10 April, 2018

ကုလ အရာရှိက ရိုဟင်​ဂျာ​တွေ ပြန်​လာဖို့ ပချိန်​ မတန်​​သေးဘူးလို့ BBC ကို ​ပြော


image
ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေအရ  မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေ လုံလုံခြုံခြုံ ပြန်လာနိုင်ဖို့ မသင့်တော်သေးဘူးလို့ ကုလသမဂ္ဂ ထိပ်တန်း အရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံးရဲ့ လက်ထောက် အတွင်းရေးမှူးချုပ်လည်းဖြစ် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးလည်းဖြစ်တဲ့ မစ္စ အာဆူလာ မူလာ က သူ့ရဲ့ ရခိုင်ခရီးစဉ် အပြီးမှာ အခုလို ပြောခဲ့တာ ဖြစ်ပြီး မီးလောင်ထားတဲ့ ရွာတွေ၊ ဘူဒိုဇာနဲ့ အထိုးခံထားရတဲ့ ရွာတွေ တွေ့ခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။
မိုးရွာသွန်းမှုများမယ့် မုတ်သုံရာသီရောက်လာတော့မှာ ဖြစ်ပေမယ့် ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေမှာ သောင်တင်နေဆဲ ဖြစ်ပါတယ်။
အဲဒီဒုက္ခသည်တွေ ပြန်ခေါ်ဖို့ကိစ္စအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ မနှစ်ကတည်းက သဘောတူ ထားပေမယ့် အခုထိ ဒုက္ခသည်တွေ ပြန်လာနိုင်ခြင်း မရှိသေးပါဘူး။
ရိုဟင်ဂျာတွေ ခွဲခြား ဖိနှိပ်ခံရတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က မရှုံ့ချဘူးဆိုပြီး နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့တာကလည်း ဒီကိစ္စ ပြေလည်ရေးအပေါ် သက်ရောက်မှု မရှိခဲ့ဘူးလို့ မစ္စ မူလာက ပြောပါတယ်။
မစ္စ အာဆူလာ မူလာဟာ ဧပြီလ ၂ ရက်နေ့ကနေ ဧပြီလ ၁၁ ရက်နေ့အထိ စီစဉ်ထားတဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွက် ရောက်ရှိနေတာ ဖြစ်ပြီး လောလောဆယ် ဧပြီလ ၈ ရက်နေ့မှာ ကချင်ပြည်နယ်ကို ရောက်ရှိနေပါတယ်။
ဓာတ်ပုံ – Ursula Mueller Twitter
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.