10 April, 2018

အစိုးရ​ဆေးရုံမှ ​ဆေးမရဆိုသည်​မှာ မဖြစ်​နိုင်​ဘဲ ​ဆေးပို၍ သက်​တမ်းကုန်​ခြင်းများပင်​ရှိဟု ကျန်းမာ​ရေးဝန်​ကြီး​ပြော


Image may contain: one or more people, crowd and stadium
ရန်​ကုန်​၊ ​ဧပြီ ၁၀
အစိုးရ​ဆေးရုံများမှ ​ဆေးများအလွယ်​တကူမရဟုဆိုသည်​မှာ မဖြစ်​နိုင်​​ကြောင်း ကျန်းမာ​ရေးနှင့်​ အားကစားဝန်​ကြီးဌာန ပည်​​ထောင်​စုဝန်​ကြီး ​ဒေါက်​တာမြင့်​​ထွေးက ​ပြောကြားသည်​။
ဧရာဝတီတိုင်း​ဒေသကြီး၊ ​မြောင်းမြမြို့နယ်​တွင်​ ဧပြီလ ၁၀ ရက်​ကပြုလုပ်​သည့်​ နိုင်​​ငံ​တော်​အတိုင်​ပင်​ခံ၏ ငြိမ်းချမ်း​ရေးစကားဝိုင်းတွင်​ ပြည်​​ထောင်​စုဝန်​ကြီး အထက်​ပါအတိုင်း​ပြောကြားခြင်းဖြစ်​သည်​။
``​​တော်​​တော်​များများရပါတယ်​။မရဘူးဆိုတာ နည်းနည်းရှားပါးတဲ့ ကင်​ဆာ​ရောဂါ​ဆေး အဲဒါပဲ။ ဓာတ်​ခွဲခန်း​တွေမှာဆိုရင်​ အလကားနီးပါး​ပေးပါတယ်​။လုံးဝ ပိုက်​ဆံမယူပါဘူး´´ဟု ​ဒေါက်​တာမြင့်​​ထွေးက ဆိုသည်​။
သို့​သော်​လည်း ​နောက်​ဆုံး​ပေါ်ကုထုံးများအတွက်​မူ ပိုက်​ဆံရယူရ​ကြောင်း ဝန်​ကြီးက ဆိုသည်​။
``​ဆေးမရတာက​တော့ မဖြစ်​နိုင်​ပါဘူး။ ​တော်​​တော်​များများမှာ အလျှံပယ်​ပါ။ များလွန်းအားကြီးလို့ မသုံးနိုင်​တဲ့အတွက်​ Expired ​တောင်​ ဖြစ်​တဲ့​ဆေး​တွေ​တောင်​ ကျွန်​​တော်​တို့​တွေ့ရပါတယ်​။ ဒီနှစ်​မှာ​ဆေးဝယ်​တဲ့အထဲက ပိုက်​ဆံ​တွေ​တော်​​တော်​များများပိုပါတယ်​။ မရဘူးဆိုတာ​တော့ မရှိပါဘူး´´ဟု ဝန်​ကြီးကဆိုသည်​။
အတိုင်​ပင်​ခံပုဂ္ဂိုလ်​​ဒေါ်​အောင်​ဆန်းစုကြည်​ကမူ ပြည်​​ထောင်​စုအစိုးရကချထား​ပေးသည့်​​ဆေးများကို တိုင်းအဆင့်​ဆင့်​က စနစ်​ကျစွာသုံးစွဲမှုရှိမရှိ ပြန်​လည်းဆန်းစစ်​ရန်​လိုသည်​ဟု ​ထောက်​ပြသည်​။
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.