16 March, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအား လက်ခံတွေ့ဆုံ

နေပြည်တော် မတ် ၁၂
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည်  ဂျပန်နိုင်ငံ၊ Japan Business Federation (Keidanren) ၏ ဒုတိယဥက္ကဋ္ဌ၊ Japan-Myanmar Economic Committee of Keidanren ၏ ဥက္ကဋ္ဌနှင့် Mitsubishi Corporation ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ Mr. Ken KOBAYASHI နှင့် Japan-Myanmar Economic Committee of Keidanren ၏ ဥက္ကဋ္ဌ Marubeni Corporation  ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ Mr. Teruo ASADA တို့ ဦးဆောင်သည့် အဖွဲ့ဝင် (၃၀)ပါ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် (၁၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား ပုဂ္ဂလိကနှင့် အစိုးရ ကဏ္ဍများတွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး၊ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု တိုးတက်ရေးအတွက် အဓိကကျသော လျှပ်စစ်နှင့် စွမ်းအင် ကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက် နိုင်ရေးအပြင် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသာဦး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းနိုင် ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Tateshi Higuchi နှင့် တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ကြသည်။
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.