေ့ ၅ ပေ ၁၀ ပေလောက်သာ မြင်နိုင်တဲ့ Visibility မျိုးတွေ ဖြစ်ပါတယ်…ဒါ့ကြောင့် လမ်းမသိ (အခုတော့ ဝင်လိုက်ထွက်လိုက် ခဏခဏ လုပ်လို့ လမ်းသိသွားလောက်ပါပြီ) တဲ့ Diver တွေအတွက် သွားတဲ့နေရာမှာ အခက်အခဲရှိပါတယ်…ဘယ်လိုပင် လမ်းသိသည် ဆိုဦး Visibility Zero ဖြစ်နေတဲ့အချိန်မျိုးမှာ ရေအောက်ထဲ ဘယ်အပေါက်ကို ဘယ်လိုရှာကြမလဲဆိုတဲ့ ကိစ္စဟာ မလွယ်ပါ…ဖြစ်နိုင်ခြေများတာကတော့ Cave Diving တွေရဲ့ အခြေခံအကျဆုံး ထုံးစံအတိုင်း ဝင်လာကတည်းက ခန္ဓာကိုမှာ ကြိုးနဲ့ ချိတ်လာပြီး…ဒါမှမဟုတ် အခုဆို ခဏခဏဝင်လိုက်ထွက်လိုက် လုပ်ပြီးဖြစ်တာမို့ Line (ကြိုး) ဆွဲပြီး ဖြစ်မယ်လို့ ထင်ပါတယ်…Visibility မကောင်းလို့ ဘာမှမမြင်ရတဲ့အချိန်မှာ အဲ့ဒီ့ ကြိုးကိုပဲ ကိုင်ပြီး ဖြေးဖြေးရှင်း ရှေ့ဆက်သွား (ရေငုပ်သွား) ရမှာ ဖြစ်ပါတယ်…
လမ်းကြောင်းပျောက်မသွားအောင်လည်း ထိန်းရ…ခေါ်လာတဲ့ ကလေးရဲ့ Air Consumption (လေကုန်မှာစိုးရ) ကိုလည်း သတိထားရ…ခွေးတိုးပေါက်သာသာ အပေါက်ကျဉ်းလေးတွေထဲ ဖြတ်ရနဲ့…
Visibility Zero ဟု ခေါ်သော မြင်ကွင်းကန့်သတ်ချက် ကြီးမားပုံ
…တွေးကြည့်ရုံနဲ့တောင် မလွယ်မှန်း သိသာပါတယ်…မတော်လို့များ ပြန်အထွက်မှာ ခြေချော်လက်ချော်ဖြစ်သွားလို့ တစ်ခုခုဖြစ်သွားမှ…မျက်နှာမရ ခြေထောက်ရ… Hero ဘဝကနေ Zero ဘဝလည်း ရောက်သွားနိုင်ပါတယ်…ဒါကြောင့် ဒီကလေးတွေကို လောလောဆယ် ကယ်ထုတ်ဖို့ဆိုတာ စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်ကားတွေကလာက် မလွယ်ပါဘူး…
ဒီလိုအခက်အခဲတွေက ကျွန်တော့် အတွေ့အကြုံအပေါ် အခြေခံပြီး တွေးကြည့်မိသလောက်ပဲ ရှိပါတယ်…တကယ့် မြေပြင် (Ground) မှာ လက်တွေ့ လုပ်နေရတဲ့သူတွေအတွက် ဒီ့ထက်ပိုပြီး ခက်ခဲနိုင်ပါတယ်…
ခန္ဓာကိုယ်တွင် တွဲရင် ခေါ်သွားခြင်း…
ဒါပေမယ့် မြန်မြန်ခေါ်ထုတ်ချင်ရင်တော့ ဒီနည်းလမ်းပဲ ရှိပါတယ်…ဒါမှမဟုတ်ရင်တော့ ဂူအတွင်းမှာ သူတို့ပြောသလို ၁ လတန်သည် ၂ လတန်သည် ရေကျတဲ့အချိန်ကို စောင့်ပြီး သာမန်အတိုင်း ပြန်ထွက်ရပါမယ်…ဆိုတော့ နည်းလမ်း ၃ ခုမှာ… အပေါ်ကနေ ဖောက်မယ့် အစီအစဉ်ကိုတော့ မလုပ်တော့ပါ…လက်ရှိ ၂ ခု ကျန်ပါတယ်…အခုချက်ခြင်း ပြန်ခေါ်ထုတ်မယ်ဆိုရင်တော့ အထက်ပါ နည်းလမ်းတွေကိုသုံးရမှာ ဖြစ်ပြီး…Risk ရှိပါတယ်… (100% လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်)….
ဂူအဝင်နှင့် လက်ရှိ ကလေးများ ရောက်ရှိနေသော အကွာအဝေး…
လုံးဝ Risk Free အနေနဲ့ လုပ်ချင်တယ်ဆိုရင်တော့ ရာသီဥတု မိုးအကုန်၊ သို့မဟုတ် ရေအကျကို မဖြစ်မနေစောင့်ရမှာဖြစ်ပါတယ်… ကလေးတွေကို အခုတွေ့ ပြီ ဘာလို့ ချက်ခြင်း မထုတ်သေးတာလဲ ဆိုသူများနဲ့…ဒါတွေဟာ ဂျင်းပါဆိုသူများအတွက်ရော…မပြောကောင်းမဆိုကောင်း နောင်… ကျွန်တော်တို့ နိုင်ငံမှာ အလားတူ ဖြစ်စဉ်တွေများ ဖြစ်လာခဲ့လျှင် ဆိုသော်လည်းကောင်း တွေးပြီး…ဒါတွေ ဒါတွေကြောင့် ချက်ခြင်း အပြင်ပြန်ထုတ်ဖို့ မလွယ်ကူခြင်း ဖြစ်ပါကြောင်း…ကလေးများရောက်ရှိနေသော နေရာနဲ့ မြေပြင်မှ အနက်…ကျွန်တော် နားလည်သလောက်၊ လေ့လာမိသလောက်၊ ဥာဏ်မှီသလောက် လေးနဲ့ ပြန်လည် မျှဝေဖော်ပြ လိုက်ရပါတယ် ခင်ဗျာ….
လေးစားစွာဖြင့်Credit:Ko Pyiet Oo Aung (Black Dream)
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.