23 March, 2018

လက်ရှိ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်

image
image
ကွတ်ခိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် (လက်ရှိပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ) အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်  ရွေးချယ်တင်မြှောက်ခဲ့သည်။
လစ်လပ်လျက်ရှိသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက် ဥက္ကဋ္ဌလောင်း နှစ်ဦးအား သက်ဆိုင်ရာပါတီကိုယ်စားလှယ် တစ်ဦးစီက အဆိုပြုအမည်စာရင်း တင်သွင်းခဲ့သည်။
ဦးတီခွန်မြတ်သည် မူလက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးဖြစ်သော်  
လည်း လက်ရှိတွင် ပါတီမှနုတ်ထွက်ထားပြီး တစ်ဦးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

ထိုသို့ အမည်စာရင်းတင်သွင်းရာတွင် ဥက္ကဋ္ဌလောင်းတစ်ဦးဖြစ်သည့် ကွတ်ခိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ဦးတီခွန်မြတ်အား NLD ပါတီဝင် ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က လည်းကောင်း၊ ကျန်ဥက္ကဋ္ဌလောင်းတစ်ဦးဖြစ်သည့် ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကျောင်းကုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းကလည်းကောင်းအသီးသီး အဆိုပြုတင်သွင်း ခဲ့ခြင်းဖြစ်သည်။
အဆိုပါပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလောင်း နှစ်ဦးအား စက်ခလုပ်အသုံးပြု မဲပေးရွေးချယ်ရာတွင် ဦးတီခွန်မြတ်က ထောက်ခံမဲများသဖြင့် ဦးတီခွန်မြတ်အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ခြင်းဖြစ်သည်။
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.