23 March, 2018

“အင်မတန်လေးစားစရာကောင်းသော သမ္မတကတော်ဒေါ်စုစုလွင်ရဲ့ရင်တွင်းစကား”

တိုင်းပြည်နဲ့ ခေါင်းဆောင်အပေါ်သစ္စာရှိမူမှာ ကျမအပေါ် ထားရှိတာထက်တောင် ပိုမွန်ခိုင်မာတဲ့စိတ်ဓာတ်ကို ကျမ ခင် ပွန်းသမ္မတကြီး အပြည့်အဝရှိခဲ့သူမို့ …သူကျန်းမာရေးအားနည်းချက်က သူ့တာဝန် ၊သူ့ဆန္ဒကို သက်တမ်းတဝက်ပဲ ဖြည့်ဆည်းခွင့်ရလိုက်ပါတယ်။
ဒီမိုကရေစီ ခေတ်သို့ ကူးပြောင်းရေးမုဒ်ဦးဝမှာ လူထုတင်မြှောက်လိုက်တဲ့ပထမဆုံး သမ္မတမို့ ပြည်သူ့တပ်ဦးအလံမှာ ခေါင်းဆောင်နဲ့အတူချီတက်ရင်း သမိုင်းပေး၊ ခေတ်ပေးတာဝန်အဖြစ် သူ့ပုခုံးထက် မြဲမြဲမတ် ထမ်းရွက်ခဲ့ပါတယ်။
တရားရှာအတူ၊ တိုင်းပြည်အကျိုး ညီတူဆောင်ရင်း ၊ လူထုအတွက်လောကနိဗ္ဗာန်ကို ရည်သန်လို့  ခေါင်းဆောင်ပေးတဲ့တာဝန်၊ ခေါင်းဆောင်ချမှတ်တဲ့မူနဲ့ လူထု မီးရူးတန်ဆောင်အဖြစ် သူ့တာဝန်၊ သူအရာအထူးကိုအရိုးရှင်းဆုံး ဖြတ်သန်းရွက်ဆောင်ခဲ့ပါတယ်။
တိုင်းပြည်တာဝန်၊ နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း နိုင်ငံရေးသီလ၊ နိုင်ငံရေးသမာဓိ၊ နိုင်ငံရေး ပညာကို ကျမတို့     ဇနီးမောင်နှံ အစွမ်းရှိသမျှ ပြုဆောင်ရင်း နိုင်ငံတော် နဲ့ ပြည်သူအပေါ် မေတ္တာနှံ့စပ်၊ သစ္စာဖြန့်ကျတ်၍ပြုခဲ့ရသော       အကျိုးကြောင့် –
မြန်မာနိုင်ငံသူ ၊ နိုင်ငံသားအားလုံးသည် ငြိမ်းအေးချမ်းသာပါစေ။မြန်မာနိုင်ငံတော်ကြီး ကြုံတွေ့လာလတ္တံ့သော ဘေးဒုက္ခ ရန်အန္တရာယ်တို့သည်အမှန်ကင်းပျောက် ချုပ်ငြိမ်းကြပါစေ။
ဒီမိုကရေစီဖက်ဒရယ်စနစ်နဲ့ ငြိမ်းချမ်းပြီး သာယာဝပြောသော မြန်မာနိုင်ငံတော်ကြီးအတွက် လူထုခေါင်းဆောင်နဲ့အတူ တွဲလက်မဖြတ် အဆက်ဆက် လက်ဆင့်ကမ်းရင်း ညီညွတ်ဖြောင့်မတ်စွာဖြင့် ဆောင်ရွက်နိုင်ကြပါစေ။ ”

မေတ္တာ၊ သစ္စာဖြင့်
ဒေါ်စုစုလွင်

[ သမ္မတကြီး အနားယူပြီးနောက် သမ္မတကတော်ကြီးရဲ့ ရင်တွင်းဆန္ဒကိုမှန်းဆကြည်ညိုရင်း ဤပို့စ်ဖြင့် သမ္မတကြီး ဦးထင်ကျော် နှင့် သမ္မတကတော် ဒေါ်စုစုလွင်တို့အား ဂါရဝပြုကန်တော့အပ်ပါတယ်]
ထိန်လင်း
( နတ်မောက်၊ ၂၀၁၅)
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.