26 June, 2018

မူးယစ်ဆေးဝါး အထူးသတင်းပေး တိုင်ကြား ဌာန ဖွင့်လှစ်ပြီ လို့ သမ္မတ ဦးဝင်းမြင့်ပြော

image
ဧရာဝတီ၊ ဇွန် ၂၆၊ ၂၀၁၈
တိုင်းပြည်မှာ အလွန်ဆိုးဝါးနေတဲ့ မူးယစ်ဆေးဝါး ကိစ္စတွေကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်ဖို့ အထူးသတင်းပေး တိုင်ကြားနိုင်တဲ့ဌာန တခုကို သမ္မတရုံးမှာ ဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့ ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနဲ့ တရားမဝင် ရောင်းဝယ် တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ သမ္မတ ဦးဝင်းမြင့်က ကြေညာခဲ့ပါတယ်။
ဒီနေ့ နေပြည်တော် MICC-2 မှာ ကျင်းပပြုလုပ်တဲ့ အခမ်းအနားမှာ သမ္မတကိုယ်တိုင် အထက်ပါ အတိုင်း ကြေညာလိုက်တာ ဖြစ်ပြီး အခမ်းအနားကို ဒုတိယ သမ္မတ ဦးမြင့်ဆွေ၊ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့ အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားမှာ ဒီနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲမှာ ဆုရသူတွေကို ဆုချီးမြင့်တာ၊ အခမ်းအနား ပြီးတော့ ပြခန်းတွေကို ထုံးစံအတိုင်း သမ္မတက လှည့်ပတ်ကြည့်ရှု့တာတွေ ပြုလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ – ထက်နိုင်ဇော်/ဧရာဝတီ
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.