28 June, 2018

အ​မေရိကန်​တွင်​ ဘာသာ​ရေး ​လေးစားမှု၏ ဒီမိုက​ရေစီ ပြယုတ်​ တခု

အမေရိကန်ကပါ
သစ်ပင်ကိုရှောင်တာ မဟုတ်ပါဘူး
အဲဒိသစ်ပင်ရှိတဲ့ တောင်ကုန်းလေးကို အနားက red indian မျိုးနွယ်စု တစ်ခုက ကိုးကွယ်ပါတယ်။
အမြန်လမ်း မကြီးဖောက်တဲ့အခါ အိမ်ခြေ ၆၀ ရှိတဲ့ရွာက ပြည်ထောင်စုအစိုးရနဲ့ အမှုဆိုင်တာပါ။ ပြည်ထောင်စုတရားရုံးချုပ် မျှမက ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးထိ ရောက်ကြပါတယ်။
အစိုးရ ရှုံးပါတယ်။ လူတစ်ဦး လူတန်းစားတစ်ခု လူမျိုးတစ်မျိုး လူအများ ကိုးကွယ် ယုံကြည်ရာ တစ်ခုခုကို မည်သည့်နည်းနှင့်မျှ မထိခိုက်စေရ ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဲသည့် တောင်ကုန်းလေးကို ပြည်ထောင်စု အစိုးရက ကွင်းရှောင်ဖောက်ခဲ့ရတာပါ။ ပြည်ထောင်စု အစိုးရအနေနဲ့ ခုလိုအမြန်လမ်းမကြီးကို ကွင်းခဲ့ရတဲ့အတွက် အတော်အကုန်အကျ များခဲ့ရတာပါ။ အခုတော့ အဲဒိအကွေ့လေးက အမေရိကန်ပြည်ထောင်စုမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို ဘယ်သူမှ ထိလို့မရဘူးဆိုတဲ့ ပြယုဂ်ဖြစ်နေပါပြီ။ အမေရိကန်နိုင်ငံသား တွေက ဒီနေရာလေးမှာ ဒီလိုကွေ့သွားရတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်ရမယ့်အစား ဂုဏ်ယူနေကြတာပါ။ ခုတော့ အဲ့ဒိရွာလည်း မရှိတော့ပါဘူး။ ဒါပေမယ့် ဒီအကွေ့လေးက စကားတွေအများကြီးပြောနေပါတယ်။ အထူးသဖြင့် ဒီမိုကရေစီကို အသက်နဲ့လဲပြီး ပြောင်းလဲချင်ပါတယ်လို့ ပြောလာတဲ့ မြန်မာနိုင်ငံက ပုဂ္ဂိုလ်များ အတွက်ပေါ့။

Credit: Nyo Lwin Oo
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.