08 April, 2018

ဂျင်နိုဆိုဒ် ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဖိလစ်ပိုင်မှာ ခေါ်ထားချင်ကြောင်း ဖိလစ်ပိုင် သမ္မတ ဒူတာတေး ပြော

ဧပြီ ၆၊ ၂၀၁၈
Myanmar Muslim Media

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က မြန်မာနိုင်ငံမှာ လူအစုလိုက် အပြုံလိုက် အသက်ဘေးရန်ကနေ လွတ်အောင် ထွက်ပြေးနေဆဲရှိကြတဲ့ သိန်းနဲ့ချီရှိနေတဲ့ အဖိနှိပ်ခံ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေကို သူလက်ခံဖို့ ဆန္ဒရှိတဲ့ အကြောင်း တိုက်ရိုက်မိန့်ခွန်းမှာ ပြောကြား သွားပါတယ်။
ကြာသပတေးနေ့က မနီလာ သမ္မတနန်းတော်မှာ ကျင်းပပြုလုပ်တဲ့ တောင်သူလယ်သမားများနဲ့ စိုက်ပျိုးရေး အရာရှိများကို ပြောကြားခဲ့တဲ့ ကျယ်ပြန့်တဲ့ သူ့ရဲ့မိန့်ခွန်းတစ်ရပ်မှာ ဒူတာတေးက မြန်မာနိုင်ငံမှာ လူမျိုးတုန်းသုတ်သင်မှုတွေဟာ ဆက် လက်ဖြစ်ပေါ်နေဆဲပဲရှိပြီး မပြီးပြတ်နိုင်သေးတဲ့အကြောင်းနဲ့ ဒီလို သုတ်သင်မှုရန်ကနေ လွတ်မြောက်အောင် အသက်လု ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည်တွေကို သူလက်ခံဖို့ ဆန္ဒရှိတဲ့အကြောင်း အခုလို တိုက်ရိုက် ထုတ်လွှင့်တဲ့ ရုပ်သံလွှင့်အစီစဉ်မှာ ထည့်သွင်းပြောကြားသွားပါတယ်။
“အဲဒီမှာ ရောက်နေတဲ့လူတွေကို ကျွန်တော်တကယ်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော် ဒုက္ခသည်တွေကို ခေါ်ထား ချင်ပါတယ်။ ရိုဟင်ဂျာတွေကိုပါ- သူတို့ကို ကျွန်တော်တို့ ကူညီပေးရပါလိမ့်မယ်- ဒါပေမဲ့ သူတို့ကို ဥရောပနဲ့ ခွဲတမ်းမျှပြီး ခေါ်ထားမှာ ဖြစ်ပါတယ်”လို့ ဒူတာတေးက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံက ပြဿနာတွေကို ပြေလည်သွားအောင် ဖြေရှင်းဖို့ နိုင်ငံတကာအသိုင်းဝိုင်းအနေနဲ့ စွမ်းဆောင်နိုင်ခြင်းမရှိတာ ကိုလည်း သမ္မတက ဝေဖန်သွားပါတယ်။
“သူတို့ ရိုဟင်ဂျာ အရေးတောင် မဖြေရှင်းနိုင်ပါဘူး။ တကယ်လို့ ကျွန်တော် ဒါမျိုးပြောရမယ်ဆိုရင် ဒါဟာ ဂျီနိုဆိုဒ်ပဲ” လို့ ရုပ်မြင်သံကြား တိုက်ရိုက်ထုတ်လွှင့်ပြသမှု့မှာ ဒူတာတေးက မှတ်ချက်ပြု ပြောကြားသွားတာပါ။ 
သူမှတ်ချက်ပြု ပြောကြားသွားတဲ့ အခြားတစ်နေရာမှာတော့ ဒူတာတေးက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို နံမည်တပ်ပြီး တိုက်ရိုက်ရည်ညွန်း ပြောကြားသွားခြင်း မရှိပါဘူး – “သူက ကျွန်တော့် သူငယ်ချင်းပါ။” လို့ တစ် ခွန်းပဲ ဖြေကြားသွားပါတယ်။  သူမဟာ နိုင်ငံမဲ့ဖြစ်နေရရှာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အများအပြားကို ရပ်တည်ကာကွယ်ပေး
ဖို့ ပျက်ကွက်ခဲ့တာကြောင့် နိုင်ငံရပ်ခြားရှိ လူအမြောက်အမြားရဲ့ အပြင်းထန်ဆုံး ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့နေရ တာ ဖြစ်ပါတယ်။ 

အစိုးရရဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ဦးဇော်ဌေးကတော့ အဲဒီမှတ်ချက်စကားတွေဟာ တကယ့်ဖြစ်ရပ်မှန် အခြေနေတွေနဲ့ ကိုက်ညီခြင်းမရှိဖူးလို့ ပြောကြားယင်း ဒူတာတေးရဲ့ အခုလို ပြောကြားချက်တွေဟာ မြန်မာနိုင်ငံက အစိုးရအရာရှိတွေ အတွက် ဒေါသအမျက် ချောင်းချောင်းထွက်စရာ ဖြစ်လာပါတယ်။
“သူက မြန်မာနိုင်ငံအကြောင်းကို ဘာတစ်ခုမှ မသိဖူးလေ၊ အဲဒီပုဂ္ဂိုလ်က စကားပြောယင် ပါးစပ်စည်းမရှိဘူးဗျ။ ဒါကြောင့် သူက အခုလိုမျိုးပြောတာ” ဟု သူက ဖြည့်စွက်ပြောကြားသွားပါတယ်။
Press TVသတင်းဌာနပါ “Duterte: Philippines willing to accept Rohingya fleeing ‘genocide’” အမည်ဖြင့် ဖော်ပြထားသည့် သတင်းကို ရည်မွန် (Myanmar Muslim Media)က မြန်မာဘာသာသို့ ပြန်ဆိုသည်။
Photo: AP
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.