19 June, 2018

“အလေးချိန် နှစ်တန်ရှိ ကျောက်စိမ်းအရိုင်းတုံးကြီး ဒလ၌ ဖမ်းမိ

Image may contain: text

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ်အတွင်း အလေးချိန်နှစ်တန်ရှိ ကျောက်စိမ်းအရိုင်းတုံးကြီးကို တရားမ၀င်သယ်ဆောင်လာစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲ၌ တရားမ၀င်ကျောက်မျက် ရတနာများ သယ်ဆောင်လာကြောင်း သတင်းများအရ ဒလမြို့နယ် ရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့မှူး၊ ဒလမြို့မရဲစခန်းမှူးရဲအုပ်သက်နိုင်နှင့် တပ်ဖွဲ့ဝင်ခြောက်ဦးတို့ စောင့်ဆိုင်းနေစဉ် ဒလမြို့မှ တွံတေးမြို့သို့မောင်းလာသည့် မော်တော်ယာဉ်တစင်းပေါ်မှ တရားမ၀င်ကျောက်စိမ်းတုံးကြီးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အလျား ၆ ပေ ၅ လက်မ၊ အနံ ၃ ပေ ၅ လက်မ၊ အမြင့် ၂ ပေ၊ အလေးချိန် ၂ တန်ရှိ ကျောက်စိမ်းအရိုင်း တုံးအား ရေကမ္ဘာကုမ္ပဏီကားဖြင့် ယာဉ်မောင်းဦးကျော်ဌေး (၅၁)နှစ် (ဘ) ---၊ ၁၂/သကတ(နိုင်) --- မှ ယာဉ်အမှတ် 7D----- ဖူဆိုအပြာရောင်ဖြင့် တင်ဆောင်လာကြောင်း သိရသည်။
''ကားမောင်းလာတာကတော့ ဦးကျော်ဌေးပေါ့။ သူနဲ့အတူ (၁၇)နှစ်အရွယ် ကလေးတယောက်ပါလာတယ်။ ကျောက်စိမ်းတုံးနဲ့အတူ စာရွက်စာတမ်းတွေတော့ ပါလာတယ်။ ဒါပေမဲ့ အဲဒါတွေက တရားဝင်မဟုတ်ဘူး။ အဲဒီအတွက်လည်း စစ်ဆေးပြီးသွားပြီ။ လက်ရှိမှာ သူတို့ကို အမှုဖွင့်ထားတယ်''ဟု ဒလမြို့မရဲစခန်းမှ စခန်းမှူးဦးသက်နိုင်က ပြောသည်။
ယင်းတရားမ၀င်ကျောက်စိမ်းသယ် ဆောင်လာသည့် ယာဉ်မောင်းဦးကျော်ဌေး (၅၁)နှစ်နှင့် မောင်သီဟကျော် (၁၇)နှစ်တို့အား (ပ)နံပါတ် ၂၇၂/၂၀၁၆ နှင့် မြန်မာ့ ကျောက်မျက်ရတနာဥပဒေပုဒ်မ ၄၂ (က) တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
.
Credit .... NewsWatch via Thomson YarPyae
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျှက်
Martin Swe
17-06-2016
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.