16 February, 2018

နိုင်ငံတော် အတွက်အသက် ပေးသွားသော ဦးကိုနီအား ရုပ်ထု ပြုလုပ်၍ ဂုဏ်ပြုမည်

လွန်ခဲ့သည့်နှစ် ဇန်န၀ါရီလတွင်လုပ်ကြံခံခဲ့ရသော တရား လွှတ်တော် ရှေ့နေဦးကိုနီအား လေးစားဂုဏ်ပြုသော အားဖြင့် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ရုပ်ထုပြုလုပ်၍ ဂုဏ်ပြုသွားမည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရ  သည်။
ယခုအခါတွင် ကော်မတီဖွဲ့စည်းလျက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်ပြုလုပ်မည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။

နိုင်ငံတော်တာဝန်ဖြင့် ပြည်ပခရီးစဉ်အပြန်တွင်လုပ်ကြံခံခဲ့ ရသောကြောင့် နိုင်ငံတော်အတွက် အသက်စွန့်ပေးလှူ သွားသည်ဟု မှတ်ယူမိကြောင်း ယနေ့အထိ ပြန်တွေးမိ တိုင်း နှမျောတသ ၀မ်းနည်းဖွယ်ကောင်းသည်ဟု ၄င်းကဆိုသည်။
ရုပ်ထုလုပ်ငန်းစဉ်အတွက် ကော်မတီများဖွဲ့စည်းပြီးပါက ထပ်မံအသိပေးသွားမည် ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ အတွင်း ဖွင့်လှစ်နိုင်ရေး ကြိုးစားသွားမည်ဟုသိရသည်။
Share:

0 comments:

Post a Comment

ရိုဟင်ဂျာများအတွက် လုံခြုံသည့်နယ်မြေတစ်ခု တည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံ စောင့်ကြည့်ရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

Posted on February 09, 2019   အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇)...

Blog Archive

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.