19 March, 2018

ရိုဟင်ဂျာတွေကိုကာကွယ်ပေးနိုင်ဖို့ပိုမိုအားထုတ်ကြိုးပမ်းသွားရမယ်လို့ ကုလ အကြီး အကဲဆို

မတ် ၁၈၊ ၂၀၁၈                                                                                                          Myanmar Muslim Media
မိုးဦးရာသီမတိုင်ခင်မှာ ရိုဟင်ဂျာတွေကိုကာကွယ်ပေးနိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့ပိုမိုအားထုတ်ကြိုးပမ်းသွားဖို့ ကုလအထွေထွေအတွင်းရေးမှူးအန်တိုနီယိုဂူတာရက်ဇ်ကတိုက်တွန်းလိုက်ပါတယ်။
မိုးဦးရာသီချဉ်းကပ်လာမှုနဲ့အတူ ကျွန်တော်တို့ပိုမိုအားထုတ်ကြိုးပမ်းသွားရမယ်လို့ သူကသောကြာနေ့က ဂျနီဗာမှာကျင်းပတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးအတွက်ပူးပေါင်းတုံ့ပြန်တဲ့အစီအစဉ်နဲ့ပတ်သက်ပြီး ဗီဒီယိုအမှာစကားပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုဟင်ဂျာလူထုရဲ့အတိဒုက္ခအခြေအနေတွေဟာ အရင်အတိုင်းဆိုးရွားစွာရှိနေဆဲဖြစ်တယ်လို့ သူကပြောဆိုခဲ့ပြီး ရလဒ်အနေနဲ့ “ကမ္ဘာ့တိုးတက်မှုအများလာဆုံးဒုက္ခသည်အရေးကို ဘင်္ဂလားဒေ့ရှ်ဟာမျက်မြင်ကိုယ်တွေ့ကြုံနေရပါတယ်” လို့သူကဆိုပါတယ်။
“ဒုက္ခသည်အများအပြားဟာဆိုးရွားပြီးစိတ်ပိုင်းရုပ်ပိုင်းထိခိုက်ခံစားရမှုရဲ့သားကောင်တွေဖြစ်နေရပါတယ်။ သူတို့ရဲ့အိမ်တွေကနေမောင်းထုတ်ခံခဲ့ရပြီး ဒါဟာလူမျိုးတုံးသုတ်သင်မှုရဲ့ရှင်းလင်းတဲ့ဥပမာဖြစ်ပါတယ်”လို့ သူကဆိုပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းရဲ့အားပေးထောက်ခံမှုနဲ့အတူ ဘင်္ဂလားဒေ့ရှ်ရဲ့လူပေါင်းတစ်သန်းကျော်ကိုအသက်ကယ်ခိုလှုံခွင့်ပေးထားတဲ့အပေါ်မှာသူကချီးကျူးပြောကြားခဲ့ပါတယ်။ “ရိုဟင်ဂျာအဖွဲ့အစည်းအနေနဲ့ သူတို့ရဲ့နိုင်ငံသားလူ့အခွင့်အရေးနဲ့တရားမျှတမှုအပါအ၀င် အထောက်အပံ့တွေရရှိအောင်ကျွန်တော်တို့သေချာဆောင်ရွက်သွားရမှာဖြစ်ပါတယ်”လို့ ဂူတာရက်ဇ်ကဆိုပါတယ်။
လာမဲ့လတွေအတွင်း Cox’s Bazar ကရိုဟင်ဂျာဒုက္ခသည်တွေကိုထောက်ပံ့ကူညီပေးနိုင်ဖို့ လိုအပ်တဲ့ဒေါ်လာ၉၅၁သန်းခန့်ကို နိုင်ငံတကာအဖွဲ့အစည်းကဆက်လက်ထောက်ပံ့ပေးသွားနိုင်ဖို့ သောကြာနေ့ကဂျနီဗာမှာကတိပြုခဲ့ကြပါတယ်။ လူတိုင်းကဆက်လက်ထောက်ပံ့ကူညီပေးသွားဖို့ကတိပြုခဲ့ကြပါတယ်လို့ နိုင်ငံခြားရေးရာဝန်ကြီး အမ်ရှာဟ်ရီရာအလမ်ကပြောဆိုခဲ့ပါတယ်။ အစောပိုင်းတုန်းကလည်း Cox’s Bazar ကဒုက္ခသည်တွေအတွက် ဒီဇင်ဘာထိ၁၀လစာ ဒေါ်လာသန်း၉၅၀ထောက်ပံ့သွားဖို့ ကုလနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရတို့ကစီစဉ်ခဲ့ပါတယ်။
ခန့်မှန်းခြေဟာနှစ်ဆကျော် ဒေါ်လာ၄၃၄သန်းခန့်ကုန်ကျခဲ့ပါတယ်။ ဖေဖေါ်ဝါရီထိခြောက်လစာရိုဟင်ဂျာတွေအတွက် အရေးပေါ်လူသားချင်းစာနာထောက်ပံ့ရေးကိုစီစဉ်ခဲ့တာဖြစ်ပါတယ်။
သြစတြေးလျ၊ ဘရာဇီးလ်၊ ကနေဒါ၊ ဆွီဒင်၊ ထိုင်း၊ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ နယ်သာလန်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ကိုရီးယား၊ ဒိန်းမတ်၊ နော်ဝေး၊ တူရကီ၊ WFP၊ ယူနီဆက်ဖ်၊ OHCHR၊ OIC၊ ကမ္ဘာ့ဘဏ်၊ WHO၊ UNFPA၊ FAO၊ IOM နဲ့တစ်ခြားအဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေဟာ ရိုဟင်ဂျာလူသားချင်းစာနာထောက်ထားရေးအတွက် ပူးပေါင်းတုံ့ပြန်တဲ့အစီအစဉ်ကိုပြောကြားခဲ့ကြပါတယ်။ ယူနီဆက်ဖ်ဟာ ကလေးငယ်၇သိန်း၂သောင်းလိုအပ်တာတွေထောက်ပံ့သွားနိုင်ဖို့ ဒေါ်လာ၁၁၃သန်းထောက်ပံ့သွားမှာဖြစ်ပါတယ်။
“လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းရဲ့ထောက်ပံ့မှုနဲ့အတူ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ထူးခြားတဲ့ကြိုးပမ်းအားထုတ်မှုတွေကြောင့် သေဘေးကနေထွက်ပြေးလာကြတဲ့ကလေးငယ်တွေ မိသားစုတွေအတွက်အသက်ကွယ် အကာအကွယ်တွေရရှိခဲ့ပါတယ်”လို့ ယူနီဆက်ဖ်ကပြောကြားခဲ့ပါတယ်။ ဒီအရေးဟာဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ရိုဟင်ဂျာတွေဟာမြန်မာနိုင်ငံကနေထွက်ပြေးနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်းအပတ်စဉ်လူသစ်၅၀၀၀န်းကျင်ရောက်ရှိနေပါတယ်။
အသက်ကယ်နဲ့အခြေခံလိုအပ်ချက်ဖြစ်မှုဟာ နေ့စဉ်ရေသန့်၁၇သန်းလီတာခန့်လိုအပ်နေပါတယ်။ ယင်လုံအိမ်သာ၅သောင်းခန့်လိုအပ်နေပြီး ၂၈၀၀၀ကျော်တည်ဆောက်ပြီးဖြစ်ပါတယ်။ ကလေးငယ်၂သိန်းကျော်ဟာလည်း ပညာသင်ကြားမှုတွေမရရှိပါဘူး။ ရေရှည်စီစဉ်ဆောင်ရွက်ဖို့တွေလိုအပ်ပြီး အရေးအကြီးဆုံးကတော့ ပညာရေး အကာအကွယ်ပေးမှုနဲ့ ကလေးငယ်တွေအတွက်စိတ်ကျန်းမာရေးဆရာဝန်တွေလိုအပ်ပါတယ်။
“မိတ်ဆွေတွဲဘက်တွေနဲ့အတူ အသက်၎နှစ်ကနေ ၁၄နှစ်ကြားကလေးငယ် ၈သောင်း၂ထောင်ခန့်ကို အင်္ဂလိပ်၊မြန်မာ၊သင်္ချာနဲ့ တစ်ခြားအသက်မွေးဝမ်းကျောင်းပညာရပ်တစ်ချို့ကိုသင်ကြားပေးနိုင်ခဲ့ပါတယ်” လို့ယူနီဆက်ဖ်ပြောခွင့်ရပုဂ္ဂိုလ်ကဆိုပါတယ်။
Dhaka Tribune သတင်းဌာနပါ “UN chief: Work harder to protect Rohingyas” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကို ညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.