12 April, 2018

အဲလိဇဘက်(၂)ဘုရင်မကြီးဟာ တမန်တော်မုဟမ္မဒ်ရဲ့ အနွယ်တော် ၀င်မျိုးရိုးက ဆင်းသက် လာတယ်လို့ သမိုင်းပညာရှင်တွေ ယုံကြည်


image
သူမရဲ့မျိုးဆက်၄၃ဆက်ကို ခြေရာခံပြီးနောက်မှာ အဲလိဇဘက်ဘုရင်မကြီးဟာ အစ္စလာမ်ကိုတည်ထောင်ခဲ့သူကနေဆင်းသက်လာတဲ့မျိုးရိုးဖြစ်တယ်လို့ သမိုင်းပညာရှင်တွေကယုံကြည်ထားပါတယ်။
ဗြိတိန်ဘုရင်မကြီးဟာ တမန်တော်မြတ်မုဟမ္မဒ်ရဲ့ဆွေတော်မျိုးတော်ကနေဆင်းသက်လာတယ်လို့ ဒီယူဆချက်ကဖော်ပြထားတာဖြစ်ပါတယ်။ ဒီရှာဖွေတွေ့ရှိမှုတွေကို တော်ဝင်မျိုးနွယ်စဉ်နဲ့ပတ်သက်ပြီး ဗြိတိန်အာဏာပိုင်အဖွဲ့ Burke’s Peerage က ၁၉၈၆ခုနှစ်မှာပထမဆုံးထုတ်ဝေခဲ့တာဖြစ်ပါတယ်။  တမန်တော်မြတ်ရှိစဉ်အခါကဘုရင်မကြီးရဲ့မျိုးရိုးကိုခြေရာခံခဲ့တယ်လို့ မော်ရိုကန်သတင်းစာကဖော်ပြခဲ့ပြီးနောက်မှာ ဒီယူဆချက်ဟာပြန်လည်ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
သူတို့ရဲ့ရှာဖွေတွေ့ရှိမှုတွေအရ အဲလိဇဘက်ဘုရင်မကြီးရဲ့မျိုးရိုးဟာ ၁၄ရာစုက ကမ်းဘရစ်ကအာလ် အလယ်ခေတ်စပိန်မွတ်စလင်တွေကနေ တမန်တော်မြတ်ရဲ့သမီးတော် ဖွာတေမာထိဆက်နွယ်နေပါတယ်။ တစ်ချို့သမိုင်းပညာရှင်တွေ အလယ်ခေတ်အစောပိုင်းကစပိန်တွေနဲ့ပတ်သက်ပြီး မျိုးရိုးစီစစ်မှတ်တမ်းတင်ပညာရှင်တွေရဲ့ အငြင်းပွားမှုတွေရှိပေမယ့်လည်း ဒီယူဆချက်ကိုထောက်ခံထားပါတယ်။ ဒါကို အီဂျစ်ရဲ့ မွတ်စလင်ဘာသာရေးအကြီးအကဲခေါင်းဆောင်ဟောာင်းဖြစ်သူ အလီဂိုမာကလည်းအတည်ပြုထားပါတယ်။
Burke’s ရဲ့ထုတ်ဝေမှုဒါရိုက်တာကအဲဒီနောက်မှာတော့ ၁၉၈၆ခုနှစ်မှာဝန်ကြီးချုပ်မာဂရက်သက်ချာဆီ တော်ဝင်မိသားစုရဲ့လုံခြုံရေးကိုတိုးမြှင့်ပေးဖို့ စာရေးသားတောင်းဆိုခဲ့ပါတယ်။ “တမန်တော်မုဟမ္မဒ်မျိုးရိုးကနေတိုက်ရိုက်ဆင်းသက်လာတဲ့တော်ဝင်မိသားစုကို မွတ်စလင်အကြမ်းဖက်သမားတွေဆီကနေ အမြဲတမ်းကာကွယ်ဖို့အပေါ်မှာမှီခိုထားလို့မရနိုင်ဘူး”လို့ သူကသက်ချာဆီရေးသားပေးပို့ခဲ့ပါတယ်။
ဒီဆက်နွယ်မှုဟာလူအများအပြားကိုအံ့သြစေလိမ့်မယ်လို့သူကဆိုပါတယ်။ “တမန်တော်မုဟမ္မဒ်ရဲ့သွေးတွေဟာ ဘုရင်မကြီးရဲ့သွေးကြောတွေထဲစီးဆင်းနေတာနဲ့ပတ်သက်ပြီး ဗြိတိန်လူထုကသိရှိမှုနည်းပါးပါတယ်။ ဒါပေမယ့်လည်း မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေအားလုံးက ဒီအချက်နဲ့ပတ်သက်ပြီးဂုဏ်ယူနေကြပါတယ်။” လို့သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။ ဘုရင်မကြီးဟာတမန်တော်မြတ်မုဟမ္မဒ်ရဲ့အနွယ်တော်ဝင်ဖြစ်တာကို Burke’s Peerage က ပထမဆုံးထုတ်ပြန်ခဲ့ပါတယ်။ ဘုရင်မကြီးရဲ့မျိုးရိုးဟာ ခရစ်ယာန်ကိုသက်ဝင်ကူးပြောင်းမှုမပြုခင်၁၁ရာစုမှာ ဆီဗီလာရဲ့သူမရဲ့မွေးရပ်မြေကနေထွက်ပြေးလာခဲ့တဲ့ မွတ်စလင်မင်းသမီးဇိုင်ဒါကနေဆင်းသက်လာတာလို့ သူတို့ကယူဆခဲ့ပါတယ်။
ဇိုင်ဒါဟာ ဆီဗီလာက ဘုရင်ကြီးအဲလ်မူတာမစ်အစ်ဘ်အဘက်ရဲ့ လေးယောက်မြောက်ဇနီးဖြစ်ခဲ့ပါတယ်။ သူမဟာဆန်ချိုဆိုတဲ့သားတော်တစ်ပါးကိုမွေးဖွားခဲ့ပါတယ်။ နောက်မှာတော့သူကဆင်းသက်လာတဲ့အနွယ်တော်ဟာ ၁၁ရာစုမှာ ကမ်းဘရစ်က အာလ်နဲ့လက်ထပ်ခဲ့ပါတယ်။ ဒါပေမယ့် ဇိုင်ဒါရဲ့မူလမျိုးရိုးနဲ့ပတ်သက်ပြီးအငြင်းပွားဖွယ်ရာရှိနေတာကို ဗြိတိန်မဂ္ဂဇင်း စပက်တေတာကထောက်ပြထားပါတယ်။ တစ်ချို့သမိုင်းပညာရှင်တွေကတော့သူမဟာ တမန်တော်မြတ်အနွယ်ကနေဆင်းသက်လာတဲ့ ၀ိုင်သောက်တဲ့မွတ်စလင်ဘာသာရေးအကြီးအကဲရဲ့သမီးဖြစ်တယ်လို့ယုံကြည်ကြသလို တစ်ချို့ကလည်း သူမဟာ သူ့ရဲ့မိသားစုဝင်နဲ့လက်ထပ်ခဲ့တယ်လို့ဆိုပါတယ်။
ဘုရင်မကြီးဟာတမန်တော်မုဟမ္မဒ်နဲ့ဆက်နွယ်နေတဲ့ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုတွေဟာရောထွေးနေပါတယ်။ အဘီဒယ်ဟာမစ်အဲလ်အော်နီက မော်ရိုကန်သတင်းစာရဲ့သတင်းကိုကြိုဆိုလိုက်ပြီး “ဒါဟာကျွန်တော်တို့ဘာသာနှစ်ခုနဲ့နိုင်ငံတွေကြားတံတားတစ်စင်းတည်ဆောက်လိုက်တာပဲဖြစ်တယ်”လို့ ရေးသားထားပါတယ်။ ဘုရားသခင်မရှိလို့ယုံကြည်တဲ့အာရပ်ကွန်ရက်ဖိုရမ်မှာ ဘုရင်မကြီးအဲလိဇဘက်ဟာ မွတ်စလင်တွေကိုအုပ်ချုပ်ပိုင်ခွင့်ကိုရယူရမယ်လို့ ရေးသားထားပါတယ်။
အင်တာနက်ဖိုရမ်ကနေလူတစ်ယောက်က ဒါဟာမွတ်စလင်ဘာသာဝင်တွေတိုးလာတဲ့အပေါ်မှာ နှစ်သိမ့်ပေးဖို့ဗြိတိန်ကအသုံးချထားတဲ့ဝါဒဖြန့်မှုတစ်ခုသာဖြစ်တယ်လို့ရေးသားထားပါတယ်။
Daily Mail
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.