08 April, 2018

နိုင်ငံ့ဝန်ထမ်းလစာ အလွန်မြင့်မား လာခြင်း ကို ရှောင်ကြဉ်ရန် မြန်မာကို ကမ္ဘာ့ဘဏ်တိုက်တွန်း

ရန်ကုန်၊ ဧပြီ ၅
နိုင်ငံဝန်ထမ်းလစာ အလွန်အမင်း မြင့်မားလာခြင်းကိုရှောင်ကြဉ်ရန်ကမ္ဘာ့ ဘဏ်က ဧပြီလ၂ရက်တွင် တရားဝင်ထုတ်ပြန်သည့် မြန်မာနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်း လစာ၊ စရိတ်၊ ချီးမြှင့်ငွေစနစ်နှင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲခြင်းအစီရင်ခံစာတွင် ဖော်ပြသည်။
အဆိုပါအစီရင်ခံစာကို နိုင်ငံတော်အစိုးရက ထုတ်ပြန်သော ကြေညာချက် များ၊ အချက်အလက်များ၊ အုပ်စုဖွဲ့ဆွေးနွေးပွဲမှ နိုင်ငံဝန်ထမ်းများ၏ အမြင် များ၊ အခြားဖွံ့ဖြိုးရေးအဖွဲ့အစည်းများ၏ သုတေသနအစီရင်ခံစာများ အပေါ် ဆန်းစစ်လေ့လာ၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းပြုစုခဲ့ သည်။
တစ်နိုင်ငံလုံး၏ နိုင်ငံ့ဝန်ထမ်း လစာပမာဏသည် လတ်တလော အခက်အခဲ မဟုတ်သော်လည်း အခွန်ဘဏ္ဍာအားနည်းချက်များကြောင့် နိုင်ငံ့ဝန်ထမ်းလစာ ပမာဏမြင့်တက်လာမှုအပေါ် အလေးအနက် စောင့်ကြည့်ရမည်ဟု အစီရင်ခံစာတွင် ရေးသားထားသည်။
နိုင်ငံ့ဝန်ထမ်းလစာသည် နိုင်ငံတော်၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းတွင် များပြားလွန်းပါက စီးပွားရေးကပ်ဆိုက်ချိန်၊ စီးပွားရေး တစ်ဟုန်ထိုးတက်လာသည့် အခြေအနေတွင် ညှိနှိုင်းရန် ခက်ခဲကြောင်း အစီရင်ခံစာတွင် ရေးသားသည်။
” ကျွန်တော်မြင်တာကတော့ Productivity (ထုတ်လုပ်နိုင်စွမ်း)နဲ့  Wages (လုပ်အားခများ)နဲ့ ဆက်နေရမယ်။ Productivity မရှိဘဲနဲ့ Salary(လစာ) တွေ တိုးလာရင် ငွေကြေးဖောင်းပွမှု ဖြစ်လာမယ်။ ထုတ်လုပ်မှု မတက်ဘဲ လခတွေပဲ တိုးရင် ပြဿနာတက်မယ် “ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် ဧည့်ပါမောက္ခ ဒေါက်တာသန်းဖေက The Voice Journal သို့ပြောကြား သည်။
၂၀၁၁-၁၂ဘဏ္ဍာနှစ်တွင် နိုင်ငံဝန်ထမ်းလစာ နည်းပါးခဲ့သော်လည်း ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် သိသိသာသာ မြင့်မားလာခဲ့ပြီး နိုင်ငံအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၃ ဒသမ ၅ ရာခိုင်နှုန်း ရှိကာ ယင်းနှုန်းထားသည် ငါးနှစ်အတွင်း GDP အချိုးအရ သုံးဆခန့်မြင့် လာခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
အစိုးရဝင်ငွေ၏ ၁၅ ဒသမ ၂၀ ရာခိုင်နှုန်းရှိသည့် သဘာဝဓာတ်ငွေ့မှာ ၂၀၁၅ – ၁၆ ဘဏ္ဍာနှစ်တွင် ဈေးနှုန်းကျဆင်းသဖြင့် မြန်မာအစိုးရဝင်ငွေကျသည့်အပြင် ဘဏ္ဍာ ရေးလိုငွေပြမှုမှာလည်း ၂၀၁၄-၁၅ဘဏ္ဍာနှစ်တွင် ဂျီဒီပီ၏ ၁ ဒသမ ၁ရာခိုင်နှုန်းရှိရာမှ ၂၀၁၅-၁၆ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။
ထိုအခြေအနေများကြောင့် နိုင်ငံ့ဝန်ထမ်းအခြေခံလစာနှုန်းထားကို ၂၀၁၄ – ၁၅ဘဏ္ဍာနှစ်တွင် ၄၅ ရာခိုင်နှုန်းတိုးမြှင့်ပြီးနောက် ၂၀၁၅-၁၆ ခုနှစ်တွင် ၅ရာခိုင်နှုန်းသာ တိုးပေးခဲ့ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

သို့သော် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းလစာသည် နိုင်ငံတကာစံနှုန်း နှင့် နှိုင်းယှဉ်လျှင် နည်းပါးနေသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၄-၁၅ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်း စုစုပေါင်း ၁ ဒသမ ၁သန်း  ကျော်ရှိပြီး ပညာရေး၊ ပြည်ထဲရေးနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့တွင် ဝန်ထမ်းအများဆုံးဖြစ်သည်
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.