12 February, 2018

အင်္ဂလန်နိုင်ငံခြားရေးဝန်ကြီးဘော့ရစ် ဂျွန်ဆင် ဘင်္ဂလား​ဒေရှ်​ ရိုဟင်​ဂျာ ဒုက္ခသည်​ စခန်း​လေ့လာ

‘လူကလုပ်သော ဖြစ်ရပ်ဆိုးကြီး’မှာ ဒေါ်အောင်ဆန်း စုကြည် တာဝန်ယူစဉ် အချိန်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ဘော့ရစ် ဂျွန်ဆင် စွပ်စွဲပြောကြားသည်​။
မြန်မာနိုင်ငံသို့ ခရီးမထွက်ခွာခင်အချိန်အတွင်း အင်္ဂလန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင်က “လူကလုပ်သော ဖြစ်ရပ်ဆိုးကြီး”မှာ ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူထားသည့် အချိန်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ရိုဟင်ဂျာအရေး အဓိကထားဆွေးနွေးရန် ပြင်ဆင်ထားချိန်တွင် အခုလို စွပ်စွဲ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ရိုဟင်ဂျာအရေးနှင့် ဖမ်းဆီခံထားရသော ရိုက်တာသတင်းထောက်နှစ်ယောက် ကိစ္စဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံသို့ အလည်ပတ်သွားရောက်စဉ်အတွင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ကော့ဘဇားတွင် ပြောကြားရာမှာ-
“ရိုဟင်ဂျာတွေရဲ့ အတိဒုက္ခရောက်မှုနဲ့ သူတို့ ကြုံတွေ့ခံစားနေရတဲ့ ခါးသီးတဲ့ဝေဒနာတွေက ကျွန်ုပ်တို့ မျက်မှောက်ခေတ်မှာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါဖူးမှ ကြုံတွေ့ရခြင်းမရှိတဲ့ တုန်လှုပ်ခြောက်ခြားဖွယ်အကောင်းဆုံး လူသားကပ်ဘေးဆိုးကြီးတစ်ခု ဖြစ်ပါတယ်။”
“ကြောက်မက်ဖွယ်လိလိ ဆိုးဝါးစွာ နေနေရတဲ့အခြေနေတွေမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ သီးခံပြီးနေ နေရတာကို ကျွန် တော့်မျက်စိနဲ့ မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပါတယ်။
အဲဒီအချက်ကသာ ၂၀၁၈-ခုနှစ်မှာ ဒီရိုဟင်ဂျာလူမျိုးတွေရဲ့ ဘ၀တွေကို တိုးတက် ကောင်းမွန်အောင် နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်တွဲပြီး လုပ်ပါ့မယ်ဆိုတဲ့ ကျွန်တော်ရဲ့ ကတိက ၀တ်တွေကို နောက်ထပ် အားသစ်လောင်းပေးသလို ခွန်အားတွေ ဖြစ်စေခဲ့ပါတယ်။”
“ရိုဟင်ဂျာ ဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားတဲ့ အကူညီတွေပေးတဲ့နေရာမှာ ၀န်နဲ့အားမမျှလောက်အောင် ကြုံတွေ့ခံစားနေရတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဧည့်ဝတ်ကြေပြွန်မှုနဲ့ စာနာသနားတတ်မှုတွေကို ကျွန်တော် ဦးညွတ် အလေး ပြုပါတယ်။
ရိုဟင်ဂျာအရေးနဲ့ ပတ်သတ်လာရင် ဗြိတိန်နိုင်ငံက အမြဲတမ်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှာရှိပီး ဆက်လက် ပံ့ပိုး ပေးသွားမဲ့အကြောင်း ထပ်လောင်းအာမခံပါတယ်။” ဒါ့အပြင် ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာ ခိုလှုံနေရာချထားပေးဖို့ အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖြစ်နိုင်တာတွေကို လုပ်ဆောင်တဲ့ နေရာမှာ မယုံနိုင်ဖွယ်ကောင်းလောက်အောင် အလုပ်ကို လုပ်ပြနေတဲ့ အတွက် သူ့အနေနဲ့အားရကြေနပ်မိကြောင်း ပြောသည်။
“ရိုဟင်ဂျာတွေ ကိုယ့်နေရပ်ကိုကိုယ် ပြန်လာနိုင်ဖို့အတွက် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရတို့က ရှေ့တိုး လုပ်ဆောင် နေကြတာနဲ့ပတ်သတ်ပြီး ကျွန်တော်ဝမ်းသာအားရကြိုဆိုပေမဲ့လည်း ဒုက္ခသည်တွေ ကိုယ့်နိုင်ငံကိုယ်ပြန်လာဖို့အတွက် မြန်မာနိုင်ငံက အခြေနေတွေဟာ လမ်းမှန်ကမ်းမှန် ဖြစ်လာပီဆိုရင်၊ ရိုဟင်ဂျာဒုက္ခသည်တွေကို အပြည်ပြည်ဆိုင်ရာရဲ့ ကြီးကြပ်မှုအောက်မှာထားပြီး၊ ရခိုင်ပြည်နယ်မှာရှိကြတဲ့ သူတို့ရဲ့နေအိမ်တွေကိုပဲ သူတို့ရဲ့သဘောဆန္ဒအလျောက်၊ ဘေး ကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ဖို့က မရှိမဖြစ် သိပ်ကိုအရေးကြီးပါတယ်။”
“ဒီအရာကိုပဲ သူတို့ လိုချင်ကြတာပါ။ သူတို့ စိတ်မအေးသလိုခံစားရယင် သူတို့ ပြန်ချင်မှာ မဟုတ်ပါဘူး” ဟု မစ္စတာ ဘောရစ် ဂျွန်ဆင်က ပြောဆိုလိုက်ပါသည်။
“အင်္ဂလန်နိုင်ငံဆီကနေ ဒုက္ခသည်တွေအတွက် စတာလင်ပေါင် ၅၉ သန်းဆိုတဲ့ ကြီးမားများပြားတဲ့ပမာဏ အကူညီတွေ ရိုဟင်ဂျာတွေက လက်ခံရရှိနေပြီ လို့ သူက အခိုင်အမာ ဆိုသည်။  သို့ရာတွင် သူက ဖြည့်စွက်ပြောကြားရာမှာ- “ဒီလို အကူညီဟာ လူသားချင်းဆိုင်ရာ အကူညီမှာပေးတဲ့ ပြဿနာကိစ္စရပ် မဟုတ်ပါဘူး။”
“တကယ့်ပြဿနာက၊ နိုင်ငံရေးအရ အဖြေရှာရမဲ့ ကိစ္စတစ်ခုပါ။
ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းလုံခြုံမှုရှိပြီး ဂုဏ်သိက္ခာရှိရှိ ပြန်သွားဖို့ဆိုရင် အဲဒီလို အခြေနေတွေ ဖန်တီးပေးရမှာက မြန်မာနိုင်ငံပါ။ မြန်မာနိုင်ငံဆီမှာပဲ အဖြေက ရှိပါတယ်။ မြန်မာနိုင်ငံဘက်က ဖြေရမှာပါ။”
“ဒါက လူကပဲလုပ်တဲ့ ကပ်ဘေးကြီးဖြစ်တာကြောင့် ဒီကိစ္စမှာပါဝင်ပတ်တဲ့ လူတွေကပဲ မှန်ကန်တဲ့ နိုင်ငံရေး စိတ်ဆန္ဒရှိမှု၊ ခန္တီစတရား လက်ကိုင်ထားပြီး ပူးပေါင်းဆောင်ရွက် ဖြေရှင်းသွားကြရမှာပါ။”
– –

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် Cox’s Bazar ခရိုင်၊ Ukhia upazila ဒေသမှာ ဖွင့်လှစ်ထားသော ရိုဟင်ဂျာဒုက္ခသည် စခန်းကို သွားရောက်လည်ပတ်ပြီးနောက် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက သူမြင်တွေ့ခဲ့ရပုံများကို အခုလို ပြောကြားခဲ့သည်။
.

“ဟိုင်း- ကျနော် အခု ဘင်္ဂလားဒေ့ရှ်က Cox’s Bazar မှာ ရောက်နေပါတယ်။ ဒါ့အပြင်၊ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ် အတွင်းမှာ ဖြစ်ပျက်လာတဲ့ ကမ္ဘာ့အကြီးမားဆုံး လူသားဆိုင်ရာ ရုတ်တရက်ကပ်ဘေးကြီး တစ်ခုကို ကျနော် ကြည့်ရှု နေခဲ့ပါတယ်။ လူ ပေါင်း ၁ ဒဿမ ၁ သန်းခန့်ဆိုတဲ့ ကြီးမားတဲ့ အရေတွက်ပမာဏရှိတဲ့ ရိုဟင်ဂျာလူမျိုးတွေဟာ မြန်မာ နိုင်ငံကနေ နယ်စပ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးခဲ့ရတယ်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်ပြည်သူတွေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ရဲ့ ပြုမူပုံက သိပ်ကိုကောင်းမွန်ခဲ့ပါတယ်။ ရိုဟင်ဂျာတွေကို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုကြတယ်။ နောက်ပီး သူတို့ကို သိပ်ကိုဧရာမကြီးမားတဲ့ ဒုက္ခသည်စခန်းကြီးထဲမှာ ခိုလှုံခွင့်ပေးခဲ့ကြတယ်။ ခင်ဗျားတို့ မြင်ရပါတော့ မယ်- ကျွန်တော်တို့ အင်္ဂလန်နိုင်ငံရဲ့အလုပ်က ကျွန်ုပ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ပူးပေါင်းပြီး ရိုဟင်ဂျာလူမျိုးတွေ ကို သူတို့လာခဲ့ရာ မြန်မာနိုင်ငံ(ဘားမား)၊ ရခိုင်ဒေသက သူတို့ရဲ့ နေရပ်ရင်းနေရာတွေကို ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာ ရှိရှိပြန်လာနိုင်အောင် ကျွန်တော်တို့တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေပါတယ်။ ကျနော် ဘာလုပ်မှာလဲဆို
ရင်- မနက်ဖြန်မှာ ကျနော် မြန်မာနိုင်ငံကိုသွားပါမယ်။အဲဒီမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်စုလို့ခေါ်တဲ့ ဒေါ်အောင် ဆန်းစုကြည်နဲ့ သွားတွေ့ပါ့မယ်။ သွားစကား ပြောပါ့မယ်။ ဒီလူတွေ ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိပြန်လာဖို့ အတွက် ကျွန်တော်တို့ ဘာတွေလုပ်နိုင်မလဲဆိုတာကို ဆွေးနွေးမယ်။ ဒီလူတွေရဲ့ စိတ်ထဲမှာ လုံခြုံတယ်လို့ ခံစားရအောင် ဘာတွေ လုပ်ကြမလဲဆိုတာကိုလည်း တိုင်ပင်မှာ ဖြစ်ပါတယ်။ ဟု သူ့ကိုယ်ပိုင်ဖေ့ဘုတ်မှာ ဗီဒီယိုထုတ်လွှင့်ရင်း ပြောကြားသွားတာ ဖြစ်ပါသည်။  

ပုံမှာ-  ဒုက္ခသည်ကမ့်ပ်အတွင်း ရိုဟင်ဂျာကလေးငယ်လေးတစ်ဦး၏ ရင်ဖွင့်သံကို ကြားရပြီးနောက် စိတ်ပျက်လက်ပျက် ဖြစ်နေသည့် ဘောရစ် ဂျွန်ဆင်
Boris Johnson accuses Aung San Suu Kyi of presiding over ‘man made tragedy’ ahead of official visit to Burma
Boris Johnson calls for safe return of Rohingya refugees
I’ve been meeting Rohingya families in Bangladesh today, hearing their stories first hand.(Video)
Share:

0 comments:

Post a Comment

Blog Archive

ဘင်္ဂလားဒေ့ရှ်သည် လူဦးရေပေါက်ကွဲပြီး ရခိုင်ပြည်နယ်အတွင်း ၀င်ရောက်လုပ်ကိုင် စားသောက် နေကြသည်ဆိုသည့်အချက်ကို ပြန်လည်သုံးသပ်စေလိုဟု ဘင်္ဂလားဒေ့ရှ်စစ်သံမှူးက ပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လူဦးရေပေါက်ကွဲပြီး ရခိုင်ပြည်နယ်တွင် လုပ်ကိုင်စားသောက်ရန် ၀င်ရောက်နေ ကြသည်ဆိုသည့်အချက်အပေါ် ပြန်...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.