28 March, 2018

နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြေညာခြင်း

နေပြည်တော် မတ် ၂၆
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး(၁၉)ရက်မြောက်နေ့ အစီအစဉ်(၆)တွင် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြေညာခဲ့ပါသည်။
ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတတစ်ဦးကို စိစစ်အတည်ပြုပြီးဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၃ ပုဒ်မ (ဃ)၊ နိုင်ငံတော်သမ္မတ နှင့် ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်ခြင်း ဆိုင်ရာနည်းဥပဒေ ၄၇ နည်းဥပဒေခွဲ (ခ) တို့အရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးပါဝင်သည့် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က ဒုတိယသမ္မတသုံးဦး အနက်မှ မိမိတို့ ကြိုက်နှစ်သက်သည့် ပုဂ္ဂိုလ်တစ်ဦးအား နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်မည်ဖြစ်သည်။
နိုင်ငံတော်သမ္မတ အဖြစ်ရွေးချယ်တင်မြှောက်ပွဲကို ၂၀၁၈ ခုနှစ်၊ မတ်လ (၂၈) ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀နာရီ အချိန်တွင် ကျင်းပမည် ဖြစ်ကြောင်းကို နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၃၄ နှင့် ​အညီ  ပြည်ထောင်စုလွှတ်တော်နာယက က ကြေညာခဲ့သည်။
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.