02 June, 2018

ဆော်ဒီအိမ်ရှေ့စံမင်းသားဘင်ဆဲလ်မန်သေနတ်ပစ်ခံရပြီးဒဏ်ရာရရှိခဲ့တဲ့သတင်းထွက်ပေါ်လာ

မေ ၃၁၊ ၂၀၁၈                                                                                                       
  Myanmar Muslim Media
ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆဲလ်မန်ဟာ တော်ဝင်နန်းတော် အပြင်ဘက်ကနေအပြင်းအထန်ပစ်ခတ်မှုတွေကြောင့် ဒဏ်ရာရရှိခဲ့ တယ်လို့သတင်း ထွက်ပေါ်လာခဲ့ပါတယ်။
အစ္စလာမ်မစ်ရီဗိုင်ဘယ်ပါတီရဲ့အထွေထွေအတွင်းရေးမှူး မိုဟာမက်အဲလ်-မက်စ်အာရီက ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ဘနွန်ရုပ်သံ အဲလ်မာယာဒင်းန်နဲ့ပြီးခဲ့တဲ့ အင်တာဗျူးတစ်ခုအတွင်း ဘင်ဆဲလ်မန်ဟာ တိုက်ခိုက်မှုအတွင်းကျည်ဆံမှန်ခဲ့တယ်လို့သူက ပြောကြားခဲ့ပါတယ်။ နန်းတော် အပြင်ဘက်မှာပစ်ခတ်မှုသတင်းတွေ ထွက်ပေါ်ခဲ့ပြီး အရုပ်ဒရုန်းတစ်ခုဟာ နန်းတော်အနီးချည်းကပ်လာခဲ့ပေမယ့် နောက်ပိုင်းမှာပစ်ချခံခဲ့ရတယ် လို့ဆော်ဒီပြည်တွင်းသတင်းဌာနကဖော်ပြထားပါတယ်။ ဆော်ဒီအရေးတက်ကြွလှုပ်ရှားသူက ဒါဟာစက်သေနတ်ကြီးသယ်ဆောင်ထားတဲ့ယာဉ်ကနေ တွေ့ရာမြင်ရာစွတ်ပစ်တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်လို့ဆိုပါတယ်။
ဘင်ဆဲလ်မန်ဟာလုံခြုံရေးအတွက် အနီးအနားကစစ်တပ်စခန်းတစ်ခုရဲ့ကတုတ်ကျင်းတစ်ခုဆီရွှေ့ပြောင်းခဲ့ရတယ်လို့ သတင်းတွေကဖော်ပြပါတယ်။ မင်းသားမိုဟာမက်ဘင်ဆဲလ်မန်ဟာ မီဒီယာတွေမှာမကြာခဏရုပ်လုံးပြထွက်လေ့ရှိပေမယ့် တိုက်ခိုက်မှုဖြစ်ပွားပြီးကတည်းက ကင်မရာပေါ်မှာမမြင်ရတော့ပါဘူး။ ဧပြီလတုန်းက အမေရိကန်နိုင်ငံတော်အတွင်းရေးမှူးအသစ် မိုက်ပွမ်ပျိုအလည်အပတ်ရောက်ရှိလာချိန်မှာတောင် မမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
Times of Islamabad သတင်းဌာနပါ “Saudi crown prince Mohammad Bin Salman was shot and injured in heavy gunfire: Report” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.